ဒွါရာဝတီမှာ ပြောကတ်ဟာဒိန်

42 views
Skip to first unread message

VexingError

unread,
Sep 12, 2013, 2:23:50 PM9/12/13
to Rakhin...@googlegroups.com
ဒွါရာဝတီမှာ ပြောကတ်ဟာဒိန်
===============
(၁) ကတောင်ကယောင် - အယောင်ယောင်အမှားမှား
(၂) ကပက်ကစက် - သန်ု့ရှင်း သပ်ယပ်မှုမဟိ၊ ဖြစ်တေပိုင်လုပ်တေ၊ ဖြစ်တေပိုင်ထားရေ၊ စည်းကမ်းမဟိ လုပ်တေ
(၃) ပက်စီပက်စက် - သန်ု့ရှင်း သပ်ယပ်မှုမဟိ၊ ဖြစ်တေပိုင်လုပ်တေ၊ ဖြစ်တေပိုင်ထားရေ၊ စည်းကမ်းမဟိ လုပ်တေ
(၄) အကွန်ဆောင် - ဟန်ဆောင်နီရေ
(၅) ဗောဂျီးထိုးကန်း (လူပေါကြီး ထိုးကန်း) - အထိန်းအကွပ်မရှိ၊ စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် မလုပ် (ဗောဂျီးထိုးကန်း လုပ်နေယီယ်) [‘ထိုးကန်း’ တစ်လုံးသတ်သတ် ဟိပါသီးရေ]
(၆) စက်ဆုပ်ပလိ - ရွံစရာကောင်းရေ
(၇) မွေ့လီမွေ့လီ - (က) ခေါင်းမွိရေ (ခေါင်းထဲမာ မွေ့လီမွေ့လီ ဖြစ်နေယီယ်ဟီယ်) (ခ) ထိုယောင်ယောင် ဒေယောင်ယောင် (မွေ့လီမွေ့လီနန့် ဘာအလုပ်မှ မပြီး၊ တစ်နေ့လုံးကုန်သွားယီယ်)
(၈) ဟီလာသတ် - တ၀ါးဝါး တဟားဟားနန့် ဆူဆူညံညံ ပြောဆိုနီကြတ်တေ
(၉) ပျော်ဂျီးကျ - အပျော်လွန်နီရေ
(၁၀) တောက်ချီးလန် - ချဉ်လားရေ၊ အမြင်ဝရေ၊
(၁၁) မပျူမပွင့်နန့် - အုံးတုံးပျက်၊ ပြောချင်ပိုင် မပြောချင်ပိုင် ပျင်နီရေ၊ မကြားတကြားပြောရေ
(၁၂) ဆီးဆောက်ကယောက် - ရှိနောက်မညီပြောရေ၊ ပါးစပ်ထဲမာ တွိရေပိုင် ပြောချလိုက်တေ
(၁၃) ကထားကယား - ကိုးရိုးကားယား
(၁၄) ကဒိုင် ကယိုင် - (နိန်မကောင်းလို့ အားနည်းပြီး) ခြီလှမ်းမမှန်ဖြစ်နီရေ 
(၁၅) ဒုံးဒီဗုံးဒီ - ဇီဇာမကြောင်၊ အခွင့်အရေးမယူ၊ တင်းတိမ်ရေ၊ ကိုယ့်ဖို့နန့်ကိုယ် အီးအီးနီတတ်တေ (ဒီယ်သူငယ်က ချထားလိုက်ယင် ဒုံးဒီဗုံးဒီနန့် နေယီယ်၊ အငိုအပြုမဟိ)
(၁၆) ဟာလိဟာလာ - ဟာတာတာ (၀မ်းထဲမာ ဟာတာတာ ဖြစ်နီယီယ်)
(၁၇) ချာလိချာလာ - ပေါချာချာ၊ အူတူတူ၊ ယောင်တောင်တောင်
(၁၈) ဗလဗွေသတ် - ယှုပ်ယှက်ခတ်နီရေ 
(၁၉) စို့ဗို့ကားယား - ပမာမခန့်လုပ်တေ
