ရည်းစားရှိဖူးသူမဖတ်ရ

99 views
Skip to first unread message

သုရှင်

unread,
Aug 17, 2012, 4:34:03 AM8/17/12
to mrsorcerer, Newgeneration, myanmargtalkers, စစ်မှန်သောမိသားစု, ucs-mandalay
ရည်းစားရှိဖူးသူမဖတ်ရ

နင်.......လေ........နင်.....။
ပန်းဦးချွေ ခံရပြီးမှ....ငါ့ရင်ကို ခိုဝင်လို့လာခဲ့။
တသသ ဖြစ်မနေပါဘူး...လို့...ကတိတွေပေး.....
မစခင်ကတည်းက ဆုံးနေခြင်းတွေက ငါ့ရင်ကို..
ကဆုန်ပေါက်ဝင်လာ..။ငါမှ...မာန...မရှိတာ.ဟာ။
ဒီပြဇာတ်ကိုက မူလ အမှားပြဿနာပါ။ ...။ ...။

ငါအပြင်းထန်ဆုံးမပေါက်ကွဲခင်အထိ...............
ငါ့ရင်မှာ...နင်မှနင်..။ဒါတွေကို နင်သိပါတယ်။...။
ဒါကို သိရက်နဲ့..နင်........။ဖုံးကွယ်ဖို့ ကြိုးစားခဲ့။
ငါ့ရဲ့ယုယမှုမှာ နင် ခဏ ခဏ နာမည်မှားခေါ်ခဲ့။
နင့် ထန်းလက် က ဘယ်လို မိုးကြိုးမျိုးကို
ကာ ကွယ် နိုင် မှာ မို့ လဲ.. ဟာ။

နားလည်ပေးနိုင်မှု ...ဆိုတာ အတိုင်းအတာ ရှိ တယ် လို့..
.နင်မထင်ခဲ့ဘူးမဟုတ်လား ။
နင်သိဖို့ကောင်းတာက...ငါ့...အနာကို တုတ်နဲ့ ထိုးရင်..
ငါသေမတတ် နာတယ် ဆိုတာကို ..လေ။
ငါ့အနာက..နင့် ... ခန္ဓာကိုယ်ပေါ်မှာ လေ။
ငါတန်ဖိုးထားတာ အားလုံးက အဲဒီ..
နင် ခဏ ခဏ လွင့်ပစ် ခဲ့တဲ့ .. (နင်ဆိုတဲ့ ) အရာကြီးပါ..ဟာ။

ငါ မရွံပါဘူး။...။နင့် ကို ငါ...ဖြူစင်တယ်ဆိုပြီး...
ငါ့နှလုံးသားနဲ့ထွေးပွေ့  လိုက်ပြီးတဲ့နောက်..မှာ။
နင့်ကို..အသစ်ပြန်ဖြစ်ဖို့ လဲ ဘယ်တုန်းကမှ
ငါ ဆု မတောင်းခဲ့ဖူးပါဘူး.............ဟာ။
အရောင်တွေ စွန်းခဲ့ဖူးတာမို့ ငါကစွန့်ပစ်သွားမှာလို့
နင်ထင်နေသလို ...မဟုတ်သလို..
နင်ဖြူစင်နေမှ.. နင့်ကိုချစ်မယ့် ..ငါ ..
တကယ်...........မဟုတ်ရပါဘူး.....ဟာ။

ငါအံ့သြတယ်။..။
လမ်းခွဲတုန်းက....နင်...ပြုံးနေနိုင်ခဲ့တာကို
ပြန်တွေးတွေး မိ လို့လေ။

--
ကျွန်ုပ်ရေး၍ ကျွန်ုပ်ဆိုသံ အမှန်ဟူ၍ ကျွန်ုပ်မဆို...။
ကျွန်ုပ်စပ်၍ ကျွန်ုပ်ဖွဲ့သီမြတ်လှပြီဟု ကျွန်ုပ်မယူ..။
တိုင်းတိုင်းပြည်သူ လူဟူသမျှ
ကိုယ့်မြင်ကိုယ့်တွေး..ကိုယ့်အရေးကို
ကိုယ်တိုင်ဆုံးဖြတ် မှတ်ချက်ပေးစေ။

မှတ်ချက်ဟူသမျှ ကျိုးရှိလှဟုလည်း
ကျွန်ုပ်မမြင်..မထင်ပါသေး။
ထိုမှတ်ချက်မျိုး ကြောင်းကျိုးမှန်ကန်
ယုတ္တိတန်မှ..ကျွုန်ုပ်ကိုးစား..
တန်ဖိုးထားမည်...ကျွန်ုပ်သစ္စာတည်း။

သုရှင်
(conservatism,traditionalism,nationalism )
(အစဉ်အလာကိုချစ်သော၊ရိုးရာကိုမြတ်နိုးသော၊အမျိုးသားရေးဝါဒီ)

မျက်ရည်ကြယ်

unread,
Apr 5, 2014, 12:00:54 PM4/5/14
to real-family-mm
ဟိုက်ရှားလပါး....။စိတ်ဓါတ်ကတော့လေးစားတယ်ဗျာ....။ထပ်တူထပ်မျှခံစား နားလည်ပေးပါတယ်...။တနေ့သူမ နားလည်မှာပါ..



--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871  ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-fa...@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-m...@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။






--
ဘာတွေပဲလုပ်လုပ်....ဘာတွေပဲကိုင်ကိုင်
ကုန်ကုန်ပြောမယ်ဟာ..နောက်ဆုံး လောကကြီးက
သေခြင်းမှာ အဆုံးသတ်လိမ့်မယ်....။HarrY...
Reply all
Reply to author
Forward
0 new messages