1. မင်းမြတ်နော်ရထာကို တူးဖော်တွေ့ရှိခြင်း ၊ 2. အ​ထူး​တ​ဆန်း​ ကျင်း​ပ​ခဲ့​သည့်​​ ​ဆာ​ဘီ​ယား​မှ​​ ​က​မ္ဘာ့​ ဝှေး​စေ့​​ ​ဟင်း​ချက်​ပြိုင်​ပွဲ၊ 3. Virtual ချစ်သူရနိုင်တဲ့ ဂျပန်နိုင်ငံမှ LovePlus+ ဂိမ်း ၊ 4. ကမ္ဘာ့အစောဆုံးစာအုပ် တောင်ကိုရီးယားမှ ပါမောက္ခတစ်ဥ

56 views
Skip to first unread message

meepyatite

unread,
Sep 4, 2010, 3:55:03 PM9/4/10
to
  1. မင်းမြတ်နော်ရထာကို တူးဖော်တွေ့ရှိခြင်း ၊
  2. အ​ထူး​တ​ဆန်း​ ကျင်း​ပ​ခဲ့​သည့်​​ ​ဆာ​ဘီ​ယား​မှ​​ ​က​မ္ဘာ့​ ဝှေး​စေ့​​ ​ဟင်း​ချက်​ပြိုင်​ပွဲ၊
  3.  Virtual ချစ်သူရနိုင်တဲ့ ဂျပန်နိုင်ငံမှ LovePlus+ ဂိမ်း ၊
  4. ကမ္ဘာ့အစောဆုံးစာအုပ် တောင်ကိုရီးယားမှ ပါမောက္ခတစ်ဦး ရှာဖွေတွေ့ရှိ ၊
  5. မြန်မာ့ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်း အောက်တိုဘာလတွင် တကယ် ကန်တော့မည် ၊
  6. စင်ကာပူ ပိုလီကျောင်း သိမှတ်ဖွယ် သင်တန်း အခမဲ့တက်ရောက်နိုင် ၊
  7. ဘရာဇီး၌ မွေးခန်းအတွင်း ဆရာဝန် နှစ်ဦး ရန်ဖြစ် နေစဉ် ရင်သွေးငယ် သေဆုံး ၊
  8. အံ့ဖွယ်တံတား15စင်း၏ညအလှ


မင်းမြတ်နော်ရထာကို တူးဖော်တွေ့ရှိခြင်း



ပုဂံနှင့်ကျောက်ဆည်။

ကျောက်ဆည်နှင့် ပုဂံ။
မိုင် ၁၂ဝ ကွာဝေးသော ဒေသနှစ်ခု။

ထိုမျှဝေးကွာသော ဒေသနှစ်ခုအား ရေမြေချင်းတစ်သား တည်းကျအောင် ဆက်စပ်ပေးခိုင်ခဲ့သူက ပုဂံပြည့်ရှင် ဘုရင်မင်းမြတ် အနော်ရထာ။

အနော်ရထာသည် ပုဂံနှင့်ကျောက်ဆည်ကို သန်မြင်စွာ စီးတော်ဆင်နှင့် လွန်းထိုးလွန်းပျံ ခရီးရက်ဆက်နှင်၍ ကျောက် ဆည်လွင်ပြင်အလုံး သာသနာ၊ ဘာသာ၊ စစ်မှုရေးရာအဖြာဖြာ နှင့် လူမှုရေး၊ စိုက်ပျိုးရေးတို့ကို နေ့မနား ညမနား ကြိုးပမ်းခဲ့သူ။

စမုံ၊ စမာ၊ ဇော်ဂျီ၊ ပန်းလောင်၊ ဒုတ္ထာဝတီမြစ်တို့ဖြတ် သန်းစီးဆင်းရာ ကျောက်ဆည်လွင်ပြင်တွင် ပင်လယ်၊ ပြည်မနား၊ မြစ်သာ၊ ရမုန်း၊ မြင်းခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်း၊ မက္ခရာ၊ တပြက်သာ၊ ခံလူး၊ အမည်များဖြင့် ၁၁ ခရိုင်၊ ခံမြို့ပြ အခိုင်အခံ့ တည်ဆောက်ကာ လယ်ပွဲများ တည်ထောင်ခဲ့သူ။

အနော်ရထာသည် လယ်တွင်း ၁၁ ခံမြို့များ တည်ဆောက်ပြီး ပန်းလောင်မြစ်ရိုးတစ်လျှောက်ရှိ ခံမြို့ကိုးမြို့ အနီးတွင် ရွှေဂူကိုးဆူကိုလည်း တည်ထားသူ။

ထိုရွှေဂူ ကိုးဆူအနက်ထင်ရှားကြသော-

ခံလူးရွှေဂူ(စော်ရဲရွာ)

တမုတ်ရွှေဂူ (ကြောင်ပန်းကုန်းရွာ)

ပနန်ရွှေဂူ(ပနန်ရွာ) မြင်းခုံတိုင်ရွှေဂူ(မရှက်ရွာ)တို့ ဖြစ်ကြသည်။

အနော်ရထာသည် ပုဂံမြေနှင့် ကျောက်ဆည်လွင်ပြင်ကို ထိုကဲ့သို့အဆက်မပြတ် ဆက်စပ်ပေးနိုင်ခဲ့သူဖြစ်သည်။

လယ်တွင်း ၁၁ ခရိုင်တွင် တမုတ်မြို့ဟောင်းသည် ပန်းလောင်မြစ်အရှေ့ဘက်၊ ကြောင်ပန်းကုန်းရွာအနီးတွင်တည် ရှိသည်။ အုတ်မြို့ရိုးဖွဲ့ မြင်းခွာသဏ္ဌာန်မြို့ကွက်ရာ ရှိသည်။ မြို့ကွက် ၂၅ ဧက။ အရှေ့ ၆၉.၁၅ ဒီဂရီ၊ မြောက် ၂ဝ.၆၃၃ ဒီဂရီတွင် တည်ရှိသည်။

တမုတ်ရွှေဂူကြီးတည်ရှိရာမှာ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့အနောက်ဘက် ခြောက်မိုင်ကွာ၊ တံတားဦး ကားလမ်းဘေး ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုး ကျေးရွာတို့ အလယ်ဗဟို၊ တမုတ်မြို့ဟောင်းကုန်းအတွင်း အရှေ့တောင်ထောင့်တွင် ရှိသည်။

ထိုရွှေဂူကြီးအား တမုတ်မြို့ဟောင်းကို အစွဲပြု၍ တမုတ် ရွှေဂူကြီးဟု အစဉ်အလာခေါ်ခဲ့ကြသည်။

တမုတ်ဟူသည် အခေါင်အထွတ်၊ တမုတ်ဟူသည် အခေါင်အထွတ်၊ အကြီးအမြတ်ဟုအဓိပ္ပာယ်ရသည်။ ရှေးရေးကား တမုတ်၊ ခေတ်ရေးမှာ တမွတ်ဖြစ်သည်။

တမုတ်ရွှေဂူကြီးအား ပုဂံခေတ်မှသည် ပင်းယခေတ်အထိ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံ လွှမ်းငုံ တည်ဆောက်ခဲ့ကြသည်။

ယခု တူးဖော်တွေ့ရှိထားသည့် တမုတ်ရွှေဂူ၏လက်ရာ အပိုင်းအခြားများအရ ပထမမူလ အနော်ရထာ ကောင်းမှုတော်မှာ ပိပြားတစ်ထပ် လိုဏ်ဂူတော်ပုံအဖြစ် တွေ့ရသည်။ ၁၁ ရာစု ပိပြားမိုးလျော ဂူဘုရားဖြစ် သည်။ အနော်ရထာသည် တမုတ် ရွှေဂူကြီးနှင့်အတူ အနောက်ဘက်တွင် လည်း သိမ်တော်ကြီးတစ်ခုတည် ဆောက်ခဲ့ကြောင်း သိမ်ဟောင်းရာကို တွေ့ရသည်။

အေဒီ ၁၂ ရာစုကုန်ခါနီး အချိန်ခန့်တွင် အနော်ရထာမင်းကောင်းမှု တော်တစ်ထပ်ဂူလိုဏ်ပေါ်၌ ဂူတစ်ဆင့်တက်၍ နှစ်ထပ်ဂူကြီးအဖြစ် ထပ်မံတည်လုပ်ပြီးနောက် ဂူဘုရား နှစ်ဆင့်စလုံး အင်္ဂတေလက်ရာ အမွမ်း အပြောက်အခြယ်အသများဖြင့် ဂူပြောက်ဘုရားအဖြစ် အသွင်ပြောင်းခဲ့ပုံရသည်။ ထိုကောင်းမှုရှင်မှာ နရပတိစည်သူမင်း ဖြစ်သည်ဟု သုတေသီတို့က ယူဆကြသည်။

ထိုသို့ထပ်မံပြုပြင်ပြီးနောက်၊ နှစ်ပေါင်း ၁၃ဝ ကျော်ခန့်ကြာ၊ သက္ကရာဇ် ၆၈၄ ခုတွင် ပင်းယဥစ္စနာ ကြီးသည် မည်သည့်ရည်ရွယ်ချက် ဆန္ဒကြောင့်မသိ တမုတ်ဂူတော်ကြီးနှင့် သိမ်တော်တို့အား ထပ်မံလွှမ်းငုံကာ ရွှေစည်းခုံ စေတီတော်ကြီးအဖြစ် တည်ထားလိုက်လေသည်။ ထိုစဉ်မှစ၍ ပုဂံခေတ် တမုတ်ရွှေဂူတော်ကြီးမှာ အမှောင်ခန်းထဲသို့ ရောက်ရှိ ပျောက်ကွယ်ခဲ့ရလေသည်။

သင်္ခါရဖြစ်စဉ် သဘောအရ ပင်းယဥစ္စနာမင်း ကောင်းမှုတော် ရွှေစည်းခုံ စေတီကြီးမှာလည်း ပြိုပျက်ခဲ့ရပြန်လေပြီ။ အုတ်ပုံအုတ်ကုန်းကြီးအလား ရှိလာခဲ့ရာမှ ခြုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက် ဝါးမျိုကာ မရှုမလှရှိနေတော့သည်။