(၂၀) ဗောက်ကတတ် - ဖောက်ဖောက်ပြောတတ်သူ၊ တစ်လုံးထဲနန့် ထိအောင်ပြောတတ်သူ
(၂၁) အထူးကာယ လျှောက်ပျော - အဆက်အစပ်မဟိ၊ ယုတ္တိမဟိ ပြောရေ
(၂၂) ဆီဆီဆိုင်ဆိုင် - စီစီစိုင်စိုင်၊ အစီအစိုင်တကျ (ထမင်းကို ဟင်းနဲ့ ငါးနဲ့ စီစီစိုင်စိုင် ချက်စားယီယ်)
(၂၃) ပိပိယိုင်ယိုင် - ယိုင်ယိုင်ကျေးကျေး၊ သိမ်သိမ် မွိ့မွိ့ (ပိပိယိုင်ယိုင်ထိုင်သည်)
(၂၄) ထွတ်ထွတ်ကျေ - ပြန်ပြုပြင်၍ မရအောင် ကြီမွ ပျက်စီးလားရေ
(၂၅) ထဘိန် ချအူထွက်နန့် - ထဘိန်အတွင်းသား အပြင်သို့ ထွက်နီရေ
(၂၆) ထဘိန် စွေဇောင်းနန့် - ထဘိန်ဝတ်ရာမာ မညီပဲစောင်းနေရေ
(၂၇) ထဘိန် ချီဖျားသီနန့်- ထဘိန်ကို ခြီဖျားမာ ပုံနီအောင် ၀တ်ထားရေ
(၂၈) သာသာမဟုတ် - အများကြီး၊ မကန်
(၂၉) အသားတုံးကျက်ကျက် - အသားတုံးခဲ၊ တုံးတုံးကျင်းကျင်း၊ အင်္ကျီမ၀တ်ပဲ ဒေအတိုင်းနီရေ
(၃၀) ထည့်လို့မကန် - (ဇာလောက်စားစား စားလို့မ၀ပဲ စားသလောက်ဝင်ရေ)
(၃၁) ပန်းတူ - ခေတ်စကားနန့် ဆီးတံ ခေါ်ရေ ပစ္စည်းပါ၊ အသံထွက် အတိုင်းဆိုကေ ပန်းဒူ ပါ ။
(၃၂) ကျမွေ့ - ငရုတ်သီး၊ ကြက်သွန်စသည်ရို့ကို ဆုံမှာ ထည့်ထောင်းရေအခါ ကိုင်ပျာ ထောင်းဖို့သုံးသော ကျမွိလို့ခေါ်ရေ ပစ္စည်းပါ ။
(၃၃) ခတ် - လူသီကို တင်ရေ ၀ါးနန့် ပြုလုပ်ထားရေ ထမ်းစင်ပါ ။
(၃၄) ဒုန်နာ - ယင်းရွာရို့မာ ဒုန်နာလမ်းမဟိရေအတွက်နန့် ဒုန်နာလမ်းကို မြို့က ခေါ်ရေအတိုင်း ကတ္တရာလမ်းလို့ရာ ခေါ်ပါရေ -
(၃၅) ဗျပ် - ဗန်း
(၃၆) ဘောက်သာအိတ် - ဂုန်နီအိတ်
(၃၇) ဒုန် - ဇလုံ၊ ဂျိုင့် ရို့ပိုင် ပစ္စည်းကို ခေါ်ရေ နာမည်ပါ - အင်ဒုန်၊ ကြွီဒုန် စသည်ဖြင့် ခေါ်ပါရေ -
(၃၈) အစုတ်အဆွီး - သုံးစားမရ
(၃၉) အမီးတုံး - မဒုံးကို ခေါ်စွာပါ - အသံထွက်က အမီးဒုံး ပါ -
(၄၀) ညောယေီယ် - မအီမသာ နီမကောင်းချင်ရေပိုင် ဖြစ်တေသဘောကို ပြောရေ စကားလုံးပါ - သံတွဲနယ်က ရွာသားတိမာ ခံစားချက်ပြင်းလာရေအချိန်မာ ယင်းပိုင်ပြောစွာ တွိပါရေ -
(၄၁) ညင်ယေီယ် - အားကုန်ပြီး နီမကောင်းချင်ရေပိုင် ဖြစ်တေသဘောကို ပြောရေ စကားလုံးပါ - သံတွဲနယ်က ရွာသားတိမာ ခံစားချက်ပြင်းလာရေအချိန်မာ ယင်းပိုင်ပြောစွာ တွိပါရေ -
