ဝက်သားကီဝီသီးကြော်

11 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
Feb 26, 2013, 5:19:41 AM2/26/13
to စစ်မှန်သောမိသားစု

ဝက်သားကီဝီသီးကြော်

ဆေးဘက်ဝင်တဲ့ အသီးတွေထဲမှာ ကီဝီသီးဟာလည်း အပါအဝင်ဖြစ်ပါတယ်။ အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့ အကျိုးလည်းများပါတယ်။ ကီဝီသီးမှာ  ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အီး နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် လိမ္မော်သီးထက်ပင်  ဗီတာမင် စီ မှာ၂ဆ ပိုမို ပါဝင်မှု များပြားတယ်လို့ သိရပါတယ်။ ကီဝီသီးဟာ အသက်ရှူ အင်္ဂါအဖွဲ့အစည်းကို အားကောင်းစေတဲ့အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်.. သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်.. ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပြီး ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော သွေးအပြစ်အကျဲကထိန်းညှိပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. အရေပြားကိုလည်း တင်းရင်းစေပြီး အရေးအကြောင်းများကို လျော့နည်းစေတာကြောင့် နုပျိုလှပလိုတဲ့ အမျိုးသမီးများလည်း စားသုံးသင့်ကြောင်း အကြံပေးထားပါတယ်။ ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့ အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေနိုင်တယ်လို့ သိရပါတယ်။ သို့ပေမဲ့ ကီဝီသီးဟာ ဒီအတိုင်း စားသုံးမယ်ဆိုရင် သူ့အရသာက အနည်းငယ်တော့ ကသိကအောက်နိုင်ပါတယ်။ သူ့အနံ့ အရသာကို မကြိုက်တဲ့သူဆိုရင် လုံးဝကို မကြိုက်ပါဘူး။ 


Image Hosted by PicturePush - Photo Sharing


အချို့ကတော့ ကီဝီသီးကို ဖျော်ရည်အဖြစ်လည်း လုပ်သောက်ကြပါသေးတယ်။ ကီဝီသီး အစိမ်းကိုစားရတဲ့ အရသာဟာ သိပ်ပြီး နှစ်သက်ဖို့ မကောင်းပေမဲ့ ဟင်းအဖြစ် ချက်စားတဲ့အခါမှာတော့ ချဉ်ဖြုံးဖြုံးလေးနဲ့ အရသာ မဆိုးလှတာကြောင့် ကီဝီသီးတွေ လက်ဆောင်ရတိုင်း အလဟသ မဖြစ်စေအောင် မကြာခဏ ဟင်းချက်စားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကီဝီသီးရယ် စတော်ဘယ်ရီသီးရယ်ကို ပုဇွန်လေးနဲ့ ချက်တဲ့နည်း ဖော်ပြခဲ့ပါတယ်။ ခုတစ်ပတ်မှာ ကီဝီသီးကို  ဝက်သားနဲ့ ကြော်တဲ့နည်း နောက်တစ်မျိုး ဖော်ပြချင်ပါသေးတယ်။ ဒီချက်နည်းကတော့ ညီမလေးတစ်ယောက်က လက်ဆောင်ပေးတဲ့ တရုတ် ဟင်းချက်နည်း စာအုပ်ထဲက ဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing


ကီဝီသီး ဝက်သားကြော်ဖို့အတွက် ဝက်သားကို ပါးပါးရှည်ရှည်လေး အချောင်းလေးတွေ လှီးပြီး ဆား၊ အရသာမှုန့်၊ ဟင်းချက်ဝိုင် အနည်းငယ်၊ ပဲငံပြာရည်တို့နဲ့ နယ်ပြီး ထားထားပါတယ်။ 



Image Hosted by PicturePush - Photo Sharing 



မမှည့်သေးတဲ့  ကီဝီသီး ခပ်မာမာ အစိမ်း၂လုံးကို အခွံနွာပြီး ပါးပါးလှီးပါတယ်။ အစေ့ပါတဲ့ အတွင်းသားဟာ ဟင်းချက်ရင် ပျော့အိသွားတတ်တာကြောင့် ၄င်းအပိုင်းကို ဖယ်ပြီး အစေမပါတဲ့ အသားတွေကို အချောင်းကလေးများ ဖြစ်အောင် လှီးပါတယ်။


Image Hosted by PicturePush - Photo Sharing

ငရုပ်ပွ အနီ ၁ခု (သို့) ၂ခုကိုလည်း ပါးပါးလှီးပြီး အချောင်းကလေးများ ဖြစ်အောင် လှီးထားပါတယ်။ အစိမ်းနဲ့ အနီရဲ့ တွဲဖက်မှုက ဟင်းခွက်ကို ပိုပြီး ဆွဲဆောင်မှု ရှိအောင် ငရုပ်ပွ အနီကို ရွေးချယ်ထားတာပါ။



Image Hosted by PicturePush - Photo Sharing


ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး အနည်းငယ် စင်းထားတာရယ်၊ ဂျင်းရယ်ကို အရင်ဆီသတ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing


ထို့နောက် ဝက်သားကို ထည့်ပြီး ကြော်လိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


ဝက်သားကျက်ပြီဆိုရင် ကော်မှုန့် အနည်းငယ်ကို ရေဖျော်ပြီး ထည့်လိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


ကော်ရည်စေးပျစ်သွားရင် ငရုပ်ပွထည့်ပါတယ်။


Image Hosted by PicturePush - Photo Sharing


ကီဝီသီး ထည့်ပါတယ်။ ဆား၊ အရသာ လိုတာထပ်ထည့်ပါမယ်။ ပြီးတာနဲ့ကီဝီသီးတွေ အိသွားမှာ စိုးတာကြောင့် မီးပေါ်ကြာကြာမထားဘဲ ချက်ခြင်းချဖို့ ပြင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


အစိမ်း အနီ စတဲ့ အရောင်များနဲ့ ဆွဲဆောင်မှုရှိတဲ့ ဟင်းတစ်ခွက်ရပါပြီ။ 


Image Hosted by PicturePush - Photo Sharing


အစာလည်း ဆေး၊ ဆေးလည်း အစာဆိုသလို ဆေးဘက်လည်းဝင် ဟင်းအဖြစ်လည်း အရသာရှိရှိ သုံးဆောင်နိုင်မဲ့ ဝက်သားကီဝီသီးကြော် ဖြစ်ပါတယ်။

အားလုံးအတွက် စိတ်ချမ်းသာ ပျော်ရွှင်သော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေရှင်....



http://www.missgreenlady.com/2013/02/blog-post_3.html
--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
Reply all
Reply to author
Forward
0 new messages