
Agent
Orange ဆိုတာကတော့ ဓါတု လက်နက်တစ်မျိုးဘဲဖြစ်ပါတယ်။ ထိုလက်နက်ဟာ
အပင်တွေကိုသေစေသလို လူတွေကို လည်း တော်တော်ဒုက္ခပေးခဲ့တဲ့လက်နက်ဖြစ်ပါတယ်။
ဗီယင်နမ်နဲ့ အမေရိကန်စစ်ပွဲမှာ အမေရိကန်က
အသုံးပြုခဲ့တဲ့လက်နက်ဘဲဖြစ်ပါတယ်။ အမေရိကန်စစ်သားတွေ လေထီးနဲ့မြေပေါ်ကို
ဆင်းကြတယ် ဒါပေမဲ့ လယ်စိုက်ပြီး စစ်တိုက်တဲ့ ဗီယင်နမ်ပြည်သူတွေဟာ
စစ်ထီးနဲ့ ဆင်တဲ့ စစ်သားအောက်မရောက်ခင်မှာဘဲ ပစ်သတ်ခဲ့ကြတာကြောင့်
နောက်ဆုံး အမေရိကန်က ထိုလက်နက်ကို အသုံးပြုခဲ့ခြင်းဘဲဖြစ်ပါတယ်။
ဗီယင်နမ်လူထု ၄.၈ သန်းလောက်ဟာ ထိုလက်နက်နဲ့ အကျိုးဆက် ကိုခံခဲ့ရသလို ၎
သိန်းကျော်လောက်ဟာ သေဆုံးခဲ့ရပါတယ်။ ထိုအပြင် နောက်ထက်မွေးလာတဲ့
ခလေးငယ်ပေါင်း ၅
သိန်းလောက်ဟာ
အပြစ်အနာအဆာ တွေနဲ့ မွေးဖွားခဲ့ကြရပါတယ်။ ထိုစစ်ပွဲမှာ အမေရိကန်ဟာ Agent
Orange ကို လီတာပေါင်း ၇၇ဝဝဝဝဝဝ ကို လေယာဉ်နဲ့ ဖြန်းချခဲ့ပါတယ်။
အထူးသဖြင့် ဗီယင်နမ်နဲ့ ကမ်ဘောရီးယား နယ်စပ်က တောင်ထိပ်တွေဟာ ပိုပြီးတော့
ထိုအကျိုးဆက်ကိုခံခဲ့ရပါတယ်။ နောက်မျိုးဆက်တွေအပြင် ယနေ့ထိတိုင်အောင်
Agent Orange ရဲ့ ဆိုကျိုးဟာ ဗီယင်နမ် လူထုတွေဆီကို
သက်ရောက်မှု့ရှိခဲ့ပါတယ်။
ဒါတွေကတော့ Agent Orange ခံခဲ့ရတဲ့ နောက်မျိုးဆက်တွေဘဲဖြစ်ပါတယ်။ 
Nguyen
Xuan Minh ဆိုသူလေးဟာ အသက် ၆ နှစ်သာရှိသေးတဲ့ ခလေး တစ်ယောက်ဖြစ်ပါတယ်။
ဒီပုံကတော့ ဗီယင်နမ်ဟိုချီမင်း မြို့က တူဒူ ဆေးရုံပေါ်မှာ လှဲ
နေတဲ့ပုံဘဲဖြစ်ပါတယ်။ ဒါတွေရဲ့ တရားခံကတော့ အမေရိကန်နဲ့ ဗီယင်နမ်
စစ်ပွဲမှာ အမေရိကန်ဖက် က အသုံးပြုခဲ့တဲ့ ဓါတု လက်နက် Agent Orange
ကြောင့်ဘဲဖြစ်ပါတယ်။ 
Le
Thi Hoa ဆိုတဲ့ မိန်းခလေးဖြစ်ပါတယ်။ သူဟာလဲ ပုံမကျပန်းမကျတဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ လောကထဲကိုရောက်ရှိလာခဲ့ တဲ့သူဖြစ်ပါတယ်။ သူမရဲ့
လက်ချောင်းလေးတွေဟာ စာရေးနိုင်ဖို့ အတွက် ခဲတံကို သာမာန်လူများ ကဲ့သို
မဆုပ် ကိုင် နိုင်ရှာပါဘူး။ Nguyen ဆိုသူ ဟာလဲ လက်နှစ်ချောင်း မွေးရာပါ
မပါရှိခဲ့ပါဘူး။ ထိုကဲ့သို့ မွေးရာပါ ကိုယ်အင်္ဂါ ချို့တဲ့သူ
ထောင်ပေါင်းများစွာ ဗီယင်နမ် ရှိပါတယ်။ နှစ်ပေါင်းများစွာ
အချိန်တွေကြာခဲ့ပေမဲ့ Agent Orange ရဲ့အစွမ်းကတော့ မျိုးဆက်တွေကို
ဆက်လက်ဒုက္ခပေးနေပါသေးတယ်။ 
နောက်တစ်ယောက်ကတော့
အသက်ငါးနှစ်အရွယ် မိန်းခလေး Tran Huynh Thuong Sinh ဘဲဖြစ်ပါတယ်။ သူမဟာ
ဗီယင်နမ် နိုင်ငံ Binh Dinh ခရိုင်မှာမွေးဖွားခဲ့တာဖြစ်ပြီး မွေးရာပါ
မျက်စိနှစ်လုံး စလုံးမပါရှိခဲ့သူလေးဘဲဖြစ်ပါတယ်။
Agent Orange ဓါတုလက်နက်ဧ။် အကျိုးဆက်ကိုခံခဲ့ရသူများ
--
"Real Myanmar Hip Hop" group မှကြိုဆိုပါတယ်ခင်ဗျား။
Post ကိုမေးကနေ တင်ချင်ရင်တော့ realmyan...@googlegroups.com ကိုမေးပို့လိုက်ပါ။ Post များကို တစ်နေရာထဲတွင် အကုန်ဖတ်နိုင်ရန်၊ reply လုပ်လျှင် ပိုမိုလွယ်ကူစေရန်၊ member များကို သိရှိနိုင်ရန်၊ သူငယ်ချင်း မိတ်ဆွေများအား အလွယ်တကူ ဖိတ်ကြားနိုင်ရန် http://groups.google.com/group/realmyanmarhiphop?hl=en ကနေ၀င်ပေးကြပါခင်ဗျား။ အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေးရန်။(Reply ပြန်ရန်) တောင်းဆိုပါတယ်ခင်ဗျား.။