တိုငိးရင်းသားတွေအတွက် ဝန်ကြီးဌာနအသစ်က အကျိုးပြုမှာလား

2 views
Skip to first unread message

kyaw thu aung

unread,
Mar 23, 2016, 1:08:09 AM3/23/16
to reading club for civil society
တိုင်းရင်းသားတွေအတွက် ဝန်ကြီးဌာနသစ်က အကျိုးပြုမှာလား

ငြိမ်းငြိမ်းပြည့်

Issue No.
No.1047 Wednesday, March 23, 2016

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ စစ်ဘေးရှောင်စခန်းတစ်ခု (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
ရာစုနှစ် ထက်ဝက်ကျော်အတွင်း ပထမဆုံး အရပ်သား အစိုးရသည် ယခင်စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရအဖွဲ့ပုံစံကို လျှော့ချပြင်ဆင်လိုက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနအသစ်ကို ထည့်သွင်းဖွဲ့စည်းလိုက် သည်။ နှစ်ပေါင်း ၇၀ ကျော်အမြစ် တွယ်နေသော ကမ္ဘာ့သက်ဆိုးအ ရှည်ဆုံး ပြည်တွင်းစစ်ပဋိပက္ခ သည် တိုင်းရင်းသားတန်းတူညီမျှ မှုမရှိခြင်းအပေါ်တွင် အခြေခံ လျက်ရှိရာ ဝန်ကြီးဌာနအသစ်အ နေဖြင့် တိုင်းရင်းသားရေးရာ ခေါင်းစဉ်အောက်တွင် မည်မျှထိ ခရီးရောက်နိုင်မည်နည်းဆိုသည် ကို အားလုံးက စိတ်ဝင်းစားလျက် ရှိသည်။
မွန်ဝါရင့်နိုင်ငံရေးသမား နိုင် သက်လွင်ကို တိုင်းရင်းသားရေး ရာ ၀န်ကြီးအဖြစ် မတ်လ ၂၂ ရက် တွင် အမည်စာရင်းတင်သွင်းခဲ့ သည်။ နိုင်သက်လွင်သည် စည်း လုံးညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဖြစ်သည်။
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ပါတီသည် ဒုတိယပင်လုံညီလာခံကျင်းပရေး၊ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ ပြည်ထောင်စုညီညွတ်မှုကို ကိုယ်စားပြုသည့် ဗဟို အစိုးရဖွဲ့နိုင်ရေးဆိုသည့် ဦးတည်ချက်များကို ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းသိပြည်သိ ပြောကြားပြီး ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပြီးနောက် အစိုးရအဖွဲ့သစ်တွင် ဒီချုပ်ပါတီဝင် တိုင်းရင်းသားများကို အရေးကြီးရာထူးများ ခန့်အပ်နေပြီး တိုင်းရင်းသားရေးရာဝန်ကြီးမှာ ဒီချုပ်၏ မဟာမိတ်တစ်ဦးဖြစ်သည်။
‘‘တိုင်းရင်းသားများအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တစ်ခုလုံးငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အစဉ်တည် တံခိုင်မြဲရေးအတွက် မရှိမဖြစ်လို အပ်နေတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတစ်ခုကိုလည်း ဖွဲ့ စည်းထားပါတယ်’’ဟု အရပ်သား သမ္မတသစ် ဦးထင်ကျော်က ၎င်း ၏ပထမဆုံးလွှတ်တော်မိန့်ခွန်း တွင် ဝန်ကြီးဌာနအသစ်အကြောင်းကို ထည့်သွင်းပြောကြားသည်။
