Groups
Groups
Sign in
Groups
Groups
PL&FR
Conversations
About
Send feedback
Help
ကိုယ့် ကိုယ်ကို အထီးကျန်တယ်လို့ ထင်သူများဖတ်ရန်!
30 views
Skip to first unread message
Lin Lin
unread,
Mar 13, 2012, 10:06:18 PM
3/13/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to pl...@googlegroups.com
အထီးကျန်ခြင်းထဲ နှစ်သက်ပျော်ဝင်ခြင်း
တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက်ထိုင်နေတဲ့အချိန်ဟာ ဗလောင်ဆူလှုပ်ရှားနေတဲ့စိတ်ကို တည်ငြိမ်စေပါတယ်။ ဒါဟာ အထီးကျန်ခြင်းထဲကရလာတဲ့ တည်ငြိမ်အေးဆေးမှုဖြစ်တယ်။ လူ့ဘဝမှာ စောင့်စားရတဲ့ရက်တွေ အကြိမ်ကြိမ်မကရှိသလို အထီးကျန်ခြင်းလည်း တစ်ကြိမ်မက ခံစားကြရတယ်။
သီချင်းတစ်ပုဒ်က ဒီလိုဆိုပါတယ်။
"ရှည်လျားတဲ့ဘူတာရုံမှာ အထီးကျန်စွာစောင့်စားတယ်"တဲ့။ ဟုတ်ပါတယ်.... ရှည်လျားတဲ့ဘဝခရီးလမ်းတလျောက်
ဘူတာဘယ်နှခုလောက်မှာ
ကိုယ့်အနာဂတ်ကို ကျွန်တော်တို့အထီးကျန်စွာ၊ သည်းခံစွာနဲ့ စောင့်စားခဲ့မှန်း မသိတော့ပါဘူး။ အထီးကျန်နေတဲ့အချိန် အထီးကျန်ခြင်းထဲကနေ ပျော်ရွှင်ခြင်းကို ကျွန်တော်တို့ရှာဖွေတတ်ရပါမယ်။ အထီးကျန်တယ်ဆိုတာ စိတ်ညစ်စရာတွေ၊ မပျော်ရွှင်တာတွေကိုပဲ တွေးတောဖို့မဟုတ်ပါဘူး။ ပျော်ရွှင်ခြင်းနဲ့ စိတ်ညစ်ဝမ်းနည်းခြင်းဆိုတာ ဘဝထဲက ဖြတ်သန်းမှုတစ်ခု၊ ဘဝထဲက သရုပ်သဏ္ဌာန်တစ်ခုဖြစ်တယ်။ ဖြစ်စဉ်တစ်ခုတိုင်းကို တန်ဖိုးထားပြီး ဦးနှောက်ခြောက်စရာ၊ စိတ်ရှုပ်စိတ်ညစ်စရာတွေကို မေ့ပျောက်ချေဖျက်ပြီး ပျော်ရွှင်ခြင်းကို ရှာဖွေမျှဝေတာဖြစ်တယ်။ တစ်ခါတလေမှာ သင်မရှာဖွေရင် ပျော်ရွှင်ခြင်းက ပျောက်ပျက်လွှင့်ပြယ်ရ မြန်ပါတယ်။
တချို့က တစ်ယောက်တည်းနေရလို့ အထီးကျန်ခံစားရတယ်၊ အထီးကျန်ခြင်းထဲကနေ ရုန်းမထွက်နိုင်ကြဘူး။ တကယ်တော့ အထီးကျန်ခြင်းက ဆန်းသစ်တွေးတောမှုကို ပိုဖြစ်ထွန်းစေပါတယ်။ ရှေးရှေးကနေ ယနေ့ထိတိုင် စာပေပညာရှင်၊ ဂီတအနုပညာရှင်၊ သိပ္ပံပညာရှင်၊ ဒဿနိကပညာရှင်၊ နိုင်ငံရေးပညာရှင် ... စတဲ့ပညာရှင်တွေဟာ အထီးကျန်ခြင်းထဲ နစ်မြုပ်ပြီး အလုပ်လုပ်ခဲ့ကြတယ်၊ ဆန်းသစ်ခဲ့ကြတယ်၊ တီထွင်ခဲ့ကြတယ်။ စိတ်ဝိညာဉ်ထဲကနေ အဆုံးမရှိတဲ့ တစ်ယောက်တည်း ထီးထီးနေတဲ့ပျော်ရွှင်ခြင်းကို ခံစားခဲ့ကြတယ်။
