လွှမ်းမိုးထက်
unread,May 25, 2010, 10:54:34 AM5/25/10Sign in to reply to author
Sign in to forward
You do not have permission to delete messages in this group
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to taunggyif...@googlegroups.com, real-fa...@googlegroups.com, nayi...@gmail.com, kaunghtet...@gmail.com, emmilygirl2008 hla ya mo, mr.karya...@gmail.com, herr...@gmail.com, hotsl...@gmail.com, nan...@gmail.com, dama muniment, koye1...@gmail.com, virusd...@gmail.com, ပီအိုက်း×
ကျွန်မတို့ မာဏ၀ဘေရီအဖွဲ့ရဲ့ ပဲခူးမှာ
ရေလှူဒါန်းတဲ့နေ့ကအဖြစ်အပျက်ကိုပြောပြချင်ပါတယ်
ဖြစ်ပုံကတော့ အစကတည်းက
ကသောင်းကနင်းပါပဲ
ယုဇနဥယျာဉ်ဘက်က လိုက်မယ့် အဖွဲ့သားတွေနဲ့အတူ မြေနီကုန်းမှာ
စောင့်နေမယ့် အဖွဲ့သားတွေကိုကြိုဖို့ကားတစ်စီးငှားထားပါတယ်
အဲ့ကားကလည်း
23ရက်နေ့ကျမှ ဘယ်ပျောက်သွားတယ်မသိဘူး ကိုလွင်ဇော်တို့က
တခြားကားငှားလာရပါတယ်
မြေနီကုန်းကနေ စော်ဘွားကြီးကုန်းကိုသွားကြပါတယ်
အင်းစိန်ဘက်ကလူတွေက အဲ့မှာစောင့်နေမှာပါ အဲအချိန်မှာ
ကျွန်မတိုကရောက်သွားတော့ပဲခူးကိုသွားမယ့်
ရွှေစင်စင်္ကြာ(Express)ကလည်းမရောက်သေးဘူးရှင့် ရေတင်ဖို့ငှားထားတဲ့
၆ဘီးကားကွန်တိန်နာကလည်းမရောက်သေးဘူးရှင့် အဲ့ဒါနဲ့ ရွှေစင်စင်္ကြာကိုလှမ်းဆက်ပြောတော့
မကြသေးခင်ရောက်လာပါတယ် ရေတင်မယ့်ကားကိုကျွန်မ မေမေကတာဝန်ယူထားတော့
ဖုန်းလည်းဆက်မေးရော ကားမောင်းတဲ့သူက မရောက်သေးဘူးတဲ့လိုက်ရှာနေတယ်ဆိုတော့
အဲ့မှာအချိန်ကြာရော နောက်တော့ အဲ့၆ဘီးကားမရဘူး ဒိုင်နာတစ်စီးငှားလာရတယ်
အဲ့အချိန်မှာ ရွှေစင်စင်္ကြာကဆက်မစောင့်နိုင်တော့လို့ ၀ါယာလက်မှာစောင့်မယ်ဆိုပြီး
ဝါယာလက်ကိုသွားပါလေရော (အဲ့ကားက လိုင်စင်ရှိဘူးတဲ့) ၀ါယာလက်ကနေစောင့်နေရတာပေါ့
ေ၇ာက်လာပါပြီ ဝေးခနဲအော်ကြတာပေါ့ ရေတင်မယ့်ကားရောက်လာပြီလေ
ဒါလည်း
