FW: NEWS COLLECTION

13 views
Skip to first unread message

Than

unread,
Jul 18, 2012, 2:37:42 AM7/18/12
to aurorage...@googlegroups.com, paowyne, myanmarlp, Lwin Moe Zaw, san san, Ei.yadanar

 

 

From: noreply+...@google.com [mailto:noreply+...@google.com] On Behalf Of NEWS COLLECTION
Sent: Wednesday, July 18, 2012 2:28 PM
To: aki...@gmail.com
Subject: NEWS COLLECTION

 

NEWS COLLECTION


 

ဝယ်သူများ၍ ဓါတ်ခဲ ရောင်းချမှု မောင်တောတွင် ပိတ်ပင်

Posted: 17 Jul 2012 08:00 PM PDT

ထွန်းထွန်း

ဆူပူအကြမ်း ဘက်မှုဖြစ်ပွားပြီးနောက် ၀ယ်လိုမူ များပြားသဖြင့် သံသယ ဖြစ်ရာမှ မြန်မာ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဓါတ်ခဲ ရောင်းချမူအား အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။

“ ၀ယ်တာကတော့ မွတ်ဆလင်တွေ ပါဘဲ။ ဓါတ်ခဲတွေကို တစ်ယောက်ပြီး တစ်ယောက် လာဝယ် နေတာက တော်တော်ထူးဆန်းပါတယ်။ သူတို့ ဈေးဆိုင်တွေကို ရောက်လို့ရှိရင် ဓါတ်ခဲကိုဘဲ အဓိက ထားပြီးတော့ ၀ယ်ပါတယ်။ အနည်း ဆုံး ဆယ်ကဏန်းနဲ့ ၀ယ်သွားတယ်။ ဒါကြောင့် သံ သယတွေ ရှိနေတဲ့ အတွက် ဆိုင်တွေကို ဓါတ်ခဲတွေ မရောင်းကြဖို့ သက်ဆိုင်ရာက တားမြစ်ထားပါတယ်” မောင်တောမှ ဈေးဆိုင်ပိုင်ရှင် တစ် ဦးက ပြောသည်။

မောင်တော မြို့မ ဈေးကြီးအား ယခု အချိန်ထိ မဖွင့်လှစ်နိုင်သေးသော်လည်း ဈေးအပြင်တွင် ဖွင့်လှစ် ထားသော ဈေးဆိုင်တန်းများမှ ယခု ကဲ့သို့ ဓါတ်ခဲများကို အလေးထား ၀ယ်ယူနေကြသည်ဟု ဆိုသည်။

ဤကဲ့သို့ ဓါတ်ခဲများ ရောင်းချမူကို ပိတ်ပင်ထားခြင်းနှင့် ပတ်သက်ပြီး အာဏာပိုင်များက တစ်စုံ တစ်ရာ ထုတ်ဖေါ် မပြောကြားသော် လည်း ဖေါက်ခွဲမူများနှင့် ဆက်စပ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်ဟု ပြောသည်။

ယခုကဲ့သို့ ဓါတ်ခဲများ ရောင်းချမူကို မောင်တောမြို့တွင် ပိတ်ပင်ထားခြင်းမှာ ဟုတ်မှန်ကြောင်း တခြား ဈေးဆိုင်ပိုင်ရှင် အမျိုးသားတဦး နှင့် အ မျိုးသမီးတဦးကလည်း အတည်ပြု ပြောကြားသည်။

မောင်တောမြို့ပြင်ရပ်ကွက် တစ်ခုတွင် နေထိုင်သူ ကိုကျော်သောင်းမှလည်း ဓါတ်ခဲများကိုသာမက လျှပ်စစ် ပစ္စည်းများပါ ရောင်းချခွင့် ပိတ် ပင်ထားသည်ဟု ထပ်လောင်း ပြောဆိုသည်။

ချင်းမိုင် မြန်မာ ဘုန်းကြီးကျောင်းအရေး သမ္မတ ဦးသိန်းစိန်ထံ တင်ပြမည်

Posted: 17 Jul 2012 07:00 PM PDT

သန်းထိုက်ဦး

ချင်းမိုင်မြို့ရှိ ၀ပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်း၌ မြန်မာ ကျောင်းထိုင် ဆရာတော် ဆက်လက်ထား ခွင့်ရရန် သမ္မတ ဦးသိန်းစိန်ထံ တင် ပြပေးမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားသည်။

ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ လာရောက်မည့် ခရီးစဉ် မတိုင်ခင် ယင်းကိစ္စကို နှစ်နိုင်ငံ တာဝန်ရှိသူ များနှင့် ဆွေးနွေးနိုင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း ယနေ့ ၀ပ်ဆိုင်းမွန်း ကျောင်းတွင် ဂေါပက အဖွဲ့ဝင်များ အပါအ၀င် မြန်မာ သံရုံး တာဝန် ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားခြင်းဖြစ် သည်။

“၀ပ်ဆိုင်းမွန်း ကျောင်းထိုင် ပြဿနာလေးတွေမှာ လာပြီးတော့ သံဃာတော်တွေကိုလျှောက်ရင်း ဒ ကာ၊ ဒကာမတွေကို တွေ့ရင် ဖြစ် နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လာခဲ့တာပါ၊ အဓိကတော့ ကျနော်တို့တွေက ၀ိုင်းဝန်းပြီးတော့ ကူ ညီဆောင်ရွက်ဖို့ လာခဲ့တာ ပါ” ဟု သံအမတ်ကြီး ဦးတင်ဝင်းက သတင်းထောက်များကို ရှင်းပြသည်။

တွေ့ဆုံဆွေးနွေးသည့် အထဲတွင် ပါဝင်သည့် ချင်းမိုင်မြို့မှ ဗုဒ္ဓဘာသာ အသင်း ဥက္ကဌ ကိုစိုးဝင်းကလည်း သံအမတ်ကြီး အနေနှင့် ကူညီ ဆောင်ရွက်ပေးမည်ဟု ပြောဆိုသည်ကို အားရကျေနပ်ကြောင်း ပြောသည်။

“ကျနော်တို့ ထိုင်းပိုင်၊ မြန်မာပိုင် ဆိုတာထက် မြန်မာဘုန်းကြီးနဲ့ မြန်မာယဉ်ကျေးမှု၊ မြန်မာ အသိုင်း အ၀ိုင်းနဲ့ပဲ ဆက်လက်နေသွား နိုင်တဲ့ အ ခြေအနေတွေကိုပဲ မျှော်လင့်ပါတယ်”ဟု ကိုစိုးဝင်းက ဆက်ပြောသည်။

ဝပ်ဆိုင်းမွန်း ဘုန်းတော်ကြီးကျောင်းသည် ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားအများစုက ကိုးကွယ်သည့်ကျောင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု ထုံး တမ်းစဉ်လာအရ ရိုးရာပွဲလမ်း အခမ်းအနားများ ပြုလုပ်ရန် အားထားရသော ကျောင်းလည်း ဖြစ်သည်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် တွင် ပျံလွန်တော်မှုသွားသည့် နောက်ဆုံး ကျောင်းထိုင် ဆရာတော် ဦးအာသဘ (သက်တော် ၉၁နှစ်၊ ၀ါ တော် ၇၀)၏ နေရာတွင် ထိုင်း ဥပဒေအရ ထိုင်း သံဃာတော် တပါးကို အစားထိုး ခန့်အပ်ရန် ထိုင်း သာသနာရေး ဦးစီးဌာနနှင့်ထိုင်း သံ ဃာ တော်များက စီစဉ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ် တနင်္လာနေ့က ထိုင်း သာသနာရေးဦးစီးဌာနအပါအ၀င် ထိုင်းလူမျိုးတချို့က ထိုင်းသံဃာများကို ကျောင်းအပ်ပွဲပြု လုပ် ရန် စီ စဉ်မှုကြောင့် ကျောင်းဂေါပက အဖွဲ့နှင့် ချင်းမိုင်ရှိ မြန်မာ အသိုင်းအ၀ိုင်း က ကန့်ကွက်၍ အစီအစဉ်ပျက်ခဲ့သည်။

ပျံလွန်တော်မှုသွားသည့် ဆရာတော်ကြီး ဦးအာသဘသည် ၁၃၀၈ ခုနှစ်မှ စတင်၍ ၆၅ နှစ်ခန့် ၀ပ်ဆိုင်းမွန်း ကျောင်းတွင် သတင်းသုံး နေ ထိုင် ခဲ့ကြောင်း ဆရာတော်၏ ထေရုပ္ပတ္တိတွင် ပါရှိသည်။

ဝပ် ဆိုင်းမွန်း ကျောင်း၌ ဆရာတော် ဦးဝရဓမ္မသည် ပထမဆုံး ကျောင်းထိုင်၍ ဦးဂန္ဓမာလာ၊ ဦးဘောဂဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေ ဇောသိရီ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သော ဦးအာသဘ အပါအ၀င် ကျောင်းထိုင် ဆရာ တော် ၁၀ ဆက် သီ တင်းသုံးခဲ့ကြကြောင်း ကျောင်း မှတ်တမ်း၌ ဖော်ပြထားသည်။