၁၂၇၇ ခုနှစ်တွင် ကြောင်ပန်း ကုန်းရွာနေ ဦးစံထွားသည် ပြိုကျနေသည့် စေတီကြီးထိပ်ပိုင်းကို ချောပြေ စွာညှိ၍ ဥာဏ်တော် ပေ ၂ဝ ခန့်ရှိ စေတီငယ်တစ်ဆူတည်ထားကိုးကွယ် ခဲ့ရာ နောက်ဆုံးတူးဖော်မှုမစမီအချိန် ထိဖြစ်သည်။

မည်သည့် စေတနာဆန္ဒဖြင့် အမှောင်ခန်းထဲ သွတ်သွင်းရောက်ရှိ ခဲ့သည်ဖြစ်ပါစေ၊ အလှူမှန်ကန်သော မူရင်း ဥဒိဿမည် တမုတ်ရွှေဂူကြီးမှာ ပြန်လည်ပွင့်ပေါ်ချိန် တန်တော့လည်း ပွင့်ပေါ်ခဲ့ရသည်သာ ဖြစ်သည်။ ပွင့်ပေါ်ချိန် တန်တော့လည်း မူလကောင်းမှုရှင်များနှင့် ကုသိုလ်ဆက် ပဋ္ဌာန်းဆက်ရှိသော သာသနာပြု ပုဂ္ဂိုလ်စစ်မှန်သည်ဟုဆိုရမည်။

၁၃၅၂ (၁၉၉၃) ခုနှစ်၊ သံဃာ့ အဖွဲ့အစည်းနှင့်ဒေသခံ ဒကာ၊ ဒကာမတို့၏ ပင့်ဖိတ်တာဝန်ပေးချက်အရ ငယ်တိုးရွာဇာတိ အရှင်စန္ဒောဘာသ ကြွရောက်သီတင်းသုံး နေထိုင်ခွင့် ရခဲ့သည်။ ထိုချိန်မှစပြီး ရွှေဂူကြီးကျောင်းထိုင် ဆရာတော်အဖြစ် ဦးဆောင်မှုပြု၍ အုတ်ကုန်းကြီး အောက်ခြေပိုင်းကို စတူးဖော်ရှင်းလင်းကြရာ ဂူမုခ်ချိုင့်ရာ ဦးစွာပေါ်လာပြီး အင်္ဂတေပန်း လက်ရာများနှင့် ဆေးရေးပန်းချီအစ အနများတွေ့ရှိကြရသဖြင့် မန္တလေး ရှေးဟောင်း သုတေသနဌာနခွဲ၊ မြန်မာ ဗိသုကာပညာရှင် ဦးဝင်းမောင် (ဝင်း မောင်၊ တမ္ပဝတီ)အား ဖိတ်ခေါ်ပြသခဲ့ ကြသည်။

၁၃၅၂ မှ ၁၃၇၁ ထိ နေ့စဉ် ပျမ်းမျှလုပ်အားအလှူရှင် ၅ဝဝ ကျော်၊ ဥပုသ်သီတင်းနေ့များတွင် ၁၅ဝဝ ကျော် ရပ်ဝေးရပ်နီးဒေသစုံမှ လုပ်အား အလှူရှင်များ၊ ဌာနစုံမှဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများနှင့် တူးဖော်ရှင်းလင်းခဲ့ပါ သည်။

ယခုကဲ့သို့ ပွင့်ထွန်းလာသော မူလတမုတ်ရွှေဂူကြီးမှာ ကွန်းတောင် ထိပ်ပိုင်းအထွတ်စေတီ၊ စေတီရံထိပ် ဖူးများ၊ ရှေ့ဘက်တိုက်မှ အဝင်မုခ် တံကဲထိပ်ပိုင်းနှင့် ကျန်အနည်းအကျဉ်း ပျက်စီးမှုများမှလွဲ၍ ၉၅ ရာနှုန်းခန့် အကောင်းပကတိရှိနေပေသည်။ မည်သို့ပင်ဆိုစေ အကောင်းဘက်မှ ကြည့်မြင်သော် ဂူတော်ကြီး တစ်ခုလုံးအား ပျက်စီးမှု ဘေးဒဏ်အမျိုးမျိုးမှ ကင်းစေရန် ပင်းယဥစ္စာနာမင်းက ထိန်းသိမ်းပေးခဲ့သလို ဖြစ်နေပါသည်။ တူးဖော်တွေ့ရှိချက် အထောက်အထားများအရ တမုတ်ဂူတော်ကြီးကို ခြုံငုံ၍ စည်းခုံစေတီအဖြစ် မတည်လုပ်မီ အထက်အောက် ဂူလိုဏ်မုခ်အတွင်း အုတ်များဖြင့် အခိုင်အမာ အုတ်ရိုးစီကာ ပိတ်ဆို့ထားခဲ့ပုံကို တွေ့ရသည်။

ထိုအချက်မှာ အပေါ်မှ လွှမ်းငုံ၍ စေတီကြီး တည်ဆောက်သည့်အခါ မူလမုခ်လိုဏ်များ ပြိုကျပျက်စီးမည့် ဘေးမှကင်းဝေရန် ဦးစွာထိန်းသိမ်း စောင့်ရှောက်ခဲ့သော သဘောဖြစ်ပါသည်။ ထိုပိတ်ဆို့ထားခဲ့သော အုတ်ရိုးများကို စနစ်တကျတူးဖော်လိုက် ခြင်းအားဖြင့် မူရင်းဂူလိုဏ် ပကတိ ပြန်လည်ရရှိပြီး ဂူအတွင်းရှိရုပ်ပွား ဆင်းတုတော် ကြီးငယ်များပါမကျန် ပြန်လည်ပေါ်ထွက် လာခဲ့သည်။ အနောက်တောင်ထောင့် ပတ်လမ်းနေရာတွင် ပိတ်ဆို့ထားသော အုတ်ရိုးကိုမူ နမူနာ အဖြစ်ထားကာ မတူးဖော်ဘဲချန်လှပ် ပြသထားပါသည်။ ဂူတော်ကြီးအပြင် အနောက်တောင်ထောင့်မှ ငုံ၍တည် ထားသည့် စည်းခုံအုတ်ရိုးအဟောင်း ကိုလည်း မူရင်းအတိုင်း ထိန်းသိမ်းပြ ထားသည်မှာ ဆရာဦးဝင်းမောင်၏ အိုင်ဒီယာများဖြစ်ပါသည်။

မိုး၊ နေ၊ လေလုံခြုံမှုရှိပါက ရှေးလက်ရာများ ပျက်စီးမှုနည်းပါး၍ နှစ်ပေါင်းရာထောင်ချီ အကောင်းပက တိတည်နိုင်ကြောင်း တမုတ်ရွှေဂူကြီးက သက်သေပြလိုက်ပါပြီ။ ဂူတော်ကြီး မွမ်းမံပြုပြင်မှုများ အစစ ဆောင်ရွက်ထိန်းသိမ်း ပြီးစီးပါက အမိုးအကာအောက်မှ အပူဇော်ခံနိုင်ရန် စက်ဝိုင်းခြမ်းပုံ သံမဏိထောက်တိုင် လေးဘက်နှင့် ဖန်ပေါင်းမိုးကြီးဆောက် လုပ်သွားမည်ဟု သိရပါသည်။ ဤတွင်စက်ဝိုင်းခြမ်းပုံ ဖန်ပေါင်းမိုးအစား ပင်းယခေတ်က လွှမ်းငုံဆက်လက် တည်ထားခဲ့သည့် ပင်းယရွှေစည်းခုံ စေတီပုံပြုလုပ်ရန် အကြံပြုလိုပါသည်။ သို့မှသာ တည်ဆောက်မှုဖြစ်စဉ် သဘာဝကျလိမ့်မည် ဖြစ်ပါသည်။

တမုတ်ရွှေဂူကြီး စေတီတော်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာ များအနီး တမုတ်မြို့ဟောင်း၊ ကျောက်ဆည်မြို့ အနောက်ဘက် ခြောက်မိုင်ကွာ တံတားဦးကားလမ်းဘေး၌ တည်ရှိသည်။

ယခုအခါ ပွင့်ပေါ်လာသော တမုတ်ရွှေဂူကြီးစေတီတော်သို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများဖြင့်စည် ကားလျက်ရှိနေပါသည်။ လာရောက် ဖူးမြော်ကြသူတိုင်း တမုတ်ရွှေဂူကြီး၏ ထူးခြားလက်ရာမြောက်စွာ ပွင့်ပေါ်လာပုံကို အံ့သြကြည်ညိုမဆုံး ဖြစ်နေကြပါသည်။

တမုတ်ရွှေဂူကြီး တည်ဆောက် မှုဗိသုကာလက်ရာမှာ ပုဂံခေတ် ၁၂ ရာစု၊ ၁၃ ရာစု နှစ်ထပ်ဂူစေတီလတ် တစ်ဆူဟု သာမန်အမြင်အားဖြင့်ထင် ရသော်လည်း အောက်ထပ်ဂူနှင့် အပေါ်ထပ်ဂူတို့၏ တည်ဆောက်မှု အချိုးစနစ်များ မတူကြသလို မုခ် ပေါက်ဖောက်လုပ်ပုံချင်းလည်း မတူညီကြောင်း တွေ့ရသည်။

အောက်ထပ်ဂူ မုခ်ပေါက်များ ဖောက်လုပ်ပုံမှာ ဂုံးဝိုင်းပုံများဖြစ်ကြ သည်။ အပေါ်ထပ်ဂူ မုခ်ပေါက် ဖောက်ပုံမှာ ဂုံးချွန်းပုံများဖြစ်သည်။ ထိုမတူညီသော အချက်နှစ်ခုမှာ အောက်ထပ်ဂူနှင့် အပေါ်ထပ်ဂူကို တစ်ခေတ်တည်း၊ တစ်ပြိုင်တည်း တည်ဆောက်ခြင်းဟုတ်ကြောင်း ပြသနေပေသည်။

