| အွန်လိုင်းမှတစ်ဆင့် နာမည်ကြီးစူပါမားကတ် ၅ ခုတွင် ဈေးဝယ်နိုင်တော့မည် |
|
| City Mart , Ocean, Balazon, Capital, Orange စသည့် စူပါမားကတ်ကြီးများမှ ကုန်စည်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူရရှိနိုင်ရန် ရတနာပုံ အမျိုးသားဝက်ဘ်ပေါ်တယ်က ဆောင်ရွက်လျက်ရှိကြောင်း ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ စီစဉ်ဆောင်ရွက်မှုတွင် ရန်ကုန်မြို့၏ နာမည်ကြီးစူပါးမားကတ် ၅ ခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များလည်း ပါဝင်မှုရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ အဆိုပါ အွန်လိုင်းဈေးဝယ်မှုကိစ္စရပ်အား www.yatanarpan.com.mm အမည်ရှိသော ၀က်ဘ်ပေါ်တယ်ပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၀က်ဘ်ပေါ်တယ်တွင် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်နိုင်စေရန် ငွေပေးချေမှုကိစ္စရပ်များကို ပြည်တွင်းပုဂ္ဂလိကဘဏ်နှစ်ခုနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်က ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကြောင့် အွန်လိုင်းငွေပေးချေနိုင်မှု ကိစ္စရပ်ပေါ်ပေါက်လာနိုင်မည်ဖြစ်ပြီး အဆိုပါ အွန်လိုင်းငွေပေးချေနိုင်မှုကိုအခြေပြု၍ အခြားသော စီးပွားရေးလုပ်ငန်းများ ထပ်မံဖြစ်ထွန်းလာနိုင်မည် ဖြစ်သည်။ |
ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက် က တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် အမျိုးသား အဆင့် ရတနာပုံ နေရှင်နယ် ၀က်ဘ်ပိုတယ် Yatanapon National Web Portal (www.yatanapon.com) ကို မကြာမီ ဖွင့်လှစ် တော့မည်ဖြစ် ကြောင်း၊ အွန်လိုင်း အကြိုက် တွေ့နိုင်မည့် ကဏ္ဍ အလိုက် တည်ဆောက် မည်ဖြစ်ရာ သက်ဆိုင်ရာ ကဏ္ဍ အလိုက် အချက် အလက် များ ပေးပို့ ပူးပေါင်း ဆောင်ရွက် ရန် မီဒီယာ များ၊ ကြော်ငြာ အေးဂျင့်များ၊ စိတ်ဝင်စားသူ များကို ဖိတ်ခေါ် ထားကြောင်း၊ ရတနာ ပုံနေ ရှင်နယ် ၀က်ဘ် ပိုတယ်သည် အင်တာနက် သုံးစွဲ သူများ အတွက် ပိုမို လွယ်ကူ လျင် မြန်အဆင်ပြေ အကျိုး ရှိကာ ကုန်ကျ စရိတ် လည်း သက်သာမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်း အချက် အလက်နှင့် နည်းပညာ အင်ဂျင် နီယာချုပ် ဦးဇော်မင်းဦး ကပြောကြားသည်။ အင်တာနက် စာမျက်နှာများ
ဝက်ဘ်ပိုတယ် (web portal) ဆိုသည်မှာ အင်တာနက် စာမျက်နှာ များဖြစ်ကြောင်း၊ လူပုဂ္ဂိုလ် တစ်ဦး၊ ကုမ္ပဏီ တစ်ခု၊ အဖွဲ့အစည်း တစ်ခု၏ ၀က်ဘ်ဆိုက်မျိုး မဟုတ်ဘဲ လူအများ အသုံးချ နိုင်သည့် သတင်း အချက် အလက်များ၊ လူအများ သိချင်သည့် သတင်းအချက် အလက် အားလုံး တစ် ဦး တစ်ယောက်ချင်း စီ၏ Home page စာမျက်နှာ အားလုံးကို ပေါင်းစပ် ဖော်ပြ သည့် အင်တာနက် စာမျက်နှာ များ ဖြစ်ကြောင်း သိရသည်။ အင်တာ နက်တွင် လူအများဆုံး သုံးသည်မှာ အီးမေးလ် ဖြစ်ပြီး ဒုတိယအများဆုံး သုံးသည်မှာ ဘရောင်းဆင်း၊ ဆာ့ခ်ျ ချင်း (သတင်းအချက် အလက်ရှာဖွေ ခြင်း) ဖြစ်ကြောင်း သိရသည်။
