Re: [Real Family: 15559] ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ်အား ယနေ့မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် လွှင့်တင်၊ နိုင်ငံတော် အလံ ဥပဒေ၊ နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ၊ နိုင်ငံတော် သီချင်း

10 views
Skip to first unread message

soelay tun

unread,
Nov 3, 2010, 12:51:22 AM11/3/10
to real-fa...@googlegroups.com

နိုင်ငံခုတုန်းလုပ်ကြတော့မဟုတ်ဘူး အဲလိုတော့မထင်ပါနဲ့ဗျာ အကြောင်းကြောင်းကြောင့်ပေါ့
ဘယ်သူကသူများနိုင်ငံမှာနေချင်မှာလဲ ကိုယ်နိုင်ငံမှာဒီလောက်သယံဇာတတွေပေါပြီတော့ ငါတို့ဘာကြောင့်ငတ်နေရတာလဲ
ဘာလို့ဒီလောက်တောင်ဆင်းရဲနေရတာလဲ စဉ်းစားပြီးဖြေပေးပါဦး ငါတို့တွေကအရူးတွေလို့သိနားလည်နိုင်တဲ့ဥာဏ်ပညာ
ကန်းကွယ်ပြီးကိုယ့်ဂိုးတော့ကိုယ်ပြန်မသွင်းပါဘူး ရတာအကုန်ယူပြီး ဘာတစ်ခုမှပြန်မပေးတက်တဲ့သူတွေလိုတော့မဟုတ်ဘူး
အိပ်ထဲရှိတာတွေ အကုန်ယူပြီး ဘာကောင်းတာတွေပြန်ပေးလဲ"ဟစ်တလာ"တောင်သူလူမျိုး သူဘာသာကိုမစော်ကားဘူးမသတ်ဘူး
သူလူမျိုးကောင်းစားဖို့အတွက်သူများကိုသတ်တာ မင်းတို့ဘာသာစဉ်းစားကြည့်ကြပေါ့ကွာ ဘာလဲဆိုတာကို ငါ ငါ့လူမျိုးငါ့ဘာသာငါ့နိုင်ငံကိုချစ်တယ် ငါဘယ်သူ့ကိုမှလဲအားမပေးဘူး ဆန့်လည်းမဆန့်ကျင်ဘူး ဒါပေမဲ့ ရသမျှအထဲက
သုံးပုံပုံရင် တစ်ပုံလောက်တော့ ပြန်ပေးသင့်တာပေါ့ ဘယ်လောက်အထိဆိုးတဲ့အခြေအနေလဲ သူတောင်းစားခွက်ထဲက ရှိတာလေး
ကိုပါယူနေတယ်ဆိုတာ လွန်လားမလွန်ဘူးလား မင်းစဉ်းစားပါဦးကွာ တကယ်ဒုက္ခရောက်နေတာငါတို့သွေးသားအရင်းတွေပါကွာ
ဒါတောင် သူအိပ်ထဲရှိတာမပေးရင်နေပါကွာ ငါနားလည်တယ်ဒါပေမဲ့ သူများ သနားလို့ပေးတာကိုတော့ ထပ်ပြီး ကိုယ့်အိပ်ထဲမထည့်
သင့်ဘူးလို့မင်းမထင်ဘူးလားကွာ စားစရာမရှိတာငါတို့သွေးသားတွေပါကွာ ငတ်ပြတ်နေတာငါတို့သွေးသားတွေပါဒါကိုသိရက် သူတို့ယူရက်တာကို မင်းဘယ်လိုရှင်းမလဲပြောကွာ ငါနားထောင်ကြည့်ချင်တယ် သူတို့ဖျက်ဆီးပြစ်ခဲ့တဲ့ ဘ၀တွေမိသားစုတွေ
ဘယ်လောက်များတယ်ဆိုတာမင်းလည်းအသိဆုံးပါကွာ သူတို့ရဲ့ရင်သွေးတွေကိုတော့ ကောင်းစား ရက်ဟတ်ယာဉ်တစ်စင်းဝယ်
ပေးပြီးတော့ ငတ်ပြတ်နေတဲ့သူတွေကို သူတို့မစားတော့တဲ့ ထမင်းကြမ်းတစ်ခဲလောက်တော့မပေးသင့်ဘူးလားကွာ သေချာစဉ်းစားဖြေနော် ဘ၀ပျက်သွားတဲ့လူငယ်တွေ ရဲ့ဘ၀တွေအနာဂါတ်တွေကရော ဘယ်သူတွေကြောင့်လဲ စဉ်းစားပြီးဖြေပါဦးကွာ
ငါဆန့်ကျင်နေတာမဟုတ်သလို အပြစ်တင်တာမဟုတ်ဘူး မင်းစဉ်းစားကြည့်သင်တာတွေ ပြောပြတာပါ ကိုယ်သွေးသားတွေကကြတော့
ဘေးထွက်နေရပြီး တစ်ခြားနိုင်ငံသားတွေကြတော့ကောင်းစားနေကြလိုက်တာမြန်မာပြည်မှာ ဒါဖြစ်သင့်လား ငါမင်းကိုမေးမယ် မင်း
ဘယ်လိုစဉ်းစားမလဲ အခုနေမြန်မာ မှာ မြန်မာလူမျိုးတစ်ယောက်နဲ့ တရုတ်ဒါမှမဟုတ် ကုလားတစ်ယောက်နဲ့ ရန်ဖြစ်ကြမယ်
သူတို့ဘယ်သူ့ကိုကာကွယ်မယ်မင်းထင်လဲ ဖြေပါဦးကွာ ငါတို့ကဘာတွေလဲ တခြားနိုင်ငံသားတွေလာကွာဖြေပါဦး
ဘယ်သူတွေကိုမှ အပြစ်မတင်ချင်ပါဘူး နိုင်ငံခြားရောက်နေကြတဲ့မြန်မာတွေကလည်းစောက်သုံးမကျကြပါဘူးဆိုတာငါသိတယ်
အခုမြန်မာမှန်ရင်စောက်သုံးမကျ အမျိုးဖျက် သူတွေကြီးပဲဖြစ်နေပြီ ဒေ၀ဓတ်ကိုအဖေခေါ်ချင်တဲ့သူတွေ အများကြီးဖြစ်နေပြီ ထင်တယ်
ငါတစ်ခုထပ်ပြောချင်တယ် ဟစ်တလာတုန်းက သူဂျူးတွေကိုသတ်တယ်ဒါပေမဲ့ ဂျူးလူမျိုးတွေ သူတို့ကိုးကွယ်တဲ့ ဘုရားကျောင်း(ချက်)ထဲဝင်ပြေးသွားအဲဒီလူတွေကိုမသတ်တော့ဘူး ငါတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေထဲတောင်ဘာလိုဝင်ပြီသတ်ဖြတ်ရတာလဲ ဖြေပါဦး အရမ်းပဲကောင်းလိုက်တာတော်လိုက်တာလို့ချီးမွန်းခန်းဖွင့်ရမှာလားကွာ ငါနိုင်ငံရေးတော့နားမလည်ဘူးကွာ ဒါပေမဲ့ငါ့နိုင်ငံငါ့လူမျိုးငါ့ဘာသာငါ့သာသနာကိုငါချစ်တယ်ကွာ ငါသူတောင်းစားခွက်ထဲက
အရာကိုတော့ဘယ်တော့မှမနိုက်ဘူး မင်းကိုယ်တိုင်သာစဉ်းစားကြည့်ငါပြောတာတွေမှန်လားမှားလားဆိုတာ
ပြီးတော့စာနာတဲ့နှလုံးသားလေးနဲ့ တွေးကြည့်ပေးကွာ ခံစားနေရတာငါ့တို့ရဲ့သွေးသားတွေဆိုတာ ပြီးတော့ကိုယ့်နိုင်ငံအလံကိုတောင်
နင်းခြေရင်တိုင်းတပါးရောက်နေတဲ့တိရိစ္ဆာန်တွေလိုအကောင်တွေကို ငါချီးပဲကျွေးချင်တယ် ခွေးလောက်တောင်အသိမရှိတဲ့လူတွေ ခွေးတောင်ထမင်းကျွေးတဲ့လက်ကိုဘယ်တော့မှပြန်မကိုက်ဘူး ငါ့ဒီပို့ဟာနိုင်ငံေ၇းမဟုတ်ဘူးငါ၇င်ထဲကခံစားချက်တွေပြီးတော့ ငါလူမျိုးတွေအပေါ်မကျေနပ်မူတွေ ပဲ ငါတို့ ကတမြေထဲနေတရေထဲသောက်သူတွေပါဘာလို့အချင်းချင်းရက်စက်နေကြတာလဲလို့ငါမေးချင်တယ် ဘာလို့လဲငါတို့တွေဟာ တိုင်းတပါး
သားတွေမို့လို့်လား ငါတို့နိုင်ငံမှာအေးချမ်းပျော်ရွင်စွာမနေရတာ ပြောပေးကြပါဦးရှင်းပြပါအခြားနိုင်ငံသား
လူငယ်တွေရဲ့ဘ၀တွေနဲ့ငါတို့နိုင်ငံသားလူငယ်တွေရဲ့ဘ၀တွေ ဘာဖြစ်လို့ဒီလောက်တောင်ကွာခြားနေရတာလဲ စဉ်းစားကြည့်ရင်အဓိပ္ပါယ်ကိုသိလိမ့်မယ်
ဘာကြောင့်လဲ 

