Groups
Groups
Sign in
Groups
Groups
PL&FR
Conversations
About
Send feedback
Help
ချစ်ခြင်းနဲ့ဖြည့်တဲ့ ပုလင်း
40 views
Skip to first unread message
Lin Lin
unread,
Jun 24, 2012, 11:47:26 PM
6/24/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to pl...@googlegroups.com
ချစ်ခြင်းနဲ့ဖြည့်တဲ့ ပုလင်း
လက်ထပ်ပြီး သိပ်မကြာဘူး .. နေအိမ်အသစ်ထဲ ကောင်လေးနဲ့ ကောင်မလေး ပြောင်းရွေ့လာခဲ့တယ်။ ပစ္စည်းတွေကိုနေရာချပြီးနောက် ကောင်မလေးက ပုလင်းလှလှလေးတစ်လုံး ထုတ်လာပြီး ကောင်လေးကိုပြောတယ်။
“မောင်… (၃)လအတွင်းမှာ မောင်က နန္ဒကို တစ်ခါငိုစေတိုင်း နန္ဒက ဒီပုလင်းထဲမှာ ရေတစ်စက်ထည့်မယ်။ တကယ်လို့ ဒီပုလင်းမှာရေတွေနဲ့ပြည့်သွားပြီဆို နန္ဒမိဘအိမ်ပြန်မယ်”
“နန္ဒတို့ မိန်းကလေးတွေကလေ အမျိုးမျိုးပဲ.. တတ်လဲတတ်နိုင်လွန်းတယ်။ ဘာလဲ ! နန္ဒက မောင့်ကို မယုံလို့လား? မောင်တို့မိဘတွေနဲ့ အိမ်ခွဲနေတယ်ဆိုတာ နန္ဒကို မောင်ပိုဂရုစိုက်ချင်လို့၊ ကြင်နာချင်လို့.. နန္ဒကို မောင်နှိပ်စက်ဖို့ မဟုတ်ဘူးနော်.. နန္ဒ”
“ကောင်းပြီလေ မောင်.. ယောက်ျားကောင်းတွေက သူချစ်တဲ့သူကို မနာကျင်၊ ဝမ်းမနည်းစေဘူးတဲ့။ နန္ဒဘာကြောင့် မျက်ရည်ကျတယ်ဆိုတာကို နန္ဒသေသေချာချာ ရေးမှတ်ထားမှာပါ မောင်… မျက်ရည်ကျချင်တိုင်း ကျတယ်လို့တော့ မထင်နဲ့နော်”
“နန္ဒသဘောပါ.. နန္ဒ့သဘော.. ဟား..ဟား”
ကောင်လေးက ကောင်မလေးအပြောကို စိတ်မရှည်စွာ တဟားဟားရယ်ရင်း ပြန်ဖြေတယ်။
(၂)လအကြာမှာ ကောင်မလေးက ပုလင်းကိုင်ပြီး ကောင်လေးကိုပြတယ်။
“မောင်… ပုလင်းတစ်ဝက်ရှိသွားပြီ။ ဒီ(၂)လအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို နန္ဒတို့ ပြန်ဆန်းစစ်၊ ပြန်သုံးသပ်သင့်ပြီ ထင်ပြီနော်” ပြောပြောဆိုဆို ကောင်မလေးက ကောင်လေးကို စာအုပ်တစ်အုပ် ကမ်းပေးတယ်။
စာအုပ်ကို ကောင်လေးချက်ချင်းဖွင့်မကြည့်ဘူး။ ကောင်မလေးပြတဲ့ ရေတစ်ဝက်ပါတဲ့ပုလင်းကိုကြည့်ပြီး သူအံ့သြနေမိတယ်။ ကောင်မလေးရဲ့မျက်ရည် ဒီလောက်များပြီး ဒီလောက်မြန်မြန် စုဆောင်းမိမယ်မှန်း သူတွေးထင်မထားမိခဲ့သလို ကောင်မလေးက ပြဿနာသေးသေးကို ကြီးကြီးချဲ့နေတယ်လို့လည်း သူတွေးလိုက်မိတယ်။
စာအုပ်ကို သူလှန်ကြည့်လိုက်တော့ အံ့သြရပြန်တယ်။ စာအုပ်ထဲမှာ ဘာတွေများ ဒီလောက်အများကြီး ရေးထားမှန်း သူနားမလည်ခဲ့ဘူး။ စာရွက်တွေကို သူလှန်ကြည့်တော့ ကောင်မလေးက ဘေးကနေ တစ်ခုချင်း သူ့ကိုရှင်းပြနေတယ်။
“ပထမဆုံးအကြိမ် ရန်ဖြစ်တာက .. ဒီအိမ်ရောက်ပြီး (၃)ရက်မြောက်တဲ့နေ့မှာ။ အဲဒီနေ့က အစောကြီးပဲရှိသေးတယ်။ မောင်က အစောကြီးထရတော့ စိတ်သိပ်မကြည်တဲ့ပုံပဲ။ သွားတိုက်ဖို့ မောင် သွားတိုက်ဆေးညှစ်တော့ သွားတိုက်ဆေးက စင်ပြီး မှန်ပေါ်သွားတင်တယ်။ အဲဒီမှန်ကို နန္ဒသုတ်ပြီးစပဲရှိသေးတယ်။ နန္ဒက မောင့်ကို သွားတိုက်ဆေးတောင် မညှစ်တတ်ဘူးလားလို့ ပြောတာကို မောင်ကစိတ်ဆိုးတယ်။ အဲဒီမှာ ရန်ပွဲစဖြစ်ခဲ့တယ်….”
