Nephritis ကျောက်ကပ်ရောင်ခြင်း

19 views
Skip to first unread message

aki than

unread,
Sep 13, 2013, 6:09:35 AM9/13/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum, Hmwe Hmwe Khin, Tin Mg Tun, Nyunt Win <Nyunt Win, A Thmee Kyi, Thar, A Home Nge, A po thar, Wai Yan

Nephritis ကျောက်ကပ်ရောင်ခြင်း

ဆရာရှင့် သမီးဖေဖေမှ ကျောက်ကပ်ရောင်တဲ့အကြောင်းနဲ့ ဘယ်လိုနေတိုင်ပြီး ဘာဆေးတွေသောက်သင့်တဲ့အကြောင်း သိချင်ပါသည်။

Nephritis ကျောက်ကပ်ရောင်တာ တဖက်တည်းရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ အမျိုးအစားတွေရှိတယ်။
1. Acute nephritis
2. Chronic nephritis
3. Glomerulonephritis
4. Primary glomerulonephritis
5. Autoimmune nephritis
6. Lupus nephritis
7. Pyelonephritis
8. Interstitial nephritis

Acute nephritis ရက်တိုကျောက်ကပ်ရောင်တာနဲ့ Chronic nephritis နာတာရှည်ရောင်တာတွေကို အများဆုံး ဖြစ်ကြတယ်။ ပိုးဝင်တာကြောင့်လဲဖြစ်နိုင်သလို အဆိပ်သင့်လို့လဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အများဆုံးဖြစ်စေတာကတော့ Autoimmune disease ခေါ်တဲ့ ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါအနေနဲ့ ဖြစ်ရတယ်။ လူတွေသေဆုံးရခြင်း ရောဂါတွေထဲမှာ နဝမလိုက်တယ်။ Symptoms of Nephritis ဘယ်လိုခံစားရသလဲ -
ကျောက်ကပ်ဆိုတာ သွေးကနေ ဆီးဖြစ်အောင်စစ်ထုတ်ပေးနေတဲ့အင်္ဂါတစုံဖြစ်တယ်။ နိုင်အောင်ထုတ်မပေးနိုင်ရင်
• ကိုယ်ရောင်မယ်။
• ဆီးသွားတဲ့အကြိမ် နည်းနိုင်-များနိုင်တယ်။
• အသက်ရှူရခက်မယ်။
• ဆီးအရောင်ရင့်နေမယ်။
• အားယုတ်နေမယ်။
• ဆီးထဲ သွေးပါမယ်။

Acute nephritis ကလေးတွေမှာပိုဖြစ်တယ်။ ရုတ်တရက်ဖြစ်လာတယ်။ ဒါကြောင့်ကိုယ်ရောင်တာက မသိသာသေးဘူး။ ဆီးကိုညပိုင်းမှာပိုသွားတယ်။ ရေငတ်မယ်။ သွေးဖိအားတက်မယ်။ ခေါင်းကိုက်မယ်။ ယားမယ်။ ပျို့အန်ချင်မယ်။ အန်တာထဲ သွေးနဲနဲပါနိုင်တယ်။

Causes of Nephritis ဘာလို့ဖြစ်သလဲ -
• Autoimmune Disorders (အော်တိုအင်မြူး) ရောဂါ၊ ပုံမှန်ဆိုရင် ကိုယ့်ခုခံအားဟာ ရန်သူ-မိတ်ဆွေကိုခွဲပြီး ခုခံကာကွယ်တယ်။ ဒီရောဂါဖြစ်နေရင် ကိုယ့်ကိုယ်ပိုင်အရာကိုပြန်ပြီး တွန်းလှန်နေတယ်။ ဒီလိုရောဂါမှာ ထိခိုက်တာ ခံရတဲ့အင်္ဂါတွေက တခုမကဘူး။ ကျောက်ကပ်သာမကဖြစ်တယ်။
• Bacteria (ဗက်တီးရီးယား)၊ Streptococcus bacteria ကနေဖြစ်တယ်။
• Medication ဆေးတွေကြောင့်ဖြစ်တာ၊
• Heredity Factors မျိုးဗီဇ။

Remedies for Nephritis ဘယ်လိုကုသမလဲ -
ပျော်က်နိုင်တယ်။ Steroids နဲ့ Antibiotics တွေပေးမယ်။ လူတိုင်းကိုတသမတ်တည်းပေးရတာတော့မဟုတ်ပါ။ အသက်၊ ကျန်းမာရေးအခြေအနေ၊ ကျောက်ကပ်ရောင်တာ ဘယ်လောက်ဆိုးနေလဲစတာတွေကိုကြည့်ပြီး ဆေးပေးတယ်။ ကျောက်ကပ်ကို ထိခိုက်ထားတာ များနေရင် လုံးဝပျောက်ဘို့မလွယ်ဘူး။ လူအပင်ပန်းမခံသင့်ဘူး။ ကိုယ်လက်လှုပ်ရှားမှု သက်သာတာ ရွေးရမယ်။ အရက်၊ ဆေးလိပ်ဖြတ်ရမယ်။

• Drink fresh coconut water အုန်းရေလတ်လတ်ဆတ်ဆတ် နေ့စဉ်သောက်ပါ။
• Avocadoes ထောပတ်သီး များများစားပါ။
• Fresh vegetable juice လတ်ဆတ်တဲ့ သစ်သီးရည်သောက်ပါ။
• Fruit diet အသီးများများစားပါ။ ပန်းသီး၊ လိမ်မော်သီး၊ သစ်တော်သီး၊ စပျစ်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး။
• Water ရေများများသောက်ပါ။ တနေ့မှာ ၈-၁ဝ ခွက်ထက် မနည်းစေနဲ့။
• Oxalic acid များတဲ့အစားအသောက်ရှောင်ပါ။ Spinach ဟင်းနုနွယ်၊ Chocolate ချောကလက်၊ Cocoa ကိုကိုး။
• Salt ဆားလျှော့စားပါ။ ဆားများတဲ့ အသင့်စားနိုင်တဲ့ Junk food and Instant foods ခေတ်ပေါ်စာတွေ ရှောင်ပါ။
• Fried food ကျော်တာတွေ မစားပါနဲ့။

Strep throat လည်ချောင်းနာ၊ Bladder infection ဆီးအိမ်ရောင်ရာကနေ ကျောက်ကပ်ကို ပိုးဝင်နိုင်တယ်။ Lupus (လူးပတ်စ်) ရောဂါရှိနေရာကနေ ဆက်ဖြစ်နိုင်တယ်။ ဆီးစစ်မယ်။ သွေးစစ်မယ်။ MRI ရိုက်မယ်။ Genetic မျိုးဗီဇနဲ့ Lupus ကြောင့်ဖြစ်တာကိုတော့ ကာကွယ်လို့မရနိုင်ဘူး။ ပိုးကြောင့်ဖြစ်မှာကို ကာကွယ်နိုင်တယ်။ လည်ချောင်းနာရင်၊ ဆီးအောင့်ရင် ပိုးသေဆေးနိုင်အောင် ထိုးပါ-သောက်ပါ။

ဒေါက်တာတင့်ဆွေ
၁၃-၉-၂ဝ၁၃
Medical Writings ​ဆေးပညာစာများ မှ ကူးယူမျှ​ဝေပါသည်​။

Reply all
Reply to author
Forward
0 new messages