မင်းပထွေး ဟို ခွေးနဲ့ ၀က်စပ်ပြီးမွေးလာတဲ့ ကိုဟာကို
ရိုဟင်ဂျာလုပ်နေတဲ့ကောင်တွေကို မင်းတို့ ကတော်တော်လေးထောက်ခံပုံရတယ်၊
အောက်က ဟာလေးတောင်တင်လိုက်သေး...
ရွှေသမင် ဘယ်က ထွက် ... သိန်းစိန်တာက ထွက်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ကျနော်တို့နိုင်ငံမှာ အင်မတန်ဆိုးဝါးတဲ့ လူမျိုးရေးပဋိပက္ခတွေ
အစပျိုးခဲ့ပြီ။ သွေးမြေခခဲ့ပြီ။ ဆိုးဆိုးဝါးဝါး သွေးမြေခခဲ့ပြီ။
ဒီ့ထက်ပိုဆိုးဦးမလား သွေးချောင်းစီးတော့မလားဆိုပြီး ရင်တမမဖြစ်နေရတယ်။
ဒီကိစ္စတွေ ဘာကြောင့်ဖြစ်သလဲ။ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်နေကြသလဲ။
ဘာ့ကြောင့် သွေးထိုးလှုံ့ဆ်ာနေသလဲ။ ဘာအကြံအစည်ရှိသလဲ။
ဘယ်လိုရည်ရွယ်ချက်ရှိသလဲ။
ရွှေသမင် ဘယ်က ထွက်သလဲ။ သေသေချာချာ စစ်ကြည့်တော့ … မင်းကြီးတာက ထွက်နေပါသကော။
ဒီကိစ္စတွေကို လက်ရှိအုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးအစိုးရ
(သို့မဟုတ်) ဦးသန်းရွှေ ကြိုးကိုင်တဲ့ စစ်အာဏာရှင်တွေက ကြိုးကိုင်နေတယ်။
မဆိုးဆိုးအောင် သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ ကျနော် ဆိုချင်တယ်။
ဘာ့ကြောင့် ဒီလိုဆိုသလဲ။ ဘာအထောက်အထားရှိသလဲလို့ မေးကြလိမ့်မယ်။
“အခုချိန်မှာ ကြံ့ဖွတ်အစိုးရဟာ ကြောင်သူတော် လုပ်နေရတဲ့ အချိန်ပါ။
မခုတ်တတ်တဲ့ ကြောင်ကြီး၊ သူတော်ကောင်း ကြောင်ကြီး အယောင်ဆောင်ရမယ့်
အချိန်ပါ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေက အခုထိ မလာသေးဘူးလေ။
နိုင်ငံခြားက အကူအညီတွေကလည်း ခုထိ မရသေးဘူးလေ။ ဒါတွေ အိတ်ထဲမထည့်ရသေးခင်၊
သပိတ်ဝင် အိတ်ဝင် မဖြစ်သေးခင်မှာ ဘီလူးစွယ် ထုတ်ပြဖို့
မလွယ်ဘူးမဟုတ်လား။”
အထောက်အထားနဲ့ ကွင်းဆက်များ
သမ္မတရုံး ညွန်မှူး
သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး ဆိုတာကို တော်တော်များများ
သိကြမယ်ထင်ပါရဲ့။ ရေဒီယိုသတင်းဌာနတွေမှာ သမ္မတရုံးရဲ့
ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အနေနဲ့ အင်တာဗျူးတွေ ပေးနေပါတယ်။ မကြာသေးခင်ကပဲ
ဝိကလီးအလဲဗင်းမှာတောင် မှူးဇော်ဆိုတဲ့ ကလောင်နာမည်နဲ့ နေပြည်တော်
အနာဂတ်သဘောတူညီချက် ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးလိုက်ပါသေးရော့လား။ အဲဒီ
ဗိုလ်မှူးဇော်ဌေးဆိုတဲ့ DSA ဆင်း ပုဂ္ဂိုလ်ဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ
မှူးဇော်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာဖွင့်ထားပါတယ်။ သူ့ရဲ့ လိပ်စာက
ဟောဒီမှာပါ…
https://www.facebook.com/hmuu.zaw
သူ့ဖဘမှာ သမ္မတရုံးဝက်ဘ်ဆိုက်ပုံကို ကူးယူထားတဲ့ ဓာတ်ပုံနဲ့ သမ္မတရဲ့ပုံတွေ
တင်ထားတာကိုလည်း တွေ့ကြပါလိမ့်မယ်။ အဲဒီ မှူးဇော်ဆိုတဲ့ သမ္မတရုံး
ညွှန်ကြားရေးမှူးဟာ လူမျိုးရေးမုန်းတီးမှုကို သွေးထိုးလှုံ့ဆော်ပြီး
အဓိကရုဏ်းတွေ ကြီးကျယ်အောင် လုပ်နေပါတယ်။ မဟုတ်မမှန် ကောလဟလတွေကိုလည်း
