Fwd: သစ်ထူးလွင်
43 views
Skip to first unread message
"☆•❤´¯``THAINGI´¯``❤•☆ -"
unread,
Mar 14, 2012, 1:36:58 AM3/14/12
to စစ်မှန်သောမိသားစု
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/3/13
Subject: သစ်ထူးလွင်
To: ms.the...@gmail.com
သစ်ထူးလွင်
လေယာဉ်လက်မှတ်များ ယခင်ဈေးအတိုင်း ပြန်ရောင်းမည်
Posted: 13 Mar 2012 03:11 AM PDT
ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲ ပျံသန်းနေသည့် လေကြောင်းလိုင်း လက်မှတ်ဈေးနှုန်းများကို မတ်လ ၁ ရက်နေ့မှ စတင်၍ ဈေးနှုန်းများကို တိုးမြှင့် ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းလိုင်း လက်မှတ် အရောင်းဌာနများထံမှ အသိပေးပြီး ၆ ရက်ခန့် အကြာတွင် ယခင်မူလဈေးများ အတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းလိုင်း အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ စွမ်းအင်ဝန်ကြီးဌာနက လေကြောင်းလိုင်းများ အတွက် လေယာဉ်ဆီကို ရောင်းဈေးနှုန်း အရှင်ဖြင့် ရောင်းချမည့် အစီအစဉ်ကို တစ်ပတ်အတွင်း ပြန်လည် ပယ်ဖျက်ကာ တစ်ဂါလန် ၂၅၀၀ ကျပ်ဖြင့် မတ်လ ၆ ရက်တွင် ယခင်အတိုင်း ပြန်လည် ရောင်းချမည်ဟု တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ယင်းကဲ့သို့ ဈေးနှုန်းများ ပြန်လည်ပြင်ဆင် လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။ “စွမ်းအင်ဝန်ကြီးဌာနက အရင်ဈေးအတိုင်း ပြန်ရောင်းမယ်ဆိုတဲ့ အတွက် လေယာဉ်လက်မှတ် ဈေးကိုလဲ အရင်အတိုင်းပဲ ပြန်ရောင်းတာပါ” ဟု အမည်မဖော်ပြလိုသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ပြည်တွင်း လေကြောင်းလိုင်း အချို့သည် လေယာဉ်လက်မှတ် ဈေးနှုန်းများကို ကျပ် ၁၈,၀၀၀၊ ၁၂,၀၀၀၊ ၇,၀၀၀ စသဖြင့် ခရီးစဉ်အလိုက် မတ်လ ၁ ရက်နေ့မှ စတင်၍ ဆီဈေးနှုန်းအတွက် ထပ်ဆောင်း ကောက်ခံမည်ဟု ထုတ်ပြန်ထားပြီး နိုင်ငံခြားသားများအတွက် ၁၀ ဒေါ်လာ၊ ၁၅ ဒေါ်လာ၊ ၂၅ ဒေါ်လာစသဖြင့် ထပ်ဆောင်း ကောက်ခံမည်ဟု အသိပေး ထုတ်ပြန်ခဲ့သည်။ မြန်မာ့ခရီးသွား လုပ်ငန်းအနေဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ တည်းခိုရန် ဟိုတယ်ခန်း လုံလောက်မှု မရှိသော ပြဿနာဖြင့် ရင်ဆိုင်နေရချိန် ရုတ်တရက် လေယာဉ်လက်မှတ် ဈေးနှုန်းများ တက်လာခြင်းကို ထပ်မံ ရင်ဆိုင်နေရပြီး ယခုကဲ့သို့ ပြင်ဆင်ပေးလိုက်မှုသည် အထူး အကျိုးများစေနိုင်သည်ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်များကို မြန်မာ့လေကြောင်း အပါအဝင် ရန်ကုန် အဲဝေး၊ အဲပုဂံ၊ အဲမန္တလေး၊ အေးရှားဝင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်းများက ပြေးဆွဲနေလျက် ရှိသည်။
By The Voice Weekly
နာရေးကူညီမှုအသင်း တရားဝင်မှတ်ပုံတင်ကျပြီ
Posted: 13 Mar 2012 03:01 AM PDT
နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မတ် ၁၂ရက်နေ့က သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီး ဌာနက မှတ်ပုံတင် ပြန်လည် ချပေးလိုက်ပြီ ဖြစ်ပါတယ်။
၂၀၀၈ခုနှစ်ကထဲက အကြောင်း အမျိုးမျိုး ပြပြီး နာရေးကူညီမှု အသင်းကို မှတ်ပုံတင် ပြန်မချပေးခဲ့ဘဲ ထားရာက အခု အစိုးရသစ် သက်တမ်း ၁ နှစ် ကျော်ချိန်မှာမှ မှတ်ပုံတင် ပြန်ချ ပေးလိုက်တာပါ။
အသင်းဥက္ကဌ ဦးကျော်သူက တော့  နာရေးအသင်းအနေနဲ့ မှတ်ပုံတင် ချမပေးခဲ့တုန်းကလဲ အသင်းက လုပ်စရာရှိတာတွေ လုပ်နေခဲ့တာ ဖြစ်ပြီး၊  အခု မှတ်ပုံတင် ပြန်ချပေးလိုက်တဲ့ အတွက်  အသင်းအနေနဲ့လည်း ရှေ့ဆက် လုပ်ငန်းတွေ တိုးချဲ့ပြီး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ၂၀၀၁ခုနှစ်က စတင်ဖွဲ့စည်းပြီး၊ နာရေးကိစ္စတွေ ကူညီဆောင်ရွက် ပေးခဲ့ရာ မှာ အရေအတွက်အားဖြင့် ၁ သိန်း ၂ သောင်းလောက်ကို  ကူညီပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
နာရေးကူညီမှု အသင်းဟာ  သုခကုသိုလ်ဖြစ်ဆေးခန်းကိုဖွင့်လှစ်ကာ  ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပြီး ကနေ နေ့စဉ် လူနာပေါင်း၂၀၀ ကျော် အခမဲ့ ကုနေတာပါ။ ဆေးကုသတာ အပြင် ခွဲစိတ် ကုသခွင့် ရရှိရေး အတွက်လဲ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးကျော်သူကပြောပါတယ်။
နာရေးကူညီမှုအသင်းကို ၂၀၁၂ခုနှစ် မတ်လ၁၂ရက်ကနေ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်ထိ ၃ နှစ် သက်တမ်း မှတ်ပုံတင်ချပေးခဲ့တာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
သမ္မတ ဖိတ်ခေါ်မှုကြောင့် ပြန်လာတဲ့ နိုင်ငံရေးသမား တဦး စစ်ဆေးခံနေရ
Posted: 13 Mar 2012 03:00 AM PDT
ပြည်ပရောက်နေသူများ မြန်မာပြည်တွင်းသို့ ပြန်လာနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်မှုအရ ပြည်တွင်းကိုပြန်သွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အမျိုးသားဒီမိုကရေစီ တွဲဖက် အတွင်းရေးမှူး ဟောင်း တဦးဟာ ဒေသခံ အာဏာပိုင် တွေရဲ့ စစ်ဆေး မေးမြန်းမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ပြီးတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့တဲ့  ဦးသန်းနိုင် ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ထဲမှာ မာန်အောင်ကို ပြန်လာခဲ့ပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းကြား ခဲ့ပေမယ့်လည်း မတ်လ ၁၁ ရက် နေ့မှာ မြို့နယ်ရဲစခန်းမှူး၊ ရဲအုပ်နဲ့ ကျောက်ဖြူခရိုင် အထူးရဲတပ်ဖွဲ့တွေ အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦး လာရောက် မေးမြန်း ဓာတ်ပုံရိုက် ယူကာ နောက်ထပ် လိုအပ်ရင်လည်း မေးမြန်းဖို့ ခေါ်ယူမယ်လို့ ပြောဆိုခဲ့တယ်လို့  ဦးသန်းနိုင်က ပြောပါတယ်။
“သူတို့ကတော့ တာဝန်အရလို့ ပြောတယ်။ ကျနော်ထင်တာကတော့ ပြန်ဝင်လာတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာ ဘာတွေလုပ်ခဲ့လဲ၊ ဘာအကြောင်းနဲ့ ၀င်လာလဲ၊ ဘာတွေဆက်လုပ်ဦးမှာလဲ ဆိုတာ သိချင်တယ်လို့ ထင်တယ်။ ကိုယ်ရေးအကျဉ်း မေးတယ်။ မူလတန်းကို ဘယ်ကျောင်းမှာ နေခဲ့တယ်။ အလယ်တန်း၊ အထက်တန်း ဘယ်ကျောင်းမှာ ပညာသင်ခဲ့တယ်။ တက္ကသိုလ်ကို ဘယ်မှာ တတ်ခဲ့တယ်။ မွေးချင်း ညီအကို မောင်နှမ တွေကို မေးတယ်။ နောက် ကျနော့် အိမ်ထောင်ဖက်က ဘယ်သူ။ မိသားစုဝင် တွေက ဘယ်သူ။ ကျနော်တို့ မိသားစုထဲမှာ အစိုးရ အရာရှိတွေ ရှိလား။ သူတို့ အကြံပေး ဖိတ်ခေါ်လို့ လာ တာလား ဆိုတာ မေးတယ်။”
အထက်က နိုင်ငံတော်အဆင့် ပြောဆိုထားချက်နဲ့ အောက်ခြေမှာ ဖြစ်ပွားနေတာတွေက ကွဲလွဲမှုတွေ ရှိနေ တယ်လို့ လည်း သူက ပြောပါတယ်။ ဦးသန်းနိုင်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်  မယ်ပရွာမှာ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးတော့ သမ္မတ ရဲ့  ဖိတ်ခေါ်ချက်နဲ့ ပြန်လာခဲ့တာပါ။ 
ဒီဗွီဘီ
ရန်ကုန်စည်ပင်နယ်နိမိတ် လျှပ်စစ်ဆိုင်ကယ် အရေးယူမည်
Posted: 13 Mar 2012 02:58 AM PDT
အခု မြန်မာပြည် ဆင်ခြေဖုံးရပ်ကွက်တွေမှာ ခေတ်စားနေတဲ့ လျှပ်စစ်ဆိုင်ကယ်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် လျှပ်စစ်ဆိုင်ကယ် (လျှပ်စစ်စက်ဘီး) များ စီးနင်းပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်းကာ တိုင်းဒေသကြီးအစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ လျှပ်စစ်ဆိုင်ကယ် (အများအခေါ်) လျှပ်စစ်စက်ဘီးကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ပြင်ပတွင်သာ စီးနင်းခွင့် ပြုထားပြီး စီးနင်းရန် လိုင်စင်ကို ရန်ကုန်တိုင်းဒေသကြီး က.ည.န တောင်ပိုင်းခရိုင်ရုံး (သန်လျင်) နှင့် မြောက်ပိုင်းခရိုင်ရုံး (အင်းစိန်) တွင်သာ လိုင်စင် ထုတ်ပေးလျက် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြောက်ပိုင်းခရိုင်ရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
သိမ်းဆည်းထားသော လျှပ်စစ်ဆိုင်ကယ် အစီး ၃၀ ကျော်ရှိပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ရန်ကုန်မြို့တွင်း မောင်းနှင် စီးနင်းသော လျှပ်စစ်စက်ဘီးများ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ယာဉ်ထိန်းရဲအရာရှိက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် လျှပ်စစ်ဆိုင်ကယ်စီးနင်းခွင့် လျှောက်ထားရာ တောင်ပိုင်းခရိုင်ရုံးတွင်သာ အစီး ၂၀ ခန့် လိုင်စင် ထုတ်ပေးထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း လိုင်စင်ထုတ်ပေးထားခြင်း မရှိသော်လည်း လိုင်စင်မရှိသော လျှပ်စစ်စက်ဘီးများစွာ မြင်တွေ့ကာ စီးနင်းမှုများ ရှိကြောင်း ယင်းရုံးထံမှ သိရသည်။ လျှပ်စစ်စက်ဘီး ဝယ်ယူမှုများမှာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လျှပ်စစ်စက်ဘီးများ လိုင်စင်ထုတ်ပေးမည်ဟု ပြောကြားခဲ့သည့် နောက်ပိုင်း မြင့်တက်ခဲ့ကြောင်း တောင်ဥက္ကလာပ မြို့နယ်တွင် လျှပ်စစ်စက်ဘီးရောင်းချသူ တစ်ဦးက ဆိုသည်။ “အဲဒီတုန်းက အရောင်းအဝယ် တော်တော်ဖြစ်သွားတယ်။ အခုတော့ စီးရင်ဖမ်းမယ် ဆိုလို့ ဝယ်မယ့်သူတောင် မရှိတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
လျှပ်စစ်စက်ဘီးများမှာ ဘက်ထရီကို အားသွင်းထားပါက မိုင် ၃၀ ခန့်သာ အသုံးပြုနိုင်ပြီး မိုင် ၃၀ ပြည့်ပါက သူ့အလိုလို ရပ်တန့်သွားကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိကြောင်း၊ ခေတ်မီ၍ အချိန်ကုန်လူပင်ပန်း သက်သာသော စက်ပစ္စည်း ဖြစ်ကြောင်း လျှပ်စစ်စက်ဘီး ဝယ်ယူသူတစ်ဦးက ဆိုသည်။ အဆိုပါ လျှပ်စစ်စက်ဘီးများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်ရုံးနှင့် မြောက်ပိုင်းခရိုင် အင်းစိန်ရုံးတို့တွင် မှတ်ပုံတင် ဆောင်ရွက်ကာ စီးနင်းနိုင်သော်လည်း မြောက်ပိုင်းခရိုင်ရုံးတွင် လျှောက်ထားသူ မရှိသေးကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ပြင်ပ သန်လျင်၊ မှော်ဘီ၊ ထန်းတပင် စသည့် မြို့နယ်တို့တွင် စီးနင်းနိုင်ကြောင်း က.ည.န တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေအခန်း (၁)၊ ပုဒ်မ (၂) အပိုဒ် (က) အရ မော်တော်ယာဉ်ကို စက်အားဖြင့် ဖြစ်စေ၊ လျှပ်စစ်ဓာတ်အားဖြင့် ဖြစ်စေ အားလုံးကိုလည်းကောင်း၊ အချို့တစ်ဝက်မျှ သော်လည်းကောင်း အသုံးပြု၍ ပြည်သူများဆိုင်ရာ လမ်းများပေါ်တွင် မောင်းနှင်သွားလာသည့် သို့မဟုတ် မောင်းနှင်သွားနိုင်သည့် ယာဉ်များ ပါဝင်သည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေ၏ အခန်း(၂) ပုဒ်မ (၃)တွင် မည်သည့် မော်တော်ယာဉ်မဆို မှတ်ပုံတင်မထားသော၊ မှတ်ပုံတင် ခေတ္တရပ်စဲထားသော၊ ဖျက်သိမ်းထားသော၊ သက်တမ်း ကုန်ဆုံးပြီးသော မော်တော်ယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာတစ်ခုခုတွင် မည်သူမျှ မမောင်းနှင်စေရ၊ မောင်းနှင်ခွင့်မပြုရဟု သတ်မှတ်ထားပြီး လိုက်နာမှုမရှိပါက ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်ကြောင်း ယင်းဥပဒေအရ သိရှိရသည်။ 
By The Voice Weekly
ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်
Posted: 13 Mar 2012 02:51 AM PDT
နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။
ပဒို မန်း ငြိမ်း မောင်
ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”
ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။
ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအဖြစ်တဲ့ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကနေ အကြံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး  သူ့ကို ဖမ်းဆီးမိအပြီးမှာ  အစိုးရနဲ့ ကေအန်ယူအကြား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။
ဒီဖြစ်ထွန်းမှုတွေကြောင့် ကနဦးပိုင်းက အစိုးရ ပြည်ထောင်စုဝန်ကြီး တဦးက ပဒိုမန်းငြိမ်းမောင်ကို ပြန်လည် လွတ်မြောက်မှာပါလို့ ထုတ်ပြောထားဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်ကို လက်ရှိကာလ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကာလ အခြေအနေအရပါ လွှတ်ပေးသင့် ပါတယ်လို့  သူ့ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ကျနော်တို့ဘက်က တင်ထားတာတော့ လွှတ်ပေးဖို့ပေါ့။ လွှတ်ပေးနိုင်တဲ့  အချက်အလက်တွေ ရှိတယ်။ ဘာလို့လည်းဆိုတော့ ၁ အချက် တရားစွဲဆိုမှု မှားတယ်။ တရားစွဲဆို ခွင့်ပြုမိန့်တွေကလည်း လိုအပ်နေတယ်။ နောက်တခါ ဖြစ်ရပ် တခုတည်းပေါ်မှာ အမှု ၂ မှု စွဲလို့မရဘူး။ စွဲမယ်ဆိုရင်လည်း နောက် တမှုကို အပြစ်မပေးရဘူး။ ဒါက ဥပဒေတွေပဲ၊ ဒါကြောင့် ဥပဒေအရ လွှတ်ပေးသင့်တဲ့ အကြောင်းပါ။
နောက် အကြောင်းချင်းရာအရ လွှတ်ပေးသင့်တဲ့ အကြောင်းတွေကတော့ အခုလို ကေအန်ယူ အဖွဲ့အစည်းကလည်း ပဏာမ လက်မှတ် ရေးထိုးထားတယ်။ သေနတ်ကိုင် ထားတယ်။ ကေအန်ယူ အဖွဲ့ကြီးက ခွဲထွက်သွားတဲ့ အဖွဲ့ ၅ ဖွဲ့ လောက်ကလည်း ငြိမ်းချမ်းရေး လက်မှတ် ထိုးထားတယ်။ သေနတ်ကိုင်ထားတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေက အတူတူပဲ။ အဲဒီလို အတူတူမှာ ကေအန်ယူအဖွဲ့က လူကြီး တယောက်ကို ဒီလိုကွက်ပြီး အပြစ်ပေးတယ်ဆိုရင် တရားမျှတမှု ရှိမှာမဟုတ်ဘူး။ နောက် ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးအတွက် ကူညီပါဆိုလို့ တတ်နိုင်သမျှ သူ ကူညီခဲ့တယ်။ အကြံဥာဏ်တွေ ပေးခဲ့တယ်။ အဲဒီ အပေါ်မှာ တရားမစွဲပါဘူးလို့ ပြောပြီးမှ အခုလို တရားစွဲခဲ့တယ်။ အဲဒါကလည်း  အခုလို ငြိမ်းချမ်းရေး ယူနေတဲ့ ကာလမှာ ဒီလို မဖြစ်သင့်ဘူး။ ဒါကြောင့် ဒီအချက်အလက်တွေအရ လွှတ်ပေးသင့်တယ် ဆိုပြီး ဥပဒေအရ၊ အကြောင်းချင်းရာ အရကော ဒီလိုတော့ ပြောထားတာပေါ့။ အမှန်ကတော့ လွှတ်ပေးသင့်တဲ့ အမှုပေါ့။”
ပဒိုမန်းငြိမ်းမောင်အနေနဲ့ အမှုကို အယူခံတင်ဖို့ ဆန္ဒ ရှိ၊ မရှိကို မေးမြန်းပြီး ဆန္ဒ ရှိတယ် ဆိုရင် အယူခံတင်ရေး ဆက်လက် ဆောင်ရွက်မယ်လို့ ရှေ့နေ ဦးကြီးမြင့်က ဆက်ပြောပါတယ်။
ကေအန်ယူ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုဒေးဗစ်ထောကတော့ ပဒိုမန်းငြိမ်းမောင် အမှုမှာ ဆက်လက်ပြီး အယူခံနိုင်တာ၊ သမ္မတထံ အသနားခံစာ တင်နိုင်တာမျိုးတွေ ဥပဒေကြောင်းအရ ဆက် ရှိနိုင်သလို ကေအန်ယူအနေနဲ့လည်း ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးဖို့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်လို့ ပြန်လည် လွတ်မြောက်မယ်လို့ ယုံကြည်တဲ့အကြောင်း  ပြောပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ ကေအန်ယူ ဗဟို ကော်မတီဝင် တဦးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။
ပဒိုမန်းငြိမ်းမောင်ဟာ အသက် ၇၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်ပြီး  ပျိုရွယ်စဉ်တုန်းကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် ကိုကိုးကျွန်းမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရဖူးပါတယ်။ 
ဒီဗွီဘီ
ယခုအပါတ်ထုတ် Eleven,The Voice, ရန်ကုန်တိုင်းမ် နှင့် ပေါ်ပြူလာဂျာနယ်
Posted: 13 Mar 2012 02:33 AM PDT
ယခုအပါတ်ထုတ် Eleven,The Voice,ရန်ကုန်တိုင်းမ် နှင့် ပေါ်ပြူလာဂျာနယ်များကို
တစ်စုတဝေးတည်းဖတ်ရှုနိုင်ပါတယ်။
Weekly Eleven 7-24
The Voice 8-13
Yangon Times 8-10
PopularNews4-10
အငြိမ်းစား ဝန်ထမ်းပင်စင်နှင့် နိုင်ငံရေးပင်စင်အရွေ့ သို့မဟုတ် နေညိုချိန် တိမ်တောက်ခြင်း
Posted: 13 Mar 2012 02:13 AM PDT
အတင်းတိုးဝှေ့လိုက်သော လူအုပ်ရဲ့အရှိန်ကြောင့် သူယိုင်လဲ တော့မလိုဖြစ်သွားသည်။ ဒါပေမဲ့ သံဆန်ခါ ကိုဆုပ်ကိုင်ထားသော သူလက်တို့ ပြုတ်မသွား။ တွဲကျနေသော အရေပြား၊ အရိုးသက်သက် သူလက်တို့မှာ ဒီလောက်အားမာန် ကျန်နေဦးမည် (သို့မဟုတ်) ဒီလောက် ခွန်အားသစ်ထုတ်ရမည့် အချိန် ရောက်လာဦးမည်ဟု မတွေးဖူးခဲ့ပါ။ လက်ထဲရောက်လာသော လျှောက်လွှာစာရွက်ကို ကျစ်ကျစ် ဆုပ်ရင်း မိတ္တူဆိုင်ရှေ့က သူ့လိုပင် သက်တူရွယ်တူ ပင်စင်စားတွင်းဆုံးကျ လူအုပ်ထဲက တွန်းတိုက်ထွက်လာ ခဲ့သည်။ မိုးတဖွဲဖွဲကျနေသော မှိုင်း ညှို့ညှို့ ရန်ကုန် မနက်ခင်းအောက်တွင် တိုးမြှင့်ပင်စင်လစာ တောင်းခံလွှာ စာရွက်ကိုယ်စီဖြင့် ထီးဆောင်း ရန်ပင် မေ့လျော့နေကြသော နိုင်ငံဝန်ထမ်းဟောင်း အဖိုးအို၊ အမယ်အို များမှာ သူတို့ကံကြမ္မာအား မည်သူ့ လက်ဝကွက်အပ် ရဦးမည် မသိဟူ သော ခံစားချက်များကို ဖော်ပြနေသလိုပင်။  ''ဒီလိုမျိုးမျှော်လင့်မထားဘူး။ ပိုက်ဆံရမယ့်ကိစ္စပဲ။ ပျော်တာပေါ့။ ၁၉၇၇ မှာ ပင်စင်ရတယ်။ တစ်ဝက် ကို ရောင်းထားတာ။ အခု ၁၁၈ ကျပ် ပြား ၅ဝ ပေါ့။ အဲဒါကို တစ်နှစ် တစ်ခါ စုထုတ်နေရတာ။ လမ်းစရိတ်ပါပဲ။ ခုလိုအမိန့်ထွက် လာတော့ ဘဝမှာ တစ်ခါမှအများ ကြီးမရဖူးတဲ့ ပိုက်ဆံကိုင်ရပြီပေါ့ လေ'' ဟု တုန်ရင်တိုးလျစွာ ပြောနေသော  ပန်းဘဲတန်းမြို့နယ်မှ အသက် ၈၆ နှစ်အရွယ် ကုန်သွယ်ရေး ဝန်ထမ်းဟောင်း အဖိုးအို၏ စကားသံချည့်နဲ့မှုက အသက်အရွယ် ကြောင့်ဖြစ်မည်ထင်ပါသည်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁ ရက် ထုတ် နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံ များ၌ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီးရုံး၊ အမိန့် ကြော်ငြာစာအမှတ် (၁ဝ၆/၂ဝ၁၁) ၂ဝ၁၁ ခုနှစ်ဇွန်လ ၃ဝ ရက် ရက်စွဲပါ နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာများ တိုးမြှင့်သတ်မှတ်ခြင်းနှင့် နိုင်ငံရေး ပင်စင်လစာများအား တိုးမြှင့်သတ် မှတ်ခြင်း၊  ထုတ်ပြန်ချက်များ ဖော်ပြ ပါရှိလာပြီးနောက် တစ်ကြိမ်တစ်ခါမှ အလေးထားအာရုံစိုက်ခံရ ခြင်းမရှိ ခဲ့သည့် ပင်စင်စားလောကအတွင်း ဆူပွက်လှုပ်ခတ်သွားခဲ့သည်။ ယင်းကြော်ငြာစာနှင့် ပူးတွဲပါရှိ သည့် ပင်စင်လစာစာအုပ်နှင့် ယခင် ပင်စင် လစာခွင့်ပြုခဲ့သည့် အမိန့်စာ များယူဆောင်၍ သက်ဆိုင်ရာ ရုံး ဌာနများသို့ ကိုယ်တိုင်အမြန်ဆုံး  ဆက်သွယ်သတင်းပို့ ဆောင်ရွက်သွားကြ ရန်နှိုးဆော်ထားသည့် အတွက် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးများနှင့် ကုန်သည်လမ်းပေါ်ရှိ ပင်စင်ရေးရာ ဌာနများတွင် ဇူလိုင်လ ၄ ရက် နံနက်ခင်းမှစ၍ အဖိုးအို၊ အမယ်အို များ စုရုံးလာရောက်ခဲ့ကြသည်။ တချို့က တစ်ဦးတည်း၊ တချို့က သားသမီးများဖြင့်  ကူကာ တွဲကာ။ ပုံစံစာရွက်များအခမဲ့ ထုတ်ယူ နိုင်ပါသည်ဟု သက်ဆိုင်ရာ ရုံးဌာန အဝင်တံခါးတွင် စာကပ်ထားသော် ငြား ရန်ကုန်မြို့၏ လာဘ်မြင်သော မိတ္တူဆိုင်များတွင် အဖိုးအဖွားများမှာ အသက်အရွယ်နှင့်မမျှ တိုးကြိတ် ဝယ်ယူနေကြသည်။ ပင်စင်ရုံးအဝ တွင်လည်း သံဘာဂျာ တံခါး အတင်း စေ့ပိတ်၍ မရအောင်အလုအယက် လျှောက်လွှာ ဝင်ယူနေကြသူများ အပြည့်အသိပ်။ သို့ပေသည့်အားလုံးက ဒီအနေအထားကို နှစ်ပေါင်းများစွာ အလေ့အကျင့်ရနေပုံပင်။ ''လက်ရှိအစိုးရသစ်ရဲ့ ထူးခြား တဲ့ အပြောင်းအလဲလုပ်ဆောင်မှုပါပဲ။ အရမ်းကောင်းပါတယ်။ သက်ကြီး ပင်စင်လောက်သာ ထင်ထားတာ။ ဒီအတိုင်းဆို အရမ်းကောင်းပါတယ်။ ဘယ်လိုတွက်ချက်ပေး မယ်ဆိုတာ တော့မသိဘူး။ ခုခက်တာက လျှောက်လွှာထုတ်ပြီး ဘာဆက်လုပ် ရမလဲမသိတာပဲ။ မိခင်ဌာနကို ဆက်သွယ်သတင်းပို့ရမယ် ဆိုတာလည်း တာဝန်ထမ်းခဲ့တဲ့ နေရာလား၊ တိုင်း ဒေသကြီးလား၊ နေပြည်တော်ပဲ သွား ရမှာလား ဘယ်သူမှ သေသေချာချာ မညွှန်ဘူး။'' ဟု လျှောက်လွှာ လာ ထုတ်သည့်အသက် ၆၉ နှစ်ရှိ ပြန်ကြားရေး ဝန်ထမ်းဟောင်းတစ်ဦး က ဝေဖန်သည်။ ရန်ကုန်မြို့အကျယ်ကြီး ထဲတွင်  စိတ်ရောကိုယ်ပါ မည်သည့် အာရုံ နောက်မှအလွယ်တကူ မလိုက်နိုင် တော့သော သက်ကြီးရွယ်အိုများ အတွက် တစ်နေရာမှ တစ်နေရာ အရွေ့က ခတ်ခဲပင်ပန်းလွန်းပါသည်။ တချို့ကလျှောက်လွှာများကိုင်ရင်း ဘဏ်များသို့ပြေးသည်။ ဟိုလူ့မေး ဒီလူ့မေး ဟိုနေရာတစ်စု ဒီနေရာ တစ်စု။ လက်ရှိအသားကျ လည်ပတ် နေသော ယန္တရားကြီးကတော့ အပြောင်းအလဲမရှိ ရွေ့လျားဆဲ။ ''ဒါနဲ့ပဲ ကြွေးထပ်တင်ဦးမယ် ထင်ပါရဲ့''ဟု ကုန်သည်လမ်း ပင်စင် ဌာနရုံးမှ သက်ဆိုင်ရာဌာနသို့ သွား ရန်ကားငှားနေသည့် လမ်းလျှောက်တုတ် ဖြင့်တစ်လှမ်းချင်း မှေးလျှောက်နေရ သော အသက် ၈၄ နှစ်ရှိ ဆက်သွယ် ရေးဌာနမှ အငြိမ်းစားအရာရှိဟောင်း ဦးအုန်းမြင့်ကဆိုသည်။ ''အဘက ပင်စင်နှစ်ခုပါ။ ဆက် သွယ်ရေးကပင်စင်ရယ်၊ တာဝန်ပေး ချက်အရ မင်္ဂလာတောင်ညွှန်မြို့နယ် မှာ မြို့နယ်တရားသူကြီးအဖြစ် ၈ နှစ်ထမ်းဆောင်ခဲ့တဲ့ တရားသူကြီး တာဝန်အတွက် နိုင်ငံရေးပင်စင်ရယ် ပေါ့။ ဆက်သွယ်ရေးက ပင်စင် ၁၄ဝဝ ရတယ်။ နိုင်ငံရေး ပင်စင်က ၅ဝဝ ရတယ်။ ဝန်ထမ်းဘဝ တစ်လျှောက်လုံး ရိုးရိုးသားသားပဲ လုပ်ခဲ့တော့ အခုဆင်းရဲနေတာပေါ့။  အဘတို့က အခွင့်အရေး ကို ဘာမှ မတောင်းခဲ့ဘူး။ မော်ကွန်းဝင်အဆင့် လည်းရခဲ့ပေမယ့် ဒါတွေနဲ့ပတ်သက် လို့ မခံစားခဲ့ရဖူးပါဘူး။ ဒါကတော့ ၁၉၉၁ ပင်စင် ယူခဲ့တဲ့နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးထူးထူးခြားခြား  ခံစားရတော့မယ့်အနေအထား ပါ''ဟု အဘက အပြုံးဖြင့်ပြောသည်။ သေချာတာ ကတော့ အားလုံး ပျော်နေကြသည်။ တက်ကြွနေကြ သည်။ တစ်ချိန်တစ်ခါက တိုင်းပြည် ၏ တာဝန်များကို ကျရာကဏ္ဍအ သီးသီးမှ သူတို့ ထမ်းပိုးထမ်းခဲ့ကြ ပြီးပြီ။ ကာလများစွာလည်း ငြိမ်သက် တိတ်ဆိတ်စွာ သူတို့ ရှင်သန်နေခဲ့ကြ ပြီးပြီ။ ထိုနေ့က ... ပလက်ဖောင်း ပေါ်မှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ လမ်းပေါ်မှာ ဘဝတူတွေချင်း မိတ်ဖွဲ့ ကြ၊ မေးကြ၊ မြန်းကြ၊ ရနိုင်မည့် ငွေကြေးပမာဏကို အချင်းချင်း ငြင်း ခုံဆွေးနွေးနေကြသည်မှာ ဘဝ တစ်လျှောက်လုံး မျိုသိပ်ထားကြရ သမျှ အကုန်ဖွင့်ထုတ်နေကြသလား ဟုပင် ခံစားမိသည်။ ''ဝန်ထမ်းဘဝနဲ့ မိသားစုကို လုပ်ကျွေးခဲ့တာပါ။ ကုန်သွယ်ရေး အောက်က ပစ္စည်းဖြန့်ဖြူးရေးဌာနမှာ စာရေးကြီးပေါ့။ ဒါပေမဲ့ ပင်စင် လစာနဲ့ မိသားစုကို ဘာမှပြန်မလုပ်ပေးနိုင်ခဲ့ဘူး။ လူပိုတစ်ယောက်လိုနေခဲ့ရတယ်။ ခုတော့ သင်္ချိုင်းခြေတစ်ဖက်လှမ်းချိန် ရောက်မှ မိသားစုအတွက် ပြန် ထောက်ပံ့ပေးနိုင်တော့မယ် ထင်ပါတယ်။ ပင်စင်က ၃ဝဝ ကျော်ပါ။ အခု ဘယ် လောက်ရမလဲမသိဘူး။ ကျန်းမာရေး လည်းမကောင်းတော့ သိပ်မလှုပ်ရှား နိုင်ပါဘူး။ မနည်းအားတင်းလာရတာ။ ကလေးတွေကလည်း မအားကြ တော့ တစ်ယောက်တည်းလာတာ။ ဝမ်းသာပါတယ်။ မသေခင် လက်မတင်လေး ကံထတာထင်ပါရဲ့'' ဟု လှည်းကူးမြို့နယ်မှ အသက် ၇ဝ ရှိ အဘိုးတစ်ဦးကလည်း ရင်ဖွင့်ခဲ့သည်။ အရွယ်နှင့်မလိုက်အောင် ဖျတ် လတ်တက်ကြွ နေသောအဘိုးအဘွား များကို ငေးရင်း ပင်စင် ဌာနရုံးရှေ့မှာ ကျွန်တော်ကိုယ်တိုင် ဝမ်းသာ နေမိ သည်။ သောင်းဂဏန်း၊ သိန်း ဂဏန်း ခံစားခွင့်ရနေသော ပင်စင်သမားများ အတွက် မသိသာဟုဆိုနိုင်သော်လည်း ရာဂဏန်း၊ ထောင်ဂဏန်းနှင့် လမ်းစရိတ်သာသာ ခံစားနေခဲ့ရသော ချို့တဲ့နိုင်ငံ့ ဝန်ထမ်းဟောင်း များစွာ အတွက်တော့ မင်္ဂလာတရားက ကိုယ်ထင်ပြသလိုပဲ ဖြစ်ပါလိမ့်မည်။ ''လက်ရှိအနေအထားမှာ ဒီလို ရာဂဏန်း၊ ထောင်ဂဏန်းသမားတွေ လစဉ်ဖြစ်ဖြစ်၊ ပေါင်းပြီးဖြစ်ဖြစ် လာ ထုတ်နေတယ်ဆိုတာ သူတို့ ဒီအပေါ် မှာမှီခိုနေရဆဲမို့လို့လို့တွေးလို့ရပါတယ်။ တကယ့်ကို လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တာပါပဲ။ အခက် အခဲရှိတဲ့သူအတွက် သိပ်ကိုအကျိုးရှိ ပါတယ်။ စဉ်းစားရမှာက ဒီက စီးပွား ရေးဈေး ကွက်အရ လူတွေပိုရလာပြီး လစာတွေတိုးပြီဆိုရင် ကုန်ဈေးနှုန်း တွေတက်လာမလား။ အဲဒီလို စိုးရိမ် နေကြတာတွေလည်း ရှိကြတယ်။ အခုကဒီပင်စင်စားတွေ ဘယ်လောက် ရှိတယ်။ သူတို့ကိုပေးမယ့် ရာခိုင်နှုန်း နဲ့ တစ်နိုင်ငံလုံး ပမာဏဘယ်လောက် ရှိမယ်ဆိုတာ တိတိကျကျ မသိတော့ အစိုးရအနေနဲ့လည်း ဒီအပိုင်းကို စဉ်းစားထားမယ်ထင်ပါတယ်'' ဟု ယခုအပြောင်းအလဲတွင် ခံစားခွင့်ရသူ တစ်ဦးဖြစ်သည့် အငြိမ်းစားစီးပွားရေး ပါမောက္ခဆရာမကြီးတစ်ဦးက သုံး သပ်သည်။ လက်ရှိအစိုးရသစ်အနေဖြင့် နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများ ၏လစာကို လိုအပ်သည့်အချိန်တွင် ထိုက်သင့်သလို တိုးမြှင့်ဆောင်ရွက် ပေးမည်ဟု ဆိုခဲ့သည့် ကတိကဝတ် ကို အကောင်အထည်ဖော်ခဲ့သည့် နည်းတူ လစာတိုးတိုင်း ကုန်ဈေးနှုန်း များလိုက်ပါ မြင့်တက်နေသည့် အသားကျ ကစားပွဲများကိုလည်း အဆုံးသတ်ချိန်တန်ပြီဟု ဆိုချင်ပါ သည်။ အစိုးရသစ်နှင့်အတူပေါ်ထွန်း  လာပြီဖြစ်သော အကြံပေးအဖွဲ့များ မှ ပညာရှင်များကလည်း လက်ရှိ တိုင်းပြည်၏ တစ်ဦးချင်းဝင်ငွေနှင့် ကိုက်ညီသော၊ လက်လှမ်းမီသော အခြေခံ စားသောက်ကုန် ဈေးနှုန်းများ တည်ငြိမ်စေရေး ဆောင်ရွက်ရန် အကြံ ပေးနိုင်တော့မည်ဟုမျှော်လင့်ပါသည်။ ''ကျွန်မတို့ ပညာရေးလောက မှာတော့ နှစ်တိုင်း ကိုယ့်တပည့်တွေ ကန်တော့ကြတာကလည်း ပင်စင် ထက်ပိုရပါတယ်။ ကိုယ်ကလည်း ရှေ့ကဆရာ၊ ဆရာမကြီးတွေကို ကန်တော့နေကျပါ။ ပြောရမယ်ဆို ရင် အရင်တုန်းကတည်းက တောက် ခဲ့တဲ့တိမ်တွေလည်း ရှိပါတယ်။ ဒီ အချိန်မှာ လက်ရှိဝန်ထမ်းတွေရော လစာတိုးမှာလား၊ ပုဂ္ဂလိက တွေရော တိုးမှာလားဆိုတာကတော့ ခုခေတ် သူ့ဟာနဲ့သူ ပေးနေကြတဲ့ အတိုင်း အတာလည်းများကြပါတယ်။ ဒီပင်စင် စားတွေတိုးတာ နဲ့တော့ မဆိုင်ပါဘူး။ ကျွန်မအနေနဲ့တော့ ခု ဇူလိုင်ကစပြီး ပထမဆုံးတိုးမြှင့်ခံစားရမယ့် ပင်စင်ကို သူတစ်ပါးလည်း ဝမ်းမြောက်ရအောင် ပင်စင်လို ခံစားခွင့်လည်းမရှိတဲ့ အမှီ အခိုနည်းတဲ့ ဝန်ထမ်းတစ်ဦးဦးကို လှူဒါန်းဖို့ စိတ်ရှိပါတယ်'' ဟု ဆရာ မကြီးက ဆက်လက်ပြော သည်။ ကျွန်တော်လည်း ဝမ်းသာပါ သည်။ နောက် ကြိုဆိုပါသည်။ သို့ သော် စလုံးရေသည် အခုမှစခြင်း သာ။ 'စောင့်ကြည့်ပါ' ဟု ဆိုခဲ့ သည့် အစိုးရသစ်၏ သုံးလတာ သက်တမ်း အတွင်း ပထမဆုံးသိသာ ထင်ရှား သည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် တော့ သမိုင်းက လက်ခံရပေလိမ့်မည်။ လက်ခုပ်တီးသင့်ချိန်တွင်တော့ ကျွန်တော်တို့လက်ခုပ်တီးရပါလိမ့်မည်။ အာမခံချက်၊ ကာကွယ်စောင့် ရှောက်မှုနှင့် လုံခြုံမှုအပြည့်ရှိသော လူ့ဘောင်သစ်တစ်ခုအတွက် ကျွန် တော်တို့ ရှေ့ဆက်တိုးရဦးမည်။ အရာရာတိုင်းတွင် အဆုံးသတ်ရှိ သော်ငြား နေဝင်ချိန်တိုင်းတော့ တိမ် မတောက်တတ်ပါ။ အကျည်းတန်သူ များပင် လှသည်ဟုဆိုကြသော တိမ် တောက်ခြင်းများထဲ၌ လက်ငါး ချောင်းမပြည့်သော ခံစားခွင့်အနည်း ငယ်ဖြင့် ချို့တဲ့နွမ်းပါးစွာ ရှင်သန်နေ ခဲ့ရသော နိုင်ငံ့ဝန်ထမ်းဟောင်းများ အတွက် ယခု နေညိုချိန် တိမ်တောက်ခြင်းကတော့ အလှဆုံးဖြစ် မည်ဟုကျွန်တော်ယုံကြည်နေမိသည်။