သတင်း၅၀ ရာခိုင်နှုန်း
ရတနာပုံဝက်ဘ် ပိုတယ်ကို အကောင် အထည် ဖော်ရာတွင် သတင်း အချက် အလက် ရာခိုင်နှုန်း ၅၀ လွှမ်း မိုး ပါဝင် မည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး သတင်း စကား ပြောနိုင်မည့် social network လည်း ပါဝင်မည် ဖြစ်ကြောင်း၊ သတင်း အချက်အလက် ရှာဖွေနိုင် မည့် ဆာ့ခ်ျ အင်ဂျင်လည်း ပါဝင်ကြောင်း သိရသည်။
ကဏ္ဍများ
ရတနာပုံ ၀က်ဘ် ပိုတယ်တွင် အား ကစားကဏ္ဍ၊ နည်းပညာ ကဏ္ဍ၊ lifestyle ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတို့ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။
အွန်လိုင်းဖျော်ဖြေမှု
ရတနာပုံ ၀က်ဘ် ပိုတယ်တွင် အွန် လိုင်း ဈေးဝယ်ခြင်း၊ အွန်လိုင်း ကြော်ငြာ၊ အွန်လိုင်း ဖျော်ဖြေမှု ကဏ္ဍ တို့လည်း ပါ ၀င်ကြောင်း၊ ဖျော်ဖြေရေး ကဏ္ဍတွင် Family Entertainment, ရွှေသံလွင် မီဒီယာ အုပ်စုတို့နှင့် ပေါင်းစပ် အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရ သည်။
အွန်လိုင်းရေဒီယို
ထို့အပြင် အွန်လိုင်းမှ တစ်ဆင့် FM ရေဒီယို တစ်ကမ္ဘာလုံး အသံ ဖမ်းယူ နားဆင် နိုင်ရေး အတွက်လည်း စီစဉ် ထားကြောင်း သိရသည်။
အွန်လိုင်းငွေပေးမှု
အွန်လိုင်း ငွေပေး ငွေချေ (online payment) ခွင့်ပြုလျှင် ဆောင်ရွက်နိုင် ရန် အေးရှား ဂရင်း ဒီ ပဲလော့ မင့်ဘဏ်၊ ယူနိုက်တက် အမရာ ဘဏ်တို့နှင့် ပူး ပေါင်း စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း၊ ဘဏ်၌ ငွေစာရင်း ရှိလျှင် အွန်လိုင်းပေါ် တွင် ဈေးဝယ် ငွေပေးချေ နိုင်ခြင်း၊ တယ် လီဖုန်းခ၊ လျှပ်စစ်ခ၊ အခြား အခွန် အခ တို့ကိုလည်း ပေးချေ နိုင်ခြင်း စသည်ဖြင့် ဆောင်ရွက် နိုင်မည့် အလားအလာ လည်း ရှိကြောင်း သိရသည်။
အွန်လိုင်း ပေါ်တွင် မိုဘိုင်း ဖုန်းသုံးနိုင်ရေး
ထို့အပြင် အွန်လိုင်း ပေါ်တွင်မို ဘိုင်း တယ်လီဖုန်းများ (GSM, CDMA စသည်) Data Network သွားနိုင်ရန် စမ်းသပ် နေကြောင်း၊ စက်ပစ္စည်းများ အဆင်သင့် ဖြစ်သည့်အခါ ဆောင် ရွက် နိုင်မည် ဖြစ်ကြောင်းသိရသည်။
ပြည်ပသတင်းတရားဝင်
ပြည်ပ သတင်းများ ဖော်ပြရာတွင် ဆင်ဟွာ၊ အေအက်ဖ်ပီ၊ ရိုက်တာ တို့မှ သတင်း အသုံးပြုခွင့်ကို တရား ၀င်ဝယ် ယူထားကြောင်း၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့် ပြည်တွင်း content providers များကိုလည်း ထိုက်သင့် သည့်ငွေကြေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အကျိုးကျေးဇူးများ
ရတနာပုံ ၀က်ဘ် ပိုတယ် ၏အကျိုး ကျေးဇူးများနှင့် စပ်လျဉ်း၍-
