ဖိုးသူတော်ဦးနု စကားပုံများ

235 views
Skip to first unread message

သိဂီၤ

unread,
Mar 29, 2011, 7:44:48 AM3/29/11
to real-fa...@googlegroups.com

ဖိုးသူတော်ဦးနု စကားပုံများ

ဟိုတလောက ဆယ်စောင်တွဲစာအုပ်ထဲက ကောက်နုတ်ပြီး စကားကြီး ၁၀ မျိုးကို တင်ခဲ့တာ တော်တော်များများ ကြိုက်ကြလို့ ၀မ်းသာမိပါတယ်။ အဲဒီစာအုပ်ထဲက ကောင်းနိုးရာရာလေးတွေ တင်မယ် စိတ်ကူးခဲ့ပေမဲ့ စာရိုက်ဖို့ပျင်းနေလို့ တော်တော်နဲ့ မတင်ဖြစ်ဘူး။ ခုတော့ လာမယ့် ရှေ့တပတ်ကျော်မှာ ကျောင်းဖွင့်တော့မှာမို့ ကျောင်းပြန်မဖွင့်ခင် အချိန်အားလေးရခိုက် အပြေးအလွှား စာရိုက်ပြီး တင်လိုက်ပါတယ်။ ဖတ်လို့လဲ ကောင်း၊ မှတ်ဖို့လဲ ကောင်းတဲ့ ဖိုးသူတော်ဦးနု စကားပုံတွေပါ။ ဖတ်ကြည့်ကြပါအုံး။
***
ဖိုးသူတော်ဦးနု စကားပုံ

မြန်ဇမ္ဗူပေါ်၊ ဉာဏ်ယူမျှော်သည်၊ သူတော်ကျွန်ုပ်၊ နား၏တန်ဆာ၊ နားဝင်သာအောင်၊ လင်္ကာပုဒ်ဖြင့်၊ အာလုပ်ချိုမြ၊ စကားပုံသရုပ်၊ တမျိုးထုတ်ပြီးလျှင်၊ အချုပ်ကို ပြခဲ့မည်။

၁။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ရုပ်လှတာကို ပယ်ရမည်။
ဗုဒ္ဓဆာယာကို တွယ်မှ အေးမြရာသည်။ ရုပ်လှတာကို ပယ်မှ ဘေးပကွာမည်။

၂။ သေရည်ကို မသောက်နှင့်။ ရေကြည်ကို မနှောက်နှင့်။
သေရည်ကိုသောက်က အပါယ်ဘုံ ကျတတ်သည်။ ရေကြည်ကိုနှောက်က အနယ်အမှုန် ထတတ်သည်။

၃။ ထင်တိုင်းလည်း နှိပ်၍ မဆိုနှင့်။ ၀င်တိုင်းလည်း သိပ်၍ မမျိုနှင့်။
ထင်တိုင်းနှိပ်၍ဆိုက ရန်အသွယ်သွယ် ပွါးတတ်သည်။ ၀င်တိုင်းသိပ်၍ မျိုက အန္တရာယ်များတတ်သည်။

၎။ ဂေါဏမံသံကိုလည်း မစားနှင့်။ ကောဓခြံရံကိုလည်း မပွါးနှင့်။ *
ဂေါဏမံသံကိုစားက မိဘသဖွယ် ဖြစ်ပေသည်။ ကောဓခြံရံကိုပွါးက အထိကရ အပါယ်နစ်ချေသည်။

၅။ အယုတ်တရားကို အလိုမရှိနှင့်။ မဟုတ်စကားကို မဆိုဘိနှင့်။
အယုတ်ရားကို အလိုရှိက ဘဂ၀ါ၏ စကားကို ပယ်ရာကျချေသည်။ မဟုတ်စကားကို ဆိုမိက သမာဓိတရားကို ကွယ်ပရလေသည်။

၆။ မြှူသလိုပုံနှင့် ကလေးကို မစနှင့်။ လူကို ယုံသဖြင့် အကြွေးကို မချနှင့်။
မြှူသလိုပုံနှင့် ကလေးကို စက ကလေးအမိုက်မို့ ဆဲတတ်သည်။ လူကို ယုံသဖြင့် အကြွေးကိုချက အရေးမစိုက်သဖြင့် မွဲတတ်သည်။

၇။ အမျိုးယုတ်သူ အဆင်းလှလျှင် သတိထား။ တန်ခိုးနုပ်သူ ထမင်းဝလျှင် မကျီစားနှင့်။
အမျိုးယုတ်သူ အဆင်းလှက စာဂတန်တတ်သည်။ တန်ခိုးနုပ်သူ ထမင်းဝက မာနထန်တတ်သည်။

