မတ်လ ၁၄ ရက်နေ့မှာ ဘန်ကောက်မြေကို ရောက်ရှိပြီး (၁၈) ရက်နေ့မှာတော့ မြန်မာမင်းဆက်
ကုန်းဘောင်ခေတ်မှာ သမိုင်းတွင်စေခဲ့တဲ့ အယုဒ္ဓယကို ရောက်အောင် သွားဖြစ်ခဲ့တယ်၊
အယုဒ္ဓယ Ayutthaya မြို့ဟောင်းကို ယနေ့အချိန်မှာတော့ Tourist attraction နေရာတစ်ခုအနေနဲ့
အစည်ကားဆုံးဖြစ်အောင် ကြိုးပမ်းနေကြပါတယ်၊ သူတို့ဘယ်လောက်ပဲ ကြိုးစားနေပါစေ
..မြန်မာနိုင်ငံက ပုဂံစေတီ ပုထိုးများလောက် လက်ရာမပြောင်မြောက်သလို လည်ပတ်စရာလဲ
များများစားစားလဲ မရှိပါဘူး၊
အယုဒ္ဓယ ဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ တွဲစပ် သိလိုက်တာက
ဦးအောင်ဇေယျဖြစ်ပါတယ်၊ အများစုက အယုဒ္ဓယကို ဦးအောင်ဇေယျ
သိမ်းပိုက်နိုင်ခဲ့တယ်လို့ လက်ခံထားကြတယ်၊ အမှန်စင်စစ် သမိုင်းများကတော့
သူ့သားတော်လက်ထက် မြေဒူးမင်းကျမှ သိမ်းပိုက်နိုင်ခဲ့တယ် လို့ ဆိုပါတယ်၊
ဂူဂဲယ်က ၀ိကီပိဒီယားမှာ ခရစ်နှစ် ( 1767) ခုနှစ်အရောက်
မြန်မာစစ်တပ်ရဲ့ ဖျက်ဆီးချေမှုန်းခြင်းကို ခံခဲ့ရတယ် လို့ မှတ်တမ်းတင်ထားတယ်၊အယုဒ္ဓယ
မြို့တော်ဟာ ဘန်ကောက်ရဲ့ မြောက်ဘက်မှာတည်ရှိပြီး
ကီလိုမီတာ (၈၅) မိုင်အားဖြင့် ( ၅၃ )
မိုင်သာ ဝေးကွာပါတယ်၊ အယုဒ္ဓယဟာ အရင်က ခရစ်နှစ် ( 1350 ) ကနေ မြန်မာတွေ
မသိမ်းပိုက်ခင် ( 1350-1767) အထိ ထိုင်းနိုင်ငံရဲ့
မြို့တော်အဖြစ် တည်ရှိခဲ့ပြီး မြို့ပျက်ပြီးနောက်ပိုင်းမှာတော့ ဘန်ကောက်ကို
ပြောင်းရွှေ့ခဲ့ကြတယ်၊
မြတ်ဗုဒ္ဓဒေသနာတော်အတိုင်း အနိစ္စာ သဗ္ဗေ သင်္ခါရာ ပေါ့၊ သက်ရှိသက်မဲ့သင်္ခါရတရားမှန်သမျှ
ဖြစ်ပြီးလျင် ပျက်ရစမြဲပါပဲ၊ ဒီသဘောတရားကို မည်သူမှ မလွန်ဆန်နိုင်ခဲ့ကြပါဘူးလေ..မပျက်ဆီးခင်
လူ့ဘ၀မှာနေရခိုက်အများအကျိုး၊ လောကအကျိုး၊ တိုင်းပြည်အကျိုးအတွက် သမိုင်းပေးတာဝန်ကို ကျေပွန်အောင်
ထမ်းဆောင်ရမှာမဟုတ်ပါလား..