- မိမိနိုင်ငံ အတွင်း ထားရှိသည့် အတွက် ပြည်တွင်းမှ အင်တာနက် အသုံးပြုသူများ အနေဖြင့် လျင်မြန် လွယ်ကူစွာ သုံးစွဲနိုင်ခြင်း
- မြန်မာ ဘာသာဖြင့် ဖော်ပြ ထားသောကြောင့် အပြည့်အ၀နား လည်အသုံးပြုနိုင်ခြင်း
- မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက် ညီစေရန် စိစစ် ထားပြီး ဖြစ်သည့် (social network) လူမှုဆက်သွယ် ရေး ကွန်ရက် ပေါ်တွင် လူကြီး၊ လူ ငယ်၊ ကျား၊မ မရွေး ယုံကြည်စိတ်ချ စွာ သုံးစွဲနိုင်ခြင်း၊
- စီးပွားရေး ဆိုင်ရာ အချက် အလက်များ ပေးပို့ ရယူဖြန့်ဖြူး ရာတွင် ပြည်တွင်း သာမကပြည်ပ သို့ပါ လွယ် ကူမြန်ဆန်စွာ ချိတ်ဆက် နိုင်ရန် စီစဉ် ပေးထားခြင်း ကြောင့် စီးပွားရေး လုပ် ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် လာစေရန် အထောက် အကူပြုခြင်း၊
- Web Portal မှတစ်ဆင့် ခေတ်မီ နည်းပညာ များကို ရယူအသုံး ပြုလာနိုင်ခြင်း ကြောင့် ပြည်သူများ၏ လူမှု စီးပွားရေး ဘ၀ အဆင့် အတန်းမြင့် မား လာစေခြင်း စသည်တို့ ဖြစ်ကြောင်း သိရသည်။
မော်ကျွန်းစိုးမြင့်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်း များ ကို ချပေး နေသဖြင့် မိုဘိုင်းဖုန်း သုံးစွဲသူ အရေအတွက် တိုးပွား ကာ တယ်လီဖုန်း hand set အ ရောင်းဝယ်မှုနှင့် ပြင်ဆင်မှု service လုပ်ငန်း ကြီးထွား လျက် ရှိကြောင်း၊ မိုဘိုင်း ဆက်သွယ်ရေး စခန်း များ တိုးချဲ့ လျက် ရှိကြောင်း၊ ပြင်ဦး လွင်မြို့နယ် ရတနာ ပုံမြို့ သစ် ၌ ကုမ္ပဏီ များက မိုဘိုင်း ဆက်သွယ် ရေး စက်ပစ္စည်း များ ထုတ်လုပ် လျက် ရှိကြောင်း၊ သို့ဖြစ်၍ မိုဘိုင်း တယ်လီဖုန်း စက်မှု လုပ်ငန်း (Mobile Phone Industry) မှာ မထင်မှတ်ဘဲ အလျင် အမြန် အံ့သြစရာ ကြီးထွား လျက် ရှိနေကြောင်း သိရ သည်။
အင်တာနက် ချိတ်ဆက်ခွင့်
ဆက်လက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်း ဖုန်းများ ကို ချပေး ဦးမည်ဖြစ်ပြီး မိုဘိုင်း ဖုန်းဖြင့် အင်တာနက် ချိတ်ဆက် ခွင့် ရရန်လည်း စီစဉ် လျက်ရှိရာ မိုဘိုင်းဖုန်း စက်မှု လုပ် ငန်း (Mobile Phone Industry) သည် မကြာမီ ကာလတွင် ပို၍ ကြီးထွား လာဦးမည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဖုန်းချပေးမှု
သက်ဆိုင်ရာ ၏ ထုတ်ပြန်ချက် စာရင်း ဇယား အရ မိုဘိုင်း တယ်လီဖုန်း ချထား ပေးမှုအခြေအနေ မှာ-
- CDMA (mobile) တယ်လီဖုန်း ၅၄၅၆၁ လုံး၊
- CDMA 800 တယ်လီဖုန်း ၁၅၀၀၀၀၊
- D-AMPS တယ်လီဖုန်း ၃၈၄၀၀၊
- GSM တယ်လီဖုန်း ၄၉၄၃၀၀၊
- WCDMA တယ်လီဖုန်း ၂၈၀၀၀၊
- Mc WLL တယ်လီဖုန်း ၅၀၀၀၀၊
- စုစုပေါင်း ၁၃သိန်းကျော် (၁၃,၀၆,၃၅၀) ဖြစ်ကြောင်း သိရသည်။
သိပ်သည်းဆ
မြန်မာနိုင်ငံ တွင် တယ်လီဖုန်း သိပ်သည်း ဆနှင့် စပ်လျဉ်း၍ လူ ၁၀၀လျှင် ၁၉၈၈ ခုနှစ်တွင် ၁ ဒသမ ၉၂သာ ရှိခဲ့ရာမှ ယခု ၂၀၁၀ တွင် ၃၇ ဒသမ ၇၈ အထိ ရှိလာ ကြောင်း သိရသည်။
