Fwd: မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း-တောသားလေး(မြန်အောင်)

6 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
May 14, 2013, 10:54:09 PM5/14/13
to စစ်မှန်သောမိသားစု


---------- Forwarded message ----------
From: မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း <futurebr...@gmail.com>
Date: 2013/2/17
Subject: မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း-တောသားလေး(မြန်အောင်)
To: ms.the...@gmail.com


မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း-တောသားလေး(မြန်အောင်)


*ဓမ္မဒါနအလှူ*

Posted: 16 Feb 2013 02:34 AM PST

ပြီးခဲ့တဲ့အပတ်က အဖေ တရားစခန်းသွားဝင်တယ်။ တရားစခန်းမှ ပြန်လာတော့
ဓမ္မဒါနအဖြစ် အလှူရှင်များကမ်းလိုက်သော စာရွက်နှစ်ရွက်ကို
မိတ္တူကူးခိုင်းလိုက်တယ်။ ရွာထဲမှာ တခြားသူများကိုလည်း ဓမ္မဒါနအဖြစ်
ဆက်ဖြန့်ဝေချင်လို့တဲ့။ ကျွန်တော်လည်း စာဖတ်သူများအတွက် ဓမ္မဒါနအဖြစ်
ပြန်လည်မျှဝေလိုက်ပါတယ်။
ငါအိုသွားသောအခါ
ငါဟာ အရင်က ငါမဟုတ်တော့ဘူး …… ငါ့ကို နားလည်ပေးပါ …..။
စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ…..။
ထမင်းစားတဲ့အခါတိုင်း ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ လုံချည်ပေါ်
ဖိတ်စင်သွားတဲ့အခါ….. ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့။
ငယ်ငယ်တုန်းက ငါကျွေးမွေးသုတ်သင် ပေးခဲ့တာကို ကျေးဇူးပြုပြီး သတိရပေးပါ။
မေ့တတ်တဲ့အရွယ်မို့ စကားတွေကို အပ်ကြောင်းထပ်ခါ ပြန်ပြောမိတဲ့အခါ
စကားကိုမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ…..။ ငယ်ငယ်တုန်းက
အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ၊
ငါးရာငါးဆယ် နိပါတ်တော်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို
သတိရပေးပါ…..။
ရေချိုးဖို့ မလှုပ်ရှားနိုင်လို့ ငါအကူအညီလိုတဲ့အခါ ငါ့ကို
မငြိုငြင်ပါနဲ့….. ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့်
ရေချိုးပေးခဲ့ဖူးတဲ့ပုံတွေကို….. ပြန်မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့…..
ငယ်ငယ်တုန်းက "ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာနဲ့
ငါပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်ပါတဲ့လက်တစ်စုံနဲ့
လမ်းလျှောက်တိုင်း ယိုင်လဲတတ်တဲ့ ငါ့ကို ကူတွဲပေးပါ…..လမ်းလျှောက်သင်စ
အရွယ်တုန်းက တစ်လှမ်းချင်း လျှောက်တတ်အောင် လေ့ကျင့်သင်ကြား
ပေးခဲ့တာတွေကို သတိရပေးပါ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး သံဝေဂအနေနဲ့ ယူပါ…..။
ဝမ်းနည်းမနေပါနဲ့….။ နားလည်ပေးပါ…..။ အားပေးပါ…..။ လူ့ဘ၀တက်လမ်းအတွက်
ငါလမ်းညွန်ခဲ့သလို ယခုအချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက်
အဖော်ပြုပေးပါ…..။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး
ခံယူပါရစေ…..။ အဲ့ဒီအပြုံးတွေထဲမှာ အဆုံးမရှိတဲ့ ငါ့မေတ္တာတွေကို
တွေ့ရမှာပါ…..။
ငါသေသွားတဲ့အခါ "ဇရာ" တရားတွေကို အကုန်မယူသွားနိုင်ပါဘူး…..။
ကျန်ရစ်သူတွေလည်း ဒီ "ဇရာ" ဆိုတဲ့ "အိုခြင်းတရား" တွေနဲ့ မလွဲမသွေ
ကြုံတွေ့ရမှာကို သတိပြုမိစေချင်ပါတယ်…..။
သားတို့ သမီးတို့ ….. ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေ …..။