ထိုင်း ဥပဒေအရ ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်လျက်ရှိသော မြန်မာ ကျောင်းထိုင် ဆရာတော်များ ပျံလွန် တော် မူသွားပါက ထိုင်း သံဃာတော်များ ကျောင်းထိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း၌ လန်ပန်းမြို့ ရှိ မြန်မာ ဘုန်းကြီး ကျောင်း တကျောင်းကိုသာ ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားကြောင်းလည်း သိရှိရသည်။

ယမန်နေ့ညပိုင်းက ၀ပ် ဆိုင်းမွန်း ကျောင်း၌ ကျင်းပသည့်တရားပွဲတွင် သီတဂူ ဆရာတော် အရှင် ဉာဏိဿရက မြန်မာ ဘုန်းတော်ကြီး များ အ ဆက်ဆက် ကျောင်းထိုင်ခဲ့သည့် ၀ပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်းကို မြန်မာ နိုင်ငံသားများ အနေနှင့် စနစ်တကျ သမိုင်း ကြောင်း များ လေ့လာ၍ ညီညီ ညွတ်ညွတ် ထိန်းသိမ်း ဆောင်ရွက်သင့်ကြောင်း မိန့်ကြားခဲ့သည်။

“ယဉ်ကျေးမှု အမွေအနှစ်တွေကို စနစ်တကျ ကာကွယ်ပြီးတော့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရင် လူမျိုးရဲ့ သမိုင်းဟာ ခိုင်လုံတယ်၊ ဒီလူမျိုး ဘယ်က ဆင်းသက်တယ် ဆိုတာကို ခိုင်ခိုင်လုံလုံ ပြောကြားနိုင်လိမ့်မယ်”ဟု အရှင် ဉာဏိဿရက မိန့်သည်။

ဝပ် ဆိုင်းမွန်း ကျောင်း ကိစ္စကို ဆရာတော်ကြီးများ အနေနှင့် လေးနက်စွာ မိန့်ကြား၍ လာရောက်အားပေးခြင်း ဖြစ်ကြောင်း၊ လိုအပ် သည့် အကြံ အဉာဏ်များ ပေးရန် အဆင်သင့် ရှိကြောင်းလည်း အရှင် ဉာဏိဿရက ဆိုသည်။

မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ

Posted: 17 Jul 2012 06:00 PM PDT

ချာလီ ကမ့်ဘဲလ်

ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ်ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သည် (ဓာတ်ပုံ – British Council)


ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေ မယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့ အပေါ် အမျိုး သမီး တယောက်ကို ကျေးဇူး အထူးတင်ရပါလိမ့်မယ်။

ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့ အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန် ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္က သိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။

ဗြိတိသျှကောင်စီ စာကြည့်တိုက်ကို ၁၉၄၇ ခုနှစ်မှာ စတင်ဖွင့်လှစ်တဲ့အခါ “အန်တီမော်နီ ကာ” လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဒေါ်မော်နီ ကာ မြမောင်က အားလပ်ချိန်မှာ ဝိုင်းကူတာတွေ စလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက ၁၉၆၂ အာဏာသိမ်း တဲ့အခါမှာတော့ သူ့ရဲ့တပ်ဖွဲ့တွေက အဲ့ဒီစာကြည့်တိုက်ကို သိမ်းယူ ဖျက် ဆီးခဲ့ပြီး စာကြည့်တိုက် ပိတ်ဖို့နဲ့ စာအုပ်တွေ ရောင်း ထုတ်ပစ်ဖို့ကိုပါ အမိန့်ပေးခဲ့ပါတယ်။

ထက်မြက်ပြီး ပါးရည်နပ်ရည်ရှိလှတဲ့ အန်တီမော်နီကာကတော့ မြန်မာ့သမိုင်း စာအုပ်ရှည် အုပ် ၅၀၀ ကို အလျှင်အမြန်ပဲ ဖွက်လိုက်ပါ တယ်။ ဖျက်ဆီးခံရမယ့် ဘေးကလွတ်အောင် စာအုပ်တွေကို ဗြိတိသျှသံရုံးထဲက စားပွဲတွေအောက်မှာနဲ့ လျှို့ဝှက် အခန်းငယ်လေး တွေ ထဲမှာ ဖွက် ထားလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားဝင် ပြန်ဖွင့်ခွင့်ရတဲ့ ၁၉၇၃ ခုနှစ် အထိ စာကြည့်တိုက်ကို တိတ်တဆိတ် ဆက်လက် လည်ပတ် ခဲ့ပါတယ်။

“သူဟာ သိပ်ကို တက်တက်ကြွကြွရှိပြီး စံနမူနာယူသင့်တဲ့ အံ့သြချီးမွမ်းဖွယ်ရာ အမျိုးသမီးတ ယောက်ပါ” လို့ စာကြည့် တိုက်ရဲ့ လက်ရှိ သ တင်းပြန်ကြားရေးမန်နေဂျာ ဒေါ်မိုးမိုးစိုးက ကျနော့်ကို ပြောပြပါတယ်။ “သူက မြန်မာပြည်နဲ့ မြန်မာ ပြည်သူတွေကို ချစ်တယ်၊ ပြီးတော့ မြန်မာ ပြည်ဟာ သူ့အိမ်လို့ အမြဲတမ်း ယူ ဆထားသူဖြစ်တယ်။ အလုပ်က အငြိမ်းစား ယူပြီးနောက်ပိုင်းမှာတောင်မှပဲ ဒီမှာ အချိန်ပိုင်း ဆက် လုပ် သွားသေးတယ်” လို့လည်း သူက ဆိုပါတယ်။

အန်တီမော်နီကာရဲ့ ရဲရင့်တဲ့လုပ်ရပ်တွေကြောင့်ပဲ ဘယ်လိုမှအစားထိုးလို့မရနိုင်တော့တဲ့ ဥပမာ – မြန်မာပြည် အတိတ်နှင့် ပစ္စုပ္ပန် – ဘားမင်း အင်ပိုင်ယာတွင် မှီတင်းနေထိုင်သူတယောက်၏ နေ့စဉ်မှတ်တမ်း (Burma Past and Present, Journal of a Residence in the Burmham Empire နဲ့ အဓိကချင်းလူမျိုးစု၏ စီးပွားရေး (The Economics of the Central Chin Tribe) စာအုပ်မျိုးတွေ စာကြည့် တိုက်မှာ ကနေ့ထိရှိ နေပြီး ပညာရှင်တွေ လက် လှမ်းမှီနေတာပါ။

အန်တီမော်တီကာရဲ့ သံမဏိစိတ်ဓာတ်နဲ့ ဆောင်ရွက်မှုမျိုးကို သူ့လို ဗြိတိသျှတွေ ထူထပ်လှတဲ့ ကိုလိုနီအသိုင်းအဝိုင်း အကြား ဝိုင်းကြဉ် ခံ ထားရတဲ့ အချိန်မျိုးမှာ လူတိုင်း လုပ်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် သူကတော့ အဲ့ဒီအသိုင်းအဝိုင်း ရဲ့ ဟန်ဆောင်မှုတွေကို ဂရုစိုက် တယ်ဆိုရုံလေးပဲရှိပြီး သူရဲ့ မြန်မာဆွေမျိုးအသိုင်းအဝိုင်းအသစ်ထဲကို မိုက်မိုက်ကန်း ကန်း ခြေစုံပစ်ဝင်ခဲ့ပါတယ်။

ပထမဆုံး ရန်ကုန်ရောက်တဲ့နေ့က မြန်မာ ပိုးထည်ဝတ်စုံဝတ်ပြီး ရွှေတိဂုံဘုရားမှာ ဝတ်ပြုနေတဲ့ ဒေါ်မောနီကာမြမောင် ဟာ သတင်းစာ ထဲ မှာသုံးဖို့ဆိုပြီး ဓာတ်ပုံအရိုက်ခံခဲ့ရပါတယ်။ ဒီဓာတ်ပုံက သူတို့သားရဲ့ ဇနီးရွေးချယ်မှုအပေါ် သဘော မတူတဲ့ သူ့ရဲ့ ယောက္ခ တွေကို သိသိ သာသာ စိတ်သက် သာရာ ရစေခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို သံတူအစစကားလုံးနဲ့ “မြန်မာဝတ်လုံတော်ရက လှပတဲ့ ဗုဒ္ဓဘာသာဝင် ဗြိ တိသျှ ဇနီးလောင်း ခေါ်လာ (Burmese Barrister Brings Bak Beautiful British Bride)” ဆိုပြီး နောက်တနေ့ သတင်းစာထဲ ပါလာတဲ့ အခါမှာတော့ မျိုးချစ်စိတ်ပြင်းထန်လှတဲ့ ဗြိတိ သျှတွေ အသိုင်းအဝိုင်းကြားမှာ သူ့ကို ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေခဲ့ပါ တယ်။ ၁၉၃ ၀ ခုနှစ်တွေတုန်းက ဘယ်မြန်မာမှ (အဲ့ဒီအချိန်က ယာယီ နန်းရင်းဝန်ဖြစ်နေတဲ့ ဆာဂျိုးဇက်ဖ် မောင်ကြီး တောင်မှပဲ) အင်္ဂလိပ် ကလပ် တ ခုမှာ အဖွဲ့ဝင်ဖြစ်ခွင့် မရှိပဲကိုး။ အဲ့ဒီစည်းကမ်းက ၁၉၁၄ ဇွန်လ ၅ ရက်မှာမွေးတဲ့ ဒေါ် မော်နီကာမြမောင် ရန်ကုန်လူ့အဖွဲ့အစည်းမှာ အား ထားရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်မလာခင် သိပ်မကြာ သေးခင် ကပဲ ထုတ်ခဲ့တာပါ။

