ခိုင်ပြည်နယ်သူ/သားများ အတွက် သတင်းကောင်း - ဂျာမနီဆရာဝန်များမှ ရခိုင်ပြည်နယ်ရှိ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးသွားမည်၊ ကိုယ်ဝန်ဆောင်များ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးငယ် ကာယပိုင်းထိခိုက် ၊ အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလား ၊

8 views
Skip to first unread message

meepyatite

unread,
Oct 3, 2010, 11:00:27 PM10/3/10
to

  1. ခိုင်ပြည်နယ်သူ/သားများ အတွက် သတင်းကောင်း - ဂျာမနီဆရာဝန်များမှ ရခိုင်ပြည်နယ်ရှိ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးသွားမည်၊
  2. ကိုယ်ဝန်ဆောင်များ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးငယ် ကာယပိုင်းထိခိုက် ၊
  3. အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလား ၊
  4.  ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ ၊
  5. ပုဇွန်ကန်များတွင်သုံးသည့် ဗိုင်းရပ်စ်ပျောက်ဆေးက စားသုံးသူများကို ထိခိုက်နိုင် ၊
  6. သီးနှံဈေးကွက်တွင် ဓာတုဆေး အသုံးပြုမှုနှုန်းမြင့်တက်၊ အချိန်မတိုင်မီမှည့်စေသည့် ဓာတုဆေး အသုံးပြုမှု အများဆုံးဖြစ်ကြောင်း သိရ ၊
  7. ကိုယ်ဝန်ဆောင်နှင့် ကျန်းမာရေး ၊
  8. ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်၊
  9.  World's Largest Graffiti to be Inaugurated in Brazil ၊
  10. Dangerous fun.........Who want to ride? ၊
  11. စိတ်ဝင်စားဖွယ်အကောင်းဆုံးကျွန်း5ကျွန်း ၊

ခိုင်ပြည်နယ်သူ/သားများ အတွက် သတင်းကောင်း - ဂျာမနီဆရာဝန်များမှ ရခိုင်ပြည်နယ်ရှိ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးသွားမည်

ဂျာမနီနိုင်ငံမှ ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာ Heinz Schoeneich နှင့် အဖွဲ့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မြို့များသို့ လာရောက်ကာ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ  အခမဲ့ ခွဲစိတ်ကုသပေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

မွေးရာပါ ချို့ယွင်းချက်များ ဖြစ်သည့် နှာခေါင်းကွဲ၊ အာခေါင်ကွဲ၊ မျက်နှာပေါ်ရှိ အကျိတ်များ၊ မျက်နှာ ပျက်စီးခြင်းများ နှင့် အရေပြား ဆိုင်ရာ အကျိတ်များ အားလုံးကို ခွဲစိတ်ကုသပေးသွားမည် ဟု ကြားသိရပြီး အထူးအစီအစဉ်အနေဖြင့် မွေးရာပါ ကျောရိုး အာရုံကြောဘု ထွက်သော ရောဂါ (Meningocele) ရှိသော လူနာများကို ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာန (Neurosurgical Ward) တွင် ပြုလုပ်ပေးသွားမည် ဖြစ်သည်ဟု သတင်းရရှိသည်။


စီစဉ်သူ မစ္စတာအိုလီဘာစိုးသက်

ယခု အစီအစဉ်ကို ရန်ကုန်မြို့ရှိ Oliver E. (Esser) Soe Thet နှင့် အဖွဲ့က စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ မစ္စတာအိုလီဘာစိုးသက်သည် မြန်မာနိုင်ငံ စားဖိုမှူးအဖွဲ့ (Myanmar Chefs Association) ၏   ဥက္ကဌ ဖြစ်ပြီး ယခုကဲ့သို့ လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်နေကျဟု သိရသည်။

အဆိုပါ Meningocele ရောဂါကို ခွဲစိတ်ကုသမှု ခံယူလိုသော လူနာများသည် ရခိုင်ပြည်နယ်တွင် နေထိုင်သူ ဖြစ်ရန် လိုအပ်ပြီး လူနာ၏အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ နေထိုင်ရာ လိပ်စာ အပြည့်အစုံ နှင့် ရောဂါအခြေအနေများကို ပြည့်စုံစွာ ဖော်ပြရေးသားပြီး အီးမေးလိပ်စာ an...@myanmar.com.mm (သို့) မစ္စတာ အိုလီဘာ၊ ဖုန်း ၀၁-၅၀၁၁၂၃ သို့ ဆက်သွယ် ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

ဤသတင်းနှင့်ပတ်သက်၍ mmDailyNews ၏ ကျန်းမာရေး ဆောင်းပါးရှင်တစ်ဦး ဖြစ်သူ ဒေါက်တာသီဟသစ် က "ရခိုင်ကမ်းမြှောင် ဒေသဟာ မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူတွေ များတဲ့ ဒေသတစ်ခုဖြစ်လို့ ယခုလို ပညာရှင်တွေက အခမဲ့ သွားကုပေးမယ်ဆိုတာ တကယ့် ၀မ်းသာစရာ သတင်းပါပဲ။ ဒါပေမယ့် ရခိုင်ပြည်နယ် လိုမျိုး ကမ်းရိုးတန်းဒေသ တစ်ခု ဖြစ်ရုံမက မြစ်ချောင်းတွေ ပေါများလွန်းတဲ့  ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဟာလည်း မွေးရာပါ ခြေလက် မသန်စွမ်းသူတွေ အရမ်းကို များနေပါတယ်။  ဒီနေရာတွေကိုလည်း ကုသပေးမယ့် ပြည်တွင်းပြည်ပ ဆရာဝန်ကြီးတွေ ပေါ်လာစေချင်သေးတယ်။ အထက်အညာဒေသမှာလည်း အာခေါင်ကွဲ နှုတ်ခမ်းကွဲလူနာတွေ မကုရသေးတာ ရှိနေသေးတုန်းပဲ။ ဒီလို ဝေဒနာရှင်တွေကို ကုသပေးဖို့ အထောက်အပံ့ပေးမယ့် ငွေရှိသူတွေ၊ ဆေးပညာနဲ့ ပြည်သူ့အကျိုးပြုမယ့် ဆရာဝန်တွေ အများကြီး ရှိလာဖို့ မျှော်လင့်ပါတယ်။ အခုအစီအစဉ်ကို စီစဉ်သူတွေ၊ လုပ်ဆောင်သူတွေ အတွက်လည်း တကယ် ၀မ်းမြောက် ဂုဏ်ယူမိပါတယ်" ဟု ပြောကြားခဲ့သည်။



ကိုယ်ဝန်ဆောင်များ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးငယ် ကာယပိုင်းထိခိုက်


ဗြိတိန်နှင့် ဆွီဒင်ရှိ သုတေသန ပညာရှင်များက အမျိုးသမီးများ ပဋိသန္ဓေ ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား၏ ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်ကို ဆိုးကျိုးဖြင့် သက်ရောက်စေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့