(၄၂) ဂေါင်းညီးယေီယ် - ခေါင်းညီးရေ ခံစားချက်ပြင်းလာရေအချိန်မာ သံတွဲနယ်က ရွာသားတိ ယင်းပိုင်ပြောစွာ တွိပါရေ -
(၄၃) ရခိုင်သံကျောက်ကျောက်နန့် - ရသံ အစဟိသည်ဖြင့် ရခိုင်သံလျော့လာစွာကို သတိထားမိရေ သဘောနန့် ရခိုင်စကား ပီပီသသ ပြောရေလူကို တွိရေအခါ ၀မ်းသာအားရ သဘောနန့် ယင်းပိုင် ပြောပါရေ - “ခိုင်မှခိုင်”လို့ပါ တစ်ဆက်တည်း ချီးကျူးစွာ တွိပါရေ -
(၄၄) နှမျှောနှမိ - နှမိနှမျှော လို့ ပြောရေ အသုံးအနှုန်းပျာ ဖြစ်ပါရေ - 
(၄၅) နမိနမော - နှမျှောနှမိ ကို မှတ်သားရရေ အခါမှာ နှမိနှမျှော လို့ကာ မပြောလားလို့ မီးကြည့်ရေအတွက်နန့် ထပ်ရလာရေ စကားလုံးပါ - နမိနမော ဆိုစွာ နှမိနှမျှော နန့် မတူပါ - မောပျာ၊ ကြောင်ပျာ ငေးနီစွာကို ဆိုလိုပါရေ - နွားမိနွားမော လို့ ဆိုလိုဟန် ဟိပါရေ -
(၄၆) ဂျုတ်ကျောက်နေီယ်ယေီယ် - ဂြုတ်ကျောက်နီရေ
(၄၇) အီးယေီယ် - အနာအီးစွာကို ပြောပါရေ
(၄၈) ဆာယေီယ် - အနာဆာစွာကို ပြောပါရေ
(၄၉) စားဖတ်သောက်ဖတ် - စာကြွင်းစားကျန်ကို ပြောပါရေ
(၅၀) ဖိတ်စင်ထက်ဝက် - ဖိတ်စိုင်ထက်ဝက် ကို ပြောပါရေ - ဒေစကားလုံးမာ စိုင် လို့ မဆိုဘဲ ဗမာသံပါပါ စင် လို့ ဆိုပါရေ - ထက်ဝက် ဆိုရေ အသုံးမာ ကျောက်စာများလာ အသုံးဖြစ်ပါရေ - ကျောက်စာများမာ တစ်ဝက်လို့ မသုံးပါ -
(၅၁) ကျိကျိပတ်ပတ် - ကျိပတ်ခတ် ဆိုရေ အသုံးမျိုးဖြစ်ပါရေ
(၅၂) မွား - မွားစားစွာကို ပြောပါရေ
(၅၃) မွှား - ဖုန်းကံနိမ့်ဖို့စွာကို ပြောရေအခါမာ သုံးစွာကို တွိရပါရေ - (ဟေ့ သူငေီ - ထဘိန်းတန်းအောက် ၀င်မဆော့နန့်၊ မွှားကုန်အုံးမေီ။) အသေးအမွှား ဆိုရေ အသုံးထဲက မွှားနန့် တူဟန် ဟိပါရေ -
(၅၄) ၀ယေီဝယေီ - အမြင်ဝရေလို့ ဆိုလိုပါရေ - သို့သော် အမြင်နန့် တွဲလို့ သုံးကေတော့ အမျင်ကတ်တေီ လို့ သုံးစွာ တွိပါရေ -
(၅၅) လက်ခု - လက်ခုတ် လို့ အသံထွက်ကြတ်တေ ထမင်းအိုး၊ ဟင်းအိုး ပူပူလောင်လောင်ကို ကိုင်တွယ်ရာမာ သုံးရေ အဟပ်ပါ -
(၅၆) ထမင်းအိုးလွှန် - ထမင်းအိုးဝှန်စွာကို သုံးပါရေ -
(၅၇) လွှန်နေီယာ - ၀ှန်နီပျာ ဆိုရေ အဓိပ္ပာယ်ပါ -