ဆောင်ရွက်ဆဲ လုပ်ငန်းများ
ဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ဆဲ လုပ်ငန်းများမှာ-
- တည်ဆောက်ဆဲ ဒစ်ဂျစ်တယ် မိုက္ကရိုဝေ့ဖ် စခန်းပေါင်း ၈၁ခု၊
- ဆောင်ရွက်ဆဲ GSM ရေဒီယိုစခန်း ၃၀ (၆၁၄၀၀လိုင်း)၊
- CDMA – 450 မိုဘိုင်းဖုန်း (ယာဉ်တင်) ဆောင်ရွက်ဆဲ စခန်း ၁၅၁ ခု (၂,၈၁,၀၀၀ လိုင်း)၊
- CDMA – 800 WLL မိုဘိုင်းဖုန်း ဆောင်ရွက်ဆဲစခန်း ၄၂ ခု (၁,၀၀,၀၀၀ လိုင်း) ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းသစ်၊ အလုပ်အကိုင်သစ်
ယခု ကဲ့သို့ မိုဘိုင်း တယ်လီဖုန်း စက်မှုလုပ်ငန်း (Mobile Phone Industry) ဖွံ့ဖြိုး ကြီးထွား လျက် ရှိနေသဖြင့် လုပ်ငန်း သစ်များ ရှိလာပြီး အလုပ်အကိုင် အခွင့်အလမ်း သစ်များ ပေါ် လာခြင်း၊ အလုပ် အကိုင် ရရှိကြခြင်း၊ တယ်လီဖုန်း Hand set အရောင်းအ၀ယ် ဆိုင်များနှင့် ပြင်ဆင်ရေး Service centre များ တိုးပွား များပြား လာပြီး အလုပ်အကိုင် သစ်များ ရရှိကြခြင်း စသည့် အကျိုး သက်ရောက်မှုများ ရရှိ နေကြောင်း သိရသည်။
မြန်မာပို့စ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
အနေဖြင့် WCDMA(Wide band code division multiple access) ဖုန်းများနှင့်
ဂျီအက်စ်အမ်ဖုန်းများတွင် အင်တာနက် အသုံးပြုနိုင်ရန်အတွက် စမ်းသပ်မှုများ
ပြုလုပ်နေပြီဖြစ်ပြီး ထိုစနစ်အား ယခုနှစ်ကုန်ပိုင်းတွင်
ဝန်ဆောင်မှုပေးသွားရန် ဆောင်ရွက်နေကြောင်း ယင်းလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ ထိုကဲ့သို့ WCDMA နှင့် ဂျီအက်စ်အမ်ဖုန်းများတွင် အင်တာနက်
အသုံးပြုနိုင်သည့် စနစ်ကို 3G Network ရှိသော WCDMA 2100 MHz Frequency
ဖုန်းများနှင့် GSM 900 MHz ဖုန်းများတွင်အသုံးပြုနိုင်ရန်
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “အခုလတ်တလောမှာတော့ နည်းပညာပိုင်း
စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ဒဗလျူစီဒီအမ်အေနဲ့ ဂျီအက်စ်အမ်ဖုန်းတွေမှာ
အင်တာနက်သုံးလို့ရမယ့် ဒီစနစ်ကို ဒီနှစ်မကုန်ခင် ဒါမှမဟုတ်
နောက်နှစ်ဆန်းပိုင်းလောက်ပေးဖို့ လုပ်နေပါတယ်။ သရီးဂျီနက်ဝါ့ခ်ရတဲ့
ဖုန်းတွေမှာ အသုံးပြုနိုင်မယ့်စနစ်ပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
မိုဘိုင်းဖုန်း ဆင်းမ်ကတ် (Sim card)ပေါ်တွင် အင်တာနက်အသုံးပြု၍ ရနိုင်သည့်
ဒေတာများတင်၍ အသုံးပြုနိုင်မည့်စနစ် အပါအ၀င် အခြားသော နည်းစနစ်များဖြင့်
စမ်းသပ်မှုများ ပြုလုပ်နေသည်ဟု သိရှိရပြီး အဆိုပါ စမ်းသပ်မှုများ
အောင်မြင်သည်နှင့် အများပြည်သူသို့ အမြန်ဆုံး
ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စမ်းသပ်မှု ပြုလုပ်နေသည့်
ဒဗလျူစီဒီအမ်အေနှင့် ဂျီအက်စ်အမ်ဖုန်းများတွင် အင်တာနက်