အပျော်တစ်မျိဲုးနော် စိမ်ချမ်းသာမယ်မှမကြာသေးဘူး လူတင်ကားက တစ်မျိုးဖောက်ပါလေရော
ကျွန်မတို့ကိုတင်လာတဲ့ကားက ပျက်လို့တဲ့(အဲ့ကားကသိပ်မမိုက်ဘူး
အဲကွန်းမပါဘူး)ကားနောက်တစ်စီးပြောင်းပေးမယ် ကားခပိုပေးရမယ်တဲ့
ပြောင်းရမယ့်ကားကကောင်းလို့ ပိုပေးရမယ်တဲ့လေ ကျွန်မတို့ကလည်းဘယ်ရမလဲ
စရန်ရောငွေရောချေပြီးသားကို ဘယ်ပေးနိုင်မလဲ ကားပြောင်းတာကသူတို့ကိစ္စပဲလေ
(ပြောင်းလိုက်တာကံကောင်းတာ ပြောင်းတဲ့ကားကတကယ်ကောင်းတယ်လေ အဟတ်) အဲ့ဒါနဲ့
ဝါယာလက်ကနေစထွက်ပြီပေါ့ ကျွန်မတိုကအဖွဲ့မှာ လိုက်တာ လူများတော့များတယ်ရှင့်
နည်းပညာကျောင်းသားတွေက 11ယောက်လိုက်ကြတယ် တခြားကလည်းလိုက်ကြတာပေါ့ အဲ့မှာ
ကိုလွင်ဇော် နဲ့ကိုကျော်ကျော်တို့က ရေတင်တဲ့ကားနဲ့သွားကြမယ် ထောက်ကြံ့အလွန်မှာ
ဝါးကပ်ဝယ်မယ် ပြီးတော့ ALPINE စက်ရုံကိုသွားကြမယ် အစီအစဉ်ကအဲ့လို real family က
ကိုမင်း (မှင်စာ)ကလည်း အဲ့စက်ရုံမှာ စက်ကိုင်တာဆိုတော့ သူနဲ့
အတွင်းရေးမှူးကိုဖြိုးကိုပါ ထည့်ပေးလိုက်တယ် မှော်ဘီကို ကားလည်းေ၇ာက်ရော
ရေကားကရောက်သေးဘူး အဲ့ဒါပြန်စောင့် ပြီးတော့ စက်ရုံထဲဝင်ပြှီး ရေထည့် အဲ့မှာတင်
10.30လောက်ရှိနေပြီ ဒိုင်နာမှာ ရေတင်တာ ရေဘူးအားလုံးမဆန့်တော့
လူတင်ကားရဲ့ဝမ်းဗိုက်ထဲထည့်မယ် ကားကို စက်ရုံထဲဝင်ခိုင်းတော့ ၀င်မပေးနိုင်ဘူးတဲ့
ကားက တစ်နေ့လုံးကိုယ်လုပ်ချင်ရာလုပ်ဖို့ငှားတာဆိုပြီး သွားပြောတော့ ၀င်ပေးလာပါတယ်
အိပဲ့အိပဲ့နဲ့ ကားထဲရေတင်ပြီးတော့ထွက်ပါပြီ
ကားပေါ်မှာ fun
ငွေကောက်ရမယ့်တာဝန်ကျွန်မကိုပေးထားတော့ ကားထွက်ပြီး အပြင်ရောက်တာနဲ့ ပြောရပြီပေါ့
fun ငွေကောက်ပါတယ်ရှင် စေစတနာရှိသလောက်ထည့်နိုင်ပါတယ်ရှင် ဆိုတော့ ကားပေါ်ကရတာ
အားလုံး 37500ရတယ် ပြီးတော့ အမြဲတမ်းအဖွဲ့ဝင်လုပ်မယ့်လူစာရင်းလိုက်ကောက်ပါတယ်
အဖွဲ့ဝင်တွေကလစဉ်ကြေးအဖြစ် 2000ပေးရပါတယ် အဲ့ဒါကို fun ငွေအဖြစ်သုံးမှာပါ
အဲ့ကနေထွက်တော့ အေးဆေးဖြစ်သွားပြီ အားလုံးပျော်ပျော်ပါးပါးပေါ့ စလိုက်နောက်လိုက်