(၅၈) စုတ်စုတ်မိုက် - ညဇာဖက် နေစောင်းချိန် မည်းမှောင်ရေ သဘောကို ညွှန်းပါရေ -
(၅၉) စုတ်စုတ်ကန်း - ညဇာဖက် နေစောင်းချိန် မည်းမှောင်ရေ သဘောကို ညွှန်းပါရေ -
(၆၀) မိုးလင်းဝါ - မိုးသောက်ဖက်ကို ညွှန်းပါရေ - မိုးထက်အာကာမာ အလင်းပေါ်လာပြီး အ၀ါရောင်သန်းနီရေ အရုဏ်တက်အချိန်ကို ပြောချင်ပုံရပါရေ - သို့သော် အရုဏ်တက် သာမက မိုးသောက်ဖက် တစ်ခုလုံးကို ပြောတတ်ပါရေ -
(၆၁) ၀မ်းခဲ - ၀မ်းထဲမာ မအီမသာ တင်းပြီး ဖြစ်စွာကို ပြောပါရေ။
(၆၂) ၀မ်းနာ - မစင်စွန့်ချင်ရေ အခြေအနေ ကိုပြောပါရေ။ 
(၆၃) ၀မ်းဆာ - အစာစားချင်ရေ ခံစားမှုကို ပြောပါရေ။
(၆၄) တောက်ဆတ် - စကားပြောစွာ အသံမာမာနန့် ပြောစွာကို ပြောပါရေ။ 
(၆၅) သျှပ်ပလိ သျှပ်ပလာ - နမော်နမဲ့လုပ်တတ်စွာကို ပြောပါရေ။ 
(၆၆) ပတတ်ယထ - ဂဏှာမငြိမ် ဖြစ်နီစွာကို ညွှန်းပါရေ။
(၆၇) နွှင် - ကြက်သွန်၊ အာလူး၊ သခွားသီး အစဟိသေရို့ကို အခွံခွာစွာ၊ ငါး၊ ကြက်သား အရိုး ထွင်စွာ (ကြက်သားသုတ်စားဖို့ အသားနွှင်လိုက်ဟေ့) 
(၆၈) လှပ် - ရေ တအိုးမှ တအိုးသို့ ပြောင်းထည့်စွာကို ပြောရေ။ 
(၆၉) သောင် - ကြက်သွန်သောင်စော်ကို ပြောပါရေ၊ ကြက်သွန်ကို ထားယင်းနန့် ပိန်လိမ်လားစွာမျိုး၊ ကြက်သွန်စိုက်တေ အခါမာ အချို့ကြက်သွန်တိ မအောင်မမြင် ဖြစ်စွာမျိုး ရို့ကို ပြောပါရေ၊ (နိင့်မာ ကြက်သွန် ၀ယ်လာဟာ အသောင်တွေဂျေးပါကား ဟေ့)
(၇၀) ပတ်ပတ်ပျော် - ပက်ပက်ပြို။ ပင်ပန်းအားကြီးလို့ မလှုပ်နိုင်အောင် ညောင်းညာ နီစွာကို ပြောပါရေ။ အထူးသဖြင့် အသီးတစ်ခုခု အမှဲ့လွန်ပျာ ပုပ်လားရေ အခြေအနီကို ပြောပါရေ။
(၇၁) ဆေီလီကျေ - ပါးနပ်လိမ္မာလွန်းသည်ကို ညွှန်းသည်။ 
(၇၂) ထိုးအိင်းဂျီ - စွတ်ကျယ် အင်္ကျီ၊ ဂင်ဇီပရာ 
(၇၃) ဆီနန့်ပျားနန့် - ဟင်း၊ ငါးကို ဆီဖြင့်ချက်သေကို ညွှန်းသည်။
(၇၄) ငါးသင်ယေီ - ငါးခုတ်စွာကို ပြောပါရေ 
(၇၅) အားစေလာယာ - လူနာ နာလန်ထပြီး အားပြည့်လာစော်ကို ပြောပါရေ။
(၇၆) တိန်းနေီ - အသံမထွက်ကေ့ လို့ပြောစွာဖြစ်ပါရေ။