နှစ်ထပ်ဂူတစ်ခုလုံးကို ခြုံကြည့်သော် ၁၂ ရာစုခေတ်ကုန်ခါနီး၊ ၁၃ ရာစုခေတ်ပြောင်းကာလ လက်ရာ အဖြစ်တွေ့ဖြင်ရမည် ဖြစ်သည်။ ယင်းအချက်မှာ ထိုခေတ်နှစ်ခေတ် စပ်ကူး မတ်ကူး အချိန်၌ ထပ်၍မွမ်းမံပြင် ဆင်ခဲ့ကြသောကြောင့်ဖြစ်သည်။

ထို့ကြောင့်နှစ်ထပ်ဂူဘုရား တစ်ဆူလုံးတွင် မွမ်းမံမှု၊ အခြေခံတည် ဆောက်မှုနှင့်အပေါ်ယံ လက်ရာများမှာ တည်ဆောက်သည့် ခေတ်ကာလ၏ လက်ရာများ လွှမ်းမိုးနေခြင်းဖြစ်သည်။ အောက်ဂူနှင့် အထက်ဂူမုခ် ပေါက်များမှာ ထိုအချက်ကို ထင်ရှား စေသည့်အကောင်းဆုံးသက်သေများ ပင်ဖြစ်ကြပါသည်။

တမုတ်ရွှေဂူနှစ်ထပ် ဘုရားကြီး ၏မုခ်ပုံစံများအရ အောက်ဂူမုခ်များမှာ ပုထိုးသားများ၊ နဂါးရုံ၊ အပယ်ရတနာတို့မှ ဂုံးဝိုင်းမုခ်ပေါက်များနှင့် တူညီသည်။ အထက်ဂူမုခ်ပေါက်များမှာ စူဠာမဏိ၊ ကန်တော့ပလ္လင်၊ ထီး လိုမင်းလိုတို့မှ ဂုံးချွန်းမုခ်ပေါက်များ နှင့် တူညီနေပါသည်။

ထိုသို့မုခ်ပေါက်လက်ရာ နှစ်မျိုးကို ဘုရားတစ်ဆူတည်း တွေ့ရသော အချက်များကို ဆန်းစစ်ကြည့်က ပထမတမုခ်ဂူဘုရား တည်ဆောက်စဉ်က တစ်ထပ်ဂူဘုရားအဖြစ် အနော်ရထာမင်းကြီး စတင်တည်ဆောက်ခဲ့ကြောင်း အဖြေရရှိပေသည်။ သို့ဖြင့် ပုဂံခေတ်ဦး ဂူဘုရား တည်ဆောက်မှုဟန်ဖြစ်သော ဂုံးဝိုင်းမုခ်စနစ်ကို အသုံးပြုထားခြင်းဖြစ်သည်။

၁၁ ရာစုတွင် တည်ဆောက် သောဘုရားများမှာ မြေစိုက်စေတီနှင့် တစ်ထပ်ဂူမိုးလျော၊ ကွန်းတောင် ပေါက် စေတီပေါက်နှစ်မျိုးတည် ဆောက်လေ့ရှိကြပါသည်။ ၁၂ ရာစု၊ ၁၃ ရာစု ပုဂံတွင် နှစ်ထပ်ဘုရားများ၊ ကွန်းတောင်ပေါက်များကိုသာတည် ဆောက်ကြပြီး စေတီပေါက်နှစ်ထပ်ဂူ ဟူ၍ ပုဂံမှာမရှိသလောက်ဖြစ်သည်။

ထိုအချက်များမှာ တမုတ်ရွှေဂူနှင့် ကိုက်ညီနေသည်။ တမုတ်ရွှေဂူသည် အောက်ထပ်ဂူဟောင်းပေါ်တွင် အပေါ်ထပ် ဂူသစ်တစ်လုံးထပ်တည် ထားကာ နှစ်ထပ်ဂူပုံစံ ဗိသုကာ လက်ရာပြောင်းထားသည့် သဘောတို့ တွေ့ရသည်။ ပထမတစ်ထပ် ဂူဘုရား ပြိုပျက်ခဲ့သဖြင့် နောက်ထပ် နှစ်ထပ် ဂူဘုရားအဖြစ် မွမ်းမံ ပြုပြင်တည် ထားခဲ့ခြင်းပင်ဖြစ်သည်။

တမုတ်ရွှေဂူကြီး တူးဖော်တွေ့ ရှိချက်များအရ ရုပ်ပွားဆင်းတုတော် များကိုလည်း ခေတ်သုံးခေတ်၊ သုံးဆင့်ငုံ၍ ထုလုပ်မှုတို့ကို ထူးဆန်းအံ့ သြဖွယ်တွေ့ရှိရပါသည်။ ပုဂံ၌ပင် ထိုသို့ဆင်းတု သုံးဆင့်ထပ်ငုံ၍ ထုလုပ်ထားပုံမျိုး မတွေ့ရသေးပါ။ နှစ်ထပ်ဆင်းတု ထုလုပ်ထားပုံကို ပုဂံ၌နှစ်နေ ရာတွင်သာတွေ့ရပါသည်။ မီးမလောင် ကျောင်းအနောက်ဘက် ကပ်လျက်ရှိ ဂူဘုရားငယ်အတွင်းရှိ နှစ်ထပ်ဆင်းတုနှင့် မြင်းကပါ ဂူပြောက်ငယ်ဘုရား အနောက်ဘက် ဂူဘုရားအတွင်းမှ နှစ်ထပ်ဆင်းတု တစ်ဆူဟူ၍ နှစ်ဆူသာ ရှိပါသည်။

ပုဂံရှိ နှစ်ထပ်ဆင်းတုကို ငုံ၍ပြု လုပ်ထားပုံမှာ အတွင်းမှ ဆင်းတုငယ်ကို အပေါ်မှ ဆင်းတုကြီးကငုံထား ခြင်းမျိုးဖြစ်ပါသည်။ တမုတ်ရွှေဂူကြီး တူးဖော်ရာမှတွေ့ရှိသော ဆင်းတုသုံး ထပ်ငုံထုလုပ်ပုံမှာ ထူးခြားနေပါသည်။ ပလ္လင်သုံးဆင့်၊ ဆင်းတုသုံးဆူကို အောက်မှ အထက်သို့ တစ်ဆင့်ချင်း ငုံ၍ထုလုပ်ထားခြင်းဖြစ်ပါသည်။

အောက်ဆုံးမှ ဆင်းတုတော်မှာ ရှေးအကျဆုံး အနော်ရထာခေတ် လက်ရာဖြစ်နိုင်ပြီး အလယ်ရှိဆင်းတု သည် စောလူးခေတ်လက်ရာဖြစ် ဖွယ်ရှိကာ အပေါ်ဆုံးဆင်းတုမှာ ကျန်စစ်သားခေတ်လက်ရာ ဖြစ်ကြောင်းတွေ့ရပါသည်။ ထိုသုံးထပ် ဆင်းတုတော်များကို တမုတ်ဂူ အနောက်တောင်ဘက် ပင်းယခေတ် စည်းခုံ အုတ်ပုံအပျက်အားတူးဖော်ရာ မြေအောက်ကိုးပေခန့် ဂန္ဓကုဋီတိုက် ခန်းငယ်နှစ်ခုအတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုရုပ်ပွားဆင်းတုများမှာ အရှေ့ဘက်တိုက်ခန်း၊ အနောက်ဘက်တိုက်ခန်း ကျောချင်းကပ် အနေအထား တွေ့ရပါသည်။ နှိုင်းယှဉ် ကြည့်ရန် အောက်ဆုံးဆင်းတုမှာ ပုဂံရွှေဆံတော် ဘုရားရှိ အနော်ရထာ ခေတ်ကျောက်ဆင်းတုကြီး။ အလယ်ဆင့် ဆင်းတုမှာ ပုဂံသီရိပစ္စယာ ကျေက်စကားဘုရားရှိ စောလူးခေတ် ကျောက်ဆင်းတု။ အပေါ်ဆုံးအဆင့် ဆင်းတုမှာ အာနန္ဒဘုရားမှ ကျန်စစ်သားခေတ် ကျောက်ဆင်းတုဟူ၍ ခေတ်သုံးခေတ် လက်ရာမျိုးနှင့် တူညီနေပုံကို တွေ့ရပါသည်။ ထိုသို့ ဆင်းတုသုံးဆင့် ထုလုပ်ကိုးကွယ်မှုမှာ ရိုးရိုး ကိုးကွယ်မှုထက် ကိန်းခန်းယတြာ အစီအရင်ဖြင့် ထုလုပ်ကိုးကွယ်ခြင်း ဖြစ်နိုင်ပါသည်။ ဆရာတော်တစ်ပါးက မီးမလောင်ကျောင်း အနောက်ဘက်ရှိ နှစ်ထပ်ဆင်းတုနှစ်ဆူအနက် အတွင်းမှဆင်းတုငယ်မှာ ပန်းပေါင်းစုံ ဆေးဘုရားဖြစ်ကြောင်း မိန့်ဖူးပါသည်။ ပုဂံတွင် နှစ်ထပ်စေတီပေါင်း ၅ဝ ကျော်ခန့်ရှိသည်။ ဂူဘုရားကို ငုံ၍တည်သောလက်ရာမှာ တမုတ်ရွှေ ဂူကြီးတစ်ဆူသာတွေ့ရပါသည်။

တမုတ်ဂူအောက်ထပ် လေးမျက်နှာတွင် ၁၂ ရာစုနှောင်းရုပ်ပွား ဆင်းတုအုတ်အင်္ဂတေ လက်ရာလေး ဆူရှိပါသည်။ တိုက်အဝင် မျက်နှာဘက်ရှိ ပဓာနဆင်းတုကြီးမှာ ၁ဝ ပေခန့်ရှိပြီး အောက်သို့အနည်းငယ် နိမ့်ဝင်နေသဖြင့် မျက်နှာတော်သာ တူးဖော်၍ အပူဇော်ခံထားရှိပါသည်။

အရှေ့မျက်နှာရှိ ရုပ်ပွားဆင်းတုမှာ ဥာဏ်တော် သုံးပေခန့်ရှိ ဘူမိဖဿမုဒြာ ဆင်းတုတော်ဖြစ်ပြီး မျက်နှာတော်ပြုပြင်ထားကာ ကိုယ်လုံးတော်၌ မူလဆေးရောင်များ ကျန်ရှိပုံကို တွေ့ရပါသည်။

