Fwd: သစ်ထူးလွင်

16 views
Skip to first unread message

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
Mar 24, 2013, 10:35:56 PM3/24/13
to စစ်မှန်သောမိသားစု


---------- Forwarded message ----------
From: Thit Htoo Lwin <nor...@blogger.com>
Date: 2013/3/24
Subject: သစ်ထူးလွင်
To: ms.the...@gmail.com


သစ်ထူးလွင်


ပျားရည်တစ်စက်ကြောင့် ပြည်မပျက်စေလိုပါ

Posted: 24 Mar 2013 07:08 AM PDT

မိတ္ထီလာမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပြဿနာကို ကြားသိလိုက်ရတဲ့အချိန်မှာ ဘာမှ မလုပ်ချင် မကိုင်ချင်အောင်ကို ခြေကုန်လက်ပန်းကျသွားမိပါတယ်။ အင်တာနက်သတင်းတွေကို ကမန်းကတန်းကြည့်၊ ပြည်တွင်းမီဒီယာတွေကို ဖုန်းဆက်မေးမြန်းနဲ့ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဖြစ်ပြန်ပြီလားကွာလို့လည်း ညည်းတွားမိပါတယ်။ နောက်တစ်နေ့မနက်မှာတော့ တရားဝင်ထုတ်ပြန်တဲ့သတင်းရဖို့အတွက် သတင်းစာဂျာနယ်တွေကို အပြေးအလွှားဖတ်ရပါတယ်။ ဆိုးဆိုးဝါးဝါးတွေ မဖတ်ရပါစေနဲ့လို့လည်း ကြိတ်ဆုတောင်းမိပါတယ်။ လစဉ်မှာယူထားလို့ အချိန်တန်ရင်စားပွဲပေါ်အခန့်သားရောက်နေကျ၊ နိုင်ငံတော်ကထုတ်ဝေတဲ့ ကြေးမုံသတင်းစာမှာတော့ ဒီလောက်ဟိုးလေးတကျော်ဖြစ်နေတဲ့ သတင်းက တစ်လက်မတစ်ကော်လံတောင်မှ ပါမလာခဲ့ပါဘူး။

နောက်ဆုံးသတင်းအပြည့်အစုံကို သိလိုက်ရပြီးတဲ့အချိန်မှာတော့ ကိုသန်းလှိုင်သီချင်းလိုပဲ ''ဆုတောင်း မပြည့်ခဲ့ပါလေပြီ''လို့ပဲ ညည်းတွားလိုက်ရပါတော့တယ်။

          ငယ်စဉ်တောင်ကျေး ကလေးဘဝက ''ပျားရည် တစ်စက်ကြောင့် ပြည်ပျက်တယ်'' ဆိုတဲ့ ပုံဝတ္ထုကလေး တစ်ပုဒ်ကို ဖတ်ခဲ့ရဖူးပါတယ်။ လူတစ်ယောက် ပျား ရည်ဆမ်းတဲ့မုန့်ကို စားရာက ပျားရည်စက်တစ်စက် ကြမ်းပေါ်ကျသွားတယ်။ အမှုမဲ့ အမှတ်မဲ့ ပေါ့ပေါ့တန် တန်နဲ့ စားပြီးကျကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့ မိဘူး။ အဲဒီကျနေတဲ့ ပျားရည်စက်ကို ပုရွက်က လာစား တယ်။ ပုရွက်ကို အိမ်မြှောင်ကဆင်းပြီးစားတယ်။ ထို အိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ်တယ်။ အဲဒီ ကြောင်ကို ခွေးတစ်ကောင်က ကိုက်တယ်။ ကိုက်တဲ့ခွေး ကို ကြောင်ပိုင်ရှင်ကတုတ်နဲ့ရိုက်တယ်။ အရိုက်ခံရတဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓားနဲ့ခုတ်တယ်။ အဲဒီကနေ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ၊ ကျေးကျွန်တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ် ဖြတ်ကြတာ ရွာကနေမြို့၊ မြို့ကနေတိုင်းပြည်ပျက်ပါ ရောဆိုတဲ့ ပုံဝထ္ထုကလေးပါ။  ငယ်စဉ်ကတော့ ဘာမှန်း မသိပဲ ဖတ်ခဲ့ဖူးတဲ့အကြောင်းအရာကလေးတစ်ခုအဖြစ် သာမှတ်ထင်ခဲ့ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ် ပွားနေတဲ့ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ဝင်လာလေသလားလို့တောင် ထင်မှတ်ရပါတယ်။

          အထက်ပါစာပိုဒ်နဲ့အစချီပြီး ကျွန်တော်ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ဖူးပါတယ်။ အခုတော့ ဒီထက်ပို ကျယ် ကျယ်ပြန့်ပြန့်ပြောဖို့လိုလာပါပြီ။ မြန်မာပြည်မှာ ပြဿနာ တစ်ခုဖြစ်လိုက်တိုင်း လူမျိုးရေး၊ ဘာသာရေးတွေနောက် ဆက်တွဲ ရောယှက်ပါဝင်လာတာတွေဟာ ဒီပုံဝထ္ထုကို အသက်သွင်းနေကြတာလားလို့ မေးရမယ့်ကိန်းဆိုက်နေ ပါပြီ။

          ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ပေါင်းများစွာ အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီး ဆုံးရှုံးကြရပြီး ဖြစ်ပါတယ်။ မေလနှင့် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာများကြောင့် အသက်ဆုံးရှုံးရသူ (၅ဝ) ဦး၊ ဒဏ်ရာရသူ (၅၄) ဦး၊ အိမ်ခြေ ၂၂၃ဝ နှင့် ဘာသာရေးအဆောက်အဦ (၁၄)ခု မီးလောင် ဆုံးရှုံးခဲ့ ရပါတယ်။ အပြစ်မဲ့ဒေသခံ ပြည်သူလူထု (၆ဝဝဝဝ) ကျော်တို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဘဝ ရောက်ခဲ့ကြ ပါတယ်။ ''တောင်လဲရာမြက်ပြတ်''ဆိုသလိုပဲ ကလေး သူငယ် လူမမယ်တွေ အတိဒုက္ခရောက်ကြရပါတယ်။ နောက်ထပ်တစ်ဖန် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ မြောက် ဦး စတဲ့မြို့များမှာ ပဋိပက္ခများအကြီးအကျယ်ဖြစ်ပွား ခဲ့ပြီး လူ(၉ဝ)ကျော် အသက်ဆုံးရှုံးပြီး (၁၃ဝ)ကျော်ဒဏ် ရာရရှိခဲ့ရပါတယ်။ အိုးအိမ် ၅၃ဝဝ ကျော်နှင့် ဘာသာရေး အဆောက်အဦ(၈)ခုမီးလောင်ပျက်စီးပြီး လူဦးရေ ၃ဝဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကြ ရပြန်ပါတယ်။အေးချမ်းစွာ နေထိုင်လိုကြသူများ သောကမျက်ရည်ပင်လယ်ဝေခဲ့ရ ပါတယ်။ ကျောင်းသားကျောင်းသူ လူငယ်လေးတွေရဲ့ အေးချမ်းစွာပညာ သင်ကြားရခြင်းနေ့ရက်များဟာ မီး တောက်ထဲမှာ လောင်ကျွမ်းပြာကျခဲ့ရပါတယ်။ ကြားရ သူ မြင်ရသူအပေါင်း နှလုံးစိတ်ဝမ်း ညှိုးနွမ်းပူလောင်ကြ ရပါတယ်။

          လူ့အသိုင်းအဝိုင်းမှာ ဒီလို ကိုယ့်အသွေးအသားထဲ က တဏှာရာဂဘီလူးကို မထိန်း ချုပ်နိုင်လို့ ဖြစ်ပွားတဲ့ မုဒိမ်းတန္တမှုတွေ မကြာခဏ ပေါ်ပေါက်တတ်ပါတယ်။ ဒီလိုမှုခင်းတွေအကြောင်း  သတင်းစာအစောင်စောင် မှုခင်းဂျာနယ်အစောင်စောင်မှာ  ဖတ်ဖူးကြပါလိမ့်မယ်။ လူ့အသိုင်းအဝိုင်းမှာ အလွန်စက်ဆုပ်ရွံမုန်း အော့နှလုံးနာ စရာကိစ္စဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေဟာ ဖြစ်တတ် တဲ့အကြောင်းတွေ၊ တစ်နည်းအားဖြင့် ထူး၍မဆန်းသော အကြောင်းတရားတွေသာဖြစ်ပါတယ်။ ကိုယ်ကျင့်တ ရားနဲ့ (Morals) နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု (Self-control) တို့ အားနည်းတဲ့သူတွေရှိနေသမျှ ဒီလိုပြဿနာ တွေနဲ့မကင်းနိုင်ပါဘူး။

          ဒါဟာ မီးပွားတစ်ခုပါ။ ဒါပေမဲ့ မီးပွားကျတာ ခြင်းအတူတူ မြေပျော့မြေစိုပေါ်ကျတဲ့ မီးပွားနဲ့သစ်ရွက် ခြောက်ပုံပေါ်ကျတဲ့ မီးပွားတို့ရဲ့ အကျိုးသက်ရောက်မှု တို့ကတော့ကွာခြားလှပါတယ်။ အထူးသဖြင့် ရေနံတွင်း အစပ်က ယမ်းပုံပေါ်ကျတဲ့မီးပွားတစ်ခုရဲ့အကျိုးသက် ရောက်မှုကတော့ ကြောက်ခမန်းလိလိဖြစ်သွားတော့တာ ပါပဲ။

          ဒါကိုသင်ခန်းစာ မယူနိုင်ကြဘဲ အခုမိတ္ထီလာကိစ္စ ပေါ်ပေါက်လာပြန်တယ်ဆိုတော့ နိုင်ငံတော်သစ်ရဲ့ရှေ့ ခရီးကို ဘယ်နည်းနဲ့ဆက်ကြမှာလဲလို့ မေးမြန်းစရာတွေ ဖြစ်လာပါပြီ။ တွေးတောပူပင်စရာတွေရှိလာပါပြီ။