မည့်သည့်အဖွဲ့အစည်းမျိုး
ဖြစ်သင့်သလဲ
ဤ ဝန်ကြီးဌာနအသစ်သည် တိုင်းရင်းသားများကို နှစ်သိမ့်ရုံသာဖြစ်သော၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးတွင် အဟန့်အတားဖြစ်စေနိုင်သော ဝန်ကြီးဌာနတစ်ခုဟု ဝေဖန်မှုလည်း ထွက်ပေါ်ခဲ့သည်။ တိုင်းရင်းသားရေးရာဝန်ကြီးဌာနဆိုခြင်းကြောင့် တိုင်းရင်းသားများကို တန်းတူအခွင့်အရေးများပေး၍ နိုင်ငံအတွင်း၌ တရားဝင်ကိုယ်စားပြုသော အစိုးရနှင့်အတူရှိသည့် တရားဝင်နိုင်ငံသားများအဖြစ် ယူဆမည့်အစား နိုင်ငံအလယ်ပိုင်း၌ ဗမာနိုင်ငံသား အခြေခံတစ်စုရှိကြောင်း၊ နိုင်ငံ ဘေးအစွန်အဖျားပိုင်း၌ ကိုင်တွယ်ဖြေရှင်းရန်လိုသော တိုင်းရင်းသား လူနည်းစုများရှိကြောင်း သွယ် ဝိုက်ဆိုလိုရာရောက်သွားသည်။ လူမှုအသိုင်းအဝိုင်းကို ပို၍ တသီး တခြားခွဲခြားလိုက်သည့်အန္တရာယ် ရှိလာနိုင်သည်ဟု ထောက်ပြမှု များပေါ်ထွက်လာသည်။
မြန်မာငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ၂၀၁၁ ကတည်းက ပါဝင်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယားအခြေစိုက်ငြိမ်း ချမ်းရေးနှင့် ပဋိပက္ခသုတေသန ဌာန(CPCS)တာဝန်ခံညွှန်ကြား ရေးမှူးလည်းဖြစ်သည့် အမ်မာ လက်စလီကလည်း ‘တိုင်းရင်း သားရေးရာဝန်ကြီးဌာန’ ထက် ‘ငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်ရင်ကြားစေ့ရေးနှင့်မတူကွဲ ပြားမှုဆိုင်ရာ ဝန်ကြီးဌာန’ ကို ဖွဲ့ စည်းသင့်ကြောင်း အကြံပြုသုံး သပ်သည်။
ထိုဝန်ကြီးဌာနကသာလျှင် ငြိမ်းချမ်းရေးရအောင် မည်သို့လုပ်ဆောင်မည်၊ မည်သို့မြှင့်တင်မည်၊ မည်သို့ ရေရှည်တည်တံ့အောင် ဆောင်ရွက်မည်၊ နိုင်ငံတွင်း စစ်မှန်သောအမျိုးသား ပြန်လည်ရင် ကြားစေ့ရေးကို မည်သို့ပေါ်ထွန်း လာအောင်လုပ်မည်၊ မတူကွဲပြား မှုကို မည်သို့အသိအမှတ်ပြုလေး စား၍ ဥပဒေဘောင်တွင်းဝင် အောင်၊ တရားဝင်ဖြစ်အောင် လုပ် မည်၊ ဤမတူကွဲပြားမှုကို နိုင်ငံ၏ စီမံအုပ်ချုပ်သည့် အခြေခံအ ဆောက်အအုံအတွင်း မည်သို့ ပေါင်းစပ်ထည့်သွင်းမည် စသည် တို့အပေါ် ဖြေရှင်းရန် လုပ်ဆောင် နိုင်မည်ဟုဆိုသည်။
‘‘ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ မတူ ကွဲပြားမှုဝန်ကြီးဌာနဟာ အဲဒီပြ ဿနာတွေကို ဖြေရှင်းဖို့အတွက် ပိုကျယ်ပြန့်တဲ့မူဘောင်တစ်ခုကို ပေးလိမ့်မယ်။ ဒါပေမဲ့ ပိုအရေး ကြီးတာက မြန်မာနိုင်ငံမှာ ပဋိပက္ခ တွေဖြစ်ပွားရခြင်းရဲ့နှလုံးသည်း ပွတ်ဗဟိုချက်မမှာ ရှိနေတဲ့ အဓိကပြဿနာရပ်တွေကို ဒီဝန်ကြီးဌာနကနေပြီး စနစ်တကျ အင်စတီကျူးရှင်းကျကျ ဖွဲ့စည်းတည်ထောင်ဖြေရှင်းလိမ့်မယ်’’ဟု မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ စောင့်ကြည့်ပါဝင်နေသူ အမ်မာလက်စလီက ပြောသည်။
