အမေရိကန်နိုင်ငံ ကုန်သည်များအသင်းနှင့် UMFCအမေရိကန်နိုင်ငံ ကုန်သည်များအသင်းနှင့် UMFCCI အသင်းချုပ်တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုး

6 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
Feb 26, 2013, 4:46:14 AM2/26/13
to စစ်မှန်သောမိသားစု

အမေရိကန်နိုင်ငံ ကုန်သည်များအသင်းနှင့် UMFCCI အသင်းချုပ်တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုး

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ အမေရိကန်ကုန်သည်များ အသင်း (US Chamber of Commerce) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် MOU လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီလ ၂၅ ရက်က UMFCCI ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ MOU လက်မှတ်ရေးထိုးခြင်းအပြင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ လုပ်ငန်းရှင်များအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေး အကူအညီပေးရေး၊ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာနှင့် ဘဏ္ဍာရေးကဏ္ဍတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

''MOUကတော့ နှစ်နိုင်ငံအသင်းချုပ်အနေနဲ့ ရှေ့ဆက်ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ လက်မှတ်ရေးထိုးတာပါ။ သူတို့ အသင်းအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာတာဖြစ်သလို မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အများကြီး စိတ်ဝင်စားနေကြပါတယ်'' ဟု UMFCCI မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

အဆိုပါ အမေရိကန်ကုန်သည်များအသင်းမှ ဦးဆောင်၍ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ၁ဝဝ ကျော်မှ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ကဏ္ဍစုံတွင် ဝင်ရောက်မြှုပ်နှံရန်နှင့် ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန် စီးပွားရေး အချက်အလက်များနှင့် အခွင့်အလမ်းများကို မြန်မာနိုင်ငံဘက်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


http://www.news-eleven.com/business
--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
Reply all
Reply to author
Forward
0 new messages