          ရွှေအရောင်းအဝယ်ကိစ္စနဲ့ စတင်ဖြစ်ပွားတဲ့ ပြဿနာ ဟာ ဘာကြောင့် ဒီလောက်ကြီးထွားသွားခဲ့ရတာပါလဲ။ ဘာကြောင့် ဒီလိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့တဲ့အထိ ဖြစ် သွားခဲ့ရတာပါလဲ။ တစ်ယောက်နဲ့တစ်ယောက် ထိုးကြိတ် ရိုက်နှက်ရင် လက်ရောက်မှုနဲ့ ဥပဒေအရ အရေးယူခံရပါ မယ်။ ဆိုင်ကပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးရင်လည်း အရေးယူဖို့ ဥပဒေရှိပါတယ်။ အဲဒီလောက်နဲ့ ပြီးရမယ့် ကိစ္စကို အကြီးအကျယ်ဖြစ်ပွားသွားရစေတဲ့ နောက်ကွယ် ကအကြောင်းတရားတွေက ဘာတွေပါလဲ။ သွေးရိုးသား ရိုးဟုတ်ရဲ့လား၊ အမှောင့်ပယောဂတွေပါနေပြီလား။ ဒါ တွေကို ဆန်းစစ်ဖော်ထုတ်ဖို့တော့ လိုပြီထင်ပါတယ်။

          ကမ္ဘာပေါ်မှာ စစ်ပွဲတွေအမြောက်အမြားဖြစ်ပွားခဲ့ ပါတယ်။ ကမ္ဘာကြီးမှာ စစ်မက်မဖြစ်ပွားခဲ့တဲ့အချိန်ရယ် လို့မရှိသလောက်ပါပဲ။  အဲဒီလိုစစ်ပွဲတွေထဲမှာသဘော တရားအခြေခံများအရ (၁) အာဏာလုစစ်ပွဲ၊ (၂) နယ်မြေ လုစစ်ပွဲ၊ (၃) တန်ခိုးအာဏာချဲ့ထွင်မှုစစ်ပွဲ၊ (၄) နယ်ချဲ့ စစ်ပွဲ၊ (၅) စီးပွားရေးစစ်ပွဲ၊ (၆)လူမျိုးရေးစစ်ပွဲနဲ့ (၇) ဘာသာရေးစစ်ပွဲလို့ ခွဲခြားလေ့လာနိုင်ပါတယ်။ အဲဒီလို စစ်ပွဲတွေအနက်က အရက်စက်အကြမ်းကြုတ်ဆုံးက လူ မျိုးရေးစစ်ပွဲအမျိုးအစားဖြစ်ပြီး၊ ကာလအရှည်ကြာဆုံးနဲ့ အသေအပျောက် အပျက်အစီးအများဆုံးစစ်ပွဲကတော့ ဘာသာရေးစစ်ပွဲအသွင်သဏ္ဌာန်ဖြစ်ပါတယ်။ လူမျိုးရေး နဲ့ ဘာသာရေးရြော>ွပမ်းနေတဲ့ စစ်ပွဲကတော့ ပြောစရာ တောင်ရှိတော့မယ်မထင်ပါဘူး။ ကိုရီးယား-ဂျပန် စစ်ပွဲ မှာ ဝါးချွန်နဲ့ထိုးပြီး ရက်စက်စွာသတ်ဖြတ်ကြတာတွေ၊ ဒုတိယကမ္ဘာစစ်မှာ ဂျူးတွေကို ဂျာမန်တွေက ရက်စက် စွာ မျိုးဖြုတ်သတ်ဖြတ်တာတွေ၊ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းက ခရိုအေးရှားပြည်တွင်းစစ်ပွဲမှာ အပြစ်မဲ့သူတွေ ကို ရက်စက်စွာ(သေနတ်နဲ့မပစ်ဘဲ သစ်သားတင်းပုတ် ဖြင့် ခေါင်းကိုထု)သတ်ဖြတ်တာတွေဟာ လူမျိုးရေးစစ် ပွဲရဲ့အနိဋ္ဌာရုံတွေပါ။ ကမ္ဘာပေါ်မှာ ဘာသာရေး ကိုးကွယ် ယုံကြည်ချက် ကွဲပြားခြားနားမှုတွေအကြား ဖြစ်ပွားခဲ့တဲ့ ဘာသာရေးစစ်ပွဲ (ခရူးဆိတ်စစ်ပွဲ)ဟာ အချိန်ကာလ အရှည်ကြာဆုံးနဲ့ ကမ္ဘာ့လူသားများရဲ့ အသက်အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးမှုအများဆုံး စစ်ပွဲကြီးတစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ထားရပါတယ်။

          အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ပြဿနာတွေဟာ အဲဒီ လိုလမ်းကြောင်းပေါ်ကို ဦးတည်ရွေ့လျားနေတာလား၊ တရားဥပဒေစိုးမိုးမှုဆိုတာမရှိတော့ဘူးလား၊ လက်တုံ့ပြန် ရေးဝါဒ (An eye for an eye) ကိုပဲ ရှေးရှုကြတော့မှာ လား၊ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရမယ့် နိစ္စဓူဝ ပဋိပက္ခ တွေကို ဘာသာရေးအစွန်းတရား၊ လူမျိုးရေးအစွန်း တ ရားတွေ အစာသွပ်နေကြတော့မှာလား။ နိုင်ငံတစ်နိုင်ငံ အတွင်းအတူနေထိုင်ကြတဲ့  လူမျိုးတစ်မျိုးနဲ့တစ်မျိုး မတည့်ကြတာနဲ့၊ ဘာသာအယူဝါဒချင်းမတူကြတာနဲ့ပဲ (ဟစ်တလာက ဂျူးတွေကို မျိုးဖြုတ်သုတ်သင်ခဲ့သလို) အဲဒီလူမျိုးကို အကုန်ဖယ်ရှားပစ်ချင်လို့ရနိုင်မှာမို့လို့လား။ နာဇီဝါဒကို မြန်မာနိုင်ငံမှာ အသစ်တစ်ဖန် ပြန်လည် ဆန်းသစ် အသက်သွင်းချင်နေကြတာလား။

          ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီအယူဝါဒ ကို အသစ်တစ်ဖန် ပြန်လည်စတင်ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ် ဆိုတာနဲ့ တစ်ပြိုင်နက် (၁) နိုင်ငံသားတိုင်း၏ မူလအခွင့်အရေး၊  (၂) လွတ်လပ် စွာ ပြောဆိုခွင့်၊ (၃) လွတ်လပ်စွာရေးသားခွင့်၊  (၄) လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခွင့်တို့ကို စသည်တို့ကလည်း ပူး တွဲပါလာရပါမယ်။  ဒီမိုကရေစီကို ဘယ်လိုပင်လိုချင် လှပါချည်ရဲ့လို့ အော်ဟစ်နေသော်လည်းပဲ အထက်ပါ အချက်များထဲက တစ်ခုခုကိုချိုးဖောက်ပြီဆိုရင်  ဒီမိုက ရေစီနဲ့ထိုက်တန်သူတွေဖြစ်ဖို့ ခဲယဉ်းလှပါတယ်။ အာ ဏာရှင်စနစ်မှာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြား ရေးဆိုတာဟာ အာဏာရှင်အစိုးရကလုပ်ဆောင်တာဖြစ် ပေမဲ့၊ ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးရေးရဲ့အဓိက မဏ္ဍိုင်က ပြည်သူလူထုဖြစ်ပါတယ်။ ပြည်သူလူထုဟာ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေး ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်ဆိုရင် အဲဒီတာ ဝန်ကို ကြပ်မတ်ပေးရမှာက ပြည်သူတစ်ရပ်လုံးရဲ့ တာဝန် ဖြစ်တယ်ဆိုတာကို သတိရှိကြစေချင်ပါတယ်။ ပြည်သူ့ရဲ ဟာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ဝန်ထမ်းတွေဖြစ်တယ်ဆိုရင် ပြည်သူ တစ်ရပ်လုံးဟာ အဲဒီလုပ်ငန်းကြီးတစ်ရပ်လုံးရဲ့ အလုပ်ရှင် ဖြစ်တယ်ဆိုတာ နှလုံးသွင်းထားကြဖို့လိုပါတယ်။

          ဥပဒေရဲ့အကာအကွယ်အောက်မှာနေချင်ရင် ဥပဒေ ကို လိုက်နာကြရပါမယ်။ ကာကွယ်စောင့်ရှောက်ရပါ မယ်။ အမိုးအကာတစ်ခုအတွင်းမှာ လုံလုံခြုံခြုံ မှီတင်း နေထိုင်ချင်ရင် ကိုယ်ကိုယ်တိုင်က အဲဒီအမိုးအကာကို ချိုးဖျက်နေလို့ မဖြစ်ဘူးဆိုတာကို ကောင်းစွာနားလည် သဘောပေါက်ရပါမယ်။ စာရေးသူဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်ကြောင်း အခြေခံ ဥပဒေရေးရာ ဆွေးနွေးပွဲတွေမှာ အမြဲပြောဆိုတင်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ တည်နေဆဲ အခြေခံဥပဒေကိုတော့ လိုက်နာဖို့ လိုအပ်တယ်ဆိုတာကိုတော့ ဒီဆောင်းပါးမှာ ထည့်သွင်းတင်ပြလိုပါတယ်။

          လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) အပိုဒ် ၂၁ (က)မှာ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူ ညီမျှခွင့်မှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှ တမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်လို့ ဖော်ပြထားပါ တယ်။ (နိုင်ငံသားတိုင်းဆိုရာမှာ မည်သည့်ဘာသာ ကိုး ကွယ်ယုံကြည်သူရယ်လို့ ခွဲခြားသတ်မှတ်မထားတာကို တော့ ရှင်းရှင်းလင်းလင်း နားလည်ကြစေလိုပါတယ်)။ နောက်တစ်ဖန် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းအပိုဒ် ၃၄၇ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်း တူညီမျှအခွင့်အရေးရရှိစေမည်၊ ထို့ပြင် ဥပဒေ၏ အကာ အကွယ်ပေးမှုကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေး ရမည်လို့ ဖော်ပြထားပါတယ်။ မည်သူ့ကိုမဆို ဆိုတဲ့ စကားရပ်ရဲ့အတိမ်အနက်ကို ကောင်းစွာနားလည်သဘော ပေါက်ကြဖို့လိုပါတယ်။ အဲဒီအခန်းမှာပဲ အပိုဒ် ၃၄၈ မှာ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ မည်သူနိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်း ပြု၍ ခွဲခြားမှုမရှိစေရလို့ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီအချက်တွေဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ထည့်သွင်း ပြဋ္ဌာန်းထားရတဲ့ အခြေခံအချက်တွေဖြစ်ပါတယ်။ ဒီအ ချက်တွေကို မသိနားမလည် သို့တည်းမဟုတ် လက်မခံ ကြဘူးဆိုရင်တော့ ကျွန်တော်တို့တွေဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့လူမျိုးပါဆိုတာကို ကျမ်းရွက်ပြီးပြောကြရ ပါလိမ့်မယ်။ အပိုဒ် ၃၅၄(ဃ)မှာ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအ ချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာကို လည်းကောင်း၊ ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ် နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့်(ရှိသည်)လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအချက်တွေအရ နိုင်ငံကြီးသားပီသစွာနဲ့ ကိုယ်ကိုး ကွယ်ရာဘာသာကို ကိုယ်စောင့်ရှောက်ထိန်းသိမ်း၊ သူ တစ်ပါးကိုးကွယ်ရာဘာသာကို ကိုယ်က လေးစားစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားကြရေးကို ရှေးရှု ကြရမှာဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုမြင့်စေလိုပြီး သူ တစ်ပါးကိုးကွယ်ရာဘာသာကို နှိမ့်ချလိုသူ ကျူးလွန်စော် ကားလိုသူဟာ ကိုယ့်ဘာသာကို ကိုယ်ပြန်နှိမ့်ချနေသူတွေ သာဖြစ်ပါတယ်။ ဒီနေရာမှာ သာသနာပါဠိစကားရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းစွာသဘောပေါက်ဖို့လိုပါ လိမ့်မယ်။

          ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၃၆၄ မှာ နိုင်ငံရေး ကိစ္စအလို့ငှာ ဘာသာရေးကိုအလွဲသုံးစားမပြုရ ၊ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊  ဘာသာရေး ကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် တစ် ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်း ကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြု အမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်း နိုင်သည်လို့ ပြဌာန်းထားပါတယ်။ ဒီဥပဒေမရှိဘူးဆိုရင် တောင်မှ လူတစ်ဦးနှင့်တစ်ဦး မုန်းတီးအောင်ပြုခြင်း၊ အချစ်အခင်ပျက်ပြားအောင်ပြုခြင်းဆိုတာကို ဘယ်လို ကိုးကွယ်ရာဘာသာကမှ ခွင့်ပြုမထားဘူးဆိုတာကို နှလုံးသွင်းကြစေချင်ပါတယ်။ အထူးသဖြင့် စာရေးသူတို့ ဗုဒ္ဓဘာသာဟာ မေတ္တာဝါဒ လွှမ်းခြုံတဲ့ဘာသာတစ်ခုပါ။ ဗုဒ္ဓဘာသာကြောင့် ကမ္ဘာပေါ်မှာ ဘယ်လိုစစ်ပွဲမျိုးမှ မပေါ်ပေါက်ခဲ့ဖူးပါဘူးလို့ ဂုဏ်ယူခဲ့ကြရတဲ့ ဘာသာ တရားကို ယခုအခါကျမှ အစွန်းအထင်းမဖြစ်စေလိုပါ ဘူး။ မြတ်စွာဘုရားရဲ့ဆွေတော်မျိုးတော်တွေဖြစ်ကြတဲ့ သကျသာကီဝင်(ဗုဒ္ဓဘာသာဝင်)တွေဟာ ဝိဋဋူပဘေး ကျရောက်တာတောင်မှ ''ငါ့ကြောင့် သူတစ်ပါး မသေပါ စေနဲ့''လို့ဆန္ဒပြုပြီး (မြားအတတ်ကို တစ်ဖက်ကမ်းခတ် သူတွေဖြစ်သော်လည်း) ရန်သူကို မြားနဲ့ထိအောင်မပစ် ဘဲ လှီးလွှဲပစ်ခတ်ခဲ့ကြပြီး ကိုယ့်အသက်ကို သာစွန့်ခဲ့ကြ ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့လက်ဟာ ဘယ်တော့မှ အခြားသူတွေရဲ့သွေးမစွန်းပါဘူး၊ အခြားသူတွေရဲ့သွေး စွန်းထင်ခဲ့ရင်လည်း ဗုဒ္ဓဘာသာဝင် မည်ကာမတ္တသာ ဖြစ်ပါလိမ့်မယ်။ ကုန်ကုန်ပြောရရင် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဟာ ကာယကံမြောက်မဆိုထားနဲ့ ဝစီကံ၊ မနောကံတို့ဖြင့်တောင် သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းဖို့ အားမထုတ်ပါဘူးလို့ သတိပေးချင်ပါတယ်။ ဒါကြောင့် မိမိနှုတ်ထွက်စကားများရဲ့ ပယောဂကြောင့် သူတစ်ပါး နစ်နာရရင် သွေးမြေကျရင် မိမိမှာ အပြစ်မကင်းပါဘူးလို့ ကောင်းစွာသတိချပ်ကြစေချင်ပါတယ်။

          ဗဟုဇနဟိတဓရဘွဲ့ထူးရှင် သီတဂူဆရာတော်ဘုရား ကြီးက ''ကမ္ဘာကို မီးရှို့နေတဲ့လက်တွေထဲမှာ ကျူပ်တို့ မပါနိုင်ဘူး''လို့  ပြတ်သားစွာ  မိန့်မြွက်ခဲ့ဖူးပါတယ်။ ''မြန်မာကို မီးရှို့နေတဲ့လက်တွေထဲမှာလည်း ကျွန်တော် တို့ မပါဝင်ဖို့လိုပါတယ်။ ကြီးမြတ်သောပုဂ္ဂိုလ်တို့သည် ဘာသာရေးကို မိတ်ဆွေပြုရာ၌ အသုံးချ၏။ သေးသိမ် သောသူတို့သည်ကား ဘာသာရေးကို ခိုက်ရန်ပွားစရာ အဖြစ် ခံယူကြပေ၏''လို့ အိန္ဒိယနိုင်ငံရဲ့ ၁၁ ဆက် မြောက်သမ္မတကြီး အဗ္ဗဒူကလမ်က ဆိုမိန့်ခဲ့ပါတယ်။ အဲဒီ ဟိန္ဒူဘာသာဝင် အိန္ဒိယသမ္မတကြီးဟာ အစ္စလာမ် ဘာသာဝင် အင်ဒိုနီးရှားနိုင်ငံသမ္မတကြီး ဆူကာနို (ဘွန် ကာနို)ရဲ့ ဖွားမြင်စသမီးငယ်ကို 'မေဃဝတီ' (မမိုးတိမ်) ရယ်လို့ အမည်ပေးကင်ပွန်းတပ်ခဲ့သူ(God Father) ဖြစ် ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ အတွေးအမြင်မှာ တစ်ဦးနှင့် တစ်ဦးလေးစားချစ်ကြည်မှုမှာ ဘာသာရေးဆိုတာ တံတိုင်း မဟုတ်ဘူးလို့ ခံယူထားကြတာကို အထင်းသားမြင်တွေ့ နိုင်ပါလိမ့်မယ်။ ဘာသာရေးဆိုတာ လူတွေရဲ့နှလုံးသား ကို ငြိမ်းချမ်းစေတဲ့အရာဖြစ်ပါတယ်။ ခိုမှီရာ ကိုင်းညွတ် ရာလည်းဖြစ်ပါတယ်။ အဲဒီဘာသာတရားကို ကိုးကွယ် ယုံကြည်မှုကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေပေါ်ပေါက် လာတယ်။ ရန်လိုမုန်းတီးမှုတွေ ပေါ်ပေါက်လာတယ် ဆိုတာကတော့ ဘာသာရေးကိုးကွယ် ယုံကြည်မှုကိုအရေ ခြုံပြီး မိမိတို့စိတ်က ပြဋ္ဌာန်းချက်များကိုသာ အကောင် အထည်ဖော် လုပ်ဆောင်လိုကြတဲ့ အစွန်းရောက်သူများရဲ့ အသိÓဏ်မဲ့ မိုက်မဲတွေဝေမှုသာဖြစ်ပါတယ်။