၁၉၉၂ က ကော်စတာရီကာ နိုင်ငံတွင် သမ္မတအော်စကာအာရီးယက်စ်က ငြိမ်းချမ်းရေးဝန်ကြီး ဌာနကို တည်ထောင်ခဲ့သည်။ သမ္မတအော်စကာသည် ၁၉၈၇ နို ဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သည်။ အိမ်နီးချင်း ဖိလစ်ပိုင်နှင့် နီပေါ နိုင်ငံတို့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် ယင်းဝန်ကြီးဌာနကို ဖွဲ့ စည်းခဲ့သည့် ဥပမာရှိကြောင်း ၎င်း က ထောက်ပြသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာ သမ္မတအကြံပေးရုံး တွင် ပြည်သူ့ဝန်ထမ်း ၄၀၀ သည် နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ ကြောင်း နိုင်ငံသားများအား အသိ ပညာပေးရန်နှင့် ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးအ ကြောင်း ဆွေးနွေးပွဲများကို ပုံမှန် လှုပ်ရှားမှုတစ်ခုအဖြစ် ပေါ်ထွန်း လာစေရန် နေ့စဉ်လုပ်ဆောင်နေ သည်။ နီပေါအစိုးရနှင့် ကွန်မြူနစ် ပါတီ နီပေါမော်ဝါဒီများအကြား အားလုံးပါဝင်သော ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ထိုးပြီးနောက် ၂၀၀၆ တွင် ငြိမ်း ချမ်းရေးနှင့် ပြန်လည် တည်ထောင်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ထိုဝန်ကြီးဌာနသည် စည်းလုံးမှုနှင့် အားလုံးပါဝင်မှုရှိသည့်အပြင် ဘာသာစကား၊ လူမျိုး၊ လူမှု (သို့မဟုတ်)ကိုးကွယ်သည့်ဘာသာ သရုပ်လက္ခဏာကို ကျော်လွန်သည့် အမျိုးသားသရုပ်လက္ခဏာကို တည်ဆောက်စေရန် ရည်မှန်းချက်ဖြင့်  ကြိုးစားအားထုတ်မှုများ လုပ်ခဲ့သည်။
သို့သော် ကချင်ပြည်နယ် တွင် ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးနှင့်ငြိမ်းချမ်းရေး စီမံကိန်းများ ဆောင်ရွက်လျက်ရှိ သော မြန်မာနိုင်ငံတွင် အကြီးဆုံး အရပ်ဘက်အဖွဲ့အစည်း ဖြစ် သည့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေး ရှင်းတည်ထောင်သူ လဖိုင်ဆိုင်း ရော်ကမူ ငြိမ်းချမ်းရေးနှင့်အမျိုး သား ရင်ကြားစေ့ရေးအတွက် ကြားနေ မားမားမတ်မတ် အဖွဲ့အ စည်းမျိုးကသာ သင့်တော်သည် ဟု သုံးသပ်သည်။
‘‘ဝန်ကြီးဌာနဆိုကတည်းက ဒါဟာ အစိုးရဘက်ကကိုး။ အဲဒီ တော့ ကျွန်မတို့က ကြားနေလို့ ပြောကတည်းက အစိုးရမဟုတ် သောပေါ့’’ဟု လဖိုင်ဆိုင်းရော်က ပြောသည်။
ဝန်ကြီးဌာနကို မည်သူဦး ဆောင်မည်၊ မည်ကဲ့သို့သော ဘတ်ဂျက်ကို လျာထားခွင့်ပြု သည်၊ မည်သည်တို့ကို လုပ်ပိုင် ခွင့်ရှိသည်၊ မည်သည့်ဆုံးဖြတ်ပိုင် ခွင့်များရှိသည်ဆိုသည်က အရေး ကြီးကြောင်း ၎င်းက ထောက်ပြ သည်။