ကိုယ်ဝန်ဆောင်များ ဆေးလိပ်သောက်ခြင်းကြောင့် ကလေးငယ် ကာယပိုင်းထိခိုက်
 

ကိုယ်ဝန်ဆောင် မိခင်လောင်းများ ဆေးလိပ်သောက်ခြင်းသည် မွေးဖွားလာမည့် ကလေးငယ်၏ ကာယဆိုင်ရာ စွမ်းဆောင်မှုကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးပြောကြားလိုက်သည်။ ဗြိတိန်နှင့် ဆွီဒင်ရှိ သုတေသန ပညာရှင်များက အမျိုးသမီးများ ပဋိသန္ဓေ ဆောင်ချိန်တွင် ဆေးလိပ်သောက်ခြင်းကြောင့် သန္ဓေသား၏ ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်ကို ဆိုးကျိုးဖြင့် သက်ရောက်စေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ အမျိုးသား ကလေးများ တိုးတက်မှု လေ့လာရေး စီမံကိန်းအရ (၁၉၅၉)ခုနှစ်၊ မတ်လက သီတင်းတစ်ပါတ်အတွင်း မွေးဖွားခဲ့သူ ကလေးငယ် (၁၃၀၀၀)၏ မှတ်တမ်းများကို စနစ်တကျ လေ့လာခဲ့သည်။ ယခုအခါ အသက်(၅၀)ကျော် အရွယ်ရှိနေသော ယင်းတို့၏ မိခင်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်သုံးခြင်း ရှိမရှိကို အခြေခံကာ အသက်(၁၁)နှစ်သား အရွယ်က ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် ကိုယ်လက်ကြံ့ခိုင်မှု အနေအထားကို မှတ်တမ်းပြုစုခဲ့သည်။ ဒေါက်တာ စကော့မောင့်ဂိုမာရီက ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးလိပ်သောက်ခဲ့သည့် မိခင်များမှ မွေးဖွားသော ကလေးများသည် ခန္ဓာကိုယ်အား တုန့်ပြန်ထိန်းချုပ်ရာတွင် အားနည်းမှုများ တွေ့ကြုံရန် အခြေအနေ ပိုများကြောင်း ရှင်းပြခဲ့သည်။ “ဖော်ထုတ်တွေ့ရှိမှုတွေအရ ဒီသက်ရောက်မှုဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုပြီးသိသာနေပါတယ်”ဟု မောင့်ဂိုမာရီကဆိုသည်။ မောင့်ဂိုမာရီက ယင်းသို့ဖြစ်ရခြင်းမှာ ဆေးလိပ်တွင် ပါဝင်သော နစ်ကိုတင်းဓာတ်သည် ယောက်ျားလေးများ၏ အဖိုဟိုမုန်း Testosteroneကို ပိုမိုထိခိုက်စေခြင်းကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ နစ်ကိုတင်းဓာတ်သည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေတတ်ကြောင်း သုတေသီများက သတိပေး ပြောဆိုထားသည်။


အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလား


ဒေါက်တာခင်ဗျာ ...
အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလားခင်ဗျာ။ ဒါမှမဟုတ် ဘာချို့ယွင်းမှုများ ရှိလို့ ကျတာပါလဲ။ သွားခေါတာနဲ့ ဆိုင်ပါသလား။ အသက် ၂၃ နှစ်လဲရှိပါပြီ။ ဒီအရွယ်ထိ အိပ်ရင် သွားရည်ကျနေတာ သတိ မရှိလို့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဖော်ပြထားတာလဲ တစ်ခါမှ မတွေ့ဖူးဘူး ဖြစ်နေပါတယ် ခင်ဗျာ။ သွားရည်ကျတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရလို့ပါ။ အကောင်းဆုံး နည်းလမ်းလေးရှိရင် မျှဝေစေချင်ပါတယ် ခင်ဗျာ။

လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိတ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်) ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ် Silk ပိုးထုတ်ပေးတာကိုး။

ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ် ပလာစတာကပ် အိပ်ပေတော့။ ရီစရာသဘော ပြောတာပါ။ “ရှက်စရာ” ဆိုတာ သူများမြင်မှ ရှက်တာနဲ့ ကိုယ့်ကိုယ်ကို ရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာ ပိုရှိတယ်။

ယေဘူယျပြောရရင် အိပ်နေတုံး ပါးစပ်ဟ အသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့ အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ အသက်ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။ အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရလိမ့်မယ်။ နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ပါတယ်။ စစ်ပါ၊ ကုပါ။

ရုပ်ပိုင်းဝေဒနာ မရှိဘဲ စိတ်ရှုတ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။ နေ့ခင်းမှာ အသက်ရှူတာ ကိုယ်ကိုယ်ကို သတိထား ကြည့်ပါ။ ပါးစပ်နဲ့ ရှူနေတာကို ပြင်ဘို့ ကြိုးစားပါ။ လေ့ကျင့်နည်း တခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူပါ။ ရုပ်ရှင်တွေ ကြည့်ဘူးမှာပါ။ တခုခု ထိခိုက်-ကျေကွဲ-ကြောက်လန့်စရာရှ

ိရင် မင်းသားကနေ မင်းသမီးကို “Take a deep breath အသက်ပြင်းပြင်းရှူ” လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။ စိတ်ငြိမ်လာစေတယ်။

မိဘတွေက ကိုယ့်ကလေးကို ပါးစပ်ကို အမြဲပိတ်ထားစေတဲ့အကျင့် သင်ပေးတတ်တယ်။ ကောင်းတယ်။ လူတယောက်ကို ကြည့်ပါ။ သူ့ပါးစပ် ဟနေရင် အဲဒီလူဟာ သူ့ကိုယ်သူ ယုံကြည်မှု နည်းနေချိန်ဖြစ်တယ်။ ပါးစပ်ဟောင်းလောင်း ဖြစ်နေတာက အံ့သြနေတာ၊ ကြောက်လန့်နေတာ၊ တနည်းပြောရရင် သူများအတွက် လိုက်တုံ့ပြန်နေရတာမျိုး။ ကိုယ်က ဦးဆောင်၊ ပြဋ္ဌာန်းနေချိန် မဟုတ်ဘူး။

သွားရည် များစေတတ်တဲ့ ရောဂါတွေလည်း ရှိတယ်။ အစာလမ်းမှာ Acid reflux အက်စစ် များတာမျိုးလည်း ပါတယ်။ ဆေးလိုလိမ့်မယ်။ အစာစားတာ ပြင်ဘို့ လိုမယ်။

အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပက်လက် စန့်စန့် အိပ်ကြည့်ပါ။ စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးပေါ့။ ပက်လက် ဆိုရင် ပါးစပ်ဟဘို့ အခွင့်အလမ်းနည်းတယ်။ ပါးစပ် ကောင်းကောင်း မပိတ်အုံးတော့ သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားရာရောက်မယ်။ ပက်လက်အိပ်ရတာ ကျင့်ဘို့ wedge pillows စပါယ်ရှယ်ခေါင်းအုံး သုံးနိုင်တယ်။

အိပ်ရင် သွားရည်ကျတာ ကြာတော့ အလေ့အထလို ဖြစ်လာတယ်။ ဒီအကျင့်က ဖျောက်ဘို့ ခက်တာမို့ အလွယ်နဲ့ စိတ်မပျက်ပါနဲ့။ “ခက်တာကို ရအောင်လုပ်မယ်” လို့ သန္နိဋ္ဌာန်ချ လုပ်ကြည့်ပါ။ ဒီအရေးမှာ တိုးတက်၊ အောင်မြင်ရင် သင်ဟာ အရာရာအတွက်ပါ စိတ်တန်းခိုး တိုးလာပါလိမ့်မယ်။

Dr. တင့်ဆွေ
၉-၈-၂၀၁၀


ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။

ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ



နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများအောက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ
အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ်ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ်ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။



အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်းနေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူးသင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ်တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အထူးသက်သာစေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ
အသီးအရွက်တွေချည်းပဲ စားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန်အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံးသင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဒီအစားအသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သားကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအများစုကို လုံးဝ တားဆီးနိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုးကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်း နှေးစေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ
ဗိုက်တာမင် အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင် စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်းနေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြသူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင် အီး နဲ့ စီ အားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မားလာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေးလိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ



မီးတွေ ပိတ်ပြီး အိပ်တာ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ မကြာသေးမီက လေ့လာချက်များအရ ညဖက်မှာ အလင်းရောင်တွေအောက် အိပ်စက်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်လာနိုင်ဖို့ အခြားသူများထက် ၃၆% ပိုနီးစပ်တယ်လို့ တွေ့ရှိထား ရပါတယ်။

(၇) ပင်လယ်ရေမှော် နဲ့ ကျောက်ပွင့်များ စားသုံးပေးပါ
ဒီအစားအသောက်တွေဟာ မကြာခဏ စားသုံးပေးရင် ရင်သားကင်ဆာကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း အတည်ပြု တွေ့ရှိထားရပါတယ်။ အထက်ပါ အချက်များကို လိုက်နာကျင့်သုံးမယ် ဆိုရင် အမျိုးသမီးတွေအတွက် အရမ်းကြောက်စရာ ကောင်းတဲ့ ရင်သားကင်ဆာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

အထူးသဖြင့် မိမိရဲ့ မိခင်၊ အဒေါ်၊ အဘွား စသူတွေမှာ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာ ရှိခဲ့ဖူးသူများ ဆိုရင် အထူးလိုက်နာသင့်ပါတယ်။

နောက်ပြီးတော့ ရင်သားကင်ဆာ အပါအ၀င် ကင်ဆာရောဂါ မှန်သမျှဟာ ဖြစ်ရန်အကြောင်း မျိုးစုံ ရှိသော ရောဂါ (Multifactorial Diseases) များ ဖြစ်ကြတဲ့အတွက် ရောဂါအစပျိုးချိန်မှာ လက်ဦးမှု ရယူနိုင်ဖို့လဲ အရေးကြီးပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အ၀တ်အစားလဲတိုင်း၊ ရေချိုးတိုင်း ချိုင်းနား အထိ အပါအ၀င် ရင်သားရဲ့ နေရာအနှံ့ကို ပုံမှန် စမ်းသပ်ပေးသင့်ပါတယ်။

အလုံးအကျိတ် တစ်ခုခု တွေ့ရင်လည်း လုံးဝ ထိတ်လန့်သွားတာမျိုး မဖြစ်ပါနဲ့။ နေ့စဉ် မှန်မှန် စမ်းသပ်လာတဲ့ ကြားက ပေါ်လာတဲ့ အလုံးအကျိတ်တစ်ခုဟာ ကင်ဆာ ဖြစ်နေစေဦးတော့၊ သေချာပေါက် ကုလို့ ပျောက်ပါတယ်လို့ ကျန်းမာရေး ပညာရှင်များက အာမခံထား ကြပါတယ်။





ပုဇွန်ကန်များတွင်သုံးသည့် ဗိုင်းရပ်စ်ပျောက်ဆေးက စားသုံးသူများကို ထိခိုက်နိုင်

“၀ှိုက်စပေါ့ ဗိုင်းရပ်စ်ပျောက်ဆေးမှာပါတဲ့ ရက်စီကျူ(ဓာတုဓာတ်ကြွင်း)ပါတဲ့ အသားကို စားသုံးမိတဲ့ ကလေးတွေဆိုရင် ဆေးထိုးလိုက်ရင် ပဋိဇီဝဆေးဝါးတွေ မတိုးတော့ဘူး”

ပုဇွန်ကန်များတွင်သုံးသည့် ဗိုင်းရပ်စ်ပျောက်ဆေးက စားသုံးသူများကို ထိခိုက်နိုင်

ပြည်ပတင်ပို့သော ရေငန်ပုစွန်များတွင် ဗိုင်းရပ်စ်ပျောက်ဆေး ဓာတုဓာတ်ကြွင်းများ ပါဝင်သောကြောင့် စားသုံးသူများကို ထိခိုက်နိုင်ကြောင်း ငါးလုပ်ငန်းသတင်းနှင့် ၀န်ဆောင်မှု Fisမှ ဦးတင်လှက ပြောသည်။ “၀ှိုက်စပေါ့ ဗိုင်းရပ်စ်ပျောက်ဆေးမှာပါတဲ့ ရက်စီကျူ(ဓာတုဓာတ်ကြွင်း)ပါတဲ့ အသားကို စားသုံးမိတဲ့ ကလေးတွေဆိုရင် ဆေးထိုးလိုက်ရင် ပဋိဇီဝဆေးဝါးတွေ မတိုးတော့ဘူး”ဟု ဒေါက်တာခင်လှိုင်က ပြောသည်။ လွန်ခဲ့သော လေးနှစ်က အင်္ဂလန်နိုင်ငံသို့ တင်ပို့ခဲ့သော မြန်မာ့ရေငန်ပုစွန်များတွင် နိုက်ထရိုဖြူရမ်ဇုန်း ပါဝင်ခဲ့ပြီး ဥရောပသမဂ္ဂ နိုင်ငံများ (အီးယူ)သို့ တင်ပို့ခဲ့သော ရေငန်ငါးနှင့် ပုစွန်များတွင်လည်း ကလရိုဖိုနီကောလ် ဓာတုဓာတ်ကြွင်းများ တွေ့ရှိခဲ့၍ နောက်ထပ်တင်ပို့မှုများကို ဆိုင်းငံ့ခြင်း ခံခဲ့ရကြောင်း ဦးတင်လှကပြောသည်။ အဆိုပါ ဓာတုဓာတ်ကြွင်း အပြင်းစားများသည် ကလေးငယ်များအား မွေးရာပါ ကိုယ်အင်္ဂါမသန်စွမ်းမှု ဖြစ်စေပြီး၊ ကင်ဆာရောဂါများလည်း ဖြစ်နိုင်သောကြောင့် ဥရောပသမဂ္ဂနိုင်ငံများက လုံးဝလက်မခံကြောင်း ငါး၊ ပုစွန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ အဆိုပါ ၀ှိုက်စပေါ့ ဗိုင်းရပ်စ်ပျောက်ဆေးများအား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တင်သွင်းခွင့် ပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ဒေါက်တာခင်လှိုင်က ပြောကြားသည်။

