ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်တွေကို ပြိုင်တူတွန်းဖယ်ကြ

6 views
Skip to first unread message

kyaw thu aung

unread,
Sep 2, 2016, 3:00:09 AM9/2/16
to reading club for civil society
ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်တွေကို ပြိုင်တူတွန်းဖယ်ကြ

ဒေါက်တာရန်မျိုးသိမ်း
 
Fri, 2016-09-02 06:30
Issue No.
No.1199 Friday, September 2, 2016

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခရီးရှည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေဟာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီနေတဲ့ အပြင် ပြိုင်တူတွန်းကြရမယ့် စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ဒီမိုကရေစီပြောင်းပြန်တွေ၊ ဒီမိုကရေစီရဲ့ ဆန့်ကျင် ဘက်တွေ၊ ဒီမိုကရေစီရဲ့ အဟန့် အတားတွေကို မျက်ခြည်မပြတ် စောင့်ကြည့် သုံးသပ်ရင်း ခေါင်း ဆောင်အားလုံးဟာ ပြည်သူကို မျက်နှာမူ၊ ပြည်သူ့ဆန္ဒကို ရှေ့ တန်းတင်ကာ အပြောင်းအလဲကို ကျားကန်ဖော်ဆောင်နိုင်ကြဖို့ လို အပ်နေဆဲဖြစ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၆ သြဂုတ် ၃၁ ရက်မှာ ကျင်းပခဲ့ပါတယ်။ အစိုးရခေါင်းဆောင်တွေ၊ လွှတ် တော်ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့ အစည်းခေါင်းဆောင်တွေ အပါအဝင် တက်ရောက်သူ နှစ်ထောင် နီးနီးရှိတဲ့ အခမ်းအနားကြီးတစ်ခုပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ကရင်လွတ်လပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ကြီး သူရဦးတင် ဦးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန် ကီမွန်းတို့က ဖွင့်ပွဲနှုတ်ခွန်းဆက် အမှာစကားတွေ ပြောကြားခဲ့ပါ တယ်။
ဖွင့်ပွဲနှုတ်ခွန်းဆက် အမှာ စကားတွေထဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်ရဲ့ အမှာ စကားဟာလည်း စိတ်ဝင်စားစရာ အတော့်ကိုကောင်းပါတယ်။ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ‘‘လိုအပ်ချက်များကို နိုင်ငံရေး လမ်းကြောင်းအရ တစ်နည်းအား ဖြင့် အစိုးရ၊ လွှတ်တော်လမ်း ကြောင်းများကသာ ဒီမိုကရေစီ နည်းလမ်းတကျ တောင်းဆိုရယူ ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ အခြေခံမူများဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ ရေး သားခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်နဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်စတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေနိုင်ပြီဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီနည်းလမ်း တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီဖြစ်တဲ့ အခြေအနေ အချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင် တာကို တောင်းဆိုတာမျိုး၊ လက် နက်ကိုင် လမ်းစဉ်ကို ဖက်တွယ် ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာ ဖြင့် မိမိတို့ရဲ့ ဆန္ဒကိုသာ ဦးစား ပေးဖော်ဆောင် ဖန်တီးနေတာ မျိုးတွေဟာ ဒီမိုကရေစီရဲ့ ဆန့် ကျင်ဘက်ဖြစ်နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာဖြစ် ပါတယ်’’လို့ ရှင်းရှင်းဘွင်းဘွင်း ပြောကြားခဲ့ပါတယ်။
 တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်စွဲကိုင်ပြီး ကိုယ်လိုချင် တာကို တောင်းဆိုတာမျိုး၊ လက် နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် ကိုယ့်ရဲ့ဆန္ဒကိုသာ ဦးစားပေး ဖော်ဆောင်ဖန်တီးနေတာမျိုးတွေ ဟာ အခုလိုခေတ်မှာ ဒီမိုကရေစီ ရဲ့ ဆန့်ကျင်ဘက်လို့ အသားပေး ပြောချင်ပုံရပါတယ်။ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်အနေနဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေလို့ လက် နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ တိုက်တွန်းလိုက်တဲ့ သဘောလည်း ကောက်ယူနိုင်ပါတယ်။ ဒီမိုကရေ စီရဲ့ အခြေခံမူတွေကို ကျယ် ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ လက်ငင်း မြန်မာ့နိုင်ငံရေးပတ် ဝန်းကျင်မှာ လက်နက်ကိုင်တာ တွေ၊ လက်နက်ကိုင်လမ်းစဉ်တွေ ဟာ မလျော်ကန်တော့ဘူးလို့ သတင်းစကားပါးခဲ့တာပါ။
တကယ်တမ်းစဉ်းစားကြည့် ရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ပြောခဲ့သလို ဒီမိုကရေစီနည်း လမ်းတကျ လုပ်ကိုင်ဆောင်ရွက် နိုင်ပြီဖြစ်တဲ့ အခြေအနေ၊ အချိန် အခါမျိုးမှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေနဲ့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ် တော်တွေမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ခန့်အပ်နိုင်နေတာ၊ အဲဒီတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယ သမ္မတတစ်ဦးကို ရွေးချယ်တင် မြှောက်နိုင်တာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းကို ခန့်အပ် နိုင်တာ၊ ကာကွယ်ရေးဝန်ကြီး တွေ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တွေရဲ့ နယ်စပ်ရေးရာနှင့် လုံခြုံ ရေးဝန်ကြီးတွေနေရာမှာ တပ် မတော်အရာရှိကြီးတွေကို ခန့် အပ်နိုင်တာ စတာတွေဟာလည်း ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ် နေတယ်ဆိုတာကို အလေးအနက် သတိပြုရမှာဖြစ်ပါတယ်။ တပ် မတော်အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ အသံကို မျက်ကွယ်ပြု စည်းဘောင်ကျော် ရယူထားတဲ့ အစိုးရ၊ လွှတ်တော် တွေထဲက နိုင်ငံတော်နဲ့ နိုင်ငံသား တွေ၊ ပြည်သူတွေကို ကိုယ်စား မပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ၊ ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီး တွေဟာလည်း ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်တွေပဲ ဆိုတာ မထောက်မညှာ ထုတ်ဖော်သုံး သပ်နိုင်ဖို့ လိုအပ်ပါတယ်။
လက်ငင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အမျိုးသားပြန် လည် သင့်မြတ်ရေး၊ ယုံကြည်မှု တည်ဆောက်ရေးတွေကို သူ လည်းနိုင်၊ ကိုယ်လည်းနိုင် ဖော် ဆောင်နိုင်ဖို့ စဉ်းစားကြတဲ့အခါ နှစ်ဖက်အမြင်ရှိဖို့က အတော့်ကို အရေးကြီးပါတယ်။ သူများမျက် ချေးပဲမြင်တတ်၊ ကိုယ့်မျက်ချေး ကိုယ် မမြင်တတ်ရင်တော့ ပိုမို ခက်ခဲနိုင်ပါတယ်။ အဲဒါကြောင့် တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ ပြည်သူတစ်ရပ်လုံးရဲ့ မျက်လုံး သန်းပေါင်းများစွာအောက်မှာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အဆီအငေါ် မတည့်တာတွေ၊ ရှေ့နောက်မညီတာတွေကို တန်းစီညာညှိနိုင်ဖို့ သော့ချက်ကျမယ်ထင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ဖို့ တိုက်တွန်းသလို တပ်မတော်အနေနဲ့ အစိုးရတွေ၊ လွှတ်တော်တွေ အပါအဝင်နိုင်ငံရေးမှာ ပါဝင်နေတာတွေကို စွန့်လွှတ်ဖို့လည်း တစ်ပြိုင်နက်ဆော်သြ၊ ဖော်ဆောင်ရမှာပါ။
တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး မဟာဗျူဟာကို မျက် ခြည်မပြတ် ကျင့်သုံးခြင်းနဲ့ ထာဝ ရငြိမ်းချမ်းရေးရယူရန်အတွက် အမှန်တကယ် ဆန္ဒရှိခြင်းတို့ကို အဓိကနှလုံးသွင်းနိုင်ရင် အမျိုး သားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မယ်လို့ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ ‘‘ပြည်သူ့ ဆန္ဒကို  ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ဟာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ထာ ဝရငြိမ်းချမ်းရေးကို ရရှိစေနိုင်မယ့် သဘောတူညီမှုတွေကို ဆွေးနွေး ညှိနှိုင်း ရရှိမယ်လို့ ယုံကြည်ပါ တယ်။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာ ရှိပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးဟာ ညီရင်းအစ်ကိုများဖြစ်တဲ့အတွက် မတူကွဲပြားမှုများကို ပြည်ထောင်စုစိတ်ဓာတ် အပေါ် အခြေခံပြီး ညှိနှိုင်းအဖြေရှာသွားရမှာဖြစ်ပါတယ်။ စိုးရိမ်မှုနဲ့ သံသယစိတ်များကို ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ဖယ်ရှားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်’’လို့လည်း ပြောကြားခဲ့ပါတယ်။
အစိုးရ၊ လွှတ်တော်၊ တပ် မတော်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေအနေနဲ့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်၊ သဘောတူညီမှုတွေ ရဖို့ အကြိတ် အနယ် ဘတစ်ပြန် ကျားတစ်ပြန် ညှိနှိုင်းဆွေးနွေး စိုးရိမ်မှုတွေ၊ သံ သယစိတ်တွေ အမြန်ဆုံးဖယ်ရှား နိုင်ဖို့ဆိုတဲ့နေရာမှာ အပြောသက် သက်မဟုတ်၊ အလုပ်နဲ့သက်သေ ပြနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အသံကို ကျောခိုင်း တာ၊ မျက်ကွယ်ပြုတာဟာလည်း ဒီမိုကရေစီကို ဆန့်ကျင်တာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီ လာခံ ၂၁ ရာစု ပင်လုံ ကျင်းပနေ တဲ့အချိန်မှာတောင် တိုက်ပွဲတွေ၊ ပစ်သံ ခတ်သံတွေ ကြားနေရတာ ယမ်းငွေ့တွေဝေနေတာ၊ နိုင်ငံ ရေးအရ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်မျိုးကို မထုတ်ပြန်နိုင် သေးတာ၊ အဲဒါတွေဟာ အပြောနဲ့အလုပ် မညီညွတ်တဲ့ သဘောဘက်ယိမ်းနေတယ်လို့ မြင်ပါတယ်။ အပစ်ရပ်တာဟာ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရပါမယ်။ ပြည်တွင်း၊ ပြည်ပ၊ ထောင်တွင်း၊ ထောင်ပအားလုံးဟာ နိုင်ငံရေးအရ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခံစားနိုင်ရပါမယ်။
အချုပ်ပြောရရင်တော့ အစိုး ရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ဒီမိုကရေစီရဲ့ ဆန့်ကျင် ဘက်တွေကို ပြိုင်တူပြုပြင်နိုင်မယ့် ပြိုင်တူတွန်းကာ ပြောင်းလဲပစ်နိုင် မယ့် အစီအစဉ်ကောင်းတွေ၊ အစီအမံကောင်းတွေ၊ မဟာဗျူ ဟာစီမံချက်ကောင်းတွေကို စားပွဲ ဝိုင်းပေါ်မှာ နိုင်ငံရေးအရ ညီရင်း အစ်ကိုပမာ အပြောသက်သက် မဟုတ်၊ အလုပ်နဲ့သက်သေပြကာ အကြိတ်အနယ် ဆွေးနွေးအဖြေ ရှာနိုင်ကြမယ်ဆိုရင် အလွန်တရာ ကောင်းမွန်မှာဖြစ်တဲ့အပြင် နိုင်ငံ တော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူ လူထုရဲ့ ဆန္ဒသဘောထားတွေကို မျက်နှာမူရာ ရောက်တဲ့အတွက် မတိမ်းမစောင်း ဗိန်းဗောင်းနဲ့ ဖော်ဆောင်သင့်တဲ့အကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက် ရပါတယ်။

Reply all
Reply to author
Forward
0 new messages