‘‘တိုင်းရင်းသားရေးရာလို့ ပြောတဲ့အတွက်ကြောင့်မို့လို့ အဓိကတိုင်းရင်းသားရေးရာကတော့ ကျွန်မအမြင် တိုင်းပြည်ငြိမ်းချမ်း ဖို့၊ စစ်ပွဲတွေရပ်ဖို့ အဓိကဖြစ် တယ်။ နောက် ဖွံ့ဖြိုးရေးမညီမျှမှု ပေါ့။ တိုင်းရင်းသားဒေသတွေမှာ စိုးရိမ်ပူပန်နေတဲ့ သယံဇာတထုတ် သုံးစွဲမှု၊ ခွဲဝေမှု ဒီကိစ္စတွေအားလုံး က ဒီတိုင်းရင်းသားရေးရာဌာနက နေပြီးတော့မှ ကိုင်တွယ်နိုင်ပြီး တော့ တစ်ဖက်ကလည်း ဖက်ဒ ရယ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှု တွေကို အထောက်အပံ့ပြုမယ်ဆို လို့ရှိရင်တော့ ကြိုဆိုရမှာပေါ့’’ဟု ရာမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆိုင်းရော်က ပြောသည်။
အခြေခံဥပဒေကို ပြင်ဆင် ရန် တပ်မတော်က သဘောမတူ သေးသဖြင့် လာမည့်ငါးနှစ်သက်တမ်းအတွင်း ဖက်ဒရယ်စနစ်တည်ထောင်နိုင်ရန် မလွယ်ကူသေး၍ ဤအတောအတွင်း တိုင်းရင်းသားဝန်ကြီးဌာနက  လူနည်းစုတိုင်းရင်းသားများအရေး ဆောင်ရွက်ပေးနိုင်မည်ဟု အပြုသဘောရှုမြင်မှုများလည်းရှိသည်။
စစ်စစ်မှန်မှန်နှင့် တိုင်းရင်း သားအခွင့်အရေးဖော်ထုတ်ပေး မည်ဆိုလျှင် တိုင်းရင်းသားစည်း လုံးညီညွတ်မှုကို ရနိုင်မည်ဟု ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဋ္ဌ နိုင်ဟံသာကပြောသည်။
‘‘တစ်ဖက်ကတော့ တိုင်း ရင်းသားတွေ အားလုံး တောင်းဆို နေတဲ့ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုအဆင့်ကို ဒါ ကမဖော်ဆောင်ဘူးဆိုရင်၊ ဒီ လောက်အဆင့်နဲ့ပင် ဖြေသိမ့်တယ်ဆိုတဲ့ သဘောဆိုရင်တော့ ဒါက မသင့်တော်ဘူးလို့မြင်ပါ တယ်။ ဘယ်လောက်အဆင့်ထိ ဖော်မလဲတော့ မပြောနိုင်သေး ဘူး’’ ဟု နိုင်ဟံသာကပြောသည်။
ငြိမ်းချမ်းရေးမှာ ဘယ်လောက် လုပ်နိုင်မှာလဲ
တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ယခုဝန်ကြီးဌာနအနေဖြင့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စများကို တိုက်ရိုက်ကိုင်တွယ်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။
‘‘ငြိမ်းချမ်းရေးကို ဒေါ်အောင် ဆန်းစုကြည်ဦးဆောင် ပြီးတော့ လုပ်မယ်ဆိုတာလည်း ရှိပါတယ်။ ဒါ Peace Process က သက် သက်။ တိုင်းရင်းသားရေးရာဝန် ကြီးဌာနက မပါရဘူးလို့ မဟုတ် ပါဘူး။ အားလုံးဟာ သူ့ဟာနဲ့သူ ရှိပါတယ်’’ဟု ဒီချုပ်ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင် က ပြောသည်။
 တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်လာမည့် နိုင်သက်လွင်၏သမီးဖြစ်သူ ဒီချုပ်ပါတီမှ လွှတ်တော်အမတ် မိကွန်ချမ်းက ယခု ဝန်ကြီးဌာနသည် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ၏လိုအပ်ချက် အတွက် ဖြေရှင်းလုပ်ဆောင်နိုင် လိမ့်မည်ဟု ဆိုသည်။