Credit: သန်းဌေး (7Day News Journal)



သီးနှံဈေးကွက်တွင် ဓာတုဆေး အသုံးပြုမှုနှုန်းမြင့်တက်၊ အချိန်မတိုင်မီမှည့်စေသည့် ဓာတုဆေး အသုံးပြုမှု အများဆုံးဖြစ်ကြောင်း သိရ
 

 

ပြည်တွင်းသစ်သီး ဈေးကွက်တွင် ရောင်းချလျက်ရှိသည့် သီးနှံများအား ရောင်းချနိုင်သည့်အနေအထား မရောက်ရှိမီ စောစီးစွာမှည့်စေရန် ဓာတုဆေးများအသုံးပြုလာခြင်းမှာလည်း ယခင်ကထက်တွင်ကျယ်လာကြောင်း စုံစမ်းသိရှိရသည်။

 
    ယင်းကဲ့သို့ ဓာတုဆေးအသုံးပြု၍ သီးနှံရင့်မှည့်စေရန် ဆောင်ရွက်ခြင်းကို သီးနှံများဈေးကွက်အတွင်း စတင်ဝင်ရောက်သည့် ရာသီချိန်အစပိုင်းနှင့် ဈေးကွက်တွင်း ၀င်ရောက်မှု နည်းပါးသွားသည့် ရာသီကုန်ချိန် များတွင် ပိုမိုအသုံးပြုကြောင်း သိရသည်။


    "သီးနှံတစ်မျိုးကို ရာသီချိန်မတိုင်မီ ဈေးကွက်ထဲရောင်းချနိုင်အောင်နဲ့ ရာသီကုန်သီးနှံ ၀င်ရောက်မှုနည်းချိန်မှာ ရောင်းချနိုင်အောင် ဓာတုဗေဒဆေးတွေသုံးပြီး မှည့်အောင်လုပ်ကြတယ်။ အခုလက်ရှိ ဈေးကွက်ထဲမှာသီးနှံမှည့်အောင် စိမ်ဆေးနဲ့ တို့ဆေးဆိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ပုံစံနှစ်မျိုးရှိတယ်။ အစေးရှိတဲ့ သီးနှံမှန်သမျှကို ဆေးသုံး ပြီး မှည့်အောင်လုပ်လို့ရတယ်။ မှည့် အောင်လည်းလုပ်ကြတယ်။ဈေးကွက်ထဲမှာ ဆေးမသုံးဘဲ သဘာဝအတိုင်း မှည့်လာတဲ့ သီးနှံတွေကို ရောင်းချတာ မရှိသလောက်ရှားတယ်"ဟု သီရိမင်္ဂလာဈေးတွင်နှစ် ၂၀ ကျော် သီးနှံမျိုးစုံ လက်လီ၊ လက်ကားရောင်း ချနေသည့်သီးနှံကုန်သည် ဦးအေးသိန်းက ပြောပြခဲ့သည်။


    သီးနှံများကို သဘာဝအတိုင်း အမှည့်ခံပါကခူးပြီး ၆ ရက်ခန့်ကြာမှ မှည့်ကာ အနည်းဆုံး ၇ ရက်အထား ခံကြောင်း၊ ရက်ကြာကြာထားပါကလည်း အနိမ့်ဈေးနှင့် ရောင်းချနိုင်ကြောင်း သိရသည်။ တို့ဆေးနှင့်စိမ် ဆေးအသုံးပြုပြီး အမှည့်ခံထားသည့် သီးနှံများသည် ဆေးအသုံးပြုပြီး သုံးရက်အတွင်း မှည့်လာကာ ကြာရှည်မခံခြင်း၊ အမှည့်လွယ်ခြင်းတို့ကြောင့် ဈေးကွက်ပေါ်၌သုံးရက်မှ ငါးရက်တွင်း ပစ္စည်းကုန်အောင် ရောင်းချရကြောင်း၊ သို့မဟုတ်ပါက သီးနှံများအမှည့်လွန်ကာ အသီးပုပ်သွားပြီး အနိမ့်ဈေးဖြင့်လည်း ရောင်းချ၍မရနိုင်ကြောင်း သိရသည်။  


    သီးနှံမှည့်စေရန် အသုံးပြုသည့် ဆေးများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဝင်ရောက်မှုရှိပြီး အလွယ်တကူ ၀ယ်ယူနိုင်ခြင်းကြောင့် ဈေးများ၌လည်း သီးနှံဆေးရည်စိမ်ခြင်းကို ဆောင်ရွက်ပေးမှုများ ရှိကြောင်း သိရသည်။


    "အိမ်မှာ ဘုရားပွဲတင်ဖို့အတွက် အနားကဈေးမှာ ငှက်ပျောသီးသွား ၀ယ်တာ ဆိုင်ရှင်ကဆေးစိမ်မလား မေးတယ်။ ဆေးစိမ်ရင်မြန်မြန်မှည့် တယ်ပြောတော့ ကိုယ်လည်းနားမ လည်တာနဲ့စိမ်မယ်ပေါ့။ အဲဒါနဲ့ ငှက်ပျောသီးအဖီးလိုက်ကိုရေထဲစိမ် ပေးလိုက်တယ်။ဝယ်တုန်းကတစ်ဖီးလုံး စိမ်းနေတဲ့ သီးမွှေးငှက်ပျောက နှစ်ရက်လောက်လည်းကြာရော အကုန်လုံးမှည့်လာတယ်။ ဒါပေမယ့် အသီး က အချိုဓာတ်ရော အသားကပါ အရသာမရှိဘူး"ဟု ကိုယ်တွေ့ကြုံ ခဲ့ရသူတစ်ဦးက ပြောပြခဲ့သည်။     