(၇၇) ကနိတီး - “သီး” ရေလို့ပြောကတ်တေ အဓိပ္ပာယ်ပါ။
(၇၈) လက်ဂတိ - ချိုင့်ချွေးနံ့ နံစော်ကို ပြောစွာဖြစ်ပါရေ။ (ချိုင့်ချွေးနံ့နံစော်ကို လက်ဂတိပတ်စော်နံရေ။)
(၇၉) ပိတ်ပိတ်သိတ်သိတ် - မကောင်းသတင်းမထွက်ရအောင် သိုသိုသိပ်သိပ် နီစော်ကို ပြောပါရေ။ 
(၈၀) အတွက်ကျ - (၁) မှန်းဆထားမိရေ (၂) စာရင်းကိုက်ညီမှု ဟိတေ 
(၈၁) စုပ်စုပ်နစ် - အလုပ်တစ်ခုကို အကြိုးအမြတ်မတွက်ဘဲ တပင်တပန်း စိတ်ရောကိုယ်ပါ နှစ်၍ လုပ်သည်ကို ပြောပါရေ။ ရေတကိုယ်လုံး စိုချွဲနေရေ အဓိပ္ပယ်မျိုးနန့် သုံးစော်ကို မတွိရပါ။
(၈၂) ကဗိုင်သား/ ကဗိုင်ခေါက် - ပြားတောမာပေါက်တေ ကဗိုင်လို့ခေါ်ရေအပင်မျိုးကို ပြောစော်ဖြစ်ပါရေ။ ကဗိုင်ခေါက်ကို ယက်ကန်းစင်များတွင် အနီရောင်ဆိုးဆေး အဖြစ်အသုံးပြုပါရေ။
(၈၃) ခမောင်းပိင်/ ခမောင်းသီး - သံတွဲမြို့နယ် ရွှေလှေရွာအနီးဟိ ရွာတစ်ရွာကို “ခမောင်းဒုန်းရွာ” လို့ခေါ်ပါရယ်။ ခမောင်းဒုန်းလို့ ခေါ်ကေလည်းသော့ အမှန်မာ “ခမောင်းတော” ကို ဒေသသံနှင့် အသံထွက်လိုက်တေအတွက် ခမောင်းတုန်းဖြစ်လားဟန်တူပါရေ။ 
(၈၄) ပလိင်ပိင် - ပလ္လင်ပင် ဖြစ်ပါရေ။
(၈၅) အလပ် - အရေပမာဏ အပြည့်အဟုတ်ဘဲ ထက်ဝက်ခန့်ဟိနီစော်ကို ပြောပါရေ။ 
(၈၆) အဟပ် - အ၀တ်စကို ပြောပါရေ။
(၈၇) ချနှီး - အချေအနှီးကို ပြောပါရေ။ ချနှီးဟပ် လို့တော့ သုံးစော်မတွိရပါ။
(၈၈) ကော်ဆေီးယေီ - ကော်နှက်တေ အသုံးအနှုံးလည်းဟိပါရေ။
(၈၉) နိုင်စားယေီ - အနိုင်ကျင့်စော်ကို ပြောပါရေ။ 
(၉၀) က မကျ ဏ မကျ - ထိုမရောက် ဒေမရောက် ကန့်လီကန့်လန့်။
(၉၁) ခွတ်တေီ 
(၉၂) ဖွတ်တေီ 
(၉၃) တော်ယေီ
(၉၄) ၀ီးညိုပေါက် 
(၉၅) ဆောင်းပါးထုပ် 
(၉၆) မဲပြာမှုန့်
(၉၇) တောက်ဖျိ(တ်) ကောင် 
(၉၈) ဇိဇီ 
(၉၉) ဒေါင့်ဒေီး
(၁၀၀) ဂေါယော်ငါးပါးမှောက်/ဂေါယော်ငါးပါးလန် 
(၁၀၁) ဒုံးဗောက်ဆောင့် 
(၁၀၂) ဒယောသောဗါး
(၁၀၃) ဗျမ်းဗျမ်းဆာ 
(၁၀၄) ဖျဲစီဖျဲစါ့(တ်) 
(၁၀၅) ကျိကျိပါ့(တ်)ပါ့(တ်)
(၁၀၆) လျှာယေလိုက်
(၁၀၇) လျှာယေကျ
(၁၀၈) အယိကျ
Credit to- Khin Mar Swe
Reply all
Reply to author
Forward
0 new messages