‘‘အခုက တိုင်းရင်းသားငြိမ်း ချမ်းရေးက အင်မတန်အရေးကြီး တာကိုး။ ဒါကြောင့်မို့ ဒီဌာနဖွဲ့ဖို့ လိုအပ်တယ်လေ။ ငြိမ်းချမ်းရေး မရဘူးဆိုရင် ကျွန်မတို့ရှေ့ဆက် လုပ်ဖို့ဟာက အနှောင့်အယှက် တွေအများကြီးဖြစ်တယ်။ တိုင်း ရင်းသားတွေရဲ့လိုအပ်ချက်တွေ ကိုလည်း ဝန်ကြီးဌာနတစ်ခုအနေ နဲ့ ပူးပေါင်းပြီးတော့ လုပ်ပေးတာ၊ ဖြေရှင်းပေးတာ ပိုပြီးတော့ အဆင်ပြေတယ်။ တိုင်းရင်းသားကလည်း ကျွန်မတို့တွေအားလုံး အတူတကွ ပူးပေါင်းပြီးတော့မှ တင်ပြရမှာ ပေါ့။ ဝန်ကြီးဌာနတစ်ခုအနေနဲ့ ဖွဲ့ထားပြီးတော့ ဖြေရှင်းတာက ပိုပြီးထိရောက်မှုရှိတယ်လို့ မြင် တယ်’’ဟု မွန်ပြည်နယ် ပေါင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် မိကွန်ချမ်းက ပြောသည်။
စာပေယဉ်ကျေးမှုမှ အစပြု၍ တန်းတူရည်တူအခွင့်အရေးရရန်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည် ထောင်နိုင်ရေးအတွက် ယခု ဝန်ကြီးဌာနအသစ်က အထောက် အကူပြုနိုင်မည်ဟု ၎င်းက ဆို သည်။ တစ်ချိန်တည်းမှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အောက်ရှိ ကာကွယ်ရေး၊ ပြည်ထဲ ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန များကို တိုင်းရင်းသားရေးရာဝန် ကြီးဌာနက ကျော်နိုင်မည်မဟုတ် ဟု ထောက်ပြမှုလည်းရှိသည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရန် ကြား တွင် မားမားမတ်မတ်ရပ်တည် မည့် ကော်မတီမျိုး ရှိသင့်ကြောင်း အကြံပြုမှုများလည်း ရှိသည်။
‘‘ကျွန်မတို့ ငြိမ်းချမ်းရေးက ပြဿနာက နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ပြောဆိုခွင့်၊ လုပ်ကိုင် ခွင့်၊ ဆုံးဖြတ်ခွင့်အားလုံးက တစ် ဖက်မှာချည်းပဲ ရှိနေတဲ့အခါကျ တော့ စေ့စပ်တဲ့နေရာမှာ မမျှတမှု တွေ၊ မလိုလားအပ်တဲ့ မသင်္ကာမှု လေးတွေ ရှိတတ်တာပေါ့။ အဲဒါ ကြောင့်မို့လို့ ကျွန်မအနေနဲ့တော့ ငြိမ်းချမ်းရေးကို တကယ်ပဲဆွေး နွေးဖို့၊ တကယ်ပဲအရယူဖို့လို့ ဆုံး ဖြတ်လို့ရှိရင်တော့ Third Party လို့ခေါ်တဲ့ကြားနေ၊ တကယ့်မှန် ကန်သော ကြားနေအဖွဲ့အစည်း (သို့မဟုတ်) ကော်မတီကမှ ပိုသင့် တင့်တယ်လို့ မြင်ပါတယ်’’ဟု ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆယ်စု နှစ်ချီ လှုပ်ရှားနေခဲ့သော ကချင် တိုင်းရင်းသူ ဆိုင်းရော်က ပြောသည်။
ဝန်ကြီးဌာန ပေါ်ပေါက်လာရခြင်း
