For All Friends အမေများနေ့ ကဗျာလေးပါ

75 views
Skip to first unread message

PEACE MAKER

unread,
May 9, 2010, 10:15:06 AM5/9/10
to
အော်..........................
အမေများနေ့ တဖန်ရောက်လို့လာပေါ့။
အမေများနေ့ရောက်လို့လာတိုင်း
ကိုယ့်ကိုယ်ကို နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်ကြည့်မိတယ်။
ကိုယ်ဘယ်သူလဲ ဆိုတာကိုပေါ့
အင်း....... တကယ်တော့
ကိုယ်ဟာ ဘယ်သူမှ မဟုတ်ပါဘူး။
သူများအနိုင်ကျင့်တိုင်း ခံနေရတဲ့သူတစ်ယောက်ပေါ့
သူများအမြင်မှာတော့ သာမာန်လူထဲက အနိမ့်ဆုံးလူတယောက်ပေါ့
ဒါပေမယ့် အမေ့အတွက်တော့ ကျွန်တော်ဟာ
အားကိုးအားထားပြုလောက်တဲ့
သူရဲကောင်းတန်ခိုးရှင်တစ်ယောက်ပေါ့
ပြီးတော့ စိတ်နေမြင့်သူ တစ်ယောက်ပေါ့

အမေ့ကျေးဇူးတွေ ကျွန်တော့အပေါ် များလှပါတယ်၊
ကျွန်တော့လို ပုထုစဉ်လူသားက ဘယ်လို ကျေးဇူးဆပ်လို့ ကုန်နိုင်မလဲလေ
ကျွန်တော့ကို လူလားမြောက်လာအောင်
လူတလုံး သူတလုံးဖြစ်အောင်
ကျွေးမွေးပြုစုစောင့်ရှောက်
ဆုံးမသွန်သင် လမ်းပြပေးသူ
ကျေးဇူးရှင် မွေးမေမေပေါ့
ကျွန်တော်ဟာ လောကထဲက လောဘသားပေမယ့်
အမေသာ ကျွန်တော့အနားမှာ အမြဲတမ်းရှိနေနိုင်ရင်လေ
ဘာကိုမှ မမက်မောတော့ပါဘူုး၊
အမေ့ကို နေ့တိုင်း အနည်းဆုံး 
အပြုံးပန်းတစ်ပွင့်၊ အနမ်းပန်းတစ်ပွင့် နဲ့
 `အမေ့ကို အရမ်းချစ်တယ်´ ဆိုတဲ့ စကားတစ်ခွန်းပြောနိုင်ရင်တောင်
ဒီကမ္ဘာမှာ အပျော်ဆုံးလူသားဟာ ကျွန်တော်ပဲ ဖြစ်မှာပါ။
ဒါပေမယ့် .............. အရာရာဟာ နောက်ကျသွားခဲ့ပြီ၊
အမေနဲ့ ကျွန်တော်ဟာ ရေမြေခြားဝေးနေခဲ့တာ ကြာလှပေါ့
အပိုင်ဆိုင်ချင်ဆုံးအရာတွေထဲမှာ
အမေ့မေတ္တာဟာ အနှိုင်းမဲ့ပါ
တုနှိုင်းမမှီ အမေ့မေတ္တာဓာတ်အားကြောင့်
ဒုက္ခဝေဒနာတွေ ပေါကြွယ်ဝတဲ့ လောကဓံကို
ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားတွေအပြည့်နဲ့ပေါ့
အမေနဲ့သာ အတူနေရမယ်ဆိုရင်
ကျွန်တော်ဘာပဲလုပ်ရလုပ်ရ
ကျွန်တော့အားအင်တွေ ကုန်ခန်းပါလေ့စေ
အမေတောင့်တမျှော်လင့်ထားတဲ့ ဆန္ဒအားလုံးကို
အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်တာပါ
ဒီကမ္ဘာပေါ်မှာ ကျွန်တော် ဘယ်သူ့ကိုမှ မကြောက်ဘူး
ဆင်းရဲမွဲတေမှာကိုလည်း မဖြုံဘူး
ဘယ်အရာကိုမှ ကျွန်တော် မမှုဘူး
အမေစိတ်ဆင်းရဲမှာကိုသာ ကျွန်တော်အကြောက်ဆုံးပါ
ကျွန်တော့ကြောင့် အမေ့မျက်နှာ အပြုံးပန်းဝေဆာနေတာကို
ကျွန်တော် တသက်မမေ့နိုင်ဘူး အမေရယ်.......
အမေ့စံကို လိုက်လို့ မမှီနိုင်ပေမယ့်
အမေဂုဏ်ယူနိုင်လောက်တဲ့အထိတော့ ကျွန်တော်ကြိုးစားသွားမှာပါ။

အမေ့ကို ချစ်တယ်။

I  LOVE YOU, MOM!  & THANK YOU VERY MUCH FOR EVERYTHING THAT YOU HAVE DONE TO ME !


July Moe Kha Aung.jpg

--
☻ သူငယ်ချင်းအားလုံးကို မေးလ်ပို့ချင်လျှင် ☺ phoe...@googlegroups.com ☺ သို့ပေးပို့နိုင်ပါသည် ။
 
☻ ညစ်ညမ်းစာများပုံများ ၊ နိုင်ငံရေးမေးလ်များ မပေးပို့ပါရန် မေတ္တာရပ်ခံပါသည် ။
 
http://groups.google.com/group/phoehtein?hl=en ပျော်ရွှင်မှုအပေါင်း ခညောင်းပါစေ သူငယ်ချင်း ...
Reply all
Reply to author
Forward
0 new messages