တောင်မျက်နှာရှိ ဆင်းတုတော် သည် အနောက်သို့ ဦးခေါင်းပြု၍ ပရိနိဗ္ဗာန်စံဝင်ဟန်လက်ရာဖြစ်ပါ သည်။ မူရင်းလက်ရာကျန်ရှိ၍ ၁၂ ရာစုခေတ်လက်ရာဖြစ်မှန်း ပေါ်လွင်နေပါသည်။ ဦးခေါင်းထက်တွင် ကေ တုမာလာခေါ် ခရေသီးပုံပါရှိသည်ကို တွေ့ရပါသည်။ သံဝေဇနိယလေးဌာန များတွင် ထုလုပ်ခဲ့ပြီး အနောက်ဘက်ဖွား၊ မြောက်ဘက်ပွင့်၊ အရှေ့ဘက်ဟော၊ တောင်ဘက်စံဟူ၍ဖြစ်သည်။

အနောက်ဘက်မျက်နှာတွင် ဘူမိဖဿမုဒြာဟန် ငါးပေခန့်ရုပ်ပွား ဆင်းတုတစ်ဆူရှိပြီး ထပ်ပြင်လက်ရာ ဖြစ်ကြောင်းတွေ့ရပါသည်။ အပေါ်ထပ် လိုဏ်ဂူအတွင်းမှာမူ ပိတ်ဆို့ ထောက်ကန်ထားသော အုတ်ရိုးများကို မတူးဖော်ရသေးသဖြင့် ရုပ်ပွား ဆင်းတုများကို လေ့လာခွင့်မရခဲ့ပါ။ တမုတ်ရွှေ ဂူအာရုံခံမုခ်အဝင် ဝဲယာတွင် အပေါ်ထပ်သို့တက်ရန် ကျဉ်းမြောင်းသည့် ကြောင်လိမ်လှေကား တစ်စင်းစီရှိပါသည်။ အာရုံခံမုခ် အရှေ့ဘက် အနောက်ဘက်တွင် မုခ်ချိုင့်ငယ်တစ်ခုစီ ဖော်ထားပြီး အတွင်း၌ ဆင်းတုတော် တစ်ဆူစီထား ရှိပါသည်။ တိုက်မအတွင်း ထောင့်လေးဘက်ရှိ အချိုးနံရံများကို မုခ်ချိုင့်ငယ်များ ဖောက်ကာ တစ်မျက်နှာလျှင် ဆင်းတုတော် လေးဆူစီ ထုလုပ်ထားရှိပါသည်။ အနောက်တောင်ဘက်ပတ်လမ်း ပင်းယခေတ်က ပိတ်ဆို့ထား သည့်အတိုင်း မတူးဖော်ရသေးသဖြင့် အတွင်းမှရုပ်ပွားဆင်းတုတော်ငယ်များ ပိတ်မိနေဆဲကို လေ့လာတွေ့ခဲ့ရပါသည်။ အတွင်းနံရံများ၌ ယခင်က ဆေးရေးပန်းချီလက်ရာများ ရှိခဲ့သော်လည်း ယခု ပျက်စီးခဲ့ပြီ ဖြစ်ပါသည်။ ထိုဆင်းတုအားလုံး ၁၃ ရာစုလက်ရာ များလွှမ်းမိုးလျက်ရှိသည်။ တမုတ်ရွှေ ဂူကြီးတွင် ထူးခြား၍ အပေါ်လွင်ဆုံး လွှမ်းမိုးနေသော လက်ရာများမှာ အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်ပါသည်။ ဂူအောက်ခြေ ပတ်ပတ်လည်မှသည် အထက်ကွန်းတောင်အထိ နေရာလပ်မချန် ပန်းတော့ လက်ရာများဖြင့် အပြည့်ဖော်ကျူး ထားပါသည်မှာ အံ့သြဘနန်းဖြစ်ရပါသည်။

ပုဂံဘုရားများထက် ထူးခြားမှုမှာ အပေါ်တိုက်၊ အောက်တိုက်၊ အာရုံခံတိုက်များ၏ အပြင်နံရံအား လုံးပန်းတော့လက်ရာ အမွမ်းအပြောက်များ ပါရှိခြင်း ဖြစ်ပါသည်။ ပုဂံဘုရားများ လုပ်ရိုးလုပ်စဉ်မှာ တိုက်အပြင် နံရံများပေါ်တွင် အောက်ခြေပတ်လည် မှန်ကွက်များအပေါ်မှ ကြာမှောက် ကြာလန်။ အထက်ပတ်လည်လည် စိန်တောင်။ ထောင့်တိုင်းပန်းများ။ အထက်ပတ်လည်တွင် ပန်းဆွဲဘီလူးတန်း။ အပေါ်တွင် ရွဲ၊ ကြာလန် စသည့်ဖြင့်လုပ်ဆောင်မြဲဖြစ်သည်။ ပြတင်းများပါလျှင် မုခ်တံကဲပန်းများ ဖေါ်လေ့ရှိပါသည်။ တမုတ်ရွှေဂူတွင်ကား ထိုသို့မဟုတ် မာရဘင် အမွမ်းအပြောက် အရုပ်ပန်းလက်ရာ အပြည့် လုပ်ဆောင်ချက်များ ဖြစ်သည်။

တမုတ်ဂူဘုရားကြီး၏ ပုဂံဘုရားများနှင့်မတူ တစ်မူထူးဆန်း သောလက်ရာများမှာ အပေါ်ဂူအောက် ခြေပတ်လည်ရှိ မှန်ကူကွက်များတွင် ဗုဒ္ဓဝင်ခန်းများနှင့် ငါးရာ့ငါးဆယ် နိပါတ်ဇာတ်တော်များကို စဥ့်လက်ရာအစား အင်္ဂတေပန်းတော့လက်ရာ များဖြင့် သရုပ်ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ဇာတ်တော်အမည်များကို လည်း အင်္ဂတေပေါ်ရေးထားပါသည်။

မည်သို့ဖြစ်စေ ကျောက်ဆည် တမုတ်ရွှေဂူကြီးမှာ ပုဂံဘုရားများနှင့် ခေတ်ပြိုင်လက်ရာဖြစ်သော်လည်း မတူသောအချက်များမှာ နှစ်ထပ်ဂူ ကြီးတစ်ခုလုံး အင်္ဂတေပန်းလက်ရာများ မူလအခြေအနေအတိုင်း ရှိနေသေးသဖြင့် အသေးစိတ် အနုစိတ် လေ့လာနိုင်ပြီဖြစ်ပါသည်။ အင်္ဂတေ အမွမ်းအပြောက်၊ ကနုတ်အရုပ်ပန်း လက်ရာများအနေဖြင့် နတ်ရုပ်၊ ကနုတ်၊ ခြင်္သေ့ရုပ်၊ ကျားရုပ်၊ ငှက်ရုပ်၊ ပန်းဆွဲဘီလူး၊ ဂဠုန်ရုပ်၊ နတ်ရုပ်၊ လူရုပ်၊ ဆင်စွယ် ဝန်းယှက် ငါးရာဇာတ်ကွက်၊ မကန်းကွက်၊ မကန်းရုပ်၊ မြွေရုပ်၊ နဂါးရုပ်များ စုဝေးတွေ့ဆုံ သဘင်ခံနေသည့်အလား စုံလင်လှပနေသည်။ တိုင်ပန်း၊ ထောင့်ခြင်္သေ့ဖင်နှစ်ခွ သရုပ်ဖော်ကွက်မှာ ပုဂံမင်္ဂလာစေတီအနီးရှိ ငါးမျက်နှာဘုရားမှ ပန်းတော့လက်ရာ နှင့်တူညီသည်။ အာရုံခံမုခ်အမိုးတိုက်မ ပေါ်မှရုပ်ပုံများနှင့် တူညီပါသည်။ ဖင်နှစ်ခွခြင်္သေ့ ရုပ်လုံးရုပ်ကြွမှာ အပယ်ရတနာ အာရုံခံ အမိုးဝဲယာ အရှေ့အဝင် မုခ်တံကဲဝဲယာမှာ စိုင် ပေါင်ဘေးမျက်နှာရှိ နဂါးသုံးကောင် ဂဠုန်သုတ်ဟန် ရုပ်ကြွလက်ရာ များမှာလည်း ပုဂံကုသိန္နာရုံဘုရားမှ အင်္ဂတေလက်ရာ လုပ်ဆောင်ချက်နှင့် တစ်ထေရာတည်း တူနေကြောင်း တွေ့ရသည်။

ထိုမုခ်တံကဲ၊ ဝဲယာစိုင်ပေါင် မျက်နှာရှိ မကန်းခံတွင်း ခြင်္သေ့နင်း ရုပ်ပုံမှာ ပုဂံဘုရားများ လုပ်ထုံးနှင့် ဆန့်ကျင်ဖြစ်နေသည်။

အနော်ရထာ ဦးစွာတည်ထားသော တမုတ်ရွှေဂူကြီးကို စောလူး၊ ကျန်စစ်၊ နရပတိစည်သူနှင့် နားတောင်းများမင်းတို့ ဆက်ခံပြုပြင် မွမ်းမံခဲ့ကြသည်။ ထို့အတူ ပင်းယဥစ္စနာ မင်းက ပုဂံသုံးခေတ်လက်ရာ တမုတ်ဂူအား သမိုင်းကွင်းဆက် ပြတ်လောက်သည့်အထိ ရွှေစည်းခုံစေတီကြီးဖြင့် လွှမ်းငုံတည်ထားခဲ့သည်။ ထိုသို့ စည်းခုံစေတီ တည်ရာ၌ တမုခ်ရွှေဂူ သာမက အနော်ရထာ သမုတ်ခဲ့သော သိမ်တော်ကြီး၏ သုံးပုံတစ်ပုံကိုလည်း လွှမ်းငုံတည်ထားခဲ့ပါသည်။

တမုတ်ဂူကြီးနှင့် သိမ်ရာကိုတူး ဖော်ရာမှ ဓာတ်တော်မွေတော်များ၊ အုတ်ခွက်ရုပ်ပွားတော်များနှင့် ခရုဆံတော်၊ မြေမီးဖုတ်ဆံတော်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း ပြတိုက်တွင် ပြသထားသည်။