ပေါ်ပြူလာဂျာနယ်
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၆၉၇
Posted: 13 Mar 2012 01:58 AM PDT
မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း အန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို (ရုပ်/သံ)
Posted: 13 Mar 2012 01:40 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အနှံ့အပြား ရွေးကောက်ပွဲ ဝင်ရောက်မည့် မဲဆန္ဒနယ်မြေတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ နယ်ဝေး ခရီးစဉ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာ နယ်မြေတွေတလျှောက် လိုက်ပါ ကူညီပေးကြတဲ့ ဒေသခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ၊ မီဒီယာအသီးသီးမှ သတင်းထောက်တွေနဲ့ မဲဆန္ဒနယ်မြေတွေမှာ ရှိတဲ့ ဒေသခံပြည်သူတွေ အကြား နားလည်မှုတွေ ရှိစေဖို့နဲ့ သွားရောက်ရာ လမ်းတလျှောက် ဘေးအန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဘားမားဗီဂျေ
စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား
Posted: 13 Mar 2012 01:23 AM PDT
ဒေါပုံမြစ်ဝတွင် နစ်မြုပ် လျက်ရှိသော ဓမ္မစေတီခေါင်း လောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန် စင်္ကာပူကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ ကမ်းလှမ်းထား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာ နမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။
အဆိုပါ စင်္ကာပူနိုင်ငံမှ ကုမ္ပဏီ၏အမည်မှာ  SD Mark International LLP ကုမ္ပဏီဖြစ် သည်။ ၄င်းကုမ္ပဏီက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမေရိကန် ဒေါ်လာ (၁၀)သန်းခန့်ကုန်ကျခံ ကာ သင်္ဘောများဖြင့် ငှားရမ်းရှာ ဖွေ၇န် ကမ်းလှမ်းထားခြင်းဖြစ် သည်။
““ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ဆယ်ယူဖို့အတွက် ကမ်း လှမ်းခဲ့တဲ့ အထဲမှာ စင်္ကာပူကုမ္ပ ဏီက အမေရိကန်ဒေါ်လာ(၁၀) သန်းခန့် ကုန်ကျခံပြီး ရှာငွေဖို့ ကမ်းလှမ်းထားပါတယ်၊ ဒီလိုရှာ ဖွေတဲ့နေရာမှာ နည်းပညာ၊အ တတ်ပညာ၊ ပညာရှင်အား၊ လို အပ်တဲ့ပစ္စည်းကိရိယာတွေစုံလင်မှ သာ ဆောင်ရွက်နိုင်မှာဖြစ်တာ ကြောင့် ကမ်းလှမ်းထားတဲ့ ကုမ္ပ ဏီတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်””ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ဓမ္မစေတီစေတီခေါင်းလောင်း ကြီးကို ဆယ်ယူရန်အတွက်သြ စတေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ၂၀၁၀ခုနှစ်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။
မေဇင်ကို (Hot News)
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံကို နှစ်ရက်လာရောက်ခဲ့
Posted: 13 Mar 2012 01:19 AM PDT
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာလာရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။ ရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်တွင် တစ်ညတာတည်းခိုသွားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကာ ဟိုတယ်ဝန်ထမ်းများနှင့်အတူ အမှတ်တရဓာတ်ပုံလည်း ရိုက်ကူးခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်မြန်မာနိုင်ငံသို့ မည်သည့်အကြောင်းနှင့်လာရောက်သည်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။
7Day
ဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အောင့်မေ့ဖွယ် အခမ်းအနားကျင်းပ
Posted: 13 Mar 2012 02:14 AM PDT
၁၉၈၈ ခုနှစ် မတ်လ ၁၃ ကျောင်းသားအရေးအခင်းတွင် ကျဆုံးခဲ့သည့် ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် ကျဆုံးခဲ့ခြင်း၂၄ နှစ်ပြည့် အောင့်မေ့ဘွယ် အခမ်းအနားကို ယနေ့ မနက် ၉ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ အဆိုပါ အခမ်းအနားသည် တရားဝင် အခမ်းအနား တစ်ရပ်အဖြစ် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၂၀ ရက်က ကျင်းပခဲ့သည့် ဗိုလ်အောင်ကျော်နေ့ နေ့နောက်ပိုင်း ကျင်းပခွင့်ရသည့် ကျဆုံးကျောင်းသားများ အောင့်မေ့ခြင်း အခမ်းအနားပွဲ တစ်ရပ်ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ ၁၉၆၂ ၊ ၁၉၇၄၊ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇ ၊ ကာလများက ဖြစ်ပေါ်ခဲ့သည့် အရေးကိစ္စများတွင် ကဏ္ဍတစ်ရပ် သမိုင်းတာဝန်တစ်ခု အဖြစ်ပါဝင်ခဲ့ကြသည့် ကျောင်းသား များ၊ နိုင်ငံရေး သမားများ၊ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားနှင့်ပတ်သက်၍ ယင်းကာလအတွင်း အရေးအခင်း ကိစ္စရပ်များအား ကိုယ် တွေ့ကြုံခဲ့ကြသူ အချို့မှကိုယ့်တွေ့အဖြစ်များအား ပြန်လည်ပြောကြားခဲ့သလို နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်ဖြစ်မြောက်ရေး ကော်မတီကပေးပို့သည့် သ၀ဏ်လွှာများ၊ နှင့် နိုင်ငံရေးနယ်ပယ် အသီး သီးကပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့ကာ ဖျော်ဖြေမှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ပေါ်ပြူလာဂျာနယ်
ဥတ္တရသီရိမြို့နယ် NLD ဆိုင်းဘုတ် ဖျက်ဆီးခံရပြန်
Posted: 12 Mar 2012 07:32 PM PDT
နေပြည်တော်မှာ ပထမဖျက်ဆီးခံရတဲ့ဆိုင်းဘုတ်ပုံပါ။
 နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်ကို ချွန်ထက်သည့်အရာဖြင့် ဖျက်ဆီးခံခဲ့ရသည်ဟု မြို့နယ်
အောင်နိုင်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဌေးဝင်းက မဇ္ဈိမကို ပြောသည်။
အလျား ၈ ပေ၊ အနံ ၄ ပေရှိ ဆိုင်းဘုတ်ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံတွင်
ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ချွန်ထက်သည့် အရာဖြင့် ဖျက်ဆီးခြင်းဟု ဦးဌေးဝင်းက ပြောသည်။
"အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဆိုင်းဘုတ်ပါ။ အဲဒီမှာ အမေစု မျက်နှာကို ဓါးနဲ့ ခွဲသလိုမျိုး ဆုတ်ဖြဲသွားတယ်" ဟု မဇ္ဈိမကို ပြောသည်။
ဥတ္တရသိရီမြို့နယ်တွင် တရားရုံး မရှိသေးသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။
ဖေဖေါ်ဝါရီလအတွင်းကလည်း ဥတ္တရသီရိမြို့နယ် ဘုရားတောင်ရွာတွင် ဖြစ်ပေါ်ခဲ့သေးပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်သေခိုင်လုံမှု မရှိဟုဆိုကာ တရားသူကြီးမှ အမှုကို ပလပ်ခဲ့သည်ဟု ဦးဌေးဝင်းက ပြော သည်။
မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စာရွက်ငယ်များ တနင်္လာနေ့က ဖြန့်ဝေမှုရှိခဲ့ကြောင်း သိရသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို
ပြောသည်။
"နိုင်ငံခြားက ပေးတဲ့ အကူအညီ၊ ပိုက်ဆံတွေသုံးတယ်ပေါ့။ ဒါဟာ လိမ်တာတခုပဲ ဆိုပြီးတော့ ရေးထားတယ်" ဟု စာရွက်ပါ အကြောင်းအရာကို ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေရှာ ရန် ခက်ခဲနေသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်သား ဦးမင်းသူ NLD မှ ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင် ၂ဝ၁ဝ ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင်မူ ဟစ်ဟော့အဆိုတော် ဇေယျာသော် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။
ချင်းမိုင် (မဇ္ဈိမ) ။       ။
စိန်အမြောက်အများထွက်ရှိမည့် စိန်တွင်း မြန်မာနိုင်ငံတွင် တွေ့ရှိ
Posted: 12 Mar 2012 07:12 PM PDT
ကရင်ပြည်နယ် မြဝတီမြို့တောင် ဘက် မိုင် ၂ဝအကွာတွင် အဖိုးတန်စိန်အမြောက်အမြား ထွက်ရှိသော စိန်တွင်းတစ်တွင်းကို အမေရိကန်နိုင်ငံ နာဆာမှလွှတ်တင်ထားသော Land Sat7 ဂြိုလ်တုဖြင့် မကြာသေးခင်က  တွေ့ရှိခဲ့သည်ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒဌာနမှ အငြိမ်းစား ပါမောက္ခဦးစိုးသိန်းကပြောသည်။
အဆိုပါစိန်တွင်းရှိရာနေရာသို့ မြဝတီမြို့မှ ကားလမ်းဖြင့် တိုက်ရိုက်ရောက်ရှိနိုင်ပြီး ထိုင်းနိုင်ငံမှ အဆိုပါစိန်တွင်းကို တူးဖော်ခွင့်ရရှိရန် ဆောင်ရွက်နေ ကြောင်း သိရသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်'' ဟု ဦးစိုးသိန်းက ထပ်မံပြောသည်။
 'သတ္တုတွင်း ဝန်ကြီးဌာနအနေနဲ့ကတော့ စိန် တူးခွင့် လျှောက်ထား လာတဲ့ ကုမ္ပဏီတွေ ကိုသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်း နဲ့ ညီမညီ အရင်ကြည့်တယ်။ သတ်မှတ်ချက်  စည်းမျဉ်းတွေနဲ့  ညီရင်တော့ လုပ်ပိုင်ခွင့် ပြုမိန့်တွေ ချထားပေးမှာပါ'' ဟု အမှတ်(၂) သတ္တုတွင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။''ဩစတြေးလျနဲ့တရုတ်လဲ မကြာခင်က တူးကြသေးတယ်။ အောင်မြင်မှု ရှိမရှိတော့ မသိဘူး။ ဂြိုလ်တုက နေကြည့်တော့ စိန်အမြောက် အမြားထွက်နေတယ် ဆိုတာ သေချာတယ်''
မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ တန်းဝင်စိန်များကို ၁၉၆ဝပြည့်နှစ်တွင် မိုးမိတ်မြို့နယ်၊ မကျည်း ပင်ကျေးရွာနှင့် မိုးဟောက် ကျေးရွာပတ်ဝန်းကျင်တွင် စတင်တွေ့ရှိရပြီး ၁၉၇၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတို့ ပူးပေါင်းရှာ ဖွေရာတွင် စိန်တွေ့ရှိရာ နယ်မြေ အသစ်များ နှစ်စဉ်နှင့်အမျှ တိုးပြီးတွေ့နေရ ကြောင်း သိရသည်။
မြန်မာနိုင်ငံ တနင်္သာရီတိုင်း သိန္ဓောဒေသရှိ စိန်တွင်းသည် တန်ဖိုးကြီး စိန် များနှင့် စိန်အမြောက်အမြားထွက်ရှိသော ဒေသတစ်ခုအဖြစ် ထင်ရှားသည်။ တောင်ငူဒေသ   တွင်လည်း မကြာသေးမီက စိန်တွင်း တစ်တွင်း တွေ့ရှိခဲ့ရာ ၁၄ရတီခန့်  အထိ ရှိသော တန်ဖိုးကြီးစိန်  တစ်ခုလည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းမ်
ဧရာဝတီတိုင်း မြို့အနှံ့မှာ ၀န်ကြီးချုပ်မဲဆွယ် နေတာနဲ့ပတ်သက်ပြီး ပြည်သူ့အသံ
Posted: 12 Mar 2012 06:47 PM PDT
ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ နေရာဒေသအနှံ့မှာ ၀န်ကြီးချုပ် ဦးသိန်းအောင် မဲဆွယ်နေတာနဲ့ပတ်သက်လို့ ပြည်သူတွေပြောဆိုလာတာတွေကို မေးမြန်ထားတာပါ
ရုံးဝန်ထမ်းတစ်ဦး
"ကျွန်မတို့ဆရာပါ မြေစာရင်းတိုင်းဦးစီးလေ ဦးအောင်တင်မြင့်က။ ဟိုတစ်ခေါက်လို ကြိုတင်မဲမပေးရဘဲ လွတ်လွတ်လပ်လပ် ဘာအချုပ်အနှောင်မှမရှိပဲ မဲပေးရမယ်ဆိုရင် သူ့ကိုဘယ်တော့မှမပေးဘူး။ အန်တီစု ပါတီကိုယ်စားလှယ်ကိုပဲပေးမယ်။ ဘာလို့လဲဆိုတော့ အကြောင်းသိနေတာပဲ။ သူတို့က လူကြီးကိုဖားမယ် စားမယ်။ တစ်ကျပ်ဖိုးဖားပြိး ၁၀၀ဖိုးစားနေကြတာ။ ကိုယ့်တိုင်းကိုယ့်ဒေသအတွက် အမှန်တကယ်အလုပ် လုပ်နိုင်မယ်လို့ထင်တယ့် အန်တီစုပါတီကိုပဲ မဲပေးမှာပါ"
လုပ်ငန်းရှင်တစ်ဦး
"ရယ်ရတယ်ဗျ။ ၀န်ကြီးချုပ်ဆိုတဲ့သူက သူ့ကိုယ်သူတော်တော်အထင်ကြီးနေတာ
။ မဲဆွယ်တာတောင် ရာထူးမာန်တွေမချချင်ဘူး။ အဘ ဦးသိန်းအောင် ဆိုပဲ။ စဉ်းစားကြည့်ဗျာ။ ကျွန်တော်တို့က နိုင်ငံရေးအုပ်ချုပ်ရေးမလုပ်နိုင်လို့ လုပ်နိုင်တဲ့သူကိုမဲပေးပြီးရွေးတာ။ သူတို့ကို အဘတို့ အမတို့ခေါ်ဖို့ရွေးတာမဟုတ်ဘူး။ ကိုယ့်မလုပ်နိုင်တာလုပ်ဖို့ ခန့်ထားတာ။ ရှင်းရှင်းပြောရရင် ရွေးချယ်ပြီးခိုင်းထားတာဗျာ။
နိုင်ငံရေး အုပ်ချုပ်ရေးပိုင်းက အရာရှိတစ်ယောက်လိုသဘောထားပြီး လိုအပ်တဲ့ respect ပေးတာကလွဲပြီး အောက်ကျို့ခံပြီး အဘမခေါ်နိုင်ဘူးဗျာ။ အဘခေတ်ကုန်သွားပြီ။ ဒါကို ဒီလူကြီးသဘောမပေါက်သေးဘူး။ သူ့နားက သူ့ကိုညာစားနေတဲ့သူတွေ အဘ ခေါ်တိုင်း မာန်တက်နေတာ။ ကျွန်တော်တို့က ရှင်းရှင်းပဲ ကိုယ့်ဒေသ ကိုယ့်ပတ်ဝန်းကျင် လူမှုရေး စီးပွားရေး လုပ်နိုင်တဲ့သူကိုပဲရွေးမယ်။ အဲဒီထဲကမှ ကြံ့ဖွံ့ ကိုတော့ ဆောရီးပဲ သေတောင်မရွေးဘူး"
ရပ်ကွက်နေပြည်သူတစ်ဦး
"ကျွန်တော်တို့က အမေစု ပဲ။ ကျန်တာတွေဘာမှမသိဘူး။ အမေစုပဲ နိုင်ငံကိုကယ်တင်နိုင်မှာလေ ကျွန်တော်တို့လို ဆင်းရဲသားဘ၀ကို ကယ်တင်နိုင်တာ နားလည်ပေးပြီး တသားတည်းရှိတာ အမေစုပဲရှိတယ်။ 
အကြောင်းရှိတော့မှ မုန့်ခင်းလာကျွေးတာ။ ဒီမှာ တစ်သက်လုံးငတ်နေတာ။ သူတို့လိုတော့မှ လာပြီးကျွေးတာ။ ရပ်ကွက်ထဲအလှူလာလုပ်တာတောင် မရှိဆင်းရဲသားကို စေတနာရှိရှိကျွေးမွေးတဲ့ပုံစံမျ
ိုးနဲ့မဟုတ်ဘူးလေ။
ကျွေးတော့လည်းစားရတာတော့ဗျာ။ ဒါပေမယ့် မုန့်ဟင်းခါးတစ်ခွက် နဲ့ အမေစု နဲ့တော့ မလဲနိုင်ပါဘူး"
အရာရှိတစ်ဦး
"ကျွန်တော်တို့ကတော့ အစိုးရ၀န်ထမ်းဆိုတော့ လုပ်ရကိုင်ရမလွတ်လပ်ဘူးပေါ့ဗျာ။ စိတ်ထဲရှိတာနဲ့ မဲပေးတဲ့နေ့ကျရင် တစ်ထပ်တည်းတောင်ဖြစ်ပါ့မလားမသိ
ဘူး။ ပြောစရာမလိုပါဘူး။ ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ
ကျွန်တော်တို့က အစိုးရအရာရှိဆိုပေမယ့် ဘာမှမသိမတတ် သူတို့ပြောတိုင်းယုံနေတဲ့သူတွေ
မှမဟုတ်တာ။ အခုဝန်ကြီးချုပ်ဆိုတာကလည်း နဂိုအစိုးရလက်ထပ်က တကယ့်ကို သဘောထားတင်းမာတဲ့သူ ဆိုးတဲ့သူပဲ
သူတို့ ၀န်ကြီးရာထူးယူစဉ်က ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းဖြစ်တော့ ပြန်လည်ထူထောင်ရေးလုပ်တော့ ၀န်ကြီးတော်တော်များများ နာဂစ်ဒေသတွေကို အထူးစီမံချက်ကာလတစ်ခုမှာ အပိုင်စားရခဲ့ကြတာလေ
အမြဲတမ်း ဧရာဝတီတိုင်းကိုဝင်ထွက်နေတာ ဘယ်ဝန်ကြီး ဘယ်လောက်အဆင့်ရှိသလဲဆိုတာ အကုန်သိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမ တို့ စုကြည်မ တို့ခေါ်ခဲ့ကြတဲ့ ၀န်ကြီးတွေ အများကြီးပဲလေ။
သဘောထားတင်းမာတဲ့အုပ်စုဝန်ကြီးေ
တွပေါ့။ ဒီလိုပဲ နာဂစ်ဒဏ်ခံစားခဲ့ရတဲ့ဒေသတွေမှာ တကယ်အလုပ်မလုပ်ဘဲ စားချင်တိုင်းစား လုပ်ချင်တိုင်းလုပ်ခဲ့ကြတဲ့သူတွေအများကြီး ကျွန်တော်တို့ရှေ့တင်ဖြစ်ခဲ့တာ။ ပြောရရင်စိတ်နာပါတယ်ဗျာ။ ကျွန်တော်တို့လို အစိုးရအရာရှိတွေက ဘယ်သူဘယ်အဆင့်ရှိလဲ ဘယ်လိုစိတ်ဓာတ်ရှိလဲဆိုတာ အပြင်လူတွေထက်ပိုသိတော့ မဲပေးရတာအခက်သားဗျ"
humanrights.pathein မှ လိုက်လံမေးမြန်းထားတာပါ။
Myanmar News Now
WiMAX အင်တာနက်ကို Prepaid ကတ်စနစ်ဖြင့် စတင်အသုံးပြုနိုင်
Posted: 12 Mar 2012 06:38 PM PDT
WiMAX အင်တာနက်ကို Prepaid စနစ်ဖြင့် မတ်လအတွင်း၌ စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ်ဒီဇင်ဘာလမှစတင် ၀န်ဆောင်မှုပေးခဲ့သော တိုင်ထောင်အသုံးပြုစရာမလိုသည့် WiMAX အင်တာနက်သုံးသူများသာ ယင်းကဲ့သို့ Prepaid စနစ်ကိုသုံးနိုင်မည်ဟု သိရသည်။
“ ကနဦးတပ်ဆင်ခကတော့ ကျပ် ၆၃၀၀၀၀ ပါပဲ။ ဒါပေမယ့် လစဉ်ကြေးသွင်းစရာ မလိုတော့ ဘဲ ကိုယ်သုံးချင်သလောက်ကိုပဲ Prepaid ကတ်နဲ့သုံးစွဲသွားနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ရုံးသွားပြီး ဘီလ် ဆောင်ဖို့ မလိုတော့သလို ကိုယ်သုံးသလောက်ပဲ ၀ယ်ဖြည့်ဖို့လိုပါတယ်” ဟု Red Link မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
Prepaid ကတ်ကို Data Usage ဖြင့်သတ်မှတ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းများမှာ 1 Gb ကတ်ကို ကျပ် ၂၇၀၀၀ နှင့် 3 Gb ကတ်မှာ ကျပ် ၃၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။ အင်တာနက် Bandwidth မှာ 512 Kbps ရှိမည်ဖြစ်ပြီး မတ်လ ၁၀ ရက်နေ့တွင် junction Squar ၌ စတင်ရောင်းချသွားမည်ဟု သိရသည်။ ကတ် သက်တမ်းမှာ စတင်အသုံးပြုသည့်နေ့မှစ၍ သုံးအတွင်းအသုံးပြုနိုင်ကြောင်း သိရှိရသည်။
ယခင်လစဉ်ကြေးဖြင့် သုံးစွဲသူများအနေဖြင့် Prepaid ကတ်စနစ်ကို ပြောင်းလဲအသုံးပြုလိုပါက ရုံးသို့သွားရောက်၍ Servicd Plan ပြောင်းလဲရန် လိုအပ်ကြောင်း သိရသည်။
Weekly Eleven News Journal - အမှတ် ၂၄၊ အတွဲ ၇
စည်ပင်ရဲ့ ကားပါကင်ကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိ
Posted: 12 Mar 2012 05:25 PM PDT
 ရန်ကုန်မြိုတော်စည်ပင်မှာ အိမ်ဟောင်းများကို ဖျက်ပြီး အဆောက်အဦးဆောက်လုပ်ခွင့်တင်ရာ
မှာ အဆင့်နှစ်ဆင့်တင်ရပါတယ် ။ ပထမအဆင့် Proposal ဒုတိယအဆင့်ပုံစံကြီး ဖြစ်ပါတယ် ။ 
ပထမအဆင့်Proposal အောင်ပြီးရင် မူလနေထိုင်ရာ အိမ်အဟောင်းကို ညဖြိုဖျက်ဖယ်
ရှားရပါတယ် ။ အဲဒီအချိန်ကစလို့ မြေပိုင်ရှင်မိသားစုများ  ၊ အိမ်ငှားနေထိုင်သူမိသားစုများဟာ ကန်ထရိုက်တာအိမ်ဆောက်မပြီးမချင်း မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် တလလျှင်
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ
ကရပါတယ် ။ 
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမြို့နယ်အားလုံးမှာ အသင့်ဆောက်လုပ်မည့် အဆောက်အဦးများမြေညီထပ်မှာ လူနေထိုင်ခွင့်မပြုတော့ဘဲ 
ကားများရပ်နားရန် ကားပါကင်ပြုလုပ်ရမည်လို့ ညွှန်ကြားလာပါတယ် ။ 
အဲဒီအမိန့်ဟာ လွန်ခဲ့သော သုံးလေးလကတည်းက Proposalအောင်ပြီး  မြေပိုင်ရှင်များလည်း အကျုံးဝင်ကြောင်း ထုတ်ပြန်သဖြင့် မြေရှင်ရော ကန်ထရိုက်ပါ အခက်အခဲဖြစ်ကြရပါတယ် ။ စည်ပင်အမိန့်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ် ။ 
ရန်ကုန်မြို့မှာ အိမ်ဟောင်းဖျက်ပြီး အိမ်သစ်ဆောက်လုပ်ခွင့်တင်သောမြေကွက်များ၏ 
၇၅%မှာ ၂၅ပေ×၅၀ပေ မြေကွက်များဖြစ်ပါတယ် ။ စည်ပင်ဥပဒေအရ ရှေ့နောက်ဝဲယာ တစ်ပေစီချန်ခိုင်းထားအတွက် မျက်နှာစာ၂၃ပေ×ရှေ့နောက်၄၈ပေ ဆောက်ကြရပါတယ် ။ 
ရပ်ကွက်အခေါ် ရင်ခွဲ အငယ်မှအုတ်နံရံချားပြီး နှစ်ခန်းတွဲဆောက်ကြတာ များပါတယ် ။ 
 အလည်တည့်တည့် အဆင်းအတက်လှေကား အကျယ်ရှစ်ပေနှုတ်ခဲ့ရင် ၊ ဘေးနှစ်ဘက်က ကွန်ကရစ်တိုင်နှစ်တိုင်နုတ်ခဲ့ရင် ကားအ၀င်အထွက်အတွက် ခြောက်ပေခွဲပင်
မကျန်တော့ပါ ။ 
ကားဝင်လို့ရတယ်ထားဦး ကားသုံးစီးရှေ့နောက်တန်းစီရပ်လျှင် ၀ဲယာနှုတ်ခမ်းအတွက် ကားခြောက်စီးကျပ်ကျပ်တည်းတည်းရပ်လို့ရပါတယ် ။ မှတ်ချက် - ကားတွေမှာ ဘက်မှန်ပါရင်တော့ ၀င်လို့မဆံ့ပါ ။------
 ပြသနာက အတွင်းထဲကကားထွက်ချင်ရင် နောက်ကားနှစ်စီးပိုင်ရှင်တွေကို ဘယ်မှာလိုက်ရှာမလဲ ။ ညနက်သန်းခေါင်အရေးပေါ်လို့ အတွင်းကကား အပြင်ထွက်ချင်ရင် ဘယ် လိုလုပ်မလဲ ။ 
အဲဒါကို မြေရှင်များနဲ့ ကန်ထရိုက်များ မဖြစ်နိုင်ကြောင်း ယာ/အုံ ဌာနမှူးထံ စုပေါင်းတင်ပြခဲ့ရာ 
ဌာနမှူးက ““ ကျုပ်လဲမသိဘူး ၊ အထက်က လုပ်ခိုင်းလို့လုပ်တာ”“ဟု ဖြေပါသည်  ။ တဖန် မြို့တော်ဝန်ထံဆက်လက်ပြီး စာများ ပုံများဖြင့် တင်ပြကြရာတွင် ထိုအကြောင်းအရာမှာ
 အပေါ်ကချပေးတဲ့ အမိန့်ကြောင့် ညွှန်ကြားတာဖြစ်ကြောင်း ပြောပါသည် ။
 ရန်ကုန်မြို့မှာ ထိုအကြောင်းကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိပါသည် ။ စည်ပင်နှင့်ဆက်နွယ်သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ၈၀% လျောု့ကျသွားပါသည် ။ ဆောက်လုပ်ရေးလုပ်သားများ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်ကြရပါသည်။
ကန်ထရိုက်ဆောက်လုပ်ရေးသမားတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
ရန်ကုန်မြို့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တွေ့ ရစဉ်
ငွေဆောင်ကမ်းခြေရှိ ဥယျာဉ်ခြံမြေများ အတင်းအဓမ္မသိမ်းယူခံရ
Posted: 12 Mar 2012 05:26 PM PDT
များက အတင်းအဓမ္မသိမ်းယူခဲ့ကြောင်းသိရပါတယ်။
၁၁.၀၅.၁၉၉၇ ခုနှစ်မှာ ကမ်းခြေဖွံ့ ဖြိုးရေးကော်မတီဥက္ကဌဦးရင်စိန် ဆိုသူမှ
(၄)ရက်ကွက် ဘူးကွဲကြီးကျေးရွာနေ ဒေါ်စမ်းမြ ၊ ဦးလှဘော်၊ ဒေါ်မိမြိုင် နှင့်
ဦးတလုတ်ကြီး တို့ ပိုင်ဆိုင်တဲ့ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်စားသောက်
လာတဲ့ ဥယျာဉ်ခြံမြေ (၁၃)ဧကကျော်ကို အာဏာနှင့်ခြိမ်းခြောက်ကာ
သိမ်းယူခဲ့တာဖြစ်ပါတယ်။ သိမ်းယူစဉ်မှာ အုန်းပင် သီးပင် တစ်ပင်ကို (၁၂၀၀)
ကျပ်နှုန်းနှင့် အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခဲ့ကြောင်း တောင်သူများက
ပြောပါတယ်။
အဆိုပါ အုန်းခြံမြေ ပိုင်ဆိုင်မှုအတွက် တောင်သူတွေကို မည့်သည့်နစ်နာကြေး
မျိုးမှလည်း ပေးဆောင်ခြင်းမရှိတဲ့အပြင် အဲဒီခြံမြေတွေကို အာဏာပိုင်တွေက
ဦးတင်အေး၊ ဒေါ်သူသူအိဟန် တို့ ဆီ လက်လွဲရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ 
သိမ်းယူခံရတဲ့ မြေနေရာများမှာ နိုင်ငံတော်အတွက် မည့်သည့် အဆောက်အအုံ
ကိုမှ ဆောက်လုပ်ခြင်းမရှိတာကြောင့် သက်ဆိုင်ရာ ဧရာဝတီတိုင်း လွှတ်တော်
ဥက္ကဌဦးဆန်းဆင့် ထံ တင်ပြပေမယ့်လည်း အကျိုးအကြောင်းပြန်ဆို ပြောကြား
ခြင်းမျိုးမရှိဘူးလို့ သိရပါတယ်။
စီမံကိန်းအတွက်ဟု ဆိုကာ အဆိုပါသိမ်းယူထားတဲ့ ဥယျာဉ်ခြံမြေများကို အတိုင်း
အတာအတိအကျမသိရဘဲ ညှိနှိုင်းမှုလုံးဝမရှိဘဲ အားကစားဝန်ကြီးဌာနပိုင် မြေ
နေရာဟု ဆိုင်းဘုတ်စိုက်ထူသွားပါတယ်။
သတင်းစာများနှင့်ရုပ်မြင်သံကြားသတင်းတွေမှာ ဒေသခံများနှင့်တွေ့ ဆုံညှိနှိုင်း
ပြီး အားကစားဝန်ကြီးဌာနအတွက် မြေနေရာသတ်မှတ်လိုက်ပါသည်ဟု ကြေ
ညာခဲ့သော်လည်း ခြံမြေပိုင်ရှင် တဦးတယောက်ကိုမှ လာရောက်တွေ့ ဆုံညှိ
နှိုင်းခြင်းမရှိကြောင်း မူလခြံမြေပိုင်ရှင်တောင်သူများကပြောပါတယ်။
ဒေသခံတောင်သူများမှာ အဆိုပါအုန်းခြံမြေများကိုသာ အမှီပြုစားသောက်နေ
ရတဲ့အတွက် အဆိုပါကိစ္စကို နိုင်ငံတော်အာဏာပိုင်များမှ မှန်မှန်ကန်ကန်
ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတောင်သူများက Myanmar
News Now ကိုပြောဆိုထားပါတယ်။
လျော်ကြေးမပေးပဲ အားကစားဝန်ကြီးဌာနပိုင်မြေဟု ဆိုင်းဘုတ်စိုက်ထူထားတာပုံပါ။
အတင်းအဓမ္မသိမ်းယူခံရတဲ့ဥယျာဉ်ခြံမြေများ
 Myanmar News Now
မြန်မာ့အသံ ရုပ်မြင်သံကြားနှင့် (MRTV)တို့ မှထုတ်လွှင့်မည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်း (ရုပ်/သံ)
Posted: 12 Mar 2012 03:50 PM PDT
ရုပ်မြင်သံကြားမိန့် ခွန်းအသံသွင်းယူနေစဉ်
 မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြား (MRTV) မှာ လာမယ့် မတ်လ (၁၄) ရက်နေ့မှာ
စတင်ပြသမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့် ခွန်း (ရုပ်/သံ)
အသံဖိုင် သီးသန့် နားထောင်လိုသူများအတွက်
Myanmar News Now
ကျိုးပဲ့နေတဲ့ တရားစီရင်ရေး မဏ္ဍိုင်
Posted: 12 Mar 2012 07:21 PM PDT
2010 ဒီဇင်ဘာ3ရက်ည11 နာရီကျော် ရန်ကုန်မြို့ အာရှတော်ဝင်ရှေ့မှာ တိုက်စီမောင်းသော
ယဉ်မောင်းလေးအား လူအများ ၀ိုင်းပြီးမသေမချင်းရိုက်နှက်လိ
ု့ သေဆုံးခဲ့ရပါတယ်။
လျှပ်တပြတ် ၊ ပြည်မြန်မာ ဂျာနယ်တွေမှာလည်းဟိုးလေးတစ်ကြော်ဖြစ်ခဲ့ပါတယ်။
ယခုလိုလူတစ်ယောက်အားမသေမချင်းရိုက်နှက်တဲ့လူသတ်မှူ့ကို ဒုတိယခရိုင်တရားသူကြီး
 ဦးဟုတ်ရီမှ လူသတ်မှူ့ ၃၀၂ အား ၃၂၅ အဖြစ်ပြောင်းလဲပြီး ၂၀၁၂ ဖေဖော်ဝါရီ၂၄ရက်နေ့တွင်
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး မှာအမိန့်ချမှတ်ခဲ့ပါတယ်။ 
ဝိုင်းရိုက်နှက်တဲ့ လူ၎ယောက် ရှိရာ ၂ယောက်ကို ထောင်ဒဏ် ၅နှစ်စီချမှတ်ပေမဲ့ ၊ 
လူတစ်ယောက်လုံးကို မသေမချင်းဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံကို တရားသူကြီး
ဦးဟုတ်ရီ မှ ထောင်ဒဏ် ၁နှစ် ၃လသာအမိန့်ချမှတ်ခဲ့ပါတယ်။ 
အဲဒီ ထာင်ဒဏ်၁နှစ်နဲ့၃လသာကျခံရသောတရားခံ၂ယောက်မှာငွေကြေးပြည့်စုံ
သူများဖြစ်ကျပါတယ်။တရားစီရင်ချက်ချပြီးလို့ရက်အနည်းငယ်ကြာ
တာနဲ့ ချုပ်ရက်နဲ့ လူတစ်ယောက်ကိုမသေမချင်းရိုက်သတ်
ခဲ့ ပေမဲ့ အပြင်မှာ
လမ်းသလားလို့ရနေပါပြီ။လူတစ်ယော
က်အသက်ကသာ ကြက်ကလေး
ငှက်ကလေးလိုသေဆုံးသွားခဲ့တာပါ။
ထိုဒုတိယခရိုင်တရားသူကြီးဦးဟု
တ်ရီမှာ တရားခံနှင့်တရားလိုအမေးအဖြေ
လုပ်နေတဲ့တရားခွင်အချိန်တွေမှာေ
တာင် စိတ်မ၀င်စားသလိုနဲ့
တယ်လီဖုန်းကိုသာအဆက်မပြတ်ပြောေ
နခဲ့ပါတယ်။
 သေဆုံးသွားသောတိုက်စီသမားလေးတင်မောင်ဆွေမှာပင်စင်စား မိဘကို
တိုက်စီမောင်းရင်းလုပ်ကျွေးနေေ
သာလူငယ်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ခုလိုရာဇ၀တ်မှူ့တွေကို ထိထိရောက်ရောက်အရေးမယူရင် နောက်ဆိုလည်း
မကြောက်မရွံ့ထပ်ပြီးကြူးလွန်ေ
နကျမှာကိုကျွန်တော်တို့ အပစ်မဲ့ပြည်သူ
တွေအတွက်စိုးရိမ်စရာပါဘဲဖြစ်ကြောင်း အဆိုပါအမှုကို စောင့်ကြည့်လေ့လာ
နေသူတဦးက Myanmar News Now ကို ပြောပြပါတယ်။
 အမှု့ နှင့်ပါတ်သတ်သည့် အထောက်အထားစာရွက်စာတမ်းများကို အောက်မှာ
ဆက်လက်လေ့လာနိုင်ပါတယ်။
Myanmar News Now
ဖဲဝိုင်းတွင် ဓါးထောက်ငွေလုသူ ဝိုင်းရိုက်ခံရ၍ သေဆုံး
Posted: 12 Mar 2012 03:07 PM PDT