အဲဒီအဓိဋ္ဌာန်နဲ့ တိုင်းပြည်အတွက် အသက်ပေးကာ
ကောင်းကျိုးပြုသွားတဲ့ ဦးအောင်ဇေယျအကြောင်းကို မှတ်တမ်းအဖြစ်
စုစည်းဖော်ပြလိုက်ပါတယ်။
(မှတ်စု-၁)
မြန်မာနိုင်ငံအထက်ပိုင်း၊
ရွှေဘိုခရိုင်၊ မုဆိုးခြုံရွာသား အလောင်းဘုရားခေါ် ဦးအောင်ဇေယျသည် (၁၇၁၄ - ၁၇၆၀) သည်
ဟံသာဝတီ၊ အင်းဝမှစကာ ယနေ့ခေတ် အိန္ဒိယပြည်အတွင်း ပါဝင်နေသော မဏိပူရဒေသများပါမကျန်၊
ထားဝယ်၊ မြိတ်စသော တနင်္လာရီတိုင်းပါမကျန် ထိုင်းများက ကျူးကျော်လာသောကြောင့်
ပြန်လည်ရယူသိမ်းပိုက်ခဲ့သည်၊ ယိုးဒယားများက ထားဝယ် ကျေးစွန် ရွာလွတ်များကို
ထိပါးသဖြင့် နယ်ချဲ့ကာ ထိုင်းနိုင်ငံမြို့တော် အယုဒ္ဓယအထိ ချီတက်တိုက်ခိုက်ခဲ့သည်။
အယုဒ္ဓယ မြို့တော်ကို ၀န်းရံလုပ်ကြံစဉ် အလောင်းဘုရားသည် မကျန်းမာသဖြင့် ပြန်လာရာ
လမ်းခရီး မုတ္တမကင်းရွာ၌ အသက်( ၄၅) နှစ်တွင် ကွယ်လွန်သည်။ အလောင်းဘုရား၏
သချိင်္ုင်းပြသာဒ်ကို ယခုတိုင် ရွှေဘိုမြို့၌ တွေ့မြင်နိုင်သည်။
အလောင်းဘုရားအား မြင်တွေ့ခဲ့ဖူးသော
ဗြိတိသျှလူမျိုး ကပ္ပတိန်ဘေကာက သူ၏ မှတ်တမ်းတွင် အလောင်းဘုရားသည် အရပ် ငါးပေ
ဆယ့်တစ်လက်မခန့်ရှိ၍ ကျန်းမာသော ရုပ်လက္ခဏာရှိကြောင်း သန်မာ၍ တင့်တယ်ညီညွတ်သော
လုံးရပ်သဏ္ဍာန်ရှိကြောင်း အသားညို၍ မျက်နှာသွယ်ပြီးလျှင် ကျောက်ပေါက်မာ
သဲ့သဲ့ရှိကြောင်း မျက်နှာတည်ကြည် မာတင်းကြောင်း ရာဇဣနြေ္ဒနှင့် ပြည့်စုံကြောင်း
ဖော်ပြထားသည်။)
(မှတ်စု-၂)
နာမည်များနဲ့ကုန်းဘောင်
အလောင်းမင်းတရားကြီး
ဦးအောင်ဇေယျ တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဖြစ်တဲ့ တတိယ မြန်မာနိုင်ငံတော်
နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် ၁၁ ဆက် နဲ့ပတ်သတ်ပြီး တချို့မသိတဲ့
အချက်တွေကို တခါတလေကျ ရင်ပြန်ရှာမိတတ်တယ်။ အဲဒီထဲက ဘုရင်မင်းတွေရဲ့ ဘွဲနာမည်နဲ့
ငယ်နာမည်တွေလဲ ပါတတ် ပါတယ်။ ကျွန်တော့်မှာတော့ ကုန်းဘောင် ၁၁ ဆက်ရဲ့ ဘွဲ့နာမည်
တွေအပြည့်အစုံမရှိပေမယ့် အခုသိထားတဲ့ အချက်အလက်တချို့ကို ပြောပြချင်ပါတယ်။
ကုန်းဘောင်(၁၁)
ဆက်ရဲ့ စာရင်းကတော့
၁။
အလောင်းမင်းတရား
၂။
နောင်တော်ကြီး
၃။
ဆင်ဖြူရှင်
၎။
စဥ့်ကူးမင်း
၅။
ဖောင်းကားစား
၆။
ဘိုးတော်ဘုရား
၇။
ဘကြီးတော် ဘုရား