    "ဓာတုဗေဒနည်း ဖြစ်တာကြောင့် ကျွန်တော်တို့အသင်း အနေနဲ့ခွင့်မပြုပါဘူး။ အားလုံးက သုံးနေကြတယ်ဆိုတာသိပေမယ့် သေသေချာချာ သုတေသနလုပ်ထားတာမရှိ တော့အတိအကျပြောဖို့မှာ အခက် အခဲရှိပါတယ်။ အများဆုံးသုံးနေကြ တာက သရက်၊ ငှက်ပျော၊ သင်္ဘော သီးတို့မှာပါ။ ပြည်တွင်းအပြင် ပြည်ပပို့တဲ့သီးနှံတွေ ဥပမာ သရက်သီး ဆိုပုံးထဲမှာ ဟိုလည်းအရောက်၊ အသီးလည်း အမှည့်ဆိုပြီး carbite ထုတ်တွေထည့်ပေးတာမျိုးရှိတယ်။ ဒါကရေရှည်မှာ သီးနှံဈေးကွက် ပျက်စီးနိုင်ပါတယ်။ အသင်းအနေနဲ့ သုံးစွဲမှုမရှိအောင် ညွှန်ကြားထားပါ တယ်။ ထိထိရောက်ရောက် ပညာပေးဖို့က လိုအပ်နေပါသေးတယ်။ အကောင်းဆုံးက စားသုံးသူတွေအနေနဲ့ မစားမီအသီးကို ရေကြာကြာစိမ်ပြီးမှ စားသုံးသင့်ပါတယ်။ ဒါမှဓာတုဆေးတွေက ရေထဲမှာပျော်ဝင်သွားနိုင်မှာပါ"ဟု မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးစိုးသန်းမင်းဒင်က ဆိုပါသည်။


    သဘာဝသီးနှံများနှင့် ဆေးအသုံးပြုသီးနှံများကို ခွဲခြားရန်ခက်ခဲကြောင်း၊ လုပ်ငန်းကျွမ်းကျင်သူများ ဆောင်ရွက်မှသာ သီးနှံများကို သိသိသာသာခွဲခြားနိုင်ကြောင်း သိရသည်။


    ပြည်ပက၀င်ရောက်သည့် သီးနှံများမှာမူ အများစုမှာအမှည့်စား သီးနှံများထက် အရည်ရွှမ်းသီးနှံများ ဖြစ်သောကြောင့် ဓာတုဆေးအသုံးပြု မှည့်ခြင်းထက် ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ်ကိုပိုမိုစိုးရိမ်ရကြောင်း သီးနှံကုန်သည်များ၏ ပြောစကားအရ သိရသည်။


ကိုယ်ဝန်ဆောင်နှင့် ကျန်းမာရေး

မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးကျန်းမာရေးကို ယနေ့မှာ
အထူးအလေးထားပြီး ဆောင်ရွက်လာပါတယ်။
ယောကျာင်္းဖောင်စီး မိန်းမမီးနေ ဆိုတဲ့ စကားလိုဘဲ အမျိုးသမီးတွေဟာ
ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်ဟာ အလွန်အရေးကြီးပါတယ်။

မိခင်သေနှုန်းနဲ့ ကလေးသေနှုန်း ပပျောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
လုပ်ဆောင်လာတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံကွတ်ကဲမှုအောက်မှာ
ကိုဝန်ဆောင်မိခင်နဲ့ ကလေးတွေနဲ့ မကင်းတဲ့လူတိုင်း
သိနားလည်ထားရမယ့်အချက်တွေကို
ဒီနေရာကနေ ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်မွေးမိခင်နှင့် ကလေး ငယ် အသက်အန္တရာယ်မှ ကင်းဝေးပြီး ကျန်းမာ
သန်စွမ်းရန် ဆောင်ရွက်ရမည့်အချက်များ မှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ကိုယ်ဝန်ဆောင်ချိန်စောင့်ရှောက်

ပါ။

+ ကျန်းမာရေးဝန်ထမ်းနှင့်ပြ၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အနည်းဆုံး (၄)
ကြိမ် ခံယူပါ။
+ မေးခိုင်ကာကွယ်ဆေး ( ၂) ကြိမ်ထိုးပါ။
+ သံဓါတ် အားဆေးပြားကို မနက်တစ်လုံး ၊ ညတစ်လုံး သုံးလထက်မနည်း သောက်ပါ။
+ အဟာရပြည့်ဝစွာ စားပါ။ အနားယူပါ။
+ မူးယစ်ဆေးဝါး၊ အရက်၊ ဆေးလိပ်နှင့် ပင်ပမ်းခြင်းကို ရှောင်ကြဉ်ပါ။
+ ကျန်းမာရေး ၀န်ထမ်းများ၏ ညွန်ကြားချက်ကို လိုက်နာပါ။


( ၂) ကျွမ်းကျင်သူနှင့်မွေးဖွားပါ။


+ တစ်ခါသုံး သားဖွားပစ္စည်း အိပ်ကို အသုံးပြုပါ။
+ မွေးဖွားသည့် နေရာ ၊ မွေးဖွားစဉ် အသုံးပြုမည့် အသုံးအဆောင်များ
သန့်ရှင်းအောင် ကြိုတင်ပြင်ဆင်ထားပါ။
+ ဆရာဝန် (သို့) သူနာပြုဆရာမ (သို့) အမျိုါ်သမီး ကျန်းမာရေး ဆရာမ (သို့)
သားဖွားဆရာမ
စသည့် ကျွမ်းကျင်သူများနှင့် မွေးဖွားပါ။
+ ဖြစ်နိုင်ပါက ဆေးရုံ ၊ ဆေးခန်းများတွင် မွေးဖွားပါ။


ကိုယ်ဝန်ဆောင် မိခင်တွင် ဖြစ်တတ်သော အန္တရာယ် လက္ခဏာများ


# အောက်ပါ အရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက နေ့/ည မစောင့်ဆိုင်းဘဲ ဆေးရုံ၊
ဆေးခန်းသို့ ချက်ချင်း သွားပြပါ။


+ မိန်းမကိုယ်မှ သွေဆင်းခြင်း၊
+ တက်ခြင်း၊ သတိလစ်ခြင်း၊
+ ခေါင်း ပြင်းထန်စွာ ကိုက်ခြင်း၊
+ ဖျားပြီး အိပ်ယာမှ မထနိုင်လောက်အောင် အားနည်းခြင်း၊
+ ၀မ်းဗိုက် အလွန်အမင်း နာကျင်ခြင်း၊
+ အသက်ရှုမြန်ခြင်း၊ အသက်ရှူခက်ခဲခြင်း။


#အောက်ပါ လက္ခဏာများရှိပါကလည်း ကျန်းမာရေးဌာန၊ ဆေးရုံ /ဆေးခန်းများသို့
တတ်နိုင်သမျှ အန်ြဆုံး သွားပြပါ။


+ မျက်နှာ၊ လက်နှင့် ခြေများ ဖောရောင်လျှင် /ဆီးသွားနည်းလျှင်
+ ဖျားလျှင်
+ ဗိုက်နာလျှင်
+ နေမကောင်းဖြစ်လျှင်
+ ရေမြွှာပေါက်ပြီး ( ၆) နာရီ ကြာသည်အထိ ဗိုက်မနာလျှင်