သက္ကရာဇ် ၇၁၈ ခုနှစ်ထိုး ပင်းယဆင်ဖြူရှင်သခင် ကျော်စွာ မင်းကျောက်စာတစ်ချပ် တွေ့ရှိ၍ စိုက်ထူပြသထားသည်။ ကျောက်စာ ပါမှတ်တမ်းအရ ကျော်စွာမင်းသည် ၇၁၃-၇၂၃ တွင်တမုတ်ရွှေဂူမြို့သို့ မိဖုရားနှင့်အတူ ပြည်ကြီးကျက်သရေ လှေတော်ကိုစီး၍ ဘုရားဖူးကြွရောက် လာရင်း ဘုရားဝတ်တော်မြေ ၁၉ ပယ်၊ အမှုလုပ် ဘုရားကျွန် လေး ယောက်တို့ကို လှူဒါန်းခဲ့ကြောင်း တွေ့ရသည်။

ထိုသို့ရာစုနှစ် လေးကြိမ်ခေတ် အဆက်ဆက် အလှူရှင်တို့၏ ပြုပြင် ပြောင်းလွဲမှု တမုတ်ရွှေဂူကြီးမှာ မတူးဖော်မီ အချိန်ထိ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းထားသည့် အုတ်ပုံ အုတ်ကုန်းကြီးပေါ်၌ ဥာဏ်တော် ပေ ၂ဝ ကျော်ရှိ နှောင်းခေတ်စေတီငယ် တစ်ဆူတည်ရှိခဲ့သည်။

ထိုအုတ်ကုန်းကြီးပေါ်ရှိ စေတီငယ်ကိုပင် ရှင်ပင်ရွှေဂူကြီးဘုရားဟူ၍ ဒေသခံများ မှတ်ယူကိုးကွယ်ခဲ့ကြသော်လည်း အတွင်း၌ အနော်ရထာမင်းကြီး ကောင်းမှုတော်ဂူကြီး ကိုးလုံးအနက်မှ တမုတ်ရွှေဂူကြီးဖြစ်ကြောင်း တူးဖော်ကြည့်မှသိကြရခြင်းဖြစ်သည်။

ယခုလို တူးဖော်ပြီးချိန်၌အပေါ် ဆုံးမှလွှမ်းငုံတည်ခဲ့သောစေတီတော် ကြီးမှာ ဖိနပ်တော်အတောင် ၆ဝ၊ ဥာဏ်တော်အမြင့် အတောင် ၅ဝ ရှိကြောင်း တိုင်းတာတွေ့ရှိရသည်။

တမုတ်ရွှေဂူကြီး နှစ်ထပ်ဂူ ဘုရားမှာ အလျား ၅၉ ပေ၊ အနံ ၃၆ ပေခန့်၊ အမြင့် ဥာဏ်တော် ၄၅ ပေ ကျော်ခန့်ရှိကြောင်းသိရသည်။

ကျန်ရှိနေသည့် သိမ်နိမိတ်ရာကို ဆက်လက်တူးဖော်နေဆဲရှိပြီး သိမ် တိုင်၊ ဆင်းတုသုံးဆူပါ ဘုရားခန်း နှင့်တိုက်မ၊ အရှေ့အဆောင် လှေကား ထစ်များ အုတ်ရိုးကြီးငယ်အသွယ် သွယ်များဖြင့် ပုံပေါ်လာပြီဖြစ်သည်။

ဆရာဦးဝင်းမောင်(ဝင်းမောင်၊ တမ္ပဝတီ)နှင့် တမုတ်ကျောင်းထိုင် ဆရာတော် အရှင်စန္ဒောဘာသတို့၏ အတန်တန်ဖိတ်ခေါ်ချက်အရ ကျောက်ဆည်မြို့နယ်ရှိ တမုတ်ရွှေဂူ ကြီးဘုရားသို့ သုတေသနခရီး တစ်ခေါက် ၂ဝ ဧပြီတွင်ရောက်ဖြစ်ခဲ့ သည်။ ကျောက်ဆည်မြို့ အနောကဘက် ခြောက်မိုင်ကွာ တံတားဦး ကားလမ်းဘေးရှိ ညောင်ပင်ဇောက် ကျေးရွာရောက်သည်နှင့် တောင်ဘက် တစ်ဖာလုံခန့်ကပင် ပေါ်တော်မူ တမုတ်ရွှေဂူကြီးဘုရားကို လှမ်းမြော် ဖူးမြင်နေရပြီ။

တူးဖော်စွန့်ပစ်ထားသည့် အုတ်ကျိုးအုတ်ပဲ့များက ဘုရားအဝင်လမ်း ဘေးဝဲယာ၌ စုပုံနေသည်။

ကျောင်းဝိုင်းထဲရောက်လျှင် နှစ်ထပ်ဂူတော်ကြီးကို မထင်မှတ်ဘဲ အနီးကပ် ဘွားခနဲ တွေ့လိုက်ရသောခါ ချက်ချင်းပုဂံပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ နှစ်ထပ်ဂူ ဘုရားကြီးမှာ မြောက်ဘက်မုခ်လှည့်ဖြစ်ပြီး၊ ပုဂံမှ ထီးလိုမင်းလို ကန်တော့ပလ္လင်၊ တရုတ်ပြေး၊ ဂူတော်သစ်၊ မြောက်ဂူနီ၊ နာဂဂူဘုရားများကဲ့သို့ နှစ်ထပ်ဂူ ပုံစံတူ ဖြစ်နေ၍ ဖြစ်သည်။

ပိုမိုထူးခြားသည်မှာ ပုဂံရှိ နှစ်ထပ်ဂူ ဘုရားများတွင် မြောက်ဘက်လှည့် ဂူဘုရား မရှိခြင်းပင် ဖြစ်သည်။ ယခု တမုတ်ရွှေဂူကြီး ဘုရားသည် မြောက်ဘက်မျက်နှာလှည့်အသွင် ဖူးမြင်လိုက်ရ၍ ထူးခြားသည်ဟုဆိုရ ခြင်းဖြစ်သည်။

ဆရာဦးဝင်းမောင်က ကြိုဆိုနေရာချထားပြီးနောက် ဆရာတော် သီတင်းသုံးရာ ပြတိုက်ကျောင်းသို့ သွားရောက်၍ ဦးချဂါရဝပြုကြသည်။ ဆရာ၏ မိတ်ဆက်ပေးမှုဖြင့် ဆရာတော်က ဈေးကွက်စာဖတ်သူများ အတွက်ဆောင်းပါးရေးရန် စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ၊ ဆွဲပုံများ တူးဖော်မှုဆိုင်ရာ ဗီစီဒီချပ်တစ်ခု ထုတ်ပေးသည်။ တမုတ်ရွှေဂူသုတေ သနခရီးကား တစ်ညအိပ်ခရီးသာ ဖြစ်သည်။ ခရီးပန်းသော်လည်း မနားနိုင် နှစ်ထပ်ဂူဘုရားထိ ချက်ချင်းသွားရောက် လေ့လာသုတေသန ပြုဖြစ်သည်။ အပေါ်ထပ်သို့ ခဲရာခဲဆစ်တက် ရောက်၍ အင်္ဂတေပန်းတော့ လက်ရာများနှင့် ငါးရာ့ငါးဆယ် အင်္ဂတေဇာတ် ရုပ်ပုံများကို ကြည့်ရှုပြီး ဇာတ်စာအချို့ ဖတ်ဖြစ်သည်။

အောက်ထပ်ပြန်ဆင်းပြီး ဂူအတွင်းရှိ ရုပ်ပွားများ ဆင်းတုတော်များ လေ့လာပြီးနောက် တူးဖော်မှု လုပ်ငန်းဆောင်ရွက်နေပုံကို လေ့လာသည်။ ဆရာဦးဝင်းမောင်သည် တူးဖော်ရေး အလုပ်သမား သုံးယောက်အား ညွှန်ကြားလျက်ရှိသည်။

တစ်နေဝင်၍ ညစာစားပြီး တစ်ညအိပ်စက်နားနေမည့် အဆောင်တော်သို့ရောက်လျှင် စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို ထုတ်ကြည့်ဖြစ်သည်။ မင်းမြတ်အနော်ရထာကို တူးဖော်ရှာဖွေခြင်း အမည်ရှိစာတမ်း တစ်စောင်ကို တွေ့ရသည်။ စာတမ်းရှင်မှာ ဦးဝင်းမောင်(ဝင်းမောင် တမ္ပဝတီ)။ ဆရာကြီး ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ) ၉၃နှစ်မြောက် မွေးနေ့အထိမ်း အမှတ်(မန္တလေး) ၂ဝဝ၉ ခုနှစ် နိုဝင် ဘာလ ၂၅ ရက်တွင် ဖတ်ကြားသော စာတမ်းဖြစ်သည်။ ဆရာသည် တမုတ်မြို့ဟောင်းသို့ ရောက်ရှိကာ ပညာစေတနာ၊ ဝါသနာ လုပ်အား အလှူရှင်အဖြစ် ငါးလကျော်မျှတူး ဖော်မှုပြုပြင်ထိန်းသိမ်းမှုများ လုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်ဆဲရှိနေ သည်။

ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ရောက်သူများ အစစအဆင်ပြေရန် ကြိုဆိုရှင်းပြဆောင်၊ ရှင်းလင်းဆောင်၊ စားသောက်ဆောင်၊ ပြတိုက်၊ တူးဖော်မှု၊ ထိန်းသိမ်းမှု လုပ်ကွက်များ စသည်ဖြင့် စနစ်တကျတွေ့ရသည်။ သာသနာ့ အလံတိုင်များ၊ ဆွဲပုံ၊ ဓာတ်ပုံ၊ ကွန်ပျူတာ ဗီနိုင်းပိုစတာများလည်း စိုက်ထူထားသည်။

