Fwd: [mrsorcerer:28706] Fwd: Thet Tant Cho

12 views
Skip to first unread message

Lin Lin

unread,
Aug 4, 2012, 12:57:54 AM8/4/12
to pl...@googlegroups.com


ကိုယ်ဖန်တီးမယ့်အိမ်ကလေးတွေ



တစ်ခါတုန်းကပေါ့ -- အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့ လက်သမားဆရာကြီးတစ်ယောက်ဟာ အသက်အရွယ် အရသော်လည်းကောင်း အေးအေးလူလူနေချင်တဲ့အတွက်ကြောင့်လည်းကောင်း အနားယူချင်နေခဲ့တယ် ။ လက်သမားဆရာက သူ့နဲ့စာချုပ်ချုပ်ထားတဲ့အလုပ်ရှင်ကိုသူ့ရဲ့ အကြံကိုပြောပြတယ် ။ အိမ်ဆောက်တဲ့လုပ်ငန်း ကနေ အနားယူချင်ပြီး သူ့ဇနီးနဲ့ သူ့မိသားစု တွေနဲ့အ တူတူ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ ၀မှာ နေထိုင် သွား လိုကြောင်းပေါ့ ။ ဒါပေမယ့် လက်သမားဆရာကြီးက သူ့အလုပ်ရှင်ကို စာချုပ်အရရော အကြွေးတွေ ကျန်နေသေး တယ် ဒါပေမယ့် သူ အမှန်တကယ်ကို အနားယူချင်နေခဲ့တယ် ။

အလုပ်ရှင်က ဒီလို တော်တဲ့လက်သမားဆရာကြီးဆီက အနားယူမယ်ဆိုတဲ့စကားကြားရတဲ့အခါ စိတ် မကောင်းဖြစ် သွားတယ် ။ ပြီးတော့ လက်သမားဆရာကိုပြောတယ် ။ “ လူမှုရေးအရဖြစ်စေ ကျွန်တော့်ကို အိမ်တစ် လုံးလောက် နောက်ဆုံးအနေနဲ့ဆောက်ပေးနိုင်မလား ” လက်သမားဆရာကြီးက “ ကောင်းပါပြီ ” လို့ပြောလိုက်တယ် ။ ဒါပေမယ့် တကယ် နောက်ဆုံးအိမ်ကိုဆောက်တဲ့အခါ လက်သမားဆရာကြီးဟာ သူ့ရင်ထဲ နှ လုံးသား ထဲကနေ စိတ်မပါတော့ဘူး ။ နောက်ဆုံးအိမ်ဖြစ်တဲ့ အတွက် စေတ နာလည်းလျော့ ရဲသွား သ လို စိတ်ကလည်းအနား ယူချင်စိတ်သာ စိုးမိုးနေခဲ့တယ် ။ သူဟာ စိတ်မပါတဲ့အ တွက် နောက်ဆုံး သူဆောက်ရမယ့်အိမ်ကိုလည်း ကရော်ကမယ် အဖြစ်လောက်ပဲ ဆောက်လုပ်ခဲ့တယ် ။ အိမ်ဆောက် ပစ္စည်းတွေ ကိုလည်း အရည်အသွေးညံ့တဲ့ပစ္စည်းတွေကိုပဲသုံးခဲ့တယ် ။

ဒီလိုနဲ့လက်သမားဆရာကြီးဟာ နောက်ဆုံးအိမ်ကို ဆောက်လုပ်ပြီးစီးသွားခဲ့တယ် ။ အလုပ်ရှင်က အိမ်ကို လာကြည့်ပြီး လက် သမားဆရာကြီးကိုလက်ဆွဲနှုတ်ဆက်လိုက်တယ် ။ ပြီးတော့ အိမ်သော့ကိုယူပြီး “ ဒါဟာ ခင်ဗျားရဲ့ အိမ်ပါပဲ -- ကျွန်တော်ခင်ဗျားကို နောက်ဆုံးအနေနဲ့လက်ဆောင်ပေးတာပါ ” လို့ပြောလိုက်တယ် ။

----------------------------------------

ဘယ်လောက်အံ့သြစရာကောင်းသလဲ ။ ဘယ်လောက်ရှက်စရာကောင်းသလဲ ။ အကယ်၍သာ လက်သမား ဆရာကြီးက သူ့အတွက်ပေးမယ့်အိမ်မှန်းသာ သိရင်သူပိုင်ဆိုင်ရမယ့်အိမ်မှန်းသာသိရင် သူဟာ လက်ရှိဆောက် ထားတဲ့အိမ်နဲ့မတူတဲ့ ကောင်းမွှန်သပ်ရပ်တဲ့အိမ်ကို ဆောက်လုပ်မှာအမှန်ပါပဲ ။ အခုတော့ သူဆောက်လုပ် ထားတဲ့သိပ်မကောင်းမွန်တဲ့အိမ်ကလေးမှာပဲ သူနေရတော့မှာ သူပိုင်ဆိုင်ရတော့မှာဖြစ်တယ် ။

ကျွန်တော်တို့ရော ?? ကိုယ့်အတွက် အကျိုးမရှိဘူး ကိုယ့်မပိုင်ရဘူး ဆိုပြီးအဖြစ်သဘော အလုပ်သဘော လုပ်ခဲ့တာတွေ ရှိနေမလား ? ကျွန်တော်တို့ဘ၀မှာရော ဘယ်လိုအရာမျိုးတွေကို တည်ဆောက်ခဲ့ကြသလဲ ။ ကိုယ့်အတွက် မဟုတ်ဘူးဆိုရင် ကောင်းကောင်းမွန်မွန်မလုပ်ဘူး ကောင်းကောင်းမွန်မွန်မဆက်ဆံဘူး အပြု သဘော အဖြစ်သဘောတွေများ လုပ်ခဲ့ကြသလား ။

တကယ်တော့လောကကြီးမှာ ဘာအလုပ်ပဲလုပ်လုပ်ကိုယ့်အလုပ်လို ကိုယ့်အကျိုးစီးပွားလို သဘောထားပြီး အကောင်းမွန်ဆုံးလုပ်ဆောင်ပါ ။

ကိုယ်မပိုင်ရဘူး ကိုယ့်အတွက်မဟုတ်ဘူးဆိုပြီး ဘာကိုမှ ဖြစ်ကတတ်ဆန်းမလုပ်မိပါစေနဲ့ ။

ကိုယ်က အဖြစ်သဘောနဲ့လုပ်ခဲ့တဲ့အရာတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အတွက် အရှက်ရစ ရာတွေဖြစ်နေ တတ်တယ် ။

“ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖန်တီးတဲ့ ကိုယ်ပြုလုပ်တဲ့ အိမ်ကလေးအတွင်း မှာပဲ နေ ထိုင်ကြရတာပါ ”

သက်တန့်ချို
How are you building your life? အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
You are subscribed to email updates from သက်တန့်ချို.....
To stop receiving these emails, you may unsubscribe now. Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610




 
Yours affectionately,
Peter Lin

Reply all
Reply to author
Forward
0 new messages