# မွေးဖွားရန် ဗိုက်နာခြင်း၏ လက္ခဏာများ

အောက်ပါ လက္ခဏာများသည် မွေးဖွားရန် ဗိုက်နာခြင်း၏ ရှေ့ပြေး
လက္ခဏာများဖြစ်သဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သွားပါ(သို့မဟုတ်) သားဖွားဆရာမ
ကို ခေါ်ပါ။

+ ခေါင်းချွဲဆင်းလျှင်
+ (၂၀) မိနစ်တစ်ခါ ၊ (သို့မဟုတ်) (၂၀) မိနစ်အောက် တစ်ခါ တိုင်း
ဗိုက်နာလျှင်
+ ရေမွှာပေါက်လျှင်


#ကျန်းမာသော မိခင်နှင့် ကလေးများ ဖြစ်စေရန်အတွက် ကျန်းမာရေးနှင့်
နှင့်ညီညွတ်သည့် အောက်ပါ အလေ့အကျင့်ကောင်းများကို
ကျင့်ကြံလိုက်နာဆောင်ရွက်ပါ။


+ ကိုယ်ဝန်ဆောင်စဉ် ၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး အန္တရာယ် လက္ခဏာများကို
ကိုယ်ဝန်ဆောင်မိခင် ၊ မိသားစု၊ ဆွေမျိုးနှင့် ရပ်ကွက်လူကြီးများ ကြိုတင်
သိရှိထားခြင်းဖြင့် လိုအပ်သော အရေးပေါ်ကုသမှု အချိန်မီ ရရှိနိုင်ရန်
စီစဉ်ထားပါ။
+ ရာသီကျော်၍ ကိုယ်ဝန်ရှိသည် ဟု သံသယ ရှိလျှင် သားဖွားဆရာမနှင့်
ကိုယ်ဝန်အပ်ပါ။
+ ကျန်းမာရေး ဌာနမှ ညွန်ကြားထားသော ဆေးဝါးမှ အပ အခြားသော ဆေးများ
မသောက်ပါနှင့်။
+ ကိုယ်ဝန်ကို မှနှ်မှန်ပြပါ။ သတ်မှတ်ထားသည့်အတိုင်း အနည်းဆုံး (၄)
ကြိမ်ပြပါ။
ဆေးလိပ် ၊ အရက် မသောက်ပါနှင့်။ ဆေးလိပ်ငွေ့ ၊ မီးခိုးငွေ့ အစရှိသည့်
ညစ်ညမ်းသော လေထု ၀န်းကျင်မှ ရှောင်ရှားပါ။
+မေးခိုင်ကာကွယ်ဆေး အချိန်မှန် ၊ အကြိမ်ပြည့် ထိုးပါ။
+ နေ့စဉ် သင့်တော်သော ကိုယ်လက်လှုပ်ရှားမှု အသင့်အတင့် လုပ်ပါ။
နေ့လည်ပိုင်းတွင် ( ၂) နာရီခန့်
အနားယူပါ။ ညဘက်တွင် အိပ်ရေးဝအောင် အိပ်ပါ။ အိမ်မှုကိစ္စများကို လျော့ပေါ့
ပြုလုပ်ပါ။
+ ကြမ်းတမ်းသော အလုပ်၊ အလေးအပင်မသော အလုပ် မပြုလုပ်ပါနှင့်။
+ တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက်ပါ။
+ မိခင်နှင့် ကလေး ခြင်ထောင်နှင့် အိပ်ပါ။
+ သံဓါတ် ဖောလိတ်အားဆေး မှန်မှန်သောက်ပါ။
+ အဟာရမျှတစွာ စားသုံးရန်မှာ
+ ကိုယ်ဝန်ဆောင်စဉ် ပိုစားပါ။
+ ဟင်းသီးဟင်းရွက် ၊ အသား၊ ငါး၊ ပဲ ၊ နို့ များများ စားသောက်ပါ။
+ မိခင်နို့ချို တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးမျာကို သိရှိနားလည်၍
စနစ်တကျပြင်ဆင်ထားရှိပါ။
+ နို့တိုက်ပြီးလျှင် ကလေးကို ဗိုက်နာပြီး မငိုစေရန် လေထုတ်ပေးပါ။
+ ကလေး အသက် (၆) လအထိ မိခင်နို့ တစ်မျိုါ်တည်း တိုက်ကျွေးပါ။ (၆)လေ က်ာ္ပါက
ဖြည့်စွက်စာ ကျွေးပါ။
+ သားဆက်ခြားနည်းလမ်းများ စနစ်တကျ သုံးစွဲခြင်းဖြင့် မလိုလားအပ်သော
ကိုယ်ဝန်ရှိခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်း
မှ ရှောင်ကြဉ် ကြိုတင်ကာကွယ်ပါ။


#ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန် အောက်ပါအတိုင်း မဖြစ်မနေ ပြသရပါမည်။

ပထမ အကြိမ် ပထမ ( ၄) လအတွင်း စောနိုင်သမျှ စောစော
ဒုတိယ အကြိမ် ကိုယ်ဝန် (၆)လ မှ (၇) လ အတွင်း
တတိယ အကြိမ် ကိုယ်ဝန် (၈)လ တွင်
စတုတ္ထ အကြိမ် ကိုယ်ဝန် (၉)လ တွင်



# မိခင်( သို့) ကလေးသည် အောက်ဖော်ပြပါ လက္ခဏာများရှိပါက ကျန်းမာရေးဌာနသို့
နေ့ခြင်း (သို့) ညချင်း(ချက်ခြင်း)သွားပြပါ။ မစောင့်ဆိုင်းပါနှင့်။


မိခင်

+ ရေမွှာပေါက်ပြီး (၆)နာရီကြာသည့်တိုင်အောင်
ဗိုက်မနာလျှင်
+ ဗိုက်နာခြင်းသည် (၁၂)နာရီကျော်အောင်
ဆက်တိုက်နာလျှင်
+ မွေးပြီး သွေးဆင်များလျှင်
( ၅) မိနစ်အတွင်း အောက်ခွ ပစ္စည်း၊ အ၀တ်တွင် + သွေးထွက်လျှင်
သွေးများ ရွှဲနစ်နေလျှင်)
+ သွေး ဆင်းများလာလျှင်
+ ကလေးထွက်ပြီး (၁) နာရီကြာသည်အထိ
အချင်းမကျလျှင်

ကလေး

+ အလွန်သေးလျှင်
+ အသက်ရှူခက်လျှင်
+ တက်လျှင်
+ အဖျားရှိလျှင်
+ အေးစက်နေလျှင်
+ နို့မစို့နိုင်လျှင်





#မွေးဖွားပြီး

မီးတွင်းချိန်တွင် အောက်ပါလက္ခဏာ တစ်ခုခု ရှိပါက ကျန်းမာရေးဌာနသို့
ချက်ချင်း ( နေ့/ည ) မစောင့်ဆိုင်းဘဲ သွားရောက်ပြသရန်


