Jeremy LIN or Peter Lin ( Sorry )

8 views
Skip to first unread message

Lin Lin

unread,
Feb 18, 2012, 8:41:39 AM2/18/12
to


Jeremy Linဆီကရတဲ့ သင်ခန်းစာ


အခုတလော တီဗီသတင်းတွေမှာ LinSanityဆိုတဲ့စာလုံးနဲ့ ဘတ်စကက်ဘောသမားတစ်ယောက်ကို ခဏခဏပြတာတွေ့တော့LinSanityဆိုတဲ့စကားလုံးနဲ့အတူ အဲဒီအာရှသား ဘတ်စကက်ဘောသမားကို ကျွန်မစိတ်ဝင်စားလာမိတယ်။ အဲဒီလိုနဲ့ သူ့အကြောင်းကို ဂူဂယ်လ်ရှာကြည့်လိုက်တယ်။ သူ့အကြောင်း ဖတ်မိသမျှကို ဘာသာပြန်မျှဝေပါတယ်။

အင်္ဂလိပ်နာမည် ---- Jeremy Lin
တရုတ်နာမည် ---- Lin Shu-How (林書豪)
မွေးသက္ကရာဇ် ---- သြဂုတ်လ ၂၃ရက် ၁၉၈၈ခုနှစ်
လူမျိုး ------------- တရုတ်(ထိုင်ဝမ်)
ပညာအရေးအချင်း --- ဟားဗတ်တက္ကသိုလ်
မွေးဖွားရာနေရာ ---- Los Angeles, California
အလုပ်အကိုင် ------ NBA ဘတ်စကက်ဘော လက်ရွေးစင်


ကိုယ့်ကို လူတွေအကောင်းမမြင်ချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်ပါ

Jeremy Linက NBAသမိုင်းမှာ ဒုတိယမြောက် ဟားဗတ်တက္ကသိုလ်ကျောင်းပြီးသူဖြစ်သလို တစ်ဦးတည်းသော ဟားဗတ်ကျောင်းပြီးတဲ့ အာရှလက်ရွေးစင်လည်းဖြစ်တယ်။ NBAထဲမဝင်ခင် သူဟာ Warriorsအသင်းနဲ့Houston Rocketsအသင်းရဲ့ နောက်လူ(အစားထိုးသူ)အဖြစ်နဲ့သာ ကစားခဲ့ရတယ်။ New York Knicks အသင်းထဲဝင်ခဲ့မှ လူတွေရဲ့သတိထားမိခြင်းကို ခံခဲ့ရတယ်။ ပွဲစဉ်ငါးပွဲကစားအပြီးမှာ သူရဲ့ ရမှတ်ပေါင်းက (၁၃၆)မှတ်ဖြစ်တယ်။ ၁၉၇၄ခုနှစ်နောက်ပိုင်း NBAရဲ့ အကောင်းဆုံး လက်ရွေးစင်ဖြစ်ခဲ့တယ်။ (၇)ပွဲကစားပြီးမှာတော့ သူ့ရဲ့အမှတ်ပေါင်းဟာဘတ်စကက်ဘောဘုရင် Michael Jordan၊ LeBron Jamesတို့ထက်တောင် ပိုမြင့်ခဲ့ပါတယ်။

"NBAဘတ်စကက်ဘောရဲ့လမ်းဟာ လျှောက်လှမ်းရခက်ပါတယ်။ အရာအားလုံးကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းရတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ရတယ်။ အောင်မြင်မှုဆိုတာ များသောအားဖြင့် ကြိုတင်မှန်းဆလို့ မရနိုင်တဲ့အရာပါ။ဘောလုံးဝေဖန်ကျွမ်းကျင်သူပဲဖြစ်ဖြစ်၊ သတင်းဌာနကပဲဖြစ်ဖြစ်၊ အားကစားသမားပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကျရှုံးသူ၊ ရှုံးနိမ့်သူတွေ အများအပြားရှိပေမယ့် အောင်မြင်ဖို့အတွက်၊ အလင်းစက်တစ်ခုအတွက် ကြံ့ကြံ့ခံရှေ့ဆက်ရပါတယ်။"

Reply all
Reply to author
Forward
0 new messages