၈။
သာယာဝတီမင်း
၉။
ပုဂံမင်း
၁၀။
မင်းတုန်းမင်း
၁၁။
သီပေါမင်း
တို့ဖြစ်ကြပါတယ်။
ကုန်းဘောင်ဆက်တွေမှာ ဒေသကို အစွဲပြုပြီး ခေါ်တဲ့ နာမည်တွေက များတာ ကို
တွေ့မှာဖြစ် ပါတယ်။ အဲဒီနာမည်တွေက အများသိကြတဲ့ နာမည်တွေဖြစ်ပြီး နာမည်တွေမှာ
သီပေါမင်း၊ မြေဒူးမင်း ( ဆင်ဖြူရှင် )၊ မင်းတုန်းမင်း၊ ပုဂံမင်း ၊
ဖောင်းကားစားနဲ့ သာယာဝတီမင်း ၊ စဥ့်ကူး မင်းတို့ ဟာ အပိုင်စားရရာ ဒေသ တွေကို
အစွဲပြုပြီး ခေါ်ဆိုတဲ့ အမည်တွေဖြစ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ကုန်းဘောင် ဆက်တွေရဲ့နာမည်တွေ
ကို မှတ်သားရ လွယ်ကူတာတွေ့ရပါတယ်။
အလောင်းမင်းတရား၊
ဆင်ဖြူရှင် (မြေဒူးမင်း) တို့ကြပြန်တော့ သူတို့တွေ လက်ထက်မှာ ဖြစ်ပျက်ခဲ့တဲ့
ထူးခြားမှုတွေကို တပ်ဆင်ခေါ်ဝေါ်ထားတာ တွေ့ရပါတယ်။( ဆင်ဖြူ ရလို့ ဆင်ဖြူရှင်
ဖြစ်လာပေမယ့် ဆင်ဖြူအများအပြား ပိုင်ဆိုင်တာကတော့ ဘိုးတော်ဘုရားဖြစ်ပါတယ်။
ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိတဲ့ ဆင်ဖြူတော် ရဲ့အစွယ်ကို ရန်ကုန်
တိရိစ္ဆာန်ဥယျာဉ် ရဲ့အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်ပါသေးတယ် )
နောင်တော်ကြီး မင်းကတော့ အလောင်းမင်းတရားကြီးရဲ့သားတော် အကြီးဆုံးမို့
ခေါ်ဆိုတာကိုတွေ့ရပြီး နောက်ပိုင်း ဘုရင် တွေရဲ့ အဘိုးတော်စပ်တဲ့ ဘိုးတော်ဘုရား
(ဗဒုံမင်း) ၊ ဘကြီးတော်စပ်တဲ့ ဘကြီးတော် ဘုရား(စစ်ကိုင်းမင်း ) လို့ ဆိုပြီး
ဆွေမျိုးနာမည် တွေ တပ်ထားတာ တွေ့ရှိရပြန်ပါတယ်။
ငယ်နာမည်တွေနဲ့
ရောထွေးနေတတ်တဲ့နာမည်တွေကိုပြောပြချင်ပါတယ်။
၁။
အလောင်းမင်းတရား ( အောင်ဇေယျ )
၂။
နောင်တော်ကြီး ( မောင်လောက် )
၃။
ဆင်ဖြူရှင် (မောင်ရွ ၊ မြေဒူးမင်း )
၎။
စဥ့်ကူးမင်း ( မောင်ရဲလှ )
၅။
ဖောင်းကာစား ( မောင်မောင် )
၆။
ဘိုးတော်ဘုရား ( မောင်ဝိုင်း ၊ ဗဒုံမင်း၊ ဆင်ဖြူများရှင် )
၇။
ဘကြီးတော် ( စစ်ကိုင်းမင်း ၊ မောင်စိန်၊ ဖန်နန်းရှင် )
၈။
သာယာဝတီမင်း ( မောင်ခင် ၊ ကုန်းဘောင်မင်း ၊ ရွှေဘိုမင်း )
၉။
ပုဂံမင်း ( မောင်မောင် )
၁၀၊
မင်းတုန်းမင်း ( မောင်လွင် )
၁၁။
သီပေါမင်း ( မောင်ရေစက် )
ဒီလို
နာမည်ကွဲတွေ အများအပြားရှိနေသေးတဲ့အတွက် တခါတရံမှာ သမိုင်းကိုလေ့လာတဲ့ အခါတွေမှာ