အသုံးပြုနိုင်တော့မည့် အဆိုပါဝန်ဆောင်မှုနှင့် ပတ်သက်၍ လူကြီးမင်း
မိုဘိုင်းဖုန်းအရောင်းဆိုင်နှင့် ၀န်ဆောင်မှုစင်တာမှ လက်ထောက်မန်နေဂျာ
ကိုလင်းလင်းက “ဒဗလျူစီဒီအမ်အေနဲ့ ဂျီအက်စ်အမ်ဖုန်းတွေမှာ ဒီနှစ်ကုန်ကစပြီး
အင်တာနက်သုံးနိုင်တော့မယ်လို့ ကျွန်တော်တို့လည်း သိထားရပါတယ်။
ဒီစနစ်သုံးလို့ရမယ့် ဖုန်းတွေက ဒဗလျူစီဒီအမ်အေမှာဆို သရီးဂျီနက်ဝါ့ခ်
နှစ်ထောင့်တစ်ရာမဂ္ဂါဟဇ်နဲ့ ဂျီအက်စ်အမ်မှာဆို ကိုးရာမဂ္ဂဟဇ်တွေပါ။
ဒီစနစ်ကို တကယ်အသုံးပြုနိုင်မယ်ဆို ပြည်တွင်း ဆက်သွယ်ရေးကဏ္ဍအတွက်
အရမ်းကိုကောင်းလာမှာပါ”ဟု ဆိုသည်။ WCDMA နှင့် ဂျီအက်စ်အမ်ဖုန်းများတွင်
အင်တာနက် အသုံးပြုနိုင်မည်ဆိုပါက ပြည်တွင်းထုတ် မြန်မာစာ Application
များစွာနှင့် မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်မည့် ၀က်ဘ်ဆိုက်များကိုပါ
ထည့်သွင်းအသုံးပြုလာနိုင်ရန် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ တာဝန်ရှိသူများက
ကြိုးစားဆောင်ရွက်လာမည်ဖြစ်ကြောင်း ပြည်တွင်း ကွန်ပျူတာပညာရှင်အချို့က
သုံးသပ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၀ိုင်စီဒီအမ်နှင့်
ဂျီအက်စ်အမ်ဖုန်းများအဖြစ် မကြာသေးမီကမှ စတင်အသုံးပြု၍ ရနိုင်ခဲ့သော
ကျပ်ငါးသိန်းတန် စီဒီအမ်အေဖုန်းများတွင်ပါ အင်တာနက်
အသုံးပြုနိုင်သည့်စနစ်ကို စမ်းသပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
အထက်ပါဖုန်းများတွင် အင်တာနက်အသုံးပြု၍ ရနိုင်လာမည်ဆိုပါက
ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်အနေအထားမှာလည်း
ပိုမိုကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း
အရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။
Credit: ယုဇနကိုကို (7Day News Journal)
![]()
I-phone 4 ကို အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး အရောင်းရဆုံး ဖြစ်ခဲ့သည်။ I-phone 4 ကိုဝယ်ယူသူတွေသည် တန်းစီကာ ညအိပ်စောင်းဆိုင်းပြီး ၀ယ်ယူရသည် အထိဖြစ်ခဲ့သည်။ ဒါ့အပြင် I-phone 4 ကို ဥရောပနိုင်ငံအချို့မှာလည်း ရောင်းချခဲ့ပြီး၊ အခုအခါ အာရှနိုင်ငံများဘက်ကို ခြေဦးလှည့်လာခဲ့ပြီ ဖြစ်သည်။ I-phone 4 ကို တောင်ကိုရီးယားနိုင်ငံတွင် စက်တင်ဘာလ ၁၀ ရက်နေ့၊ သောကြာနေ့က ဆိုးလ်မြို့ရှိ ရုံးတွင် စတင်ရောင်းချခဲ့သည်ဟု သိရသည်။
Ref: MRTV-4


ဒါကတော့ Latest Driver Suite Professional 2010 version 10.6 ပါ
ပထမတစ်ခေါက်တင်ပေးထားတာက version 10.0 ပါ
Rar နဲ့compressed လုပ်ပြီး တင်ပေးထားတာ အားလုံး file 16 ခုရှိပါတယ် Total File size ---> 2.28 GB ရှိပါတယ်
Rar ကို Extract လုပ်လိုက်ရင် 2.32 GB ရပါလိမ့်မယ်
Extract လုပ်လိုက်ရင် အောက်မှာပြထားတဲ့ file တွေထွက်လာပါလိမ့်မယ်