“ရန်ကုန်မှာ ကမ္ဘာအရပ်ရပ်က သံအမတ်တွေ အများကြီးရှိတာမို့ သူတို့ရဲ့ ဇနီးတွေအားလုံးကို အန် တီက အင်္ဂလိပ်စာ သင်ပေးတယ်။ ဗိုလ်ချုပ် ကြီးနေဝင်းရဲ့ မြေး ၃ ယောက်ကိုတောင်မှပဲ အင်္ဂလိပ်စာ သင်ပေးခဲ့ သေးတယ်” လို့ ဒေါ်မိုးမိုးစိုး က ပြောပါတယ်။

အန်တီမော်နီကာဟာ ကိုယ်ပိုင်သားသမီး မထွန်းကားခဲ့ပေမယ့် ခင်ပွန်းသည်နဲ့တိုင်ပင်ပြီး သားသမီး မွေးစားခဲ့ပါတယ်။ ပြီးတော့ ခင်ပွန်း သည် ဆုံးတဲ့ ၁၉၈၇ ခုနှစ်အထိ ရန်ကုန်က ကျွန်းအိမ်နိမ့်လေးမှာပဲ နေထိုင်သွားခဲ့ပါတယ်။ အင်္ဂလန်ကို ပြောင်းရွှေ့နေထိုင်ဖို့ ကြိုးစားခဲ့ ပေမယ့်ခဏ ပဲပြန်သွားပြီး သူရဲ့ တကယ့်အိမ်အစစ်ကဘယ်မှာဆိုတာသိတာမို့ မြန်မာ ပြည်ကို အမြန်ပြန်လာခဲ့ပါတယ်။

“၂၀၀၀ ခုနှစ်တုန်းက လန်ဒန်မှာကြုံရတဲ့ အဖြစ်အပျက်တခုကို ကျမမှတ်မိနေသေးတယ်။ ထောင် စုနှစ်အခမ်းအနား တွေကို တီဗွီမှာ ကျမတို့ ကြည့်နေကြတဲ့အချိန်ပေါ့။ အန်တီက ကျမတို့ဖက်လှည့်ပြီး ဘာဖြစ်လို့ ငါက ဒီရောက်နေတာ လဲလို့မေးပါတယ်။ လန်ဒန်မှာ သူ့ဆွေမျိုးတွေနဲ့အတူရှိနေတာကို မေ့နေပုံရတယ်” လို့ ဒေါ်မိုးမိုးစိုးက သူကြုံခဲ့ရတာကို ပြန်ပြော ပြပါတယ်။

ဒေါ်မော်နီကာမြမောင်ဟာ ၁၉၇၉ ခုနှစ်မှာ ဗြိတိသျှအင်ပိုင်ယာ၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်များ (Member of the Most Excellent Order of the British Empire – MBE) ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။ ဗြိတိသျှ ကောင်စီမှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ သေဆုံး ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အ သက် ၉၁ နှစ်ရှိပါပြီ။ မြန်မာပြည်မှာ နေခဲ့တဲ့ဘဝတလျှောက် ဂျပန်ဗုံးကြဲတာ၊ ဂျပန်ဝင်သိမ်းတာ၊ နေအိမ်အ ကျယ်ချုပ်၊ ပုလိပ် ရောဂါ ဖြစ်ပွားမှု စတာတွေကို ကြုံတွေ့ခဲ့ရပြီး အသက် ၉၀ အထိ စာသင်ပေး သွားခဲ့ သူပါ။

“သူ့လို အင်္ဂလိပ်အမျိုးသမီးမျိုး ကျမ ဘယ်တုန်းကမှ မသိခဲ့ဖူးပါဘူး။ သူက လူတွေကို လူသားလို မြင်တဲ့အပြင် စာအုပ် တွေကို ချစ်သူ၊ စာဖတ် တာကို ခုံမင်နှစ်သက်သူဖြစ်ပါတယ်” လို့ ဒေါ်မိုးမိုးစိုးက ထပ်ဖြည့်ပြောပါတယ်။

အခုဆိုရင် ဒေါ်မိုးမိုးစိုးတယောက် ဒဏ္ဍာရီတွင်လောက်တဲ့ သူ့လက်ဦးဆရာရဲ့ ခြေလှမ်းအတိုင်း လှမ်းနေပြီး စာကြည့် တိုက်မှာ ထင်ရှား ကျော် ကြားသူတယောက် ဖြစ်လာပါပြီ။ “အန်တီမိုး” လို့ လူသိများတဲ့ သူ့ရဲ့ စီမံမှုအောက် မှာ စာကြည့် တိုက်ကလည်း အောင်မြင် တိုးတက် လာနေ ပါပြီ။

ဗဟုသုတနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာဖို့အတွက် ရန်ကုန်က ဗြိတိသျှကောင်စီစာကြည့်တိုက် ကို လာကြသူတွေ တနေ့ကို ၁၂၀၀ လောက်ရှိပြီး ဒီစာကြည့်တိုက်ဟာ ဆင်ဆာအဖြတ်မခံရတဲ့ စာအုပ်စာတမ်းတွေ ရှိရာ မြန်မာပြည်ရဲ့ တခုထဲသော နေရာ လည်း ဖြစ် ပါတယ်။

အန်တီမိုးက အငြိမ်းစားယူမယ်လို့ စဉ်းစားမိတဲ့အကြောင်း ပြောမိတယ်ဆိုရင် အနားမှာရှိတဲ့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က “ဘုရားရေ၊ ဟုတ်လို့လား။ ကျမတော့ အန်တီ အနားယူမယ်မထင်ဘူး” လို့ ဖြတ်ပြောတတ်ပါတယ်။

အန်တီမော်နီကာရဲ့ဝိညာဉ်ဆက်လက်ရှင်သန်နေဆဲဆိုတာကတော့ အထင်အရှားပါပဲ။

Charlie Campbell ၏ The Woman Who Saved Burmese History ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

ယနေ့ မြန်မာ့ရေးရာသတင်းများ July,18th,2012

Posted: 17 Jul 2012 09:21 PM PDT

( 29 )“ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး” တရား သီတဂူ ဆရာတော် ဟောကြား

( 28 )နည်းလမ်းသစ်ဖြင့် ကချင်ဒုက္ခသည်များကို UNHCR က ကူညီမည်

( 27 )အမေရိကန် ပိတ်ဆို့မှုကိစ္စ လွှတ်တော်အမတ် McConnell နဲ့ ဒေါ်စု ဆွေးနွေး

( 26 )အမေရိကန်လွှတ်တော်အမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး

( 25 )ပြည်ပရောက် လူ့အခွင့်အရေးအဖွဲ့ မြန်မာပြည်မှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်

( 24 )မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့်ရရှိရေး၊ ထိုင်းရှိ မြန်မာသံအမတ်ကြီး ဆွေးနွေး

( 23 )Thai Authorities Await Muanmar's Green Light Visit Detainees

( 22 )မြန်မာပြည်မှာ ခရက်ဒစ် အကြွေးကဒ်သုံးဖို့ စတင် စီစဉ်

( 21 )ရခိုင်ပြသနာကြောင့် ခူမီးဒေသခံ သစ်သီးခြံပိုင်ရှင်များဝင်ငွေ ထိခိုက်

( 20 )၈၈၈၈ ငွေရတုအကြို လူထုအသွင်ဖြင့် မန္တလေးမှာ ကျင်းပမည်

( 19 )Myanmar's two million stateless people

( 18 )ပလက်ဝမြို့ပေါ်လျှပ်စစ်မီးရရှိရေး နိုင်ငံတော်သမ္မတထံ တင်ပြမည်

( 17 )Suu Kyi's first US visit since release

( 16 )တိုင်းနှင့်ပြည်နယ် အစိုးရများ လုပ်ပိုင်ခွင့် တိုးပေးရေးအဆို တင်သွင်းထား

( 15 )Suu Kyi to visit US

( 14 )လိုင်းရင်းစခန်းရှိ ကချင်ဒုက္ခသည်များ နာမကျန်းဖြစ်သူများလာ

( 13 )Myanmar's Suu Kyi gets rose from late Czech leader

( 12 )အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ မြေမြှုပ်မိုင်း အသုံးပြုနေဟု ဆို

( 11 )Myanmar Investment Law Expected This Month .

( 10 )စွန့်ပစ်များမှ စက်ရုံလိုအပ်မည့် စွမ်းအားထက်ဝက် ပြန်သုံးနိုင်မည်

( 9 )Typos Tripped up HSBC on Myanmar Sanctions.

( 8 )အကျဉ်းသား နှိပ်စက်သူများအား တရားစွဲရန်လိုသည်ဟု AAPP ဆို

( 7 )Myanmar's Suu Kyi to pay first US visit since house arrest

( 6 )ငြိမ်းချမ်းရေးကာလ လူထုပါဝင်လာဖို့ ပြည်ထဲရေးနဲ့ ကာကွယ်ရေး စွမ်းရည်မြင့်တင်

( 5 )Myint Swe’s VP Bid Postponed

( 4 )မိုးထိ မိုးမိ ရွှေတူးခွင့် မပြေလည်သေး

( 3 )Famous Abbot Takes Up Monastery Dispute

( 2 )အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ

( 1 )Myanmar's Suu Kyi to Travel to US to Receive Award

ဘင်္ဂါလီလူမျိုး ၇ ဦး မြန်မာ့ ရေတပ် ဖမ်းဆီး

Posted: 17 Jul 2012 08:30 AM PDT

ခင်ဦးသာ

ရခိုင်ပြည်နယ် ပေါက်တော ဒေသသို့ တရားမ၀င်ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၇ ဦးကို မြန်မာ့ တပ်မတော် ရေတပ် က ဖမ်းဆီးမိပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“သူတို့ကို စစ်ဆေး နေတုန်းပါ၊ ဥပဒေ အရ ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။

ဖမ်းဆီးထားသူများအား စစ်ဆေးမေးမြန်းရာ တံငါသည်များ ဟု ပြောဆိုကြောင်း၊ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ သစ်များကို သယ်ဆောင်ရန် လာခြင်းဖြစ်သည်ဟု ကြားသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သို့သော် ၎င်းတို့အား မည်သည့် အမှုဖြင့် စစ်ဆေးနေကြောင်းကိုမူ ဦးဝင်းမြိုင် က အသေးစိတ် ပြောဆိုခြင်း မရှိပေ။

စစ်တွေ ဒေသခံများ၏ ပြောဆိုချက်အရ ရခိုင်ပြည်နယ် ပေါက်တော ဒေသသို့ ရောက်ရှိလာသည့် ထိုဘင်္ဂါလီများကို မြန်မာ ရေ တပ် က ဇူလိုင် ၁၅ ရက်နေ့တွင် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ အန္တရာယ်ပြုနိုင်သော လက်နက်ပစ္စည်း တချို့ဖမ်း ဆီး ရမိကြောင်း သိရသည်။

နိရဉ္ဇရာ သတင်း၌ ယင်းဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ပေါက်တော မြို့နယ် သဲခုံရွာ အနီးတွင် မြန်မာ့ ရေတပ်နှင့် စက်လှေဖြင့် ရောက်ရှိ လာ သော အမည်မသိ အဖွဲ့ တဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ယင်းအဖွဲ့မှ တဦး ဒဏ်ရာရရှိပြီး ၇ ဦးကို ဖမ်းဆီးရမိကြောင်း၊ ဒဏ်ရာ ရသူ ကို ဆေးရုံသို့ ပို့ဆောင်ပြီး ဖမ်းဆီးမိသူများကို စစ်တွေထောင်သို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။

အင်တာနက် သတင်းတချို့တွင်မူ မြန်မာရေပိုင်နက်သို့ စက်လှေ ၃ စီးနှင့်လူများ ၀င်ရောက်လာကြောင်း၊ သို့သော်လှေတစီးနှင့် အတူလူ ၈ ဦး ကိုသာ ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသူများမှာ နူရ်အာလောင်၊ မာဆင်၊ အဏ္ဏ၀ါဂ ၊ ဆာဒဲလ်၊ မိုဟာမက် အီနုစ်၊ နူရ်မာမောက်၊ ဆွေယော့ ဒူလာမီရ်၊ မာမတ်အာလောင် တို့ ဖြစ်ကြောင်း ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င်ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ ၀န်း ကျင်အား အမ်းမြို့၌ ပြီး ခဲ့သည့် လ အတွင်း ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သေးသည်။

ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေး တင်း ကျပ်ထားပြီး ပင် လယ်ပြင် တွင် လည်း နှစ်နိုင်ငံ စလုံး၏ ရေတပ် သဘောင်္များ ကင်းလှည့်နေကြောင်း သိရ သည်။

ငြိမ်းချမ်းရေး အတွက် အခြေခံဥပဒေကို အရင် ပြင်ဆင်သင့် တယ်လို့ တိုင်းရင်းသား နိုင်ငံရေး ပါတီများက ပြောဆို

Posted: 17 Jul 2012 08:00 AM PDT

ကော့လီ

မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် လက်ရှိ အခြေခံ ဥပဒေကို ဦးစွာ ပြင် ဆင်သင့်တယ်လို့ တိုင်းရင်းသား နိုင်ငံရေး ပါတီ များက မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွေ့အကြုံ ရှိသူများ ပါဝင် တဲ့ လန်ဒန်မြို့ အခြေစိုက် အင်တာ မီဒီအိတ် (Inter Mediate) အမည်ရှိ အဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ရန်ကုန်မြို့ ဗြိ တိသျှ သံအ မတ် နေအိမ်မှာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တဲ့အခါ ပြောဆိုလိုက် ပါတယ်။


ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဘာတွေ လိုအပ်မလဲ၊ ဘယ်လို နည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက် သွားမလဲ ဆိုတာတွေကို အဓိကထား ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။


ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဂင်ကမ်းလျှံ က – လက်နက်ကိုင် ပဋိပက္ခတွေဟာ အခြေခံ ဥပဒေ အားနည်းချက်ကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း၊ အခြေခံဥပဒေ မပြင်သရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးထက် အခြေခံဥပဒေကို ပြင်ဆင်ဖို့က ပိုအရေးကြီးကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦး က – တန်းတူရည်တူ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့် ရရှိမယ်ဆိုရင် ပြေငြိမ်း သွား နိုင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း အဖွဲ့ကြီးငယ်မရွေး တူညီတဲ့ ကမ်းလှမ်း ချက်တွေနဲ့စေတနာမှန်မှန်ဆောင်ရွက်ရင်အောင် မြင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ကချင်ပြည်နယ် ဥက္ကဋ္ဌ လည်းဖြစ်၊ Vision of Peace အဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒေါ်ဘောက်ဂျာ ကတော့ – ကချင် တိုင်းရင်းသားများဟာ ခေတ်အဆက်ဆက် ခွဲခြား ဆက်ဆံခံနေရကြောင်း၊ ဒါကြောင့်လည်း အခုလို မငြိမ်းချမ်းနိုင်ရတာ ဖြစ်တယ်လို့ တင်ပြပြောဆိုပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့ဘက်ကလည်း – ငြိမ်းချမ်းရေးဟာ သင့်မြတ်သူတွေ အချင်းချင်း ဖော်ဆောင်ကြတာ မဟုတ်ဘဲ ရန်ဘက်တွေ ကြား ဖော်ဆောင်ကြရတာ ဖြစ်ကြောင်း၊ အဓိကအားဖြင့် အစိုးရအဖွဲ့မှာလည်း မူတည်ကြောင်း၊ သဘောသေးတဲ့ အစိုးရတွေ ရှိသလို၊ သ ဘောထား ကြီးတဲ့ အစိုးရများလည်းရှိကြောင်း၊ မြောက်အိုင်ယာလန် ကိစ္စမှာ ရှေးရိုးစွဲ တင်းမာတဲ့ ကွန်ဆာဗေးတစ် အစိုးရလက်ထက် က မအောင်မြင် ခဲ့ပေမယ့် တိုနီဘလဲရဲ့ အစိုးရ လက်ထက်မှာတော့ အောင်မြင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ လက်ရှိ မြန်မာ အ စိုးရဟာ အရင် စစ်အစိုးရထက် အောင်မြင်တယ်လို့ မိမိတို့ မြင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ရပ် ကျင်းပပေးမယ်လို့လည်း မိမိတို့ သိထားရကြောင်း၊ ဒါကြောင့် တိုင်းရင်းသားတွေ အားလုံး တူညီတဲ့ အသံ တစ် သံတည်း ထွက်ရန် လိုအပ် ကြောင်း၊ ဘာတွေ ပြောဆိုဆွေးနွေးကြမယ်၊ ဘာတွေ တောင်းဆိုကြမလဲ၊ မရရင် ဘာဆက်လုပ်ကြမလဲ ဆို တာတွေကို စုပေါင်းကာ ကြိုတင် ရှာဖွေ ထားကြဖို့ လိုအပ်ကြောင်း ပြောကြားသွားပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီ ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ကရင်အ မျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် စတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေအပြင် ရခိုင် တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကရင် ပြည်သူ့ပါတီ စတဲ့၂၀၁၀ ရွေး ကောက်ပွဲဝင် ပါတီတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့ဘက်ကတော့ ဂျက်ဖရီ ဒေါ်နယ်ဆင်၊ မြောက်အိုင်ယာလန် တော်လှန်ရေး အဖွဲ့ဖြစ်တဲ့ ဆင်ဖိန်း ပါတီဝင်ဟောင်း ဂယ်ရီ ကယ်လီ၊ အမှုဆောင် အရာရှိချုပ် ဂျွန်နသန် ပါဝယ်၊ အကြီးတန်း စီမံကိန်း ညွှန်ကြားရေးမှူး ဒက်ဆစ်လာဗာ ရိုဆန်နိုဗာ တို့လာ ရောက်ပြီး ဗြိ တိသျှ သံအမတ်ကြီးနဲ့ သံရုံး တာဝန်ရှိသူတွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့ကို ဗြိတိန်နိုင်ငံ တိုနီ ဘလဲ အစိုးရ လက်ထက်က စစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်အိုင်ယာ လန် ငြိမ်းချမ်းရေး အတွက် ဗြိတိသျှ အစိုးရဘက်က ဦးဆောင် ညှိနှိုင်း ဆွေးနွေးခဲ့သူ လက်ရှိ အမှုဆောင် အရာရှိချုပ် ဂျွန်နသန် ပါဝယ် က ၁၉၉၇ ခုနှစ်မှာ စတင် တည်ထောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အင်တာ မီဒီအိတ် အဖွဲ့ဟာ ခက်ခဲ၊ ရှုပ်ထွေး၊ အန္တရာယ်များလှတဲ့ ပဋိ ပက္ခတွေကို အ ဓိ ကထား ကူညီ ဖြေရှင်းပေးနေတဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း ဥပဒေမူကြမ်း ရေးဆွဲပြီး

Posted: 17 Jul 2012 07:00 AM PDT

KNG

ကချင်ပြည်နယ် ကျောက်မြတ်ရတနာလုပ်ငန်း၏ ဥပဒေမူကြမ်း ပထမအဆင့် ရေးဆွဲပြီးဖြစ်ကြောင်း ကျောက်မြတ်ရတနာကုန်သည်များ မြစ် ကြီးနားအသင်းမှ သိရသည်။

၎င်းကျောက်မြတ်ရတနာ ဥပဒေမူကြမ်းအား အစိုးရဌာနအသီးသီးမှ ပညာရှင်များ ပူးပေါင်းပါဝင် ဆွေးနွေးခဲ့၍ ရေးဆွဲခဲ့ခြင်းဖြစ်သည်။

“ညှိနှိုင်းကြ၊ ငြင်းခုန်ကြ၊ အပြန်အလှန်ဆွေးနွေးကြနဲ့ ကျွန်တော်တို့ တော်တော် အောင်မြင်နေပါပြီ။ ဥပဒေမူကြမ်းအဆင့် ပထမအဆင့် ရေးဆွဲ ပြီးသွားပါပြီ။ အကုန်ဝိုင်း ရေးဆွဲထားတာဆိုတော့ ဥပဒေမူကြမ်းက ကျစ်လစ်တယ်၊ ခိုင်မာ တယ်၊ ပြည့်စုံတယ်” ဟု ကျောက်မြတ်ရတနာ ကုန် သည်များ မြစ်ကြီးနားအသင်းမှ အတွင်းရေးမှူးက ပြောသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြစ်ကြီးနားတက္ကသိုလ်မှ ဥပဒေ ပညာရှင် ဒေါက်တာ ဒေါ်ရီရီဝင်း၊ ဥပဒေဌာနမှ ဥပဒေပညာရှင်၊ တရားရေးမှ ဥပ ဒေ ပညာရှင်၊ ရှေ့နေရုံးမှ ဥပဒေပညာရှင်များနှင့် ပြည်နယ်အဆင့် သတ္တုတွင်းဝန်ကြီး၊ ကျောက်မြတ်ရတနာကုန်သည်များ မြစ်ကြီး နားအ သင်းတို့ ဇွန်လမှ ဇူလိုင်လဆန်းထိ တနင်္လာနေ့တိုင်း စည်းဝေးဆွေးနွေးခဲ့ပြီး ဥပဒေမူကြမ်း ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံမူကြမ်းမှ ကျောက်မြတ်ရတနာ ဥပဒေအား အခြေခံယူထားပြီး ကချင်ပြည်နယ် ကျောက်မြတ်ရတနာကုန်သည်များအဖွဲ့၏ အ နေအထားနှင့် ကိုက်ညီမည့် အကောင်းဆုံး ဥပဒေအား ရေးဆွဲထားကြောင်း သိရသည်။

အဆိုပါ ကျောက်မြတ်ရတနာ ဥပဒေမူကြမ်း ပထမအဆင့်တွင် ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့် ဥပဒေပြဌာန်းခွင့်၊ အခွန်ကိစ္စ၊ ကျောက် ရောင်းဝယ် ဖောက်ကားရေးတွင် ဥပဒေနှင့်အညီ လုပ်ကိုင်ရန်၊ ကျောက်ဖြတ်၊ ကျောက်သွေးခြင်းလုပ်ငန်းတွင်လည်း အခွင့်မရဘဲ လုပ် ကိုင်မှုမပြုလုပ်ရန် စသည့် ဥပဒေမူကြမ်းပါ ရေးဆွဲထားခြင်းဖြစ်သည်။

ကျောက်မြတ်ရတနာ ဥပဒေမူကြမ်း ပထမ အဆင့်အား ပြည်နယ်အစိုးရထံ တင်ပြပြီး ပြည်ထောင်စုအစိုးရ အဆင့်ထိ တင်ပြကာ အတည် ပြု ချက် ရလျှင်မူ နည်းဥပဒေများပါ ပြန်လည် ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ကျောက်မြတ်ရတနာ မြစ်ကြီးနား အသင်းမှလည်း ကျောက်မြတ်ရတနာ ပြပွဲကျင်းပရန် မြေသားညှိမှု ၁၀၀% နှုန်း ပြီးစီး နေ ပြီဖြစ်ကြောင်း ၎င်း အသင်းမှ ဆိုသည်။

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အေးချမ်းစွာ ပညာ မသင်နိုင်သေး

Posted: 17 Jul 2012 05:00 AM PDT

ခင်ဦးသာ

ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ နည်းပညာကျောင်းမှ ပြန်လာသည့် ကျောင်းသားများကို ယနေ့ နေ့လယ်တွင် ဘင်္ဂါလီ ရွာသားတချို့က အ နှောင့်အယှက် ပေးသောကြောင့် တာဝန်ရှိသူများက ကျောင်းသားများ ကျောင်းပြင်မထွက်ရန် သတိပေးထားပြီး လုံခြုံရေး အကာအ ကွယ် ယူ၍ ကျောင်းသားများအား အိမ်ပြန်ပို့ပေးရန် စီစဉ်နေရကြောင်း သိရသည်။

“ကျနော့်သားက ကျောင်းကနေ ဆက်သွယ်တယ်။ ဘင်္ဂါလီ ရွာသားတွေက ကျောင်းက ပြန်လာတဲ့ သူတွေကို ဆိုင်ကယ်တွေနဲ့ လိုက်နှောင့် ယှက်လို့ ကျောင်းအုပ်ကြီးက ကလေးတွေကို ကျောင်းပြင်မထွက်ခိုင်း တော့ဘူး။ လုံခြုံရေးကို အကြောင်းကြား ထားတယ်။ လုံခြုံရေးတွေ လာမှ အိမ်ပြန်ပို့ပေးမယ် ပြောတယ်” ဟု နည်းပညာ တက္ကသိုလ် ကျောင်းသား မိဘတဦးက ဧရာဝတီသို့ ပြောသည်။

နည်းပညာ တက္ကသိုလ်သည် စစ်တွေမြို့နှင့် ၈ မိုင်ခန့်တွင် တည်ရှိကြောင်း၊ ကျောင်းသွားရာ လမ်းတလျှောက်၌ ဘင်္ဂါ လီ ကျေးရွာတချို့ကို ဖြတ်သွားရကြောင်း၊ မိဘအများစုသည် လုံခြုံရေး စိတ်မချ သည့်အတွက် သားသမီးများကို ကျောင်း ပြန်မတက် ခိုင်းသေးသည့် အ တွက် ကျောင်းသား အနည်းငယ်သာ ရှိကြောင်း သိရသည်။

နည်းပညာကျောင်းအား ယမန်နေ့က စတင်ဖွင့်လှစ်ထားပြီး စစ်တွေမြို့ပေါ်မှ ကျောင်းသားများ တက်ရောက်နေ ကြကြောင်း၊ ကျောင်း ကားများ ၌ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့လိုက်ပါပေးသည်ကို တွေ့ရကြောင်း ပန်းပျိုးလတ် ဘော်ဒါဆောင် ပိုင်ရှင်နှင့် ကျောင်းသား မိဘ တဦး ဖြစ်သူ ဦးအောင်ကျော်ညွန့်က ပြောသည်။

“ဘော်ဒါဆောင်မှာတော့ ကျောင်းသားတွေ တ၀က်လောက်ပဲ ရှိတော့တယ်၊ မိဘတွေ ကလည်းပဲ စိုးရိမ်နေကြ တုန်းပဲ၊ မနေ့ကတော့ ကျောင်း ကားတိုင်းမှာ စစ်သား တယောက်၊ နှစ်ယောက် လိုက်ပြီး လုံခြုံရေး ယူပေးတာတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်ကျောင်း တချို့ စတင်ဖွင့်နေပြီ ဖြစ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် တက်ရောက်သူ နည်းပါးသေး ကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်မှ အပ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ် စသည့် ကျောင်းတချို့ကို ယမန်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့သည်။

တက္ကသိုလ် ကျောင်းများတွင် လုံခြုံရေး အစီအစဉ်များ ဆောင်ရွက် ပေးထားကြောင်း၊ စစ်တွေ တက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင် ရန် စီစဉ်နေကြောင်း ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ တာဝန်ခံ ဦးဝင်း မြိုင်က ဧရာဝတီကို ပြောသည်။

“စစ်တွေတက္ကသိုလ်က ဘင်္ဂါလီရွာတွေနဲ့ နီးတဲ့အတွက် တချို့က လုံခြုံရေး စိတ်မချ သေးတာရယ်၊ ကျောင်းသားတွေက လည်းပဲ ကိုယ့်ဒေ သတွေကို ပြန်သွားကြတာ ရယ်ကြောင့်ပါ” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့နှင့် ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ သံတွဲဒေသ တို့ရှိ တက္ကသိုလ်များကို ဇွန်လ ဆန်းမှ စတင် ၍ ပိတ်ထားခြင်းဖြစ်သည်။ နေရပ် အသီးသီးသို့ ပြန်သွားသည့် ကျောင်းသားများနှင့် မိဘများထံ တာဝန်ရှိသူများ က အကြောင်း ကြားထား ကြောင်းလည်း ဦးဝင်းမြိုင်က ပြောသည်။

တက္ကသိုလ်များ၌ တက်ရောက်နေသည့် ကျောင်းသားများမှာ ဒေသခံတိုင်းရင်းသား ကျောင်းသားများသာ ရှိပြီး ဘင်္ဂါလီ ကျောင်းသား မရှိ ကြောင်း စစ်တွေမြို့ခံ ကိုညီညီက ပြောသည်။

ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံ ပညာကျောင်းများ အားလုံး၌ အေးချမ်းစွာ ပညာသင် ကြား နိုင်ရေး၊ ကျောင်းသားများ ၏ လုံခြုံရေး၊ ဆရာ၊ ဆရာမ များ၏ လုံခြုံရေး ပိုမိုကောင်းမွန်စေရန် အစိုးရ အာဏာပိုင်တို့က တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး အတွက် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော် ကိုယ်စားလှယ်များက အစိုးရထံ တင်ပြ ထားကြောင်း သိရသည်။

စစ်တွေမြို့ပေါ် နှင့် ဒေသ တ၀ိုက်ရှိ အခြေခံပညာ ကျောင်းများ အားလုံးနီးပါးကို ဖွင့်လှစ်ထားပြီ ဖြစ် ကြောင်း၊ သို့သော် မိဘ တချို့က ၎င်းတို့ သားသမီးများကို စိတ်မချသည့် အတွက် ကျောင်းသို့ ပို့ဆောင် ခြင်း မရှိကြောင်းလည်း ဦးဝင်းမြိုင်က ပြော သည်။ အကြမ်းဖက်မှု စတင်ခဲ့ သည့် မောင်တော၊ ဘူးသီး တောင် မြို့တို့တွင်မူ ကျောင်းများအားလုံး ပိတ်ထားဆဲ ဖြစ်သည်။

နိုင်ငံခြားမှ တင်သွင်းဆားကြောင့် မွန်ပြည်နယ်ရှိ ပြည်တွင်းဆား ဈေးကွက် ထိခိုက်

Posted: 17 Jul 2012 04:30 AM PDT

မိလရီထော

မွန်ပြည်နယ်တွင် နိုင်ငံခြားမှတင်ပို့သည့် ဆားများကို ပြည်သူများ ဝယ်ယူစား သုံးနေခြင်းကြောင့် ပြည်တွင်းဆားဈေးနှုန်း ကျဆင်းနေ သည်ဟု ဆားလုပ် ငန်းရှင်များက ပြောသည်။

ပြည်တွင်းမှ ဆားကြမ်းတစ်ပိဿာကို မြန်မာကျပ်ငွေ (၄၅) ကျပ်နှုန်းဖြင့် သာ ပေးဝယ်ရပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာ သည့် အလေးချိန်(၅) ကျပ်သားရှိ အိုင်အိုဒင်း အိမ်သုံးဆားတထုပ်ကိုမူ ကျပ်ငွေ (၁၅၀) မှ (၂၀ဝ) အထိ ပေးဝယ်နေသည်ဟု မွန်ပြည် နယ် သံ ဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

၎င်းက “နိုင်ငံခြားက တင်ပို့တဲ့ဆားတွေက ဖြူတယ်။ သန့်တယ်။ အဲကြောင့် လူ တွေစားသုံးကြ တာ များတယ်၊ တို့နိုင်ငံက လုပ်တဲ့ဆား တွေ ဘယ်သူမှ မဝယ် ချင်ကြ တော့ဘူး” ဟု ပြောသည်။

ယင်းသို့ ပြည်တွင်း ဆားဈေးကျဆင်းခြင်းနှင့် ဝယ်ယူစားသုံးသူနည်းပါးခြင်းတို့ကြောင့် ဆားလုပ်ငန်းရှင်တချို့က လုပ်ငန်းရပ်နား ရသည် အ ထိ နစ်နာမှုများရှိလာနိုင်သည်ဟု ယင်းဆားလုပ်ငန်းရှင်က ပြောသည်။

၎င်းက “မနှစ်တုန်းက (ဆား) ဈေးကွက်မရှိလည်း ဝယ်တဲ့သူတွေ ရှိသေးတယ်၊ ဒီနှစ်တော့ ဆား တွေ ဘယ်လောက်ဈေးနဲ့ရောင်းရမှန်းတောင် မသိတော့ဘူး၊ လောလောဆယ် ဆားတွေကို ဂိုထောင် ထဲထည့် လှောင်ထားတုန်း ပဲ” ဟု ပြောသည်။

ယမန်နှစ်တွင် ဆားကြမ်းတစ်ပိဿာ၏ ဈေးနှုန်းမှာ (၅၀) ကျပ်ရှိပြီး ကြိတ်ပြီးသားဆားချော တစ်ပိဿာ၏ ဈေးနှုန်းမှာ (၈၀) ကျပ်အထိ ရှိခဲ့ သည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက်ခမီမြို့နှင့် စက်စဲတို့တွင် ဆားကို အဓိက ထုတ်လုပ်နေသည်။ ထို့ပြင် ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာ တွင်လည်း ဆားအများအပြား ထုတ်လုပ်နေသည်။

ပငကျေးရွာတွင် အစိုးရပိုင်ဆားလုပ်ငန်းအပြင် ပုဂ္ဂလိကပိုင် ဆားဖို (၄၀) ခန့်ရှိပြီး ဆားကွင်းဧက (၁) ထောင်ကျော်ရှိကာ မွန်ပြည်နယ် တွင် ဆား အများဆုံး ထုတ်လုပ်သည့်နေရာဖြစ်သည်။

ကိုယ်ဝန်ဆောင်များ ပြန်ပို့လျှင် တရားမဝင် အလုပ်သမား ပိုများနိုင်ဟုဆို

Posted: 17 Jul 2012 03:55 AM PDT

သန်းထိုက်ဦး

ထိုင်းနိုင်ငံရှိ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမများကိုပြန်ပို့မည့် အစီ အစဉ်ကို ထိုင်း အာဏာပိုင်များက အတည်ပြု လိုက်ပါက တ ရားမ၀င်အ လုပ်သမား ပိုများလာမည် ဖြစ်ကြောင်း အလုပ်သမား အခွင့်အရေးဆောင် ရွက်နေသူများက ခန့်မှန်းကြသည်။

မြန်မာ အစိုးရအနေနဲ့ တရားဝင် အလုပ်သမားတွေ ဖြစ်အောင် လိုက်လုပ် ပေးနေတဲ့ အချိန်မှာ ထိုင်း အစိုးရက အဲဒီလို လုပ်မယ် ဆိုရင် တရားမ၀င် တဲ့ အလုပ်သမားတွေ ပိုများသွားမယ်” ဟု ထိုင်းနိုင်ငံ တောင်ပိုင်း အခြေ စိုက်ပညာရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေး ဖောင်ဒေး ရှင်း ဒါရိုက်တာ ဦးထူး ချစ်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ တရားဝင် နေထိုင်လျှက်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမား များသည် အထက်ပါ အစီအစဉ်ကြောင့် တရားမ၀င် အလုပ်သ မားများ အ ဖြစ်ပြန်လညနေထိုင် သွားမည်ကို စိုးရိမ်ရကြောင်းလည်း ၎င်းက ဆိုသည်။

ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမ များအား ပြန်ပို့မည့် အစီအစဉ်၌ ထိုင်းတွင် ရောက်ရှိနေသော မြန်မာပြည်သားများ သာမက အိမ်နီး ချင်း လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။

“သူတို့ အဲဒီလိုမျိုး ပြန်ပို့မယ် ဆိုရင် ဘယ်အလုပ်သမားကမှ သူတို့ ကိုယ်ဝန် သုံး၊ လေးလ ရှိတယ် ဆိုတာကိုထိုင်းအစိုးရသိအောင်အကြောင်း ကြားမှာ မဟုတ်ဘူး” ဟု ဦးထူးချစ်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လက ယင်း အစီအစဉ်ကို ထိုင်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက် ခဲ့သည်ဟု ဆို သော် လည်း လတ်တလော ထိုင်းနိုင်ငံရှိ လူ့အခွင့် အရေး လှုပ်ရှားနေသူများ၏ အတိုက်အခံ ပြုမှုများကို ရင်ဆိုင်နေရသည်။

