တစ်ခါတုန်းက
ရန်ကုန်မြို
့တော်ကြီးမှာ သမားတော်ကြီး တစ်ဦးရှိခဲ့တယ်။ ဂရင်ဂျီနာနှင့်ပတ်သက်ရင်
အရမ်းနာမည်ကြီးတဲ့ သမားတော်ကြီးပေါ့။ သူ့ရဲ့  နာမည်ဂုဏ်သတင်းကြောင့်
အနယ်အနယ်အရပ်ရပ်က ဂရင်ဂျီနာလူနာတွေ ၀င်လာမစဲတစ်သဲသဲဘဲ။
သူ့မှာ
တစ်ဦးတည်းသော သားတစ်ယောက်ရှိတယ်။ မှတ်မှတ်ရရ သူ့သား
ဆယ်တန်းအောင်မြင်တဲ့နှစ်ထဲမှာဘဲ ဂရင်ဂျီ လူနာတစ်ဦးရောက်လာတယ်။ အဲဒီ
ဂရင်ဂျီလူနာကို သားဖြစ်တဲ့သူက ကောင်းကောင်းမှတ်မိနေပြီ။ ဘာဖြစ်လို့လဲ
ဆိုတော့ သူ့ရဲ့  ဂရင်ဂျီနာကို မကြာမကြာလာပြတဲ့အချိန်တိုင်း
သူတွေ့မြင်နေကျဖြစ်နေလို့။
တစ်နေ့မှာ
သမားတော်ကြီးရဲ့  သားဟာ
အင်္ဂလန်နိုင်ငံမှာ ဆေးဒေါက်တာဘွဲ့ ယူဖို့ အင်္ဂလန်ကို ရောက်လာခဲ့တယ်။
အင်္ဂလိပ်စာ သင်ယူရင်းနှင့်လန်ဒန်မှာ တစ်နှစ်ကျော်ကျော်လောက် အချိန်ယူရတယ်။
ပြီးမှ ဒေါက်တာလိုင်းဘက် ကူးပြီး ဆေးပညာသင်ယူတယ်။ တိုတိုပြောရရင် သူ
အင်္ဂလန်မှာ ဆေးဒေါက်တာဘွဲ့ရရှိသွားခဲ့တယ်။
သူဆေးဒေါက်တာဘွဲ့ကြီးကို
ယူပြီး အမိမြန်မာပြည်ကိုပြန်သွားခဲ့တယ်။ ရန်ကုန်က အိမ်ကို ရောက်ရောက်ချင်း
လူနာတစ်ဦးကို မြင်လိုက်တဲ့အခါမှာ သူအရမ်းအံ့သြသွားတယ်။ သူအင်္ဂလန်မလာခင်ကထဲက
ကုသမှုခံယူနေတဲ့ ဂရင်ဂျီလူနာပါ။ သူ အခုထက်ထိ ဂရင်ဂျီရောဂါမပျောက်သေးဘူး။
သူစဉ်းစားနေမိတယ်။
"အဖေကနာမည်ကြီး သမားတော်တစ်ယောက်ဘဲ။ ဒီရောဂါအတွက် ဘာဖြစ်လို့ ဒီလောက်တောင်ကြာအောင် ကုသနေရတာလဲ"သူ့အဖေဆီ
ခွင့်တောင်းပြီး အဲဒီလူနာကို သူတာဝန်ယူလိုက်တယ်။ ဂရင်ဂျီနာကို
ခွဲစိပ်ကုသတယ်။ စားဆေး လိမ်းဆေး ပေးတယ်။ ဆောင်ရန် ရှောင်ရန်တွေကို
ပြောပြတယ်။ မကြာလိုက်ပါဘူး။ အဲဒီ ဂရင်ဂျီနာဟာ နှစ်လအတွင်းမှာ လုံးဝ
ပျောက်ကင်းသွားတယ်။ လူနာလဲ ၀မ်းသာ သူလဲ ရွှင်ပြုံးလို့ပေါ့။
အဲဒီ အင်္ဂလန်ပြန်ဒေါက်တာလေးက သူ့အဖေကို မေးလိုက်တယ်။
"အဖေ...
ဒီဂရင်ဂျီနာလူနာကို ကျနော် အင်္ဂလန်မသွားခင်ကထဲက အဖေ ကုသနေတာ။ ကျနော်
မှတ်မိသလောက်ဆို ၁၀ နှစ်လောက်ရှိနေပြီ။ အဖေက နာမည်ကြီး သမားတော်ဘဲ။
ဘာဖြစ်လို့ ဒီရောဂါလေးတောင် ပျောက်အောင် မကုသနိုင်ရတာလဲ။ ကျနော်
ကုသလိုက်တော့ အဖေ မြင်တဲ့အတိုင်းဘဲ။ နှစ်လအတွင်း ရောဂါအားလုံး အမြစ်ပြတ်
ပျောက်ကင်းသွားပြီ"အဖေရဲ့  ပြန်ပြောပြတဲ့ စကားကြောင့်
သားဒေါက်တာတစ်ယောက် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး ဘာတစ်ခွန်းမှ
ပြန်မပြောနိုင်ဘဲ ဖြစ်သွားရှာတယ်။ အဖေက ဘာပြောလိုက်သလဲ ဆိုတော့....
"ငါ့သားရေ... စကား သိပ်မများနဲ့ကွာ။ မင်းအင်္ဂလန်က ရလာတဲ့ ဆေးဒေါက်တာဘွဲ့  ပူပူနွေးနွေးလေးဟာ အဲဒီ ဂရင်ဂျီနာ ရောဂါသည်ကြောင့် ရလာတာကွ" တဲ့။
(စဉ်းစား တွေးတော သင်ခန်းစာယူဖို့ရယ်ပါ။)
http://kokomaunguk.blogspot.com

♥♥♥. စစ်မှန်သောမိသားစုအဖွဲ့မှကြိုဆိုပါ၏.♥♥♥
♥♥♥. သိဂီင်္် .♥♥♥