          အခုဖြစ်ပွားတဲ့ ပြဿနာများမှာ မြန်မာနိုင်ငံရဲတပ် ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအားနည်းမှုနဲ့ အုပ်ချုပ်ရေးတာ ဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ တာဝန်ယူမှုအပိုင်း အားနည်းမှုတွေ ကိုလည်းတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ဒီလိုပြဿနာမျိုးတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အလွန်ပဲ အားနည်းနေသေးတာကို တွေ့မြင်နေရပါတယ်။ ရခိုင် ပြည်နယ်အရေးမှာ ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အဖွဲ့တို့ရဲ့ ကိုင်တွယ်ဖြေရှင်းပုံ အားနည်းမှုတွေကြောင့် မဖြစ်သင့်တဲ့ အတိုင်းအတာအထိ ကြီးထွားလာခဲ့ရတယ် ဆိုတာကို တွေ့မြင်ရပါတယ်။ ယခုဖြစ်ရပ်ကို သုံးသပ် ရရင် ယခင်ကလုပ်ဆောင်ချက်အမှားတွေကြောင့် နောက် ထပ်မှားမှာကို စိုးရိမ်ပြီး မလုပ်ရဲမကိုင်ရဲဖြစ်နေတဲ့ အသွင် သဏ္ဌာန်ကို မြင်တွေ့ရပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူနဲ့ လက်နက် တုတ်ဓားဆွဲကိုင်၍  ရမ်းကားသူကို ခွဲခြားမမြင်နိုင်သေးကြောင်း တွေ့မြင်ရ ပါတယ်။ အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များရဲ့ အားနည်း ချက်ကတော့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ကို ကိုင်တွယ်ဖြေရှင်းရာမှာ လုံးဝအားနည်းနေပြီး၊ ယခု ထက်တိုင် ပြည်သူများ သိသင့်သိထိုက်တဲ့ သတင်းအ ချက်အလက်အမှန်များကို မထုတ်ပြန်နိုင်သေးတာက အရိုးစွဲအမူအကျင့်များကို မစွန့်နိုင်သေးတာလား၊ အရှိန်နဲ့ ပြေးနေရုန်းနေတဲ့ ခေါင်းဆောင်မှုနောက်ကို မလိုက်နိုင် သေးတာလား၊ မလိုက်လိုသေးတာလားဆိုသည်ကိုတော့ အဖြေတစ်ခုထုတ်ပေးကြဖို့ လိုအပ်နေပြီလို့သာ တင်ပြချင် ပါတယ်။ လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြတဲ့နေရာတိုင်း မှာ မတူညီမှုနဲ့ ကွဲပြားမှုတွေဟာ အမြဲရှိနေမှာပါ။ အဲဒီ အတွက် ပဋိပက္ခဆိုတာလည်း တစ်ချိန်မဟုတ်တစ်ချိန်မှာ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ပေါ်ပေါက်လာနိုင်ပါတယ်။ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို စောင့်ရှောက်ကာကွယ်ဖို့တာဝန်ရှိ သူတွေမှာ နောက်နောင်ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာများ ကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပြည့်ဝတဲ့အရည်အသွေးနဲ့ ကျွမ်းကျင်မှုများစွာ လိုအပ်ပါကြောင်း အကြံပြုချင်ပါ တယ်။

          ဒီနိုင်ငံဟာ ကျွန်တော်တို့ နိုင်ငံသားအားလုံးရဲ့အိမ် ပါ။ ကျွန်တော်တို့အိမ်ကို သာယာချမ်းမြေ့သော သီရိ ဂေဟာအဖြစ် ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မွမ်းမံပြင်ဆင်ဖို့ ဟာ ကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ ဘာကြောင့် ကျွန် တော်တို့ဟာ ကိုယ့်အိမ်ကို ကိုယ်မီးရှို့ချင်နေကြတာလဲ၊ ဘာကြောင့် တစ်အိမ်တည်းနေသူချင်း မလိုမုန်းထားခိုက် ရန်ပွားနေရတာလဲ။ ဗုဒ္ဓဘာသာဖြစ်စေ၊ အစ္စလာမ်ဖြစ် စေ၊ ခရစ်ယာန်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ ဒီနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရပြီးတဲ့ သူတိုင်းဟာ ဒီနိုင်ငံကို ကိုယ့်အိမ်ကိုယ့်ယာလို သဘော ထားရပါမယ်။ ချစ်မြတ်နိုးနိုင်ရပါမယ်။ အိမ်တွင်းရေး ကိစ္စတိုင်းကို အိမ်သူအိမ်သားစိတ်ဓာတ်နဲ့ ညှိနှိုင်းဖြေရှင်း နိုင်ကြဖို့လိုပါတယ်။ နိုင်ငံသားစိတ်ဓာတ် အပြည့်ရှိကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံသားများအဖြစ် ကမ္ဘာ့အလည်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့အတွက် နိုင်ငံကြီးသားပီသတဲ့စိတ် ဓာတ်ကို မွေးမြူကြစေလိုပါကြောင်း တင်ပြတိုက်တွန်း လိုက်ပါတယ်။

ထင်လင်းဦး - by Messenger News Journal


လျော်ကြေးမယူထားသည့် လယ်မြေပေါ် လုပ်ငန်းလာလုပ်လို့ အခြေအတင်ဖြစ်

Posted: 24 Mar 2013 03:33 AM PDT

လက်ပံတောင်း ဒေသ ဆည်တည်း ကျေးရွာ မှ မရီဝင်း ပိုင်ဆိုင်သည့် လယ် ၉ဧကခွဲ အား မတ်၂၂ ရက်နေ့နေလည် ၂း၀၀ခန်တွင် ၀မ်ပေါင်ကုမ္ပဏီက အဆောက်အဦး ဆောက်လုပ်ရန် အတွက် စက်ယန္တရားကြီးဖြင့် မြေညို့ ရာမှ ဆည်တည်း ရွာသူရွာသားများနှင့် အခြေအတင် စကားပြောဆို ခြင်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပဲခူးတွင်ကျူးကျော်နေထိုင်သူများကို မြေနေရာချထားပေးပြီ

Posted: 24 Mar 2013 03:23 AM PDT

ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စီမံကိန်း မြေနေရာများတွင် ကျူးကျော်၍ နေထိုင် လာကြသည့် အိမ်ထောင်စု အလိုက် ပြောင်းရွှေ့လာသူများ အား မြေနေရာ ချထားပေးမှုကို ၂၀၁၃ ခုနှစ် မတ်လ (၁)ရက်မှ စတင်ပြီး ဆောင်ရွက် နေလျက် ရှိကြောင်း၊ မြို့မြေနေရာ ချထားရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

Posted: 24 Mar 2013 03:07 AM PDT

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌနှင့် သမ္မတရုံး ဝန်ကြီှးှဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များကြောင့် မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည် ဆောက်လုပ် ပေးသွားမည်ဟု ယနေ့မနက်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုတွေ့ရှိ

Posted: 24 Mar 2013 02:41 AM PDT

မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့အဖြစ် စားသုံးလေ့ရှိသည့် လက်ဖက်ထဲတွင် ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်းများရှိနေ ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ ““ဆရာတို့အနေနဲ့ အရင် တုန်းက စစ်ဆေးလို့တွေ့ရှိတာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာမြို့ကို ကုလအကြံပေး ဗီဂျေနမ်ဘီယား ရောက်ရှိ (ရုပ်/သံ)

Posted: 24 Mar 2013 02:42 AM PDT

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အကြံပေး မစ္စတာဗီဂျေးနမ်ဘီယားနှင့် အစိုးရအဖွဲ့ဝင်တွေ၊၊ ဘာသာရေး ခေါင်းဆောင်တွေက ဒီကနေ့ မနက်မှာ သွားရောက်လေ့လာခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းမှာ ကုလသမဂ္ဂအတွင်းရေးမှူး အကြံပေး မစ္စတာ ဗီဂျေနမ်းဘီးယားနှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒတို့ သွားရောက် ကြည့်ရှုစဉ်။ Photo : RFA/ Myo Zaw Ko

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)

Posted: 23 Mar 2013 09:31 PM PDT

မတ်လ ၂၃ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ရမည်းသင်းမီးလောင်မှု အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီး

Posted: 23 Mar 2013 02:57 PM PDT

ယမန်နေ့ည (မတ်လ ၂၃ရက်နေ့)ည ၈ နာရီခန့်က ရမည်းသင်းမြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင်ကျွမ်းမှုဖြစ်တဲ့အတွက် အစ္စလာမ်ဘာသာရေး ဝတ်ပြုကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီးခဲ့တယ်လို့ RFA ကစုံစမ်းသိရပါတယ်။ ဒီမီးလောင်မှုဟာ အယောက်တစ်ရာခန့်ရှိတဲ့ အမည်မသိလူအုပ်စုတစ်စုရဲ့ လက်ချက်ဖြစ်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရမည်းသင်း နဲ့ ၃၄ မိုင်ခန့်အကွာက မိတ္ထီလာမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့စဉ်

တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ ကြိုးပမ်းရမည်

Posted: 23 Mar 2013 02:46 PM PDT

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ အားနည်းနေပြီး၊ ပြည်သူတွေကလည်း တရားရုံးတွေကို ယုံကြည်မှု မရှိတာ တွေ့ရတဲ့အတွက် တရားစီရင်ရေးစနစ်ကို ပြင်ဆင်နိုင်ဖို့ အမြန်ဆုံး ကြိုးစားသွားရမယ်လို့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ

Posted: 23 Mar 2013 02:40 PM PDT

တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည်များ ပြန်လည်
နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူထားကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အကြမ်းဖက်သူတွေကို ဥပဒေနှင့်အညီအရေးယူသွားမည်

Posted: 23 Mar 2013 02:30 PM PDT

မိတ္ထီလာ အကြမ်းဖက်မှုမှာ ပါဝင်ကျူးလွန်ခဲ့ သူတွေကို ဥပဒေနဲ့ အညီ အရေးယူ သွားမယ့် အကြောင်း သမ္မတပြောခွင့်ရက ပြောပါတယ်။ လူသေဆုံး တဲ့အထိ အကြမ်း ဖက်ပဋိပက္ခတွေဖြစ်ခဲ့တဲ့ မိတ္ထီလာခရိုင် လေးမြို့နယ်ကို သမ္မတ အမိန့်နဲ့ အရေးပေါ် အခြေအနေ ကြေညာပြီး---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာအကြမ်းဖက်မှု အပျက်အစီးတွေကို စစ်တပ်က ရှင်းလင်းနေစဉ်။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။

မိတ္ထီလာအဓိကရုဏ်း လူပေါင်း ၂ သောင်းကျော်အိုးအိမ်မဲ့

Posted: 23 Mar 2013 02:22 PM PDT

အဓိကရုန်းနဲ့ အကြမ်းဖက်တာတွေ ဖြစ်ခဲ့တဲ့ မိတ္ထီလာမှာ ဒီကနေ့ အခြေအနေတွေ ပြန်ပြီးတော့ တည်ငြိမ်လာ နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ နှစ်ရက်ကြာ ဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ် မတည်မငြိမ် အခြေအနေတွေကြောင့် လူပေါင်း ၂၀,၀၀၀ လောက်  အိုးအိမ်ပစ်ပြီး ဒုက္ခသည် ဖြစ်ခဲ့ရတယ်လို့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာပဋိပက္ခ မြန်မာကိုင်တွယ်ပုံ အမေရိကန်ထောက်ခံ