 ရန်ကုန် ဆင်ခြေဖုံး ဒေသ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၁၇ ရပ်ကွက်ရှိ အသုဘ နေအိမ်တစ်ခု၌ ပြုလုပ်သော ဖဲဝိုင်းတွင် ဓားထောက် ငွေလုရာမှ အသက် ၃၅ နှစ်အရွယ် ဓားထောက် ငွေလုသူ အမျိုးသား တစ်ဦး သေဆုံးခဲ့သော လူသတ်မှု တစ်ခု မတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မျက်မြင် တွေ့ကြုံသူများနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်း၏ ထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ လူသတ်မှု ဖြစ်ပွားသော နာရေးအိမ်ရှိ ဖဲဝိုင်းတွင် ဝင်ကစားနေသော အသက် ၃၅ နှစ်အရွယ် အုတ်ပွဲစား အမျိုးသား တစ်ဦး ဖဲရှုံးသောကြောင့် ဓားထောက် လုယက်၍ ချိန်းခြောက်ပြီး ငွေများ ပြန်လည်ရယူကာ ထွက်သွားစဉ် လူ ၉ ဦး ဝိုင်းဝန်း ထိုးကြိတ်ရာမှ သေဆုံးသွားရခြင်း ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့ နယ် ရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
12345.gif
12345.gif
"☆•❤´¯``THAINGI´¯``❤•☆ -"
unread,
Mar 14, 2012, 1:39:35 AM3/14/12
to စစ်မှန်သောမိသားစု
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/3/12
Subject: သစ်ထူးလွင်
To: ms.the...@gmail.com
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လေ့လာ
Posted: 12 Mar 2012 04:10 AM PDT
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီ ၄၅မိနစ်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်းကောင်း၊ ကိုးနာရီခွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း အသီးသီး တွေ့ ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
လွှတ်တော် ဥက္ကဋ္ဌများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပပုံကို မိနစ် ၃၀ နီးပါးကြာ တက်ရောက်လေ့လာခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် နေပြည်တော်လွှတ်တော် ခန်းမ အဆောက်အအုံအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး
Posted: 12 Mar 2012 04:05 AM PDT
ဓါတ်ပုံ-(googleimages)
ရန်ကုန် ၊ မတ် ၁၂
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ တပ်မတော် အကြီးတန်းအရာရှိကြီးများ အများစုနေထိုင်ရာ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ
ကမ္ဘာအေးဗီလာအိမ်ရာတွင်  ယနေ့ (မတ် ၁၂ ရက် ) နံနက် ၃နာရီ ခွဲခန့် မှ ၅နာရီ ခန့် အထိ မီးလောင်ခဲ့ကြွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန နှင့် မျက်မြင်သက်သေများထံမှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာတွင် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သတ်၍ မီးသတ်ဦးစီးဌာနသို့ The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ကမ္ဘာအေးဗီလာ အိမ်အမှတ် ( C-3 ) ဒေါ်တိုးရီ၏
 အလျားပေ ၆၀ ၊ အနံ ပေ ၆၀ ရှိ အာစီ ၂ထပ်ခွဲတိုက် မီးလောင်ခဲ့ရာ မြန်မာငွေ တန်ဖိုး ကျပ်၈သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
မရမ်းကုန်းမြို နယ် ၈ မိုင်လမ်းဆုံ အနီး၌ နေထိုင်သူများကမူ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ်ဖြစ်ကြောင်း သိရသည်။
ထက်ထက်မိုးဦးအား အမိန့်ချမည့် အစီအစဉ် ထပ်မံရွှေ့ဆိုင်း
Posted: 12 Mar 2012 04:01 AM PDT
ထက်ထက်မိုးဦး အား ရုံးချိန်းတခုတွင်းတွေ့ ရစဉ်
7 Days သတင်းဂျာနယ်မှ သတင်းထောက်တစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှု့ဖြင့် တရားစွဲဆိုခံထားရသူ သရုပ်ဆောင် ထက်ထက်မိုးဦးအား အမိန့်ချမှတ်မည့်ရက်ကိုရန်ကင်းမြို့နယ် တရားရုံးပြောင်းရွှေ့ရေးအား ဦးစားပေး ဆောင်ရွက်နေရသောကြောင့် မတ်လ(၂၃)ရက်နေ့ နောက်ပိုင်းတွင်မှ အမိန့်ချမှတ်မည်ဟု 7 Days သတင်းထောက် မအေးသူစံက The Voice Weekly သို့ ပြောကြားသည်။
 အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ ညဦးပိုင်းတွင် ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် ထက်ထက်ဦးမိုးဦးက ယင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်း တရားလို ဖြစ်သူက စွပ်စွဲထားသည်။
တိတိကျကျအရေးယူခြင်းမရှိသေးတဲ့ ရွေးကောက်ပွဲဥပဒေများ
Posted: 12 Mar 2012 03:35 AM PDT
ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် မလျော်သြဇာသုံးပြီး ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း (ဓါတ်ပုံ-Myanmar News Now)
မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင် ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ်၊ ငွေဒဏ်ချမှတ် ခံရနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားချက်အရ သိရသည်။
မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေး တစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန်
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၁၃) ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများနှင့် ပြစ်ဒဏ်များပါ ပုဒ်မ ၅၇ တွင် “မည်သူမဆို ရွေးကောက်ပွဲများတွင် ပုဂ္ဂိုလ်တစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ လိမ်လည်လှည့်ဖျားခြင်း၊ လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်းကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟူ၍ပြဋ္ဌာန်းထားသည်။
ထို့ပြင် ပုဒ်မ ၅၈(က)(ခ)တွင် “မည်သူမဆို ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်သော် လည်းကောင်း၊ ယင်း အခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သော်လည်းကောင်း ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး၊ အလုပ်အကိုင် နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြား အခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း၊ ရွေးကောက်မှု ဆိုင်ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးကို သော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တစ်ဦးဦးကို သော်လည်းကောင်း ခြိမ်းခြောက်ခြင်း ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟူ၍ ပြဋ္ဌာန်းထားသည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့တွင် ပါဝင်သော ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ အခန်း၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်မှုများ နှင့် ပြစ်ဒဏ်များကဲ့သို့ပင် ပြဋ္ဌာန်းထားသည်။
EMG
၈၈ မျိုးဆက် ကျောင်းသားများ ချောက်၊ ရေနံချောင်းနှင့် မကွေးမြို့များသို့ သွားရောက်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြော
Posted: 12 Mar 2012 03:22 AM PDT
72412
မကွေးဒေသခံများအား ဟောပြောနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်အား တွေ့ရစဉ်
၈၈ မျိုးဆက် ကျောင်းသားများ ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တတိယမြောက် ခရီးစဉ် အဖြစ် ကိုမင်းကိုနိုင် ဦးဆောင်ပြီး ကိုဂျင်မီ၊ ကိုအံ့ဖွယ်ကျော်၊ ကိုဥာဏ်လင်း၊ ကိုမျိုးအောင်နိုင်၊ ကိုကိုနိုင်နှင့် ကိုချစ်ကိုတို့ ပါဝင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့သည် မတ်လ ၅  ရက်နေ့က ချောက်၊ ရေနံချောင်း၊ မကွေးမြို့များသို့ သွားရောက်ခဲ့ပြီး မင်းဘူးမြို့မှတစ်ဆင့် ရွှေစက်တော်ပွဲတော် အထိ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုခရီးစဉ်၏ ပထမဆုံးအနေဖြင့် ဟင်္သာတ၊ သရက်၊ အောင်လံ၊ ဇလွန်မြို့များသို့ လည်းကောင်း၊ ဒုတိယခရီးစဉ်အဖြစ် မြစ်ကြီးနားမြို့၊ မန္တလေးမြို့များသို့ လည်းကောင်း သွားရောက်ခဲ့ပြီး ချောက်မြို့NLD   ရုံးခန်းဖွင့်ပွဲသို့ သွားရောက်စဉ် တတိယ ခရီးစဉ်အဖြစ် ရေနံချောင်း၊ မကွေးမြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတတိယမြောက်ခရီး စဉ်အဖြစ် ချောက်မြို့သို့ မတ်လ ၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့် တွင် ရောက်ရှိခဲ့ကြပြီး နံနက် ၉ နာရီ တွင် ချောက်မြို့ ဦးဖိုးဟန်လမ်း၊ ဗဟိုလွှတ်သစ်ရပ်ရှိ NLD  ရုံးခန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့က တက်ရောက်လာသော ချောက်မြို့ခံ ပြည်သူလူ ထုအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအ ကြောင်း ဟောပြောခဲ့ကြောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ချောက်မြို့အေးစေတီ ဘုန်းကြီးကျောင်းတွင် ချောက်မြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိလုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်းတွန့်ဆုတ် မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲ ဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန်လိုကြောင်း ပြောကြားခဲ့ .  .  .
ကိုမင်းကိုနိုင် ဦးဆောင်သော အဆိုပါအဖွဲ့သည် ချောက်မြို့မှ ထိုနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ထွက်ခွာလာခဲ့ပြီး ရေနံချောင်းမြို့သို့ အရောက်တွင် ရေနံချောင်းမြို့ စိန် ပန်းလမ်းမတော်ရှိ NLD  ရုံးတွင် ပြည်သူလူထုသို့ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေနံချောင်းမြို့မှ ဆက်လက်ထွက်ခွာ၍ မကွေးမြို့သို့ ထိုနေ့ည ၇ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး မကွေးမြို့တွင်း အနှံ့ လှည့်လည်၍ ပြည်သူလူထုနှင့် တွေ့ဆုံ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ထိုခရီးစဉ်တစ်လျှောက် ချောက်၊ ရေနံ ချောင်း၊ မကွေးမြို့များတွင် ပြည်သူလူထုမှ ၈၈ မျိုးဆက် ကျောင်း သားများအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
မတ်လ ၆ ရက်နေ့ နံနက် ၇ နာ ရီခန့်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မကွေးမြသလွန် စေတီတော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ရာတွင်လည်း တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံပြည်သူလူထုများ စီတန်းလိုက်ပါခဲ့ကြောင်း သိရသည်။ မြသလွန် စေတီတော် မြတ်ကြီးအား ဖူးမြော်ပြီးသောအခါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် မကွေးမြို့ပေါ်ရှိ ပါရမီသွေးလှူရှင်များ အသင်း၊ ကရုဏာရှင်များ နာရေးကူညီမှု အသင်းများသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် ထိုနေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သို့ သွားရောက်ကာ ကြေးရုပ်ရှေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြကြောင်း သိရသည်။
ထို့နောက် မကွေးမြို့ရွာသစ်ရပ် ၁၅ လမ်းရှိ တည်းခိုရာနေအိမ်၌ နံ နက် ၉ နာရီခန့်တွင် လူထုနှင့် တွေ့ဆုံဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရ သည်။ ထိုဟောပြောပွဲကို ၈၈မျိုး ဆက်ကျောင်းသားများမှ တစ်ဦးချင်း လူထုနှင့်မိတ်ဆက်၍ စတင်ခဲ့ပြီး ကိုမျိုးအောင်နိုင်၊ ကိုအံ့ဖွယ်ကျော်၊ ကိုဥာဏ်လင်း၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင် တို့က ဟောပြောခဲ့ကြသည်။
ကိုဥာဏ်လင်းက ဟောပြောရာ တွင် ဒီမိုကရေစီဆိုသည်မှာ ပြည်သူ အားလုံး တက်တက်ကြွကြွ ပါဝင်သည့်  စနစ်ဖြစ်ကြောင်း၊ ပရဟိတနှင့် လူမှု ရေးအသင်းအဖွဲ့များ အများအပြား လိုအပ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်လည်း လူထုလူတန်းစား အဖွဲ့အစည်းများ ပေါ်ပေါက်ရန် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း၊ ထိုသို့ သမဂ္ဂများနှင့် လူမှုရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာ၍ ပြည်သူလူထု၏နစ်နာမှု၊ လိုအပ်မှုများ စုပေါင်းတောင်းဆိုရန် လိုအပ်ကြောင်း၊ ထိုသို့စုပေါင်း တောင်းဆိုနိုင်ရန် တစ်ဦးနှင့်တစ်ဦး ကျောချင်းကပ်၊ လက်ချင်းယှက်ထားမှ နေ့စဉ်ဘ၀ တိုးတက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယနေ့ဒီမိုကရေစီ စနစ်ဆိုတာ ဘာလဲဆိုလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူတွေကို သတ္တိရှိအောင်၊ လုပ်ရဲကိုင်ရဲရှိအောင် ပြုလုပ်ပေးတာ ဖြစ်ကြောင်း၊ လူတွေကို ကြောက်ရွံ့အောင် လုပ်တာသည် အာဏာရှင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်ကို ကြည့်လျှင် လူတွေကိုသတ္တိရှိအောင် လုပ်ပေး သလား၊ ကြောက်အောင် လုပ်ပေးသလား ကြည့်သင့်ကြောင်း၊ ကြောက်အောင်လုပ်လျှင် အာဏာရှင်ဟု သတ်မှတ်ကြောင်း၊ အစိုးရရော ပြည်သူလူထုပါ အကြောက်တရား ကင်းဝေးရန်လိုကြောင်း၊ နိုင်ငံတော် သမ္မတကြီး ၏ ဒုတိယမိန့်ခွန်းမှာ ပထမမိန့်ခွန်းထက် ပိုမိုကောင်းမွန်ကြောင်း၊ ထိုမိန့် ခွန်းကို နားထောင်သူများမှာ မိမိတို့သာမက တိုင်းဒေသအသီးသီးရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အထိနားထောင်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲ လိုသည့် မည်သူ့ကိုမဆို ကြိုဆိုရမည်ဖြစ်ကြောင်း၊ ဥပဒေ မရှိဘဲ နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော အကျင့်ကို ဒေသအာဏာပိုင်များမှ စ၍ ဖြစ်သင့်ကြောင်း၊ အုပ်ချုပ်သူတို့၏ အားနည်းချက်များကို ထိန်းကျောင်းရန် တာဝန်ရှိသည်မှာ ယခုရှိ နေသော အခြေခံပြည်သူများ ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ကိုယ်တိုင် မှန်တာ ကိုရဲရဲပြော၍ ရဲရဲလုပ်ရန် ပြောကြားခဲ့ကြောင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုသည်မှာ ယခုစိမ်းနေသေးသော်လည်း နောင်တွင် ဒီမိုကရေစီ ကဲ့သို့ပင် ယဉ်ပါးသွားမည် ဖြစ်ကြောင်း၊ မကျေနပ်တာကို မကျေနပ်ကြောင်း၊  လွှတ်တော်များ၊ မီဒီယာများမှ တစ်ဆင့်တင်ပြ၍ ရနေပြီဖြစ်ကြောင်း မည်သည့် အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမည် ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးရ မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိ လုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်း တွန့်ဆုတ်မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကိုမင်းကိုနိုင်က ပြောကြားရာတွင် မကွေးမြို့သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့ရာ နတ်မောက်မြို့၏ တိုင်းမြို့ဖြစ်ကြောင်း၊ မကွေးမြို့သည် ချောက်ရေနံမြေ သပိတ်သားများ ချီတက်စဉ်က ရန်ကုန်မှအကူတပ်သားအဖြစ် စေလွှတ်လိုက်သော ကျောင်းသားများနှင့် ဆုံစည်းခဲ့သော အောင်မြေဖြစ်ကြောင်း၊ မကွေးမြို့တွင် စာပေဟောပြောပွဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရသည်ကို သိရ၍ စိတ်မကောင်းဖြစ်မိကြောင်း၊ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု မရှိသည်ကိုလည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြည်သူလူထုတွင် ကြောက်ရွံ့မှုများ ရှိနေရခြင်းမှာ ကောင်းသော အလားအလာ မဟုတ်ကြောင်း၊ ပြည်သူလူထု ဆိုသည်မှာ သခင်ဖြစ်ပြီး၊ လွှတ်တော် အမတ်များမှာ ပြည်သူ့အကျိုးဆောင် အစေအပါးများ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုကို မိဘပြည်သူများဟု ခေါ်ခဲ့သည်မှာ အင်မတန် ကျက်သရေရှိကြောင်း၊ ထိုသို့ အခြေအနေ ရောက်ရှိလာခဲ့သည် မှာ အလကားရခဲ့ခြင်း မဟုတ်ကြောင်း၊ ယခင် အုပ်ချုပ်မှုပုံစံဖြင့် ခေါက်ရိုးကျိုးသူ အများအပြား ရှိသေးကြောင်း ပြည်သူ့အရေး၊ နိုင်ငံအရေးကို ရဲရဲ ရင့်ရင့်ပြောဆိုရန် အသင့်ရှိသင့် ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မကွေးမြို့အတွင်း ၎င်းတို့ လှည့်လည်စဉ် ယာဉ်ထိန်းရဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်သားများ စောင့်ရှောက်ခဲ့သောကြောင့် အလွန်ဝမ်း သာမိကြောင်း၊ ထိုသို့ စောင့်ရှောက်မှုများကို ရေရှည် ဖော်ဆောင် သင့်ကြောင်း၊ အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်သူများက ပြုပြင်ပြောင်းလဲရေးကို လိုလားမည် မဟုတ်ကြောင်း၊ ယနေ့ပွဲသို့ တက်ရောက်လာသူများမှာ မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုမှ မပါဝင်ဘဲ လာရောက်ခဲ့ကြကြောင်း လူမှုရေး၊ ကျန်းမာရေးပူး ပေါင်း၍ မဟတ္တမဂန္ဒီကဲ့သို့ ပြည်သူနှင့် တစ်တန်းတည်း ရပ်တည်ခဲ့သော သြဇာကြီးမား သူမျိုးများ လိုအပ်ပါကြောင်းများ ပြောကြားခဲ့သည်။
ထို့နောက် နံနက် ၁၁ နာရီ ခန့်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မင်းဘူမြို့မှတစ်ဆင့် ရွှေစက်တော်ပွဲတော်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုအဖွဲ့သည် ရွှေစက်တော်ပွဲတော်မှ နေ့ချင်း ပြန်လာမည် ဖြစ်ပြီး မကွေး- ကံပြား နေပြည်တော်လမ်းမှ တစ်ဆင့် မြို့သစ်မြို့တွင် လူထုနှင့်တွေ့ဆုံ မိတ်ဆက်ပြီး ရန်ကုန်သို့ ပြန်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
EMG
တိုင်းရင်းသားပါတီပေါင်းစုံပါဝင်သော အဖွဲ့ချုပ် ဖွဲ့စည်းမည်
Posted: 12 Mar 2012 03:20 AM PDT
တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိကြောင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ တခုက ပြောကြားလိုက် ပါတယ်။
၁၉၉၀ရွေးကောက်ပွဲတုန်းက အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေဟာ ပါတီ မှတ်ပုံတင် တွေ ပြန်ကျလာပြီဆိုရင် တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ဒီမိုကရေစီအဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိတယ်လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဘန်းက ပြောပါတယ်။
“ပါတီတွေအားလုံး မှတ်ပုံတင် ကျပြီးတဲ့ အချိန်ကျရင် အစည်းအဝေး ခေါ်ပြီးတော့ တိုင်းရင်းသားပေါင်းစုံနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ အစီအစဉ်ရှိတယ်။ အရင်တုန်းကတော့ ကျနော်တို့က ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီ အဖွဲ့ချုပ် (ယူအန်အယ်လ်ဒီ) ပေါ့။ ဒီတခါမှာတော့ ဘယ်လို နာမည်နဲ့ ဖွဲ့မယ်ဆိုတာ မစဉ်းစားရသေးဘူး။ အားလုံး ဆွေးနွေးပြီးမှ စဉ်းစားရမှာပါ။”
တိုင်းရင်းသားမဟာမိတ်အဖွဲ့တခု ထူထောင်မယ့်ကိစ္စဟာ  ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီအချင်းချင်း  အလွတ်သဘော ပြောဆိုတဲ့အဆင့်ပဲ ရှိသေးပြီး  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ ပါဝင်နိုင်တယ်လို့ ဦးသာဘန်းက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့် လွင်က လည်း  ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ အဖွဲ့တွေရဲ့ သဘောထားကိုလည်း မေးမြန်းရ မယ်လို့ ပြောပြပါတယ်။
“တိုင်းရင်းသားပါတီတွေက ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ် ရပ်တည်တာနဲ့စာရင် စုပေါင်းပြီး တော့ ရပ်တည်တာ ကောင်းတာပေါ့။ နောက်ပြီးတော့ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စ စကားပြောလာမယ်။ နိုင်ငံရေးကိစ္စ စကားပြောမယ်ဆိုရင် အားလုံးရဲ့ သဘောထားနဲ့ ပြော တာ ပိုကောင်းတယ်။ ပိုပြီးတော့လည်း အားရှိတာပေါ့။ အပြင်မှာ အချင်းချင်း ကြိုတင်ညှိနှိုင်း ထားတဲ့ အခါကျရင် အစိုးရနဲ့ ပြောတဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ သဘောတူညီချက် ရနိုင်တာပေါ့။ တဖွဲ့ချင်း သက်သက် လုပ်နေမယ် ဆိုရင်တော့ သိပ်ကြာသွားမယ်လေ။”
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဇိုမီးအမျိုး သားများကွန်ဂရက်တို့ကတော့  မှတ်ပုံတင် လျှောက်ထားကြပြီး ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လာမယ့်အပတ်ထဲမှာ တင်ဖို့ ရှိတယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။ 
စွန့်ပစ်မြေဇာများကြောင့် ဖားကန့်  ဥရုချောင်း တိမ်ကောမည့်အရေးရင်ဆိုင်နေရ
Posted: 12 Mar 2012 03:19 AM PDT
ကချင်ပြည်နယ် ဖားကန့်အနီးမှာ ကျောက်စိမ်းလုပ်ကွက်တွေက ထွက်လာတဲ့ မြေဇာတွေကြောင့် ဥရုချောင်းဟာ တိမ်ကော သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်စိမ်းလုပ်ကွက်တွေမှာ ယန္တယားတွေနဲ့ တူးဖော်နေပြီး ထွက်လာတဲ့ မြေဇာတွေကို ချောင်း အတွင်းကို စွန့်ပစ်နေကြတာကြောင့် ချောင်း ဖြတ်သန်း စီးဆင်း နေတဲ့ လုံးခင်၊ ဖားကန်နဲ့ ဆိုင်း တောင်ကြားနေရာတွေမှာ ချောင်း တိမ်ကော သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
ဖားကန့် ဒေသခံတဦးက  “ဖားကန့် ဆိုင်းတောင်ပေါ့။ ကျနော်တို့ နေခဲ့တဲ့ ဒီနေရာတွေ ကတော့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ ရေက နှစ်တိုင်း ကြီးတယ်။ အခုဆိုရင် ချောင်းတွေက သဲစာတွေ ပစ်တာပေါ့။ မြေဇာတွေ ပစ်ထားတော့ လက်ပစ်တောင် ကူးသွားလို့ ရတယ်။ လမ်းတောင်လျှောက်လို့ ရတယ်။ ပေ ၄၀ – ၅၀ လောက်ပဲရှိမယ်။ ကုမ္ပဏီက မြေဇာတွေ ချောင်းထဲကို စွန့်ပစ်တော့ ချောင်းက မြင့်တက်လာပြီးတော့ ချောင်းက ကောသွားတာပေါ့။”
ကုမ္ပဏီတွေက မြေဇာ စွန့်ပစ်တာတွေ များပြားတဲ့အတွက် ဥရုချောင်းထဲကို စီးဝင်နေတဲ့ ချောင်းလက်တက် တချို့ဆိုရင် ကောစပြုလာပြီး တချို့ နေရာတွေမှာ ဆိုရင် အရင်က ပေ ၃၀၀နဲ့ ၅၀၀ အကြားရှိတဲ့ ဥရုချောင်း အကျယ်ဟာ အခုအခါမှာတော့ ပေ ၅၀ လောက် ကျဉ်းမြောင်းသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ ကျောထောက်နောက်ခံ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေ ဒီဒေသမှာ ကျောက်တူးဖော်ရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေပြီး ဒီကုမ္ပဏီတွေဟာ ကျောက်ကြောကောင်းပြီး မတူးဖော်ရသေးတဲ့ ဥရုချောင်းအတွင်း ကျောက်မျက် တူးဖော်ဖို့ အလွန် အမင်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ ခုနှစ်တုန်းက ဥရုချောင်း ရှင်းလင်းရေးဟုခေါင်းစဉ်တပ်ကာ ဒေသအာဏာပိုင် တွေကို ကျောက်မျက်တူးဖော်ရေးကုမဏီတွေက ငွေပေးပြီး ဥရုချောင်းအတွင်း ကျောက်စိမ်းတူး ဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်စိမ်းတူးဖော်ရာတွင် ချောင်းတွင်သာမက ကမ်းပါးများကိုပါ မြေတူးစက်တွေ တူးဖော် နေမှုကြောင့် ဖားကန့် မြို့ဘက်ခြမ်းရှိ ဥရုချောင်းကမ်းဘေး လမ်းမကြီးဟာ ရေတိုက် စားခံရပြီး ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဥရုချောင်းဟာ ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီးတော့ လုံးခင်၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ ဟောင်ပါးတို့ကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်တွင်းကို စီးဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကလည်း ဖားကန့် ဒေသရှိ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ အပါအဝင် ဥရုချောင်းတလျှောက် မှော်ကျေးရွာတွေဟာ ရေဘေးဒဏ်ကို စတင်ခံခဲ့ရပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။ 
မြို့မကျောင်းလမ်း ပေါ်တွင် ယာဉ် ၄ ဆင့်တိုက်မှု ဖြစ်ပွားခဲ့
Posted: 12 Mar 2012 03:01 AM PDT
မတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ ၀န်းကျင် ခန့်က ဒဂုံမြို့နယ်၊ မြို့မ ကျောင်းလမ်းနဲ့ မင်းရဲကျော်စွာ လမ်းဆုံရာ ဆေးတက္ကသိုလ် ၁ ရှေ့ဘက်မှာ ကား ၄ ဆင့် တိုက်မှု
တစ်ခု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုမှာ မြို့မကျောင်းလမ်း ဘက်မှ  မြို့ထဲသို့ သွားရာ ဘက်ကို မောင်းလာတဲ့ တက္ကဆီ ယာဉ်ဟာ ၎င်းရှေ့ရှိ ကားများကို ကျော်တက်ရာမှ ရှေ့မှ မောင်းနှင်နေတဲ့ ဂျပန် သံရုံးမှ သံရုံးကားကို အရှိန်မထိန်း နိုင်ဘဲ ၀င်တိုက် ခဲ့ပါတယ်။
 အဆိုပါ တိုက်မိမှုကြောင့် ဂျပန်သံရုံးမှ ကားဟာ ကန့်လန့် ဖြစ်သွားပြီး ဘေးမှာရှိတဲ့ ဂျစ်ကားကို ထပ်မံ ၀င်တိုက် မိတယ်လို့ သိရပါတယ်။  အဲ့ဒီနောက် မှာတော့ အတိုက်ခံရတဲ့ ဂျစ်ကားဟာ လမ်းပေါ်မှာ တစ်ပတ်လည် သွားပြီး ပလက်ဖောင်း ပေါ်သို့ ရောက်ရှိ သွားတယ်လို့ သိရပါတယ်။ အဲ့ဒီ နောက်မှာတော့ ယာဉ်တိုက်မှုကို စတင် ဖြစ်ပေါ်စေတဲ့ တက္ကဆီ ကားရှေ့ဘက်လမ်း ကြောင်းမှ မောင်းနှင်လာတဲ့ ဆီပေပါခွံများ တင်လာတဲ့ ဒိုင်နာကား တစ်စီးကို ထပ်မံ ၀င်တိုက် မိခဲ့တာကြောင့် တစ်ချိန်တည်းမှာ ယာဉ် ၄ ဆင့် တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်မတော် တဆမှုတွေကြောင့်  တက္ကဆီ ယာဉ်မောင်းဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ကျန်ယာဉ်မောင်း များမှာတော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
MRTV-4
သီလရှင်တပါး သံဃနာယကဥက္ကဌဘုန်းကြီးကျောင်းတွင် တန်ခိုးဖြင့် ဆေးကုသခြင်းကို ကြံ့ခိုင်ရေးပါတီဝင်များပါဝင်
Posted: 12 Mar 2012 03:13 AM PDT
ဧရာဝတီတိုင်း ပုသိမ်မြို့ ၊  နိဂြောဓာလမ်း၊သံဃနာယက ဥက္ကဌကြီးရဲ့  ညောင်ပင်သာကျောင်းတိုက်မှာ
(8.4.2012) မှ (11.4.2012) နေ့ထိ
ပြုလုပ်တဲ့ (သာသနာတော်စည်ပင်ထွန်းကားပြန့်ပွားရေးရည်ရွယ်တဲ့) မယ်သီလရှင်ဆရာလေးဆိုသူရဲ့ ဆေးကုသပွဲကို တိုင်းဒေသကြီးဝန်ကြီးတွေတက်ရောက် ဆေးကုသ ခံယူခဲ့ပါတယ်။
 ထိုပွဲမှာ ကုသိုလ်ယူဆောင်ရွက်ပေးကြတာက ကြံ့ဖွံ့ပါတီဝင်တွေပါ.. သူတို့က "ရေမန်း"
 ရောင်းပေးတယ်၊ စာရွက်ကလေးတွေဝေပေးတယ်.. စာရွက်ဆိုတာကလည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မှာအရွေးခံမယ့် ကြံ့ဖွံ့က ပုဂ္ဂိုလ်ရဲ့မဲဆွယ်ကြောင်း 
စာရွက်တွေ... ဒါတွေထားပါတော့...
