အာဖဂန်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တာလီဘန်တိုက်ခိုက်

1 view
Skip to first unread message

aki than

unread,
Sep 15, 2013, 8:23:09 AM9/15/13
to aurorage...@googlegroups.com, pao...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum

From : ..the voice

အာဖဂန်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး တာလီဘန်တိုက်ခိုက်

အာဖဂန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်လက်နက်ကိုင် အဖွဲ့က အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

သောကြာနေ့ အရုဏ်တက်အချိန်တွင် အသေခံဗုံးခွဲသမားက ကောင်စစ်ဝန်ရုံး ပြင်ပ၌ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တာလီဘန်များက BBC သတင်းသို့ ပြောကြားသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကောင်စစ်ဝန်ရုံး ပြင်ပအကာအကွယ်များ ပျက်စီးသွားပြီး တိုက်ခိုက်သမားများ ခြံဝင်းအတွင်း ချိုးဖောက်ဝင်ရောက်ကာ ကောင်စစ်ဝန်ရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အာဖဂန် တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

"ပင်မဂိတ်ကြီးဆီကို တိုက်ခိုက်ရေး သမားတွေ အပြည့်တင်လာတဲ့ ထရပ်ကား မောင်းဝင်လာပြီး လောင်ချာတွေ၊ လက်ပစ် ဗုံးတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ဂိတ်ပေါက်ဝမှာရှိတဲ့ အာဖဂန် ကာကွယ်ရေးတပ်ဖွဲ့တွေကို ဦးဆုံး တိုက်ခိုက်ခဲ့တယ်" ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီဟတ် က သတင်းထောက်များကို ပြောကြားသည်။

သေနတ်သမားများ၏ တိုက်ခိုက်မှု ပေါ်ပေါက်ပြီးနောက် ဂိတ်ဝအနီး ဗုံးအပြည့် သယ်လာသော ထရပ်ကားတစ်စီးလုံး ပေါက်ကွဲခဲ့သဖြင့် ကောင်စစ်ဝန်ရုံး ရှေ့ဘက်ဂိတ် ဆိုးဆိုးရွားရွား ပျက်စီးသွားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

တိုက်ခိုက်မှုများ အတော်ကြာကြာ ဆက်လက်ဖြစ်ပွားခဲ့ပြီး နံနက် ၄ နာရီတွင် ရန်သူများအားလုံးကို သတ်ဖြတ်နိုင်ခဲ့ ကြောင်း နေတိုးဦးဆောင်သော အပြည်ပြည် ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် ကောင်စစ်ဝန်ရုံးရှိ အမေရိကန်နိုင်ငံသား များအားလုံး ဘေးအန္တရာယ် ကင်းရှင်းနေကြောင်း အာဖဂန် နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ပြောရေး ဆိုခွင့်ရှိသူက AFP သတင်းကို ပြောကြားသည်။

တိုက်ခိုက်မှုကြောင့် အာဖဂန် ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ ကောင်စစ်ဝန်ရုံး အစောင့်တစ်ဦး သေဆုံးသွားပြီး အရပ်သား ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ကလေးနှင့် အမျိုးသမီးများပါ ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၁၁ အကြမ်းဖက်မှု အထိမ်းအမှတ်ကာလတွင် အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်ပြီး အာဖဂန်နိုင်ငံကို အမေရိကန်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည် မှာ ၁၂ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်သေးကြောင်း တာလီဘန် အဖွဲ့က ဖော်ပြလိုရင်း ဖြစ်သည်။

ကောင်စစ်ဝန်ရုံး တည်ရှိရာ ဟီရတ်မြို့သည် အီရန် နယ်ခြားအနီး တည်ရှိပြီး ငြိမ်းငြိမ်းချမ်းချမ်း တည်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေဖြစ်သည်။

အာဖဂန်နိုင်ငံမှ နိုင်ငံခြားတပ်ဖွဲ့ဝင် များ ၂၀၁၄ ခုနှစ်တွင် ပြန်လည် ဆုတ်ခွာရန် ပြင်ဆင်နေချိန်တွင် တာလီဘန်များက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုသည် နောက်ဆုံး ထွက်ပေါ်လာသော တိုက်ခိုက်မှုဖြစ်သည်။

ထို့အပြင် ယခုလအစောပိုင်း ကလည်း အာဖဂန်အရှေ့ပိုင်းရှိ တော်ခန် အမေရိကန်စစ်အခြေစိုက် စခန်းကို တာလီဘန်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်နက်ကိုင် သုံးဦးသေဆုံးခဲ့သည်။

.. www.MyanmarExpress.net

Reply all
Reply to author
Forward
0 new messages