တပ်မတော် အရာရှိ အသတ်ခံရမှု ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

9 views
Skip to first unread message

aki than

unread,
Sep 15, 2013, 8:48:54 AM9/15/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum

From : .. YMG

တပ်မတော် အရာရှိ အသတ်ခံရမှု ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရအရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စုတစ်စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်းနယ် မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် ဩဂုတ်၂၈ရက်တွင် မလွတ်ဒမ်းကျေးရွာမှ ထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အင်အား ၂ဝခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ ရာ စက်တင်ဘာ၁ရက်တွင် စစ်သည်အား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့ စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ် ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်ဦးစီးအင်အား၂ဝခန့်သည် ဩဂုတ်၂ရရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်တွင် တပ်အား အသင့်စောင့်ကြို နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ရက်တွင် ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်ခန် ဂါးကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၃ဝရက်တွင် ပျောက်ဆုံးအရာရှိသည် ဘယ်ဘက်လက်မောင်းတွင် လက်နက်ငယ် ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ် ရှိသူတစ်ဦးမှ သွားရောက်သတင်း ပို့ခဲ့သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေးဆောင်ရွက်နေစဉ် စက်တင်ဘာ၅ရက်တွင် အင်ခန်ဂါးကျေးရွာအနီးနေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ် သူမောင်ဖုန်ဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏မြောက်ဘက်မီတာ၁ဝဝဝခန့်အကွာ တောင်ယာသွားလမ်း၏ညာဘက်ကိုက်၁ဝဝဝခန့်ရှိ တောင် စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့်အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ်သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင်လျက်ရှိပြီး တွေ့ကြုံရသည့် အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသောပြဿနာများ အား သဘောထားကြီးမားစွာဖြင့် ထိန်းသိမ်း ဖြေရှင်းမှုများလုပ်ဆောင်လျက် ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်ချက်ရှိသော် လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင် အဖွဲ့အနေဖြင့် ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့်အရာရှိအား ရက် စက်စွာသတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးထားသောအရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျူးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်နှင့် အပေါင်းပါ၂ဝခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။

 .. www.MyanmarExpress.net

Reply all
Reply to author
Forward
0 new messages