  1. ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ်အား ယနေ့မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် လွှင့်တင်၊
  2. နိုင်ငံတော် အလံ ဥပဒေ၊ နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ၊ နိုင်ငံတော် သီချင်း ဥပဒေ နှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေများ၊ နိုင်ငံတော် သီချင်း နည်း ဥပဒေ များ ထုတ်ပြန်၊ 
  3. နိုင်ငံတော်အလံ၊
  4.  အလံ၊
  5. သုံးရောင်ခြယ် ကြယ်ဖြူ နိုင်ငံတော်အလံသစ် လွှင့်ထူ
  6. အကြံ နဲ.အလံ၊
  7. စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု ၊ 
  8. နိုင်ငံတော် အလံသစ် ဟောကိန်း
  9. မပြောချင်လဲ ပြောရအုံးမယ်၊



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ်အား ယနေ့မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် လွှင့်တင်

New MM Flag

New MM Flag

    ယခင်အသုံးပြုခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအစား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော နိုင်ငံတော်အလံသစ်ဖြင့် ပြောင်းလဲအစားထိုးလိုက်ပြီဖြစ်သည်။ နိုင်ငံတော်အလံသစ်လွှင့်တင်ခြင်းကို နေပြည်တော်နှင့်ရန်ကုန်မြို့အပါအ၀င် တစ်နိုင်ငံလုံးရှိ အစိုးရဌာနများ၊ မြို့တော်ခန်းမများစသည်တို့တွင် ယနေ့မွန်းလွဲ ၃ နာရီခန့်၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

New MM Flag

New MM Flag

New MM Flag

New MM Flag




နိုင်ငံတော် အလံ ဥပဒေ၊ နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ၊ နိုင်ငံတော် သီချင်း ဥပဒေ နှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေများ၊ နိုင်ငံတော် သီချင်း နည်း ဥပဒေ များ ထုတ်ပြန်



နိုင်ငံတော် အလံ ဥပဒေ၊ နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ၊ နိုင်ငံတော် သီချင်း  ဥပဒေ နှင့် နိုင်ငံတော်အလံ နည်းဥပဒေများ၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေများ၊ နိုင်ငံတော် သီချင်း နည်း ဥပဒေ များ ထုတ်ပြန်

ပြည်ထောင်စု မြန်မာ နိုင်ငံတော် နိုင်ငံ တော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၈/၂၀၁၀) ဖြင့် နိုင်ငံတော် အလံ ဥပဒေကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်းသာ ယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၉/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်း အမှတ် တံဆိပ် ဥပဒေ ကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင် စီ ဥပဒေအမှတ် (၁၀/၂၀၁၀) ဖြင့် နိုင်ငံ တော် သီချင်း ဥပဒေ ကို လည်းကောင်း၊ အ လားတူ နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ နည်းဥပဒေများ အမှတ် (၁/၂၀၁၀) ဖြင့် နိုင်ငံတော် အလံနည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ နည်းဥပဒေ များ အမှတ် (၂/၂၀၁၀) ဖြင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် နည်း ဥပဒေ များကို လည်းကောင်း၊ နိုင်ငံတော် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင် စီနည်း ဥပဒေများ အမှတ် (၃/၂၀၁၀) ဖြင့် နိုင်ငံတော် သီချင်း နည်းဥပဒေများ ကိုလည်း ကောင်း ၁၃၇၂ ခုနှစ်၊ သီတင်း ကျွတ်လ ဆန်း ၁၃ ရက်၊ ၂၀၁၀ ပြည့်နှစ်၊ အောက် တိုဘာ ၂၁ ရက် ရက်စွဲ ဖြင့် ထုတ်ပြန် လိုက် သည်။

ပြဋ္ဌာန်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄၃) တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင် အထည် ဖော်ရေး အတွက် ကြိုတင် ဆောင်ရွက် ရန် လိုအပ် သည့် လုပ်ငန်း ရပ်များ ကို နိုင်ငံ တော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ က ဆောင်ရွက် ပေးရန် ပြဋ္ဌာန်း ထားသည့် အလျောက် နိုင်ငံတော် ၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး နှင့် တရား စီရင်ရေး ဆိုင်ရာ လုပ် ငန်း များ ကို ချောမွေ့ စွာ ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ လွှတ်တော် အသီးသီး ပေါ် ပေါက် လာသည့် အခါ တွင် ဆောင်ရွက် ရန်ရှိ သော လုပ်ငန်း များကို ဆောင်ရွက် နိုင်ရန် လည်းကောင်း၊ ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်း ရပ်များကို ဥပဒေ နှင့် အညီ ဆောင် ရွက် နိုင်ရန် လည်းကောင်း၊ သက်ဆိုင်ရာ ဥပဒေ များကို ပြဋ္ဌာန်း ရန် လိုအပ် လာသည့် အတွက် ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ ပါ ပြဋ္ဌာန်း ချက် များနှင့် အညီ ဖော်ပြပါ ဥပဒေနှင့် နည်း ဥပဒေ များကို ပြဋ္ဌာန်း လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာပို့စ်


နိုင်ငံတော်အလံ


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း (၂၀၀၈ ခုနှစ်) ပါ အခန်း (၁၃) အရ နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့်မြို့တော် ခေါင်းစဉ်တွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို ယနေ့ မြန်မာစံတော်ချိန် ၁၅ နာရီတွင် ပြောင်းလဲသတ်မှတ်ပြီး။ တစ်နိုင်ငံလုံးရှိ အလံတိုင်များအားလုံးတွင် အလံသစ်တင်ပွဲများ ခမ်းနားစွာ ကျင်းပခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ သည် ကမ္ဘာ့နိုင်ငံအများစုအတိုင်း ရိုးရှင်းမြင်သာစေသည်။ အဝါအရောင်၊ အစိမ်းရောင်နှင့် အနီရောင် သုံးမျိုး ပါရှိပြီး အဝါရောင်မှာဘာသာ၊သာသနာနှင့်ပညာတို့ တိုးတက်ခြင်းကို လည်းကောင်း၊ အစိမ်းရောင်သည် စပါးဆန်ရေ၊ သစ်တောနှင့် ကျွဲနွား အထွေထွေပေါများခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းကို လည်းကောင်း အသီးသီးကိုယ်စားပြုကာ အလံ၏အလယ်ဗဟိုရှိ ကြယ်ဖြူကြီးမှာ တစ်စည်းတစ်လုံးတည်းရှိသော ပြည်ထောင်စုကြီးကို ကိုယ်စားပြုသည်။
ီ
အဝါ၊ အစိမ်းနှင့် အနီ သုံးရောင်ခြယ်အလံမှာ ၁၉၄၂ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၄၃တွင် တစ်ကြိမ် နိုင်ငံတော်အလံအဖြစ် ရွေးခြယ်သတ်မှတ်ခြင်း ခံထားပြီးသားဖြစ်ပြီး၊ ကြယ်ဖြူမှာလည်း ၁၉၄၈ ခုနှစ်တွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင်လည်းကောင်း နိုင်ငံတော်အလံတွင် ထည့်သွင်းထားပြီးဖြစ်သည်။ ယခင်က အရေအတွက်များမှာ ကြယ်ဖြူ (၆)လုံး နှင့် ကြယ်ဖြူ (၁၄) လုံးခွဲခြားသတ်မှတ်ထားရှိပြီး ယခုအခါတွင် ပြည်ထောင်စုကို ခွဲခြား သတ်မှတ်မဖော်ပြတော့ပဲ ပြည်ထောင်စုကြီးတစ်ခုလုံးကို ကိုယ်စားပြုသည့် ကြယ်ဖြူကြီးတစ်လုံးတည်းကိုသာ သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အထိမ်းအမှတ်တံဆိပ်

နိုင်ငံတော်သီချင်း

တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြည်-တို့မြေ
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ-၀ါဒဖြူစင်တဲ့ပြည်
တို့ပြည်-တို့မြေ
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ-မြန်မာပြည်တို့ဘိုး
ဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂
ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။
တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ
အဖိုးတန်မြေ။


သမိုင်းအဆက်ဆက် ပြောင်းလဲခဲ့သော မြန်မာအလံများ

c.1835 - 1885 Kongbaung Dynasty flag (Burma)
1835? - 1 Jan 1886

[Flag of the United Kingdom]
1 Jan 1886 - 6 Feb 1939

Burma Blue ensign 1939-41, 1945-48
6 Feb 1939 - 30 Mar 1941; 3 May 1945 - 4 Jan 1948

[Burma Provisional Flag 1941-1942]
30 Mar 1941 - 1 Aug 1942 (provisional)