ခနနေတော့ ဗိုက်ဆာလောက်ကြပြီထင်လို့ ကြာဇံကြော်ဝေပါတယ် အဲ့နောက်ပိုင်းကတော့
ဘာမှမဖြစ်ဘူးထင်တာပါပဲ (ကျွန်မအိပ်ပျော်သွားတယ် ) နိုးတော့ ၇ွာရောက်နေပြီ
ကျွန်မမေမေနဲ့မွေးစားမေမေကတော့ ရှေ့ပြေးသွားနှင့်ကြပြီ ကျွန်မတို့
ကံကုန်း၇ွာသစ်ကိုသွားကြတယ် အားလုံးခြေကျင်ပေါ့ မိုးကရွာနေပြီ ဟိုရောက်တော့
ရေကားကရေပေးဖို့တန်းစီခိုင်းနေပြီ အဲ့ရွာမှာတော့
ရေကတော်တော်ကိုလိုနေတာ
ကျွန်မမေးကြည့်တော့ မိုးရေက
သွပ်ရှိတဲ့အိမ်ပဲရေခံလို့၇တာတဲ့ ကြည့်လိုက်တော့ သွပ်အိမ်က
လက်တစ်ဖက်တောင်ပြည့်အောင်မရည်ရဘူး သုံးရေကို ချောင်းရေတင်ထားတာ မိုးရွာတော့
နွံထပြီးဘယ်လိုမှ သုံးလို့မရဘူးတဲ့ သောက်ရေကိုလှူမှသောက်၇တယ်
မရှိတော့ရင်ချောင်းရေကိုကျိုသောက်ရတယ်တဲ့ မိုးကရွာတော့ ရေလည်းဝေပြီးရော
အားလုံးကခိုက်ခိုက်တုန်နေကြတယ် အဲ့မှာ
အဒေါ်ကြီးတစ်ယောက်ကကြည့်လို့အားလုံးလုပ်ပေးပါတယ် ရေနွေးလည်းတိုက်လိုက်ပါတယ်
တော်တော်ကောင်းတဲ့ရေနွေးပါပဲ အကြော်တွေလည်း အတင်းကျွေးကြသေးတယ်
ဦးလေးကြီးတစ်ယောက်ကမပြန်နဲ့ ဖားရိုက်ကျွေးမယ်လုပ်နေသေးတယ် ချစ်စရာနော်
ဟန်ဆောင်မှူကင်းလိုက်တာ
ကျွန်မတို့အဲ့လိုဝေနေချိန်မှာ ကျန်တဲ့အဖွဲ့သားတွေက
(မိန်းကလေးတွေ) တစ်ယောက် ရေနှစ်ဘူးဆွဲပြီး ဘုန်းကြီးကျောင်းသွားနေကြပြီ
ကျွန်မကတော့ကျန်နေခဲ့တယ် ကျန်နေလို့အကြော်စားရတာ မင်္ဂလာဆောင်ရှိတယ်လာပြောလို့
လက်ဖွဲ့ ရေဘူး 20ဖွဲ့ခဲ့တယ် ပြီးတော့ ဘုန်းကြီးကျောင်းကို ရေဆွဲပြီးသွားကြတယ်
ကော်ဖီတိုက်လိုက်သေးတယ်
ပြီးတော့ ရွာထိပ်ပြန်ထွက်ကြပြီး အဲ့နားတစ်လျှောက်
ကရွာတွေကိုရေလိုက်ဝေတယ် ကိုယ်တိုင်ကိုယ်ကျရော တန်းစီခိုင်းတာရော ကျွန်မကိုတော့
အာပြဲလို့တဲ့ အော်ခိုင်းကြတယ် အော်ရတော့တာပေါ့ ကလေးတွေမလာပါနဲ့ကလေးတွေကိုမပေးပါဘူး
လူကြီးတွေတန်းစီပါ မတိုးကြပါနဲ့ ရေတွေအများကြှီးကျန်ပါသေးတယ်
ရေယူပြီးသားလူတွေကိုမှတ်မိတယ်နော် စုံနေတာပဲ အော်လိုက်ရတာ အသံတွေနာတာပေါ့ ပြိးတော့