အိပ်ရာမဝင်မီ နှစ်ထပ်ဂူတော် ကြီးရှေ့တွင် ဆရာဦးဝင်းမောင်နှင့် စကားပြောဆို ဆွေးနွေးဖြစ်သည်။ ည ၁၁ နာရီမှ အိပ်ရာဝင်ဖြစ်သည်။ မနက်စောစောထပြီး ဆရာတော်ရှိရာ ပြတိုက်ကျောင်းသို့ဝင်၍ ဦးချကန် တော့နှုတ်ဆက်ပြီး ဆရာဦးဝင်းမောင် နှင့်အဖွဲ့ကိုနှုတ်ဆက်ရန် သိမ်ကွက် တူးဖော်နေရာသို့ ရောက်ခဲ့သည်။

ဆရာကား သူ့အဖွဲ့နှင့် နံနက် ၆းဝဝ နာရီကပင် လုပ်ငန်းစနေပြီ။ ဆရာ့ကို မတ်ရပ်ကပင် လက်အုပ်ချီ ဂါရဝပြု နှုတ်ဆက်လိုက်သည်။ ဆရာသည် တူရွှင်းတစ်ချောင်း ဆွဲယူလျက် တူးဖော်ကွက် ကျင်းထဲဆင်းသွားသည်။

''သြော်- မင်းမြတ်အနော်ရထာကို တူးဖော်ရှာဖွေနေဆဲပါလား'' ဟု ရင်တွင်းမှမြည်တမ်းရင်း ကြည်ညိုစိတ်နှင့် သာဓုခေါ်ကာ လှည့်ပြန် မိခဲ့ပါတော့သတည်း။

ကျမ်းကိုး ။ ။ မင်းမြတ်နော်ရထာကို တူးဖော် ရှာဖွေခြင်း။
ဝင်းမောင်(တမ္ပဝတီ)

အ​ထူး​တ​ဆန်း​ ကျင်း​ပ​ခဲ့​သည့်​​ ​ဆာ​ဘီ​ယား​မှ​​ ​က​မ္ဘာ့​ ဝှေး​စေ့​​ ​ဟင်း​ချက်​ပြိုင်​ပွဲ


alt

က​မ္ဘာ့​ဝှေး​စေ့​ ​ဟင်း​ချက်​ပြိုင်​ပွဲ​အား​​ ​ကျင်း​ပ​စဉ်​ ​စား​​သောက်​နေ​သူ​များ​ © dailychilli

ဆာ ​ဘီး​ယား​နိုင်ငံ​ရှိ​​ ​တောင်​ပေါ်​ရွာ​လေး​ ​တစ်​ခု​တွင်​​ ​ထူး​ထူး​ဆန်း​ဆန်း​ ​ဟင်း​ချက်​ပွဲ​တော်​​ ​တစ်​ခု​အား​ ​ကျင်း​ပ​ခဲ့​ကြောင်း​​ ​သိ​ရ​သည်​။ ​သ​တ္တ​မ​အ​ကြိမ်​မြောက်​​ ​က​မ္ဘာ့​ဝှေး​စေ့​ ​ဟင်း​ချက်​ပြိုင်​ပွဲ​အား​​ ​ကျင်း​ပ​ခဲ့​ရာ​ 

လာ ​ရောက်​ကြည့်​ရှု​သူ​များ​သည်​​ ​စား​ဖို​မှူး​များ​၏​​ ​နွား​သိုး​၊​ ​ဝက်​ဝံ​၊​​ ​ကု​လား​အုတ်​၊​ ငှက်​ကု​လား​အုတ်​နှင့်​​ ​သား​ပိုက်​ကောင်​စ​သော​​ ​တိ​ရ​စ္ဆာန်​ ​မျိုး​စုံ​တို့​၏​​ ​ဝှေး​စေ့​များ​ကို​ ​လက်​စွမ်း​ပြ​​ ​ကြော်​လှော်​ချက်​ပြုတ်​နေ​မှု​ကို​ အား​ပေး​ခဲ့​ကြ​သည်​။

ယ​ခု​ပြိုင်​ပွဲ​သည်​​ ​ပျော်​စ​ရာ​ကောင်း​ပြီး​​ ​အ​စား​အ​သောက်​ကောင်း​နှင့်​​ ​ရဲ​ရင့်​မှု​တို့​ ​ပေါင်း​စု​သည့်​​ ​နေ​ရာ​ဟု​ ​ဆာ​ဘီး​ယား​​ ​စား​ဖို​မှုး​ ​ဂျူ​ဘို​မီ​အီ​ရို​ဗစ်​က​​ ​ပြော​ကြား​ခဲ့​သည်​။ ​ဆာ​ဘီး​ယား​တွင်​ ​တိ​ရ​စ္ဆာန်​ဝှေး​စေ့​များ​ဖြင့်​​ ​ချက်​ထား​သော​ ​ဟင်း​လျာ​ကို​​ ​ယဉ်​ယဉ်​ကျေး​ကျေး​ဖြင့်​​ ​ကျောက်​ကပ်​ဖြူ​ဟင်း​ဟု​ခေါ်​သည်​။ ​ယင်း​ဟင်း​သည်​ ​အ​ဖို​ဟို​မုန်း​များ​ကို​ ​လှုံ့​ဆော်​ပေး​ကြောင်း​ ​ယုံ​ကြည်​ကြ​သည်​။ ​ဘော်​ကန်​ဒေ​သ​တွင်​ ​ထို​ဟင်း​မျိုး​သည်​ ​ပန်း​သေ​ပန်း​ညှိုး​ ​ဝေ​ဒ​နာ​ကို​ ​ပျောက်​ကင်း​စေ​သည်​ဟု​ ​ယူ​ဆ​ကြ​သည်​။

နွား​သိုး​ဝှေး​စေ့​သည်​ ဟန်​ဂေ​ရီ​ရိုး​ရာ​စ​တိုင်​ ​ပူ​ပူ​စပ်​စပ်​ ​ချက်​ပါ​က​ ​အ​ကေင်း​ဆုံး​ဟု​ ​ယ​မန်​နှစ်​ ​ချန်​ပီ​ယံ​ ​ဇို​တန်​လီ​ဗိုင်း​က​ဆို​သည်​။ ​ယ​ခု​ပြိုင်​ပွဲ​တွင်​ ​ဝှေး​စေ့​ပီ​ဇာ​နှင့်​ ​ဝှေး​စေ့​အ​ချဉ်​ဆမ်း​ ​မုန့်​များ​ပါ​ ​ပြု​လုပ်​ထား​သည်​။ ​လာ​ရောက်​ကြည့်​ရှု​သူ​များ​သည်​ ​ဝိုင်​၊​ ​ဘီ​ယာ​ ​စ​သည်​တို့​နှင့်​ ​ယင်း​ဟင်း​များ​ကို​ ​မြည်း​စမ်း​ကြည့်​နိုင်​သည်​။ ယ​ခု​ပြိုင်​ပွဲ​သို့​ ​လာ​ရောက်​သော​ ​ပ​ရိ​သတ်​များ​သည်​ ​နှစ်​စဉ်​နှစ်​တိုင်း​လို​လို​ ​ပျော်​ရွှင်​စွာ​ဖြင့်​ ​ပြန်​လာ​လေ့​ရှိ​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။




Virtual ချစ်သူရနိုင်တဲ့ ဂျပန်နိုင်ငံမှ LovePlus+ ဂိမ်း

LovePlus+ ဂိမ်းရဲ့ အဓိက ရည်ရွယ်ချက်က Virtual အမျိုးသမီး ဇာတ်ကောင်ကို ချစ်သူဖြစ်အောင် ပိုးပန်းပြီး ချစ်သူဖြစ်လာတဲ့အခါ ဆက်ဆံရေး တည်မြဲခိုင်ခံ့အောင် ကြိုးစားရတာ ဖြစ်ပါတယ်

Virtual ချစ်သူရနိုင်တဲ့ ဂျပန်နိုင်ငံမှ LovePlus+ ဂိမ်း
 

ဒါမျိုးက ဂျပန်တစ်နိုင်ငံထဲမှာပဲ ရှိပါလိမ့်မယ်။ Honeymoonထွက်တဲ့ စုံတွဲအများစု ရွေးချယ်ကြတဲ့ အပမ်းဖြေမြို့လေး တစ်မြို့မှာ အတုအယောင် Virtual ချစ်သူတွေနဲ့ တွဲပြီးလာကြတဲ့ အမျိုးသားတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ လက်ထပ်သူ အရေအတွက် လျော့နည်းကျဆင်းလာသလို လက်ထပ်ပြီးစ စုံတွဲတွေဟာ အမေရိကန်က ဟာဝိုင်ယီကျွန်းလို၊ ဩစတြေးလျက ဂိုးလ်ကို့စ်လိုနေရာတွေကို Honeymoon အထွက်များလာတာကြောင့် အာတာမီမြို့လေးဟာ လူပျိုအမျိုးသားတွေကို နည်းပညာနဲ့ ဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။

LovePlus+

(LovePlus+ ဂိမ်းမှ virtual ချစ်သူလေး)