ရဲရဲတင်းတင်း၊ ပြောင်ပြောင်တင်းတင်း ထုတ်လွှင့်နေပါလေရဲ့။ ဥပမာတခု
ကူးယူပြပါမယ်။ ဒီမှာကြည့်ပါ။
(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာဖြစ်ပါသည်)
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များအမည်ခံ
ရိုဟင်ဂျာအကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို
ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။
ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်းဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်
သတင်းရရှိထားပြီးဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ပါသည်။
ချေမှုန်းနေပြီဟု ယူဆပါသည်။
ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ
လာမပြောစေလိုပါ။ ရွှေပြည်အေးတရားတွေ၊ မေတ္တာရှင်ကြီးလိုလို လာပြီး ဆရာကြီး
မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြစေလိုပါ။
(ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တောဒေသများကို သွားကြည့်ပါ။
ကျွန်တော်တို့ တိုင်းရင်းသားတွေ ကျီးလန့်စာစားနေရတဲ့အပြင်
ကိုယ့်မြေကိုယ့်ရေမှာ လုံခြုံမှု မရှိတော့တဲ့ ဘ၀ရောက်နေကြရပြီ။ ဒီအတွက်
ကျွန်တော် ရင်နာမိတယ်။ ဒါ ကျွန်တော်တို့ တိုင်းပြည်ကြီးလေ - ဒါ
ကျွန်တော်တို့ မြေလေ။)
(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ Civil
Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊
သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ
အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်းဖြစ်ပါသည်၊
လူလည်ကြီးသားများ ထုံးစံအတိုင်း သူမဟုတ်တရုတ် သွေးထိုးလှုံ့ဆော်တာကို
ပုဂ္ဂလိကအမြင်လို့တော့ ကွင်းခတ်ထားလိုက်သေးသဗျ။ တော်တော်
ကလိမ်ကကျစ်နိုင်မယ့် လူပါပဲ။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးက သမ္မတပုံကို
ဖဘစာမျက်နှာမှာ တင်ပြီး ဒီလို မဟုတ်မမှန်သတင်းတွေကို
ဝါဒဖြန့်ချိလုပ်ကြံနေတာဟာ ဘာသဘောပါလဲ။ ရှင်းရှင်းလေးပါ။ အပြစ်မဲ့
သာမန်ပြည်သူတွေကြားမှာ အင်မတန်ဆိုးဝါး ရက်စက်တဲ့
သွေးချောင်းစီးမှုကြီးဖြစ်လာအောင် အစီအစဉ်တကျ အကွက်ချ ဖန်တီးနေတာပါပဲ။
မှူးဇော်ရဲ့ အဲဒီပို့စ်ကို ဇွန်လ ၈ ရက် ညပိုင်းအထိ အချိန်အတွင်းမှာ
လူပေါင်း ၃၅၁ ယောက်က ကူးယူဖြန့်ချိထားပြီး အဲဒီ ၃၅၁ ယောက်မှာ မပါသေးတဲ့
နောက်ထပ်လူပေါင်း ၆၁၀ က ဒီသတင်းကို ကြိုက်နှစ်သက်ပါကြောင်း like
လုပ်ထားပါတယ်။ မှတ်ချက်ပေးတဲ့သူက ၁၆၄ ယောက် ရှိပါတယ်။ ဆိုတော့ လူပေါင်း
၁,၀၀၀ လောက်ဟာ ဒီသတင်းကို ဖတ်ရှုကြပြီး ထပ်ဖြန့်တဲ့သူကလည်း
ဖြန့်ပြီးနေပါပြီ။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင်က
ရေးထားတာဆိုတော့ သူတို့လည်း ယုံမိကြမှာပါ။
မှူးဇော်ရဲ့ သဘောထားလေးတွေ သိရအောင် နောက်ထပ်နည်းနည်း
ထပ်မျှဝေလိုက်ပါရစေဦး။ ကြည့်ပါ။
မိတ်ဆွေများခင်ဗျား ...