[Burma Flag 1942 - 1943
1 Aug 1942 - 1 Aug 1943

[Republic of Burma flag 1943-1945]
1 Aug 1943 - 3 May 1945

1948-1974 Flag of Burma
4 Jan 1948 - 3 Jan 1974

Burma flag
Adopted 3 Jan 1974

[Myanmar flag proposal May 2008]
21 Oct 2010 -

နိုင်ငံတော်အလံအသစ်သည် မြည်သည့်နိုင်ငံနှင့် မြည်သည့်အမှတ်အသားကိုမှ ဆင်တူရိုးမှား ပြုလုပ်ခြင်းမဟုတ်ပဲ ၁၉၄၂ ခုနစ်ကတည်း ရွေးချယ်ခဲ့သော နိုင်ငံတော်၏ ကိုယ်စားပြု အရောင်သုံးရောင်ကို ပြန်လည် အသုံးပြုထားခြင်းဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်က အလံတွင် ဤအရောင် သုံးရောင်ကို သုံးခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် အမျိုးသားနေ့များတွင်လည်း ဤသုံးရောင်ခြယ်အလံကို လွှင့်ထူလျှက်ရှိသည်ကို မြန်မာပြည်သူ လူထုအားလုံး မြင်ဖူးပေလိမ့်မည်။ နိုင်ငံတော်အလံ ပေါ်တွင် တိရစ္ဆာန်ပုံများ ထည့်သွင်းခြင်းကိုတော့ လွတ်လပ်ရေးရပြီးကတည်းက ရပ်ဆိုင်းခဲ့သည်။ မည်မျှအစွမ်းအစနှင့် အစဉ်အလာရှိသည်ဖြစ်စေ တိရစ္ဆာန်မှာ လူထက်များစွာနိမ့်ကျပေရာ နိုင်ငံကိုယ်စားပြု အလံတော်တွင်လည်းကောင်း၊ လူသားအားလုံး ဦးညွတ်အလေးပြုရမည့် လူသားတို့အပေါ်တွင် လွှင့်ထူထားမည့်အလံပေါ်တွင် သော်လည်းကောင်း မရှိသင့်ပေ။ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့မှာ နိုင်ငံတော်ကြီး တစ်ခုလုံးကို ကိုယ်စားပြုသည့် အမှတ်အသားများပင်ဖြစ်သည်။ နိုင်ငံသားအားလုံးအနေဖြင့် နိုင်ငံတော်တံဆိပ် အမှတ်အသားကို မြတ်နိုး တန်ဖိုးထားပြီး နိုင်ငံတော်အလံအား လေးစားသင့်ပေသည်။

နိုင်ငံတော် ကိုယ်စားပြု သုံးရောင်ခြယ်အလံကို တလွဲ အဓိပ္ပါယ် မဖွင့်ဆိုအပ်ပေ။ မုန်းတီးမှု အာဃာတ အခြေခံ၊ ဗဟုသုတနည်းသည့် အခြေခံ၊ ရင့်ကျတ်မှုနည်းသည့် သူများမှ မြန်မာ့ဂုဏ်ရောင် သုံးရောင်ခြယ်အလံကို မှေးမှိန်အောင် ပုတ်ခက်ပြောဆိုကြလိမ့်မည်။ ကိုယ့်အမျိုးကိုယ် ပြန်ဖျက်တဲ့ အသားထဲက လောက် ဘဝ သို့ ရောက်မှန်းမသိရောက်ကုန်ကြပေလိမ့်မည်။

အလံ

Posted by ဒေါ်လာ on Thursday
အစိုးရက ခုမှ အလံဟောင်းကိုချပြီး အလံသစ်တင်နေတာ။ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့က လုပ်ပြီးတာကြာပေါ့



ကဲကဲ ဒေါ်လာစားတို့ ကိုယ်တိုင်တော့ ခုချိန်ထိ ဘာဆို ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူး။ အစိုးရလုပ်သမျှ ကန့်ကွက်ပြီး ဘုထိုင်တောနေကြတာ။ ခု အစိုးရက အလံချိန်းသွားပြီဆိုတော့ အလံသစ်ကို ကန့်ကွက်ပြီး အလံဟောင်းကို တမ်းတမှန်းဆလို့ ကောင်းကြောင်းတွေ ပြောကြ၊ ရေးကြတော့မယ် မဟုတ်လား။ ကိုယ်လုပ်ခဲ့တာတွေကိုယ် မမေ့အောင် ခုတင်ထားတဲ့ ပုံလေးကို ပြန်ကြည့်ကြ။ ဟုတ်ပြီလား။


4 comments:

Anonymous said...

mother fucker suu kyi...and her fellows

23 October 2010 07:32 
koko said...

စောက်သုံးမကျတဲ့ မျိုးမစစ်တွေက နိုင်ငံတော် အလံကျတော့ ခြေထောက်နဲ့ နင်းပြီး ပထွေးအလံကျတော့ ကိုးကွယ်နေကြတယ် ခွေးမျိုးတွေ...

25 October 2010 03:31 
Anonymous said...

မြန်မာနိုင်ငံကို ခုတုံးလုပ်ပြီး ပြည်ပမှာကောင်းစားနေတာ
သူတို.တွေပေါ.။

25 October 2010 07:32 
Anonymous said...

ဟုတ်တယ် ရှိတုန်းကတော့ ခြေထောက်တွေနဲ့နင်း မီးတွေ့ရှို့ပြီး မရှိတော့မှ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ မိန်းမစိတ်ဓာတ်တွေနဲ့ ဒီမိုတွေ အရှက်လဲမရှိကြဘူး

28 October 2010 10:05

သုံးရောင်ခြယ် ကြယ်ဖြူ နိုင်ငံတော်အလံသစ် လွှင့်ထူ

By ဦးကျော်ထင် ကြာသပတေး, 21 အောက်တိုဘာ 2010

ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။
ဓာတ်ပုံ AP

ရန်ကုန်မြို့တော်ခန်းမတွင် လွှင့်ထူထားသည့် မြန်မာနိုင်ငံ အလံသစ်။ အောက်တိုဘာ ၂၁၊ ၂၀၁၀။

ဒီနေ့ညနေ ၃ နာရီက တနိုင်ငံလုံး ဌာနဆိုင်ရာ ရုံးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ နိုင်ငံတော်အလံ အသစ်ကို လွှင့်တင်ခဲ့ကြပြီး ဒီအကြောင်းကိုလည်း အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ အဲဒီ နိုင်ငံတော် အလံသစ်မှာ အ၀ါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ အတည်ပြုရုံအဆင့်ပဲ ဖြစ်ပြီး အသက်မ၀င်သေးတော့ အခုလို လုပ်ဆောင်မှုအပေါ် နိုင်ငံရေးပါတီ တချို့က သဘောမတွေ့တာ ရှိသလို တချို့ကလည်း အလံဟောင်းကို ဖြုတ်ချပြီး အလံသစ် တင်မယ်လို့ ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတ အလံကို ဒီနေ့ညနေ ၃ နာရီက ဖြုတ်ချလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ အလံကို နိုင်ငံတ၀န်းက ဌာနဆိုင်ရာ ရုံးတွေမှာ လွှင့်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖြုတ်ချခံရတဲ့ အလံဟာ ၁၉၆၂ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အလံ ဖြစ်ပါတယ်။

အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ဒီနေ့လယ်ပိုင်းထိ အလံဟောင်းကို အသုံးပြုနေတုန်းလို့ ပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“ကျနော်တို့ ဘာမှ မလာသေးဘူးဗျ၊ ကျနော်တို့လည်း မသိသေးဘူးဗျ၊ ကျနော်တို့ကတော့ ဒီမှာ ကျနော်တို့ပါတီ ဌာနချုပ်မှာကို ဒီဟာပဲ တင်ထားတာပဲ။ ဘာမှတော့ လာပြောတာ မရှိဘူး၊ ဒီတိုင်းပဲ တင်ထားတာပဲ။ ဒါကတော့ လက်ရှိ ဒါလုပ်ပါဆို လုပ်ရမှာပေါ့ဗျာ၊ ခုတော့ ကျနော်တို့ဆီမှာ ဘာမှ မသိသေးဘူး။”

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ရက် ၉၀ ပြည့်တဲ့ ပြည်ထောင်စုလွှတ်တော် ခေါ်တဲ့နေ့မှပဲ ဖွဲ့စည်းပုံ အာဏာသက်ရောက်မယ်လို့ ပါရှိပါတယ်။ ဒါကြောင့် အလံဟောင်းကိုပဲ ဆက်သုံးနေမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ဆိုပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံတော် အလံဟောင်းပဲ သုံးထားရသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတော် အလံသစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတည်ပြုရုံပဲ ရှိသေးတာကိုး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်တော့မှ သုံးရမှာလေ။ အဲဒီတော့ ကျနော်တို့က အဟောင်းပဲ ဆက်သုံးနေသေးတာပေါ့။ အကြောင်းကြားလာရင်တော့ ဖြုတ်သင့်လည်း ဖြုတ်ရမယ်၊ မဖြုတ်ဘဲ နေရင်လည်း နေပေါ့။ ဒါကတော့ ကျနော်တို့ အလုပ်အမှုဆောင် အစည်းအဝေး ခေါ်ရဦးမှာ။”

ဒီကနေ့ အလံတင် အခမ်းအနားမှာ ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ် တင်မယ့်သူတွေက ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ရမယ်လို့ ညွှန်ကြားထားကြောင်းလည်း နေပြည်တော် စစ်အရာရှိ တယောက်ကို ကိုးကားပြီး ဧရာဝတီ အွန်လိုင်းသတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ အလံဟောင်းကို မီးရှို့မယ့် အစီအစဉ် ပါရှိတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“တင်ထားတုန်းပဲ၊ ကျနော်တို့ဆီ ညွှန်ကြားချက် မရောက်တော့ တင်ထားတုန်းပဲ။ ဌာနဆိုင်ရာတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့၊ ၃ နာရီမှာ သူတို့ အလံဟောင်းကိုချပြီး မီးရှို့မယ်လို့ ပြောတယ်။ ကျနော်တို့တော့ မချသေးဘူး။ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးမှ၊ ရွေးကောက်ပွဲပြီးမှ လက်ရှိ လက်ခံထားတဲ့ အနေအထားလေ။ အဲဒီအလံက ရွေးကောက်ပွဲပြီးမှ တရားဝင် အတည်ဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့ မချတာ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း ဖွဲ့စည်းပုံ အာဏာမတည်ခင် အလံသစ်သုံးတဲ့အပေါ် အခုလို အမြင်ရှိပါတယ်။