ကျွန်တော်သိချင်တာက ဆရာလေးရဲ့ရေမန်း စွမ်း/မစွမ်းမဟုတ်ပါဘူး...
- ရွေးကောက်ပွဲမှာ ဘာသာ/သာသနာ ခုတုံးလုပ်လို့ရတယ်လား? ...
- တိုင်းအဆင့်သံဃာ့ အကြီးအကဲက ဗုဒ္ဓမြတ်စွာတားမြစ်တဲ့ သာသနာဝန်းကျင်ကပုဂ္ဂိုလ်တွေ ဆေးမကုသရဆိုတာကိုဆန့်ကျင်ပြီး  ဗုဒ္ဓမြတ်စွာဟောတဲ့တရားတွေကို ပြန်ဟောတဲ့ ဓမ္မကထိက ဆရာတော်တွေကိုကျတော့
တရားဓမ္မဟောပြောခွင့် ပိတ်တာ  ဖြစ်သင့်သလား?...(မဟန ၄၇ပါးက မမြင်တာလား/မသိ
ချင်ယောင်ဆောင်သလား မသိ)
- ၂၂၇ သွယ်သောသိက္ခာပုဒ်တွေနဲ့ပြည့်စုံပါတယ်ဆိုတဲ့ ဆရာတော်တွေက သီလရှင်ရဲ့ အတို့(သူကကုရင်တို့ပြီးကုတယ်ပြောတယ်)
ခံလိုက်ပြီး အားကိုးတကြီးဖြစ်နေသင့်သလား?...(ဒါဆို ကျွန်တော်တို့ သီလရှင်သရဏံ
ဂစ္ဆ္တာမိလို့ထည့်မဆိုရတော့မယ်ထင်ရဲ... တကယ်သိက္ခာရှိသော သီလရှင်ဆရာကြီး။ 
ဆရာလေးများကို မဆိုလိုပါ)
-လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကတည်းက ဗုဒ္ဓမြတ်စွာက ဟောခဲ့တယ် နာမကျန်းရင်
 ဗောဇ္ဇင်သုတ် ရွတ်ပြီးခန္ဓာကို ရှု/မြင်အောင်ကြည့်ပါ ဆိုတာက မလေးစားတော့တာလား၊ ၀ဋ်ရှိရင်ခံရမယ်ဆိုတာကို နားမလည်တာလား၊ မမြဲသောအနတ္တ၀ါဒကို လစ်လျှူရှုတာလား .... ? ကျွန်တော်မတွေးတတ်တော့ပါ...
ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ငယ်ငယ်ကတည်းကသာမာန်
ဘာသာရေးအသိပဲရှိပါတယ်... နောက်ပိုင်းမှ ဗုဒ္ဓဘာသာအကြောင်း အခြေခံကစဟောပြောညွှန်ပြတဲ့ဆရာတော်တွေကြောင့် နည်းနည်းပဲသိလာရပါတယ်...
 ဒါပေမယ့် ကျွန်တော် အခု ရေမန်းကိစ္စကို သိပ်မကြိုက်ပါဘူး... ဆရာလေးက သူဘာသာ လာရောက်ကုသတယ်ဆိုရင် ဘာမှမပြောချင်ပါဘူး... အခုက တိုင်းအဆင့်ဆရာတော်က ပင့်လို့လာရတာတွေ/ ပါတီနိုင်ငံရေးရောထွေးလာတာတွေ ...စသည်ဖြင့်ပေါ့...
ကျွန်တော်ဖတ်ဘူးတယ် အိန္ဒိယမှာ သာသနာကွယ်ခြင်းအစက ပျောက်စေကိုယ်တော်တွေ များလာလို့ သာသနာအတုအယောင်တွေ များလာလို့ ဖြစ်တယ်ဆိုတာ... ဒီအတိုင်းဆို မြန်မာပြည်သာသနာအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် )ရင်လေးမိပါတယ်
အဲ့ဒါနဲ့ပဲ ပုသိမ်က တရားဟောဓမ္မကထိက ဆရာတော်တစ်ပါးဆီကို ဆက်သွယ်..ရင်ဖွင့်တဲ့အခါမှာ ဆရာတော်ကပြောပါတယ် "'ဒကာတို့ ဒီလိုစိတ်ရှိတာ ၀မ်းသာပါတယ်တဲ့၊ သစ်ပင်မှန်တိုင်းရေလောင်းတာ ကောင်းရဲ့လား စဉ်းစားကြည့်ပေါ့" တဲ့... ဒီလိုပါပဲ...ပုသိမ်က ကျောင်းထိုင် ဆရာတော်တွေခမျာ.. ဥက္ကဌကြီးကလုပ်တာမို့ပြောမရ...ဗုဒ္ဓဘာသာဝင်အစစ် ပြည်သူတွေခမျာ အစိုးရကခွင့်ပြုတာမို့ ပြောမရဖြစ်နေပါတယ်... ကြားထဲက ရေသန့်ဘူးကတော့ရောင်းကောင်းလိုက်တာမှ..လွန်ပါလေရော
ဟုတ်ကဲ့ပါ...
-မနက်တိုင်း မြန်မာ့အသံကလွှင့်တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ရေမန်းထက် တန်ခိုးကြီးတဲ့ ရေမန်း ကျွန်တော်တို့ ပုသိမ်မှာ တစ်ဘူးကို ၅၀၀ ကျပ်နဲ့ ၀ယ်နိုင်ပါတယ်....
-ကြားကတော့ ကြံ့ဖွံ့ပ်ါတီက အမြတ်ယူသွားတာပေါ့....
သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်နေတယ်ဆိုတာ တကယ်လား... မဟန (၄၇) ပါးသောဆရာတော်များကိုမေးပါရစေ...
ကြားဖြတ်ရွေးကောက်ပွဲမှ တရားမျှတစွာ မဲဆွယ်ကြရဲ့လား ရွေးကောက်ပွဲကော်မရှင်ကိုမေးပါရစေ....
 နောင်မျိုးဆက်တွေ နိုင်ငံရေးနှလုံးသွင်း... ဘာသာရေးနှလုံးသွင်းမှန်ကြစေဖို့...
(10.3.2012) နေ့မှာ  ထိုသီလရှင်ဆိုသူမှာ  နောက်ဆုံးနေ့ကုသပြီး  ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက ဥက္ကဌဆရာတော်နှင့်  ရေသန့်ဘူးအမြတ်ခွဲရာမှ စကားများရာ  ည (၁၀း၀၀) နာရီခန့်တွင်  သူတော်ကောင်းဆရာလေးဆိုသူ  စိတ်ဆိုးပြီး  ကျောင်းမှ ပြန်သွားကြောင်း  ကြားသိရပါသည်။
ပုသိမ်မြို့ သံဃနာယကဥက္ကဌကျောင်းမှာ သီလရှင်တစ်ပါး တန်းခိုးနှင့်ဆေးကုသနေပုံ
ပုသိမ်မြို့ ခံတဦးရေးသားပေးပို့ လာတာပါ။
ကြံ့ဖွံ့ ပါတီဝင်များမှ နိုင်ငံပိုင်မြေကွက်များကို အလွဲသုံးစားရောင်းချနေ
Posted: 12 Mar 2012 01:56 AM PDT
အကြောင်းအရာ။      ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးဘေးရှိ 
                            မြေများအားရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ  မိမိကိုယ်
                           ကျိုးစီးပွားအတွက် မြေကွက်များရိုက်၍ ရောင်းချနေခြင်း။
          အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍    ရန်ကုန်တိုင်းဒေသကြီး
 ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးဘေးရှိ မြေများသည် အမှတ်(၄)လမ်းမကြီးနှင့် ရွှေပြည်သာမြို့နယ်  ၀န်ထမ်းကြီးများရိပ်သာ အမှတ်(၂)ရပ်ကွက်ကြားရှိ မြေများဖြစ်ပါသည်။ ထိုမြေများကို ရွှေပြည်သာမြို့နယ် စတင်တည်ထောင်ကတည်းက မီးတားလမ်းအဖြစ် ထားရှိခဲ့ပါသည်။ 
 ထိုမြေများပေါ်တွင်လည်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း(၂)လိုင်းကိုလည်း 
သွယ်တန်းထားပါသည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓာတ်ငွေ့ 
အရောင်းဆိုင်တစ်ဆိုင်လည်း တည်ရှိပါသည်။ 
ယခုအခါ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ အထက်ပါမြေနေရာ
များပေါ်တွင် မြေကွက်များအဖြစ်ဖော်ဆောင်၍ ၄င်းတို့၏အမည်များဖြင့် တစ်ယောက်
တစ်ကွက်စီ ယူကြပါသည်။ 
အချို့ကြံ့ခိုင်ရေးပါတီဝင်များက မြေကွက်များအားသိန်းထောင်ချီပြီး မိမိကိုယ်ကျိုးစီးပွားအတွက် ပြန်လည်ရောင်းချလျက်ရှိပါသည်။ 
အထက်ပါကိစ္စရပ်များသည် နိုင်ငံတော်ပိုင် မြေနေရာများကို ကြံ့ခိုင်ရေးပါတီအမည်ကို 
အလွဲသုံးစားလုပ်၍ မိမိသဘောဖြင့် ပြုလုပ်နေခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ ဂုဏ်သိက္ခာကိုလည်း ညိုးနွမ်းစေပါသည်။
          ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ ၂၀၁၀
 ခုနှစ် နံနက် ၂း၃၀အချိန်တွင် ရွာမမှ ရွှေပြည်သာ-လှော်ကား သို့ပေးပို့သော မြေအောက်ဂက်စ် ပိုက်လိုင်းပွင့်ထွက်မှုကြောင့် အလိုအလျောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦးအပါအဝင်
လူ ၄ ဦး ဒဏ်ရာရရှိခဲ့အနက် ၁ ဦးမှာ သေဆုံးခဲ့ရပါသည်။ 
ထိုမီးလောင်မှုတွင် အထက်ပါမီးတားမြေများ တည်ရှိနေခြင်းကြောင့် ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမှ သီသီကလေး လွတ်မြောက်ခဲ့ရပါသည်။
          ထို့အပြင် မိုးတွင်းအခါတွင်လည်း  မိုးရေများကို ရပ်ကွက်အတွင်း ၀င်ရောက်မှုမရှိစေရန် အဆိုပါမြေနေရာများမှ တဆင့်ရေနုတ်မြောင်းများကို စီးဆင်းကြပါသည်။ အကယ်၍ အဆိုပါမြေနေရာများတွင် လူနေအိမ်အဆောက်အဦးများ တည်ဆောက်ပါက ရပ်ကွက်အတွင်း မိုးတွင်းအခါ ရေဘေး အန္တရာယ်ကို ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။
          ယခုအခါအချို့မြေကွက်နေရာများပေါ်တွင် မြေဖို့ခြင်း မြေနေရာများပေါ်တွင် ကျောက်
တိုင်များဖြင့် သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်နေကြပါသည်။ အဆိုပါမြေနေရာများသည် 
ရပ်ကွက် မီးဘေး ရေဘေး အန္တရာယ်များကို ကာကွယ်ရုံမက အမှတ်(၄)လမ်းမကြီးအားတိုးချဲ့ရန်
အတွက်လည်း အလွန်အရေးပါသော မြေနေရာများဖြစ်ပါသည်။
          သို့ပါ၍ သက်ဆိုင်ရာမှ   ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ  မိမိ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ပိုင် မြေနေရာများအား ပါတီအမည်ကို အလွှဲသုံးစားလုပ်၍ မြေကွက်များရိုက်၍ ရောင်းချနေခြင်းကို လိုအင်သလို စစ်ဆေး၍ အမြန်ဆုံး အရေးယူပေးပါရန် လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။
ကြံ့ဖွံ့ ပါတီဝင်များမှ အလွဲသုံးစားရောင်းချနေသည့် နိုင်ငံပိုင်မြေကွက်များ
 တာဝန်သိပြည်သူတဦး
မကွေးNLD အောင်နိုင်ရေးဆိုင်ဘုတ် ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးကဖြုတ်ချ
Posted: 12 Mar 2012 01:31 AM PDT
ဖြုတ်ချခံရတဲ့ ဆိုင်းဘုတ်
ဆိုင်းဘုတ်ဖြုတ်ချတဲ့ တရားခံ စိုးပိုင် (ကြံ့ဖွံ့ အဖွဲ့ ဝင်)
ပြီးခဲ့တဲ့ မတ်လ (၈)ရက်နေ့ က မကွေးမြို့ (NLD ပါတီ)အောင်နိုင်ရေးအဖွဲ့၏ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားလိုသော ဆိုင်းဘုတ်အားတပ်ဆင်ထားရာ အာဏာပိုင်အဖွဲ့အစည်း၏ အမိန့်မပါပဲ ကြံ့ဖွံ့ အဖွဲ့ ဝင်တဦးက ဖြုတ်ချသွားပါသည်။
မကွေးမြို့ အိုးဘိုရပ် 7လမ်း အရှေ့ထိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နံနက် (၉)နာရီ 
လောက်မှာတင်ထားတဲ့ ဆိုင်းဘုတ်ကို နေ့ လည် (၁၂)နာရီလောက်မှာ ဖြုတ်ချခံရတာဖြစ်
ပါသည်။
မကွေးမြို့၊ မြို့မရပ်၊ ဘုရားလမ်းတွင် နေထိုင်သော ဦးနန်းလှိုင်(ရွှေသွေး)မော်တော်ယာဉ်ပိုင်ရှင် ကြံ့ဖွတ်ပါတီရပ်ကွက်ခေါင်းဆောင်၊ ဦးနန်းလှိုင်၏ ခိုင်းစေချက်အရ ကြံ့ဖွတ်ပါတီဝင် စိုးပိုင် ဆိုသူ
မှဖြုတ်ချသွားတာဖြစ်ကြောင်းသိရပါသည်။ စိုးပိုင် သည် အလုပ်မရှိအကိုင်မပဲ သူများခိုင်းတာ
လုပ်နေရသူဖြစ်ကြောင်းလည်း မကွေးမြို့ များက ပြောပြပါသည်။
 စိုးပိုင် သည် အများပြည်သူ၏ ချစ်ခင်လေးစားသော ဒေါ်အောင်ဆန်းစုကြည်၏ ဆိုင်းဘုတ်အား 
ဦးနန်းလှိုင်၏ ခိုင်းစေချက် တစ်ခုတည်းဖြင့် ဖြုတ်ချသွားပါသဖြင့် မတ်လ(၉)ရက်နေ့ တွင် မြို့နယ်
 ကော်မရှင်ရုံးသို့ တိုင်ကြားထားကြောင်း မကွေး NLD အဖွဲ့ ဝင်တဦးက Myanmar News Now
ကိုပြောပါသည်။
အရက်မူး မမူးတော့ မသိ ၊ ကျွဲခိုးတော့ ပေါ်ပြီ
Posted: 12 Mar 2012 01:04 AM PDT
                           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊
                            ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာ ချောင်းအတွင်း
                            လိုင်စင်မဲ့အမည်မပါ ပဲ့ထောင်စက်လှေနဲ့
                            သယ်ဆောင်လာသော ကျွဲထီး (၈) ကောင်၊ ကျွဲမ (၅)
                            ကောင် ကို တရားမ၀င်သယ်ဆောင်လာသူ လေးယောက်
                            နဲ့အတူ ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး နှင့်
                            (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က
                            (၈.၃.၂၀၁၂) ကြာသပတေးနေ့၊ ညနေ (၆း ၀၅)
                            နာရီခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
                           အဲဒီလို ဖမ်းဆီးရမိကြောင်းကို
                           ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး
ကနေပြီးတော့ (၆
း ၄၈) နာရီခန့်မှာ ဖျာပုံမြို့နယ် ရဲစခန်းကို
                           အကြောင်းကြားခဲ့ပါတယ်။ ရဲစခန်းသို့
                           အကြောင်းကြားနေစဉ်မှာပဲ
                           ကိုးအိမ်တန်းကျေးရွာနေ ဦးသန်းဝင်းနဲ့ တူဖြစ်သူ
                           မောင်ကျော်တို့ နှစ်ဦး ရောက်ရှိလာပြီး၊
                           ဒီကိစ္စအပေါ် တာဝန်ရှိသူတွေအဖြစ် ဖြေရှင်းဖို့
                           ပြောဆိုခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ
                           ပဲ့ထောင်စက်လှေနဲ့အတူ ကျွဲတွေကို
                           တရားမ၀င်သယ်ဆောင်လာသူ (၄) ဦးဟာ
                           ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
                           အဲဒီအတွက် တာဝန်ရှိသူတွေဖြစ်တဲ့
                           ကိုးအိမ်တန်းကျေးရွာနေ ဦးသန်းဝင်းနဲ့ တူဖြစ်သူ
                           မောင်ကျော်တို့ နှစ်ဦးကို
                           ကျုံကူကျေးရွာအုပ်ချုပ်ရေးမှူး
ရုံးမှာ ခေတ္တ
                           ထိန်းသိမ်းထားခဲ့ပြီး ရဲစခန်းမှ
                           တာဝန်ရှိသူများအလာကို
                           စောင့်ဆိုင်းနေခဲ့ကြပါတယ်။
                           အဲဒီလိုစောင့်ဆိုင်းနေစဉ်မှာပဲ ဦးသန်းဝင်းကနေ
                           ကျွန်တော့်ဆရာဆီ ခဏသွားပါရစေလို့
                           ခွင့်တောင်းပြီး ထွက်သွားကာ (၁၅)
                           မိနစ်ခန့်အကြာမှာ ဦးသန်းဝင်း နဲ့ အတူ
                           စသုံးလုံးမှ ကိုမြတ်မင်းအောင် တို့ အတူ
                           ပြန်လည်ရောက်ရှိလာကြတယ်လို့ သိရပါတယ် ။ ( Why
                           .... ?  Sayar ... ? )
                           (၇း ၀၅) မိနစ်ခန့်မှာတော့ ဒုရဲအုပ်တစ်ဦးနဲ့
                           နယ်ထိန်းများရောက်ရှိလာပြီး တရားခံများကို
                           မေးမြန်းခြင်း၊ သက်သေခံပစ္စည်းများ စစ်ဆေး
                           မှတ်တမ်းတင်ခြင်း တို့ပြုလုပ်ကာ တရားခံများကို
                           ဖျာပုံမြို့နယ်ရဲစခန်းကို
                           ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
                          တကယ်တော့ ဒီဖြစ်ရပ်တွေဟာ အခုမှ
                          စတင်ဖြစ်ပျက်ခဲ့တာမဟုတ်ပါဘူး။ အရင်
                          တပ်မတော်အစိုးရလက်ထက်ကတည်းက
                          မကြာခဏဖြစ်ပျက်နေခဲ့တာပါ။ ဒီ ကျွဲနွားတွေကို
                          တစ်ဖက်နိုင်ငံတွေဆီကို
                          တရားမ၀င်လမ်းကြောင်းတွေကနေ ခိုးထုတ်နေခဲ့ကြတာ
                          အတော်ကြာခဲ့ပါပြီ။ တာဝန်သိ ကျေးရွာသူ
                          ကျေးရွာသားတွေက မကြာခဏဆိုသလို တရားခံတွေကို
                          ဖမ်းဆီးပေးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးတွေနဲ့
                          ဘယ်သောအခါကမှ တရားခံတွေကို
                          ထိထိရောက်ရောက်အရေးမယူခဲ့ကြပါဘူ
း။
                          အခုလက်ရှိအချိန်ကာလမှာတော့
                          ကျွန်တော်တို့နိုင်ငံမှာ
                          ပြည်သူတွေကရွေးကောက်တင်မြှောက်
ထားပါတယ်ဆိုတဲ့
                          ဒီမိုကရေစီအစိုးရက
                          အုပ်ချုပ်နေတဲ့အချိန်ဖြစ်နေပြါ
ပီ။
                          ဒီလိုအချိန်မှာတော့ ဒီဖြစ်ရပ်မျိုးတွေ
                          ဆက်မဖြစ်သင့်တော့ဘူးလို့ ရိုးရိုးသားသားပဲ
                          ထင်မြင်မိပါတယ်။
                           တကယ်တော့ ကျွန်တော်တို့ရဲ့ ဖျာပုံမြို့နယ်ဟာ
                           ကျွဲသတ်နွားသတ်ကင်းစင်တဲ့ မြို့နယ်တစ်ခုပါ။
                           ကျွန်တော်တို့ရဲ့
                           ဖျာပုံမြို့နယ်အတွင်းမှာရှိကြတဲ
                           စေတနာရှင်ပြည်သူများကနေ ပြီး
                           တတ်အားသရွေ့ပါဝင်လှူဒါန်းငွေတွေ
နဲ့
                           ဇီဝိတဒါနအသင်းတစ်ခုကို ထူထောင်ပြီး
                           စည်ပင်သာယာမှ အမဲသတ်လိုင်စင်ကို ၀ယ်ယူကာ
                           ကျွဲနွားများအတွက် ဘေးမဲ့ဇီဝိတဒါန
                           ပြုထားခဲ့ကြတာပါ။ ဒါကြောင့်မို့လည်း အခုလို
                           အမှုကိစ္စမျိုးဖြစ်ပျက်လာတဲ့အခါမှ
                           စေတနာရှင်မြို့သူမြို့သားများအေ
နနဲ့ များစွာ
                           အခုလိုအဖြစ်အပျက်မျိုးတွေသာ ရှေ့လျှောက်
                           ဖြစ်ပေါ်နေဦးမယ်ဆိုရင် ... ကျွန်တော်တို့
                           မြို့သူမြို့သားတွေရဲ့ စေတနာ နဲ့
                           စုပေါင်းကုန်ကျခံထားကြရတဲ့ ငွေကြေးတွေဟာ
                           သဲထဲရေသွန်သလို အချည်းနှီးအကျိုးမဲ့
                           ဖြစ်ကြရပါလိမ့်မယ်။
                          ဒါကြောင့်လည်း တာဝန်ရှိသူများအနေနဲ့
                          အခုကိစ္စအပေါ်မှာ တရားဥပဒေအရ ထိရောက်မှန်ကန်စွာ
                          ဆောင်ရွက်ပေးကြဖို့
                          တင်ပြတောင်းဆိုလိုက်ရပါတယ်ခင်ဗျ
ာ ... ... ... ။
                                                                                                                                                                                               မင်းခေါင်
                                                                                                                                                                                               (ဖျာပုံ)
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ လွှတ်တော်ကိုသွားရောက်လေ့လာ
Posted: 12 Mar 2012 12:50 AM PDT
မတ်လ (၁၂)ရက်နေ့ ၂၀၁၂ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရုပ်မြင်သံကြားမိန့် ခွန်းအစီအစဉ်အတွက်
ရုပ်/သံရိုက်ကူးသွင်းဖို့  နေပြည်တော်ကိုသွားရောက်စဉ် ပြည်သူ့ လွှတ်တော်ကိုသွားရောက်
လေ့လာခဲ့ကြောင်းရပါသည်။
နိုင်ငံပိုင်ရုပ်မြင်သံကြားမှ တစ်ဆင့်ပါတီမူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ် စသည်တို့ကို လူထုသို့ပြောကြားရန် ရုပ်သံရိုက်ကူးရေးအတွက် နေပြည်တော်သို့ ရောက်ရှိနေသော 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် သည် လွှတ်တော်ဥက္ကဌ နှစ်ဦးနှင့်ယနေ့နံနက်က တွေ့ဆုံခဲ့သည်။ 
အမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့် ၊ပြည်သူ့လွှတ်တော်ဥက္ကဌသူရ
ဦးရွှေမန်းတို့နှင့်တွေ့ဆုံခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပနေ
သည်ကိုလည်းသွားရောက် လေ့လာခဲ့ ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း NLD က ပြောပါသည်။
NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ရုပ်သံမှ လူထုသို့ပြောကြားမည့်ဟောပြောချက်မှာ ဆင်ဆာဖြတ်တောက်မှု့ခံခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများသို့ပြောကြားခဲ့သည်။ 
ယနေ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ လွှတ်တော်ကို သွားရောက်နေ့ စဉ် -
ဓါတ်ပုံ - Thiha Thwe (Facebook)
ဒေါ်အောင်ဆန်းစုကြည် မတ်လ(၂၇)ရက်နေ့ မကွေးတိုင်း စည်းရုံးရေးခရီးစဉ်သွားရောက်မည်
Posted: 11 Mar 2012 06:19 PM PDT
မတ်လ ၂၇ ရက်နေ့ ၂၀၁၂ မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်  မကွေးတိုင်းကို
ပါတီစည်းရုံးရေးခရီးသွားရောက်ဖို့ ရှိကြောင်းသိရပါတယ်။
ပထမ မတ်လ(၁၄)ရက်နေ့ ကို မကွေးတိုင်း စည်းရုံးရေးခရီးစဉ်သွားရောက်ဖို့ ရှိပေမယ့်
အဆင်မပြေမှုတချို့ ရှိတာကြောင့် မတ်လ(၂၇)ရက်နေ့ ကိုရွှေ့ ဆိုင်းလိုက်တာဖြစ်ကြောင်း
မတ်လ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့ မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရေးခရီးစဉ် သွားရောက်
မှာဖြစ်ပါတယ်။
Myanmar News Now
ကချင်ပြည်နယ် မိုးကောင်းတွင်လည်း မဲပေးနိုင်သည့် အမည်စာရင်း ပျောက်ဆုံးနေ
Posted: 11 Mar 2012 05:56 PM PDT
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်း ပေးနိုင်သော လူဦးရေ ၇သောင်းကျော် ရှိရာမှ တစ်သောင်းကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲ မဲဆန္ဒရှင် အမည်စာရင်းအရဆိုရင် လူဦးရေက ၇သောင်းကျော်ရှိတယ် အခု မဲပေးနိုင်တဲ့ လူဦးရေ စာရင်းမှာ ၆၇၀၅၀ ပဲရှိတယ် တော်တော် ကွာဟနေတယ်ဟု ကချင်ပြည်နယ် မိုးကောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်ကြည်က ပြောသည်။
မိုးကောင်းမြို့နယ်တွင် ပျောက်ဆုံးနေသော မဲဆန္ဒရှင်လူဦးရေး အများစုမှာ ပြောင်းရွှေ့အလုပ်သမားများ၏ အမည်များ ဖြစ်ပြီး အဆိုပါအမည်များကို မတ်လ ၆ရက်နေ့မှ တစ်ပတ်အတွင်း ကော်မရှင်ရုံးသို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။
ရပ်ကျေးကော်မတီကနေမှ မြို့နယ်ကော်မရှင်ကို ပို့ပြီးမှ အမည်စာရင်းပြန်ထည့်လို့ရမှာ အဲ့ဒါကြောင့် မဲပေးမဲ့လူအမည် စာရင်းကျန်ခဲ့ရင် တစ်ပတ်အတွင်း လာပြောလို့ရပါတယ်ဟု ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပျောက်ဆုံးနေသည့် လူဦးရေစာရင်းမှာ နမ္မတီးမြို့တွင် ၅၀၀ကျော်၊ ဆားမှော်မြို့၌ ၇၀ခန့်ရှိပြီး အူးတန်းတွင် ရပ်ကွက်လိုက် မဲပေးနိုင်သည့် လူစာရင်းပျောက်ဆုံးနေကြောင်း သိရသည်။
 ဂျာတော့ပ်(မြစ်မခ)
အနုပညာရှင်အချို့ အန်အယ်ဒီပါတီအတွက် စည်းရုံးရေး ဆင်းကြမည်
Posted: 11 Mar 2012 06:26 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် နယ်များသို့
သွားရောက်ကာ အနုပညာရှင်များမှ သီချင်းဆိုခြင်း ၊ ပြဇာတ်ကခြင်းဖြင့် စည်းရုံးရေး ဆင်းကြမည် ဖြစ်ကြောင်း သိရှိရသည်။