လောကဓံကြောင့်၊ မိသားစုဆွေမျိုးတွေနဲ့ ခွဲပြီးနေရတာ၊ စားဝတ်နေရေးကြောင့် တစ်နယ်တစ်ကျေးခွဲနေရတာ စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် လူတွေဟာ အထီးကျန်ခြင်းကို ထိတွေ့ခံစားကြရတယ်။ လူတစ်ဦးချင်းရဲ့ မတူတဲ့အကျင့်စရိုက်၊ ပတ်ဝန်းကျင်ရဲ့ ဖိအား၊ ပညာရေးအကျိုးသက်ရောက်မှု၊ မတူတဲ့ရိုးရာယဉ်ကျေးနဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံနောက်လိုက်ပြီး လူတချို့ရဲ့နားလည်ပေးမှုကို မခံရတဲ့အခါ အထီးကျန်တဲ့ခံစားမှုကို ပိုခံစားမိတတ်ကြတယ်။ လူအများစုက အထီးကျန်ခြင်းကို စိတ်ဖိအားတစ်မျိုးလို့ ထင်မြင်ကြပြီး မကောင်းတဲ့စိတ်ခံစားမှုနဲ့ ကိုယ့်ကိုယ်ကို ချုပ်နှောင်ထားတတ်ကြတယ်။ တကယ်တော့ တခြားရှုထောင့်ကကြည့်ရင် အထီးကျန်ခြင်းဆိုတာ စိတ်နှလုံးအနားယူခြင်းပဲဖြစ်ပါတယ်။
လူဆိုတာ နဂိုတည်းက တစ်ဦးတစ်ယောက်ချင်းပါ။ ဒါကြောင့် ထီးထီးနေတတ်တဲ့ခွန်အားနဲ့ အထီးကျန်ခြင်းထဲ နှစ်သက်ပျော်ဝင်တဲ့စိတ် ရှိသင့်ပါတယ်။ အထီးကျန်ခြင်းဆိုတာ ကြောက်ဖို့မကောင်းပါဘူး။ သူဟာ စကားမများ တိတ်တဆိတ်နေတတ်တဲ့ သူငယ်ချင်းနဲ့တူပါတယ်။ သင့်ကို စိတ်ပါလက်ပါ လမ်းမညွန်ပြတတ်ပေမယ့် ဘဝရဲ့သဘာဝတရားကို ထိတွေ့ခံစားတတ်အောင် သင့်ကိုဆွဲခေါ်ပါတယ်။ ဒါပေမယ့် လူတော်တော်များများက သူ့အနားကပ်ဖို့ ကြောက်တတ်ကြတယ်။ ဆူညံလှုပ်ရှားမှုတွေနဲ့ သူ့ကိုရှောင်ပုန်းကြတယ်။
Pupထဲက အဆိုတော်ဟာ အထီးကျန်ခြင်းကို မောင်းထုတ်တယ်။ Pupထဲဝင်ရောက်လာသူတွေက အဆိုအတီးတွေကြားထဲ တက်ကြွဖျတ်လတ်မှုအတုတွေကို ရယူတယ်။ KTVဝန်ထမ်းတွေက အထီးကျန်ခြင်းကို တံခါးအပြင်ဖက် တွန်းပို့တယ်။ သီချင်းဆိုသူတွေက အထီးကျန်ခြင်းတွေ အနားမကပ်ဖို့ အော်ဟစ်သီဆိုကြတယ်။
လူတချို့က အထီးကျန်ခြင်းကို ရှောင်တိမ်းကြတယ်။ သေတဲ့အထိ ရှောင်တိမ်းကြတယ်။ ဈာပနာကို ကြီးကြီးကျယ်ကျယ်လုပ်တယ်၊ အသက်ရှင်သူတွေကို အဖော်ပြုစေတယ်။ ဒီလိုနဲ့ပဲ အထီးကျန်ခြင်းကို မောင်းထုတ်နိုင်မလား? ဒီလိုနဲ့ပဲ တကယ်အထီးမကျန်တော့ဘူးလား?