ကောင်မလေးပြောတာကို သူ ငြိမ်ပြီး နားထောင်နေတယ်။ ကောင်မလေးက ဆက်ပြောတယ်။
“ညနေတစ်ခုမှာ မောင့်ကို အဝတ်ကူလျှော်ဖို့ နန္ဒခေါ်တော့ မောင်က ဂိမ်းကစားမပျက်ခဲ့ဘူး။ ရေကအေးလွန်းလို့ မောင့်ကို အဝတ်ရေကျင်းခိုင်းရုံလေးပါ။ နန္ဒမိန်းမဓမ္မတာဖြစ်တဲ့အခါ ရေအေးမကိုင်နိုင်မှန်း မောင်သိရက်သားနဲ့ လာမကူခဲ့ဘူး။ အဲဒီမှာ ရန်ပွဲစဖြစ်ခဲ့တယ်… ”
“တစ်ညက နန္ဒအရမ်းပင်ပန်းလို့ စောစောအိပ်ချင်ပြီ။ ဒါကို မောင်က ရေသွားမချိုးဘဲ ကွန်ပြူတာပဲ ကစားနေတယ်။ အဲဒီတုန်းက နန္ဒ အကြောအရမ်းတက်နေတဲ့အချိန်၊ ကီးဘုတ်သံကြားရင်တောင် အိပ်မပျော်နိုင်ဘူး။ နန္ဒစိတ်တိုပြီး မောင့်ကို တစ်ကိုယ်ကောင်းဆန်တယ်ပြောမိတာနဲ့ နန္ဒတို့ ရန်ပွဲစဖြစ်ခဲ့တယ်။ မောင်က မောင်တစ်ကိုယ်ကောင်းမဆန်တဲ့အကြောင်း ငြင်းခုန်ပြောဆိုပြီး တံခါးကိုဆောင့်ပိတ် တီဗီဂိမ်းဆိုင်ကို ထွက်သွားခဲ့တယ်။ မောင့်ကို နန္ဒဖုန်းဆက်တော့ မောင်ဖုန်းယူမသွားဘူး… အိမ်မှာ နန္ဒတစ်ယောက်တည်း…..”