Posted: 23 Mar 2013 02:15 PM PDT

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက်ဆက်သွယ် အသိပေး ထားတယ်လို့

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နယ် တည်ငြိမ်ရေး လုံခြုံရေးတာဝန်ယူနေကြသော စစ်သည်များ။ (မတ်လ ၂၃၊ ၂၀၁၃)

ဘင်္ဂလားဒေ့ရှ်လေဆင်နှာမောင်း ၂၀ ကျော်သေ

Posted: 23 Mar 2013 02:13 PM PDT

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ လူ ၂၀ အသက်ဆုံးခဲ့ပြီး လူဒါဇင်နဲ့ချီ လွှင့်ပါသွားခဲ့တဲ့ Tornado လေဆင်နှာမောင်းတခု သောကြာနေ့ကတိုက်ခတ်ခဲ့ပါတယ်။ ပြင်းထန်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ဓာတ်အားပေးတိုင်နဲ့ သစ်ပင်တွေ အမြစ်ကကျွတ်ထွက်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မိတ္ထီလာ အဓိကရုဏ်း သေဆုံးသူ ၃၀ ကျော်

Posted: 23 Mar 2013 02:04 PM PDT

မိတ္ထီလာ အဓိက ရုဏ်းတွေ အတွင်း အနည်းဆုံး ၃၀ ကျော် သေဆုံး သွားခဲ့ တယ်လို့ ဒုတိယ ရဲမှူးကြီး တဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။ ၂၃ ရက်နေ့ ညနေ ကလည်း အိမ်တွေကို သွားရောက် တိုက်ခိုက်မှု တခု ဖြစ်ပွား ခဲ့တယ် လို့လည်း ဒုတိယ ရဲမှူးကြီးက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အဓိက ရုဏ်းတွေ အတွင်း အနည်းဆုံး ၃၀ လောက် သေဆုံး သွားခဲ့ ရပါတယ်

ဗြိတိန် အခြေစိုက်ရုရှ သူဌေးကြီး ဘာရာဇော့ဗ စကီး အိမ်မှာ သေဆုံးနေ

Posted: 23 Mar 2013 02:02 PM PDT

ရုရှ သူဌေးကြီး ဘာရာဇော့ဗ စကီး လန်ဒန် နားမှာရှိတဲ့ သူ့အိမ် အတွင်းမှာ သေဆုံးနေတာ ကို တွေ့ရှိရပါတယ်။ သူဟာ အသက် ၆၇ နှစ်ရှိ ပြီး ၁၉၉၀ နှစ်တွေ တဝိုက် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့ ကာလ မှာ အလွန်အောင်မြင် ချမ်းသာလာတဲ့ စီးပွားရေး သမား ဖြစ်လာခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမ္မတ ပူတင် ကို အတိုက်အခံ လုပ်ခဲတဲ့ ရုရှ စီးပွားရေး လုပ်ငန်းရှင်ကြီး

မတ်လ ၂၃ ရက်နေ့ ထုတ် Focus Online အတွဲ (၈)၊ အမှတ် (၃၄)

Posted: 23 Mar 2013 02:01 PM PDT

မတ်လ ၂၃ ရက်နေ့ ထုတ် Focus Online အတွဲ (၈)၊ အမှတ် (၃၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--

စစ်မှန်သောမိသားစုမှကြိုဆိုပါသည်။

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
Mar 24, 2013, 11:47:13 PM3/24/13
to စစ်မှန်သောမိသားစု

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
Mar 25, 2013, 12:04:07 AM3/25/13
to စစ်မှန်သောမိသားစု
---------- Forwarded message ----------
From: Thit Htoo Lwin <nor...@blogger.com>
Date: 2013/3/23
Subject: သစ်ထူးလွင်
To: ms.the...@gmail.com


မိတ္ထီလာမှာ အခြေအနေတွေ ငြိမ်သက်လို့ တပ်မ ၇၇ ပြန်လည်ထွက်ခွာ

Posted: 23 Mar 2013 05:15 AM PDT

မတ်လ ၂၀ ရက်နေ့ကစပြီး မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ မိတ္ထီလာဒေသမှာ အခြေအနေတွေ ငြိမ်သက်ပြီ ဖြစ်တဲ့အတွက် အင်းတကော်အခြေစိုက် တပ်မ ၇၇ ဌာနချုပ်က တပ်ရင်းသုံးရင်းဟာ ဒီကနေ့နေ့လည်က ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ---

မိတ္ထီလာ အဓိကရုဏ်းကြောင့် သေဆုံးသူ ၁၁ ဦးရှိ

Posted: 23 Mar 2013 05:10 AM PDT

မိတ္ထီလာမြို့မှာ အဓိကရုဏ်းကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သေဆုံးသူ ၁၁ ဦးရှိပြီး၊ ဒဏ်ရာရသူ ၃၉ ဦးရှိတယ်လို့  စနေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပေမယ့်၊ မြို့ခံတချို့ကတော့ သေဆုံးသူ ဦးရေဟာ ၄ဝနဲ့ ၅ဝ ကြားလောက် ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။ ----

မတ်လ(၂၅)ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် အတွဲ (၉)၊ အမှတ်(၁၂)

Posted: 23 Mar 2013 04:54 AM PDT

မတ်လ(၂၅)ရက်နေ့ ထုတ် The Voice Weekly ဂျာနယ် အတွဲ (၉)၊ အမှတ်(၁၂)

မတ်လ ၂၅ ရက်နေ့ ထုတ် လျှပ်တပျက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၄)

Posted: 23 Mar 2013 04:53 AM PDT

မတ်လ ၂၅ ရက်နေ့ ထုတ် လျှပ်တပျက် သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၂၄)

မတ်လ ၂၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၂)

Posted: 23 Mar 2013 04:50 AM PDT

မတ်လ ၂၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၂)

မိတ္ထီလာမှာ စစ်တပ် ချထား

Posted: 23 Mar 2013 04:44 AM PDT

မိတ္ထီလာမှာ အရေးပေါ် အခြေ အနေ ကြေညာ ပြီးနောက် စစ်တပ်ကို ချထား လိုက်ပြီး စစ်သား တွေဟာ မြို့ လမ်းမတွေ ပေါ်မှာ ကင်းလှည့် သွားလာ စောင့်ကြည့် နေကြ ပါတယ်။ အခုတော့ အခြေ အနေတွေ ပြန်တည် ငြိမ်လာပြီ ဖြစ်ပြီး၊ အရင် သုံးရက်က ဖြစ်ပွား ခဲ့တဲ့ အဓိက ရုဏ်းတွေ ---

အဓိက ရုဏ်းတွေ အတွင်း အနည်းဆုံး ၂၀ လောက် သေဆုံး သွားခဲ့ ရပါတယ်

မိတ္ထီလာတွင် ကယ်ဆယ်ထောက်ပံရေး စတင်

Posted: 23 Mar 2013 04:33 AM PDT

ရွှေအရောင်းအဝယ်ပြုရာမှ ပဠိပက္ခများ ဖြစ်ပေါခဲ့သော မိတ္ထီလာမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းတွင် ဒုက္ခသည် ၄၅၀၀ ကျော်နင့် ခရိုင်အားကစားကွင်းရှိ ဒုက္ခသည် ၂၀၀၀ ခန့်ကို ကယ်ဆယ်ထောက်ပံရေး လုပ်ငန်းများ ကိုဆောင်ရွက်ရန် သံင်္ယာတော်များ၊ ---
မတ်လ ၂၃ရက်နေ့ မိတ္ထီလာမြို့မြင်ကွင်းများ။ ဓါတ်ပုံ - The Voice Weekly


ကရင်နီဒုက္ခသည် စခန်း မီးလောင်မှုကြောင့် လူ၃၀ကျော်သေ

Posted: 22 Mar 2013 07:35 PM PDT

ထိုင်းမြန်မာ နယ်စပ် မယ်ဟောင်ဆောင် မြို့နယ်က ကရင်နီ ဒုက္ခသည်စခန်း အမှတ်၂ရဲ့ ရပ်ကွက် ၁နဲ့ ၄မှာ မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ခဲ့ရာမှာ လူ၃၀ ကျော် သေဆုံးပြီး အိမ်ခြေ၄၀၀ကျော် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူတွေထဲမှာ ကလေးငယ်တွေရော၊ သက်ကြီးရွယ်အိုတွေပါ ပါတယ်လို့ ဆိုပါတယ်။ ----
 ကရင်နီ ဒုက္ခသည်စခန်း ၂မှာ အိမ်ခြေ၆၀၀ ကျော်လောက်ရှိ

မိတ္ထီလာ အဓိကရုဏ်း နဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ရုပ်/သံ)

Posted: 22 Mar 2013 07:29 PM PDT

မန္တလေးတိုင်း မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်က တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို အခု ထုတ်လွှင့်ပေးမှာပါ။

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ခိုးယူဖျက်ဆီးသူများအား ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်

Posted: 22 Mar 2013 02:43 PM PDT

မော်လမြိုင်မြို့၊ ကျောက်တန်း ရပ်ကွက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့မျက်နှာစာတွင် စိုက်ထူထားသည့်  ဗိုလ်ချုပ် အောင်ဆန်း၏ ဗီနိုင်းပုံနှင့် ရောင်စုံ မီးသီးများအား မြေမှ ကွဲကွာ အောင်ပြုလုပ် ရွေ့စေခြင်းဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၇၈ ပါ ခိုးမှုအင်္ဂါရပ် များကို---

အရေးပေါ်ကြေညာပြီး မိတ္ထီလာငြိမ်သက်

Posted: 22 Mar 2013 02:32 PM PDT

“ဟုတ်ကဲ့။ လမ်းတွေအားလုံးကို စစ်တပ်က တာဝန်ယူလိုက်ပါပြီ။ စစ်ဥပဒေကြေညာပြီးတော့ ပြဌာန်းလိုက်ပြီ။ စစ်တပ်က အကုန်တာဝန်ယူလိုက်ပြီ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီထင်ပါတယ်။ မာရှယ်လော-က။ အဲဒီကာလမှာ ကိုယ့်အိမ်ထဲမှာကိုယ် နေကြပေတော့-ပဲ။” ---
မိတ္ထီလာမြို့တွင်း မီးလောင်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ရာနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားကြသော တပ်ဖွဲ့ဝင်များ။ (မတ်လ ၂၂၊ ၂၀၁၃)