Run Driver Pack Solution 10.6 ကို double click လုပ်ပြီး Run လိုက်ပါ

Run လိုက်တာနဲ့ ကွန်ပြူတာကို scan ဖတ်ပေးပါလိမ့်မယ်..
လိုနေတဲ့ Driver တွေ ကို install လုပ်ပေးပါလိမ့်မယ်..
outdated dirver တွေကိုလည်း.. update လုပ်ပေးပါလိမ့်မယ်
င်္
Free Download From MediaFire

Free Download From ifile.it
http://ifile.it/kob8x1r/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/sqp2xbu/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/m7i9jc4/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/j7yu652/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/mq3v5lk/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/lumq57h/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/l6s0rwu/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/fdpe9go/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/pkhqbyf/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/xmeo0u1/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/0s1yu82/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/luftg8r/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/dnop26f/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/brgxdsy/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/ebcgpfy/Latest%20Driver%20Pack%20Solution%2010.6%20...
http://ifile.it/wj4iqtc/Latest%20Driver%20Pack%20Solution%2010.6%20...
Home Page >> http://drp.su/download.htm
ကျွန်တော် Asp.Net 2.0 Fundamentals EBook ကို ဘာသာပြန် မျှဝေပေးချင်တာ ကြာပါပြီ။ အခုတော့ အဆင်ပြေလွယ်ကူစွာ ပြီးဆုံးခဲ့တဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ ဒီ EBook ထဲမှာ Asp.Net 2.0 နဲ့ ပတ်သက်ပြီး လိုတိုရှင်း ထိမိစွာ ဘာသာပြန် ပေးထားပါတယ်။ Asp.Net ကို စိတ်ဝင်စား သူများအတွက် တကယ့် လက်တွေ့မှာ လိုအပ်မယ့် အကြောင်းအရာ တွေကိုပဲ စုစည်း ဖေါ်ပြ ပေးထားပါတယ်။ ဒီ EBook မှာ Asp.Net နဲ့ C#.Net ဘာကွာလဲ ? အစရှိတဲ့ မေးခွန်းမျိုးကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ EBook တွင်ပါဝင်သော အကြောင်းအရာ များကိုလည်း လိုအပ်ပါက Update ပြုလုပ် ပေးသွားမည် ဖြစ်ပြီး အကြံပြုလိုသည်များ ရှိပါကလည်း Comment ပေးထားခဲ့နိုင်ပါတယ်။
အင်တာနက်ကို အချိန်ပြည့်သုံးရန် ခက်ခဲသူများအတွက်ပါ ရည်ရွယ်ပြီး EBook ဖြင့် မျှဝေပေးထားပါကြောင်း
အောက်က Link မှာ Download ရယူပါ ။






| Windows 7 အသံထွက်ဖို့ |





