မမြဲခြင်းကို အစွဲကင်းအောင်နေ
ငါ့ဇနီး၊ ငါ့ယောက်ျား၊ ငါ့သား၊ ငါ့သမီး၊ ငါ့ပစ္စည်း၊ ငါ့ဥစ္စာဆိုပြီး
ပုဂ္ဂိုလ်လည်းမစွဲနဲ့၊ ဥစ္စာလည်း စွဲမနေနဲ့ဟေ့… ရုပ်နာမ်ခန္ဓာ
ပစ္စည်းဥစ္စာမှန်သမျှ ဘယ်ဟာမှ ကိုယ်ပိုင်ဆိုင်တာမရှိဘူး တစ်နေ့ကျ
စွန့်ပစ်သွားကြရမှာပဲ အခုကတည်းက ခွဲနိုင်အောင် မခင်တွယ်အောင်
သံယောဇဉ်မဖြစ်အောင် ကျင့်ထားကြ။ စွဲလမ်းမှုတွေ မဖျောက်နိုင်ရင်တော့
သံသရာတစ်လျှောက် ဒုက္ခရောက်ကြရလိမ့်မယ်။ ဥာဏ်မရှိရင် အမှန်မသိနိုင်ဘူး။
အသိဥာဏ်ကို အမှန်သိအောင် ဖုံးပိတ်ထားက အ၀ိဇ္ဇာ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ လောဘ၊
ဒေါသ၊ မောဟတွေပဲ ဆင်းရဲခြင်းဖြစ်ဖြစ်၊ ချမ်းသာခြင်းဖြစ်ဖြစ် ဘယ်အရာမှမမြဲ
အချိန်ကျရင် ပြီးဆုံးသွားမှာပဲ။ ဒါကြောင့် နေရတုန်းအချိန်မှာ သဘာဝသဘော
အမှန်တွေနဲ့ ခန္ဓာအရှိကို ဥာဏ်အသိနဲ့ အမှန်သိနိုင်အောင် သိတဲ့အတိုင်းလည်း
ကျင့်နိုင်အောင် ကြိုးစားကြ။ လူ့ဘ၀နေရတုန်းခဏမှာ အနိမ့်အမြင့်
ဘ၀ပေးအခြေအနေ အပေါ်မူတည်ပြီး သစ္စာဥာဏ်အသိနဲ့ လိုက်လျောညီထွေရှိအောင်နေမှ
စိတ်ချမ်းသာမှာ အနေတတ်မှ အသေမြတ်မှာ၊ မာနလည်းမကြီးနဲ့၊
ဘ၀င်လည်းမမြင့်နဲ့၊ အဆင့်အတန်းလည်းမခွဲနဲ့၊ အနိုင်လည်းမကျင့်နဲ့၊
မနာလိုလည်းမဖြစ်နဲ့၊ ကြွေးသစ်လည်းမတင်စေနဲ့၊ ကြွေးဟောင်းမှန်သမျှလည်း
ကြေအောင်ဆပ်၊ ကိုယ်ပိုင်မဟုတ်တာတွေကို ခင်တွယ်မနေနဲ့ အချိန်ရှိတုန်း
ကိုယ်ပိုင်မယ့် ဥစ္စာရှာကြ။ ကိုယ်ပိုင်ဖြစ်ချင် ကိုယ်တိုင်လုပ်
ကိုယ်တိုင်လုပ်မှ ကိုယ်ပိုင်ရမှာ။

ဤဓမ္မစာရွက်ကို ဖတ်ရှူသူအပေါင်းသူတော်ကောင်းတို့ အလှူတကအလှူ၊ ကုသိုလ်တက
ကုသိုလ်ထဲမှာ ဓမ္မဒါနကုသိုလ်ဟာ အမြတ်ဆုံးပဲ။ ဓမ္မအသိသည် လောကီအကျိုးရော
နိဗ္ဗာန်အကျိုးပါဖြစ်စေ၍ မည်သူသုံးသုံး မည်မျှသုံးသုံး ကုန်သည်မရှိ၊
သုံးသူတိုင်းအတွက်လည်း အကျိုးရှိပြီး မကောင်းကျိုးကိုမပေး
ကောင်းကျိုးကိုသာပေး၏။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
You are subscribed to email updates from မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။
Reply all
Reply to author
Forward
0 new messages