ယခုအသစ်စက်စက်ဝန်ကြီး ဌာနသည် ဦးသိန်းစိန်အစိုးရလက် ထက်က ပြဋ္ဌာန်းခဲ့သော တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ဖြစ်ပေါ်လာသည့်ဝန်ကြီး ဌာန ဖြစ်သည်။ ထိုဥပဒေ၊ အခန်း(၂)ပြဋ္ဌာန်းချက်အရ တိုင်းရင်း သားလူမျိုးအားလုံး တန်းတူညီမျှ သော နိုင်ငံသားအခွင့်အရေးများ ရရှိစေရန်၊ တိုင်းရင်းသား လူမျိုး များ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သ မိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုး တက်စေရန်၊ တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လမ်းပန်းဆက် သွယ်ရေးစသည်တို့ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အစရှိသည်တို့ကို ရည်ရွယ်သည်။
ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ကိုင်ခွင့်များအနက် တိုင်းရင်း  သားအချင်းချင်း (သို့မဟုတ်) လူ မျိုးများအကြား ဖြစ်ပွားသည့်အ ငြင်းပွားမှုနှင့် စပ်လျဉ်း၍ ပေါင်း စပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်းပါ ၀င်နေသည်ကိုလည်း တွေ့ရသည်။ထို့အတူ တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်ဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ အဖွဲ့၏ ရသုံးမှန်းခြေငွေစာရင်း တွင် နှစ်စဉ်ထည့်သွင်းရေးဆွဲရ မည်ဟု ထိုဥပဒေပါ ပုဒ်မ ၁၃ ၌ ပြဋ္ဌာန်းထားသည်။
ဝန်ကြီးဌာနသည် ကော်မ တီနှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ခွင့်ရှိသည်။ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ သည် ဥပဒေပါတိုင်းရင်းသားရေး ရာ ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက် ရန် မိမိတို့ အစိုးရအဖွဲ့၏ သက် ဆိုင်ရာတိုင်းရင်းသားလူမျိုးရေး ဆရာဝန်ကြီးအား တာဝန်ပေးအပ် ဆောင်ရွက်စေရမည်။ ထိုဝန်ကြီး မရှိသော တိုင်းဒေသကြီး (သို့မ ဟုတ်) ပြည်နယ်များတွင် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က တာဝန် ပေးအပ်သည့် ၀န်ကြီးအားဆောင် ရွက်စေရမည်ဟု ပြဋ္ဌာန်းထား သည်။
ပြည်နယ်အသီးသီးတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များရှိသည်။ ၀၊ ပလောင်၊ ဓနု၊ နာဂ အစရှိသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိသည့် လူမျိုးများမှလွဲလျှင် ကျန်တိုင်းရင်းသားများအနေဖြင့် လူဦးရေ၏ ၀ ဒသမ ၀၁ ရှိလျှင် တိုင်းရင်းသားဝန်ကြီး ရရှိသည်။ ထို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ၀န်ကြီးအနေဖြင့် ပြည်နယ်များရှိ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် မည်ကဲ့သို့ဆောင်ရွက်မည်နည်း။ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ရေးရာ ၀န်ကြီးအားလုံးအပေါ်တွင် ထပ်ဆင့်အုပ်ချုပ်မည်လား။ ထိုအခါ ဒုသမ္မတနောက်တစ်ဦး ထပ်မံထားရှိသည့်အနေအထားမျိုး ဖြစ်သွားမည်လားဆိုသည့် မေးခွန်းများလည်း ရှိသည်။