“အခြေခံဥပဒေ အသက်ဝင်တာက ပြည်ထောင်စုလွှတ်တော် ခေါ်ပြီးမှ အသက်ဝင်မှာကိုး။ အသက်ဝင်တဲ့ ကာလကျမှသာ ဒါက တရားဝင်တယ်လို့ ကျနော်တို့ ယေဘုယျ နားလည်ထားကြတာကိုး။ အခြေခံဥပဒေနဲ့ တိုင်းတာမယ် ဆိုရင်တော့ ဒါက အသက်မ၀င်ခင် သုံးစွဲတာကတော့ တရားဝင်မှု၊ မ၀င်မှု အပေါ်မှာ စကားပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ သို့သော်လည်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက ဒီအလံကို သီးခြားအမိန့် အနေနဲ့ လုပ်သလား မသိဘူးဗျ။ သူတို့ ဘာမှ အကြောင်းကြားခြင်းမရှိ၊ အသိပေးခြင်း မရှိတော့ ဒီအထိ မသိသေးပါဘူး။”

အရင် အသုံးပြုခဲ့တဲ့ လွတ်လပ်ရေးရစဉ်က အလံနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ရဲ့ အလံဟောင်း ၂ ခုက ပြည်ထောင်စု သင်္ကေတနဲ့ ခေတ်စနစ်ကို ထပ်ဟပ်စေတဲ့ လက္ခဏာတွေ ပါရှိပြီး အခု အလံသစ်ကတော့ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်္ကေတနဲ့ ဆင်တူနေတယ်လို့လည်း ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။

ဦးခင်မောင်ဆွေကတော့ ဒီအလံဟာ တော်လှန်ရေးသဘော ဆောင်တာမို့ သဘောမကျဘူးလို့ ဆိုပါတယ်။

“ကျနော်ပြောတာက ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ လက္ခဏာ၊ အရိပ်နိမိတ်၊ သင်္ကေတတွေ မတွေ့ရဘူး။ နောက်တခါ အပြောင်းအလဲ သွားနေတဲ့ ကြီးပွားတိုးတက်ခြင်း၊ ညီညွတ်ခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ လက္ခဏာကို ပြရမယ့် အနေအထား မပါဘူး။ နောက်ပြီးတော့ အရောင်တွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ခဲ့တဲ့ အရောင်တွေ ဖြစ်နေတယ်၊ သုံးရောင်ခြယ်ဆိုတော့။ အခုသွားနေတာက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကာလ မဟုတ်ဘူးလေ။

“အခုက ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကာလကို သွားနေတာလေ။ အဲဒီမှာ ပြည်သူအများကို ထင်ဟပ်နိုင်တဲ့ လက္ခဏာတွေ ပါရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော်က သဘောထားရှိတော့ ဒီအလံကို ကျနော် ထောင်ထဲမှာ ရှိစဉ်ကပဲ ဒီအလံပါတဲ့ အခြေခံဥပဒေကို အတည်ပြုပြီး သွားပြီလေ။ အဲဒီတော့ နိုင်ငံသားတယောက် အနေနဲ့ ပြောခွင့်ဆိုခွင့်ရရင် မကြိုက်တာ မကြိုက်ဘူး ပြောရရင် မကြိုက်ဘူးပေါ့ဗျာ။”

စစ်အစိုးရ အတည်ပြုခဲ့တဲ့ နိုင်ငံတော် အလံသစ်အပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပြောပြသွားတာ ဖြစ်ပါတယ်။



အကြံ နဲ.အလံ

စာမရေးဖြစ်ပေမယ့် စာတော့ လိုက်ဖတ်ဖြစ်တယ်ရှင်...၂၁ ရက်နေ.က အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတော့ ဝမ်းသာသွားတာ... မင်းတြားကြီးများ ကံကုန်လေသလား.... တအုပ်စုလုံးပဲ တရားအားထုတ်ဖို.တောထွက်လေပြီလား.... မြန်မာပြည်ကြီးပဲ အာကာသထဲ ဒုံးကျည်ပစ်လွှတ်နေပြီလားဆိုပြီးတော့ပေါ့.....ဘယ်ဟုတ်ကမလဲ တကယ်တမ်းတော့ အလံပြောင်းသွားတာကိုး......... အကြံနဲ. ရေးချင်တိုင်းရေးထားတဲ့ ဖွဲ.စည်းပုံအရ ဆွဲချင်းတိုင်းဆွဲထားတဲ့ အလံဒီဇိုင်းပေါင်းစပ်လိုက်တော့ နောက်ဆုံးမြန်မာပြည်ကနေ လဒတိုင်းပြည်ဖြစ်တော့တာပေါ့.

တကယ်တော့ အလံဆိုတာ နိုင်ငံတစ်ခုအတွက် အရမ်းကို အရေးကြီးပါတယ်....တဦးတယောက်ရဲ့ သဘောဆန္ဒနဲ. လုပ်လို.မရပါဘူး... ဒီအပြင် အလံဒီဇိုင်း အဆင်သင့်ဖြစ်ပြီဆိုရင်တောင် ပြည်သူကို အရင် အသိပေးရမှာပါ...ခုလို ယတြာကိန်းခမ်းချေသလို လုပ်လို.မရပါဘူး...ဒါဟာ ဒီမိုကရေစီဖော်ဆောင်ဖို.ကြိုးစားနေပါတယ် ဆိုတဲ့ သူတွေ လိုက်နာရမယ့် အခြေခံတချက်ပါ.....ထပ်ပြောရမယ်ဆိုရင် တရားဝင်ရွေးကောက်ပွဲလုပ်ပြီး အရပ်သားကို အာဏာလွှဲပေးတော့မယ့်အချိန်မှာ ဒီအလံကိစ္စဟာ နောက်တက်လာမဲ့ အစိုးရက တာဝန်ယူလုပ်ဆောင်လို.ရပါတယ်..ခုလို  ရွေးကောက်ပွဲလုပ်ခါနီးဆဲဆဲ ဖုတ်ပူမီးတိုက် ပြောင်းစရာမလိုပါဘူး...... ခွာသေးသေး ထင်ပါရဲ့ရှင်........

အရင်တုန်းက အလံမှာပါတဲ့ သင်္ကေတတွေက သူ.အဓိပ္ပါယ်နဲ.သူရှိတယ်ရှင့်...ခုအလံသစ်ကကော...ဘာအဓိပ္ပါယ်တွေ ဖော်ဆောင်တယ်ဆိုတာ ရှင်းပြစမ်းပါဦး..... တိုင်းနဲ.ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုတဲ့ ကြယ် ၁၄ လုံးအစား ကြယ်တလုံးသုံးတယ်ဆိုတော့ ကျမကတော့ ငါအဖော်မလိုဘူး ငါတယောက်တည်းကြီးစိုးမယ် ငါတယောက်တည်း စားမယ်လို.ပဲ မြင်မိပါကြောင်း.....................

စစ်အစိုးရက နိုင်ငံတော်အလံအသစ် ပြောင်းလဲအသုံးပြု

by San Maung on Thursday, October 21, 2010 at 11:01pm

နိုင်ငံတော်အလံသစ်ကို အစိုးရဌာနများနှင့် အခြားအဖွဲ့အစည်းများတွင် ယနေ့ ပြောင်းလဲတပ်ဆင်ကြပြီ ဖြစ်သည်။

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အတည်ပြုထားသော နိုင်ငံတော်အလံသစ် လွှင့်တင်ပွဲကို မြို့တော်ဝန် ဦးအောင်သိန်းလင်း ကိုယ်တိုင် တက်ရောက်၍ စစ်တီးဝိုင်း ဘင်ခရာအဖွဲ့များဖြင့် နိုင်ငံတော်သီချင်း တီးမှုတ်ကာ အခမ်းအနားဖြင့် ယနေ့ ညနေ (၃) နာရီကျော်တွင် ကျင်းပခဲ့ကြောင်း စည်ပင်သာယာ ဝန်ထမ်းတဦးက ပြောသည်။

 

မြို့တော်ခန်းမရှေ့တွင် အလံသစ်ကို လာရောက်ကြည့်ရှုသူတဦးက “အလံတော် အသစ်တင်တာတဲ့၊ မမြင်ဖူးလို့ ကြည့်တာပါ” ဟု ပြောသည်။

 

ပြောင်းလဲ အသုံးပြုသည့် နိုင်ငံတော်အလံသစ်တွင် သုံးရောင်ခြယ် အ၀ါ၊ အစိမ်းရင့်၊ အနီရောင် အလယ်၌ ကြယ်ဖြူတစ်လုံး ပါရှိသည်။

 

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင် အသက်သွင်းရန် ကြိုတင်ပြင်ဆင်မှုတရပ်အနေဖြင့် နိုင်ငံတော်အလံ အပြင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်နှင့် နိုင်ငံတော်သီချင်းတို့ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖော်ပြချက်အတိုင်း စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း စစ်အစိုးရရေဒီယိုမှ ကြေညာသွားသည်။

 

တံဆိပ်အသစ်နှင့် နိုင်ငံတော်သီချင်းကို မည်သည့်နေ့ရက်တွင် စတင် အသုံးပြုမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။

 

