Groups
Groups
Sign in
Groups
Groups
PL&FR
Conversations
About
Send feedback
Help
Carrots, eggs, and coffee
16 views
Skip to first unread message
Lin Lin
unread,
Jul 14, 2012, 12:39:47 AM
7/14/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to pl...@googlegroups.com
Carrots, eggs, and coffee
တစ်ခါတုန်းကပေါ့ ။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ သူမအတွက်ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရြေ
ကာင်းသွားပြောခဲ့တယ် ။ ဘယ်လို ဖြေရှင်းရမှန်းလည်းမသိခဲ့သလ
ို အခုအချိန်မှာ အရာရာကို အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။ အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့ ရုန်းကန်လှုပ်ရှားလိုစိတ်တွေ
သာ ပြည့်နေဲ့တယ် ။ ပြဿနာ တစ်ခုဖြေရှင်းလို့မပြီးခင်မ
ှာပဲ နောက
်ပြဿနာတစ်ခုက သူမကို အသင့်စောင့်ပြီးကြိုနေတတ်တယ
် ။
သူမမိခင်က အဲဒီအကြောင်းတွေကြားရတဲ့အခါ
ကောင်မလေးကို မီးဖိုချောင်ထဲခေါ်ဆောင်သွား
ခဲ့တယ် ။ မိခင်က အိုးသုံးလုံးထဲမှာ ရေထည့်ပြီး မီးပြင်းပြင်းအပေါ်မှာ တင်လိုက်တယ် ။ မကြာခင်မှာ အိုးတွေက ဆူပွက်လာခဲ့တယ် ။ ပထမဆုံးအိုးမှာ မိခင်က မုန်လာဥတွေထည့်လိုက်တယ် ။ ဒုတိယအိုးမှာ ကြက်ဥတွေထည့်လိုက်တယ် ။ နောက်ဆုံးတတိယအိုးမှာတော့ ကော်ဖီစေ့တွေထည့်လိုက်တယ် ။ ပြီးတော့ အိုး၃ အိုးစလုံးဆူပွက်နေတဲ့အထိ သူမမိခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေစေခဲ့တယ် ။ မိနစ် ၂၀ လောက်ကြာပြီးတဲ့အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ် ။ မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံးအလွတ်တစ်ခုထဲထည
့်တယ် ။ ကြက်ဥတွေကိုလည်း အပြင်ကို ဆယ်ထုတ်လိုက်တယ် ပြီးတော့ ပန်းကန်လုံးအလွတ်ထဲထည့်တယ် ။ ဟင်းခတ်တဲ့ယောက်ချိုဇွန်းနဲ
့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲထည့်လိုက်တယ် ။ ပြီးတော့ မိခင်က သမီးဖြစ်သူကောင်မလေးဖက်လှည်
့ပြီးမေးလိုက်တယ် ။ “ သမီးဘာမြင်လဲ မေမေ့ကိုပြော ”
“ မုန်လာဥ ၊ ကြက်ဥ နဲ့ ကော်ဖီ ” လို့ ကောင်မလေးပြန်ဖြေတယ် ။
မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ပြောတယ် ။ ကောင်မလေးက ကိုင်ကြည့်ပြီးပျော့ပျောင်း
နေတယ်ဆိုတာ ခံစားမိလိုက်တယ် ။ ပြီးတော့မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာခိုင်းတယ် ။ အခွံကိုခွာပြီးတဲ့အခါ ပြုတ်ထားတဲ့မာကြောသော ကြက်ဥကိုတွေ့လိုက်တယ် ။ နောက်ဆုံးမိခင်က ကော်ဖီကို တစ်ငုံလောက် သောက်ဖို့ပြောခဲ့တယ် ။ ကောင်မလေးကပြုံးပြီးကော်ဖီက
ို စမ်းသပ်ပြီးသောက်တဲ့အခါမွှေး
ကြိုင်တဲ့ ရနံ့တွေရှိတယ်ဆိုတာ သတိပြုမိခဲ့တယ် ။ ကောင်မလေးက မိခင်ကိုမေးတယ် ။ “ အဲဒါဘာကိုဆိုလိုတာလဲဟင် အမေ ”
မိခင်က ဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ်မူတည်ပြီး ရှင်းပြခဲ့တယ် ။
“ ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ရေမှာ ဓါတ်ပြုခဲ့တာခြင်းအတူတူပါပဲ