န၀တ ခေတ်ကော်မတီ၊ ၀န်ကြီး ဌာနနှင့် ဆင်တူ
၂၀၁၅ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် တိုင်း ရင်းသားရေးရာ ၀န်ကြီးဌာန၏ လုပ်ပိုင်ခွင့်များသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးဆိုသည့် စကားလုံး တိုးလာသည်ကလွဲလျှင် ကျန်ကိစ္စ များ၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက် ထက် ၁၉၈၉ က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်မှုအကောင်အထည်ဖော် ရေး ဗဟိုကော်မတီ၊ ထိုအချိန်က ဗိုလ်မှူးချုပ်ခင်ညွန့်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည် လုပ်ငန်းကော် မတီတို့နှင့် ဆင်တူလျက်ရှိကြောင်း သုတေသနပြုလေ့လာဆန်းစစ် သူများက ထောက်ပြသည်။ ၁၉၉၃တွင် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို  ပြဋ္ဌာန်းခဲ့သည်။ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာ ယာရေးဝန်ကြီးဌာနကိုလည်း ဖွဲ့ စည်းခဲ့သည်။ ထိုအချိန်က ဗိုလ်မှူး ချုပ်ဟောင်းခင်ညွန့်၏ လုပ်ငန်း ကော်မတီနှင့် ကော်မတီခွဲ ၁၁ ခု သည် ကုန်သွယ်ရေး၊ စွမ်းအင်နှင့် သတ္တုရှာဖွေတူးဖော်ရေး စသည် တို့အပါအ၀င် လုပ်ပိုင်ခွင့်နှင့် တာ ၀န် ယခုဥပဒေထက်ပိုများခဲ့သည်။
‘‘အရင်စစ်အစိုးရလက်ထက် နယ်စပ်နဲ့ တိုင်းရင်းသားဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာနလောက် တောင် လုပ်ပိုင်ခွင့်ပေးမထားတာ ကို တွေ့ရပါတယ်’’ဟု အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပေါင်းကူး၏ ဒါရိုက်တာ ဒေါက် တာကျော်သူက ထောက်ပြသည်။
ကုန်သွယ်ရေး၊ စွမ်းအင်နှင့် သတ္တုရှာဖွေတူးဖော်ရေး စသည့် ကော်မတီခွဲများသည် စီးပွားရေး နှင့် သယံဇာတကို ကိုင်တွယ်သော် လည်း ၀န်ကြီးဌာနအနေဖြင့် ငြိမ်း ချမ်းရေးနှင့် နိုင်ငံရေးကို မကိုင် တွယ်ရသည့်အတွက် တိုင်းရင်း သားအခွင့်အရေးကို မဖော်ဆောင် နိုင်ခဲ့သည့် သင်ခန်းစာကို ၎င်းက ထောက်ပြသည်။ တိုင်းရင်းသား ရေးရာ ၀န်ကြီးဌာနကို ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အကောင်အထည်ဖော်ရာ၌ အချိန်ပြည့် ထိထိရောက်ရောက် လုပ် ဆောင်မည့် လုပ်ဆောင်ခွင့်ရှိ သည့် ၀န်ကြီးဌာနတစ်ခုအဖြစ် နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင် ရန် ပြောင်းလဲဖော်ဆောင်နိုင်သည့် ဥပဒေအဖြစ် ပြင်နိုင်ရန်၊ တိုင်း ရင်းသားအရေးနှင့် ဆက်စပ်ကျယ် ပြန့်သော နိုင်ငံသားအရေးကိုပါ ဆောင်ရွက်နိုင်ခွင့်ရှိသည့် ဥပဒေ ဖြစ်ရန် ပြောင်းလဲရေးကို မျှော်လင့် ကြောင်း လေ့လာသူများက အကြံ ပြုသည်။

Reply all
Reply to author
Forward
0 new messages