၂၀၀၈ခု ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေး ကျင်းပချိန်မှသာ စတင်၍ အသက်ဝင်မည်ဖြစ်ရာ ယခုလုပ်ရပ်သည် လုပ်ပိုင်ခွင့် ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြည်တွင်းမှ ဥပဒေဆိုင်ရာ ပညာပေးရေးသားနေသူ စာရေးဆရာကြီးတဦးက ဝေဖန်သည်။

 

“၂၀၀၈ အခြေခံဥပဒေက အာဏာစတည်တဲ့နေ့မှ စသုံးလို့ရမှာပေါ့။ အခုလုပ်ရပ်က တရားဥပဒေကို အာဏာနဲ့ မတရားမှု ကျူးလွန်လိုက်တာ၊ လုပ်ပိုင်ခွင့် ချိုးဖောက်လိုက်တာ ဖြစ်တယ်။ အသက်မဝင်သေးတဲ့ ဥပဒေပါ ဖော်ပြချက်တွေကို အသုံးပြုတာ ကြားလို့လည်း မကောင်းပါဘူး။ ဒါက လဲလိုက်လည်း တရားမဝင်ဘူး။ နိုင်ငံတော်အလံဆိုတာ ဥပဒေအတိုင်း မလုပ်ဘဲ အာဏာနဲ့ အတင်းပြောင်းခိုင်းလို့ရတဲ့ အလုပ်လည်း မဟုတ်ဘူးလေ” ဟု အဆိုပါ စာရေးဆရာက ပြောကြားသည်။

 

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က ၁၉၇၄ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့၌ စတင် အသုံးပြုလာခဲ့သော အနီအောက်ခံ၊ ညာဘက်ထိပ် အပြာရောင်လေးထောင့်တွင်းမှ ကြယ်ဖြူ (၁၄) လုံး ဝိုင်းရံထားသော စပါးနှံ ပါရှိသည့် နိုင်ငံတော်အလံအစား အသစ်ပြောင်းလဲ အသုံးပြုလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ နိုင်ငံတော်အလံအသစ်ကို နိုင်ငံတဝန်းလုံးရှိ အစိုးရဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာနေရာအားလုံး အောက်တိုဘာ (၂၁) ရက်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် လဲလှယ်အသုံးပြုသွားရန် ညွှန်ကြားထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

 

၎င်းက “ဟိုတယ်တွေ၊ အစိုးရအဆောက်အဦတွေ အားလုံး ကိုယ့်ရဲ့ဌာနဆိုင်ရာ ရုံးတွေမှာ အလံသွားထုတ်ယူဖို့နဲ့ ဒီနေ့ ညနေ (၃) နာရီနောက်ပိုင်း အလံသစ်ကို လဲဖို့ ဒီမနက်ကပဲ ညွှန်ကြားချက် ထွက်လာတာ။ အခု ကျမ သိသလောက်က အားလုံး လဲပြီးနေပါပြီ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

 

မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ ထိုင်း-မြန်မာနယ်စပ်မြို့များရှိ အစိုးရအဆောက်အဦများတွင်လည်း နိုင်ငံတော်အလံသစ်ကို လဲလှယ်လွှင့်တင်ထားပြီ ဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့သည့် ၁၉၄၈ ခု ဇန်နဝါရီ (၄) ရက်နေ့မှစ၍ ယနေ့လဲလိုက်သည့် နိုင်ငံတော်အလံ အပါအဝင် အလံ (၃) မျိုးရှိပြီဖြစ်သည်။

 

ယနေ့ စတင် အသုံးပြုလိုက်သည့် နိုင်ငံတော်အလံသစ်ကို နယ်ခြားစောင့် အသွင်ပြောင်းခဲ့သော တပ်ဖွဲ့တို့၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်၌လည်း မြန်မာ စစ်အစိုးရက ထပ်တူ အသုံးပြုခဲ့ပြီး ဖြစ်သည်။

http://www.khitpyaing.org/index.php?route=detail&id=5079


နိုင်ငံတော် အလံသစ် ဟောကိန်း

ဒေါင်းစကြာလုလင်၏ ဗမာပြည်ဟောကိန်းထဲက စာတွေကို ထုတ်ထုတ်ရေးနေတာကြာပါပြီ။ ဒီစာအုပ်ဟာ ဗေဒင်ဆရာ ဒေါင်းစကြာ ဟောတာတွေ ဘယ်လောက်မှန်သလဲဆိုတာကို တကယ့် အဖြစ်အပျက်တွေနဲ့ ယှဉ်ပြထားတာပါ။ အဓိက မှန်သွားတာကတော့ ဦးနုအစိုးရ ပြုတ်ကျမယ်၊ တတိယ အင်အားစု တက်လာမယ်ဆိုတာပါပဲ။ ဟောကိန်းကို ရန်ကုန်ရက်စွဲ (၂၇-၁၂-၆၁)နေ့ထုတ် ဂါဒီးယန်း သတင်းစာ မျက်နှာဖုံး၊ မြန်မာ့လမ်းစဉ် စာမျက်နှာ (၄)၊ (၂၉-၁၂-၆၁) ထုတ် ဟံသာဝတီ သတင်းစာ စာမျက်နှာ(၈)၊ ဗိုလ်တထောင် သတင်းစာ စာမျက်နှာ(၇)၊ (၂၈-၁၂-၆၁) ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ(၇) တို့မှာ ဖော်ပြခဲ့တယ် ဆိုပါတယ်။

ကိုးကား ။ ။ စာမျက်နှာ -၈၆

ဒီဟောကိန်းအပြင် ဆင်ဖြူတော်ဟောကိန်းဆိုတာကိုလည်း ၁၉၅၉ သြဂုတ် ၂၆ ရက်နေ့မှာ ဟောဆိုပြီး မန်းသူရိယ သတင်းစာမှာ အခြေအနေအရ ဖော်ပြသင့်သည်များကိုသာ ဟောကိန်း(၈)ချက်အနေနဲ့ (၁၆-၇-၆၁)မှာ တိုင်းပြည်ကို အသိပေးခဲ့ပါသတဲ့။

ကိုးကား ။ ။ စာမျက်နှာ -၁၀၃

မန်းသူရိယ သတင်းစာ၌ ဆင်ဖြူတော်ဟောကိန်း(၈)ချက် ဟောဆိုခဲ့ရာ အမှတ်(၇)တွင် နိုင်ငံတော်အလံ ပြောင်းမည်ဟု ဟောဆိုခဲ့၏။ သို့သော် ထိုဟောကိန်းတွင် ပြောင်းမည်ဟုသာ ပါရှိခဲ့ပေသည်။ မည်သည့်အလံ ပြောင်းမည်ဟု အခြေအနေအရ ထိုစဉ်က အတိအကျ မထုတ်ဖော်ခဲ့။ ယခု ပြောင်းလဲမည့် အလံတော်ကို ထုတ်ဖော်ဟောဆိုရသော် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် လူမျိုးစုအားလုံး စည်းရုံးချစ်ကြည်မှုကို အကျိုးပြုသောအားဖြင့် ပြောင်းလဲမည့် နိုင်ငံတော်အလံမှာ။

(၁) ဒေါင်းပါမည်။

(၂) ကြယ်ပါမည်။

(၃) အရောင်မှာ အနီရောင် အခြေခံမည်။

၎င်းပြောင်းလဲမည့် အလံတော်သည် မြန်မာနိုင်ငံတော် တိုင်းကြီး(၈)တိုင်းအပေါ်တွင် အောင်မြင် ၀င့်ကြွားစွာ လွှင့်ထူလိမ့်မည်။………………………………………………………….

……………………………………………

…………………………………………..

သို့သော် ထိုနိုင်ငံတော်၏ အလံသစ်ကို(မပြောပလောက်သော လူနည်းစုများမှအပ) ရာခိုင်နှုန်း များပြားလှစွာသော ရဟန်းရှင်လူများနှင့် လူတန်းစား အသီးသီးတို့သည် (ဖရဏာပီတိ ဂွမ်းဆီထိ) သကဲ့သို့ နှစ်လိုအားရ ၀မ်းမြောက်ရွှင်လန်းကြည်နူးစွာ ကြိုဆို လက်ခံကြမည် ဖြစ်သည်။

စာမျက်နှာ ၁၀၀ မှ ၁၀၃ အတွင်း တိုက်ရိုက်ကူးချသည်။

ကဲ…..ဟောကိန်းဆိုတော့လည်း ၁၀၀% တခါတည်း မမှန်ဘူးပေါ့လေ။ တိုင်းကြီး(၈)တိုင်းလည်း မမှန်ဘူး။ တော်လှန်ရေးကောင်စီက တိုင်းပြည်အကျိုးပြုမယ်ဆိုတာလည်း မမှန်ဘူး။ အလံသစ်လည်း မမှန်ခဲ့ဘူး။

ကျနော်ဗေဒင်မယုံပါ။ လုံးဝ(လုံးဝ) မယုံပါ။ ဒါပေမယ့် နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံတော် အလံသစ်တော့ ယုံချင်တယ်ဗျာ။ ဒီအလံနဲ့ဆိုရင်တော့ တိုင်းပြည်တကယ် အကျိုးရှိမှာ အမှန်ပဲ။ မြင်ဖူးသလိုလိုမရှိလား။ သတိလေးမထားမိရင် ထပ်ပြောမယ်။