ခင်ဗျားတို့တော့ မသိဘူး။
ဒီမိုကရေစီဘက်တော်သားတွေ ဘယ်လိုသဘောရှိသလဲ နိုင်ငံရေးပါတီတွေ
ဘယ်လိုခံယူမလဲ ဒါတွေ ကျွန်တော်မသိဘူး။
အခုလို ပြောလာတာတွေကိုတော့ လုံးဝ လက်မခံဘူး။
အဲဒီ အပြင်က ရိုဟင်ဂျာတွေကို လုံးဝ လက်မခံနိုင်ဘူး။ လူသားချင်း မစာနာဘူး
ဘာဘူး ပြောပါစေ လက်မခံဘူး။ လက်ခံနိုင်တယ်၊ သနားတယ် ပြောတဲ့သူတွေ
ဒီမြေပေါ်မှာ မနေကြပါနဲ့။
အမေရိကားနဲ့ ဘန်ကီမွန်းတို့ တိုင်းပြည်တွေကို ပို့ပေးမယ်။ သူတို့ လက်ခံမလား။
သနားတယ်ပြောတဲ့ သူတွေ ဒီမြေပေါ်မှာ မနေကြပါနဲ့ ... တဲ့။ မှူးဇော်
ပြောပေါက်က ဖနောင့်နဲ့ ထပေါက်ချင်စရာ။ ဒီမြေကို သူပိုင်တဲ့မြေလို့
ထင်နေပုံပဲ။ သမ္မတရုံး ညွှန်ကြားရေးမှူးကြီးဆိုတော့ ဒါ ဒို့ပြေ၊ ဒါ ဒို့မြေ
ဆိုတဲ့ သီချင်းကို ဆိုရင်း ဒို့ဆိုတာ ဒို့စစ်အာဏာရှင်တွေကို
ပြောတာပဲလို့များ ယူဆလေသလား မဆိုတတ်ဘူး။ ကျနော်တောင် ဒီစာတွေ
ဖတ်ရှုစုဆောင်းရင်းနဲ့တောင် နောက်ကျောမလုံလို့ လှည့်လှည့်ကြည့်ရတာ
အမောပါပဲ။ အော် … သူတို့ပိုင်တဲ့ မြေဆိုသကိုး။ စစ်တပ်ကြီးတွေနဲ့ နောက်ကနေ
ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။
ကဲ ... နောက်ထပ်တခုလောက် ထပ်ကြည့်ပါ။
အရင်က ဘယ်လိုပဲ သဘောထားရှိခဲ့ရှိခဲ့ အခုအချိန်မှာ အားလုံးစည်းလုံးကြဖို့
လိုနေပါပြီ။ အခုကြုံတွေ့နေရတဲ့ ပြဿနာဟာ လူမျိုးရေး၊ ဘာသာရေး
ပြဿနာမဟုတ်တော့ဘဲ တိုင်းတပါးကျူးကျော်မှု ပုံစံသက်ဝင်လာနေပါပြီ။ ပုဒ်မ
(၁၄၄) ထုတ်ပြန်ပြီး ပစ်မိန့်ပေးခဲ့တာဟာ အခုဖြစ်နေတဲ့ အခြေအနေရ
ရခိုင်လူထုရဲ့အသက်ကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးကို
ထိန်းထိန်းသိမ်းသိမ်း အစိုးရဘက်က လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ
အကိုင်အတွယ်မတတ်ရင် မြန်မာအစိုးရဟာ လူမျိုးရေးသတ်ဖြတ်မှုတွေ
လုပ်နေသယောင်ယောင် အပုတ်ချခံရမှာ ဖြစ်ပါတယ်။ (အခုအချိန်မှ
သတိထားကြည့်မယ်ဆိုရင် နိုင်ငံတကာမီဒီယာက လုံးဝ အသံတိတ်နေတာကို
တွေ့ရပါလိမ့်မယ်၊ ရှားရှားပါပါး တက်လာတဲ့ CNA သတင်းတပုဒ်မှာလည်း
