အမွားမ်ားစြာ...

13 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
May 17, 2013, 4:51:16 AM5/17/13
to စစ်မှန်သောမိသားစု

အမှားများစွာ...

posted by ပန်းကမ္ဘာ



လူ့ဘ၀ဆိုတာ အမှားတွေထဲကနေ သင်ခန်းစာယူပြီးမှ အမှန်ကို ရှာဖွေရတဲ့ ဖတ်စာအုပ်ထဲက သင်္ချာတစ်ပုဒ်လိုပဲ၊
အမှားကို ကြောက်နေရင် ဘယ်တော့မှ အမှန်ကိုရှာတွေ့ဖို့ မလွယ်ကူဘူး၊ 

သို့သော် ထပ်ခါ ထပ်ခါ မှားနေရမယ် လို့ မဆိုလိုပါဘူး၊ ယနေ့ ရင့်ကျက်နေသူတွေအားလုံးဟာအမှားများစွာကြုံခဲ့ဖူးကြသူတွေ ချည်းပါ..
 ကြီးမားတဲ့အမှား..
 သေးငယ်တဲ့ အမှား..
မှားမှန်းသိနေရက်သားနဲ့ သိသိကြီးနဲ့ မှားတဲ့အမှား..

မသိသလို သိသလို  မှားတဲ့အမှား..
လက်ရှိအခြေအနေတွေကို မသိလိုက်လို့ မှားတဲ့အမှား..
ဦးနှောက်ကို အလိုလိုက်မိလို့ မှားတဲ့အမှား..

 နှလုံးသားကို အလိုလိုက်မိလို့ မှားတဲ့အမှား.
.နှလုံးသားနဲ့ ဦးနှောက်ကို လွန်ဆွဲရင်း  မှားတတ်တဲ့အမှား..
မှားမှန်းသိနေရက်နဲ့ ငြိမ်ခံရင်း မှားတဲ့အမှား..

ဟန်ဆောင်ရင်း မှားတဲ့အမှား..
လိမ်ညာရင်း မှားတဲ့အမှား..

အထင်ကြီးမိလို့ မှားတဲ့အမှား..
အထင်သေးမိလို့ မှားတဲ့အမှား..

 လက်ရှောင်နေရင်းက အလိုတူအလိုပါ မှားမိတဲ့အမှား..
ပြောသင့်တာ မပြောခဲ့မိလို့ မှားတဲ့အမှား..
လုပ်သင့်တာ မလုပ်ခဲ့မိလို့ မှားတဲ့အမှား..

ပြတ်သားသင့်တာ မပြတ်သားခဲ့မိလို့ မှားတဲ့အမှား..
ဆုံးဖြတ်ချက် မှားခဲ့မိလို့ မှားတဲ့အမှား..
အထင်နဲ့ အမြင် ပါစင်အောင်လွဲနေလို့ မှားတဲ့အမှား..  ဆိုပြီး ခေါင်းစဉ်တပ်ပြောရရင် မဆုံးနိုင်ပါဘူး ..

 မြတ်ဘုရားတောင်မှ မဇ္ဈိမပဋိပဒါလမ်းမှန်ကို ရှာတွေ့ဖို့ မှားခဲ့သေးတာပဲ၊
ဒါကြောင့် အဖြေမှန်ကို ရှာတွေ့ဖို့ အမှားသေးသေးလေးတွေကို  ကြောက်ရွံ့စရာ မလိုဘူး၊
 ကြီးကြီးမားမား မမှားဖို့ပဲ လိုတယ်..
( လူ့ဘ၀က တိုတိုလေး၊ အမှားများစွာ .. ဤကမ္ဘာ.. ) 

ဘာရယ်မဟုတ်၊ တစ်ချို့အတွေးလေးတွေ၊ ဒဿနလေးတွေ ချပြရေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လေထဲမှာ မျောပါသွားတာ များခဲ့တယ်၊ လွတ်လပ်တဲ့ကလောင်တစ်ချောင်း မဖြစ်ခဲ့တာလဲ ပါတာပေါ့.. အခုတော့..

http://www.dhammayaungchi.com
--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
Reply all
Reply to author
Forward
0 new messages