(၁) ဒေါင်းပါမည်။

(၂) ကြယ်ပါမည်။

(၃) အရောင်မှာ အနီရောင် အခြေခံမည်။

ဟုတ်ပြီနော်။ အချက်(၃)ချက်လုံး ဒီအလံနဲ့ အံကိုက်ပဲ။ ကဲ ဒေါင်းစကြာလုလင်ရဲ့ ဟောကိန်းလေးက မှန်တော့မှန်မယ်။ နည်းနည်းတော့ ကြာမယ်နဲ့တူတယ်။



မပြောချင်လဲ ပြောရအုံးမယ်

Posted by ဒေါ်လာ on Monday

ကျွန်တော်ရဲ့ ဂျီတော့ အကောင့်မှာ အကောင့် စပြီးလုပ်ကတည်းက မြန်မာနိုင်ငံ အလံပုံကို တင်ထားခဲ့တာ ဒီနေ့အထိပဲ။ ကျွန်တော့် အကောင့်ထဲကလူတွေသိပါလိမ့်မယ်။ Facebook နဲ့ တခြား social sites တွေ မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တင်ထားတာ ခုထိပဲ။ မြန်မာနိုင်ငံကို ချစ်လို့၊ ကိုယ့်နိုင်ငံရဲ့ အလံကို လေးစားလို့၊ တန်ဖိုးထားလို့ပါ။ အလံရဲ့အရောင်ကို ကြိုက်လို့လဲ မဟုတ်ဘူး၊ အလံက လှလို့လည်း မဟုတ်ဘူး။

ဒါပေမယ့် မမျှော်လင့်ပဲ ရုတ်တရက်ဆိုသလိုပဲ ကျွန်နော့်မှာ အဖော်တွေ ပေါ်လာတယ်။ ဒီလ ၂၁ ရက်နေ့က စ တာပဲ။ တစ်ယောက်ပြီး တစ်ယောက် အလံပုံ (အလံဟောင်းပုံ) တွေကို ဂျီတော့တွေမှာရော၊ Facebook အပါအဝင် တခြား ပရိုဖိုင်တွေမှာရော ပလူကို ပျံလို့ တင်လိုက်ကြတာ။ အားရစရာပဲ။ ဒေါ်လာစား အတိုက်အခံတွေရော၊ ကိုယ့်ထမင်းကိုယ်စား အတိုက်အခံတွေရောပဲ။ ဒါပေမယ့် ခံယူချက်တွေက အရမ်းကို ယုတ်ညံ့လွန်းတယ်။


ခံယူချက်ကတော့ အစိုးရဘာလုပ်လုပ် ကန့်ကွက်မယ် ဆိုတဲ့ စိတ်နဲ့ ဘာပဲဖြစ်ဖြစ် ကန့်လန့်တိုက်နေကြတာ ပါ။ အလွန် စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။ အဲ့ဒီထက် စိတ်ပျက်ဖို့ ပိုကောင်းတာက အလံပေါ်မှာ အရိုးခေါင်းပုံတွေ၊ ဆဲဆိုထားတဲ့ သင်္ကေတတွေနဲ့ တိရစ္ဆာန်ပုံတွေနဲ့ ဖျက်ညှက်ကပ် တွေလုပ်လာကြတယ်။ ဒါကလည်း ခုမှ မဟုတ်ပါဘူး အရင် အလံဟောင်းတုန်းကလည်း လုပ်နေကြတာပါပဲ။ ကိုယ့်နိုင်ငံအလံကို ကိုယ်မှတန်ဖိုးမထားရင် ဘယ်သူတွေက တန်ဖိုးထားမှာလဲ။ ကန့်လန့်တိုက်ရတိုင်း အဟုတ်ကြီးမှတ်မနေကြတယ်။ အလွန့်အလွန်ကို စိတ်ပျက်ဖို့ကောင်းတဲ့ အတိုက်အခံတွေပါ။

အလံသစ်မှာလဲ ဒေါင်းပုံတွေ လည်း ထည့်လို့ထည့် လျှောက်လုပ်ကြတယ်။ သူ့ဘာသူ ခွတ်ဒေါင်းပဲဖြစ်ဖြစ် ကဒေါင်း ပဲဖြစ်ဖြစ် တိရစ္ဆာန်က တိရစ္ဆာန်ပဲ။ တိရစ္ဆာန် ကို ခေါင်မိုးအထက်မှာ လွှင့်ထူပြီး ဦးညွတ်အလေးပြုနေရမှတော့ အဲ့ဒီလူတွေက တိရစ္ဆာန်လောက်မှကို အသုံးမကျ၊ အဆင့်တန်းမရှိလို့ပေါ့။

တစ်ချို့ကရှိပါသေးတယ် အာဖရိက က အလံနဲ့တူလို့တဲ့ အပြစ်တင်ကြတယ်။ အာဖရိက က တူတဲ့အလံတွေကို သဲကြီးမဲကြီး လိုက်စုပြီးတောင် ယှဉ်ပြလိုက်သေးတယ်။ တော်တော် သနားစရာကောင်းတဲ့ အတွေးနိမ့်နိမ့် ပိုင်ဆိုင်သူတွေပါ။ မသိရင် မှတ်ထားကြစေချင်ပါတယ် အလံသစ်ရဲ့ အခုသုံးနေတဲ့ အရောင်သုံးရောင်က ၁၉၄၂ ခုနှစ်ကတည်းက သုံးခဲ့တဲ့ မြန်မာနိုင်ငံ အလံဟောင်းတွေရဲ့ အရောင် ၃ ရောင်ကို ပြန်သုံးထားတာပါ။ အာဖရိကနဲ့တူတော့ရော ဘာဖြစ်မှာလဲ။ အီသီယိုးပီးယားနဲ့ လစ်သူရေးနီးယားနဲ့ တူလို့ သိက္ခာကျတယ်လို့ ခံယူကြရမှာလား။ ပြောနေကြတာတော့ အစိုးရက ရတြာချေတဲ့ အလံတဲ့။ ကိုယ်တိုင်ကတော့ အာဖရိကတိုက်က ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အလံနဲ့တူလို့ဆိုပြီး အတိတ်နမိတ်တွေ ကောက်နေတကြတယ်။ တစ်ချိန်က အတိုက်အခံဘလော့တွေနဲ့ ဂျီတော့တွေပေါ်မှာ ရေပန်းစားခဲ့တဲ့ သီချင်းလေး မှတ်မိပါသေးတယ်။ ဒေါ်လာစားတို့ အားကျနေတဲ့ အနောက်နိုင်ငံကြီက ရှခီယာ ပြောသွားတာပါ။ ဝါကာဝါကာ ဆိုတဲ့သီချင်းမှာ ကျွန်မတို့အားလုံး အာဖရိက တွေပါ တဲ့။ အဲ့ဒါ သိက္ခာ ကျစရာလား။ သူတို့က အာဖရိက မျိုးဆက်တွေမို့ ဒီလောက် ချမ်းသာပြီး လူနေမှုအဆင့်အတန်းတွေ မြင့်နေချိန်မှာ ပြန်ပြီး ဝန်ခံနိုင်ကြတယ်။ မြန်မာအတိုက်အခံတို့က ဘာမှတောင် မဖြစ်သေးဘူး ၁၉၄၃ က အရောင် သုံးရောင်ကို ပြန်လက်မခံနိုင်ကြတော့ဘူ။

အာဖရိက က အလံတွေနဲ့တူလို့ ဘာဖြစ်သွားမှာလဲ။ အနောက်နိုင်ငံကြီးတွေက အလံတွေနဲ့ တူလို့ ဘာဖြစ်သွားမှာလဲ။ တကယ်လို့များ တရုတ်နိုင်ငံက အလံနဲ့ တူကြည့်ပါလား။ အခု အာဖရိက အလံတွေနဲ့ တူတယ်ဆိုတဲ့ လူတွေကပဲ ပိုးစိုးပက်စက် ပြောကြပါလိမ့်မယ်။ မြောက်ကိုရီးယားတို့ အိန္ဒိယ တို့ ရုရှားတို့နဲ့ တူကြည့်ပါလား။ ဝေဖန်လိုက်ကြမှာ သောက်သောက်လဲ။ အမေရိကန်နဲ့ တူအုံးမလား။ အပြစ်ရှာပြောအုံးမှာပဲ။

အရင်တုန်းက အလံဆိုတာ ဘယ်နေလို့နေမှန်းမသိ၊ စပါးနှံတို့ စက်သွားတို့ ကြယ်ဖြူ ၁၄ လုံးတို့ ဆိုတာ တစ်ခါမှ ကီးဘုတ်ပေါ်က မရိုက်ဖူးကြဘူး။ ခုမှ အစိုးရက အလံပြောင်းလိုက်တယ်ဆိုတာ့ ဂျီတော့တွေ၊ ဖေ့စ်ဘုတ်တွေ၊ ရှိသမျှ ပရိုဖိုင်တွေမှာ အလံတွေ တန်းစီလို့။ အရင်တုန်းက တစ်ယောက်မှ မြန်မာနိုင်ငံအလံပုံ တင်ရမှန်းလည်းမသိဘူး။ ပစ်စလက်ခက်ပဲ။ ခုမှ တင်လိုက်ကြတာ။ အဓိပ္ပါယ်တွေ ဖွင့်လိုက်ကြတာ။ အဲ့ဒီလူတွေ ကို ကျွန်တော် မေးခွန်းလေး နှစ်ခု မေးချင်လွန်းလို့ပါ

၁။ အလံဟောင်း သုံးလာတဲ့ ကာလ ၃၆ နှစ်မှာ ဂျီတော့တွေ ပရိုဖိုင်တွေမှာ တင်ဖူးပါသလား???????????? အခု အလံဟောင်းက နိုင်ငံတော်အလံမဟုတ်တော့ဘူး ဆိုမှ ဘာကြောင့် တင်နေရတာပါလဲ???????