။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေဖြစ်ခဲ့တယ် ။ မုန်လာဥရဲ့ နဂိုဂုဏ်သတ္တိဟာသန်မာတယ် ၊ မာကြောတယ် အလွယ်တကူ မကျိုးနိုင်ဘူး ဒါပေမယ့် ဆူပွက်နေတဲ့ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာာပြီး အားနည်းလာတယ် ။
ကြက်ဥကတော့ ကွဲအက်လွယ်တယ် ။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင်အလွှာပါးလေးရှိတယ် ဒါပေမယ့် ဆူပွက်နေတဲ့ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာခဲ့တယ် ။
ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ကော်ဖီစေ့တွေကတော့ အတုယူဖွယ်ရာပါပဲ ။ ဆူပွက်နေတဲ့ရေထဲထည့်ပြီးတဲ့
အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည်အဖြစ်ပြောင်းလဲနို
င်ခဲ့တယ် ။ ကဲ သမီးကရော ဘယ်လိုလူမျိုးလဲကွယ် ” လို့ မိခင်က သမီးကိုမေးခဲ့တယ် ။
__________________________
__________________________
____
သင်တို့ရောတွေးဖူးကြလား ? မုန်လာဥလို လူလား ၊ ကြက်ဥလိုလူလား ၊ ကော်ဖီစေ့လို လူလား ?
ပြဿနာတွေ အခက်အခဲတွေနဲ့ ဘ၀မှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျွန်တော်တို့ က ဆူပွက်နေတဲ့ရေတွေအဖြစ်မှတ်ယ
ူကြပါစို့ ။ ကိုယ်ဟာ နဂိုကတည်း ကစိတ်ဓါတ်မာကျောသူ အလွယ်တကူ အရှုံးမပေးသူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥ လိုမျိုး ပျော့ပြောင်းသွားမလား ။ အလွယ်တကူ ဆူပွက်နေတဲ့ ရေ ရဲ့ ဓါတ်ပြုခြင်းကိုခံလိုက်ပြီး
ကိုယ့်ရဲ့ ဂုဏ်သတ္တိကိုပျက်ပြယ်စေမှာလာ
း ။
ဒါမှမဟုတ်ကိုယ်ဟာ ကြက်ဥတစ်လုံးဖြစ်တယ်ဆိုပါစိ
ု့ ။ နဂိုကတည်းကကိုယ့်အတွင်းစိတ်
ဟာ ပျော့ပြောင်းတယ် နူးညံ့တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ကြုံတွေ့လ
ာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလောကဓံတွေကြောင့် မာကျောခံစေမှာလား ။ ရိုင်းစိုင်းကြိမ်းကြုတ်စေမ
ှာလား ။
ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလိုကျင့်ကြံမလာ
း ။ ဘယ်လိုပဲ ခက်ခဲတဲ့လောကဓံ နဲ့ ပြဿနာတွေနဲ့ကြုံတွေ့နေပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီရည်လေးဖြစ်အောင်စွမ်း
ဆောင်နိုင်ရမယ် ။ ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့် နဲ့တွေ့တဲ့အခါ မွှေးကြိုင်တဲ့ ရနံ့လေးနဲ့ အရသာရှိတဲ့ ကော်ဖီရည်လေးဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့ ။
ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့လောကဓံရဲ့ရိုက်
ပုတ်မှုတွေကြုံလာရတဲ့အခါ
၁ ။ ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူမဖြစ်ရဘူး
၂ ။ ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူမဖြစ်ရဘူ
း
၃ ။ အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုးစားနေထိုင်ကြပါစို့ ။
သက်တန့်ချို
Carrots, eggs, and coffee အား ဘာသာပြန်ခံစားသည် ။
Like Us on facebook
http://www.facebook.com/agapehcc
http://myanmarcollege.blogspot.com
Yours affectionately,
Peter Lin
Reply all
Reply to author
Forward
0 new messages