 “စည်းရုံးရေးဆင်းတဲ့အခါကတော့ ကျွန်တော်တို့က အနုပညာရှင်ဆိုတော့ သီချင်းဆိုမယ် ၊
 ပြဇာတ်ကမယ် အဲ့လို သဘောမျိုးနဲ့ စည်းရုံးရေးဆင်းမှာပါ “ဟု ဒါရိုက်တာ ၀ိုင်းက ပြောသည်။
အနုပညာရှင်များ သွားရောက်၍ စည်းရုံးရေးဆင်းရခြင်းမှာ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြစ်သလို ၊ လွှတ်တော်တွင်
စစ်မှန်သော ပါတီကိုယ်စားလှယ်လောင်းများ ပါဝင်စေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
 “အမေစုကို ဂုဏ်ယူတယ် နောက်လွှတ်တော်အထဲမှာလဲ စစ်မှန်တဲ့ ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်စေချင်တဲ့အတွက်ကြောင့်မို့ ပါဝင်ရတာပါ ကျွန်တော်လဲ အန်အယ်လ်ဒီ ပါတီဝင်
 တစ်ယောက်ပါ” ဟုဒါရိုက်တာ ၀ိုင်းက ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ဖြင့်
 ပြင်ဦးလွင် ၊ စစ်ကိုင်း ၊ မုံရွာ နှင့် ပုလဲမြို့များသို့ သွားရောက်မည်ဖြစ်ပြီး ရက်အတိအကျ
သိရှိရန် ခွင့်ပြုမိန့် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
 “စည်းရုံးရေးဆင်းမယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ ရက်တော့ အတိအကျမသိသေးဘူး “ဟု
 သရုပ်ဆောင် ရဲတိုက်က ပြောသည်။ အနုပညာရှင် အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်မဟုတ်ဘဲ ပါတီစည်းရုံးရေး ဆင်းမည်ဆိုပါက အခက်အခဲရှိနိုင်သော်လည်း အနုပညာလုပ်ငန်းဖြင့် လုပ်ကိုင်ခြင်းသာ ဖြစ်သောကြောင့်
 ပြသာနာ တစ်စုံတစ်ရာမျှ မဖြစ်နိုင်ကြောင်း အနုပညာရှင်တစ်ဦးထံမှ သိရှိရသည်။
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အနုပညာရှင်များကို၂၀၁၂ခုနှစ် ဖေဖော်ဝါရီလလကုန်ပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့စဉ်တွင်
ပါတီအတွက် စည်းရုံးရေးဆင်းပေးရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပန်းယွန်းဥယျာဉ် . . .ထာဝစဉ်
Posted: 11 Mar 2012 05:39 PM PDT
ဟုတ်မှဟုတ်ပါလေစ။
မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ပြုလုပ်ဖန်တီးထားသော ယွန်းထည်များ ဟုတ်မှဟုတ်ပါလေစ။
ပုဂံမြို့၊မြင်းကပါရပ်နေမိတ်ဆွေ တစ်ဦး နေအိမ်ယွန်းလုပ်ငန်းခွင်သို့ ရောက်သွားစဉ် ထိုအတွေးမျိုး တွေးမိခြင်း ဖြစ်သည်။ ထိုကဲ့သို့ တွေးထင်မိစေလောက်အောင်လည်း မိတ်ဆွေ၏ ယွန်းတိုက်တွင်ရှိသော မြန်မာ့ရိုးရာ လက်မှုပညာဖြင့် ဖန်တီးထားသည့် ယွန်းထည်များသည် အနုလက်ရာ မြောက်လှပေစွ။ အုပ်၊ ခွက်၊ ဘန်း၊ ချိုင့်စသည်မှသည် ပရိဘောဂ ပစ္စည်းမျိုးစုံတို့တွင် ရေးထိုးခြယ်မှုန်းထားသည့် ယွန်းပန်းချီဆေးရေး လက်ရာတို့သည် တင့်ဆန်းလှပေသည်။ ''တိတိဝန်းဝန်း၊ ထိုးသည့်ယွန်း၊ သွန်းသွန်းသွယ်သွယ်ပေ'' ဆို သည်ထက်ပင် ပိုနေသေး၏။
မိတ်ဆွေသည် သူ့တိုက်ထွက် Masterpieceယွန်းထည်များကို လူ တိုင်းခေါ်မပြဟု ဆိုသည်။ ၀င်ကြည့် ခွင့်ရလျင်လည်း ဓာတ်ပုံရိုက်ခွင့်မရှိ။ NO PHOTO ။ အခန်းကျဉ်းလေး အတွင်းဝယ်ယွန်းထည်များကားစီရရီ။ ဈေးနှုန်းများသည်ကား အနုတ်ဆုံး ကွမ်းအစ် အမေရိကန်ဒေါ်လာ ၁၁၀ တန်လောက်မှသည် လွန်စွာလှပဆန်း ကြယ်သော ယွန်းဗီဒိုအမေရိကန် ဒေါ်လာ ၉၅၀၀ တန်အထိရှိ၏။ ယွန်းထည်ထားရာအခန်းမှပြန် ထွက်လာသည့်အခါ ဥရောပသား နှစ်ဦးယွန်းလုပ်ငန်းခွင်လာ၍ လေ့လာနေသည်ကိုတွေ့ရသည်။ ယွန်းဆရာ တစ်ဦး ဧည့်သည်များကို ယွန်း အကြောင်းရှင်းပြနေသည်။
ယွန်း ဆရာသည်ဈေးကွက်တွင် တွေ့နိုင် သော ယွန်းထည်အတုနှင့် ယွန်းထည် အစစ်ကွာခြားပုံအကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရွှန်းရွှန်းဝေအောင် ဧည့် သည်ကို ရှင်းပြနေသည်။
ယွန်းအလုပ်ရုံလေးအတွင်းဝယ် ယွန်းအလုပ်သမလေးများသည် သံချွန်ကညစ်လေးများဖြင့် ကိုယ်စီ လက်စွမ်းပြ ယွန်းထိုးနေကြ၏။ သံချွန် ကညစ်ကို စုတ်ဟု ခေါ်ဝေါ်သုံးစွဲကြသည်။ ယွန်းအလုပ်သမလေးများ၏ လက်ချောင်းလေးများ လှုပ်ရှားသည့်အခါတိုင်း သံချွန်ကညစ်ဖျားသည် နေရောင်ကြောင့် စူးကနဲ တောက်ပ လင်းလက်သွားလေ့ရှိသည်။ သံချွန် ကညစ်ဖျားကြွလိုက် ပ၀ါပါးဖြင့် ပွတ်လိုက်ပြုခြင်းဖြင့် မျက်စိရှေ့မှောက်တွင် အလွန်တရာ လှပဆန်းကြယ်သော ယွန်းအဆင်ဆန်းလေးများ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။ တစ်နေရာတွင် တစ်ဦးတည်းနှီးခွေနေသော လူငယ်တစ်ဦးကို တွေ့ရ၏။ အခြားတစ်နေရာတွင်မူ လူငယ်သုံးလေးဦး ယွန်းဆင်နေကြသည်။
ပျိုတို့မောင် သဒ္ဓါသက်လို့  
ချစ်ခင်စွာ ယွန်းဆင်ပေးပါမှ   
ပျိုမယ့်မှာ--   
နီဝါယှက်စေဖို့     
အမောင်ဆင် ထိုယွန်းကို   
မှန်းဆလို့ခွဲ--။
ယခုနှစ်များအတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အစုအပြုံလိုက် ၀င်ရောက်လာကြသည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များ ဒေသတွင်းသို့ ပြန်လည် ၀င်ရောက်လာခြင်းနှင့်အတူ ဒေသအတွင်း အိမ်တွင်းမှု ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော ယွန်းထည်လုပ်ငန်း သည်လည်း ပြန်လည် သက်ဝင်လှုပ်ရှားလာသည်။
မြန်မာ့ရိုးရာ လက်မှုပညာတစ်ရပ်ဖြစ်သော ယွန်းထည်လုပ်ငန်းကို ညောင်ဦး၊ ၀က်ကြီးအင်း၊ မြင်းကပါနှင့် ပုဂံမြို့သစ်ဘက်များတွင် တွေ့နိုင်သည်။ မြင်းကပါရပ်၌ကား အိမ်တိုင်းလို ယွန်းလုပ်ငန်း လုပ်ကိုင်ကြသည်။
အများစုမှာ မိသားစုတစ်နိုင် တစ်ပိုင် လုပ်ငန်းလေးများ လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။ အနည်းစုသော လုပ်ငန်းရှင်ကြီးများထံတွင်လည်း ယွန်းအလုပ်သမား နှစ်ဆယ်အစိတ်နှင့်အထက် မှီခိုလုပ်ကိုင်နေကြသည်။ ''ဒီနှစ်လို အရောင်းအ၀ယ်ကောင်းတဲ့ နှစ်မျိုးဆိုရင်တော့ ယွန်းအလုပ်သမားတွေက ဆရာ့အိမ် (ယွန်းလုပ်ငန်းရှင်အိမ်)မှာ တစ်ပတ်ကို လေးရက်လောက် ၀င်ပေးတယ်။ ကျန်တဲ့ရက်တွေက သူတို့အိမ်မှာတင် မိသားစုတစ်နိုင်တစ်ပိုင် ယွန်းထည် လုပ်ငန်းလေးတွေ လုပ်ကြတယ်။''
ခရီးသွားလုပ်ငန်းပါး၍ ယွန်းထည်လုပ်ငန်းများ ထိုင်းမှိုင်းနေချိန်မျိုးတွင်မူ ယွန်းအလုပ်သမားလေးများ၏ မိသားစုအရေး အားကိုးအားထားပြုရာသည် ငွေပင်ငွေရင်း တောင့်တင်းကြံ့ခိုင်၍ ရင်းနှီးမြှုပ်နှံနိုင်သော ယွန်းလုပ်ငန်း ရှင်ကြီးများပင် ဖြစ်တော့သည်။ ''ယွန်းထည် အရောင်းအ၀ယ် ပါးရင်၊ လုပ်ငန်းမကောင်းလို့ အိမ်မှာ လုပ်ငန်းပါးရင်တော့ ဆရာ့အိမ်မှာ မြဲတယ်။ တစ်ပတ်လုံးလာကြတယ်'' မြင်းကပါကျေးရွာလေး အပါအ၀င် ပုဂံညောင်ဦး ဒေသတွင် ယွန်းထည်လုပ်ငန်း သရောခိုင်းချိန်နှင့် ကြုံတွေ့ခဲ့ဖူးသည်။ ရှစ်ဆယ့်ရှစ် အရေးအခင်းပြီးစတွင် ခရီးသွားလုပ်ငန်း ရပ်တန့်သွားခြင်းနှင့်အတူ ယွန်းထည်လုပ်ငန်း အများစု ရပ်ဆိုင်းထားလိုက်ကြရသည်။
''အဲဒီတုန်းက အများစုဟာ ၀မ်းရေးအတွက် ရွှေကျင်ပြီး ရပ်တည်ခဲ့ကြရတာပေါ့။ ဒီအရပ်က ယွန်းကလွဲရင် တစ်ခြားလုပ်ငန်းလည်း မရှိဘူး။ တချို့တော့ ၀ါးထရံရက်ကြတယ်''ဟု  မြင်းကပါမှ ယွန်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး ပြောသည်။ ''အလုပ်ရှင်ဆီမှာ လုပ်တယ်ဆိုတာ နေ့စဉ် ၀မ်းရေးအတွက်ပါ။ ကိုယ့်အိမ်မှာလုပ်တဲ့ တစ်နိုင်တစ်ပိုင် ယွန်းလုပ်ငန်းလေးကတော့ စုဘူးပါပဲ။ ''မြင်းကပါရပ်သူ ယွန်းအလုပ်သမလေးတစ်ဦးက ပြောပါသည်။ အိမ်တွင်းတစ်နိုင်တစ်ပိုင် ယွန်းလုပ်ငန်းလေးများ  မှရရှိသော ၀င်ငွေသည် စုဘူးသဖွယ်ဖြစ်ပြီး၊ ထိုစုဘူးကို တော်သလင်းလတွင် အစဉ်အလာမပျက် ကျင်းပသော မနူဟာဘုရားပွဲတော်ကြီးတွင် လှူဒါန်းသုံးစွဲလေ့ရှိကြောင်း ယွန်းအလုပ်သမတစ်ဦးက ပြောပါသည်။           
ပုဂံညောင်ဦးထွက် ယွန်းထည် များကို ယခုအခါ ဥရောပတစ်လွှားမှ ခရီးသွားဧည့်သည်များသာမက အာရှမှဧည့်သည်များပင် စိတ်ဝင်တစား ၀ယ်ယူလာကြကြောင်း ယွန်းလုပ်ငန်းရှင်များထံမှ သိရသည်။ ထိုသို့ အာရှမှပင် စိတ်ဝင်တစား ၀ယ်ယူလာခြင်းမှာ မြန်မာ့ယွန်းထည်သည် လက်မှုပညာစင်စစ်ဖြစ်သောကြောင့်ဟု ယွန်းလုပ်ငန်းရှင်များက ယုံကြည်ကြသည်။
''ယွန်းကို အစဉ်အဆက် Traditional ပဲ လုပ်ပါတယ်။အနုပညာကို လည်းထိန်း၊ ၀င်ငွေလည်းရပေါ့'' မြင်းကပါ၊ ရွှေဥသြ ယွန်းထည်လုပ်ငန်းရှင် ဦးတင်ထွန်းက ပြောပါသည်။
''CASH CARD ကိုဧည့်သည်တွေ သုံးခွင့်ရရင် ပိုပြီးရောင်းရနိုင်တာပေါ့ဗျာ။ ခုတော့ သင့်သလိုနည်းနဲ့ ရောင်းနေရတယ်။ ဒီတော့ ရောင်းသင့်သလောက် မရောင်းရဘူးပေါ့။'' ယွန်းလုပ်ငန်းရှင်က သူ၏ အခက်အခဲတချို့ ပြောပြသည်။ ငွေစက္ကူ (ဒေါ်လာ) အနွမ်းလက်မခံရဲသည့် ကိစ္စလည်း ပါသည်။
ယွန်းလုပ်ငန်းရှင် အများစုသည် ကုန်ကြမ်းအခက်အခဲ ပြဿနာမျိုး မရှိကြ။ ချင်းတွင်းနယ်မှထွက်သော မယ်တင်ခ၀ါးသည်လည်းကောင်း၊ ရှမ်းပြည်နယ်၊ ချင်းတွင်းဒေသ၊ မော်လမြိုင်၊ တောင်ငူ၊ မြို့လှစသည့် ဒေသထွက် သစ်စေးနီ၊ ညို၊ နက်သည် လည်းကောင်း၊ တရုတ်ပြည်မှလာသည်ဆိုသော ဟင်္သာပြဒါးတို့သည် လည်းကောင်း၊ ကျွန်းသားလွှစာမှုန့်၊ ဆေးရောင်စုံတို့သည်လည်းကောင်း သူတို့အတွက် အခက်အခဲမရှိလှဟု ဆိုကြသည်။ ''တကယ်တမ်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာလို့ ယွန်းလုပ်ငန်းတွင် ကျယ်လာရင် အလုပ်သမား အခက်အခဲရှိလာနိုင်တယ်''ဟု ၀က်ကြီးအင်းရပ်၊ ပစ်တိုင်းထောင် ယွန်းထည်လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်က ပြောသည်။ ယွန်းလုပ်ငန်းအတွက် အလုပ်သမားသည် ယခုလို၍ ယခုထခေါ်ခိုင်းနိုင်သော လုပ်ငန်းမဟုတ်ကြောင်း၊ မွေးယူရသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ ယွန်းလုပ်ငန်းတွင် အတော်အသင့်လုပ်နိုင်သော အလုပ်သမားအဆင့်ရောက်အောင် ပင်တစ်နှစ်မျှ သင်ကြားလုပ်ကိုင်ကြရကြောင်း သိရသည်။
''ကျွမ်းကျင်တဲ့ အလုပ်သမားတစ်ယောက် ဖြစ်ဖို့ဆိုတာ အချိန်သုံးနှစ်လောက်ပေးမှ ရနိုင်မယ်'' ယွန်းထည်ကောင်းတစ်ခုရဖို့၊ လှလှပပ အဆင့်မီမီ ယွန်းထည်စစ်စစ် ရေခွက်လေးတစ်လုံး ရရှိဖို့သည်ပင် လချီ၊ နှစ်ချီ ကြာ နိုင်သကဲ့သို့၊ ထိုသို့သော အရည်အသွေးကောင်းမွန်သည့်  ယွန်းထည်တစ်ခု ဖန်တီးနိုင်ရန်အတွက် သင်ယူရသည့် လက်မှု အနုပညာသည်တစ်ယောက်၏ ပေးဆပ်ရင်းနှီးရသော အချိန်ကာလသည်လည်း မနည်းလှပေ။ ယွန်းပညာသင်ချိန် ကာလများသည် ည၊ မနက် ၀မ်းရေးနှင့် တွယ်ဆက်နေခဲ့ကြ၏။
ယွန်းထည်လုပ်ငန်းတွင် ကညစ်ယွန်း၊ ရွှေစ၀ါယွန်း၊ သားရိုးပန်းကြွယွန်းတို့ကို မဆိုထားနှင့် အဖြူထည်၊ အနက်ထည် အဆင့်ကိုပင် ယွန်းအလုပ်သမားမောင်နှင့် မယ်တို့သည် လုပ်ငန်းစဉ်အဆင့်ဆင့် ခါးချည့်အောင် လုပ်ကြရသည်။
သူတို့ဖန်တီးထားသည့် ယွန်းထည်တစ်ခုရောင်းရ၍
လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည် ...
သူတို့ဖန်တီးထားသည့် ယွန်းထည်တစ်ခုရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည် ...
''လုပ်အားခကတော့ အမျိုးသမီးတွေ ကျွမ်းကျင်မှုအသင့်အတင့် ရှိရင် တစ်နေ့ ကျပ်တစ်ထောင်လောက်ရတယ် ထောင့်ငါးရာအထိ ပေးတယ်။ ယောက်ျားလေးတွေက ထောင့်ခုနစ်ရာ၊ ထောင့်ရှစ်ရာ၊ နှစ်ထောင်ပေါ့။ ဒီဇိုင်းဆွဲတဲ့လူ နှစ်ထောင်၊ သုံးထောင် အထိပေးပါတယ်''ဟု မြင်းကပါ ယွန်းလုပ်ငန်းရှင်က ပြောသည်။
ပုဂံညောင်ဦး ဒေသတွင် ရိုးရာအမွေအနှစ် လက်မှုပညာ ယွန်းထည်လုပ်ငန်းသည် ဒေသ၏ အားကိုးအားထား ပြုရာဖြစ်သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုသည့်နည်းတူ၊ နိုင်ငံခြားငွေ ရှာဖွေပေးသော လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ထိုမျှ အရေးပါသော ယွန်းထည်လုပ်ငန်းတွင် အဓိကကျသော အခန်းကဏ္ဍ သည် ယွန်းအလုပ်သမား မောင်နှင့်မယ်တို့ပင်ဖြစ်ကြောင်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတိုင်း တညီတညွတ်တည်း နားလည်ထားကြသည်။ ဆိုရလျှင် ကျွန်တော်တို့ ပုဂံညောင်ဦးဒေသတွင် ရိုးရာအမွေအနှစ် လက်မှု အနုပညာတစ်ရပ်ကို ထိန်းသိမ်းကာ၊ ကမ္ဘာအရပ်ရပ်က ရင်သပ်ချီးမွမ်းထိုက်သော ယွန်းထည်များကို ဖန်တီးလုပ်ကိုင်နေသူ အလုပ်သမားလေးများသည် လက်မှုပညာရှင်လေးများပင် ဖြစ်ကြသည်။ ထို့ အတူ သူတို့သည် အနုပညာရှင်လေးများလည်း ဖြစ်ကြသည်။ အနုပညာရှင်လေးများ ပီသစွာလည်း သူတို့ဖန်တီးသည့် လက်မှုအနုပညာထည်လေးများအတွက် လုပ်ငန်းရှင်ပေးမည့် လက်ခအဖိုးစားနားမှတစ်ပါး မည်သည့်အရာမှ မမျော်လင့်ကြ။
သူတို့ ဖန်တီးထားသည့် ယွန်းထည်တစ်ခု ရောင်းရ၍ လုပ်ငန်းရှင်သည် ဒေါ်လာရာထောင်ချီလို့ ရသွားလျှင်လည်း သူတို့သည် မုဒိတာပွား၍သာလျှင် နေကြမည်။ မိမိယွန်းထည် ပြည်ပခရီးသွားဧည့်သည် ၀ယ်ယူသည့် အတွက် လုပ်ငန်းရှင်သည် ဧည့် သည်နှင့်အတူ ပါလာသော ဧည့်လမ်းညွှန်ကို၊ ကားဆရာကို နှစ်ဆယ်ရာ ခိုင်နှုန်း၊ တစ်ဆယ်ရာခိုင်နှုန်းစသည်ဖြင့် ကျေးဇူးဆပ်ပြန်လျှင်လည်း ယွန်းအလုပ်သမား(သို့မဟုတ်) ပန်းယွန်း လက်မှုအနုပညာရှင်လေးများသည် ကားဝန်တိုခြင်း အလျဉ်းမရှိ။ ရသမျှနှင့် ရောင့်ရဲတင်းတိမ်ကာတို့ ယွန်း၊ ရှောက်ယွန်း၊ ရုပ်သေးရုပ်စုံ၊ ခြူးဝိုင်း၊ တစ်စုတ်ပန်း၊ နှစ်စုတ်ပန်း၊ သုံးစုတ်ပန်းနှင့် ငါးထပ်ရုပ်ကြီး စသည် စသည် ဖန်တီးနေဦးမည်သာ။ အညတရ ယွန်းအလုပ်သမလေးတစ်ဦး၏ စကားအမှတ်တရ ဖောက်သည်ပြန်ချရလျှင်- "ပါးပေါ်က ပါးကွက်ပါးချွေးစိုစရာမလိုတဲ့ ကိုယ့်အတတ်ပညာလေးနဲ့ ကိုယ်လုပ်ကိုင်စားသောက်ခွင့်ရတာပဲ ကျေးဇူးကြီးလှပါပြီ''တဲ့လေ။
ဤဒေသသည် တကယ်တော့ အဆင်အသွေး ရောင်စုံပန်းယွန်းများ ဖူးပွင့်ရာ ဥယျာဉ်ကြီးနှင့် တူလှ၏။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ ပန်းယွန်းဥယျာဉ် ထာဝရရှင်သန် ဖူးပွင့်နိုင်ပါစေ။
 Written by ကိုနော်(ပုဂံ)   
EMG
ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့
Posted: 11 Mar 2012 05:38 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် က ဒေသခံ တောင်သူ ၈၀ ခန့် မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးကုမ္ပဏီရုံးကို ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့က စရဖနဲ့တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပေမယ့် ပြဿနာကို ဖြေရှင်းပေးခြင်းမရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်းက တောင်သူတွေ ပိုင်တဲ့ သီးနှံစိုက်ခင်းတွေပေါ်မှာ ဦးပိုင်လီမီးတက်နဲ့ ဖက်စပ်ဆောင်ရွက်တဲ့ တရုတ်နိုင်ငံ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းက ပစ်စာမြေတွေ စွန့်ပစ်တဲ့အတွက် စိုက်ခင်းသီးနှံတွေ ပျက်စီးဆုံးရှုံးရတာကြောင့် ဒေသခံတောင်သူ ၈၀ ခန့် က မတ်လ ၉ ရက်နေ့မှာ ကုမ္ပဏီရုံးကို သွားရောက်ကန့် ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူ ရွာသူရွာသားတွေဟာ ဆာလင်းကြီးမြို့နယ် ဒုံးတောအုပ်စုဝင် ရွာသုံးရွာကဖြစ်ကြပါတယ်။
စွန့်ပစ်မြေတွေ လာပုံတဲ့ အတွက် ဒုန်းတော ၊ ဂုံတောနဲ့ ရွာသာယာ ကတောင်သူတွေရဲ့ စိုက်ပျိုးခင်း သီးနှံတွေ ပျက်စီးဆုံးရှုံး ရတာဖြစ်ပါတယ်။
စွန့် ပစ်မြေမပုံဖို့ မြန်မာစီးပွားရေး ဦးပိုင်လိမိတက် တာဝန်ရှိသူ ဦးသိန်းထွန်းကို မေတ္တာရပ်ခံခဲ့သလို နိုင်ငံတော်သမ္မတထံကိုလဲ မတ်လ ပထမအပတ်အတွင်း စာပို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ၉ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စရဖ တာဝန်ရှိသူတွေ တောင်သူတွေကို ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုပေမယ့် ပစ်စာမြေတွေ မစွန့်ပစ်အောင်တာဝန်ယူမယ်လို့တော့ မပြောဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဆားလင်းကြီးနယ်မှာ ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် စစ်အစိုးရလက်ထက်ကစပြီး ဒေသခံ တောင်သူတွေရဲ့  လယ်ယာ မြေဧက ၃၀၀၀ အသိမ်းခံခဲ့ ရတာကြောင့် ဒေသခံ ဒုံးတောအုပ်စုဝင် ဂုံတော၊ ရွာသာယာ ရွာသုံးရွာ အတွက် စိုက်ပျိုးမြေ ၂၅၆ ဧက သာကျန် တယ်လို့ တောင်သူတွေကပြောပါတယ်။
RFA
တရားမ၀င်ရွှေရှာသောလုပ်ငန်းများကြောင့် ဒေသသောက်သုံးရေနှင့် ၀မ်းစာရေးခက်ခဲလာ
Posted: 11 Mar 2012 06:30 PM PDT
သောက်ရေခပ်ချောင်းအတွင်း သဲထုတ်နေသော လုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ အရှေ့ဘက် ခုနစ်မိုင်ခန့်အကွာရှိ ပတ်ဝန်းကျင်ကျေးရွာနေ ရွာသူရွာသား၊ ကျွဲ၊နွားများအတွက် သောက်သုံးရေအပြင် ရေလုပ်သားများအတွက် အသက်သွေးကြောသဖွယ် ဖြစ်နေသော သောက်ရေခပ်ချောင်းအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲနှင့် ကျောက်စရစ်များ အဆက်မပြတ် ထုတ်လုပ်နေသောလုပ်ငန်းများ၊ တရားမ၀င် ရွှေရှာသော လုပ်ငန်းအဖွဲ့များကြောင့် သောက်ရေခပ်ချောင်း ရေညစ်ညမ်း လာကာ သောက်သုံးရေ ရှားပါးလာခြင်း၊ ၀မ်းစာအတွက် ငါးရှာဖားရှာလုပ်ငန်းများ ခက်ခဲလာခြင်းတို့နှင့် ရင်ဆိုင်နေရပြီး သဲထုတ် ရာမှ ထွက်ပေါ်လာသော အလေအလွင့် သဲများကြောင့် ချောင်းအလယ်တွင် သဲသောင်များ ပေါ်ထွန်းလာကာ ချောင်းကမ်းပါး ပြိုခြင်းများ စသော ပြဿနာ အခက်အခဲများနှင့် ရင်ဆိုင်ရနေရကြောင်း သိရသည်။
''သောက်ရေခပ်ချောင်းထဲ သဲ၊ ကျောက်ထုတ်နေတဲ့ အဖွဲ့တွေလုပ်နေတာ နှစ်နှစ်လောက်ရှိပြီ။ ဘယ်သူတွေ ခွင့်ပြုချက်နဲ့ လုပ်နေမှန်းလည်း မသိဘူး။ ချောင်းရဲ့အထက်ဘက် ခုနစ်မိုင်လောက်အကွာ သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်းရဲ့အောက်ခြေနားမှာ တရားမ၀င် ရွှေရှာတဲ့ အဖွဲ့တွေကသုံးတဲ့ ပြဒါးတွေ၊ စွန့်ပစ်ပစ္စည်းတွေကြောင့်လည်း ချောင်းရေတွေ ညစ်ညမ်းကုန်တာကြောင့် ရေနေသတ္တ၀ါတွေ ရှားပါးလာတဲ့အတွက် ဒီချောင်းကို အမှီပြုနေတဲ့ ကျွန်တော်တို့ ရွာသားတွေ၊ ကျွဲ၊ နွားတိရစ္ဆာန်တွေ အားလုံးရဲ့ ကျန်းမာရေး၊၀မ်းစာရေးတွေ တော်တော်လေးကို ထိခိုက်မှုဖြစ်နေတာတော့ အမှန်ပါပဲ။ ချောင်းထဲမှာ သဲထုတ်၊ ကျောက်ထုတ်နဲ့ ရွှေရှာနေတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဘယ်ကိုပြောရမှန်း မသိပါဘူး''ဟု သောက်ရေခပ်ချောင်း နံဘေးရှိ ထန်းတပင်မြို့နယ် ချောင်းဝကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောပါ သည်။
''သောက်ရေခပ်ချောင်း ရေကြည်တာက တော်တော်ကို ကြည်တာပါ။ ညဘက်ဆိုရင်တောင် ဓာတ်မီးထိုးပြီး ရေထဲကငါးကို မှိန်းနဲ့ပစ်လို့ရအောင် မြင်နေရတာပါ။ အခုတော့ အဲဒီလုပ်ငန်းတွေကြောင့် ရေတွေလည်း ရွှံ့ရောင်ပေါက်ကုန်ပြီ။ သဲသောင်တွေလည်း ဟိုနားပေါ် ဒီနားပေါ်နဲ့ ကျွန်တော်တို့အတွက် သောက်သုံးရေကအစ ရှားပါးလာတယ်''ဟု ဒိုးသောင် ရွာသားတစ်ဦးက ပြောပါသည်။
အရှေ့ ရှမ်းရိုးမတောင်တန်းများမှ မြစ်ဖျားခံစီးဆင်းလာသော သောက်ရေခပ်ချောင်းသည် ချောင်းဝကျယ်ပြီး အောက်ခြေကြမ်းပြင်အထိ မြင်နိုင်အောင် ကြည်လင်ပြီးစစ်တောင်းမြစ်အတွင်းသို့ စီးဝင်သည့် မြစ်လက်တက် တစ်ခုဖြစ်ကြောင်း၊ သောက်ရေခပ်ချောင်းနံဘေးရှိ ချောင်းဝ၊ ဒိုးသောင်၊ ကြို့ပင်ဆိပ်၊သဖန်းချောင်း၊ ကျောက်ပုထိုး၊ ကြို့ကုန်း၊ ဥယျာဉ်စု၊ ပဲပုတ်စသော ကျေးရွာများ အပါအ၀င်ရွာ ၁၅ ရွာခန့်မှာ ချောင်းအတွင်း သဲ၊ကျောက်စရစ် ထုတ်လုပ်ငန်းများနှင့် တရားမ၀င်ရွှေကျင်သော လုပ်ငန်းများပေါ်လာပြီး နောက်ပိုင်းနှစ်များအတွင်း လူနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များအတွက် ၀မ်းစာရေး၊ သောက်သုံးရေ ရှားပါးလာမှုများနှင့် ကြုံတွေ့နေရကြောင်း၊ သမိုင်းဝင် မြတ်စောညီနောင်ဘုရား ပတ်ဝန်းကျင် သာယာလှပရေးအတွက်လည်း များစွာထိခိုက်မှုများရှိနေသဖြင့် သောက်ရေခပ်ချောင်းထဲ၌ သဲ၊ကျောက် ထုတ်လုပ်ငန်းများနှင့် ရွှေရှာသော လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးရပ်ဆိုင်းပေးစေရန် လိုလားလျက်ရှိနေကြကြောင်း သိရှိရသည်။
EMG
အချိန်ခါမဟုတ် မိုးရွာသွန်း၍ နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ အလျင်အမြန် ရိတ်သိမ်းနေရ
Posted: 11 Mar 2012 05:33 PM PDT
ပန်းတနော်မြို့နယ် ညောင်ပင်သာရှိ တောင်သူများ မတ်ပဲသိမ်းနေစဉ်
မတ်လ ၁၁ ရက်နေ့က အချိန်ခါမဟုတ် မိုးရွာသွန်းလာသည့်အတွက်  နွေစပါးနှင့် မတ်ပဲစိုက်တောင်သူများ အနေဖြင့် သီးနှံများအား အလျင်အမြန် ရိတ်သိမ်းခြင်း ပြုနေရကြောင်း သတင်းရရှိပါသည်။ ရိတ်သိမ်းပြီး ကောက်လှိုင်းများနှင့် စပါးများအား တာလပတ်များဖြင့် အုပ်ဆိုင်းခြင်း၊ မတ်ပဲများအား လူအင်အားသုံးကာ သိမ်းခြင်းများ ပြုလုပ်နေရကြောင်း သိရှိရသည်။
ယခုနှစ်တွင် စပါးဈေးကျ ဆင်းခြင်း၊ ပဲဈေးကျဆင်းခြင်းအပြင် စပါးနှင့်ပဲအထွက်နှုန်းပါကျဆင်းခဲ့ ရကြောင်း၊ ထပ်မံ၍ မိုးမိပါက ပိုမိုဆုံးရှုံးရမည်ဖြစ်ကြောင်းလည်း တောင်သူများက ပြောကြားခဲ့ပါသည်။
''အိမ်ရှိလူကုန် အကုန်လုံးသုံး ပြီးပဲသိမ်းနေတာပါ။ ပဲဈေးက မနှစ် ကနဲ့ဆို ထက်ဝက်ကျတယ်။ စပါး ဈေးက တင်းတစ်ရာကို အခုကျပ် သုံးသိန်းသုံးသောင်းခုနှစ်ထောင် ပေါက်ဈေးရှိတယ်။ ဒါတောင်မှ တစ်တင်း ၄၆ ပေါင်နဲ့မဟုတ်ဘူး။ ပေါင် ၅၀ နဲ့ ၀ယ်ကြတာ။ ပဲ အထွက်၊ စပါး အထွက်ကျပါတယ်ဆိုမှ မိုးမိရင်ပိုဆိုးမယ်။ ဒီနေ့ မတ် လ ၁၁ ရက်နေ့မှာ မိုးရွာတယ်လေ။ မပျက်စီးသေးပေမယ့် ရသမျှ လူအင်အားနဲ့ အကုန်သိမ်းနေရတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
EMG
ရဲအရာရှိ ကတော်တဦးရဲ့ ပေးစာ
Posted: 11 Mar 2012 05:31 PM PDT
ကျမကအန်တီစုလို မိသားစုရော ဘ၀ရော စွန့်ပြီးအများကိုကယ်တင်နိုင်လောက်အောင် ပေးဆပ်နိုင်တဲ့သူမဟုတ်ပါဘူး။
