စိုးရိမ်တယ်.

4 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
May 17, 2013, 4:41:44 AM5/17/13
to စစ်မှန်သောမိသားစု

စိုးရိမ်တယ်.

posted by ပန်းကမ္ဘာ


ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘန်ကောက်မှာ မွေးတဲ့ မြန်မာလူမျိုး ကောင်လေးတစ်ယောက် ကိုရင်ဝတ်ချင်လို့တဲ့၊ အသက်က (၁၃) နှစ်၊ ၈ တန်းတက်နေတယ်၊

မြန်မာစာလုံးဝ မဖတ်တတ်၊ မရေးတတ်ဘူး၊ မြန်မာစကားပဲ နားလည်တယ် ပြောတတ်တယ်။ အဲဒါကြောင့် နမောတဿ ဘုရားရှိခိုး၊ သရဏဂုံသုံးပါး၊ ငါးပါးသီလ၊ ဆယ်ပါးသီလတွေကို ခက်ခက်ခဲခဲ ပါးစပ်က နားလည်အောင်ပဲကြိုတင် သင်ပေးလိုက်ရတယ်၊

အင်္ဂလိပ်လို နားလည်အောင် ရှင်းပြပြန်တော့လည်း မိမိစိတ်မှာတော့ ပါဠိကို ရွတ်ဖတ်ရတာလောက် စိတ်ထဲမှာ လေးနက်မှုရှိလှဘူး၊
သာမဏေ၀တ်ပြီးရင်တောင်မှ မေတ္တာသုတ်တို့၊ သမ္ဗုဒ္ဓေဂါထာတို့ကို ဘယ်လိုသင်ပေးရမလဲ စဉ်းစားနေမိတယ်၊

ဒီနေ့ခေတ်မှာ နိုင်ငံပေါင်းစုံမှာ ရောက်နေကြရတဲ့ မြန်မာလူမျိုး မိဘတွေ အားလုံး ကြုံနေကြရတာက ကလေးတွေ မြန်မာစာမတတ်တော့ပါဘူး တဲ့၊ ကြားဖူးတဲ့ သြဇီက မိသားစုတစ်ခုမှာပါ၊ အဲဒီမိသားစုက သူတို့ကလေးကို မြန်မာစကား သင်ပေးတယ်၊ ကလေးက လဲ ကြိုးကြိုးစားစားသင်ယူတယ်၊ ပြောတယ်၊ ဒါပေမယ့် ကလေးပြောတာ နည်းနည်းမှားရင် ဖေးမ-ရမယ့်အစား လူကြီးတွေက လှောင်ပြောင် ဟားတိုက်လေ့ရှိကြတယ် တဲ့၊ ၊ ဒါကြောင့် ကလေးက စိတ်နာပြီး မြန်မာစကား မပြောတော့ဘူး တဲ့၊ (ကလေးရဲ့ခံစားချက်ကို ကိုယ်ချင်းစာပေးသင့်တယ် )

( လမ်းလျောက်တတ်ခါစကလေးကို လက်တွဲကူညီရမယ့်အစား တွန်းလှဲပစ်သလို ဖြစ်နေတယ် )

.မြန်မာစာကို မရေးတတ်၊ မဖတ်တတ်တော့ရင် ဗုဒ္ဓဘာသာဆိုင်ရာသိသင့်သိထိုက်တာတွေကို ဘယ်လို ပျိုးထောင်ပေးနိုင်မလဲ လို့ တွေးနေမိတယ်၊ အခုဟာက မျိုးဆက်တစ်ခုတောင် မခြားသေးပါဘူး၊

ဒီကလေးရဲ့နောက်ပိုင်း Second Generation လောက်ဆိုရင်မြန်မာလူမျိုးဖြစ်ပြီး မြန်မာစကားတောင် ပြောနိုင်၊ နားလည်နိုင်ပါတော့မလား လို့ စိုးရိမ်မိတယ်.


http://www.dhammayaungchi.com
--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
Reply all
Reply to author
Forward
0 new messages