ဇူလိုင်(၁၀)ရက်နေ့က စပြီးဖွင့်လှစ်ခဲ့တဲ့ ဟိုတယ်ဝန်ဆောင်မှု အသစ်ကို သဘောကျတာကြောင့် တစ်လထဲမှာကို အမျိုးသား (၁၅၀၀)ကျော်လောက် LovePlus+ ဂိမ်းနဲ့ ချိတ်ဆက်ထားတဲ့ အစီအစဉ်ကို အသုံးပြုခဲ့ကြပါတယ်။ ဟိုတယ်မှာ လာတည်းတဲ့ အမျိုးသားတွေက လူသားစစ်စစ်ပါ။ ဒါပေမယ့် သူတို့ကို အဖော်ပြုပေးနေတာကတော့ ဗီဒီယိုဂိမ်းထဲက ကာတွန်းချစ်သူလေးတွေ ဖြစ်ပါတယ်။ Konami ကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ Nintendo ဂိမ်းကိရိယာလေးတွေနဲ့ ကစားရတဲ့ LovePlus+ ဂိမ်းထဲက ဇာတ်ကောင်မိန်းကလေးတွေနဲ့ ချစ်သူအဖြစ် အချိန်းအချက်လုပ်ပြီး ဟိုတယ်ကို အပမ်းဖြေခရီး ထွက်ကြတဲ့သူတွေ များလာတာပါ။ LovePlus+ ဂိမ်းဟာ လူတိုင်းကို မြီးကောင်ပေါက်အရွယ် အချစ်မျိုး ခံစားချက်ကို နိုးကြွစေတယ်လို့ ဆိုပါတယ်။ Virtual မိန်းကလေးတွေဟာ ဂျပန်လူငယ်တွေအတွက် အကောင်းဆုံး ဒီဂျစ်တယ်အဖော်တွေ ဖြစ်လာသလို ပြီးခဲ့တဲ့နှစ်ကဆိုရင် ဂိမ်းထဲက မိန်းကလေးတစ်ယောက်ကို ဂျပန်ဂိမ်းဝါသနာရှင် လူငယ်လေးတစ်ယောက်က ဇနီးသည်အဖြစ် ထိမ်းမြားမင်္ဂလာဆောင်ခဲ့ပါသေးတယ်။ “အာတာမီဟာ အမြဲတမ်း Romanticဆန်တဲ့ မြို့လေးပါ။ ဒါပေမယ့် ခုဟာကတော့ ခေတ်သစ်မျိုးဆက်တစ်ခုအတွက် နည်းပညာဆန်တဲ့ Romantic မြို့ ဖြစ်လာပါတယ်”လို့ အာတာမီမြို့ဝန် ဆာကေးဆိုင်တိုက ပြောသွားခဲ့ပါတယ်။

LovePlus+

(LovePlus+ ဂိမ်းမှ virtual ချစ်သူလေး)

LovePlus+ ဂိမ်းရဲ့ အဓိက ရည်ရွယ်ချက်က Virtual အမျိုးသမီး ဇာတ်ကောင်ကို ချစ်သူဖြစ်အောင် ပိုးပန်းပြီး ချစ်သူဖြစ်လာတဲ့အခါ ဆက်ဆံရေး တည်မြဲခိုင်ခံ့အောင် ကြိုးစားရတာ ဖြစ်ပါတယ်။ LovePlus+ ဂိမ်းကို စွဲစွဲမြဲမြဲ ကစားနေတဲ့ ရှန်ဆူကီကာတိုက သူပထမဆုံးအကြိမ်အဖြစ် အာတာမီကို ဂိမ်းထဲက ချစ်သူနဲ့အတူ ရောက်ခဲ့တယ်လို့ ပြောပြသွားပါတယ်။ အလုပ်အရမ်းများတဲ့ ရှန်ဆူကီဟာ ဂိမ်းထဲကချစ်သူ မာနာကာအတွက် တစ်နေ့ကို (၁၀)မိနစ်လောက်သာ အချိန်ပေးပြီး အဲဒီဂိမ်းကို ဆော့ရပါတယ်။ “အားလပ်တဲ့နေ့တွေမှာတော့ တစ်နာရီကနေ၊ နှစ်နာရီလောက်ပဲ ကစားဖြစ်တယ်။ ကျွန်တော့်သူ့အတွက် အချိန်မပေးနိုင်တော့ မာနာကာက စိတ်မကောင်းဘူး”လို့ ရှန်ဆူကီက ဆိုပါတယ်။ အခုလည်း အားလပ်ရက်ရတဲ့အချိန် ချစ်သူကို ချော့တဲ့အနေနဲ့ အာတာမီမြို့လေးဆီ အတူလာခဲ့တတာပါလို့ သူက ရှင်းပြခဲ့ပါတယ်။ တိုကျိုမြို့တော်ကနေ တစ်နာရီလောက် ရထားစီးရုံနဲ့ ရောက်လာနိုင်တဲ့ မြို့လေးဟာ တစ်စထက်တစ်စ ဧည့်သည်လျော့နည်းလာနေပါတယ်။ ညအိပ်ညနေ လာတည်းတဲ့ ဧည့်သည်အရေအတွက်ဟာ (၁၉၆၀)ပြည့်လွန်နှစ်တွေမှာ အမြင့်ဆုံး ရောက်ခဲ့ပေမယ့် အခုတော့ အဲဒီပမာဏနဲ့ယှဉ်ရင် တစ်ဝက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ အခုတော့ LovePlus+ရဲ့ ကျေးဇူးနဲ့ စည်စည်ကားကား ပြန်ဖြစ်စ ပြုလာပါပြီ။ အာတာမီမှာ LovePlus+ ချစ်သူတွေအတွက် အထူးအစီအစဉ်တွေလည်း ရှိပါတယ်။ ယာမာဒါယာဆိုတဲ့ ဆိုင်လေးဟာ LovePlus+ စုံတွဲတွေအတွက် အထူးစပါရှယ် ငါးကိတ်မုန့်ကို ဇူလိုင်လကုန်က စပြီးရောင်းချနေပါပြီ။ ယန်း(၄၅၀)တန် ကိတ်တွေကို တစ်နေ့အခု (၁၅၀)လောက် ရောင်းရတယ်လို့လည်း သိရပါတယ်။

LovePlus+

(ကိုရီးယားအသားကင်ဆိုင်ရှင်ပိုင်ရှင် ကန်ဂျီနာကာဆာဝါ)

ကိုရီးယား အသားကင်တွေ ရောင်နေတဲ့ ဟီအန်းဆိုတဲ့ ဆိုင်ကလည်း အားကျမခံ အထူးအစီအစဉ် လုပ်ထားပါသေးတယ်။ LovePlus+ စုံတွဲတွေအတွက် သီးသန့် Menu ထားရှိပေးထားသလို ဂျပန်ရိုးရာအမဲကင်နဲ့ ဖွယ်ဖွယ်ရာရာ အရံဟင်းတွေ ရနိုင်မှာပါ။ ဒီအစားအသောက်တွေကို မှာယူစားသောက်ရင်း LovePlus+ ဂိမ်းကစားသူတွေဟာ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ကာလလေးတစ်ခုကို ဂိမ်းထဲက ချစ်သူနဲ့အတူ ကုန်ဆုံးခွင့်ရမှာပါ။ “အရမ်းအံ့ဩမိတယ်။ ဒီလိုအချိန်လေးအတွက် Customer တွေ ဘယ်လောက်တောင် ပျော်ရွှင်ကြည်နူးနေတယ်ဆိုတာ ရှင်းမပြတတ်တော့ဘူး။ သူတို့တကယ့်ကို ကျေနပ်နှစ်သက်ကြတယ်”လို့ ဟီအန်းရဲ့ ဆိုင်ပိုင်ရှင် ကန်ဂျီနာကာဆာဝါက ပြောပြသွားပါတယ်။


ကမ္ဘာ့အစောဆုံးစာအုပ် တောင်ကိုရီးယားမှ ပါမောက္ခတစ်ဦး ရှာဖွေတွေ့ရှိ

ကမ္ဘာပေါ်တွင် အစောဆုံး စာအုပ်အဖြစ် တရားဝင် သတ်မှတ်ထားသည့် စာအုပ်ထက် သက်တမ်းနှစ် (၁၀၀) ပိုစောသော စာအုပ်များကို ရှာဖွေတွေ့ရှိခဲ့

ကမ္ဘာ့အစောဆုံးစာအုပ် တောင်ကိုရီးယားမှ ပါမောက္ခတစ်ဦး ရှာဖွေတွေ့ရှိ
 

တောင်ကိုရီးယားနိုင်ငံ တက္ကသိုလ်တစ်ခုမှ ပါမောက္ခ တစ်ဦးသည် ကမ္ဘာပေါ်တွင် အစောဆုံး စာအုပ်အဖြစ် တရားဝင် သတ်မှတ်ထားသည့် စာအုပ်ထက် သက်တမ်းနှစ် (၁၀၀) ပိုစောသော စာအုပ်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ရွေ့လျားနိုင်သော သတ္တုစာရိုက်ကိရိယာနှင့် ရိုက်နှိပ်ထားသည်ဟု ယုံကြည်ရသော စာအုပ် (၁၂) အုပ်ကို ဒေဂူးရှိ ကျွမ်းပွတ်ခ် အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ နမ်ကွမ်ဟွီက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းစာအုပ်များသည် (၁၃၇၇) ခုနှစ်က ဗုဒ္ဓ၏ တရားဓမ္မများကို ရိုက်နှိပ်ထားသည့် အစောဆုံး ဂျစ်ဂျီစာအုပ်ထက် အနည်းဆုံး (၁၃၈)နှစ် သက်တမ်းပိုရင့်ကြောင်း နမ်က ပြောကြားခဲ့သည်။ ဂျစ်ဂျီသည်လည်း ရွေ့လျားနိုင်သော သတ္တုစာရိုက် ကိရိယာဖြင့် ရိုက်နှိပ်ထားခြင်းဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ကြီး (UNESCO)က ဂျစ်ဂျီအား ကမ္ဘာပေါ်တွင် အစောဆုံး ပုံနှိပ်စာအုပ်အဖြစ် (၂၀၀၁) ခုနှစ်က တရားဝင် အသိအမှတ်ပြု ဖော်ပြခဲ့သည်။


မြန်မာ့ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်း အောက်တိုဘာလတွင် တကယ် ကန်တော့မည်

