အင်္ဂလိပ်စာ သဒ္ဒါ အခြေ ခံ လေ့ လာလိုသူများ( ဆရာကြီးများမပါ ) အမြန်ဆုံး ဖြတ်လမ်း နည်းကို လေ့ လာရန် လိုပါက ကျနော့ ဘလော့ ထဲ့ မှာ ကျနော် အရှင်းဆုံး ရှင်းနိုင်အောင်ရေးပြီး တင်ထားပါတယ်။
နမူနာများ။ ။။။ ။။။>>>>>>
A နှင့်  AN and The တို့ ကိုသုံးနည်း
တစ်ခု ၊ တစ်ကောင် ၊ တစ်ယေက် စသည် ဖြင့်  အဓိပါယ် ရသော မတိကျ မရေရာ သော
Indefinite Article ခေါ် A နှင့် An တို့ ကို အမျိုးစား တူ အများထဲမှ
တစ်ခုကို ပထမဆုံးအကြိမ်၊ သာမန်ပြောဆိုလိုသောအခါ၌ ရေတွက် ရသောနာမ်
ဧကဝုစ်ကိန်း ၏ ရှေ့ မှ ရေးရသည်။ A ကို ဗျည်း အသံနှင့် တွဲ၍ ရေးရပြီး An
ကိုမူ သရသံများနှင့်  တွဲ၍ ရေးရသည်။
ဥပမာ။
A book စာအုပ်တစ်အုပ်
A man လူတစ်ယောက်
An orange လိမ္မော်သီးတစ်လုံး
An elephant ဆင်တစ်ကောင်
ကျနော်တို့ မှတ်ထားရန်မှာ အချက် ၁။ ။ ရေတွက်မရသော နာမ်များ၏ ရှေ့ မှ A နှင့် AN ကိုလုံးဝမသုံးရပါ။
ဥပမာ။
A water ဆိုတာမျိုး လုံးဝမရေးသင့် ပါ။
မှတ်ထားရန် အချက် ၂။ ။
အရာဝတ္ထု၊ ပစ္စည်း ၊လူ၊ တိရစ္ဆာန်တို့ ၏ အမျိုးအစား
တစ်ခုလုံးကို ခြုံ ၍ ယေဘုယျ ပြောဆို တင်ပြလို သော အခါတွင် A ကို
သုံးကြသေးသည်။ သို့ ရာတွင် ၄င်း A မှာ တစ်ခု၊ တစ်ကေင်၊ တစ်ယောက် ကို
ဆိုလို ရင်းမဟုတ်ပေ။ အားလုံးကို ခြုံ ၍ ဆိုလိုရင်း ဖြစ်သည်။
ဖြတ်လမ်းနည်းဖြင့်  လေ့ လာရန် မှာ..အောက်ပါ ဘလောထဲ့ တွင်ဝင်ကြည့်ပါ။--
Peter Lin