ကောင်မလေးက ပြောနေရင်း စိတ်လှုပ်ရှားလာပြီး မျက်လုံးအိမ်မှာ မျက်ရည်တွေ ဝဲသီလာပြန်တယ်။
“တစ်ခါကလည်း……”
“တော်တော့ နန္ဒ… တော်တော့ .. ဆက်မပြောနဲ့တော့…”
နှစ်ယောက်သား ခဏလောက် နှုတ်ဆိတ်ငြိမ်သက်သွားကြတယ်။ တအောင့်ကြာမှ ကောင်မလေးက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်တယ်။
“မောင်… နန္ဒတို့ တကယ်ပဲ မသင့်တော်၊ မလိုက်ဖက်ဘူးလား ဟင်း? နန္ဒတို့ လက်ထပ်ထားတာ မကြာသေးဘူး။ နန္ဒတို့ ဒီအတိုင်းသာ ရှေ့ဆက်သွားမယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှုမပေးနိုင်ဘူးဆိုရင် နန္ဒတို့ အိမ်ထောင်ရေးက သာယာလိမ့်မှာမဟုတ်ဘူး မောင်”
စာအုပ်ထဲမှာ ကောင်မလေး ရေးမှတ်ထားတဲ့ အကြောင်းအရာတွေက အသေးအဖွဲ့ကိစ္စလေးတွေပါ။ ရန်ဖြစ်ကြတဲ့အကြောင်းရင်းကလည်း သာမန်ကိစ္စလေးတွေပါပဲ။ စာအုပ်ကို ကောင်လေးကြည့်နေရင်းက ကောင်မလေးရဲ့စိတ်ခံစားချက်ကို တွေ့မိပါတယ်။ ယောက်ျားလေးတွေက ဒီလိုကိစ္စတွေကို ခေါင်းထဲထည့်ထားတတ်သူတွေတော့ မဟုတ်ဘူး။ ရန်ဖြစ်ပြီး ပြန်ခေါ်ရင် ဖြစ်ခဲ့တာတွေကို မေ့သွားကြပြီ။ ဒါပေမဲ့ မိန်းကလေးတွေက အဲဒီလိုမဟုတ်ဘူး.. ပြီးခဲ့တာတွေကို ထပ်ခါတလဲလဲ ပြန်ထုတ်ပြောတတ်တယ်။ ဒါတွေကို သူနားလည်ပါတယ်။
စာအုပ်ကို ကြည့်နေရင်း သူစိတ်မကောင်းဖြစ်မိတယ်။ ကောင်မလေးက ကိစ္စတစ်ခုတိုင်းကို အသေးစိတ်ရေးမှတ်ထားတယ်။ ခံစားချက်ပါ ရေးမှတ်ထားတယ်။ ပြီးတော့ အကြောင်းရင်းကို ကောက်ချက်ချရေးထားသေးတယ်။ တကယ်တော့ အသေးအဖွဲ့ကိစ္စ၊ သာမန်ရိုးရှင်းတဲ့ကိစ္စလေးတွေ တဖြည်းဖြည်း စုပုံများလာတဲ့အခါ လူကို ပိုနာကျင်စေတယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ ကောင်မလေးက ဝမ်းနည်းစရာတွေ စုပုံလေ နာကျင်လေနဲ့ တဖြေးဖြေး မျှော်လင့်ချက်မဲ့လာခဲ့ပုံရတယ်။
ရန်ဖြစ်တိုင်း နှစ်ယောက်စလုံးက တစ်ဖက်သား ကိုယ့်ကိုမချစ်ဘူးဆိုတဲ့ အနာ၊ အပြစ်ကိုပဲ လိုက်ရှာနေကြတယ်လို့ ကောင်လေးထင်တယ်။ ဒါဆိုရင် ဒါဟာ တဖြေးဖြေးနဲ့ အနာကြီးလာနိုင်တတ်ပုံရတယ်။ ရန်ဖြစ်တိုင်း နှစ်ဦးနှစ်ဖက်စလုံးက ခံစားချက်တွေ မတည်ငြိမ်ကြတဲ့အချိန်၊ တခြားစိတ်ညစ် စိတ်ရှုပ်စရာတွေနဲ့ ကြုံနေရချိန်ဆိုတော့ ရန်ဖြစ်ဖန်များလေ မကောင်းတဲ့စိတ်ခံစားချက်တွေ နှစ်ယောက်သားရဲ့ဘဝထဲ စုပြုံလာလေ ဖြစ်တော့မယ်။
“နန္ဒ… စိတ်မကောင်းမဖြစ်ပါနဲ့… မောင် အလုပ်မှာ ခွင့်ယူပြီး မောင်တို့ အပန်းဖြေခရီးထွက်ကြစို့နော် နန္ဒ”
ချစ်သူဖြစ်စ ပထမဆုံးအကြိမ် အတူသွားခဲ့ဖူးတဲ့နေရာလေးစီ သူတို့ရောက်လာခဲ့ကြတယ်။ ချစ်သူဘဝက အမှတ်တရတွေကို ပြန်တူးဆွရင်း သူတို့တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခဲ့ကြ၊ အရမ်းချစ်ကြတယ်ဆိုတာကို သူတို့သိတယ်။ ဒီလိုအချိန်မျိုးက ကောင်မလေးက နူးညံ့သိမ်မွေ့နေတယ်။ ကောင်လေးကလည်း ကြင်နာယုယနေတယ်။
“နန္ဒ… မောင်တို့ မသင့်တော်ဘူး။ မောင်တို့ အိမ်ထောင်ရေး မသာယာနိုင်ဘူးလို့ ထင်သေးလား?”
