Z♥A♥C♥K
unread,Sep 21, 2011, 4:35:49 AM9/21/11Sign in to reply to author
Sign in to forward
You do not have permission to delete messages in this group
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to real-fa...@googlegroups.com, ms.the...@gmail.com, zinzin1...@gmail.com, ko.p...@gmail.com, ayeth...@gmail.com, woon.y...@gmail.com, အိုက် ချီ ခန့်, thain...@gmail.com, phyoht...@gmail.com
Real Family mailing group ၏ စည်းကမ်းချက်များအွန်လိုင်းပေါ်က တကယ့်မိသားစုလေးပါ။
တကယ့်မိသားစုဝင်တစ်ဦးလို ချစ်ချစ်ခင်ခင် ရင်းနှီးပျူငှါစွာ ပြောဆိုဆက်ဆံရခြင်းကို နှစ်သက်သော မည်သူ့ကိုမဆို မိသားစုဝင်တစ်ဦးအဖြစ် ကြိုဆိုပါတယ်။ဒါ ကျနော်တို့ Real Family mailing group ၏ နှုတ်ခွန်းဆက်စကား ဖြစ်ပါတယ်။ ကျနော်တို့ ဂရုလေး မန်ဘာအချင်းချင်း အပြန်အလှန် တည့်မတ်စောင့်ရှောက်ခြင်းဖြင့် တည်တံ့ခဲ့တာ အခုဆို နှစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီနှစ်မတော့ စည်းကမ်းချက်လေးများ အနည်းငယ် ချပြလိုပါတယ်။ အားလုံး လိုက်နာဘို့ အဆင်ပြေမယ်လို့ ယူဆပါတယ်။
လက်ရှိ တာဝန်ထမ်းဆောင်နေကြသော ဂရု Admin အများ၏ သဘောတူ၊ ဆုံးဖြတ်ချက်အရ အောက်ပါစည်းကမ်းများကို အတည်ပြုပါတယ်။
စည်းကမ်းများ၁) +၁၈ (လိင်အသားပေး) စာများ တင်ခွင့်မပြုပါ။
၂) +၁၈ မဟုတ်သော်လည်း မြန်မာ့ယဉ်ကျေးမှူ့နှင့် ဖီလာဆန့်ကျင်ဖြစ်သော၊ မောင်နဲ့နှမ သားနဲ့အမိ ဖတ်ရန်မသင့်သော စာများ (ကျန်မားရေးဆိုင်ရာ ဆောင်းပါး ချွင်းချက်) တင်ခွင့်မပြုပါ။
၃) ထေရဝါဒ ဗုဒ္ဓဘာသာ အဆုံးအမနှင့် ဆန့်ကျင်သော စာများ တင်ခွင့်မပြုပါ။
၎) နိုင်ငံရေး လှုံ့ဆော်စာများ တင်ခွင့်မပြုပါ။
၅) ပြဿနာ အရှုပ်အရှင်းတစ်စုံတရာဖြစ်စေနိုင်သည်ဟု Admin မှ ယူဆသောစာများ (ဥပမာ။ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားသော စာများ) တင်ခွင့်မပြုပါ။
၆) စာပါ အကြောင်းအရာများအား မိသားစုအတွင်း ဖတ်ရန် မသင့်ဟု Admin မှ ယူဆသောစာများ (ဥပမာ။ လိင်တူ၊ လိင်ကွဲဆိုင်ရာ အယူအဆ နှင့် ပတ်သတ်သော စာများ) တင်ခွင့်မပြုပါ။
၇) Real Family mailing group Admin များမှလွဲ၍ မန်ဘာများ တနေ့လျှင် စာ အစောင်ရေ (၅) စောင် ထက် ပို၍ တင်ခွင့်မပြုပါ။ (မှတ်ချက်။ ရီပလိုင်း ပြန်စာ များ ထည့်သွင်း မရေတွက်ပါ။)
၈) ဗဟုသုတ မပါသော ကြော်ငြာသက်သက် စာများ တင်ခွင့်မပြုပါ။
မှတ်ချက် ။ ။ စည်းကမ်းနှင့် ငြိစွန်းသော စာကို ပယ်ဖျက်မည်ဖြစ်ပြီး မေးပို့ သူအား ဖြေရှင်းချက် တစုံတရာ ပေးမည် မဟုတ်ပါ။ ဖော်ပြပါ စည်းကမ်းချက်များကို အခြေအနေ၊ အချိန်အခါပေါ် မူတည်၍ လိုအပ်သလို ပြင်ဆင်ပြောင်းလဲ သွားမည် ဖြစ်ပါသည်။
အရေးယူခြင်း၁) စည်းကမ်းနှင့် ငြိစွန်းသော စာကို တင်သည့် မန်ဘာအား ...
ပအကြိမ် ငြိစွန်းပါက - ၎င်းစာကို ဖျက်မည်။
ဒုအကြိမ် ငြိစွန်းပါက - ၎င်းအား PM ပို၍ အကြောင်းကြားမည်။
တအကြိမ် ငြိစွန်းပါက - မန်ဘာအဖြစ်မှ ရပ်စဲမည်။
၂) အရေးယူသော ဂရု Admin ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးနှင့် အတည် ဖြစ်သည်။
-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-: