Subject: Request Audit preparation support for Admin/HR and Logistics arrangement
Dear Ma Ei Ei Paing,
I would like to send you the brief notes to support preparation arrangements for the upcoming audit team related to Admin/ HR and Logistics.
Please kindly consider not only for the head office because it is the organizational assessment. Thus, Please also think about the Admin/HR and Logistics activities in field sites.
Below mention points are just some points that I remember from my past experiences with the audit questions; there may be more requests coming and added ;
I would like to request your kind supports and great attentions and I hope to get the satisfactory results for this year.
Wishing you all the best and much appreciated for your active participation and productive supports in advance;
လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု
၁) ၂၀၁၂ အတွင်း ၀န်ထမ်း အရေအတွက် (လက်ရှိ + နုတ်ထွက်)
* တာဝန်ထမ်းဆောင်သည့် ရာထူးနှင့် ကာလအလိုက် စာရင်း ပြုရန်
၂) အထက်ပါဝန်ထမ်းများ၏ ခန့်အပ်ထားမှုဆိုင်ရာ စာရွက်စာတမ်းများ အစီအစဉ်ချရန်
Selection + Contract + Resign Documents
၃) ခန့်ထား ရာထူး၊ လစာ နှင့် ကာလ အတွက် သက်ဆိုင်ရာမှ ထုတ်ပေးသည့် အမိန့်စာ ရှိ မရှိ စစ်ရန်
၎) ရုံးတက်ဆင်း မှတ်တမ်း နှင့် ခွင့်မှတ်တမ်း တိုက်ဆိုင်စစ်ဆေးရန်
၅) အမှတ် (၃) ပြီးပါက Time Sheet နှင့် ထပ်မံ တိုက်စစ်ရန်
၆) လစဉ် လစာစာရင်းနှင့် ရုံးတက်/ဆင်းမှတ်တမ်း ကိုက်ညီမှုရှိမရှိ တိုက်ဆိုင် စစ်ဆေးရန်
၇) တစ်ဦးချင်းစီအလိုက် ခရီးသွားမှတ်တမ်းနှင့် လိုအပ်သည့် အစီရင်ခံစာ ဖိုင် ပြုစုရန်
၈) လစာ အခြား စီမံချက်များနှင့် အချိုးကျ ခွဲဝေပေးမှုရှိ မရှိ စစ်ဆေးရန် နှင့် ရှိပါက အမိန့်စာ နှင့် လိုအပ်သည့် စာရွက်စာတမ်းများ အစီအစဉ် တကျ ရှိမရှိ စစ်ရန်
၉) ခွင့် ယူပါက ၄င်းကာလအတွက် တာဝန်လွှဲအပ်မှု အထောက်အထားနှင့် သက်ဆိုင်ရာရက်များ အတွက် တာဝန်ခံလက်မှတ်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးရန်
၁၀) ပူးတွဲတာဝန်ထမ်းဆောင်ရန် ညွှန်ကြားလွှာရှိပါက သက်ရောက်နေ့စွဲနှင့် ဆောင်ရွက်မှု များအား လိုက်လျောညီထွေမှုရှိမရှိ တိုက်ဆိုင် စစ်ဆေးရန်
၁၁) ၀န်ထမ်း စွမ်းဆောင်ရည် သုံးသပ်ချက် ပုံမှန် ပြုလုပ် မှု နှင့် မှတ်တမ်းများ စိစစ်ရန်
စီမံ ရေးရာ စီမံမှု
၁) စာဝင်စာထွက် မှတ်တမ်းများ ကြည့်ရန် အထူးသဖြင့် ရုံးမိန့်များ စုံလင်မှုရှိမရှိ စစ်ရန်
၂) စီမံချက် အစီရင်ခံစာမိတ္တူများ စုံလင်မှု ရှိမရှိ ပေးပို့ရက်စွဲစစ်ရန် နှင့် မှတ်တမ်းတင်ရန် (မွန်းမံ အစီရင်ခံစာများ အပါအ၀င်)
၃) Inventory အစီအရင်ခံစာများ သတ်မှတ်ရက်အတွင်း ပေးပို့ထားမှုရှိမရှိ စစ်ရန်
၎) အရေးကြီး အစည်းအဝေးမှတ်တမ်းများ စုံလင်မှုရှိမရှိ စစ်ဆေးရန်၊ ဥပမာ SMT Meeting
၅) သင်တန်း တက်ရောက်မှု ဆိုင်ရာ ဖိတ်ကြားလွှာ ၊ အစည်းအဝေး ဖိတ်ကြားလွှာနှင့် တက်ရောက်မှု အ ထောက်အထားများ (အထူးသဖြင့် HR မှ တွေ့ရှိချက်နှင့်) တိုက်ဆိုင် စစ်ဆေးရန်
၆) လစဉ် စီမံ ဌာနအသုံးစရိတ် ဆိုင်ရာ ငွေတောင်းခံလွှာ၊ ခွင့်ပြုချက် နှင့် အသုံးစရိတ်များ အံဝင်မှုရှိ မရှိ စိစစ်ရန်၊ (ခွင့်ပြုချက်ထက်ပိုမိုသုံးစွဲခဲ့ခြင်း / ခွင့်ပြုချက် မရှိဘဲ သုံးစွဲခဲ့ခြင်း ရှိမရှိ နှင့် အကြောင်းပြချက် လုံလောက်မှု့ရှိမရှိ )
၇) ဖုန်းမှတ်တမ်း၊ ဖုန်း ဘေလ် ကိုက်ညီမှု ရှိမရှိ
၈) မီတာဘေလ်၊ အင်တာနက်ဘေလ်၊ သန့်ရှင်းရေး ၀န်ဆောင်မှု ဆိုင်ရာ မှတ်တမ်း
ဝယ်ယူ/ ထိန်းသိမ်း/ ပို့ဆောင်ရေးဆိုင်ရာ စီမံမှု
၁) Condoms၊ ဆန်၊ အ၀င်/ အထွက် စာရင်း မှတ်တမ်းကိုက်ညီမှု ရှိ မရှိ စစ်ဆေးရန်
၂) ဆေးဝါး အ၀င်/ အထွက် စာရင်း မှတ်တမ်းကိုက်ညီမှု ရှိ မရှိ စစ်ဆေးရန်
၃) အခြား ၀ယ်ယူ ဖြည့်တင်းမှု ကိစ္စ လုပ်ဆောင်မှု အဆင့်ဆင့် စိစစ်ရန် ( ဥပမာ - စာရေး ကရိယာ၊ Refreshments ၊အိုင်တီ အသုံး၊ ကိုယ်တိုင်ဝယ်၊ ပီအာမှ တဆင့်ဝယ် အစရှိသဖြင့်)
၎) Physical Stock Count လုပ်ရန်လိုအပ်သည်များ ပုံမှန် ဆောင်ရွက်မှု ရှိမရှိ နှင့် မှတ်တမ်းများ စိစစ်ရန်
၅) ကွန်ပျူတာ၊ ပရင်တာ၊ ပရိဘောဂ ပစ္စည်း၊ အစရှိသည်များ ခွဲဝေပေးထားမှု မှတ်တမ်း နှင့် ဆိုင်ရာမှ လက်ခံ ရရှိမှု အထောက်အထားများ စိစစ်ရန်၊
၆) ပျက်စီးကြောင်းအစီရင်ခံစာနှင့် ပြုပြင်မှု မှတ်တမ်းများ နှင့် ပြုပြင်ရန် တင်ပြလွှာ၊ ခွင့်ပြုချက် များ ရှိ မရှိ စိစစ်၇န်