+ သားမြတ် ( သို့) နို့သီးခေါင်း ရောင်ခြင်း ၊နီခြင်းနှင့် ၊
ထိလျှင်နားခြင်း
+ ဆီးသွားရန်ခက်ခဲခြင်း၊ ဆီးထွက်ကျခြင်း
+ မိန်းမကိုယ်နောက်ပိုင်း ပို၍နာကျင်လာခြင်းနှင့် ပိုးဝင်ခြင်း၊
+ မိန်းမကိုယ်မှ အနံ့ရှိသော အရည်များဆင်းခြင်း။


#မွေးကင်းစကလေးတွင် အောက်ပါလက္ခဏာ ရှိပါက ကျန်းမာရေးဌာနသို့ ပြသပါ။


+ အသက်ရှူမြန်ခြင်း ၊ နှေးခြင်း၊ လည်ချောင်း တစ်ဆို့သံ ကြားခြင်း။
+ ပြင်းထန်သော ရင်ဘတ်ချိုင့်ဝင်ခြင်း၊
+ မျက်စိရောင်၍ ပြည်ထွက်ခြင်း၊
+ အသားဝါခြင်း
( ပထမတရက်တွင် မျက်နှာ ၊တရက်ကျော်လျှင် ခြေဖုဝါး၊လက်ဖ၀ါး)
+ ချက်ငုတ်တို ( သို့) ဖြတ်ထားသည့်နေရာမှ သွေးထွက်ခြင်း။
+ ချက်မှ ပြည်ထွက်ခြင်း / ချက် ပတ်လည် အရေပြားနီရဲခြင်း။
+ ဖျားခြင်း။
+ နွေးအောင်ပြုလုပ်ပေးသော်လည်း ပြန်နွေးမလာဘဲ အေးနေခြင်း၊
+ အရေပြားပြည်ဖု ( ၁၀)ခုထက် ပိုများခြင်း (သို့)
ပြည်ဖုကြီးများရှိခြင်း (သို့)
အရေပြားရောင်ခြင်း ၊ နီခြင်း၊ မာခြင်း။
+ ဖြူဖျော့ခြင်း။



#မိမိနေအိမ်တွင် မွေးဖွားသူများ အတွက် မွေးဖွားရာတွင် လိုအပ်မည့်
သန့်စင်ခြင်း ( ၆)မျိုး

၁။ သန့်စင်သော မျက်နှာပြင်

( ကိုယ်ဝန်ဆောင် မိခင် မွေးဖွားမည့်နေရာ ဥပမာ ခုတင် ၊ ကြမ်းပြင် စသည်)

၂။ မွေးဖွားပေးမည့်သူ၏ သန့်စင်သောလက်များ

၃။ ချက်ကြိုးဖြတ်ရန်အတွက် သန့်စင်သော ဘလိတ်ဓါး၊ ကတ်ကြေး၊( ပိုးသတ်ပြီးသား)

၎။ သန့်စင်သော ၊ ပိုးမွှားကင်းစင်ပြီး ၊ ချက်ကြိုးချည်သည့်ကြိုး။ (
ပိုးသတ်ပြီးသား)

၅။ ကလေးငယ်အား ထုတ်ပိုးရန် သန့်စင်သော အနှီးပိတ်။

၆။ မိခင်အတွက် သန့်စင်သော အ၀တ်အစားများ။


ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်

ဒေးဗစ်စတန်းဒစ် ဆိုတဲ့ ပညာရှင်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေရဲ့ ဒီဇိုင်းတွေကို လိုက်လံ စုစည်း လေ့လာပြီး "The Art of Money" (ငွေစက္ကူများ၏ အနုပညာ) ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်။

သူ့စာအုပ်ထဲမှာ ပါတဲ့ ကမ္ဘာ့အနုပညာ လက်ရာအမြောက်ဆုံး အလှပဆုံး ငွေစက္ကူ ဆယ်ရွက်ကို စုစည်းတင်ပြလိုက်ပါတယ်။ အဆင်ပြေသလို စီစဉ်ထားတာ ဖြစ်ပြီး အလှပဆုံး အစဉ်လိုက်တော့ မဟုတ်ပါဘူး။ နိုင်ငံအမည်နဲ့ ငွေအမျိုးအစားကို ယှဉ်တွဲ ဖော်ပြထားပါတယ်။ (အသံထွက်များ လွဲခဲ့သော် ခွင့်လွှတ်ပါ)





ပြင်သစ်-ပစိဖိတ် ကျွန်းစုများ (ဖရန့်)






မော်လ်ဒိုက် (ရူဖီယာ)





ဆာအို တွန်မေး နှင့် ပရင်စစ် (ဒိုဘရာ့စ်)






ဆွစ်ဇာလန် (ဖရန့်)






ကိုမိုရို (ကိုမိုရီးယန်း ဖရန့်)







နယူးဇီလန် (နယူးဇီလန်ဒေါ်လာ)






ကွတ် ကျွန်းစုများ (ကွတ်ကျွန်းစုများဒေါ်လာ)








ဟောင်ကောင် (ဟောင်ကောင်ဒေါ်လာ)







အိုက်စ်လန် (ခရွန်နော်)







ဖာရိုကျွန်းစု (ခရွန်နော်)



World's Largest Graffiti to be Inaugurated in Brazil

 As you are reading this post, Brazilian president Lula is probably inaugurating the 
world’s largest graffiti on earth up to this date, 3500 square meters 
(over 37,000 square feet) at Foz do Iguaçu, Brazil on the 2nd of September of 2010.





The content of the graffiti focuses on fighting the violation of 
children and teenager’s rights. The project intends to bring back 
to life the area of the highway, to separate street art and graffiti 
from it’s general concept of being vandalism and/or crime and 
to turn Foz do Iguaçu’s highway into a tourist hotspot.





More than 100,000 people go through the graffitied highway 
that separates the Juscelino Kubitschek and Tancredo Neves avenues. 
Graffiti artist from Brazil, Argentina and Paraguay have been 
working on the highway for 10 days nonstop getting ready for the event. 
From Paraguay, graffiti artists involved in the project include 
EddyAtaqOz, andPriz which belong to Paraguayan colective “Jopara”. 
On the Argentinian side there’s theGrupo We! collective and 
from the Brazilian side there’s Pontello, the Infames Crew and 
the Ya Basta collective made up by SicaLalanMichel and others. 




The project is an initiative by brazilian theater company Amadeus, together with Itaipu,SaneparSESC and Eco-Cataratas, with the support of Iguaçu National park and Macuco Safári.



                                                                                                                                                                      
                
                                                                                                                    

Dangerous fun.........Who want to ride?