သာမန်အိမ်ရှင်မတယောက်သာဖြစ်ပါ
တယ်။
ဒါပေမယ့် လက်တွေ့ခံစားရတာရော မြင်တွေ့နေရတာတွေကိုရော စိတ်မချမ်းသာလွန်းလို့ စာရေးလိုက်ရခြင်းဖြစ်ပါတယ်။
ကျမက ရဲမေအစစ်မဟုတ်ပါဘူး။ သူတို့ကို မလုပ်ချင်မှန်းသိရက်နဲ့ ပင်ပန်းနေမှန်းသိရက်နဲ့ ရင်နာနာနဲ့ စေခိုင်းနေရတဲ့အရာရှိကတော်ဖြစ်
ပါတယ်။
တပ်ရင်းတွေမှာ တပ်ရင်းမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဆိ
ုပြီးရှိပါတယ်။ တပ်ရင်းမှုးကတော်ဦးဆောင်ပါတယ်။ 
သူ့အထက်မှာ တိုင်းအဆင့်မိသားစုစည်းရုံးရေးန
ှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီရှိပါတယ်။ တိုင်းမှုးကတော်အဆင့်က ဦးဆောင်ပြီးအစည်းအဝေးတွေ လုပ်ပါတယ်။ တကယ်တော့ တိုင်းမှုးကတော်ဆိုတာကလည်း ခိုင်းလို့လုပ်ရတဲ့သူပါဘဲ။ အထက်ကညွန်ကြားရင်သူတို့လည်းဘာမှမတတ်နိုင်တဲ့သူတွေပါ။ အခု တပ်တွေမှာ အရင်ထက်ပိုဆိုးနေပါတယ်။ သူတို့မှာအရပ်ဘက်အာဏာမရှိကြတဲ့အခါ တပ်တွေမှာဘဲ အာဏာလိုက်ပြနေကြပါတယ်။ တချိန်လုံးတပ်စစ်တွေ လာနေပါတယ်။ သူတို့အားနေလို့လာနေကြတာလို့ပဲထင်ပါတယ်။ သူတို့ကသာအားနေတာ တပ်မှာနေတဲ့သူတွေက မအားရပါဘူး။ အရင်ကတပ်တွေမှာ လူ၈၀၀လောက်ရှိပါတယ်။ အခုလူ၂၀၀ လောက်ပဲရှိတဲ့အခါ စစ်သားတိုင်းက လူ၎ယောက်စာလုပ်မှ ရမယ်လို့အမြဲပြောပြီး နားချိန်စားချိန်မရှိအောင် အလုပ်တွေ ခိုင်းပါတယ်။ လစာကတော့ ၄ဆမရပါဘူး။ ယောက်ျားတွေ အလုပ်မအားတဲ့အခါကြတော့ အိမ်ရဲ့စားဝတ်နေရေးကို မိန်းမဖြစ်သူကဘဲ ဖြေရှင်းရပါတယ်။ ကောက်ရိတ်ချိန်ကောက်ရိတ် ကြုံရာကျပန်းဝင်လုပ်၊ စက်ရုံတွေမှာဝင်လုပ်နဲ့ စားဝတ်နေရေးအတွက် ဘက်စုံကနေ ထောက်ကန်ပေးနေရပါတယ်။ ဒါကို ကိုယ်ချင်းမစာမနာနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့သူတွေကို ဘုန်းကြီးတွေတောင် အလွတ်မရတဲ့ ပရိတ်ကြီးတို့ ပဌာန်းတို့ အလွတ်ကျက်ခိုင်းပြီးပြိုင်ပွဲတွေလုပ်ရပါတယ်။ ရဲမေတွေမှာ သူတို့ဝမ်းရေးအတွက် အလုပ်မလုပ်ရဘဲ ဘုရားစာထိုင်ရွတ်နေရပါတယ်။ တချို့ဆို ရဲမေသေနတ်ပစ်ပြိုင်ပွဲ ရဲမေဘော်လီဘောပြိုင်ပွဲ ပြေးခုန်ပစ် ဂျူဒို..အစုံပါပဲ အဲဒီပြိုင်ပွဲတွေပြိုင်နိုင်အောင် လနဲ့ချီပြီး စခန်းသွင်းလေ့ကျင့်ကြရပါတယ်။
ကိုသစ် .. စဉ်းစားကြည့်ပါ..စားဝတ်နေရေးမြေ
ပလည်တဲ့ကြားက ကိုယ့်မိသားစုကိုပစ်ပြီး ဘယ်သူကသွားချင်မှာလဲ။  ကလေးတွေစားဖို့ ပိုက်ဆံလေး နှစ်ထောင် သုံးထောင်ချန်ခဲ့ပြီး  မိသားစုကိုထားပစ်ခဲ့ရရင် သူတို့ရင်ထဲဘယ်လိုနေကြမလဲ။ ကိုယ်ချင်းစာတတ်တဲ့သူတိုင်းသိနိုင်ပါတယ်။ ဒါပေမယ့် အမိန့်ပေးလမ်းညွှန်သူများကတော့ သူတို့မျက်နှာရဖို့တစ်ခုထဲကြည့်ပြီး ပြိုင်ပွဲများများလုပ်နိုင်ခြင်းနဲ့ သူတို့အရည်အချင်းကို ဖော်ထုတ်သတ်မှတ်ကြပါတယ်။ ရဲမေတွေ လုပ်ချင်လားမလုပ်ချင်လား သေချာသိအောင်မလုပ်ပါဘူး။ သူတို့စားဝတ်နေရေးခက်ခဲသွားမလား မစိုးရိမ်ကြပါဘူး။ ပြိုင်နေချိန်မှာ ကိုယ်လူကိုယ် အော်ဟစ်အားပေးတာကိုပဲ ပျော်နေတယ်လို့ အထင်ရှိအောင်လုပ်တတ်ကြပါတယ်။ ဘယ်ရဲမေမှ ဒီပြိုင်ပွဲတွေပြိုင်ပါမယ်လို့ ကတိပြုပြီး ယောက်ျားယူလာကြတာမဟုတ်ပါဘူး။ ရွေးချယ်ခွင့် ငြင်းပယ်ခွင့်လည်းမရှိကြရှာဘူး။ ဒီလိုဝန်ထမ်းမဟုတ်တဲ့ သာမာန်မိန်းမတွေကို အတင်းအကြပ် ပြိုင်ပွဲတွေလုပ်ခိုင်းတာဟာလဲ တရားမျှတမှုမရှိပါဘူး။ 
ပြီးတော့ ကြက်တွေကြက်နာကျချိန်မှာ ကြက်မွေးခိုင်းရင်မွေးရပါတယ်။ ၀က်တွေ နားရွက်ပြာရောဂါကြောင့် တဖုတ်ဖုတ်သေတဲ့အချိန်မှာလည်း ၀က်တွေမွေးခိုင်းပါတယ်။ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးနဲ့ဖြေရှင်
းရမယ်ဆိုပြီး အိမ်ထောင်တစုကို ဘာဘယ်နှကောင်ရှိရမယ်ဆိုပြီး စီမံချက်နဲ့မွေးရပါတယ်။  ရဲမေတွေမှာ ရှုံးတော့မယ်ဆိုတာသိသိကြီးနဲ့ ရှိတာလေးထုတ်ပြီး ၀ယ်မွေးရတော့တာပါဘဲ။ စိုက်ပျိုးရေးဆိုလည်း မျိုးစေ့ဖိုးတောင် ပြန်မရနိုင်မှန်းသိသိကြီးနဲ့ စိုက်နေကြရတာပါဘဲ။ သူများတွေ စိုက်ပျိုးရောင်းချပြီးစီးပွားဖြစ်နေတာကို ဥပမာပေးပေမယ့် အဲဒီစိုက်ပျိုးရေးသမားတွေလို ဒီအလုပ်တစ်ခုထဲလုပ်နေရတာမှမဟုတ်တာ။  လူကြီးဆိုသူတွေက သူတို့တပ်တွေမှာ စိုက်ပျိုးမွေးမြူရေးတွေလုပ်ပြီး အဆင်ပြေအေးချမ်းနေပါတယ်ဆိုပြီး သူတို့အထက်ကလူကြီးတွေလာစစ်တဲ့အခါ မျက်နှာရချင်တာနဲ့ အတင်းအကြပ်ခိုင်းနေကြတာပါဘဲ။ 
ရဲဘော်တွေလည်း ကိုယ့်တပ်သက်သာချောင်ချိရေးကို
ယ့်ဖာသာလုပ်ရမယ်ဆိုပြီး လယ်ကွင်းထဲက တနေကုန်မတက်ရတဲ့သူနဲ့၊ တနေကုန် နွားကျောင်း၊ ကျွဲကျောင်းရတဲ့သူနဲ့ မအားလပ်အောင်ခိုင်းထားပါတယ်။ ညဘက်လည်းကင်းစောင့်ရပြီး မနက်ဘက်လည်း တပ်သန့်ရှင်းရေးအတွက် မြက်ခုတ်ရ တောရှင်းရ လုပ်ရပါတယ်။ လူကြီးလာစစ်ရင် သစ်ပင်ပေါ်က သစ်ရွက်က လမ်းပေါ်ကိုကြွေကြနေတာတောင် ခွင့်မလျွှတ်တတ်ပါဘူး။ 
ဒီလိုဖြစ်နေတာတွေဟာ ဘယ်မြို့ ဘယ်တပ်ရယ်လို့ ခေါင်းစဉ်တပ်စရာမလိုအောင် တပ်တိုင်းတပ်တိုင်း ခံစားနေကြရတာဖြစ်ပါတယ်။ အိမ်ရှေ့ပူတော့ အိမ်နောက်မချမ်းသာသလို ယောက်ျားတွေပူတော့ မိန်းမတွေလည်း စိတ်မချမ်းသာရပါဘူး။ ယောက်ျားတွေကလည်း ကိုယ့်မိန်းမကို လူကြီးကတော်တွေများ ဆူလေပြောလေမလားဆိုပြီး ပြန်ပူနေကြရပြန်ပါတယ်။ တချို့က မညှာမတာ ဆဲတတ်ပါသေးတယ်။
လူကြီးကတော်တွေနဲ့ ပြောဆိုဆက်ဆံရရင်လည်း ဒူးတုပ်ပြီး ခစားရသလို ဆက်ဆံရပါတယ်။ အဲဒီလိုမဟုတ်ရင် ဂါရ၀မရှိဘူးလို့ စွပ်စွဲပါတယ်။ ကိုယ်ထမင်းကိုယ်စားပြီး သူများကို ဒူးထောက်နေရတာ ရင်နာလွန်းလို့ပါ။ ယူထားမိတဲ့ယောက်ျားကို ချစ်လွန်းလို့သာသည်းခံနေတာပါ။ စစ်တပ်ကို တော်တော်စိတ်ကုန်နေတာကြာပါပြီ။ 
မိဘအိမ်ပြန်ချင်တာ လူမှုရေး စီးပွားရေးနဲ့ သွားချင်လာချင်တာတောင် ခွင့်ပြုမှ သွားရလာရပါတယ်။ အရာရှိကတော်တွေလည်း တပ်မှာလိုက်မနေရင် ယောက်ျားဖြစ်သူကို ရာထူးတိုးမပေးဘူးဆိုပြီး ခြိမ်းခြောက်ပြီး လိုက်နေခိုင်းပါတယ်။ တပ်ရင်းမှုးကတော်တွေလည်း တပ်မှာ မဖြစ်မနေလိုက်နေရပြီးတော့ သူတို့ရဲ့ မယောင်ရာဆီလူးတဲ့အလုပ်တွေကို ဦးဆောင်ပြီးလုပ်ခိုင်းပါတယ်။ အစိုးရအလုပ်ဆိုရင် နည်းနည်းသည်းခံပေမယ့် ကိုယ်ပိုင်စီးပွားရေးအလုပ်တွေ ကုမဏီအလုပ်တွေဆိုလုံးဝမလုပ်ရဘူး
လို့ အမိန့်ထုတ်ပါတယ်။ အရာရှိကတော်တွေလည်း လူကြီးလာစစ်တဲ့အချိန် မရှိမှာစိုးလို့ဆိုပြီး အိမ်ကိုပေးမပြန်ပါဘူး။ ယောက်ျားတွေမရှိလဲ တပ်မှာဘဲ နေနေရပါတယ်။  ဒီလိုမဖြစ်မနေလိုက်နေရမယ်ဆိုတဲ့အမိန့်တွေက ဗိုလ်ချုပ်ကတော်တွေကိုတောင် တော်တော်ဒုကခ ပေးပါတယ်။ ကျမတို့ဆိုပိုဆိုးပေါ့။ စားဝတ်နေရေးအတွက် ဘယ်သူဖြေရှင်းပေးမှာမို့လို့လဲ။ ကိုယ့်အလုပ်ကိုယ်မလုပ်ရဘဲ တပ်အလုပ်တွေလုပ်နေပါတယ်။ ကျမတို့မှာ ထွက်ပေါက်မရှိဖြစ်နေပါတယ်။ ဒီအတွက်အလုပ်ခန့်ထားတာမဟုတ်တဲ့အတွက် အလုပ်လဲထွက်လို့မရပါဘူး။ သူတို့အမိန့်ကိုမနာခံချင်ရင် သူတို့ပြောဆိုသမျှခေါင်းငုံ့မခံချင်ရင် ယောက်ျားနဲ့ကွဲဖို့ပဲရှိပါတယ်။ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ ကျမတို့မြန်မာအမျိုးသမီးတွေအနေနဲ့ လွတ်မြောက်ဖို့မမြင်ပါဘူး။
ဒီအကြောင်းအရာတွေဟာ ဘယ်တပ်မှာဖြစ်နေတာပါလို့ ပြောစရာမလိုလောက်အောင် နေရာတိုင်းမှာ တပ်တိုင်းမှာ တပုံစံတည်းဖြစ်ပျက်နေတာပါ။ ခေါင်းဆောင်ကတယောက်တည်းဆိုတော့ အားလုံးတပုံစံတည်း စိတ်ဆင်းရဲနေရတာပါ။ နိုင်ငံတော်သမတကလည်း ဒီလိုဖြစ်ပျက်နေတာတွေကို မကယ်တင်ဘဲနဲ့ သူ့သားမက်ကိုပဲ ကယ်တင်ပြီး အရပ်ဘက်ဝန်ကြီးဌာနကိုပြောင်းပေး
လိုက်ပါတယ်။
ကိုသစ်ထူးလွင်အနေနဲ့ ဖြစ်နိုင်ရင် ဒီအကြောင်းအရာတွေကို လိုအပ်သလိုပြင်ဆင်ပြီး တင်ပေးစေချင်ပါတယ်။ ဒါမှ ပြည်သူတွေသိသွားပြီဆိုပြီး တာဝန်ရှိသူတွေ အရှိန်သတ်သွားမှာဖြစ်ပါတယ်။ မိန်းမတွေအချင်းချင်း အမိန့်ပေးနေတာတွေပပျောက်စေချင်
ပါပြီ။ ကျမတယောက်ထဲအတွက်ပြောတာမဟုတ်ပါဘူး။ စစ်သားကိုယူမိလို့ ဒူးနဲ့မျက်ရည်သူတ်နေရသူတွေအားလုံးအတွက် တတ်စွမ်းသလောက် ကူညီပေးချင်လို့ဘဲဖြစ်ပါတယ်။ 
ကျမဘယ်သူပါလို့ပြောပြရင် ကိုသစ်ထူးလွင်အနေနဲ့ ပိုပြီးယုံကြည်မှုရှိသွားမှာဖြစ်
ပေမယ့် ပြောမပြနိုင်တာခွင့်လွှတ်ပါ။
 အန်တီစုလက်ကို လှမ်းကိုင်တဲ့ တပ်သားကျော်ဇင်ဝင်းကို ကိုယ်ချင်းစာမိပါတယ်။ ကျမလည်း အန်တီစုလက်ကို လှမ်းကိုင်ချင်ပေမယ့် အခုတော့ မကိုင်ရဲသေးပါဘူး။ ကြောက်ပါတယ်။ ဒါကြောင့် ကိုသစ်ထူးလွင်ကိုဘဲ အကူအညီတောင်းရခြင်းဖြစ်ပါတယ်။ ကြောက်တတ်ပေမယ့် သာမန်ပြည်သူတွေပဲမို့လို့ ကျမတို့လည်း ဒီမိုကရေစီရချင်ပါတယ်။
အခုလို ဂရုတစိုက်စာပြန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရင်ထဲမှာ အားဆေးတခွက်ပါဘဲ။ ကျမတို့အတွက် မျှော်လင့်ချက်လေးများရှိလေမလား
လို့ ဆိုပြီး ကျေးဇူးတင်ရပါတယ်။  
ယုံကြည်မျှော်လင့်ခြင်းများစြွာ
ဖင့်
အမည်မဖော်ရဲသူတစ်ဦး
အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၄င်းတို့ ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ
Posted: 11 Mar 2012 01:08 PM PDT
ဦးသန်းရွှေ မိသားစုကို အိန္ဒိယမှာတွေ့ ရစဉ်
ဒီ ဘလော့ကို ဌာနတွင်းလူမှ ပြောပြ၍ အများပြည်သူသိအောင်တင်လိုက်ခြင်းဖြစ်ပါတယ်။
နေပြည်တော်တွင် ဦးသန်းရွှေ ၏ သား/သမီးများဗိုလ်ကျစိုးမိုးနေဆဲဖြစ်ကြောင်း၊ 
 အောက်ပါအကြောင်းအရာများနှင့်အတူတင်ပြလိုက်ပါသည်။
အသုံးမကျသော အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င်
 အင်ဂျင်နီယာများကိုလည်း ရှုံ့ချလိုက်ပါသည်။ လက်ရှိနေပြည်တော်တွင် ဦးသန်းရွှေ သားသမီးများလုပ်ကိုင်နေသော စည်းပွားရေးလုပ်ငန်းများဖြစ်သည့်----
၁။ မြတ်မင်္ဂလာဟိုတယ်တွင် 1000 KVA Transfer (၁)လုံး           
၂။ ဟိုတယ်အမှတ်(၂၂)(ဒက္ခိဏသီရိဟိုတယ်ဇုံ) တွင် (1000) KVA Transfer (၁) လုံး၊
၃။ မြေကွက်အမှတ် (၄၃) (ဒက္ခိဏသီရိမြို့နယ်)တွင် (500) KVA Transfer (၁) လုံး
စုစုပေါင်း (၃)လုံးအား ၄င်းတို့ဖခင်အရှိန်အ၀ါသုံး၍ ခိုင်းစေမှုကြောင့်အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော)
 အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှ လက်ရှိ အချိန်(ခန့်မှန်းခြေ စုစုပေါင်း 
၂ နှစ်ကျော်) မီတာခဆောင်ရန်မလိုပဲ ဇယားအတွင်းမှ အချို့သောအင်ဂျင်နီယာများ
ကိုယ်တိုင်ဦးစီး၍ ဌာနပိုင်ပစ္စည်းနှင့်လူအင်အားစိုက်၍ တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
၎င်း Transfer (၃) လုံး၏ လစဉ်သုံးစွဲမှု တန်ဖိုးမှာ ယခင်မီတာခများမတက်ခင်ကပင် 
ကျပ်ငွေ သိန်းတစ်ရာ ၀န်းကျင်ရှိကြောင်း ၊ ယခုဈေးနှုံးနှင့်ဆိုလျှင် သိန်း တစ်ရာ အထက်
တွင်ရှိကြောင်း၊ ၄င်းငွေပမာဏသည် ဌာနမှ လစဉ်အနစ်နာခံနေသော်လည်း  အမှန်တစ်ကယ်တွင် ပြည်သူလူထုမှ နစ်နာနေခြင်းလည်းဖြစ်ပါသည်။
လစဉ် ၄င်းတို့ဗိုလ်ကျ၍ မီတာခမဆောင်သော ငွေပမာဏကို ဖွံ့ဖြိုးမှုအားနည်းသော
 ဒေသများတွင် အသုံးချလျှင် တော်တော် အကျိုးရှိမည်ဖြစ်သည်။ သာမန်ပြည်သူ
 လျှပ်စစ်မီး ခိုးသုံးလျှင် ဌာနမှ လျော်ကြေးငွေအား အောက်ပါတိုင်းတွက်
ချက်ခြင်းဖြစ်ကြောင်းသိရှိရသည်။ 
လုပ်ငန်းသုံးအတွက် ၂၀၀၀ ၀ပ်(2kW)ပမာဏ လျှပ်စစ်မီးခိုးသုံးနေလျှင် တွက်ချက်ပုံမှာ-
(2kW/1kWh)x12 hr x 365 days x 75 Ks = 657000 Ks( ခြောက်သိန်းငါးသောင်း
ခုနစ်ထောင်ကျပ်)1000 KVA(800 KW) Transfer (၁) လုံးဖြင့် လျှပ်စစ်မီး တရားမ၀င်သုံးစွဲလျှင် ပေးဆောင်ရမည် လျော်ကြေးငွေမှာ-
(800 kW /1kWh) x 12 hr x 365 days x 75 Ks = 262800000 ( နှစ်ထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်သိန်း)ဟု ၄င်း ပုဂ္ဂိုလ်ပြောပြ၍ သိရှိရသည်။
 Transfer (၃) လုံးအတွက် နှင့် (၂) နှစ်ကျော် မီတာခ မဆောင်သော ငွေပမာဏကို 
အများပြည်သူများ ကိုယ်တိုင်တွက်သာကြည့်ပေတော့..ကျွန်တော်ကတော့ရင်နာလွန်း
လို့မတွက်တော့ပါ..မယုံကြည်သူများ ကျွန်တော်ပြထားသော အင်ဂျင်နီယာများထံသို့ သက်ဆိုင်ရာဖုန်းနံပါတ်များဖြင့် စုံစမ်းကြည့်နိုင်ပါသည်.. ၄င်းအင်ဂျင်နီယာများ.. 
အရှက်ရှိလျှင် အမှန်တိုင်းဖြေဆိုလိမ့်မည်..အရှက်မရှိသော အင်ဂျင်နီယာများသာလျှင် အကြောင်းအမျိုးမျိုးပြဖြေလိမ့်မည်.. ဒီ ဘလော့ ကိုဖတ်သူများထဲမှ ဒီမတရာမှုကြီးကို အများပြည်သူများအတွက် ဖြေရှင်းပေးနိုင်မဲ့သူပါ ပါစေလို့ဆိုတောင်းလျှက်.....
 Sky Star
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သား/
သမီးများပိုင်ဆိုင်သော စည်းပွားရေးလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားကိုအလကားတိုက်ရိုက်ပေးထားခြင်းအား ၀န်ကြီးအပါအ၀င် ကိုယ်တိုင်ဆောင်ရွက်ပေးသောအင်ဂျင်နီယာများနှင့်သိရှိသော်လည်းအရေးမယူသော
အင်ဂျင်နီယာများ
စဉ် အမည်
ရုံးအမည် ဖုန်းနံပါတ်
ရာထူး Minister ရုံးအမှတ်(၂၇) 067-414139
ဦးအောင်သန်းဦး Vice Minister ရုံးအမှတ်(၂၇) 09-8303200
ဦးခင်မောင်ဇော် Director General ရုံးအမှတ်(၂၇) 067-410483
ဦးညိုမြင့် Head Officer ရုံးအမှတ်(၂၇) 09-8603003
ဦးမြင့်အောင် Mananging Director ရုံးအမှတ်(၅၃) 09-8600134
ဦးအောင်မြင့် Chief Engineer ရုံးအမှတ်(၅၃) 067-440064
ဦးကျော်ငြိမ်း Deputy Chief Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302992
ဦးမြင့်သန်း Superindentent Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49202881
ဦးမျိုးသန့်ထွန်း Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202897
၁၀ ဦးသက်ပိုင်မျိုး Superindentent Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202896
၁၁ ဦးအောင်မျိုးသွင် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) 09-49202883
၁၂ ဦးခန့်ထက် Executive Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49202895
၁၃ ဦးလှဖုန်း Executive Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-2018504
၁၄ ဦးဝင်းလွင်ရှိန် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၅ ဦးဆန်းနိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၆ ဦးစိုးထွဋ်ခိုင် Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 067-414839
၁၇ ဦးအောင်သက်ဝေ Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-8302787
၁၈ ဦးကြည်မြင့် Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49344574
၁၉ ဦးတင်မျိုးအောင် Sub-Assitant Engineer တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး 09-49213842
၂၀ ဦးစိုးပိုင်ထွန်း Sub-Assitant Engineer ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) 09-49220318
၂၁ ဦးဆန်းလင်းထွန်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၄) 09-43079297
၂၂ ဦးဇေယျာလင်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၅) 067-419097
၂၃ ဦးအောင်ကျော်ငြိမ်း Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၆) 067-413252
၂၄ ဦးခိုင်မင်းဦး Sub-Assitant Engineer ဓာတ်အားခွဲရုံအမှတ်(၇) 067-414521
၂၅ ဦးဇော်မင်း Sub-Assitant Engineer မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂)
အပြည့်အစုံကိုPDF File မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ Engineers
ထက်ထက်မိုးဦးအမှု မနက်ဖြန် အမိန့်ချမည်
Posted: 11 Mar 2012 12:09 PM PDT
7 Day သတင်းဂျာနယ်မှ သတင်းထောက် တစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် ထက်ထက်မိုးဦး၏ အမှုကို ရန်ကင်းမြို့နယ် တရားရုံးမှ မနက်ဖြန် မတ်လ ၁၂ ရက်နေ့တွင် အမိန့်ချမှတ် တော့မည် ဖြစ်ကြောင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ တစ်ဦးက ပြောကြားသည်။
 ရက်ပေါင်း ၆၀၀ ကျော် ကြာမြင့်ခဲ့ပြီး ရုံးချိန်းပေါင်း ၆၀ ခန့် ခေါ်ယူ စစ်ဆေးခဲ့ရသော အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ ညဦးပိုင်းတွင် ရန်ကုန်မြို့တော် ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် ထက်ထက်ဦးမိုးဦးက ယင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်း တရားလို ဖြစ်သူက စွပ်စွဲထားသည်။
မြစ်ဆုံဆည် ပြန်စရေး တရုတ် ကုမ္ပဏီ လေသံပစ်
Posted: 11 Mar 2012 12:05 PM PDT
ဧရာဝတီ မြစ်ဆုံ
ရန်ကုန်၊ မတ် ၁၁
သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလက ရပ်နားခဲ့သော ဧရာဝတီ မြစ်ဆုံဆည် ပြန်လည် တည်ဆောက် လိုကြောင်း တရုတ်အစိုးရ အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။
မြန်မာ့ သတို့သမီး ဧရာဝတီမြစ်ဖျားတွင် မြစ်ဆုံဆည် ပြန်လည် တည်ဆောက်ရေး တရုတ် China Power Investment Corp က ပြန်လည် ဆွေးနွေးရန် တက်ကြွနေပြီး မြစ်ဆုံဆည်ကို ဖြစ်နိုင်သမျှ စောစီးစွာ ပြန်လည် စတင်လိုကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုချက်ကို The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတကြီး ဦးသိန်းစိန် အနေနှင့် ၄င်း၏ သက်တမ်းအတွင်း ဆည်တည်ဆောက်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး တရုတ် ကုမ္ပဏီက ယင်းကိစ္စကို တရားဥပဒေကြောင်း အရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ပြန်လည် တုံ့ပြန် ပြောဆိုခဲ့သည်။
ရပ်ဆိုင်းလိုက်သည့် စီမံကိန်းမှာ မြစ်ဆုံတွင် ဆောက်လုပ်မည့် ဆည်တစ်ခုတည်းသာ ဖြစ်ပြီး မေခ၊ မလိခ မြစ်ညာ မြစ်ဝှမ်းရှိ ဆည်များကိုမူ ရပ်ဆိုင်းထားခြင်း မရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက The Voice Weekly သို့ ပြောကြားသည်။
" ပြန်စချင်လည်း စနိုင်တာပေါ့။ သူတို့က ဘယ်လို သဘောတူညီချက်တွေ ယူထားလဲမှ မသိတာ " ဟု ၎င်းက ဆိုသည်။
ဧရာဝတီ မြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ် စစ်စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စသည့် ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခု ပါဝင်ပြီး စုစုပေါင်း စက်တပ်ဆင် အင်အား ၁၈၄၉၉ မဂ္ဂါဝပ် ရှိသည်။
ကချင်ပြည်နယ် မြစ်ဆုံအနီး ခေါင်လန်ဖူး အနီးရှိ တန်ဖဲ ရွာဟောင်းတွင် နေထိုင်သူများနှင့် ဈေးရောင်းချသူ များကို ဆယ်ရက်အတွင်း ပြောင်းရွေ့ကြရန် မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး၏က မတ်လ ၆ ရက်နေ့တွင် ညွန်ကြားခဲ့ (The Voice Weekly – Vol.8/ No.13) သည်။
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
12345.gif
12345.gif
"☆•❤´¯``THAINGI´¯``❤•☆ -"
unread,
Mar 14, 2012, 1:41:21 AM3/14/12
to စစ်မှန်သောမိသားစု
---------- Forwarded message ----------
From: သစ်ထူးလွင် Myanmar News Now <nor...@blogger.com>
Date: 2012/3/11
Subject: သစ်ထူးလွင်
To: ms.the...@gmail.com
စင်္ကာပူကအိမ်ရှင်နှိပ်စက်ခံထားရသောမတင်ဝါ၀ါခိုင်
Posted: 11 Mar 2012 07:40 AM PDT
To
HE U Tin Oo Lwin
Ambassador to Republic of Singapore
Embassy of Myanmar
Dear Sir,
I wuold like to inform you regarding as mention in above.
I am a Staff Nurse Khaing Khaing Saw who is working in SINGAPORE
GENERAL HOAPITAL.
On 25/2/12, one Myanmar maid named TIN WAR WAR KHING , 24 years (
according to her pass port) was transferred from Changi General
Hospital to SGH WD 43 Burn Centre as she was abused by her employer.
One of the neighbour informed to police and policemen were came to
this house and investigated.
the address of employer is ,
Block 702, #08-18, Tampanes street 71
They found out that many scratched marks on her face, many scrateh
marks and human bite marked on her hands, so many blisters on her back
and both buttocks caused by throwing of hot water onto her. She can't
walk well because her legs are swollen due to kicked by employer while
wearing in big boots. head injury beaten by coffee mug.
Police sent her to CGH via ambulance on 22/ 2 /12.
I went and see her on 2/3 12 in SGH. I was shocked when i saw this
little skiny girl, and I can't control my tears. she is suffering alot
and mentally and physically traumatised.actually she was born in 1995,
so she is only over 16 years.
She was discharged from SGH on 2/3/12 and sent to one of the shelter
home arranged by Medical Social Worker and police.
The attached photoes are taken up on discharge form hospital & almost
healing in progress.
Please may i request you to involve in her case and give her your kind support.
We will be much appreciated.
You can be feel free to call and ask me at 93903610.