၈။ အဟုတ်အမှန်ကိုလည်း သိမှ။ အလုပ်အကြံလည်း ရှိမှ။
အဟုတ်အမှန်ကို သိမှ သံသရာ ဘေးပ၍ အနေကျယ်ကြမည်။ အလုပ်အကြံရှိမှ ဆန်ရှာရေးလှ၍ အခြေတယ်ကြမည်။

၉။ သူဌေးလို ကြွယ်သော်လည်း မာန်စွယ်မထနှင့်။ မြွေပွေးကို ငယ်သော်လည်း အလမ္ပာယ် မပြနှင့်။
သူဌေးလို ကြွယ်သည်ဟု မာန်စွယ်ထက အရိုအသေနည်းလို့ ပြေ(ပြည်) မုန်းတတ်သည်။ မြွေပွေးကို ငယ်သည်ဟု အလမ္ပာယ်ပြက ထိုမြွေခဲလို့ သေဆုံးတတ်သည်။

၁၀။ မတော်ဘဲ မ၀ယ်နှင့်။ မခေါ်ဘဲ မလည်နှင့်။
မတော်ဘဲ ၀ယ်လေက အသပြာဓန ရှုံးတတ်သည်။ မခေါ်ဘဲ လည်ချေက မကြာခဏ မုန်းတတ်သည်။

၁၁။ မတော်တာကို မမြည်းစားနှင့်။ အဖော်မပါလျှင် ခရီးမသွားနှင့်။
မတော်တာကို မြည်းစားက ဘေးရလို့ ရောဂါပွါးတတ်သည်။ အဖော်မပါဘဲ ခရီးသွားက အရေးမလှသမို့ သောကများတတ်သည်။

၁၂။ ခရီးကိုလည်း အပြင်းမသွားနှင့်။ မီးကိုလည်း အကြွင်းမထားနှင့်။
ခရီးကို အပြင်းသွားက မှားတတ်သည်။ မိးကို အကြွင်းထားက ပွါးတတ်သည်။

၁၃။ ဆရာပြောသမျှကို အပြီးမမှားလေနှင့်။ အနာရောဂါကို မကြီးပွါးစေနှင့်။
ဆရာပြောသမျှကို အပြီးမှားက မုချမှောက်တတ်သည်။ အနာရောဂါကို ကြီးပွါးစေက ဒုက္ခရောက်တတ်သည်။

(က) စကားစကား ပြောဖန်များက စကားထဲက ဇာတိပြ၍ မာနတံခွန် ထူတတ်သည်။
(ခ) ဘုရား, တရား ဟောဖန်များက တရားထဲက ပါဠိရ၍ ဒါန အလွန် လှူတတ်သည်။
(ဂ) အမျိုးဖြတ်မှ အရိုးကြံရာသည်။ တန်ခိုးလျှပ်မှ အဖိုးတန်ပါသည်။

သံသရာလောက၊ နှစ်ဝအကျိုး၊ ပွါးတိုးစေမှု၊ အာရုံပြုလျက်၊ ဦးနုမည်ခေါ်၊ ငါသူတော်လျှင်၊ နာပျော်ဖွယ်ရာ၊ ဆုံးမစာကို၊ ဒါယိကာ ဒါယိကာမ၊ မှတ်သားကြ၍၊ နေ့ ည လေ့ကျက်ကုန်ကြလော့။
***

ဖိုးသူတော်ဦးနုစကားပုံ ပြီး၏။

* ဂေါဏမံသံ = အမဲသား ၊ ကောဓ = အမျက်ထွက်ခြင်း
ကိုးကား။ ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ (ဦးမောင်မောင် - ဟံသာဝတီ)


http://maydar-wii.blogspot.com


. သိဂီင်္် .

pa pa

unread,
Apr 6, 2011, 4:04:11 AM4/6/11
On 3/29/11, သိဂီၤ <ms.the...@gmail.com> wrote:
> ဖိုးသူတော်ဦးနု
> စကားပုံများ<https://www.polysolve.com/index.php/1010110A/84f5b799972e159cd84e28ec3663f9cce897ad0d2978c543fa2542041943eff3f2fec1ce067c9efcc61685df0119a67ce9211e2b4cdd15172>
> *♥**♥**♥. သိဂီင်္်** .**♥**♥**♥*
>
> --
> ♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
> ● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en
> ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ
> http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
> ● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ
> real-family-...@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ
> ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
> ● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင်
> real-fa...@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့်
> ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
> ● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ
> ဆက်ရေး၍ Reply ပြန်ပေးပါ။
> ● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက
> real-family-m...@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
> ● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ
> တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။
>

သိဂီၤ

unread,
Apr 6, 2011, 5:21:19 AM4/6/11
to real-fa...@googlegroups.com
အဖွဲ့ဝင်မိသားစုများရှင့်..