“နန္ဒတို့ မလိုက်ဖက်တာတော့ မဟုတ်ဘူးလို့ နန္ဒထင်တယ်။ အခုကြည့်လေ နန္ဒတို့ ဒီလောက် ပျော်နေကြတာ။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝကိုလည်းရောက်ရော နန္ဒတို့ ပြောင်းလဲသွားကြပြန်တယ်”
“အခုကရော.. လက်တွေ့ဘဝမဟုတ်လို့လား နန္ဒ!”
“……” ကောင်မလေး တွေဝေနှုတ်ဆိတ်သွားတယ်။
“ရန်ဖြစ်တော့ မောင်တို့က ကိုယ့်အာရုံကို တစ်ဖက်လူရဲ့အမှားပေါ်မှာပဲ ထားခဲ့တယ်။ ပြီးတော့ အဲဒီ မကောင်းတဲ့ခံစားချက်ကို အကြီးချဲ့ပစ်လိုက်ကြတယ်။ တစ်ဖက်လူ ကိုယ့်ကိုမချစ်ဘူးဆိုတဲ့သက်သေတွေ လိုက်ရှာတယ်။ ပြီးတော့ တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ တင်းခံကြတယ်”
ကောင်လေးပြောတဲ့စကားကို နားထောင်နေရင်း ကောင်မလေးခေါင်းညိတ်တယ်။ တကယ်တော့ သူတို့နှစ်ဦးနှစ်ဖက်စလုံး သည်းခံဖို့၊ ခွင့်လွှတ်နားလည်တတ်ဖို့ပဲ လိုခဲ့ပါတယ်။ ချစ်သူဘဝက ပထမဆုံးအကြိမ် အတူသွားခဲ့ဖူးတဲ့ နေရာလေးစီ သူ့ကို ကောင်လေးခေါ်လာခဲ့တာ မှန်ခဲ့ပါတယ်။ အဲဒီတုန်းက ချစ်သူဖြစ်တာသိပ်မကြာသေးတော့ ကိုယ်ကောင်းတာတွေ တစ်ဖက်သားခံစားမိအောင် ကိုယ့်ကောင်းကွက်တွေပဲ ထုတ်ပြခဲ့ကြတယ်။
“လဝက်ကျန်သေးတယ် မောင်… ဒါပေမဲ့ ဟိုပုလင်း ထပ်ပြည့်တော့မယ် မထင်တော့ဘူးနော်”
ကောင်လေးရဲ့ရင်ခွင်ထဲ ကောင်မလေးတိုးဝင်လိုက်တယ်။ ကောင်မလေးကို တင်းတင်းပြန်ပွေ့ဖက်ရင်း ကောင်လေးပြုံးနေတယ်။
အဲဒီနောက်ပိုင်း သူတို့ရန်သိပ်မဖြစ်ကြတော့ဘူး။ တကယ်လို့ ကောင်လေးက မတော်တဆ ဖန်ခွက်ကျကွဲသွားရင် ကောင်မလေးက မဆူမအော်တော့ဘူး။ ကောင်မလေး မဆူမအော်ခင် ကောင်လေးက
“ဆောရီး.. မိန်းမရေ… မောင် နမော်နမဲ့နိုင်လွန်းတယ်။ မောင် ၂ဆလျော်မယ်နော်” လို့ အရင်ဦးအောင် တောင်းပန်တတ်တယ်။ အဲဒီအခါ ကောင်မလေးက “မောင် နမော်နမဲ့တာ မဟုတ်ပါဘူး.. နန္ဒကိုက ဖန်ခွက်ကိုနေရာမှားထားမိတာ.. နန္ဒအပြစ်ပါ.. မောင့်အပြစ်မဟုတ်ပါဘူး” လို့ဆိုတယ်။
တကယ်တော့ အချစ်မှာ သင့်တော်တာ မသင့်တော်တာ၊ လိုက်ဖက်တာ မလိုက်ဖက်တာ မရှိပါဘူး။ တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထား နားလည်တတ်ရင် သာယာပျော်ရွှင်တဲ့လမ်းဆီ အတူလျှောက်လှမ်းနိုင်ပါတယ်။
မူရင်း--
http://www.jpzyz.com/xiaohua19/a/21921.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
( ၂ဝ၁၂ ခုနှစ် ဇွန်လ Look မဂ္ဂဇင်း တစ်နှစ်ပြည့် အမှတ်တရ)
Reply all
Reply to author
Forward
0 new messages