လမ်းဘေးက ရွာတွေကိုဝေတယ် နောက်ဆုံးရွာကျတော့ ကျွန်မ မဆင်းနိုင်တော့ဘူး
ကားပေါ်ကနေပဲကြည့်ရတော့တယ်
ကားလည်းမောင်းထွက် ရေလည်းကုန်တော့မှ သတိရတယ်
အားလုံးစုပြီးမရိုက်ရသေးဘူး ကားရပ်ခိုင်းပြီး ရိုက်ကြတယ်(ဓာတ်ပုံ)
စိတ်ချလက်ချဖြစ်တော့ နောက်ဆုံးခုံမှာ ကျွန်မတို့ထိုင်ကြတယ် ကားပေါ်မှာလည်း
ဓာတ်ပုံတွေရိုက်နေကြတာ ရှုပ်နေကြတာပဲ ပြီးတော့ သီချင်းတွေအော်ဆိုကြ recording
လုပ်ထားကြနဲ့ အားလုံးအောင်မြင်စွာပြီးဆုံးသွားတယ်
PS အမှတ်တရက ကျွန်မတို့နဲ့အတူ
NEW WATCH ဂျာနယ်က သတင်းထောက်(ကင်မ၇ာမပါတဲ့သတင်းထောက်)ကိုသိုးထိန်းက
အမြဲတမ်းအဖွဲ့ဝင်ဖြစ်သွားတယ် သူပုံတွေ၇ိုက်မယ်ဆိုတော့ ကင်မရာကမပါလာ အဲ့တော့
ကျွန်မကင်မရာပေးထားရတယ် သတင်းထောက်က မေ့တတ်တာလွန်ရော ကင်မရာမမေ့ဖို့ပြောနေရတယ်
အဟတ်
ရေက ၅လီတာ ဘူး ၂၅၀၀ လှူတာပါ အမှန်က ထပ်ဝယ်မလို့ကို မဆန့်တော့တာက
တစ်ကြောင်းပဲခူးမှာ စက်ရေတွင်းတူးမယ်ဆိုတဲ့
ဆရာတော်ကိုလှူမယ်လို့ဆုံးဖြတ်လိုက်တာတစ်ကြောင်းမို့ ကျန်ငွေကို
ရေထပ်မ၀ယ်ပဲလှူဖို့ဆုံးဖြတ်လိုက်ပါတယ်ရှင်
အလွဲတစ်ခုကတော့ အဖွဲ့နာမည်က
မာဏ၀ဘေ၇ီကို ကိုလွင်ဇော်က မာဏဘေ၇ှီလို့ပြောတော့ အဲ့လိုပဲထင်ထားတာ အမှန်တော့
မာဏ၀ဘေ၇ီင်္တဲ့ ရင်ထိုးလုပ်တော့လည်း မာဏဘေရီ အလွဲကတော့တကယ်ကိုလွဲတာပါပဲ
အမှတ်တရပါပဲ
ကျန်နေသေးတဲံ့ အလှူရှင်စာရင်းကိုတော့ နောက်နေ့ပို့ပေးပါ့မယ်ရှင်။
အီ ခီ ဂျော
--
"Real Family" group မှကြိုဆိုပါတယ်ခင်ဗျား။
Post ကိုမေးကနေ တင်ချင်ရင်တော့
real-fa...@googlegroups.com ကိုမေးပို့လိုက်ပါ။ Post များကို တစ်နေရာထဲတွင် အကုန်ဖတ်နိုင်ရန်၊ reply လုပ်လျှင် ပိုမိုလွယ်ကူစေရန်၊ member များကို သိရှိနိုင်ရန်၊ သူငယ်ချင်း မိတ်ဆွေများအား အလွယ်တကူ ဖိတ်ကြားနိုင်ရန်
http://groups.google.com/group/real-family-mm?hl=en ကနေ၀င်ပေးကြပါခင်ဗျား။ အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ
ဆက်ရေးရန်။(Reply ပြန်ရန်) တောင်းဆိုပါတယ်ခင်ဗျား.။