Groups
Groups
Sign in
Groups
Groups
PL&FR
Conversations
About
Send feedback
Help
ပါးပါးလေး ရယ်ရအောင်
18 views
Skip to first unread message
Lin Lin
unread,
Apr 15, 2012, 3:07:49 AM
4/15/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to pl...@googlegroups.com
အကောင်းဆုံး ပြန်ချေပနိုင်သူနှစ်ဦး
အမေရိကားမှာ ရှေ့နေဆိုတာ ဝင်ငွေကောင်းတဲ့အလုပ်လို့ဆိုပေမယ့် လူတွေရဲ့လေးစားမှုကို
သိပ်မခံကြရဘူး။ ဒါကြောင့် ရှေ့နေတွေကို မနှစ်လိုတဲ့ ဟာသတွေ၊ ပျက်လုံးတွေရှိခဲ့ကြတယ်။
အောက်က ဇာတ်လမ်းနှစ်ပုဒ်က နှစ်တစ်နှစ်ရဲ့ "အကောင်းဆုံး ပြန်ချေပသူ" (TWO OF THE YEAR'S BEST COMEBACK RESPONSES)အဖြစ် စံချိန်တင်ခဲ့ပါတယ်။
(၁)
ရဲအရာရှိတစ်ဦးဟာ ကြီးလေးတဲ့ပြစ်မှုတစ်ခုအတွက် တရားခံရဲ့ရှေ့နေမေးမြန်းခြင်းကို ခံခဲ့ရတယ်။
ရှေ့နေက ရဲအရာရှိရဲ့ယုံကြည်လက်ခံနိုင်စွမ်းကို သိမ်ငယ်စေချင်ခဲ့တယ်။
မေး....
ရဲအရာရှိခင်ဗျား။ ကျွန်တော်ရဲ့အမှုသည် အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးသွားတယ်ဆိုတာကို ခင်ဗျာကိုယ်တိုင်မြင်ခဲ့သလား?
ဖြေ....
ကျွန်တော်မမြင်ပါဘူး။ ဒါပေမယ့် အခင်းဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူနဲ့တူတဲ့လူတစ်ဦး လမ်း ၃,၄ ပြလောက် ဖြတ်ပြေးသွားတာကိုတော့ တွေ့လိုက်ပါတယ်။
မေး.....
ပြစ်မှုကျူးလွန်သူရဲ့ပုံသဏ္ဌာန် ခင်ဗျားကို ဘယ်သူပြောပြသလဲ?
ဖြေ.....
အခင်းဖြစ်ပွားတဲ့နေရာကို ရောက်သွားတဲ့ အရာရှိပြောပြတာဖြစ်တယ်။
မေး.....
ပြစ်မှုကျူးလွန်သူဆိုသူရဲ့ ပုံသဏ္ဌာန်ကို ခင်ဗျားတို့အဖွဲ့ဝင်ထဲက ရဲအရာရှိက ဖော်ညွှန်းပြတယ်။ ခင်ဗျားရဲ့အဖွဲ့ဝင်အရာရှိကို ခင်ဗျားယုံသလား?
ဖြေ....
ကျွန်တော်ယုံပါတယ်။ အသက်နဲ့ရင်းပြီး ယုံပါတယ်။
မေး...
အသက်နဲ့ရင်းပြီး ယုံတယ်? ဒါဆိုရင် ခင်ဗျားကိုကျွန်တော်တစ်ခုမေးမယ်။ ခင်ဗျားတို့ရုံးတက်ချိန်မှာ ခင်ဗျားတို့အဝတ်အစားလဲဖို့
အဝတ်လဲခန်းရှိတယ် မဟုတ်လား?
ဖြေ.....
ဟုတ်ကဲ့.... ရှိပါတယ်။
မေး...
. အဝတ်လဲခန်းထဲက ကိုယ်ပိုင်အံဆွဲတွေကို ခင်ဗျားတို့ သော့ခတ်လား?
ဖြေ...
ဟုတ်ကဲ့.. ခတ်ပါတယ်။
မေး....
ကောင်းပြီ။ ဒါဟာ ဘာကြောင့်လဲ အရာရှိခင်ဗျား? တကယ်လို့ ခင်ဗျားအသက်နဲ့ရင်းပြီး အဖွဲ့ဝင်ကို
ခင်ဗျားယုံကြည်ရင် အားလုံးအတူတူသုံးကြတဲ့ အများသုံးအဝတ်လဲခန်းမှာ ဘာကြောင့် သော့ခတ်ထားရသေးသလဲ ခင်ဗျား?
ဖြေ....
ခင်ဗျားသိထားရမှာက ကျွန်တော်တို့ရဲ့ ရုံးထိုင်ရာအဆောက်အအုံမှာ တရားရုံးလည်း ပူးတွဲပါရှိပါတယ်။
ရှေ့နေတွေက အဲဒီအဝတ်လဲခန်းကို အမြဲဖြတ်ကျော်သွားရလို့ပါ။
ရဲအရာရှိရဲ့အဖြေကြောင့် တရားရုံးထဲမှာ ရယ်သံတွေပျံ့လွှင့်သွားခဲ့တယ်။ ဒီရဲအရာရှိကို "အကောင်းဆုံး ပြန်ချေပနိုင်သူ"အဖြစ်
ဆုရာထားခြင်းခံခဲ့ရတယ်။
(၂)
General Norman Schwarzkopfကို (၉ဝ-၉၁ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲ(Gulf war)က အမေရိကန် စစ်ဗိုလ်ချုပ်ကြီး)
အင်တာဗျူးတစ်ခုမှာ အမေရိကန်ကို အကြမ်းဖက်တိုက်ခိုက်တဲ့ 9/11 အကြမ်းဖက်သမားတွေကို
အားပေးကူညီသူတွေကို ခွင့်လွှတ်သလားလို့ မေးခွန်းမေးခဲ့တယ်။
ဒါကို Schwarzkopfက Schwarzkopf လဏ္ခာနဲ့ အကောင်းဆုံးပြန်ဖြေခဲ့တယ်။
"သူတို့ကို ခွင့်လွှတ်ဖို့ကိစ္စက ဘုရားသခင်ရဲ့ကိစ္စလို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ရဲ့တာဝန်က သူတို့ကို ဘုရားသခင်နဲ့တွေ့ဖို့
စီစဉ်ပေးတာပါပဲ"
Reply all
Reply to author
Forward
0 new messages