တော်တော် လေး ခေါင်းစားမိတာရှိပါတယ်။ ဘာလို့လဲဆိုတော့ ၀ါသနာအရ လေ့လာတာဖြစ်တဲ့
အတွက် မင်းတွေရဲ့နာမည် တွေ ကိုသမိုင်းဆရာတွေက ရေးတဲ့အခါမှာ တချို့တလေကျတော့
ကိုယ်မကျက်မိတဲ့ အမည် ဖြစ်နေတာ ဖြစ်ရင် နဲနဲ လေးအလုပ်ရှုပ်ပါတယ်။
ဖောင်းကား
စားမောင်မောင်ဟာ နန်းသက်ကို ရက်ပိုင်းစိုးစံလိုက်ရပေမယ့် ကုန်းဘောင် ၁၁ ဆက်ထဲမှာ
ဘုရင်မျိုး နွယ်ဖြစ်တဲ့အတွက် ပါဝင်ခဲ့ပေမယ့် ကုန်းဘောင် သမိုင်းမှာ မတွင်လိုက်တဲ့
မင်းသားတပါးရှိခဲ့ပါတယ်။ သူကတော့ ဘိုးတော်ဘုရားရဲ့သားတော် အိမ်ရှေ့မင်းသားကြီး (
ရခိုင်နိုင်မင်းလို့ အမည်ရပါတယ်) ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ တော် ၃ ကြိမ်တည်ထောင်ရာမှာ
တစိတ်တပိုင်း ကျန်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သူက ရအောင်စွမ်းဆောင်ခဲ့ပြီး လက်
ရုံးရည်နှလုံးရည် ပြည့်ဝတဲ့မင်းသားတပါးဖြစ်ပါတယ်။
မန္တလေး
မဟာမုနိ ဆင်းတုတော်ကြီးကို ရခိုင်ကနေ ပင့်ဆောင် လာခဲ့တဲ့ မင်းသားကြီးဖြစ်ပြီး
ကုန်းဘောင် ဆက်ရဲ့ နန်းသက်အရှည်ဆုံး ဘိုးတော်မင်းတရားကြီး ရဲ့ နန်းသက်အတွင်းမှာဘဲ
ကံတော်ကုန်ခဲ့ရပါတယ်။ နာမည်တွေအကြောင်း ပြီးတဲ့အခါ ပထမဆုံးအနေနဲ့ မင်းသား
ကြီးနဲ့တကွ ကုန်းဘောင်ဦးစွန်းကို တင်မခဲ့သူတွေ အကြောင်း
ထပ်လောင်းလေ့လာပြီးပြောချင်ပါတယ်။
ကုန်းဘောင်
မင်းဆက် တေးထပ်
ဦးအောင်ဇေယျ
အမှုးမြောက်
ထူးတယောက်တင်မူ
ဦးလောက်ပ
ဘုရင်တဆူ
ဆင်ဖြူရှင်
စခန်း
စဥ့်ကူးမင်း
ကောင်းစားမီ
ဖောင်းကားညီ၊
လုတဲ့ရွှေနန်း
ဦးဝိုင်းပ၊
ပထမ ခေါင်ပျော်
မြနောင်တော် ရေဖျန်း
အမရဆောင်ပေါ်
ဗွေကြငှန်းမှာလ
ရွှေစာတမ်းဖွဲ့ပြန်၊
ကုန်းဘောင်ပျော်
နေလိုဝင်း
ရွှေဘိုမင်းသား
မြတ်ပုဂံ
ချမ်းအေးဖို့
ပန်းမွှေးပန်
မန္တလေးစံ
တောင်လက်ရုံးရယ်နှင့်
မင်းတုန်းမင်း၊
သီပေါအရှင်
ထီးနှင့်ပလ္လင်
ဆယ့်တဆက်
အုပ်စိုးတင်
မုဆိုးဘုရင်
စခန်းမို့လေး။
ရေးသားသူ-
ဇော်ဇော်မျိုးလွင်
ကျမ်းကိုး
– ညိုမြ ( ကုန်းဘောင်ရှာပုံတော် )၊ စွယ်စုံကျမ်းများ၊ မြသန်းတင့်
(သမိုင်းထဲကမန္တလေးမန္တလေးထဲကသမိုင်း)
http://www.dhammayaungchi.com--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။ 