၂။ အခုလောလောဆယ် အလံဟောင်းကို အရမ်းကို တန်ဖိုးထားပြီး အဓိပ္ပါယ်တွေဖွင့် ကာ ပရိုဖိုင်တွေမှာတင်နေသူ တစ်ယောက်အနေနဲ့ အဲ့ဒီ အလံကို အောက်ဖော်ပြပါ ပုံများအတိုင်း
မိုက်ရိုင်းစော်ကားထားသူတွေကို ဘာကြောင့် မရှုံ့ချခဲ့ပါသလဲ??????????? တကယ်လို့ သူတို့ရဲ့ လုပ်ရက်တွေကို မသိလို့ မရှုံ့ချခဲ့ဖူးဆိုလျှင် အခု ကျွန်တော် ဖော်ပြလိုက်ပါပြီ။ စပါးနှံ၊ စက်သွားနဲ့ အရွယ်တူကြယ်ဖြူ ၁၄ လုံးကို တန်ဖိုးထား လေးစားသူများ က အောက်ဖော်ပြပါ အတိုက်အခံများကို ဘယ်လိုရှုံ့ချမလဲ ကျွနော် နားထောင်ချင်ပါသေးတယ်။













ကမ္ဘာ့အလည်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ချစ်တဲ့ အလံကြီးကို ရိုင်းစိုင်းစော်ကားနေကြတဲ့ ဒီမိုအတိုက်အခံ ဒေါ်လာစားတွေပါဗျာ.....

8 comments:

Anonymous said...

ဂွတ်...အမြဲစောင့်မျှော်ဖတ်ရှုဖြစ်တဲ့ ဘလော့တစ်ခုပါ
လေးစားပါတယ်။ ဒေါ်လာစားတွေ၊ ဒီမိုတွေက သူတို့လုပ်သမျှ အကုန်မှန်တယ်ဆိုတာကြီးပဲ။ မြန်မာနိုင်ငံအလံကို သူတို့ချနင်းခဲ့တာ ကြာပါပြီလေ။
ခုမှအဖြစ်သဲပြီး ချစ်ပြနေလိုက်ကြတာ

26 October 2010 05:09 
Anonymous said...

ခုလိုချရေးလိုက်လို့ ကျွန်တော်ကို ရုရှားကစစ်ဗိုလ်တွေ
နအဖကလူတွေလို့ မထင်ကြနဲ့နော်။ ဘယ်သူဘာလုပ်လုပ် ကြားမှာမြေဇာပင်လို အညှပ်ခံနေရတဲ့ ရိုးရိုးသာမန်ပြည်သူတစ်ယောက်ပါ။

26 October 2010 05:12 
yehtut said...

"Facebook မှာလည်း လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက တင်ထားတာ ခုထိပဲ။"

ကောင်းတဲ့ post လေးပါ။ ဒါပေမဲ့ Facebok က February 2004 မှစတာပါ။ အခုမှခြောက် နှစ်ပဲရှိပါသေးတယ်။ :)

26 October 2010 22:50 
Anonymous said...

yehtut.. မြန်မာစာဖတ်တက်လား မြန်မာစာအဓိပါယ်တွေေ၇ာနားလည်လား ဖေ့ဘုတ်ကဘယ်ခုနှစ်မှစထောင်ထောင် သူက ဖေ့ဘုတ်တစ်ခုထဲလို့ပြောထားလား သောက်ပေါရဲ့...မြန်မာစာလေးဖတ်တက်အောင်ကျင့်ထားဦးနော်

27 October 2010 07:01 
အိုပါး(ခေတ္တကိုရီးယား) said...

သွေးထွက်အောင် မှန်တဲ့ ပိုစ့်ပါ။ ကျနော်လည်း တွေ့တွေ့နေရပါတယ်။

သုံးရောင်ခြယ်အလံကို တလွဲ အဓိပ္ပါယ် မဖွင့်ဆိုအပ်ပါဘူး။ မုန်းတီးမှု အာဃာတ အခြေခံ၊ ဗဟုသုတနည်းတဲ့ အခြေခံ၊ ရင့်ကျတ်မှုနည်းတဲ့ သူတွေကတော့ မြန်မာ့ဂုဏ်ရောင် သုံးရောင်ခြယ်အလံကို မှေးမှိန်အောင် ပုတ်ခက်ပြောဆိုကြတာပါ။ ကိုယ့်အမျိုးကိုယ် ပြန်ဖျက်တဲ့ အသားထဲက လောက်ဘဝ ရောက်မှန်းမသိ ရောက်နေကြတာ။ အစဉ်အဆက် အမျိုးသားနေ့တွေမှာ သုံးရောင်ခြယ်အလံကို မမြင်ဖူးကြဘူးလား။ မိုက်မဲကြတယ်။

ဒီဘလော့ကတော့ ဒီမို တွေ ပါးစပ်ကို ပိတ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် တကယ်လုပ်နိုင်ဆုံး ဘလော့ပါပဲ။

27 October 2010 16:48 
Anonymous said...

good post ... all truth

27 October 2010 18:50 
Anonymous said...

ကျွန်တော်တို့နိုင်ငံမှာ တကယ်အလုပ်လုပ်သူတွေရှိသလို မလုပ်တဲ့သူတွေရှိပါတယ်.. တကယ်နိုင်ငံရေးနားလည်ပြီး တကယ် အနစ်နာခံလုပ်တဲ့သူတွေရှိသလို ကိုယ်အကျိုးစီးပွားအတွက်လုပ်တဲ့သူတွေလဲရှိပါတယ်.. အခုဓါတ်ပုံမှာ မြင်နေရပြီး.. MTV ရှေ့တွေမှာ ပြောချင်တာပြော လုပ်ချင်တဲ့သူတွေက ရှေ့တမျိုး နောက်တမျိုးတွေပါ.. တကယ် နိုင်ငံရေးနားလည်ပြီး ကိုယ်ကျိုးစွန့်လုပ်တဲ့သူတွေက သံတိုင်နောက်မှာပါ.. ဒါကြောင့် မြန်မာ့ ဒီမိုကရေစီရေး လုပ်တဲ့နေရာမှာ နှစ်ပေါင်း ၂၀ကျော် လုပ်ပြီး ဘာမှမထိရောက်တာ အဲဒီ ဆွေမစစ် မျိုးမစစ် တရေးနိုးထအော်နေတဲ့ေ-ွးမသား ကြောင်သူတော် ကြွက်သူခိုးတွေကြောင့်ပါ..

28 October 2010 08:47 
Anonymous said...

ဟုတ်ပါ့ဗျာ မှန်လိုက်လေ ။ အခုမှ ထဖြစ်နေတာပါ အလံဟောင်းတုန်းက လဲ သူတို့ ပဲ နင်းချေနေကြတာ ။ ခုမှ ထဟောင်နေကြတယ် ။ အလကား ဆံကုန်မြေလေး တွေ။ စပြစ်သီးကို ခါးတယ်ပြောတဲ့ မြေခွေးတွေပါ ......