ခရီးလှည့်လည်သွားလာသူတွေ အထီးကျန်သလား? လေ့လာဆန်းစစ်သူတွေ အထီးကျန်သလား? စန္ဒားယားကို စိတ်ပါလက်ပါ လေ့ကျင်နေသူတွေ အထီးကျန်သလား? စာတွေ၊ ကဗျာတွေကို စိတ်ဝင်တစားရေးနေသူတွေ အထီးကျန်သလား? အထီးကျန်တယ်ဆိုတာ ပြင်ပလက္ခာမဟုတ်ပါဘူး.. အတွင်းစိတ်ရဲ့ ခံစားချက်ပါ။
အိမ်ထောင်ကွဲစ လူလတ်အမျိုးသားတစ်ဦးဟာ နေ့တိုင်း ဘောလင်းရုံ ဒါမှမဟုတ် အကပွဲကိုအမြဲရောက်တယ်။ သူဟာ ဘောလင်းကစားတာ မကြိုက်သလို အက,ကတာလည်း မကြိုက်ဘူး။ သူလိုတာက လူအုပ်စု၊ ဆူညံနေတဲ့ လူအုပ်စုနဲ့ပတ်ဝန်းကျင်ကို သူလိုတာဖြစ်တယ်။ ဒါမှ အထီးကျန်တယ်လို့ မခံစားရဘူးလို့ သူထင်တယ်။ ဒါပေမယ့် ဒါဟာ သူ့ရင်ထဲက အထီးကျန်တဲ့ခံစားချက်ကို ပိုခံစားစေခဲ့ပါတယ်။ လူအုပ်ကြားမှာ ဆူဆူညံညံနဲ့ ပျော်ရွှင်ပြီးနောက် အိမ်ပြန်ရောက်တိုင်း သူမနေနိုင်မထိုင်နိုင် ပိုအထီးကျန်တယ်လို့ ခံစားခဲ့ရတယ်။ နောက်ဆုံးမှာ အထီးကျန်ခြင်းရဲ့ အထိုးအနှက်ကို သူခံလိုက်ရတယ်။
အထီးကျန်ခြင်းဆိုတာ ခံစားမှုတစ်မျိုးဖြစ်တယ်။ ဒီခံစားချက်ကို ရှောင်လွဲချင်လေ၊ ပိုခံစားရလေ ပိုအထီးကျန်လေဖြစ်တယ်။ သင်မမျှော်လင့်လေ အထီးကျန်ခြင်းက သင့်ရင်ထဲ ဝင်ရောက်လေဖြစ်တယ်။
တကယ်တော့ အထီးကျန်ခြင်းက တန်ဖိုးရှိပါတယ်။ အထီးကျန်ခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ မရှောင်ပြေးဘဲ ပွေ့ဖက်တတ်ရတယ်။ နှစ်သက်ပျော်ဝင်တတ်ရတယ်။ အထီးကျန်ခြင်းက ကိုယ်နဲ့အဖော်ပြုတယ်.. ကိုယ်ဘာမှ စိုးရိမ်ပူပန်စရာမလိုဘူး။ အထက်လူကြီးရဲ့ ရှစ်ခေါက်ချိုးမျက်နှာကို စိတ်ပူစရာမလိုဘူး။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ယှဉ်ပြိုင်တာကို ကြည့်စရာမလိုဘူး။ အတင်းအဖျင်းတွေကို နားထောင်စရာမလိုဘူး။ ကွန်ပျူတာလေးဖွင့်၊ ရေနွေးကြမ်းတစ်ခွက်နဲ့ ကိုယ်နှစ်သက်တဲ့ သီချင်းလေးဖွင့်ပြီး တစ်ယောက်တည်းရဲ့ အထီးကျန်ခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ အေးချမ်းခြင်း၊ ပေါ့ပါးခြင်းကိုခံစားနိုင်ပါတယ်။ ဆူဆူပူပူ လှုပ်ရှားမှုတွေ၊ ဒေါသတကြီး အော်ဟောက်ဆဲဆိုမှုတွေ ဒါတွေကို ခေတ္တခဏ တိမ်လိုလွှင့်ပျောက်ပြယ်စေပါတယ်။
အထီးကျန်ခြင်းဆိုတာ ကြောက်ဖို့မကောင်းပါဘူး။ သူ့ကို ကောင်းတဲ့အမြင်၊ ကောင်းတဲ့အတွေးနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ နှစ်သက်ပျော်ဝင်နိုင်ပါတယ်။ ဒီလိုဆိုရင် ဦးနှောက်ခြောက်စရာ၊ စိတ်ညစ်စရာတွေဟာ အထီးကျန်ခြင်းထဲမှာ ပျောက်ပျက်သွားမှာဖြစ်တယ်။ အထီးကျန်ခြင်းထဲကနေ ဘဝရဲ့အလှအပကို ခံစားတယ်။ ဒါဟာလည်း လူ့ဘဝရဲ့အရသာတစ်မျိုး၊ လူ့ဘဝရဲ့ ရှုခင်းတစ်မျိုးပဲဖြစ်ပါတယ်။
မူရင်း--
Hu Bao Lin (胡寶林)ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက ဖြစ်ပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Reply all
Reply to author
Forward
0 new messages