                

                                                                                                                                                                      
                
                                                                                                                                                                                                                                                                
                                                                                                        


စိတ်ဝင်စားဖွယ်အကောင်းဆုံးကျွန်း5ကျွန်း

Top 5 World's Most Amazing Islands

Check out these interesting Islands, very interesting info! Includes the Alcatraz Island, Easter Island, Sealand, Surtsey & the Gunkanjima!

Top 5 World's Most Amazing Islands 

 

 

5. ALCATRAZ ISLAND (USA): home to the first lighthouse on the Pacific Coast

AmazingIslands

Alcatraz Island (sometimes informally referred to as simply Alcatraz or by its pop-culture name, The Rock) is a small island located in the middle of San Francisco Bay in California, United States. It served as a lighthouse, then a military fortification, then a military prison followed by a federal prison until 1963, when it became a national recreation area. The first European to discover the island was Juan de Ayala in 1775, who charted the San Francisco Bay and named the island "La Isla de los Alcatraces", which means "Island of the Pelicans".

AmazingIslands

The discovery of gold in California in 1848 brought thousands of ships to San Francisco Bay, creating an urgent need for a navigational lighthouse. In response, Alcatraz lighthouse #1 was erected and lit in the summer of 1853. Because of its natural isolation in the middle of a bay, surrounded by cold water and strong sea currents, Alcatraz was soon considered by the U.S. Army as an ideal location for holding captives. Alcatraz was the Army's first long-term prison, and it was already beginning to build its reputation as a tough detention facility by exposing inmates to harsh conditions and iron fisted discipline. Due to rising operational costs because of its location, the Military Department decided to close this famous prison in 1934, and it was subsequently taken over by the Department of Justice and later became the famous federal prision and finally a recreation area.

 AmazingIslands

4. EASTER ISLAND (Polynesian triangle, Chile): world heritage site and one of the most isolated inhabited islands in history

AmazingIslands

Easter Island is one of the world's most isolated inhabited islands. It is 3,600 km (2,237 miles) west of continental Chile and 2,075 km (1,290 miles) east of Pitcairn. Nowdays, it is a Chilean-governed island, and is a world heritage site with much of the island protected by the Rapa Nui National Park.

AmazingIslands

First settled by a small party of Polynesians, Easter Island is one of the youngest inhabited territories on Earth, and for most of its history it was the most isolated inhabited territory on Earth. Its inhabitants the Rapanui have endured famines, epidemics, civil war, slave raids and colonialism; have seen their population crash on more than one occasion, and created a cultural legacy that has brought them fame out of all proportion to their numbers.

AmazingIslands

 

3. SEALAND (Principality): World's smallest island

AmazingIslands

The Principality of Sealand is an island and a micronation located on HM Fort Roughs, a former Maunsell Sea Fort located in the North Sea 10 km (six miles) off the coast of Suffolk, England, in what is claimed as territorial waters using a twelve-nautical-mile radius.

 

AmazingIslands
Since 1967, the installation has been occupied by associates and family of Paddy Roy Bates, a former radio broadcaster and former British Army Major, who claims that it is a sovereign and independent state. Critics, as well as court rulings in the United States and in Germany, have claimed that Roughs Tower has always remained the property of the United Kingdom, a view that is disputed by the Bates family. The population of the facility rarely exceeds ten, and its habitable area is 550 m2 (5920 sq ft).

Sealand's claims to sovereignty and legitimacy are not recognised by any country, yet it is sometimes cited in debates as an interesting case study of how various principles of international law can be applied to a territorial dispute.

 

AmazingIslands

 

2. SURTSEY (Iceland): The emerging island

AmazingIslands


Off the coast of Iceland on the morning of 14 November 1963, the crew of a lone fishing trawler spotted an alarming sight. Off to the southwest of the Ísleifur II, a column of dark smoke was rising from the water. Concerned that it could be another boat on fire, the captain directed his vessel towards the scene. Once there, however, they found not a boat but a series of violent explosions producing ash. This was an unmistakable indication of a volcanic eruption taking place underwater, close to the surface. Very aware of the potential danger but eager to watch, the crew kept their boat nearby. It was indeed a remarkable event that they would witness a small part of over the course of that morning: the formation of a brand-new island.

AmazingIslands

Although now quite visible, the eruption lasted for much, much longer than the Ísleifur II would have been able to watch. After several days, the volcano had broken the water's surface, forming an island over 500 meters long and 45 meters tall. Even though the rough tides of the North Atlantic might have soon eroded the new island away, it was named Surtsey, meaning 'Surtur's island' - Surtur (or Surtr) being a fire giant of Norse mythology. The island proved to be tenacious, however. The eruption was ongoing and Surtsey increased in size more quickly than the ocean could wear it down. In the meantime two other nearby volcanic eruptions produced the beginnings of islands, but neither lasted very long. By April 1964, though, the most violent parts of the eruption were over and Surtsey remained.

AmazingIslands

1. GUNKANJIMA (Japan): the Ghost (and forbidden) Island

AmazingIslands

Gunkanjima is one among 505 uninhabited islands in the Nagasaki Prefecture about 15 kilometers from Nagasaki itself. The island was populated from 1887 to 1974 as a coal mining facility. The island's most notable features are the abandoned concrete buildings and the sea wall surrounding it. It is known for its coal mines and their operation during the industrialization of Japan. Mitsubishi bought the island in 1890 and began the project, the aim of which was retrieving coal from the bottom of the sea. They built Japan's first large concrete building, a block of apartments in 1916 to accommodate their burgeoning ranks of workers, and to protect against typhoon destruction.

 

AmazingIslands

Gunkanjima is one among 505 uninhabited islands in the Nagasaki Prefecture about 15 kilometers from Nagasaki itself. The island was populated from 1887 to 1974 as a coal mining facility. The island's most notable features are the abandoned concrete buildings and the sea wall surrounding it. It is known for its coal mines and their operation during the industrialization of Japan. Mitsubishi bought the island in 1890 and began the project, the aim of which was retrieving coal from the bottom of the sea. They built Japan's first large concrete building, a block of apartments in 1916 to accommodate their burgeoning ranks of workers, and to protect against typhoon destruction.

In 1959, its population density was 835 people per hectare for the whole island, or 1,391 per hectare for the residential district, one of the highest population density ever recorded worldwide. As petroleum replaced coal in Japan in the 1960s, coal mines began shutting down all over the country, and Hashima's mines were no exception. Mitsubishi officially announced the closing of the mine in 1974, and today it is empty and bare, which is why it's called the Ghost Island. Travel to Hashima is currently prohibited.

AmazingIslands

 



--
More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge


With Best Regards,

slip
http://www.meepyatite.blogspot.com/


If u need any IT Notes & Software
u can download free from
http://slip-meepyatite.blogspot.com/


If u wanna listen any musics
http://myl6.blogspot.com/


If u wanna read latest news
http://lighthouse28.blogspot.com/


If u wanna read funny jokes
http://7comrades.blogspot.com/


Welcome to MIET forum
http://mietforum.ning.com/



Reply all
Reply to author
Forward
0 new messages