ကျမ ပို့သောမေးလ်များကို တခြားသူငယ်ချင်း မိတ်ဆွေများသို့ ဝေမျှပို့ချင်လျှင်
ကော်ပီကူး၍ compose mail တွင် paste လုပ်၍သော်၎င်း၊ forward mail အနေနဲ့သော်၎င်း ပို့၍သာအဆင်ပြေပါမည်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ ဘလော့ဂ်စပေါ့များမှာ မြန်မာနိုင်ငံရဲ့ ကွန်နက်ရှင်ကြောင့် ဆိုဒ်ကျော်၍ ဖတ်မှသာအဆင်ပြေပါသောကြောင့်  https://www.polysolve.com မှ ၀င်ရောက်ပြီး ကိုယ်ဖတ်ချင်သော ဆိုဒ်နာမည်ရွေး၍သာ ဖွင့်၍ ဖတ်လို့ရမှာဖြစ်သောကြောင့်ဖြစ်ပါ သည်။

ကျမ ၃၀-၃-၂၀၁၁ နေ့တွင် ဝေမျှပေးသော ( Subject : နည်းပညာရပ် စာအုပ်များ ) အကြောင်းအရာမှာလဲ ဘလော့ဂ်စပေါ့ ဆိုဒ်တစ်ခုကို https://www.polysolve.com မှ ၀င်ရောက်ပြီး ဝေမျှပေးသောကြောင့် စာအုပ်များကို ဒေါင်းလုတ်လုပ်၍မရချင်း
ဖြစ်ပါတယ်။ ၄င်းစာအုပ်များ ဒေါင်းလုတ်လုပ်၍ ရနိုင်တဲ့ နည်းကို ကျမ ထပ်မံဝေမျှပေးမယ်နော်.....။

အဖွဲ့ဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။

2011/4/6 pa pa <papa....@gmail.com>



--
" ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းဖြစ်ပါစေ"
- သိဂီၤ -
ဆင်းရဲမှာကိုကြောက်ရမယ်။
မတတ်မှာကိုကြောက်ရမယ်။
ငရဲကိုသွားဖို့ကြောက်ရမယ်။

mmiteb

unread,
Apr 6, 2011, 5:35:54 AM4/6/11
to real-fa...@googlegroups.com, သိဂီၤ
မြန်မာပြည်က ဆိုဒ်တွေကိုကျော်ဖတ်ချင်တယ်ဆို၇င်တော့ ဒီဟာလေးတွေနဲ့သုံးကြည့်ကြပါလား
တစ်ခုမဟုတ်တစ်ခု ၇မယ်ထင်ပါတယ်
အားလုံးအဆင်ပြေပါစေဗျာ

http://www.quigonjinn02.appspot.com/
 http://quigonjinn03.appspot.com/
 http://quigonjinn03.appspot.com/
 http://www.october22.host22.com/
 http://bumblebee.net16.net/prx/index.php
 http://moomoo.net16.net/prx/index.php
 http://turkeysoup.webatu.com/prx/index.php
 http://www.funkysoup.webatu.com/prx/
 http://www.cornpops.netai.net/index.php

2011/4/6 သိဂီၤ <ms.the...@gmail.com>



--


" ရိုင်း ပင်း ကူညီ <==> အောင် ပွဲ ဆင် "
http://mmit-ebook.blogspot.com

myat min htoo

unread,
Apr 6, 2011, 6:02:21 AM4/6/11
ကျေးဇူးအများကြီးတင်ပါတယ်...
ဗျာ....

2011/4/6 သိဂီၤ <ms.the...@gmail.com>



--
Thanks & Best Regards
Myat Min Htoo



B60.gif

may yuyuwynn

unread,
Apr 6, 2011, 10:26:17 PM4/6/11
to real-fa...@googlegroups.com
ကျေးဇူးပါ.

2011/4/6 mmiteb <mmi...@gmail.com>



--
*Good Will Delivers us from suffering*
338.gif
813.gif
814.gif
Reply all
Reply to author
Forward
0 new messages