အရေးပေါ်အမိန့် ထုတ်ပြီး ဘယ်လို ကိုင်တွယ် မလဲ

Posted: 22 Mar 2013 02:23 PM PDT

မိတ္ထီလာ မြို့မှာ ဖြစ်ပွား နေတဲ့ ဆူပူ အကြမ်း ဖက်မှု တွေကို တွေကို ထိရောက်အောင် ကိုင်တွယ် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ အတွက် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် နဲ့ သာစည် စတဲ့ လေး မြို့နယ်မှာ အရေးပေါ် အခြေ အနေ ကြေညာ လိုက်ပါတယ်။ ---
မိတ္ထီလာက အကြမ်းဖက် ဆူပူမှုတွေကို ထိန်းနိုင်ခြင်း မရှိခဲ့

Google ဥက္ကဌ မြန်မာ့ ဆက်သွယ်ရေးမှာ ပုဂ္ဂလိကတွေ လုပ်ခွင့်တောင်း

Posted: 22 Mar 2013 02:12 PM PDT

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ ဂူဂဲလ်ရဲ့ ဥက္ကဌ အဲရစ်ခ် ရှမစ်တ် က မြန်မာ နိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေ တိုးတက် ကောင်းမွန်လာဖို့ အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို ဝင်ရောက် လုပ်ကိုင်ခွင့်ပြုဖို့ မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။ ---

Google ဥက္ကဌ မြန်မာ့ ဆက်သွယ်ရေးမှာ ပုဂ္ဂလိကတွေ လုပ်ခွင့်တောင်း

မိထ္တီလာ အရေးနဲ့ ပတ်သက်ပြီး၊ ကိုမင်းကိုနိုင်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံဖိုင်)

Posted: 22 Mar 2013 07:55 AM PDT

မိထ္တီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး၊ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီယားနဲ့ ကိုမင်းကိုနိုင် တို့ ဘာတွေ ဆွေးနွေး ခဲ့ကြတယ် ဆိုတာကို ဦးဝင်းမြင့်က ကိုမင်းကိုနိုင်ကို ဆက်သွယ် မေးမြန်းထား ပါတယ်။

အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဘီ၊ဂျေး၊နမီး္ဘယားသည် ၂၂၊ ၃၊၂ဝ၁၃နေ့၊ ညနေ၄း၃ဝနာရီတွင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလလမ်းရှိ ၈၈မျိုးဆက်ရုံးသို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့်တွေ့ဆုံကာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ဓါတ်ပုံ - 88 Generation Students

မိထ္ထီလာမြို့မှ ပဋိပက္ခကြောင့် နိုင်ငံခြားခရီးသွားဧည့်များ အဟန့်အတား ဖြစ်နိုင်ဟုဆို

Posted: 22 Mar 2013 07:48 AM PDT

မိတ္ထီလာမြို့နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် နိုင်ငံခြားခရီး သွားဧည့်များ၏ ခရီးစဉ်များ ရပ်ဆိုင်း သွားနိုင်မည့် အခြေအနေ မဖြစ်နိုင် သော်လည်း အဟန့်အတား တစ်ခု ဖြစ်နိုင်ကြောင်းခရီသွား လုပ်ငန်းရှင်များ ထံမှ သိရသည်။ " ပြည်တွင်း မငြိမ်းချမ်း မှုကြောင့် ----

မတ်လ ၂၂ ရက် မိတ္ထီလာ မြင်ကွင်း (ရုပ်/သံ - အပိုင်း ၂)

Posted: 22 Mar 2013 07:30 AM PDT

လုံခြုံရေးထိန်းသိမ်းမှု အခြေအနေနဲ့ မီးလောင်မှုတွေ အကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ် ပြောကြားချက်

မိတ္ထီလာ ပဋိပက္ခအတွင်း ပိတ်မိနေသူတွေကို လိုက်လံ ကယ်ထုတ်နေပြီ (ရုပ်/သံ)

Posted: 22 Mar 2013 07:23 AM PDT

မိတ္ထီလာ ပဋိပက္ခအတွင်း ပိတ်မိနေသူတွေကို သံဃာတော်တချို့နဲ့ လုံခြူံရေး ၀န်ထမ်းတွေက မတ်လ ၂၂ ရက်နေ့က လိုက်လံ ကယ်ထုတ်နေပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပါတယ်။ ဒီသတင်းကို ဦးကိုသက်က ပေးပို့ ထားပါတယ်။
You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

"☆•❤´¯``သိဂီၤ´¯``❤•☆ -"

unread,
Mar 25, 2013, 12:08:19 AM3/25/13
to စစ်မှန်သောမိသားစု
---------- Forwarded message ----------
From: Thit Htoo Lwin <nor...@blogger.com>
Date: 2013/3/22
Subject: သစ်ထူးလွင်
To: ms.the...@gmail.com


မိတ္ထီလာ အဓိကရုဏ်းကို ဖြေရှင်းဖို့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ လပခတိုင်းမှူးကို တာဝန်ပေး

Posted: 22 Mar 2013 06:35 AM PDT

မတ်လ ၂၁ ရက်နေ့ မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ အဓိကရုဏ်းတွေ အဓိကဖြစ်ပွားနေတဲ့ မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာမြို့အပါအဝင် အနီးဆုံးမြို့တွေဖြစ်တဲ့ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေမှာ အင်းတကော် အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းသုံးရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ ---

မတ်လ ၂၂ ရက် မိတ္ထီလာ မြင်ကွင်း (ရုပ်/သံ)

Posted: 22 Mar 2013 06:17 AM PDT

မတ်လ ၂၂ ရက် မိတ္ထီလာ မြင်ကွင်း (ရုပ်/သံ)

ဒုက္ခသည် ၁၀၀၀ ကျော်ကို မိတ္ထီလာ ခရိုင်အားကစားကွင်းတွင် နေရာချ

Posted: 22 Mar 2013 06:05 AM PDT

“တခုမှ မဖွင့်ဘူး၊ အကုန်လုံး ပိတ်ထားတယ်။ မြို့ခံတွေ အကုန်လုံးကလည်း ကြောက်ရွံ့နေကြတယ်။ ကိုယ့်ရပ်ကွက် လုံခြုံရေးအရ ကိုယ်နဲ့သာ ဆိုင်တယ်ဆိုပြီး အကုန်လုံခြုံရေး ယူနေကြတယ်။ သက်ကြီးရွယ်အိုတွေကတော့ အကုန်လုံး တခြားမြို့ရွာတွေ ပြောင်းပြေးကုန်ကြတယ်။” ---

ရေလည်ကျွန်းက မူးယစ်ဆေးဝါး တွေကို ကရင်လူငယ် အဖွဲ့ ဝင်ရောက် ဖမ်းဆီး (ရုပ်/သံ)

Posted: 22 Mar 2013 05:50 AM PDT

ထိုင်း-မြန်မာ ချစ်ကြည်ရေး ရေလည်ကျွန်းက မူးယစ်ဆေးဝါးရောင်းတဲ့ နေရာတွေကို ကရင်လူငယ်အဖွဲ့က ဦးဆောင်ပြီး သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို နော်ဝဒီ တင်ဆက်။ ရိုက်ကူး ဖိုးစီ

အင်တာနက်ကို မြန်မာအစိုးရ မထိန်းချုပ်စေဖို့ ဂူဂယ်ဥက္ကဌ ပြော (ရုပ်/သံ)

Posted: 22 Mar 2013 05:33 AM PDT

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် မြန်မာ အစိုးရကို အင်တာနက်ကို စည်းမျဉ်း စည်းကမ်းတွေနဲ့ ထိန်းချုပ်မှု လုံးဝ မလုပ်နိုင်အောင် ကြိုးစားရမယ်လို့ ရန်ကုန်ကိုရောက်ရှိနေတဲ့ Google ဥက္ကဌက မတ်လ ၂၂ရက်မှာ ပြောဆို လိုက်ပါတယ်။

မိထ္ထီလာမြို့ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများ

Posted: 22 Mar 2013 05:18 AM PDT

“ခုဟာက ရဲက မြောက်သွားရင် တောင်က လုတယ်။ တောင်သွားရင် မြောက် ကလုတယ်။ အဲဒီလိုဖြစ်နေတယ်။ အဓိကက ရဲအင်အား မလုံလောက်တာ မဟုတ်ပါဘူး။ လူဦးရေ လေးငါးခြောက်သိန်းလောက်ရှိတဲ့ မြို့ကြီးကို ကာကွယ်ဖို့က လူတွေကိုယ်တိုင်က မဆူချင်မ ပူချင်မှရတာ။ ခုဟာက ကျွန်တော်တို့ သိရသလောက် လုချင်ယက်ချင်တဲ့ သူက များနေတယ်”
မထ္ထီလာမြို့ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နေ့လည်ပိုင်းက ဒေသခံများထံမှ တုတ်၊ဓါး လက်နက်များ စစ်ဆေးသိမ်းဆည်းနေစဉ်.. ဓါတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 7Day News Journal

မထ္ထီလာမြို့ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နေ့လည်ပိုင်းက ဒေသခံများထံမှ တုတ်၊ဓါး လက်နက်များ စစ်ဆေးသိမ်းဆည်းနေစဉ်.. ဓါတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 7Day News Journal

မိတ္ထီလာ ဘာသာရေး အဓိကရုဏ်း လူ၂ဝကျော်သေဆုံး (ရုပ်/သံ)

Posted: 22 Mar 2013 04:55 AM PDT

အကြမ်းဖက်မှု၊ သတ်ဖြတ်မှု တွေကြောင့် လူ ၂ဝကျော် သေဆုံးခဲ့ရပြီး ဥပဒေစိုးမိုးမှု လုံးဝပျက်စီးနေတဲ့ မိတ္ထီလာမြို့ကို ၈၈ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ရွှေညဝါ ဆရာတော်တို့ မတ်လ ၂၁ရက်နေ့ မနက်မှာ ရောက်ရှိခဲ့ပါတယ်။

မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ကြေညာ

Posted: 22 Mar 2013 04:42 AM PDT

မိတ္ထီလာမြို့မှာ ဖြစ်ပွား နေတဲ့ အဓိကရုဏ်း တွေကြောင့် မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် နဲ့ သာစည် ၄ မြို့နယ်ကို သမ္မတ အမိန့်နဲ့ ဒီကနေ့က စလို့ အရေးပေါ် အခြေ အနေ ကြေညာ လိုက်ပါတယ်။ အခင်း ဖြစ်ပွားတဲ့ ၂၀ ရက်နေ့ ကနေ ဒီကနေ့ မွန်းလွဲပိုင်း အထိ အဓိကရုဏ်းကြောင့် ၅ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိကာ၊ အိမ် ၁၄ လုံး နဲ့ ဗလီ ၆ လုံး မီးရှို့ ခံရ ---
ဒီကနေ့ မနက်ပိုင်း အထိ မိတ္ထီလာ မြို့မှာ အဓိက ရုဏ်း အနည်းငယ် ဖြစ်ပွားခဲ့

မိတ္ထီလာခရိုင်မှာ အရေးပေါ် အခြေအနေ ကြေညာ

Posted: 22 Mar 2013 04:28 AM PDT

ဆူပူအကြမ်း ဖက်မှုများမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာ ခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း ---

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း

Posted: 22 Mar 2013 04:29 AM PDT

မိတ္ထီလာ အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာ လိုက်ခြင်း
================

နိုင်ငံတော် သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
---------------------

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ
-မိတ္ထီလာမြို့နယ်
-ဝမ်းတွင်းမြို့နယ်
-မလှိုင်မြို့နယ် နှင့်
-သာစည်မြို့နယ်များအတွင်း

ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

ပုံ
သိန်းစိန်

မိတ္ထီလာ ပဋီပက္ခ လူ (၂၀)ကျော် သေဆုံးပြီဟုဆို

Posted: 21 Mar 2013 11:33 PM PDT

မိတ္ထီလာမြို့၌ ဘာသာရေးလူမျိုးရေးကို အကြောင်းပြပြီး ဖြစ်ပွားနေသည့် ၃ရက်အတွင်း အကြမ်းဖက်တိုက်ခိုက် ဖျက်စီးမှုများကြောင့် လူ ၂ဝကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ကမာရွတ်မီဒီယာသို့ အတည်ပြုပြောဆိုလိုက်သည်။ ---

မိတ္ထီလာမြို့တွင် ဆူပူနေသူများကို ပစ်ခတ်နှိမ်နှင်းဖို့ ပြည်ထဲရေးကခွင့်မပြု

Posted: 21 Mar 2013 11:20 PM PDT

မတ်လ ၂၁ ရက်နေ့မှစတင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့မှာ ဆူပူအကြမ်းဖက်နေတဲ့ သင်္ကန်းဝတ်ပါ လူအုပ်တွေကို ဥပဒေလုပ်ထုံးလုပ်နည်းအရ ပစ်ခတ်နှိမ်နှင်းဖို့ကို ယခုအချိန်ထိ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ယင်းဒေသမှာ လုံခြုံရေး တာဝန်ယူနေတဲ့ ရဲအရာရှိတစ်ဦးက---

မတ်လ ၂၁ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)

Posted: 21 Mar 2013 11:06 PM PDT

မတ်လ ၂၁ ရက်နေ့ မိတ္ထီလာမြို့ မြင်ကွင်း (ရုပ်/သံ)

ရက်ပေါင်း ၉၀ အတွင်း FEC လဲလှယ်နိုင်မည်

Posted: 21 Mar 2013 10:57 PM PDT

အစိုးရ၏ ခွင့်ပြုချက်အရ FEC ပြန်လည်လဲလှယ်ပေးမှုကို ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း လဲလှယ် ပေးသွားမည်ဟု သက်ဆိုင်ရာက သတင်းထုတ်ပြန်သည်။ ယင်းသုံးလတာ သတ်မှတ်ထားသည့် ကာလအတွင်း အကြောင်း အမျိုးမျိုးကြောင့် လဲလှယ်နိုင်ခြင်း မရှိသူများအား နောက်ပိုင်းတွင် နောက်ကျ လဲလှယ်ရသည့် အကြောင်းရင်းကို---

ခိုးယူရန်အိမ်တွင်းဝင်စဉ် လူမိရ်ျ ဓားဖြင့်ခုတ် အိမ်ရှင်များ ဒဏ်ရာရ

Posted: 21 Mar 2013 10:45 PM PDT

ရန်ကုန်တိုင်း မရမ်းကုန်မြို့ နယ် (အမှတ် ၃၃)၊ ရွေနှင်းဆီးကန်လမ်း၊ (၅) ရပ်ကွက် နေ ဒေါ်ဝင်းဝင်းမော် ၏ နေအိမ်တွင် ၂၁.၃.၂၀၁၃ နေ့ ည ၂၀၀၀ အချိန်မှာ သူခိုးဝင်ရောက်ရာ လူမိသွားသဖြင့် သူခိုးက ဓားဖြင့်ခုတ် တိမ်းရှောင် ထွက်ပြေးသွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းရရှိပါသည်။  ---

အစိုးရ အဖွဲ့ ဂတိမတည်ရင် လွှတ်တော်မှာ အဆိုတင်သွင်း ဆုံးဖြတ်မည်

Posted: 21 Mar 2013 10:10 PM PDT

အစိုးရ အဖွဲ့များ၏ အာမခံချက်၊ ဂတိများ၊ တာဝန်ခံ ချက်များအား အစိုးရဖွဲ့သို့ သတိပေး ချက်ထုတ်ပြန်ပြီး လေးလအကြာ တွင်တုံ့ပြန်မှု မရှိပါက လွှတ်တော် ဥက္ကဌမှ သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့သည့် အဆိုတင်သွင်းကာ ဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်က ယနေ့ ကျင်းပသည့် ---

ရဲတပ်ဖွဲ့ဝင်အင်အား တသိန်းကျော် အထိ တိုးချဲ့ပြင်ဆင် ဆောင်ရွက်နေ

Posted: 21 Mar 2013 09:56 PM PDT

မြန်မာ့ လူဦးေ၇ သန်းခြောက်ဆယ်ကျော် အတွက်လက်ရှိတွင် ရဲတပ်ဖွဲ့ဝင် အင်အားကို တသိန်း ငါးသောင်း အထိတိုး ချဲ့ဖွဲ့စည်း ရန်ဖွဲ့ စည်းပုံများကို ပြင်ဆင် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ကျော်ကျော်ထွန်း ပထမကြိမ် ပြည်သူ့ လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေး( ၂၉)ရက်မြောက်နေ့တွင် ပြောကြားခဲ့သည်။ ---

မုံရွာတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိုး မှ ရပ်ကွက်အစည်းအဝေး တွင် စိန်ခေါ်

Posted: 21 Mar 2013 08:57 PM PDT

"တင်စိုး ကို အင်တာနက်တင်လိုတင် ဟိုတိုင်ဒီတိုင်လုပ်ကြတဲ့ သူတွေကို တင်စိုးဆိုတဲ့ကောင်က ဂရုမစိုက်ဘူး။ ၀န်ကြီးချုပ်တောင်မှ ငါ့ကိုမဖြုတ်ရဲလို့ အသာကြည့်နေရတာ။ ဟော့ဒီ မုံရွာတောင်ရပ်ကွက်ရုံးကို မီးရှို့လို့ရတယ်။ တင်စိုး ဆိုတဲ့ကောင်က အလျှော်ပေးနိုင်တယ်။သိန်းဘယ်နှစ်ထောင်ပေးရ ပေးရ ပေးနိုင်တယ်။ ----

မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ် (မတ်လ ၂၂) ရက်နေ့ 

Posted: 21 Mar 2013 08:42 PM PDT

မတ်လ ၂၀ ရက်နေနဲ့ ၂၁ ရက်ညနေအထိ နှစ်ရက်ကြာ ဖြစ်ပွားပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ မိတ္ထီလာမြို့မှာ ဒီကနေ့ မနက် ၅ နာရီကစပြီး မီးလောင်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။

"ပြည်သူတစ်ချို့က သောင်းကျန်းနေတာပါ။ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။

RFA Burmese


အကြမ်းဖက်မှုတွေ အရှိန်မြင့်ခဲ့တဲ့ မတ်လ (၂၁)ရက်နေ့ မိတ္ထီလာ

Posted: 21 Mar 2013 08:34 PM PDT

ကားကြီးဝင်းအနီး သီရိမင်္ဂလာ(ခ)ရပ်ကွက်တွင် မူဆလင်များက သူ့အိမ်သူ မီးရှို့ပစ်၊ ဗမာများက ဓားနှင့်လိုက်ခုတ်။ ဗမာကောင်မလေး နှစ်ယောက် ဓားခုတ်ခံရ။ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ပစ်ကြ။ မွတ်ဆလင်များရာ ရပ်ကွက်တွေမှ ဗမာအိမ်များ မီးရှို့ခံနေရချိန်တွင် ဗမာများကလည်း မွတ်ဆလင်များအိမ်ကို မီးရှို့ပစ်ကြ။ မွတ်ဆလင်ပိုင် အိမ်များကို မီးလိုက်ရှို့နေ။ မွတ်ဆလင်ပိုင် နှင်းပုလဲ တည်းခိုခန်း မီးထဲပါသွား။ ----