မြန်မာ့ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းနှင့် မြန်မာနိုင်ငံ ရှေ့နေများအသင်း တို့သည် အောက်တိုဘာလ ပထမပတ် အတွင်း 'ကညာပျိုနှင့် ဇရာအို' နာမည်ဖြင့် ဘောလုံးစတင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး မြန်မာ ရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းသို့ အနုပညာရပ်ဝန်းမှ သရုပ်ဆောင်သစ် များလည်း ပါဝင် ကစားလာကြကြောင်း သိရှိရသဖြင့် မြန်မာ့ရုပ်ရှင် ဘောလုံးအသင်းမှ အတွင်းရေးမှူး ဦးသန်းဝင်းအား တွေ့ဆုံ မေးမြန်းခဲ့ရာတွင်- ''ကျွန်တော်တို့ (၁ဝ)လပိုင်းလောက် စကန်မယ်။ ခု အမျိုးသမီးဘောလုံး အသင်းမှာ အသင်းဝင် (၃၅)ယောက်ကျော်ရှိပြီ။ လူသစ်တွေလည်း ပါလာပါတယ်။
အသစ်တွေကို Training အစကနေ ပြန်သင်ပေးတယ်။ လူဟောင်းတွေကလည်း ဆက်လေ့ကျင့်ပေါ့။ ခုလူသစ်တွေ ကလည်း တကယ် ကန်နိုင်ကြမှာပါ။ ဖြစ်အောင် လုပ်ချင်တော့ ဖြစ်လည်း ဖြစ်လာကြမှာပါ။ ဒီရုပ်ရှင်အမျိုးသမီး ဘောလုံးအသင်းကို နောက်ထပ် ဝင်ချင်ရင် ဒီ 'ကညာပျိုနဲ့ဇရာအို' ဘောလုံးပွဲ အတွက်တော့ လက်သင့်မခံဖြစ်တော့ဘူး။ ဒါပေမဲ့ နောက်ပွဲတွေ အတွက်တော့ လက်သင့်ခံမှာပါ။ သူတို့က ခုမှအစကန်မှာ ဆိုတော့ ရွယ်တူတွေနဲ့ ကန်လို့မဖြစ်သေးဘူးလေ။ လူကြီးပိုင်းနဲ့ စကန်တာပေါ့။ Air Bagan နဲ့က မန်နေဂျာ ကြီးတစ်ယောက်နဲ့ စကားပြောရင်း ''ဟာ ကျွန်တော် ဟိုတုန်းက မို့မို့မြင့်အောင်တို့ အသင်းတွေမှာ ကျွန်တော် ကန်တယ်၊ ဒါဖြင့်ရင် မင်းသမီး အသင်းရှိရင်ဗျာတဲ့ ကျွန်တော်တို့ Air Bagan လေယာဉ်မယ်နဲ့ ကန်ကြရအောင်''ဆိုပြီး ပါးစပ်စကား ပြောထားတာပါ။ ဒါတော့ တရားဝင် မဟုတ်ပါဘူး။ ကားပေါ်မှာ နှစ်ယောက်ပြောကြတဲ့ စကားက ပြန့်သွားတာပါ။ ကျွန်တော်တို့ ဘောလုံးစကန်လို့ ရှိရင် ဝင်ကြေး အနေနဲ့က ကျပ်ငါးထောင်လောက်တော့ စကောက်မှာပါ။ ကျွန်တော်တို့ ဒီမှာ ဘောလုံးကန်တယ်။ ရုပ်ရှင်အဖွဲ့က သွားကန်တယ် ဆိုလို့ရှိရင် အဆိုပိုင်းလည်း ပါမယ်။ (၄)နာရီလောက် ကန်မယ်ဆိုရင် (၁၂)နာရီလောက်က စပြီး ဆိုမယ်။ ဒါကျွန်တော်တို့ ဒီလိုပဲ လုပ်ပါတယ်။ အောင်ဆန်းကွင်းမှာ ကန်မယ်ဆိုရင် ပိုအဆင် ပြေတယ်။ အဆိုတော်တွေက အများကြီး လာကြမှာပေါ့။ ဒီမှာရှိတဲ့လူက အကုန်ကူမှာပဲ။ ရုပ်ရှင်အစည်းအရုံးရဲ့ ပံ့ပိုးမှုဆိုတော့ ရုပ်ရှင်သမားတွေက အကုန်ကူပါတယ်။ မြန်မာ့အမျိုးသမီး ဘောလုံးအသင်းကလည်း ကူမှာ။ သူတို့ကိုတစ်ခါတည်း ခေါ်ထားတာ။ သူတို့မိဘတွေကလည်း ရုပ်ရှင်ထဲကပဲ ကားဆက်တာတို့၊ ရုပ်ရှင်ထဲက သားသမီးတွေ၊ သရုပ်ဆောင်တွေ၊ ဂီတထဲကလူတွေ ရှိတယ်။ သူတို့ တွေလည်း ပါကြမှာပါ''။


စင်ကာပူ ပိုလီကျောင်း သိမှတ်ဖွယ် သင်တန်း အခမဲ့တက်ရောက်နိုင်


ပိုလီကျောင်းများ လျှောက် ထားခြင်းနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ အထွေထွေ ဗဟု သုတ တိုးပွားစေရန် အခမဲ့သင် တန်းတစ်ခုကို စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီတွင် ဆန်းမစ် ပတ်ဗျူး ဟိုတယ်၌ ဖွင့်လှစ်ပေး မည်ဖြစ်ကြောင်း CROWN  Education မှ ဦးအောင်ကျော်ဆန်း က ပြောကြားသည်။ စင်ကာပူနိုင်ငံ ပိုလီကျောင်း အများစုက စက်တင်ဘာလဆန်း ပိုင်းမှာ လျှောက်ထားလို့ရပြီ။ အဲဒီ အတွက်ရည်ရွယ်ပြီး ဒီသင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးတာပါ။ ကျောင်း သားတွေ အသိနည်းတဲ့ Intake Planned နဲ့ ဝင်ခွင့်တွေကို ဆုံးဖြတ် တဲ့ Cut-Off-Point တွေ အ ကြောင်းနဲ့၊ ဘာသာရပ်တွေကို ရွေး ချယ်နည်းတွေ၊ မိမိတို့ရဲ့ အမှတ် အလိုက် ဝင်ခွင့် အားသာစေတဲ့ ဘာသာရပ်များ ရွေးချယ်နည်းများ အစရှိတဲ့ သိသင့်သိထိုက်တဲ့ အကြောင်းတွေကို သင်ကြားပေးမှာ ပါ ဟု ၄င်းက ပြောသည်။ ပိုလီကျောင်းများကို Online မှ တစ်ဆင့် ကိုယ်တိုင်လျှောက်ထား နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
မင်းသုအောင်




ဘရာဇီး၌ မွေးခန်းအတွင်း ဆရာဝန် နှစ်ဦး ရန်ဖြစ် နေစဉ် ရင်သွေးငယ် သေဆုံး


ဘရာဇီးနိုင်ငံရှိ ဆေးရုံတစ်ရုံမှ မွေးခန်း အတွင်းတွင် ဆရာဝန် နှစ်ဦး
ရန်ဖြစ်နေစဉ် ရင်သွေးငယ် သေဆုံး သွားသောကြောင့် ယင်းကိစ္စကို စုံစမ်း
စစ်ဆေးလျက် ရှိကြောင်း သိရသည်။ အီဗင်ဟီမာမြို့ရှိ ဆေးရုံတွင် ဆရာဝန်
နှစ်ဦးက မွေးပေးရန် မည်သူ တာဝန် ယူမည် ဆိုခြင်း နှင့် ပတ်သက်ပြီး အငြင်း
ပွားကာ ခိုက်ရန် ဖြစ်ပွားခဲ့ သောကြောင့် လုံခြုံရေး များဖြင့် မွေးခန်း
အတွင်းမှ ဆွဲထုတ် ခဲ့ရသည်။ နောက်ထပ် ဆရာဝန် တစ်ဦး ရောက်လာကာ မွေးဖွားေ
ပးရန် ကြိုး ပမ်းခဲ့ သော်လည်း မိခင်ကိုသာ အသက် ကယ် နိုင်ခဲ့ပြီး ကလေးမှာ
အသေ မွေးလာ ခဲ့သည်။ ဆရာဝန်နှစ် ဦး၏ ခိုက်ရန် ဖြစ်ပွားမှုမှာ ကလေး သေဆုံးမှု
နှင့် မည်သို့ ဆက်စပ် နေသည် ကို ရှင်းရှင်း လင်းလင်း မသိရသေး ကြောင်း
စစ်ဆေးရေး အရာရှိတစ်ဦး က ပြောကြား ခဲ့သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ဂီစလေနီဒီမာတို့စ်ရိုဒရီဂွက်စ်သည် မီး ဖွားပေးရန် ဆရာဝန်တစ်ဦးအား ပန် ကြားခဲ့သည်။ မီးဖွားပေးရန်အတွက် ယင်းဆရာဝန်က ပြင်ဆင် မှုများပြု
လုပ်ပြီးနောက်တွင် အခြား ဆရာဝန် တစ်ဦးရောက်လာခဲ့ကာ ယခုလုပ်ငန်း စဉ်မှာ
မိမိတာဝန်ချိန်တွင်းဖြစ်သော ကြောင့် မိမိ ဆောင်ရွက် ရမည့်ကိစ္စဖြစ် ကြောင်း
ပြောကြား ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆရာဝန်နှစ်ဦး အချင်းများကာ ထိုး ကြိတ်သည်အထိဖြစ်ခဲ့သည်။ ကိုယ် ၀န်ဆောင်အမျိုးသမီး၏ခင်ပွန်းဖြစ်သူ ဂီဘက်တိုမယ်လိုကာဘရီယာက ''အကြီးအကျယ်ကို ချကြတာပါ။ ကြမ်းပြင်ပေါ်မှာ
လုံးလားထွေးလား ဖြစ်လာတဲ့နောက် ကျွန်တော့်မိန်းမက သူတို့ကို
ရပ်ကြဖို့အော်ပါတယ်''ဟု ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် လုံခြုံရေးဖြင့် ဖယ်ရှားခဲ့ရသည်ဟု ¤င်းက ပြောပြသည်။ ယင်းနှစ်ယောက်ကို ဖယ်ရှား ပြီးနောက် မိနစ် ၉၀ မျအကြာတွင် အရေးပေါ်ဗိုက်ခွဲမွေးရန်အတွက်
နောက်ထပ်ဆရာဝန်တစ်ဦးရောက်လာ ခဲ့သော်လည်း ကလေးမှာ အသေမွေး လာခဲ့သည်။
ယင်းကလေး၏ သေ စာရင်းတွင် သေဆုံးရသည့်အကြောင်း အရင်းကို
အောက်ဆီဂျင်မရရှိမှုဟု ဖော်ပြထားပြီး အသေးစိတ်အခြေအ နေများကို
ဆက်လက်စစ်ဆေးနေစဲ ဖြစ်သည်။


အံ့ဖွယ်တံတား15စင်း၏ညအလှ


15 Amazing Night Bridge Photos (P1)

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia

Click here to join fun-maafia



--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.com/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/



Reply all
Reply to author
Forward
0 new messages