ထိုင်း အလုပ်သမား ၀န်ကြီးဌာနမှ တာဝန် ထမ်းဆောင်နေသူ တဦးကလည်း ယင်း အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် လုပ် ဆောင် ရန် အတွက် ဥပဒေနှင့် ဆိုင်သော အချက်အလက်များကို အချိန်ယူ လေ့လာနေဆဲ ဖြစ်ကြောင်း ဆိုသည်။

အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွား ပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီအစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း လာရောက် လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုက ကလေး မလိုချင်ကြသူများကြောင်း၊ ထိုင်း အစိုးရ၏ အစီ အ စဉ် သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ပြောသည်။

“ကလေးမွေးမယ် ဆိုပြီတော့ ပြန်သွားမယ်ဆိုရင် ဖခင် လုပ်တဲ့လူက ဒီမှာ ကျန်ခဲ့တာလေ၊ ဒါ မိသား စုရေးကို ခွဲတာ၊ နောက် မွေးကင်းစ ကလေး ကို ထားခဲ့ပြီးတော့ ဒီကို ပြန်လာပြီးတော့ အလုပ်လာလုပ် ရအုံးမယ် ဆိုတာ အဓိပ္ပာယ် မရှိ ဘူး။ ဒါ လူ့အခွင့်အရေးကို ချိုးဖောက် တာပဲ” ဟု ဦးစိန်ဌေးက ဆက်ပြောသည်။

ထိုင်းအစိုးရက ယင်းအစီအစဉ်ကို အတည်ပြုခဲ့ပါက နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ ကန့်ကွက်မှုများ ကိုလည်း ရင်ဆိုင်ရ နိုင် ကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၆ နိုင်ငံ ပူးပေါင်း ပါဝင်သည့် Mekong Migration Network (MMN) အဖွဲ့ အစည်းနှင့် ရွှေ့ ပြောင်း အ လုပ်သမားများ အရေး ဆောင်ရွက်နေသူ Adisonrn Kerdmongkol တို့က ယင်းသို့ စီစဉ်နေခြင်းသည် လူ့အခွင့် အရေး ချိုးဖောက်ရာ ရောက် ကြောင်း ကန့်ကွက် ပြောဆိုထားပြီး ဖြစ်သည်။

MMN အဖွဲ့ အစည်းတွင် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမား အရေး ဆောင်ရွက် နေသော ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော သတင်းစာများတွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ လူ့အခွင့် အရေး အဖွဲ့များက ဝေဖန်သည်ကို ဆက်တိုက် ဖော်ပြနေသည်။

မကြာသေးခင်က မြန်မာအစိုးရ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ ရပိုင်ခွင့် အပြည့်အဝ ရရှိရေး အတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဟု အစိုးရ သတင်းစာများမှ တဆင့် တရားဝင် ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

ကျောင်းသားများ ကျောင်းမလာ၍ စစ်တွေ တက္ကသိုလ် မဖွင့်လှစ်ဖြစ်

Posted: 17 Jul 2012 02:33 AM PDT

နိရဉ္စရာ

စစ်တွေ တက္ကသိုလ်ကို ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွင့်လှစ်ရန် အစိုးရမှ တရားဝင် ကျေညာထားသော်လည်းကျောင်းသားများ ကျောင်း မတက်ကြသဖြင့် ကျောင်း အဖွင့်မဖြစ်ဟု သိရသည်။

“ ကျွန်တော်တို့က လုံခြုံမူ မရှိလို့ ယူဆတဲ့ အတွက် ကျောင်းမသွားကြပါဘူး။ စစ်တွေ တက္ကသိုလ်ရဲ့ ပတ်ပတ်လည်မှာ ဘင်္ဂလီရွာတွေ ရှိနေ တော့ လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းမသွားကြတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ မရောက်တဲ့ အတွက် ကျောင်းလည်း မဖွင့်ဖြစ်တဲ့ သဘော ပါ” ဟု စစ်တွေမှ ကျောင်းသား တစ်ဦးက ပြောသည်။

ကျောင်းဖွင့်ရန် ဇူလိုင်လ ၁၆ ရက်နေ့ကို သတ်မှတ်ထားသော်လည်း နယ်မှ ကျောင်းသား ကျောင်းသူ တစ်ဦး တစ်ယောက်မှလည်း ရောက်မ လာကြောင်း ကျောင်းသား ဘော်ဒါဆောင် လုပ်ကိုင်သူ ဆရာဝင်းက ပြောသည်။

“ ဒီကနေ့မှာ ကျောင်းဖွင့်မယ်လို့ ကျေညာထားတယ်။ နယ်က ကျောင်းသား တစ်ယောက်မှ မလာ ဘူး။ ကျောင်းလည်း မဖွင့်ဖြစ်ဘူး။ ကျွန် တော်တို့လည်း စီးပွားရေးကလည်း ကျောင်းသားတွေ မလာတော့ အထူး ထိခိုက်နေ ပါတယ်” ဟု ပြောသည်။

စစ်တွေ တက္ကသိုလ် ဖွင့်လှစ်ရန် အချိန်ယူရအုံးမည် ဖြစ်ကြောင်း၊ ကျောင်းဖွင့်မည်ဆိုပါလုံခြုံရေးကိုအဓိကထားပြီးဆောင်ရွက်ရန် လို ကြောင်း စစ်တွေမှ ဆရာ တစ်ဦးက ပြောကြားသည်။

စစ်တွေ တက္ကသိုလ်ကို မဖွင့်လှစ်နိုင်သေးသော်လည်း စစ်တွေ နည်းပညာ ကောလိပ်ကိုမူ ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။

“ စစ်တွေ နည်းပညာကောလိပ်က ဖွင့်ထားပါပြီ။ ကျောင်းသားတွေ ကျောင်းတက်တဲ့ ကားတွေကို ရဲက လမ်းတလျှောက် လုံခြုံရေး ယူပေး ပါတယ်။ ဒါပေမယ့် အများစု ကျောင်းသားတွေက ကျောင်းသွားတာကို မတွေ့ရသေးဘူး။ ကျောင်းသား ၅၀နဲ့ ၁၀၀ အကြား လောက်တော့ ကျောင်းသွားတာကို တွေ့ရပါတယ်” ဟု စစ်တွေ နည်းပညာ ကောလိပ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ကိုထွန်းလင်းက ပြောသည်။

စစ်တွေမြို့ပေါ်ရှိ အထက၊ အလကနှင့် အမက ကျောင်းများကို ဖွင့်လှစ်ထားပြီး နယ်များတွင်မူ လုံခြုံရေး စိတ်မချရသေးသဖြင့် မဖွင့် လှစ် နိုင် သေးဘဲ ဖြစ်နေကြောင်း သိရသည်။

်။

မယ်တော်ဆေးခန်း ဘဏ္ဍာငွေအခက်အခဲကြောင့် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင် ရမည့် လူနာဦးရေ လျှော့ချမည်

Posted: 17 Jul 2012 12:00 AM PDT

ဖိုးခွါးလေး (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၏ ၂၀၁၂ခုနှစ်အတွင်း ဘဏ္ဍာငွေ လျော့နည်းသွားသောကြောင့် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသရမည့် လူ နာဦးရေ လျှော့ချလိုက်ရသည်ဟု ဆေးခန်းအထွေထွေ တာဝန်ရှိသူ ဦး အောင် ဖေက ကေအိုင်စီသို့ ပြောသည်။

ဦးအောင်ဖေက “လွန်ခဲ့တဲ့နှစ်တွေကကျတော့ ခွဲစိတ်ရမယ့်လူနာတွေ၊ အရေးပေါ်ပို့ရမယ့် လူနာတွေ ဆိုလို့ရှိရင် ကျနော်တို့ ပို့လို့ရခဲ့တယ်။ အခုကျတော့ ဘဏ္ဍာငွေ လျော့လာတဲ့အတွက်ကြောင့် ပို့မယ်ဆိုရင် ငွေကုန်မယ်ဆိုတဲ့ အခြေအနေ ဖြစ်နေလို့ မပို့တော့ဘူး။ ကျနော်တို့ တတ်နိုင်သလောက်တော့ ဆေးခန်းထဲမှာပဲ ကုသပေး နေ တယ်”ဟု ပြောသည်။

၂၀၁၁ခုနှစ်က မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော လူနာစုစုပေါင်း ၇၀၉ဦးရှိပြီး ၎င်းအနက်မှ ၆၀ရာခိုင်နှုန်းသည် မြန်မာပြည် တွင်းမှ ရောက်လာကြသူများဖြစ်ကြောင်း မယ်တော်ဆေးခန်း၏ ၂၀၁၁ခုနှစ်၊ အစီရင်ခံ စာတွင် ဖော်ပြထားသည်။

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများကြောင့် ၂၃နှစ်ကြာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့် မယ်တော်ဆေးခန်းအတွက်ဘဏ္ဍာ ငွေ ရရှိမှုလျော့သွားရခြင်းဖြစ်ကြောင်း ဦးအောင်ဖေက ပြောသည်။

“မြန်မာပြည်ရဲ့အခြေအနေက နည်းနည်းတော့ အပြောင်းအလဲရှိလာတယ်လို့ ပြောလို့ရတယ်လေ။ အဲဒါကြောင့်မို့လို့ NGO အဖွဲ့အစည်း တွေက ဒီဆေးခန်းကို မြန်မာပြည် ပြန်လုပ်လို့ရမယ်ထင်လို့။ နောက်ပြီးတော့ ထောက်ပံ့ကြေးငွေ အ ကူအညီတွေက မြန်မာပြည်အတွင်း ပိုင်းမှာ ၀င် သွားတဲ့အခါကျတော့ ဒီနယ်စပ်မှာပေးတဲ့ အကူအညီ လျော့နည်းသွားတယ်”ဟု သူက ဆိုသည်။

၂၀၁၂ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အစားအစာ၊ ပညာရေးနှင့် ပြည်တွင်းရွာပုန်းရွာရှောင် ဒုက္ခသည် တစ်သိန်းခွဲ အ တွက် နေ စရာ အမိုးအကာများ ရရှိရန် အလှူငွေ ထိုင်းဘတ် ၁၈သန်း (အမေရိကန် ဒေါ်လာ ၆သိန်း) အရေးပေါ် လိုအပ်နေကြောင်း လည်း မယ် တော်ဆေးခန်းက ထုတ်ပြန်ထားသည်။

ဘဏ္ဍာငွေလိုအပ်မှုသည် ၎င်းဆေးခန်းရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မျက်စိဌာန၊ ပညာရေးဌာန၊ ပြင်ပလူနာဌာန၊ အဆုတ်ရောဂါ ဌာန အပါအဝင် ဌာနအသီးသီးသို့လည်း အကျိုးသက်ရောက်မှု ရှိနေပြီး ငွေကြေးအခက်အခဲကြောင့် လတ်တလောတွင် ဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများ၏ ပုံမှန်လစာကို ၂၀ရာခိုင်နှုန်း လျော့ချလိုက်ရကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ထမ်း နော်တောဂေမူးက “ကျမတို့ ၀န်ထမ်းတွေအတွက်ကျတော့ အဓိက စားဝတ် နေရေးပဲ ဖြစ်တယ်လေ။ ဒီပြဿနာက ကျမ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျန်တဲ့ တခြားဝန်ထမ်း မိသားစုဝင်တွေရောပဲလေ။ ဒါ ပေမဲ့လို့ ဒီဆေးခန်းမှာ လုပ်တဲ့ဝန်ထမ်း အများ စုက စိတ်စေတနာအရ လုပ်နေကြတယ်”ဟု ဆိုသည်။

ယခုကဲ့သို့ လိုအပ်နေသည့် ဘဏ္ဍာငွေအတွက် နိုင်ငံတကာ အဲန်ဂျီအိုအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလိက လှူဒါန်းလိုသူများကို ဖိတ်ခေါ် ကြောင်း မယ်တော်ဆေးခန်း အင်တာနက်စာမျက်နှာတွင် အသိပေး ဖော်ပြ ထားသည်။

ကျောက်တော်တွင် ဆိုင်ကယ် မောင်းသမား တစ်ဦး တိုက်ခိုက်ခံရ၍ ဆေးရုံတင်ရ

Posted: 16 Jul 2012 11:00 PM PDT

နိရဉ္စရာ

ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်မှ ဆိုင်ကယ်မောင်းသမား တစ်ဦးကို အောက်ပိုက်သည် ရွာသားများက ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် အသက်ဘေး မှ သီသီလေး လွှတ်မြောက်ကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟု သတင်း ရ ရှိသည်။

ဆေးရုံတင်ခဲ့ရသူ ဆိုင်ကယ်မောင်းသမားမှာ ကိုစံရွှေ (အသက် ၃၁ နှစ်) ဖြစ်ပြီး ကျောက်တော် ပိုက်သည်ရွာမှ ဖြစ်ကြောင်း သိရသည်။

“ ကိုစံရွှေက ဘုရားပေါင်းဆိုတဲ့ ရွာကို လူပို့ပြီး အပြန် ယမန်နေ့ ညနေ (၆) နာရီမှာ အောက်ပိုက် သည် ကုလားရွာကို ဖြတ်သွားစဉ်မှာ လူ ခုနှစ် ယောက်လောက်က သူဆိုင်ကယ်ကို တားပြီး လေးဂွတွေ၊ ဂျင်ဂလိတွေနဲ့ တိုက်ခိုက်ပါ တယ်။ ကိုစံရွေကို ပထမ တစ်ယောက်က လေးဂွနဲ့ ပစ်တယ်။ ၀မ်းဗိုက်ကိုထိသွားတော့ ဆိုင်ကယ်နဲ့ အတူ လဲကျသွားတယ်။ နောက် တုတ် တွေနဲ့ လာပြီးရိုက်တယ်။ အဲဒီကနေ ဆိုင်ကယ်ကို ထားပြီး ထွက်ပြေးတော့ ဂျင်ဂလိနဲ့ ထပ်ပစ်တော့ ခြေထောက်မှာ လျှပ်ပြီး ဒဏ်ရာ ရ သွားတယ်။ နောက်ကနေ နေပြီး လူပေါင်း ၂၀ ခန့်က တုတ်တွေ ဓါးတွေကိုင်ပြီး လိုက်လာတဲ့အချိန်မှာဘုရားပေါင်းဘက်က ထော်လာဂျီ တစ် စီးထွက်လာတဲ့ အတွက် သူအသက်ဘေးက လွှတ်မြောက် သွားခဲ့ပါတယ်။ တိုက်ခိုက်တဲ့ ကုလားတွေလည်း ပြန်ပြီးရွာ ထဲကို ပြေးဝင်သွားကြ ပါတယ်” ဟု ကျောက်တော်မြို့နယ် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြော သည်။

ကိုစံရွှေမှာ ထိုသို့ အတိုက်ခိုက်ခံရသဖြင့် ဘုရားပေါင်းကျေးရွာသို့ ပြန်လည် ရောက်ရှိသွားပြီးဘုရားပေါင်းကလူများ၏အကူအညီဖြင့် ကျောက် တော် မြို့နယ် ပြည်သူ့ ဆေးးရုံကို တင်ပို့ခဲ့ရသည်ဟု ဆိုသည်။

“ သူ့ခြေထောက်ကို လျှပ်ပြီးထိသွားတဲ့ အတွက် ခြေထောက်မှာ ဒဏ်ရာ တစ်ခုရပါတယ်။ နောက် က ဗိုက်ကို တုတ်နဲ့ အရိုက်ခံရတဲ့ အတွက် ဗိုက်က အောင့်တယ်လို့ ပြောပါတယ်။ စိုးရိမ်ရတဲ့ အနေအထားမှာတော့ မရှိဘူး။ အခုတော့ ရဲစခန်းမှာ အမူဖွင့်ထားပါတယ်။ ဆိုင် ကယ် တော့ ပြန်ရပါတယ်” ဟု ဦးစောငြိမ်းက ဆက်ပြောသည်။

ရဲစခန်းတွင် အမူဖွင့်ထားသော်လည်း ရဲစခန်းမှ ဇူလိုင်လ (၁၆) ရက်နေ့ ညနေပိုင်းအထိတစ်စုံတစ်ရာအရေးယူဆောင်ရွက်မူမရှိသေး ကြောင်း သူက ဆိုသည်။

ကျောက်တော်တွင် ရခိုင်အမျိုးသားများ အနေဖြင့် အေးအေးဆေးဆေး နေထိုင်လိုသော်လည်း အနီးအနားရှိ ဘင်္ဂလီရွာသားက တစ်ခုပြီး တစ် ခု ပြဿနာ ရှာနေသဖြင့် နောင်တွင် ပြဿနာ ပေါ်ပေါက်နိုင်ကြောင်း ဦးစောငြိမ်းက ပြောသည်။

“ ဇူလိုင်လ ၇ ရက်၊ ၈ ရက်နေ့တွေမှာ ကျောက်တော်ကို မီးရှို့ဖို့ လုပ်ပါတယ်။ ၉ ရက်နေ့ကလည်း ပြည်တော်သာ ဈေးချေကို မီးရှို့ဖို့ လုပ် တဲ့အတွက် ဖမ်းဆီးခဲ့ရပါတယ်။ ကျွန်တော်တို့က ရန်မစပါဘူး။ သူတို့ကသာ တစ်ခုပြီး တစ်ခု ပြဿနာရှာနေတဲ့ အတွက် ဒီမှာ ပြဿနာက မအေးဘဲ ဖြစ်နေပါတယ်။ နောက်ဆိုရင် သည်းမခံနိုင်ရင် ပြဿနာက တက်နိုင်ပါ တယ်” ဟု ပြောသည်။

 

You are subscribed to email updates from NEWS COLLECTION
To stop receiving these emails, you may unsubscribe now.

Email delivery powered by Google

Google Inc., 20 West Kinzie, Chicago IL USA 60610

 

Reply all
Reply to author
Forward
0 new messages