28 October 2010 10:22


--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowle

soelay tun

unread,
Nov 5, 2010, 2:17:07 AM11/5/10
to real-fa...@googlegroups.com
ငါ့ကိုတစ်ခုလောက်ပြောပေးကွာ ငါတောင်းဆိုတာပါ "မပြောချင်လဲပြောရဦးမယ်"ပို့ကိုတင်ထားတဲ့သကောင့်သားလား
သကောင့်သမီးလားလူလားဘာကောင်မှန်းမသိတဲ့ကောင်ကိုပြောပေးစမ်းပါ
သူကဘာတွေရထားလို့လူနည်းစုဘက်လိုက်နေတာလဲလို့
သူမှာစဉ်းစားဆင်ခြင်နိုင်တဲ့အသိဥာဏ်မရှိဘူးလား သူပြောတဲ့စကားတွေ အရမ်းမိုက်ရိုင်းလွန်းတယ်ကွာ
စဉ်းစားရင်းဖတ်ရင်ငါသူ့ကိုတော်တော်ဒေါသထွက်တယ်ကွာ
စဉ်းစားစမ်းပါ သူတို့ကဘာတွေကောင်းနေလို့လဲ သူများအဆင်သင့်လုပ်ထားတာတွေကိုအကုန်ယူပြီးတော့
လုပ်ချင်ရာလုပ်နေတာကိုငါတို့ဟုတ်ပါ့ဗျာမှန်ပါ့ဗျာလုပ်နေရမှာလား မင်းကထမင်းဝနေတော့ ဘယ်သိမှာလဲ
မင်းမှာလူလူချင်းစာနာနိုင်တဲ့ စိတ်မှမရှိဘူးဆိုတာငါသိပါတယ် မင်းရေးတဲ့ပို့ကိုဖတ်ရုံနဲ့မင်းဘယ်အဆင့်အတန်
ထဲကဆိုတာငါသိပါတယ် ငါဒီလိုမင်းနဲ့ဖက်ပြီးစကားပြန်ပြောရတာတောင်တော်တော်ယုတ်ညံ့သွားတယ်ဒါပေမဲ့
ပြောတာတော့ပြောရဦးမယ် မြန်မာနိုင်ငံကြီးမှာမင်းလိုကောင်တွေကောင်မတွေရှိနေလို့ ဒီလိုတွေဖြစ်နေတာ
ငါထမင်းဝနေရင်ပြီးရော ကျန်တဲ့သူတွေဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူး မင်းစိတ်ဓါတ်ကိုငါကြည့်ရတာ သူတောင်းစားခွက်
ထဲကတောင်ပြန်နိုက်မဲ့စိတ်ဓါတ်မျိုးပဲကွာ တော်တော်သနားဖို့ကောင်းတယ်ကွာ ပျောက်ဆုံးသွားတဲ့ငါတို့ရဲ့်အိမ်မက်
အနာဂါတ် ပျက်ဆီးသွားတဲ့ငါတို့ရဲ့ဘ၀တွေ မင်းမြင်ကြည့်စမ်းပါကွာ ငါတို့ငါတို့နိုင်ငံမှာဘာအခွင့်အရေးရလဲ
ဘာမှရတယ်ဆိုတာမှရှိဘူး ပဲခူးဘတ်က ကောင်လေးနှစ်ယောက်ကို ရက်ရက်စက်စက် သေနတ်ပစ်သတ်တာကိုငါ
တို့ကဟုတ်လိုက်လေမှန်လိုက်လေလုပ်ရမှာလား မင်းပြောစမ်းပါ သကောင့်သားရ ဒါဖြစ်သင့်လား သူတို့ကမြန်မာ
နိုင်ငံသားစစ်စစ်တွေပါကွာ တိုင်းတပါးသားအဟုတ်ပါဘူး မြန်မာမှာမိန်းကလေးတွေ ကြက်တန်းရောက်ကုန်တာဘယ်သူတွေ
ကြောင့်လဲ ဖြေစမ်းပါသကောင့်သား သူတို့လုပ်ချင်လို့် လုပ်နေတာမဟုတ်ဘူးကွာ စားဝတ်နေရေးမှအဆင်မပြေတာ
မင်းတို့သူတို့တွေ တမင်းကောင်းဟင်းကောင်းတွေစားနေရပေမဲ့ ငတ်နေတဲ့သူတွေ တစ်နေ့စာတနေ့အသည်းအသန်
ရှာစားနေရသူတွေ ကိုမင်းနည်းနည်းမှမတွေးမိဘူးဆိုတာငါသိပါတယ် မင်းအတွက်ထမင်းတစ်လုပ်ကလွယ်ပေမဲ့မလွယ်
တဲ့ဘ၀တွေကိုမင်းမစဉ်းစားမိပါဘူး ငါတို့နိုင်ငံကို လာပြီးအုပ်ချုပ်တဲ့အင်္ဂလိပ်တောင် ငါတို့နိုင်ငံကပစ္စည်းတွေကိုသူတို့ယူတယ်
ဒါပေမဲ့ သူတို့သုံးပုံပုံရင်တစ်ပုံလောက်တော့ပြန်ပေးခဲ့တယ်ကွ အခုငါတို့လူမျိုးချင်း အကုန်ယူဘာမှပြန်မပေးဘူး သူတို့မိသားစု ချမ်းသာရင်ပြီး ရော နည်းနည်းလောက်ဆန့်ကျင်ရင် လက်နက်အသုံးပြု ကိုယ်လူမျိုးမအချင်းချင်း သတ်ဖြတ်
တာတွေက ဖြစ်သင့်လား ၈၈တုန်းက မြန်မာအချင်းချင်းသတ်ဖြတ်မြန်မာအမျိုးသမီးတွေကို မြန်မာရဲတွေက မယိမ်းကျင့်စော်ကား သတ်ဖြတ်ခဲ့တာတွေမင်းဘယ်လိုလုပ်ရှင်းမလဲ ဒါဖြစ်သင့်လားကွာ ငါတို့လူမျိုးအချင်းချင်းပါ တိုင်းတပါးသားတောင်အဲလောက်မရက်စက်ဘူးလို့ငါထင်တယ် မင်းမိဘတွေမင်း ကိုဆိုဆုံးမမူမရှိဘူးထင်တယ်ကွာ
ဒါကြောင့်မင်းလူလိုမတွေးခေါ်နိုင်တာလို့ငါထင်တယ် အချိန်လည်းတော်တော်ကြာခဲ့ပြီ တစ်နစ်ပြီးတစ်နစ်တိုးတက်တယ်
တဲ့ဘာတွေလဲ ဖာတွေပဲဖြစ်မယ်ငါထင်တယ် စပါးတွေပေါလိုက်တဲ့ငါတို့နိုင်ငံဆန်ဈေးကမိုးပေါ်ရောက်နေတယ်ကြက်သွန်
ဈေးရောဆီဈေးရောအားလုံးဟာအလူပျံနေတယ် ဘာကြောင့်လဲ မြန်မာနိုင်ငံလောက်သယံဇာတတွေပေါတာမြန်မာပဲ မြန်မာလောက်ဒုက္ခရောက်နေတာမြန်မာပဲ အဲဒါဘယ်သူတွေကြောင့်လဲ နေရာတိုင်းမှာထွက်လိုက်တဲ့ဂတ်(စ်)ဈေးတွေကဘာ
ကြောင့်ဒီလောက်တောင်တက်နေရတာလဲ ဒါတွေကိုဘယ်သူတွေကအသုံးပြုနေရလဲဖြေစမ်းပါသကောင့်သား
မိသားစုငါးယောက်ရှိလို့ငါးယောက်စလုံးအလုပ်လုပ်တာတောင် ထမင်းမ၀ရတဲ့ငါတို့နိုင်ငံ ဒါဘယ်သူတွေကြောင်လဲ
မင်းကထမင်းဝအောင်စားနေရပေမဲ့ မသေထမင်းမသေဟင်းစားနေရတာတွေကို နည်းနည်းလောက်တော့ စဉ်းစား
စာနာပါဦးကွာ လေတိုက်သွားလို့စားစရာမရှိ သူများပေးဒါကမ်းတာလေကိုပဲမျော်နေရတဲ့သူတွေဆီက လုယက်ယူတာဘယ်
သူတွေလဲ ကိုယ်ကိုယ်တိုင်လည်းမကူညီဘူး ဘေးကကူညီမယ်ဆိုတော့လည်းလက်မခံဘူး ကိုယ်ကိုယ်တိုင် ကိုယ့်အိပ်ထဲက
မထုတ်ပေးမကူညီချင်နေပါကွာ သူများကူညီမှာတော့ခွင့်ပြုသင့်ပါတယ် သူများတွေကူညီလို့ကောင်းစားမှာဘယ်သူတွေလဲ
ငါတို့ရဲ့သွေးသားတွေပါကွာ တစိမ်းတွေမဟုတ်ပါဘူး သနားညာတာရမဲ့စိတ်မရှိတာဘယ်သူတွေလဲဖြေစမ်းပါသကောင့်သား
တိုးတက်လိုက်တာတဲ့ ရန်ကုန်ကလမ်းတွေကိုကြည့်စမ်းတနေရာမှအကောင်းမရှိဘူး သူများနိုင်ငံကအိမ်နောက်ဖေးလမ်းလောက်တောင်မကောင်းဘူး  တိုးတက်လွန်းလို့ ထမင်းငတ်တဲ့သူတွေတစ်နှစ်ထက်တစ်နှစ်ပိုပိုများလာတာပါကြောင့်လဲ
ပြော ငါထင်ပါတယ် တိုးတက်တာထမင်းငတ်တဲ့ဦးရေကိုပြောတာဖြစ်မယ်ထင်တယ် အဲလောက်တော့ကိုယ့်အချင်းချင်း
မရက်စက်သင့်ဘူးငါထင်တယ်ကွာ



2010/10/29 meepyatite <meepy...@gmail.com>
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.info/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/



--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တ

soelay tun

unread,
Nov 5, 2010, 2:27:45 AM11/5/10
to real-fa...@googlegroups.com
ငါတော့ဘယ်သူဘက်မှမပါဘူး ဒါပေမဲ့ အသိဥာဏ်ကင်းမဲ့လွန်းတဲ့ Anonymous,yehtut,အိုပါး(ခေတ္တကိုရီးယား) တို့လို ခွေးလောက်အသိဥာဏ်မရှိတဲ့ခွေးထက်နိမ့်ကျတဲ့သူတွေလို့ငါထင်တယ် တကယ့်ကိုစောက်သုံးမကျတဲ့သူတွေပဲလို့ငါတွေးတယ် တိုင်းတပါးကကောင်တွေ အလံကိုနင်းခြေတာငါလည်းခံပြင်းတယ်
ဒါပေမဲ့မင်းတို့သုံးသပ်ချက်တွေက ဟိုကောင်တွေကို ကောင်းကြောင်းပြောနေတာလို့ပဲငါထင်တယ်
မင်းတို့မှ တကယ် အမျိုးယုတ်တွေပဲ မင်းတို့ကအလံကိုနင်းခြေတဲ့ကောင်တွေကိုတော့ပုတ်ခတ်ပြောတယ် မင်းတို့ရော
ဘာထူးလဲ အတူတူပဲ သူတို့အလံကိုပဲနင်းခြေတာကွ မင်းတို့ မြန်မာနိင်ငံက ပြည်သူတွေရဲ့ဘ၀တွေကိုနင်းခြေနေတဲ့သူတွေကို
်အားပေးပြီး မင်းတို့ပါ ၀ိုင်းဝန်းနင်းခြေနေတာကွ သိရဲ့လားသကောင့်သားတွေရဲ့
Reply all
Reply to author
Forward
0 new messages