မိတ္တီလာအရေး နိုင်ငံတကာစိုးရိမ်

Posted: 21 Mar 2013 07:21 PM PDT

မြန်မာနိုင်ငံတွင်း မိတ္တီလာမြို့မှာ ဖြစ်တဲ့ အကြမ်းဖက်မှု တွေကြောင့် နိုင်ငံတကာမှာ လည်း မြန်မာနိုင်ငံ အခြေအနေ အပေါ် စိုးရိမ်မှုတွေ တိုးလာပါတယ်။ နောက်ကွယ်က လှုံဆော် မှုတွေ ရှိခဲ့တယ် လို့လည်း ယူဆမှုတွေ ရှိပါတယ်။ နားလည်မှု လွဲနေတဲ့ လူမှုအသိုင်း အ၀ိုင်းကြား ပြန်လည် သင့်မြတ်လာအောင် အစိုးရနဲ့ လူမှု အဖွဲ့အစည်း ခေါင်းဆောင်တွေ ကြိုးပမ်းနေတာတွေကိုလည်း အသိအမှတ်ပြု ကြိုဆိုကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မိတ္တီလာမြို့မှာ ဗုဒ္ဓဟူးနေ့က လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရပေမယ့်၊ အခြေအနေတွေက လုံးဝငြိမ်သက်သွားသေးတာတော့မဟုတ်ပါဘူး။ မနေ့ကအထိ မီးရှို့မှုတွေ လူထိခိုက်သေဆုံးမှုတွေ ရှိနေခဲ့ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေက လုံခြုံရေးဆောင်ရွက်ပေးနေသလို၊ ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် မိတ္တီလာ NLD အမတ် ဦးဝင်းထိန် စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေကလည်း သွေးဆူနေတဲ့ လူအုပ်တွေကို ဖြောင့်ဖျနေရပါတယ်။ ဒီ အခြေအနေကနေ ပိုဆိုးလာမှာကို နိုင်ငံတကာမှာလည်း စိုးရိမ်မှုတွေ တိုးလာပါတယ်။ ၀ါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ ကတော့ လူမှုအသိုင်းအ၀ိုင်းအကြား ပြန်လည်သင့်မြတ်ရေးအတွက် အခုလို ကြိုးပမ်းဆောင်ရွက်သူတွေကို ကြိုဆိုအားပေးတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မန္တလေးတိုင်း မိတ္တီလာမြို့နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေ၊ အိုးအိမ်စည်းစိမ်းပျက်စီးဆုံးရှုံးမှုတွေဖြစ်တယ်ဆိုတဲ့ သတင်းတွေကြောင့် အလွန်တရာ စိုးရိမ်မကင်းဖြစ်ရပါတယ်။ အကြမ်းဖက်မှုကြောင့် နစ်နာဆုံးရှုံးသူ အသက်ဆုံးရှုံးသူတွေ သူတို့မိသားစုဝင်တွေနဲ့ ထပ်တူ ၀မ်းနည်းကြေကွဲကြောင်း ပြောလို ပါတယ်။ ပြန်လည် တည်ငြိမ်မှုရအောင်၊ အပြန်အလှန်လေးစားသမှုနဲ့ စိတ်ရှည်သည်းခံမှုတွေ ရှိအောင်၊ ဆွေးနွေး ညှိုနှိုင်းမှုဖြစ်အောင် ကြိုးပမ်းအားထုတ်နေကြတဲ့ လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေကိုလည်း အားပေးကြိုဆိုပါတယ်။ အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်။”

ရန်ကုန် အမေရိကန်သံရုံးက သံအမတ်ကြီး Derek Mitchell မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ကလည်း ဒီအဖြစ်အပျက်အပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ခဲ့ကြပြီး၊ ဒီပြဿနာကို ဦးစားပေး အလေးထားဖြေရှင်းဖို့ အာဏာပိုင်တွေကို တိုက်တွန်းတောင်းဆိုပါတယ်။ ဖြစ်စအချိန်တွေမှာ လုံခြုံရေးပိုင်းက ကိုင်တွယ်မှု အားနည်းခဲ့တာတွေကြောင့်ဆိုပြီး၊ အာဏာပိုင်တွေကို အပြစ်တင်မှုတွေရှိသလို၊ နောက်ကွယ်မှာ လှုံဆော်မှုတွေရှိနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ အထူးသဖြင့်တော့  ဒီ မတိုင်ခင်ကတည်းက ဘာသာရေးလှုံဆော်စာတွေ ထွက်လာတာကို ထောက်ပြကြပါတယ်။ ဒီအခြေအနေတွေကြောင့် မြန်မာနိုင်ငံတွင်း ဘာသာရေး တင်းမာမှုတွေ ရှိလာနေတယ်လို့ Burma Campaign UK အဖွဲ့က Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

“ဒီအကြမ်းဖက်မှုတွေဖြစ်လာအောင် တမင်သက်သက်နောက်ကွယ်ကနေ လှုံဆော်နေတယ် ဆိုတဲ့အချက်ကို ကျနော်တို့ အတော်လေး စိုးရိမ်သလို၊ ဗြိတိသျှအစိုးရကိုယ်တိုင်ကလည်း ဒီအချက်ကို ထောက်ပြပြောထားပါတယ်။ မြန်မာနိုင်ငံထဲမှာ ဘာသာရေးတင်းမာမှုတွေက ကြီးထွားလာပါတယ်။ စာရွက် စာတမ်းတွေ အထူးသဖြင့် မွတ်ဆလင် ဆန့်ကျင်ရေးစာတွေ ပြန့်နေပါတယ်။”

ဗြိတိသျှနိုင်ငံခြားရေးရုံး ၀န်ကြီး Alistair Burt ကလည်း အကြမ်းဖက်မှုတွေကို ရပ်တန့်သွားစေဖို့ ဆိုင်ရာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတောင်းဆိုနေပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးဖို့၊ အဖြစ်အပျက်နောက်ကွယ်မှာရှိတဲ့ ရန်လိုမုန်တီးမှုတွေ အတွက် ပြေလျှော့အောင်ဆောင်ရွက်ပေးဖို့ အစိုးရအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ တချိန်တည်းမှာပဲ ဗြိတိသျှသံအမတ်ကြီးကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရပိုင်းက တာဝန်ရှိသူတွေ ဘာသာရေးခေါင်းဆောင်တွေကို ဆွေးနွေး တိုက်တွန်းနေတယ်လို့ သိရပါတယ်။ Mark Farmaner ကလည်း နိုင်ငံတကာလက်ခံနိုင်မယ့် တည်ငြိမ်မှုဖြစ် လာရေး နိုင်ငံရေးခေါင်းဆောင်တွေဆောင်ရွက် သွားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“လူမှုအသိုင်းအ၀ိုင်းအချင်းချင်း အပြန်အလှန် နားလည်မှုလွဲမှားနေတာတွေ၊ တင်းမာနေတာတွေ၊ ရန်လိုနေတာတွေ လျှော့ကျသွားပြီး အချင်းချင်း ပြန်လည် နီးစပ် လာစေဖို့ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ထောက်ခံမှုနဲ့အတူ လုပ်ကိုင်ဆောင်ရွက် သွားဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာက ယုံကြည်သက်ဝင်မှု ဘာသာစုံရှိပါတယ်။ တဦးနဲ့တဦး အပြန်အလှန်လေးစားမှုရှိပြီး ငြိမ်းချမ်းစွာ အတူနေထိုင်သွားနိုင်ကြဖို့ အရေးကြီးပါတယ်။”


Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးကလည်း ဒီဖြစ်ရပ်အပေါ်မှာ စိုးရိမ်ပူပင်ကြောင်းနဲ့၊ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အမြန်ဆုံးဆောင်ရွက်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အခုလက်ရှိအခြေအနေကို ရပ်တန့်မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ အကြမ်းဖက်မှုတွေဟာ ကူးစက်ပျံပွားလာမယ့် အန္တရယ်ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)

မိထ္ထီလာမြို့ မြင်ကွင်း (မတ်လ ၂၁၊ ၂၀၁၃)

မြန်မာ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ စစ်ဆေးမယ်

Posted: 21 Mar 2013 07:15 PM PDT

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်လင်း မြင်သာပြီး လွတ်လပ်မှု အပြည့်အဝရှိတဲ့ စုံစမ်းစစ်ဆေးမှုတခု စတင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တညီတညွတ် တည်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ---
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှု တွေကို အပြည့်အဝ စုံစမ်းဖို့ ကုလသမဂ္ဂက ဆုံးဖြတ်

မတ်လ(၂၃)ရက်နေ့ ထုတ် Net Guide ဂျာနယ် အတွဲ (၂)၊ အမှတ်(၇၈)

Posted: 21 Mar 2013 07:00 PM PDT

မတ်လ(၂၃)ရက်နေ့ ထုတ် Net Guide ဂျာနယ် အတွဲ (၂)၊ အမှတ်(၇၈)

မတ်လ ၂၄ ရက်နေ့ထုတ် EURO SPORTS ဂျာနယ် အတွဲ (၄)၊ အမှတ်(၄၉)

Posted: 21 Mar 2013 06:57 PM PDT

မတ်လ ၂၄ ရက်နေ့ထုတ် EURO SPORTS ဂျာနယ် အတွဲ (၄)၊ အမှတ်(၄၉)

လူအုပ်နဲ့ ပဋိပက္ခကို ထိန်းလို့ခက်

Posted: 21 Mar 2013 06:14 PM PDT

မိတ္ထီလာမြို့  မြို့ပေါ်မှာ မီးလောင် မှုတွေ မြင်တွေ့နေရပြီး ဒါဟာ တဘက်နဲ့ တဘက် ရှို့နေတာ ဖြစ်တယ်လို့ မိတ္ထီလာမြို့ မြို့ခံ ကိုမောင်မောင်က ဘီဘီစီကို ပြောပါတယ်။ သူသိ သလောက် ခန့်မှန်း ရရင် အနည်းဆုံး နှစ်ရက် အတွင်း လူ ၂၅ ယောက် လောက် သေနိုင်တယ် လို့ပြောပါတယ်။ ဒါပေမဲ့ အခြေ အနေက အလောင်းတောင် ကောက်လို့ မရတဲ့ အတွက် ----
မိတ္ထီလာမြို့  မီးလောင်ပြင်

You are subscribed to email updates from Thit Htoo Lwin
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
Reply all
Reply to author
Forward
0 new messages