I am looking forward to hearing from you.
with due respect & kind regards,
khaing khaing saw
By: Joseph Joe
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော
Posted: 11 Mar 2012 07:32 AM PDT
မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။
RFA
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။
တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ... စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင် မိန့် ခွန်း (ရုပ်/သံ)
Posted: 11 Mar 2012 06:36 AM PDT
ဒီမိုကရေစီလဲ မရှိသေး …အာဏာရှင်ပြန်ပေါ်လာမလားဆိုတာလဲ
မရေမရာ မသေချာသေးတဲ့အခြေအနေပါ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောပြချက်နဲ့ မွန်ပြည်နယ်ခရီးစဉ်။
 ရိုက်တာ-သတင်းဌာနမှရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် (Whale Shark) ဝေလငါးမန်းနှစ်ကောင် သောင်တင်သေဆုံး
Posted: 11 Mar 2012 06:13 AM PDT
7248
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ် ဘင်္ဂလားပင်လယ် ကမ်းခြေတစ်နေရာ တွင် သောင်တင် သေဆုံးနေသော ဝေလငါးမန်း(Whale Shark) နှစ်ကောင်ကို မတ်လ ၇ ရက်နေ့နံနက် ၉ နာရီခွဲ အချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဝေလငါးမန်း (ငါးမန်း ဖလောင်း)ကို မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာအုပ်စု ခွဆုံချောင်းအနီး ပင်လယ်ကမ်းခြေတွင် သောင်တင် သေဆုံးလျက်တွေ့ ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါ ဝေလငါးမန်းကြီးများကို ရေလုပ်သားများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် သတင်းပေးချက်အရ ခရိုင်ငါးလုပ်ငန်းမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးမန်း မှာ အထီး၊ အမ စုံတွဲ နှစ်ကောင်ဖြစ်ပြီး အထီးမှာ အလျား ၂၁ ပေ၊ လုံးပတ် ၁၂ ပေ ရှိကာ အမမှာအလျား ၁၈ ပေ ၈ လက်မ၊ လုံပတ် ၈ ပေ ရှိကြောင်း သိရသည်။ အဆိုပါ ဝေလ ငါးမန်းနှစ်ကောင်ကို အရိုးစုရယူရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
7248a
“ဒီဝေလငါးမန်းတွေက ရခိုင်ကမ်းရိုးတန်းမှာ ကျက်စားနေတဲ့ ငါးဖြစ်ပြီး ငါးလုပ်ငန်းက ဖမ်းဆီး ခွင့်မပြုတဲ့ ငါးမျိုးဖြစ်ပါတယ်။ ဒီ အကောင်တွေက ရေလုပ်သားတွေ ပိုက်မှာ ဖမ်းမိပြီးမှ လွှတ်လိုက်လို့ သောင်တင် သေဆုံးတာလို့ ယူဆလို့ ရပါတယ်။ အခုတွေ့တဲ့ ဝေလငါးမန်း ခေါ် ငါးမန်းဖလောင်း နှစ်ကောင်ရဲ့ အရိုးစုရရှိရေးအတွက် ဆောင်ရွက်နေပါတယ်။ နောက်ဒီလိုငါးမျိုးတွေကို ဖမ်းဆီးခြင်း မပြုအောင်၊ မတော်တဆ ဖမ်းမိရင်လည်း အမြန် အရှင်ပြန်လွှတ်ဖို့၊ ငါးလုပ်ငန်းဦးစီးဌာနကို သတင်းပို့ဖို့စတဲ့ ကြေညာချက်ကိုလည်း ပင်လယ်ကမ်းခြေမှာရှိတဲ့ ကျေးရွာတွေကို ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးနိုင်ဝင်းသိန်း က ပြောကြားသည်။
ရခိုင်ကမ်းရိုးတန်းတွင် ဝေလငါးများ၊ ဝေလငါးမန်းများ ကျက်စားလျက်ရှိခဲ့ပြီး ယခုအခါရှားပါး သွား ပြီးဖြစ်ကြောင်းနှင့် ဝေလငါးနှင့် ငါးမန်းများ ဖမ်းဆီးရောင်းချခွင့်ကို တားမြစ်ထားကြောင်း သိရသည်။
အာဏာရှင်တွေကိစ္စမသေချာလို့ ဒေါ်အောင်ဆန်းစုကြည်ပြောဆို
Posted: 10 Mar 2012 11:12 PM PST
ရာမညမြေမှာမဲဆွယ်နေသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-ကျော်ဇေယျာဝင်း(Weekly Express Times Journal)
အာဏာရှင်တွေတက်ရေးမတက်ရေးနှင့် ပေါ်လာရေးမပေါ်လာရေးမှာ မရေရာသည့်ကိစ္စတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်းယနေ့နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၁၀ မိနစ်အထိ မော်လမြိုင်မြို့၊ ခြောက်မိုင်ရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ ''လူအခွင့်အရေးတွေအားလုံးကို ကျွန်မတို့ပြည်သူတွေပြည့်ပြည့်၀၀မရသေးပါဘူး။ နောက်ပြီးတော့လည်း ကျွန်မတို့ ဒီမိုကရေစီအစစ်ဆိုတာ ဒီနိုင်ငံမှာ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင်တွေ မတက်ရေး၊တက်ရေးဆိုတာလည်း ပြန်ပီးတော့ ပေါ်လာရေး၊မပေါ်လာရေးဆိုတာလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိဖြစ်နေပါသေးတယ်
ကျွန်မတို့ရဲ့ ရည်မှန်းချက်တွေမအောင်မြင်သေးတဲ့အတွက် ထပ်ပြီးလုပ်စရာတွေ အများကြီးရှိနေပါတယ်'' ဟုပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဌာနများ၏ မသမာမှုများနှင့် လိမ်လည်မှုများ
Posted: 10 Mar 2012 11:04 PM PST
ပြည်ထောင်စု ၀န်ကြီးဌာနများ ၏ လုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ တွင် စွမ်းရည်နိမ့်ကျမှုများ၊ ဆုံရှုံး မှုများ၊ မသမာမှုများ၊ လိမ်လည်မှုများ အပါအ၀င် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာမှုများ ရှိနေကြောင်း ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂)တို့ဖြင့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီသို့ အစီရင်ခံ ပေးပို့ခဲ့ရာတွင် အမှတ် (၁)စက်မှုဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ ယခင် အစိုးရလက်ထက်မှ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း မလိုက်နာမှုများကို ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြန်မာ့အလင်း သတင်းစာတိုက်၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် လုပ်ငန်းနှင့် စာရင်းများကို ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သတင်းစာဖိုး ရောင်းရငွေ ကျပ်သန်း ၂၅၈ ဒသမ ၆၂၆ ကို အလွဲသုံးစား ပြုထားကြောင်း .  .  .
ယခင်အမှတ်(၁)စက်မှုဝန် ကြီး ဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန် လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ အမှတ်(၁)ဂျုံနှင့် ဂျုံထွက်ပစ္စည်းစက်ရုံ (စစ်ကိုင်း)သည် ရသာမွန်ခေါက်ဆွဲများ ထုတ်လုပ်ရန်အတွက် ခွဲတမ်းရ ရှိသည့် မီးထိုးဆီများကို ထုတ်ယူပြီး စက်ရုံသို့ သယ်ဆောင်ခြင်း မရှိဘဲ ရောင်းစားခဲ့ကြောင်း၊ ခေါက်ဆွဲများ အမှန်မထုတ်ဘဲ အထုတ်ပြပြီး ပုဂ္ဂလိကများကို ထုတ်ခိုင်းခြင်း၊ စာရင်း လိမ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။
လယ်/ဆည်ဝန်ကြီးဌာန၊မြန်မာ့စက်မှု သီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကွပ် ကဲမှုအောက်ရှိ ဂုန်လျှော်နှင့်လျှော်မျှင် များလုပ်ငန်းဌာနဒေါပုံကော်ဇောပစ္စည်း စက်ရုံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေး နှစ်အတွက် လုပ်ငန်းစာရင်းများကို ရန်ကုန်တိုင်းဒေသကြီးစာရင်း စစ် ချုပ်ရုံးမှစစ်ဆေးခဲ့ရာ အသားတင် အရှုံးကျပ်သန်း ၃၄၄ ဒသမ ၄၅၂ ဖြစ်သော်လည်း အရှုံးကျပ်သန်း ၁၂၄ ဒသမ ၅၀၂ လျော့နည်းအောင် လုပ် ကြံဖန်တီး၍ နှစ်ချုပ်စာရင်းရှင်းတမ်း တွင် အရှုံးကျပ်သန်း ၂၁၉ ဒသမ ၉၅၀ သာ ဖော်ပြခဲ့မှုဖြစ်သည်။
သတ္တုတွင်းဝန်ကြီးဌာန၊ အ မှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့်မြန်မာ အိုင်ဗင်ဟိုကုမ္ပဏီလီမိတက်တို့ ပိုင် ဆိုင်သည့် မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbo Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ကွပ်ကဲမှုအောက်ရှိ မြန်မာ့အလင်း သတင်း စာတိုက်၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ ရေးနှစ် လုပ်ငန်းနှင့် စာရင်းများကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ရုံးမှစစ်ဆေးခဲ့ရာ ၂၀၀၈ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သတင်းစာဖိုးရောင်းရငွေ ကျပ်သန်း ၂၅၈ ဒသမ ၆၂၆ ကိုအလွဲသုံးစားပြုထားကြောင်း၊ တာဝန်ရှိသူများအား အရေးယူသည်ကို တွေ့ရသော်လည်း သတင်းစာတိုက်တွင် ငွေကြေးများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို လိုက်နာမှု မရှိခြင်းများတွေ့ရသဖြင့် ပြုပြင်ရန်လိုကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယခင်အမှတ်(၂)စက်မှု ၀န်ကြီးဌာန၊ အမှတ်(၁)အထွေထွေ အကြီးစားစက်မှု လုပ်ငန်းကွပ်ကဲမှု အောက်ရှိ အမှတ်(၁၁)၊ အထွေထွေ အကြီးစားစက်ရုံ(ရန်ကုန်)၏ ၂၀၁၀ -၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် အရှုံးပေါ်နေသည့် လုပ်ငန်းနှင့်စာရင်းများ ကို အမြတ်ပေါ်အောင် လိမ်လည်ဖန်တီး ရေးဆွဲခဲ့သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိရေး ဆွဲတင်ပြသော ဘတ်ဂျက်၏ လိုငွေနှင့် GDP ၏ အချိုးအမှန်မှာ ၈ ဒသမ ၂၄ ရာခိုင်နှုန်း ဖြစ်နေသောကြောင့် နိုင်ငံတော်စီးပွားရေး အဖွဲ့အစည်းများသို့ လှည့်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော် ရန်ပုံငွေမှထုတ်ချေးရန် တင်ပြထားခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးချက်အရ နိုင်ငံတော်ပိုင်စက်ရုံ၊ အလုပ်ရုံနှင့် စီမံကိန်း လုပ်ငန်းများတွင် စွမ်းရည်နိမ့်ကျခြင်း၊ ဆုံးရှုံးခြင်းများ သာမက နှစ်ချုပ်စာရင်းများကို လိမ်လည်ရေးဆွဲ ခြင်းများကို တွေ့ရှိလာရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ခွင့်ပြုရာတွင် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ပိုမိုဂရုပြု အချိန်ယူစိစစ်ရန် လိုအပ်လာကြောင်း ပြည်သူ့လွှတ်တော်၊ပြည်သူ့ ငွေစာရင်းကော်မတီက သုံးသပ်ထားသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ဘက်မလိုက်ဘူးလို့ ဆို
Posted: 10 Mar 2012 10:58 PM PST
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲအတွက် ပြည်ထောင်စု ၀န်ကြီးဌာန အသီးသီးအနေဖြင့် မိမိတို့ဝန်ကြီးဌာန ၏ ဂုဏ်သိက္ခာနှင့် အညီဘက်မလိုက်ဘဲ မျှမျှတတ ပါဝင်ပူးပေါင်းကြီးကြပ် ဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၈ ရက်နေ့ တွင် တိုက်တွန်းပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ၀န်ကြီးဌာနများ၊ အဖွဲ့ အစည်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးတွင် အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လစ်လပ်လျက်ရှိသော လွှတ်တော်မဲဆန္ဒနယ် ၄၈ နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၅၉ မြို့နယ်တွင် တစ်ပြိုင်တည်း ကျင်းပ မည်ဖြစ်သည်။
“မိမိတို့နိုင်ငံသည် မြန်မာ့ဒီမိုကရေစီ ခေတ်သစ်ကို ပြည်သူများ အားလုံး တက်ညီလက်ညီ လျှောက်လှမ်းနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက် တင်မြှောက်သည့်နေရာတွင် ဘက်မလိုက်ရန်၊ မှန်မှန်ကန်ကန် ဆောင်ရွက်ရန်၊ သတ်မှတ်ပြဋ္ဌာန်း ထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိတိကျကျလိုက်နာရန် ဆိုသည့် အချက်များသည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် သာမက သက်ဆိုင်ရာပြည် ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာ နများကပါ လေးစားလိုက်နာ ကျင့်သုံးရမည့် အချက်များပင် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တာဝန်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးကောက်တင်မြှောက်ခံရ ရေး မဟုတ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ဖို့ ကြီးကြပ်ကျင်းပပေးရေးပင် ဖြစ်ပါကြောင်း”တို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
ထို့ပြင် ကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကြီးကြပ် ကျင်းပပေးမည်ဖြစ်ကြောင်း၊ ကြိုတင်မဲနှင့် ပတ်သက်၍ ဥပဒေအရ ခွင့်ပြုထားသော ပုဂ္ဂိုလ်များကိုသာ ကြိုတင်မဲပေးခွင့်ပြုမည် ဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များ အားလုံး မဲရုံများ၌သာ မဲပေးရမည် ဖြစ်ကြောင်း၊ မဲစာရင်းများကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲက အသုံးပြုခဲ့သည့် မူလမဲစာရင်းကို အခြေခံပြီး ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ယခင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲစာရင်း တစ်မျက်နှာ လျှင် ကျပ် ၂၀၀ နှုန်းဖြင့် ကူးယူခွင့်ပြုခဲ့ရာမှ ယခုအခါ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကို သူနှင့် သက်ဆိုင်သော မဲဆန္ဒနယ်၏ မဲစာရင်းတစ်စုံကို အခမဲ့ကူးယူခွင့်ပြုထား ပါကြောင်း၊ ကိုယ်စားလှယ်များ လက်ဝယ်တွင် မဲစာရင်းရှိနေပြီဖြစ်၍ ဥပဒေနှင့်အညီ စစ်ဆေးကြမည်လည်း ဖြစ်ပါကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီးယူအဖွဲ့ဝင် နိုင်ငံများက မြန်မာနိုင်ငံသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ ကို  လွတ်လပ်၍ တရားမျှတစွာ ကျင်းပပါက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၇  ပါတီ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့
Posted: 10 Mar 2012 10:53 PM PST
7242
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သော နေပြည်တော် စီမံကိန်းများ အနက် လွှတ်တော် အဆောက်အအုံ ၃၃လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် က မတ်လ ၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်တွင် ပြောကြားခဲ့သည်။
7242a
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများကို တွေ့ရစဉ်
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က “လွှတ်တော် အဆောက်အအုံ ၃၃ လုံး အတွက် ၁၉ ဒသမ ၀၁ ဘီလျံ၊ သမ္မတအိမ်တော် အတွက် ၅ ဒသမ ၈၅ ဘီလျံ၊ ဒုသမ္မတ အိမ်တော်ခုနစ် လုံးအတွက် ၃ ဒသမ ၇၁ ဘီလျံ၊ စုစုပေါင်း ၂၈ ဒသမ ၅၆ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ထို့ပြင် အမျိုးသား ပြတိုက် အတွက် ၃ ဒသမ ၀၇ ဘီလျံ၊ အမျိုးသား စာကြည့်တိုက်အတွက် ၁ ဒသမ ၇၈ ဘီလျံ၊ အမျိုးသား မော်ကွန်းတိုက် အတွက် ၀ ဒသမ ၇၈ ဘီလျံ၊ နိုင်ငံတော် ဧည့်ဂေဟာ ၄၀ လုံးအတွက် ၂၁ ဒသမ ၉၄ ဘီလျံ၊ အခြား အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ အတွက်  ၅၇ ဒသမ ၇၇ ဘီလျံ၊ လမ်းလုပ်ငန်း အတွက် ၄၄ ဒသမ ၃၆ ဘီလျံ၊ ရေရ ရှိရေးလုပ်ငန်းအတွက် ၂ ဒသမ ၃၆ ဘီလျံ၊ ဆည်နှင့်ရေစီးရေလာ လုပ်ငန်းအတွက် ၂ ဒသမ ၈၇ ဘီလျံသုံး စွဲခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။
ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax  နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
သိန်းနှင့်ချီတဲ့မွန်ပြည်နယ်လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ (ဓါတ်ပုံ)
Posted: 11 Mar 2012 07:04 AM PDT
မော်လမြိုင်လူထုဟောပြောပွဲမှမြင်ကွင်းဓါတ်ပုံတွေပါ (ဓါတ်ပုံ-YPI)
နံနက် ၁၀ နာရီ ၇ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြီးဆုံးသွားပြီဖြစ်သည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် ၏ မော်လမြိုင် လူထုဟောပြောပွဲကို မွန်ပြည်နယ်လူထု သိန်းနှင့်
ချီပြီးလာရောက်နားထောင်ခဲ့ကြကြောင်း ခရီးစဉ်တလျှောက်လိုက်ပါသွားတဲ့ သတင်းထောက်
များက Myanmar News Now ကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟောပြောနေဆဲ မော်လမြိုင် လူထုဟောပြောပွဲကောက်နှုတ်ချက်
Posted: 10 Mar 2012 07:25 PM PST
ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင် လူထုဟောပြောပွဲကို နံနက် ၉ နာရီခွဲတွင် စတင်ပြီဖြစ်သည်
 မတ်လ ၁၁ ရက်၊ ၂၀၁၂ (YPI) နံနက် ၉ နာရီ ၄၀ မိနစ်
ဒီမိုကရေစီ စနစ်မှာ အစိုးရက ဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာ ပြည်သူတွေကို ရှင်းပြရမယ်၊
၂၀၁၀ ခုနှစ် တွင် ဘယ်အတွက်ကြောင့် ပါတီမှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ရသည့်အကြောင်း၊ အကျဉ်းကျနေသည့် ပါတီဝင်များကို ထုတ်ပစ်ရမည့် အချက်ကို လက်မခံနိုင်ခြင်း၊ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရမည် ဆိုသည့်အချက်များကို လက်မခံနိုင်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။ 
 မော်လမြိုင်၊ မတ်လ ၁၁ ရက်၊ ၂၀၁၂ (YPI) နံနက် ၉ နာရီ ၄၈ မိနစ်
ဥပဒေစိုးမိုးရေး နှင့် ပတ်သက်၍ ရှင်းလင်းလျှက်ရှိရာတွင် ၂၀၁၀ ခုနှစ်တွင် ပါတီမှတ်ပုံပြန်မတင်ပဲ ပါတီတရားဝင်မှု ရှိနေသည့်အခွင့်အရေးကို ဥပဒေကြောင်းအရ တင်ပြခဲ့သည့်အဖြစ်ကို ဒေါ်အောင်ဆန်းစုကြည်က ယခုပြောဆိုလျှက်ရှိသည်။
ယနေ့ နံနက် ကျွဲခြံကုန်းကွင်းမှာစောင့်ဆိုင်းနေကြတဲ့လူထုမြင်ကွင်း (ဓါတ်ပုံ)
Posted: 10 Mar 2012 06:53 PM PST
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနားထောင်ရန် မော်လမြိုင် လူထု ကွင်းအတွင်းသို့ရောက်ရှိနေပြီဖြစ်သည်
မော်လမြိုင်ပရိတ်သတ် ဟောပြောပွဲကျင်းပရာ ကွင်းအတွင်းသို့ရောက်ရှိနေပြီဖြစ်သည်။ မနက် ၈နာရီ၅၅မိနစ်
ဟောပြောပွဲသို့လာသူများ
ဟောပြောပွဲရှိရာ ကွင်းပြင်သို့လာသူများ
မတ်လ ၁၁ ရက်နေ့ နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲကျင်းပမည့်
 မော်လမြိုင်မြို့နယ် ၆ မိုင်ကျေးရွာ အနီးရှိ ဘောလုံးကွင်းတွင် ရောက်ရှိနေကြသည့် 
လူထုပရိသတ်အား ယခုကဲ့သို့ တွေ့မြင်ရသည်။ 
 ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ လာရောက်နားထောင်ရန် မွန်ပြည်နယ် 
 နယ်မြို့များမှ တက်ရောက်လာကြရာ ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမှ
 လာရောက်ကြသူများလည်းအများ အပြားပါဝင်သည်ဟု ၀ိုင်ပီအိုင် သတင်းထောက်က
 သတင်းပေးပို့သည်။ 
YPI
လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်
Posted: 10 Mar 2012 06:57 PM PST
လူထုဟောပြောပွဲကို တဖွဲ့ လာရောက်နေသူများ
မော်လမြိုင်၊ မတ်လ ၁၁၊ နံနက် ၈နာရီ ၄၅ မိနစ်
ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြုလုပ်မည့် ၆ မိုင်ကျေးရွာ ဘောလုံးကွင်းသို့ လူထုပရိသတ် သွားရောက်နေပြီဖြစ်သည်။ လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်ဟု မော်လမြိုင် မြို့ အန်အယ်လ်ဒီမှ တာဝန်ရှိသူတဦးက ၀ိုင်ပီအိုင်သို့ပြောသည်။
ယခုလူထုဟောပြောပွဲ နားထောင်ရန် ဘုရားသုံးဆူမှလာရောက်သူ အများအပြားရှိသည်ဟုလည်း ၎င်းတာဝန်ရှိသူကပြောသည်။
မော်လမြိုင်မြို့ထဲမှ လူထုဟောပြောကွင်းသို့ အခမဲ့ ပို့ဆောင်ပေးသည့်ကားများ လည်း အများအပြားရှိသည်ဟု သိရသည်။ လူထုဟောပြောပွဲကို နံနက် ၉နာရီဝန်းကျင်တွင် စတင်မည်ဟု ခန့်မှန်းရသည်။ ယခုအခါ ကွင်းထဲလူပရိသတ်အများအပြား ရောက်ရှိနေပြီဖြစ်သည်။
YPI
ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်ကွင်းသို့ စတင်ထွက်ခွါ
Posted: 10 Mar 2012 06:29 PM PST
မတ်လ ၁၁ ရက်နေ့ ၂၀၁၂
အမျိုးသားဒီမိုကရေးစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်လူထုနှင့်တွေ့ ဆုံဖို့ 
ယနေ့နံနက် ၇း၄၅ မိနစ်အချိန်တွင် တည်းခိုရာ မော်လမြိုင် Strand Hotel မှ ထွက်ခွာလာပါသည်။
ယခုအခါ  မော်လမြိုင်မှ ၆ မိုင်ကျော်ဝေးသည့် ကျွဲခြံကုန်းရှိလူထုဟောပြောပွဲပြုလုပ်မည့် ကွင်း
ကိုသွားရောက်နေကြောင်း D-Wave သတင်းထောက်မှ သတင်းပေးပို့ ထားပါသည်။
ကျွဲခြံကုန်းလူထုဟောပြောပွဲဆီချီတက်နေကြတဲ့မော်လမြိုင်သားများ (ဓါတ်ပုံ-D-Wave)
ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ဟော်တယ်ရှေ့မှာယနေ့ နံနက်စောင့်ဆိုင်းနေသူများ
ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပြုလုပ်မည့်ကွင်းကို ဦးတည်သွားနေကြသူများ
လမ်းဘေးဝဲယာမှ ကြိုဆိုဖို့ ယနေ့ နံနက်စောင့်ဆိုင်းနေကြသူများ
  သတင်း-ဓါတ်ပုံ  D-Wave
ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါတယ် (ဘီးလင်းတွင် ခဏတာပြောခဲ့တဲ့ မိန့်ခွန်း)
Posted: 10 Mar 2012 05:26 PM PST
ပြည်သူတွေရဲ့ကြိုဆိုမှု ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့် ကျွန်မတို့ အားတွေက ဘယ်တော့မှ မလျော့သွားပါဘူး အခုရှေ့မှာ ရေးထားသလိုမျိုးပေါ့ ပြိုင်တူတွန်းလို့ရှိရင် ရွေ့နိုင်ပါတယ်လို့... ကျွန်မတို့နိုင် ငံကို ရွှေ့ကြစို့ လို့ ကျွန်မပြောချင်ပါတယ် ကျွန်မတို့ နိုင်ငံကို ရွှေ့ဖို့ ဟာ ဆက်ပြီးတော့လုပ်သွားရမဲ့ လုပ်ငန်းပေါ့နော် အခု အခုချက်ခြင်းလက်ငင်းလုပ်ရမှာကတော့ ကျွန်မတို့မော်လမြိုင်ဘက်ရွှေ့ရပါမယ်လို့ ပြောချင်ပါတယ် ဘီးလင်းမြို့သူမြို့ သားအားလုံး ကျန်းမာချမ်းသာကြပါစေ
ဘီးလင်းမြို့မှ တာဝန်ရှိသူများလမ်းရှင်းပေးနေစဉ်
YPI
မတ်လ (၁၀)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် နောက်ဆုံးရဓါတ်ပုံများ
Posted: 10 Mar 2012 11:21 AM PST
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတ်လ(၁၀)ရက်နေ့ မွန်ပြည်နယ်ခရီးစဉ် လမ်းတလျှောက်ဓါတ်ပုံများကို တစု တဝေးတည်းကြည့်ရှုရန်။
မော်လမြိုင်မြို့ အ၀င်ကြိုဆိုသူများအားတွေ့ ရစဉ်
ပေါင်မြို့ မှကြိုဆိုသူများအားတွေ့ ရစဉ်
သထုံမြို့ မှကြိုဆိုသူများအားတွေ့ ရစဉ်
ဒေါ်အောင်ဆန်းစုကြည် နေ့ လည်စာစားခဲ့တဲ့ ကျိုက်ထိုမြို့ ကစားသောက်ဆိုင်
ကျိုက်ထိုမြို့ မှ ကြိုဆိုသူများအားတွေ့ စဉ်
သတင်း-ဓါတ်ပုံ D-Wave
ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု
Posted: 10 Mar 2012 09:59 AM PST
By: မောင်ဆောက်-ကျောက်ကာ
(စုဆောင်းတင်ဆက်သည်)
ငတက်ပြားအစ
ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိ ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာဇာတိလိုလို လိမ် ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။
ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ ရရှိခဲ့ပါတယ်။န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်း ဧည့်ရိပ်သာမှာ  ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး  ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။
သူ့ရဲ့ အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှု ခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနှင့် ကုသမှု ပါရဂူဆရာဝန်များအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့်ခွင့် ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေးရေ၀န်ကြီးမှ စက်မှု (၁) ၀န်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ် ကုမ္ပဏီနှင့် အဂတိ လိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေး ခြေရာခံ လိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့ ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့ ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ် ယူလိုက်တယ်လို့ သိရပါတယ်။
စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ်တက်လာတော့ စက်မှု (၁) ကို ဖြုတ်လိုက်တာမို့ ၀န်ကြီး ဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့ ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာအပ်ထားတာ ဖြစ်ကြောင်း သိရှိရပါတယ်။
သူ့သား ဦးနေအောင်က တော့ အောင်ရီဖြိုး ကုမ္ပဏီ စတင် တည်ထောင်ပြီး နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္မဏီအကောင့်တွေနဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။
လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ အရေးယူခံရမှာစိုးလို့ နေရာတစ်ခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့ သိရှိရပါတယ်။ ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်ပြုတ်တဲ့ကိစ္စမှာလည်း သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။ ဦးအောင်သောင်းဟာ ဘယ်လောက်အထိ လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ စက်ရုံက ကောင်းစွာမလည်နိုင်သေးတာမို့ တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေဝယ် ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ကာကာ လိမ်ညာခဲ့ပါတယ်။
ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန် မတူကြောင်း အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ တဆင့် တင်ပြလိုက်ရပါတယ်။
အကတိလိုက်စားမှုဝန်ခံပြီ
မြန်မာစစ်ခေါင်းဆောင်တွေ အကတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပါဝင်ပတ်သက်ကြောင်း ဝန်ခံတဲ့ စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အကတိလိုက်စားမှုမှာ စက်မှု(၁) ဝန်ကြီးကတော်နဲ့ သားသမီးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်။
ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေကို စက်မှု(၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေမှာ အလာမခံဘို့နဲ့ လာရင်လဲ လက်မခံပါနဲ့ ဆိုတဲ့ ညွှန်ကြားချက်ကို ဝန်ကြီးဦးအောင်သောင်းကိုယ်တိုင် လက်မှတ်ထိုးပီး စက်မှု(၁) ဝန်ကြီးဌာနတွင်း မကြာခင်က ဖြန့်ဝေခဲ့တယ်။
ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေ စက်မှု(၁) လက်အောက်ခံ စက်ရုံတချို့ရဲ့ အကတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ စသုံးလုံးက စစ်ဆေးအပြီးမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဝန်ကြီးဦးအောင်သောင်းကို သတိပေးခဲ့တာပါ မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်
မြန်မာစစ်အစိုးရအဆက်ဆက် ၄၇ နှစ် သက်တမ်းတလျှောက် ဝန်ကြီးကတော်နဲ့ မိသားစု အကတိလိုက်စားမှုကြောင့် ဝန်ကြီးကိုယ်တိုင် တရားဝင် တားမြစ်မိန့်ထုတ်ပြန်ခဲ့တာ ဒါပထမဆုံးအကြိမ်ဖြစ်လို့ ကျန်တဲ့ နေပြည်တော် ဝန်ကြီးဌာနတွေပါ အံ့အားတသင့် ဖြစ်ကုန်ပါတယ်၊
မိသားစုလိုက်ခိုးကြပြီ
မကြာခင်လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စက်မှု(၁) လက်အောက်ခံ ဇေယျဝတီသကြားစက် ကြံခင်းပိုင်ဆိုင်မှုကိစ္စ အမှုမှာ ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးလွှတ်ထားသူနဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ အတွင်းလူုနှစ်ဦးပြဿနာဖြစ်ခဲ့တယ်လို့ သိရပါတယ် စစ်တပ်ပိုင် မြန်မာ့ဦးပိုင်လီမိတက်ကိုလွဲမဲ့ ဇေယျဝတီသကြားစက်က စက်အရံပစ္စည်းတွေပျောက်ဆုံးနေလို့ မြန်မာ့ဦးပိုင်လီမိတက်က သကြားစက်ကိုလက်မခံလို့ စသုံးလုံးက ဝင်စစ်ရတဲ့ အဖြစ်ရောက်ခဲ့တယ်လို့ စက်ရုံအရာရှိတဦးက ပြောပါတယ်
ဝန်ကြီး ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီမှာ သားဖြစ်သူ ကိုနေအောင်က မန်နေဂျင်းဒါရိုက်တာ ဖြစ်ပီး ဦးအောင်သောင်းရဲ့သားလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်က ဒါရိုက်တာဖြစ်တယ်လို့ အီးယူက ထုတ်ပြန်ထားတဲ့ မြန်မာစစ်ခေါင်းဆောင်မိသားစုများ နာမယ်ပျက်စာရင်းမှာ ပါရှိပါတယ်
မြန်မာ့ရေနံနဲ့ သဘောဝဓါတ်ငွေ့လုပ်ငန်းအတွက် တင်ဒါအများစုကို ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီကိုသာ တဘက်သတ် အနိုင်ပေးခဲ့တာများတယ်လို့ အမည်မဖော်လိုတဲ့ ရေနံအရာရှိတဦးကလဲ ပြောပါတယ် တကယ်တော့ ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီက သွင်းတဲ့ စက်ပစ္စည်းတွေဟာ တရုတ်လုပ် ခပ်ညံ့ညံ့ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ တင်သွင်းခဲ့တာလို့ စုံစမ်းသိရပါတယ်။
အိုင်ဂျီင်္အီး ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီပေါင်းပီးသွင်းတဲ့ အရည်အသွေးမမှီတဲ့ စက်ပစ္စည်းတွေကို ဘာကြောင့် မြန်မာ့ရေနံနဲ့ သဘောဝဓါတ်ငွေ့လုပ်ငန်းက ဝယ်သုံးရသလဲလို့ တင်ဒါပြိုင်ဘက် ကုမ္ပဏီတချိုံက မေးခွန်းထုတ်ခဲ့ပါတယ်၊
သာပေါင်းစက္ကူစက်တည်စကလဲ အကတိလိုက်စားမှုတွေ ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က အသေးစိတ် စစ်ဆေးခဲ့ပေမဲ့ အရေးမယူနိုင်ခဲ့ဘူးလို့ ခေတ်ပြိုင်ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနဲ့ တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရတယ်လို့ ရန်ကုန် အနောက်တိုင်းသံတမန်တချိုံက သံသယရှိကြောင်း ပြောခဲ့ပါတယ်
ပိုင်ဆိုင်မှုတွေဒေါ်လာသန်းထောင်ချီ
ကနေ့ဆိုရင် ဝန်ကြီး ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ဒေါ်လာသန်းပေါင်းများစွာရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံတလွှား သားသမီးနာမယ်နဲ့ထားတဲ့ စက်ရုံတွေ ခြံမြေတွေ အပမ်းဖြေ ဥယျာဉ်တွေ ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်
 ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဘိုးက ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံတလွှား မိသားစုနာမယ်မျိုးစုံနဲ့ထားတဲ့ စက်ရုံတွေ ခြံမြေတွေ အပမ်းဖြေ ဥယျာဉ်တွေ ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်၊
ဝန်ကြီး ဦးအောင်သောင်းဟာ တချိန်က မကွေးတိုင်း ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ကနေ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌ၊ ဒိနောက် ကုန်သွယ်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့ မကြာခင် ဦးအောင်သောင်း ဒုဝန်ကြီး ဝန်ကြီး အဆင့်ဆင့် ဖြစ်လာခဲ့တာပါ ဒါပေမဲ့ ဦးအောင်သောင်းဟာ ညွန်ကြားရေးမှူးချုပ်ဘဝမှာကထဲက လာဒ်စားမှုအရာမှာ ထင်ရှားခဲ့သူ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ထောက်ပြပါတယ်။
အကတိလိုက်စားမှုမှာ နာမယ်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဝန်ကြီး ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ယာပိုင်ဆိုင်မှု ခြံမြေပိုင်ဆိုင်မှု စက်ရုံပိုင်ဆိုင်မှု စသဖြင့် ခွဲကြည့်မှ ပိုပီး သရုပ်ပေါ်လွင်မှာ ဖြစ်ပါတယ်၊
အိမ်ယာပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် ရန်ကုန် သမိုင်းချည်စက်နားမှာ နန်းတော်လို ဆောက်ထားတဲ့ အိမ်ကြီးဟာ ဦင်္းအောင်သောင်းပိုင်တဲ့အိမ်ဖြစ်ပါတယ် ဒီအိမ်ကြီးကို စက်မှု(၁) ဝန်ကြီးဌာနနဲ့ စီးပွားဖက်စပ်လုပ်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကူအညီနဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အသေးစိတ်ကို ဒီမိုဝေယံဘလော့ဆိုက်က ခုလို ဖော်ပြထားပါတယ်။
လှိုင်ရတနာမွန်အိမ်ယာ
ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။
လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။
ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။
ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။
အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။
ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။
ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ ပြန်လာပါတယ်။
သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့ ဖြည့်စွက်လိုက်ပါတယ်။)
ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။
လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။
ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...
ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။
သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။
နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။
ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။
ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။
ပြည်ပရေဒီယိုမှကောက်နှုတ်ချက်များ
နေပြည်တော် ဥတ္တရသီရိရပ်ကွက်မှာ မကြာခင်က အိမ်တက်မင်္ဂလာလုပ်ခဲ့တဲ့ ဧရာမ အိမ်ကြီးဟာလဲ ဦးအောင်သောင်းရဲ့ ကိုယ်ပိုင်အိမ်ဖြစ်ပါတယ်၊ မေမြို့ ကန်တော်ကြီး ဥယျဉ်နားက ဝန်ကြီးရပ်ကွက်မှာ အိမ်ကြီးတလုံး ဦးအောင်သောင်းပိုင်ထားပီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အိမ်နဲ့ ကပ်ရက်ရှိတယ်လို့ မျကိမြင်သက်သေတွေက ပြောပါတယ်၊
ပုပ္ပားတောင်ကလပ် International ဟော်တယ် အောက်ချိုင့်ထဲမှာလဲ ဝန်ကြီးဦးအောင်သောင်း အနားယူဘို့အတွက် အိမ်တလုံး ဆောက်ထားပါတယ်၊ ကားဂိုဒေါင်တွေ ဒရိုင်ဘာ နားနေခန်းတွေပါ အစုံဆောက်ထားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ။်
ခြံမြေပိုင်ဆိုင်မှု အပိုင်းနဲ့ကြည့်ရင် ရန်ကုန် ပုလဲမြို့သစ် ရွှေနံသာ ငွေနံသာ ရပ်ကွက်မှာ ဝန်ကြီးတွေအတွက် အိမ်ယာမြေကွက်တွေ ပေးထားပါတယ်၊ တဦးကို ပေ ၂၅ဝ ပတ်လည်ရှိတဲ့ ၁ ဒသမ ၆ ဧကရှိတဲ့ မြေကွက်တွေ ပေးထားတာပါ၊ ထုံးစံအတိုင်းပါဘဲ ဝန်ကြီးဦးအောင်သောင်းရဲ့ ခြံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခြံနဲ့ကပ်ရက်ဖြစ်တယ်လို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။
ဝန်ကြီး ဦးအောင်သောင်းပိုင်တဲ့ ဒီခြံထဲမှာ ဆေးသစ်ခွပင်တွေစိုက်ထားတယ်လို့ သိရပါတယ် ဒီဆေးသစ်ခွ အရိုးတန်ကိုင်းကို အခြောက်လုပ်ပီး နိုင်ငံခြားပို့ရင် တတန်ကို ဒေါ်လာ လေးထောင်ကျော်ထိ ဈေးရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်၊ ဆေးသစ်ခွစိုက်ရင် သစ်တောအခွန်လဲ လွတ်တာမို့ ဆေးသစ်ခွတွေကို ဦးစားပေးပီး ဦးအောင်သောင်း စိုက်ထားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စက်ရုံပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် မှော်ဘီမြို စိန်ရတနာသစ်ကုမ္ပဏီဘေးမှာရှိတဲ့ Star Flower တစ်ရှူးစက်ရုံဟာ ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုပိုင်စက်ရုံဖြစ်ပါတယ် သာပေါင်းပျော့ဖတ်စက်ရုံ တည်ဆောက်ခွင့်ရတဲ့ တရုတ်ကုမ္ပဏီကနေ ဝန်ကြီးဥင်္ီးအောင်သောင်းကို လက်ဆောင်ပေးခဲ့တဲ့ စက်ပစ္စည်းတွေနဲ့ ဆောက်ထားတာဖြစ်တယ်။
အလားတူ စက်ရုံတခုကို ဝန်ကြီးဥင်္ီးအောင်သောင်းရဲ့ မိသားစုနာမယ်နဲ့ စစ်တောင်းစက်ရုံနားမှာရှိပါတယ် ဒီစက်ရုံကို စက်မှု(၁)ဝန်ထမ်းတွေက ဆောက်ပေးခဲ့ရတာဖြစ်ပါတယ် တရုတ်ကပေးတဲ့ စက်နဲ့ဘဲ ရန်ကုန်မှာလဲ အလားတူ တစ်ရှူးစက်ရုံတရုံ ပိုင်တယ်လို့ သိရပါတယ် ဒီစက်ရုံကိုလဲ ပြင်ထိမ်းခေါ်တဲ့ စက်မှု(၁)အဖွဲ့က ဆောက်ပေးခဲ့ရတာပါ၊ စစ်တောင်းမှာ ဗလာစာအုပ်စက်ရုံတခုကိုလဲ ဦးအောင်သောင်းပိုင်တယ်လို့ လက်ထောက်အရာရှိတွေက ပြောပါတယ် ပုလဲမြို့မှာလဲ သစ်ခွဥပေါင်းတဲ့စက်ရုံတခုကို ဝန်ကြီးဥင်္ီးအောင်သောင်းပိုင်ပါတယ်။
ဝန်ကြီးဥင်္ီးအောင်သောင်းဟာ ပဒေါင်းမှာလဲ ဧကတရာခန့်ရှိတဲ့ ဇီးတော်သီးခြံကိုပိုင်သလို ပလိပ်မှာလဲ စိန်တလုံးသရက်ခြံပိုင်ပါတယ် လှည်းကူး ရဲမွန်တပ်မြို့အနီးမှာ ဝန်ကြီးဥင်္ီးအောင်သောင်း စိတ်အပမ်းဖြေဘို့ ကျေးငှက်တွေ အစာကျွေံးဘို့ဆိုပီး ဧကပေါင်းများစွာရှိတဲ့ ကိုယ်ပိုင်အပမ်းဖြေ ဥယျဉ်ကြီးတခု ပိုင်ပါသေးတယ် ဒီခြံတွေအများစုကို ဝန်ကြီးဥင်္ီးအောင်သောင်း လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ စက်ရုံမှူးတွေက ဦးအောင်သောင်းကို လာဒ်ထိုးခဲ့တာများတယ်လို့ စက်မှု(၁) ဝန်ကြီးဌာနမှာ လူသိများပါတယ်
ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးရှင် စစ်အရာရှီဟောင်း ဗိုလ်ထက်မင်းရဲ့ ရေးသားချက်အရဆိုရင် ဝန်ကြီးဥင်္ီးအောင်သောင်းဟာ သာပေါင်းပျော့ဖတ်စက်ရုံတည်တဲ့အချိန်မှာ တရုတ်ကုမ္ပဏီထံက လာဒ်လာဘ အများဆုံးတောင်းခဲ့တာဖြစ်ပီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေအတွက် ရဟတ်ယာဉ်တစင်း၊ ဝန်ကြီးဥင်္ီးအောင်သောင်းအတွက် ရဟတ်ယာဉ်တစင်းပါ တောင်းခဲ့တယ်လို့ ဗိုလ်ထက်မင်းက ဖော်ထုတ်ခဲ့ပါတယ်။
ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစု ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရပေးထားတဲ့ ဝန်ကြီးလစာငွေနဲ့ မကာမိအောင် အဆမတန်များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်၊ မသိရသေးတဲ့ ပိုင်ဆိုင်မှုတွေလဲ အများအပြားရှိနိုင်ပါတယ် အနောက်နိုင်ငံက နိုင်ငံခြားသားတချိုံကဆိုရင် ဝန်ကြီး ဦးအောင်သောင်းရဲ့ပိုင်ဆိုင်မှုဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးတေဇရဲ့ပိုင်ဆိုင်မှုထက်တောင် များနိုင်တယ်လို့ သုံးသပ်လာတာ ရှိပါတယ်။
အကတိလိုက်စားမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူလည်း ဖြစ်ပါတယ် တချိန်က ပုဂံလူထု ချီတက်ပွဲကြီးတွေလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရှုတ်ချပွဲပုံစံ ဖန်တီးဘို့ မန္တလေး နန်းတွင်း ရတနာပုံဧည့်ဆောင်ကနေ ကြိုးကိုင်ခဲ့တာလဲ ဦးအောင်သောင်းဘဲဖြစ်ပါတယ်၊
၂ဝဝ၇ သံဃာ့အရေအခင်းမှာ သံဃာတွေကို ရိုက်နှက်သတ်ဖြတ်ဘို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အကြံပေးခဲ့သူဟာလဲ ဝန်ကြီး ဦးအောင်သောင်းဘဲ ဖြစ်တယ်လို့ စစ်တပ်ထိပ်ပိုင်းအရာရှိတချိုံက ပြောဆိုပါတယ်။
ရွေးကောက်ပွဲလွန်အောင်သောင်း
ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်ကနေ ၀န်ကြီးအမည်စာရင်း ၃၀ ကို ကြေငြာလိုက်ပေမဲ့ မူလ စစ်အစိုးရ၀န်ကြီးအဖွဲ့ထဲက ၀န်ကြီးဟောင်း ၁၃ ဦး ပြန်ပါမလာတာ တွေ့ရပါတယ်- စာရင်းချုပ်တဲ့အခါ ၀န်ကြီးလစာနဲ့မကာမိအောင် စစ်အစိုးရလက်ထက် ၀န်ကြီးဟောင်းတချို့ ချမ်းသာသူတွေ ချမ်းသာသွားပေမဲ့ ၀န်ကြီးဌာနတချို့လဲ အရှုံးများစွာနဲ့ကျန်ခဲ့ပါတယ်။
ဝန်ကြီးသစ်အဖွဲ့မှာ ပြန်ပါမလာတဲ့ ၀န်ကြီးဟောင်း ၁၃ ဦးထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် ပညရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး လယ်ဆည်ဝန်ကြီး ဦးဌေးဦး ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော် မွေးမျြရေးနဲ့ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်း သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့် သစ်တောဝန်ကြီး ဦးသိန်းအောင် အမျိုးသားစီမံကိန်းဝန်ကြီး ဦးစိုးသာ စွမ်းအင်ဝန်ကြီး ဦးလွန်းသီနဲ သိပ္ပံနည်းပညာဝန်ကြီး ဦးသောင်းနဲ့ စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်း တို့ ဖြစ်ပါတယ်
ဝန်ကြီးသစ်တွေ တိုင်းပြည်စီးပွားရေးကို ဘယ်လိုစီမံခန့်ခွဲမလဲ မသိရသေးပေမဲ့ စစ်အစိုးရ၀န်ကြီးဟောင်းတွေထဲမှာ စစ်အစိုးရလက်ထက်တလျှောက်လုံး သက်ဆိုင်ရာဝန်ကြီးဌာနက ခွက်ခွက်လန် အရှုံးပေါ်နေပေမဲ့ ဒီဝန်ကြီးဌာနကိုင်ခဲ့တဲ့ ၀န်ကြီးတချိုံကတော့ ရတဲ့ဝန်ကြီးလစာနဲ့မမျှအောင် ချမ်းသာခဲ့ပါတယ်။ ပိုပီးထူးခြားတာက ဒီလိုနည်းနဲ့ မတရားချမ်းသာလာတဲ့ ၀န်ကြိးမျိုးတွေကို ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးခွင့်မရှိဘဲ အေးအေးဆေးဆေး အနားယူခွင့်ပေးတဲ့အချက် ဖြစ်ပါတယ်
ဒီလို ၀န်ကြီးအမျိုးအစားတွေထဲမှာ စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းလဲ ပါဝင်တာတွေ့ရပါတယ်
ဝန်ကြီး ဦးအောင်သောင်းကိုင်ခဲ့တဲ့ စက်မှုတစ်ဝန်ကြီးဌာနကို အရပ်သားအစိုးရသစ် မလွဲပြောင်းခင် ရင်ဆိုင်နေရတဲ့ပြဿနာက စက်မှုတစ်ဝန်ကြီးဌာနအောက် လုပ်ငန်းကြီး ၆ ခုမှာ အရှုံးပေါ် အလျော့တွက်ပြနေတဲ့ တန်ဘိုးက ကျပ်ငွေ ၃ ဘီလီယံနီးပါးကနေ ဘီလီယံ ၄၀ကျော်ထိ ရှိနေပါတယ်
ဥပမာ-ဦးအောင်သောင်း လက်အောက်က ကြွေထည်မြေထည်လုပ်ငန်းဆိုရငှ် ကျပ်ငွေ ၂.၆ ဘီလီယံထိ အလျော့တွက်ပြနေသလို အထည်အလိပ်လုပ်ငန်းဆိုရင်လဲ  ကျပ်ငွေ ဘီလီယံ ၄၀ ထိ အလျော့တွက်ပြနေတယ်လို့  စုံစမ်းသိရပါတယ်။
ဟုတ်ပါတယ်-၀င်းသူဇာဂိုဒေါင်တွေမှာလဲ ကုန်ချောလက်ကျန်တွေ ပျက်စီးကုန်တဲ့အတွက် ဆုံးရှုံးတဲ့တန်ဘိုးက ဂိုဒေါင်တလုံးကို ကျပ်ငွေ သိန်း ၄၀၀ ထိ အလျော့တွက်ပြနေတာမို့ ဂိုဒေါင် ၃၀၀ နီးပါးအတွက် ကျပ်ငွေ ကုဋေ ၁၂၀၀ ကျော် အလျော့တွက်ပြနေတယ်။
နေပြည်တော်ပိုင်ဆိုင်မှုတွေ
စက်မှုတစ်ဝန်ကြီးဌာနမှာ အလျော့တွက်တွေ ခုလို ဘီလီယံနဲ့ချီပီး အရှုံးပြနေတာကို ၀န်ကြီး ဦးအောင်သောင်း တာဝန်ယူစရာ မလိုဘဲ အလွယ်တကူ ကျောခိုင်းတော့မဲ့အခြေအနေမှာ ဦးအောင်သောင်းရဲ့ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုက အံ့မခန်းဖြစ်ပါတယ်
နေပြည်တော်က ဥတ္တရသီရိ ရပ်ကွက်က ၀န်ကြီး ဦးအောင်သောင်းပိုင် ကိုယ်ပိုင်အိမ်ကြီ်းရဲ့ ခန်းနား ကြွယ်ဝမှုကို နေပြည်တော် အရာထမ်းတွေက သံသယရှိပါတယ် စက်မှုတစ်ဝန်ကြီးဌာန ပြင်ထိန်းခေါ် အထွေထွေပြုပြင်ထိမ်းသိမ်းရေးဌာနအသုံးချပီး ကိုယ်ပိုင်အိမ်ဆောက်ရာမှာ အသုံးချထားတယ်။.
ဒီအိမ်ကြီးကို ဦးအောင်သောင်းဟာ မနှစ်က အောက်တိုဘာ ၁၇ ရကိက ပြောင်းခဲ့တာဖြစ်ပီး အိမ်ကြီးတခုလုံးကို နေရောင်ခြည်သုံး လျှပ်စစ်ထုတ်ပြားတွေနဲ့ လျှပ်စစ်ဓါတ်ပေးထားပါတယ်။
ဒါတင်မက နေပြည်တော် မင်းကုန်းအုတ်စက်နားက ၃၈ ဧကရှီတဲ့ ဦးအောင်သောင်းပိုင် ခြံကြီးကိုလဲ စက်မှုတစ်ဝန်ကြီးဌာနလက်အောက် ပြင်ထိန်းခေါ် အထွေထွေပြုပြင်ထိမ်းသိမ်းရေးဌာနအသုံးချပီး ကိုယ်ပိုင်စီးပွားရေးလုပ်နေပါတယ်။
ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစု ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရပေးထားတဲ့ ဝန်ကြီးလစာငွေ တလကျပ်ငွေ ၄သိန်းနဲ့ မကာမိအောင် အဆမတန်များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်၊ ခုတော့ ဒီငွေတွေ ဘယ်ကရသလဲဆိုတာ ဘယ်သူမှ မမေးနိုင်ခင် ဦးအောင်သောင်း အနားယူတော့မှာဖြစ်ပါတယ်။
ပီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ၀န်ကြီးအောင်သောင်း ၀န်ကြီးရာထူးက အနားယူတော့မှာမို့ စက်မှုတစ်ဝန်ကြီးဌာန ၀န်ထမ်းတွေကို ဒံပေါက်ကျွေးပီး တရားဝင် နှုတ်ဆက်ပွဲလုပ်ပါတယ်။ ဒါပေမဲ့ ကားတွေ ရပ်တဲ့ အုပ်တမံတလင်း ကွင်းပြင်မှာ ညနေ ၄ ရီ နေကျစ်ကျစ်တောက် ပူနေချိန် ၀န်ထမ်းတွေကို ပဆစ်တုတ် ဒူးတုတ်ပုံစံနဲ့ ၀န်ကြီး ဦးအောင်သောင်းကို ကန်တော့ခိုင်းခဲ့လို့ ၀န်ထမ်းတွေ မကျေမနပ်ဖြစ်တဲ့အကြောင်းလဲ စုံစမ်းသိရပါတယ်
ဝန်ကြီး ဦးအောင်သောင်းဟာ ငါ့ဆွေမျိုးအားလုံး ကောင်းစားအောင်လုပ်ပေးပြီးမှ ဝန်ကြီးရာထူးက ထွက်မယ်လို့ တချိန်က ၀န်ကြီးဌာန အီးစီအစည်းအဝေးမှာ တရားဝင် ပြောဆိုခဲ့သူ ဖြစ်ပါတယ်
နိုင်ငံပိုင်တွေ ခွဲယူကြပြီ
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို စစ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေက ခွဲယူအပီးမှာ နေပြည်တော်မှာလဲ ၀န်ကြီးတွေ ဗိုလ်ချုပ်တွေ မြေကွက်တွေ အမြန် ခွဲဝေယူနေပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရရေး တဘက်ကကြိုးပမ်းနေချိန်မှာ နေပြည်တော်မှာလဲ စစ်အစိုးရခေါင်းဆောင်ပိုင်းက ရသမျှကို သိမ်းကြုံးပီး အိတ်ထဲထည့်နေတယ်လို့ နေပြည်တော်မှာ ပြောစမှတ်ဖြစ်နေပါတယ်။
နေပြည်တော်ကွင်းကြီးဘက်မှာ ၀န်ကြီးတဦးကို ဧက ၁၀၀ စီ ခွဲတမ်းချပေးနေပီး ဥတ္တရသီရီမြိုနယ်ဘက်မှာလဲ ပေ ၁၀၀ ပတ်လည်မြေတကွက်ကို သိန်း၃၀နဲ့ ၀န်ကြီးတွေ ဗိုလ်ချုပ်တွေကို ရောင်းပေးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲ နေပြည်တော်မှာကျင်းပမှာကိုမျှော်ကိုးပီး ဟော်တယ်ဆောက်ချင်သူတွေက သိန်း၃၀တန် ၀န်ကြီးတွေပေးတဲ့ မြေကွက်တွေကို သိန်း၃၀၀ ချက်ချင်းပေးဝယ်နေတယ်လို့ပါ လုပ်ငနိးရှင်တဦးက ပြောပါတယ်
နေပြည်တော် သပြေကုန်းဈေး ကျောက်မျက်ပြတိုက်နားမှာလဲ ဧရာမ ဆေးပလာဇာ ကွန်ဒိုကြီးဆောက်နေပါတယ် တပြည်လုံးအတွက် အင်္ဂလိပ်ဆေးဝါးတွေကို ဒီဆေးပလာဇာကြီးက ဒိုင်ကိုင် ဖြန့်ဝေတော့မှာဖြစ်ပါတယ်  ဆေးပလာဇာ ကွန်ဒိုမှာပါတဲ့ အခန်း ၅၆ ခန်းကိုလဲ ဆေးလုပ်ငန်းကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေကိုမပေးဘဲ ၀န်ကြီး ၃၀ကျော်နဲ့ တိုင်းမှူးတပ်မမှူး၂၀ကျော်ကို ချပေးလိုက်တယ်။
ဘိလပ်မြေအောင်သောင်း
ရွေးကောက်ပွဲမတိုင်ခင် ခေတ်စားနေတဲ့ နောက် စီးပွားရေးလုပ်ငန်းတခုက တောထဲက ထုံးကျောက်တောင်တွေကို ဘိလပ်မြေထုတ်နိုင်တဲ့အဆင့် စမ်းသပ်ပီးပါပီဆိုပီး စက်မှု(၁) ၀နကြီး ဦးအောင်သောင်းဆီက ခွင့်ပြူချက်ပါမစ်ရအောင် လုပ်တဲ့နည်းဘဲ ဖြစ်ပါတယ်။
ဘိလပ်မြေထုတ်ချင်တဲ့ ပုဂ္ဂလိက ကုမ္မဏီတခုဟာ မြန်မာပြည် တောတောင်တခုခုထဲက ထုံးကျောက်တောင်ကို ဘိလပ်မြေထုတ်လို့ရအောင် စမ်းပီးပါပီဆိုပီး အရင်ဆုံး ၀န်ကြီး ဥိးအောင်သောင်းဆီ လျှောက်လွှာတင်ရပါတယ်-၀န်ကြီးဦးအောင်သောင်းကို ဘာမှမပေးတဲ့ လျှောက်လွှာရှင်တွေကို မြို့နဲ့နီးသလားဝေးသလား သဘာ၀၀န်းကျင်းကို ထိခိုက်နိုင်သလားစတဲ့ အချက်တွေနဲ့ ဦးအောင်သောင်းက မှတ်ချက်ရေး ထစ်လိုက်တာနဲ့ ရန်ကုန်မြို့က အိမ်မှာ ၀န်ကြီး ဦးအောင်သောင်းလာတဲ့အချိန်သွားပီး ကန်တော့ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်
ဘိလပ်မြေထုတ်မဲ့ ထုံးကျောက်တောင်တခုကို လုပ်ပိုင်ခွင့်၇ဘို့အတွက် ၀န်ကြီး ဦးအောင်သောင်းကို အနည်းဆုံး ကျပ်ငွေ သိန်း ၅၀၀ ထိပေးရတယ်လို့ စုံစမ်းသိရပါတယ် ထုံးကျောက်တောင်လျှောက်ထားတဲ့ ကုမ္မဏီပေါင်း ၄၀ကျော်ရှိတဲ့အတွက် ဒီလုပ်ငန်းတခုထဲကတင် ကျပ်ငွေ သိန်းပေါင်း ၂သောင်းနီးပါး ၀န်ကြီး ဦးအောင်သောင်းရလိုက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်
မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှာ ဖွင့်တဲ့ ဘဏ်လုပ်ငန်းအသစ်တွေထဲမှာ ၀န်ကြီးဦးအောင်သောင်းရဲ့သားပိုင်တဲ့ United Amara ဘဏ်လုပ်ငန်းလဲပါဝင်ပါတယ် ၀န်ကြီးပိုင်တဲ့ဘဏ်ဖြစ်တဲ့အတွက် စက်မှုတစ်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေအားလုံးကို မစုမနေရ ငွေစုဘို့ ဦးအောင်သောင်းက ဖိအားပေးလ တချို့အရာရှိတွေဆိုရင် သိန်းရာနဲ့ချီပီး ငွေထဲ့ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်
ဦးအောင်သောင်းပိုင် အမရာဘဏ်
အထုူးသဖြင့် ဦးအောင်သောာင်းလက်အောက်က ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေထဲက တချို့ဆိုရင် သူတို့တသက် အိမ်မက်ထဲတောင် စိတ်မကူးနိုင်တဲ့ ငွေကြေးချမ်းသာမှုမျိုးတွေရစေမဲ့ လုပ်ပိုင်ခွင့်မျိုးတွေကို ဦးအောင်သောင်းက ဖန်တီးပေးထားတာ ဖြစ်တယ်-ဒါကြောင့်လဲ ခုလို သားဖြစ်သူရဲ့ဘဏ်မှာ ငွေအတင်းစုအောင် ဦးအောင်သောင်းက ဒီပုဂ္ဂိုလ်တွေကို အနိုင်ကျင့်တာ သဘောဝကျပါတယ်လို့ ဦးအောင်သောင်းရဲ့ လက်ထောက်အရာရှိတဦးက ပြောပါတယ်
ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရရဲ့ အဓိက ပြဿနာတွေထဲမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပြဿနာမရှိ စာရင်းပိတ်ပီး ရွေးကောက်ပွဲအပီးတက်လာမဲ့ နောက်အရပ်သားအစိုးရသစ်ကို လွှဲပေးနိုင်ဘို့ဖြစ်ပါတယ် အထူးသဖြင့် နောက်အစိုးရသစ်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကသာမက တခြားပါတီတွေက လူသစ်တွေပါ ပါဝင်လာမှာဖြစ်တဲ့အတွက် နောက်ကြောင်းပြန် တရားစွဲတာတွေ အရေးယူတာတွေ ရှောင်ရှားဘို့ရည်ရွယ်တာလို့ အရာထမ်းတွေက ယူဆပါတယ်
စက်မှုတစ်အရှုံးပြပြီ
အများဆုံးအရှုံးပေါ်ပီူး ကုန်ချောလက်ကျန် ကျပ်ငွေ ဘီလီယံနဲ့ချီ လက်ကျန်ပြနေတဲ့ စက်မှုတစ် ၀န်ကြီးဌာနက လုပ်ငန်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆု်တာ ၀န်ကြီး ဥင်္ီးအောင်သောင်းအတွက် ခေါင်းခဲစရာဖြစ်နေပါတယ် ဒီမှာတင် စက်မှုတစ်ဝန်ကြီးဌာန လုပ်ငန်းတွေ စက်ရုံတွေ အရှုံးပေါ်နေတာဟာ သူထုတ်ထားတဲ့ ညွှန်ကြားချက်တွေကို လကိအောက်အရာရှီတွေက မလိုက်နာလို့ဖြစ်တယ်ဆိုပီး မကြာခင်ကဘဲ ဦးအောင်သောင်းက စွဲချက်တင်ပါတယ်
ဝန်ကြီးထုတ်ပြန်ထားတဲ့ ရာနဲ့ထောင်နဲ့ချီတဲ့ ညွှန်ကြားချက်တွေကို နားလည်မလည် စမ်းသပ်ဘို့ အဖွဲ့တွေခွဲပီး မန်နေဂျာနဲ့ဒုမန်နေဂျာတွေ မေးမယ်-မဖြေနိုင်သူတွေကို ရာထူးချ နေရာပြောင်းမယ်ဆိုပီး အမိန့်ထုတ်ထားလို့ အရာထမ်းတွေ မကျေမနပ် ဖြစ်နေပါတယ် သဘောကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ လူစတေးမဲ့ တရားခံရှာပွဲအတွက် စာမေးပွဲစစ်ပီး ရာထူးချဘို့ လုပ်ကိုင်နေတဲ့သဘောဖြစ်နေပါတယ်
ဒါဖြင့်ရင် စက်မှုတစ်လုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်သလဲလို့ အာအာက်အေကမေးတဲ့အခါ ၀န်ကြီး ဦးအောင်သောင်းရဲ့ ပေါ်လစီအမှားအပြင် အကောင်အထည်ဖော်မရတဲ့ ညွှန်ကြားချက်တွေကြောင့်လို့ လက်အောက်ခံဝန်ထမ်းတွေက ထောက်ပြပါတယ်
ဥပမာ-ချည်မျှင်နဲ့အထည်လုပ်ငန်း အရှုံးပေါ်နေတာကြည့်ရင် မကောင်းတဲ့ဝါတွေ ၀ယ်ခိုင်းတာလဲ ဦးအောင်သောင်းဖြစ်တယ်-အရည်အသွေးညံ့တဲ့ တရုတ်စက်တွေနဲ့လည်ခိုင်းလို့ ခဏနဲ့စက်ပျက်ပီး ကုန်မထွက်တာလဲ ဦးအောင်သောင်းကြောင့်ဖြစ်တယ်
ဒီလို တရုတ်စက်တွေ မကောင်းတာဝယ်မှ ဦးအောင်သောင်းအတွက် ကော်မရှင်မျက်မျက်စားရမှာဖြစ်လို့ စက်မှုတစ်တခုလုံး အရှုံးပေါ်တာအတွက် ၀န်ကြီး ဥင်္ီးအောင်သောင်းဟာ တာဝန်အရှိဆုံးဖြစ်တယ်လို့ စက်ရုံမှုးအများစုက မြင်ကြပါတယ်။
အီးယူဒဏ်ခတ်စာရင်း
အီးယူဒဏ်ခတ်စာရင်းကိုပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီးဦးအောင်သောင်းအပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။
ဦးအောင်သောင်းရဲ့သားဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ်အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒုဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်းမိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊
ဦးအောင်သောင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယုံကြည်အသုံးချတဲ့အကြောင်းရင်းတွေကို ချုပ်ကြည့်ရင်
-စက်မှု(၁)၀န်ကြီးဌာနက ရသမျှ ခိုးဝှက်ပြီး ကြံ့ဖွံအသင်း ပါတီထောင်တဲ့အချိန် ရံပုံငွေရအောင် လုပ်ပေးခဲ့တဲ့အချက် (ဥပမာ-ကျောက်ဆည်ဘက်မှာ ကြံ့ဖွံပါတီပိုင်း ဘိလပ်မြေစက်ရုံတွေ တည်ပေးထား)
-စက်မှု(၁)က ခိုးဝှက်ရသမျှနဲ့ သန်းရွှေမိသားစုအတွက် ဖြည့်တင်းပေးသလို သူ့အတွက်လဲ ချမ်းသာအောင် ခိုးတဲ့အချက်
-ခေတ်ပညာတ် ဘွဲ့ရ စစ်ဗိုလ်လူထွက်ဖြစ်ပေမဲ့ ကောက်ကျစ်တဲ့ဥာဏ်အရာမှာ ထူးချွန်တဲ့အချက် (၂၀၁၀ ရွေးကောက်ပွဲ နိုင်အောင် ကလိမ်ကကျစ်နည်းတွေ သုံးပေးခဲ့၊ ဒီပယင်းအရေးအခင်းကို ကြိုးကိုင်ခဲ့ စသည်)
ဒီအချက်တွေက အဓိကျတာ တွေ့ရပါတယ်။ ဒါကြောင့်လဲ ကနေ့ထိ ကြံ့ဖွံပါတီအတွင်းရေးမှူးအဖွဲမှာ ပါဝင်နေသလို လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြောဆိုတဲ့ (ကလိမ်ကကျစ်လုပ်ရမဲ့) အလုပ်တွေကို ခေါင်းဆောင် ခိုင်းထားတာ ဖြစ်ပါတယ်။
Rederences:
  1. http://photayokeking.org/hot-news/897-aung-thaung-corruption
  2. 2.     ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း (http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html
  3. ပြည်ပအသံလွှင့်ဌာနဆောင်းပါးများ
 by Swe Swe Kyi (Facebook)
ရွှေဟင်္သာမြေကို ပြန်သန်းသွားတဲ့ ခွပ်ဒေါင်းများနဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံများ)
Posted: 10 Mar 2012 09:31 AM PST
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း မော်လမြိုင်မြို့ကို ည ၇း၄၅ မိနစ်မှာ ရောက်ရှိလာပြီး တိုင်းရင်းသားလူမျိုးစုများနှင့် မြို့ခံလူထုများက ဒေါ်အောင်ဆန်းစုကြည်တည်းခိုမည့် ကမ်းနားလမ်းရှိ Strand ဟိုတယ်ရှေ့တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်ခရီးစဉ် ပထမနေ့  (ရုပ်/သံ)
Posted: 10 Mar 2012 09:54 AM PST
ဒီဗွီဘီ
ဘားမားဗီဂျေ
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊မော်လမြိုင်မြို့ကမ်းနားလမ်း
ဓါတ်ပုံ-NLD
ယနေ့ည မော်လမြိုင်မြို့Strand Hotel ရှေ့မြင်ကွင်း
Posted: 10 Mar 2012 07:29 AM PST
ဒေါ်အောင်ဆန်းကြည်အားတွေ့ဆုံခွင့်ရရှိရန် strand hotel ရှေ့တွင်စောင့်စားနေသော မော်လမြိုင်လူထု
YPI
ဒေါ်အောင်ဆန်းစုကြည် နှင့် သထုံ လူထု (ဓါတ်ပုံ)
Posted: 10 Mar 2012 07:30 AM PST
ဒေါ်အောင်ဆန်းစုကြည် နှင့် သထုံ လူထု
သထုံမြို့လယ် ရွှေစာရံ ဘုရားအနီး ကြိုဆိုသည့် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် နှင့် သထုံ လူထု
ဒေါ်အောင်ဆန်းစုကြည် နှင့် သထုံ လူထု
ဒေါ်အောင်ဆန်းစုကြည် နှင့် သထုံ လူထု
ကရင်တိုင်းရင်းသားများမှ ကရင်ဒုံးယိမ်းဖြင့်ကြိုဆိုနေကြပုံ
ပအိုဝ့် တိုင်းရင်းသားများမှ တိုင်းရင်းသားရိုးရာအကများဖြင့် ကြိုဆိုနေကြပုံ
ဒေါ်အောင်ဆန်းစုကြည် နှင့် သထုံ လူထု
YPI
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီးလင်းလူထု (ဓါတ်ပုံ)
Posted: 10 Mar 2012 07:30 AM PST
ဒေါ်အောင်ဆန်းစုကြည် နှင့် ဘီးလင်းလူထု
ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါတယ်။ ကျွန်မကတော့လောလောဆယ် တော့မော်လမြိုင်ကိုရွေ့ရအုန်းမယ်
ဘီးလင်းမြို့မှ တာဝန်ရှိသူများလမ်းရှင်းပေးနေစဉ်
YPI
You are subscribed to email updates from သစ်ထူးလွင် Myanmar News Now
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610
--
12345.gif
12345.gif
Reply all
Reply to author
Forward
0 new messages