လုံခြုံရေးအဖွဲ့တွေက ပစ်တာကိုပဲ ဇောင်းပေးရေးထားပြီး ဖြစ်ပေါ်လာရတဲ့
နောက်ခံအခြေနေကို ခပ်ဖော့ဖော့လေးပဲ ရေးတာကို တွေ့ရပါလိမ့်မယ်။
နိုင်ငံတကာမှာ ချိတ်ဆက်ပြီး လုပ်ကြံမှုကြီး လုပ်နေကြသလားလို့တောင်
ထင်မိပါတယ်။)
သဘောထားကွဲပြားမှုတွေ ခဏဘေးချိတ်ပြီး ဒီအချိန်မှာ မိတ်ဆွေများအားလုံး
အတူအတကွ နိုင်ငံတော်အစိုးရနဲ့အတူ ရပ်ကြဖို့ တိုက်တွန်းလိုပါတယ်။
လူ့အခွင့်အရေး အကြောင်းပြချက်တွေ၊ ဘာသာရေး လူမျိုးရေး
အကြောင်းပြချက်တွေနဲ့ တိုက်ခိုက်လာဖို့ ရှိပါလိမ့်မယ်။ နိုင်ငံတကာကို
မြန်မာနိုင်ငံဟာ အခု CNA သတင်းထဲမှာ ပုံဖော်နေသလို ဘာသာရေး၊ လူမျိုးရေး
အရှုပ်အထွေး ဖန်တီးနေတာမဟုတ်ဘဲ နိုင်ငံခြားကျူးကျော်မှုကို
တွန်းလှန်နေရတာပါဆိုတာ သိအောင် အတူပြကြဖို့ လိုနေပါပြီ။
ဒီရေးသားချက်တွေကို ကြည့်ရင် ဗိုလ်မှူးဇော်ဌေးကို နာဇီဇော်ဌေးလို့
ခေါ်ရုံမှတပါး တခြားသင့်တော်တဲ့ နာမည် မရှိတော့ပါဘူး။ သူ့ရဲ့
ဖဘစာမျက်နှာမှာ လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်သွေးထိုးတဲ့ စာတွေအပြင်
ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ကြ၊ သတ်ဖြတ်ကြတဲ့ သတင်းတွေရော စုစုပေါင်း
ရခိုင်ပြဿနာနဲ့ ပတ်သက်တဲ့ ပို့စ်အစိတ်ကျော်ကျော် တင်ထားပါတယ်။
တချို့ပို့စ်တွေက သမ္မတရုံးဝက်ဘ်ဆိုက်ကိုလည်း ညွှန်းထား (လင့်ပေးထား)
ပါတယ်။ သမ္မတရုံးဝက်ဘ်ဆိုက်မှာလည်း သတ်ကြဖြတ်ကြတဲ့သတင်း၊
သေဆုံးတဲ့သူတွေရဲ့ နာမည်ကို အသေးစိတ် ရေးပြီး တင်ထားပါတယ်။
ဒီလို လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုမျိုးကို တသွေးတသံတမိန့် ကျင့်သုံးတဲ့
စစ်တပ်က လာသူ ဗိုလ်မှူးဇော်ဌေးဟာ သမ္မတကြီး မသိဘဲ သို့မဟုတ်
သမ္မတထက်ကြီးသူတယောက်ယောက် မသိဘဲ ကိုယ့်သဘောနဲ့
ကိုယ်ထင်တိုင်းကြဲရဲပါ့မလား။ စဉ်းစားစရာဖြစ်ပါတယ်။
အစိုးရ သတင်းဌာနများ
နောက်တခါ မြန်မာ့ရုပ်မြင်သံကြားကနေ လူသတ်မှု သတင်းကြေညာပုံကလေးကို
ပြန်ပြောချင်ပါသေးတယ်။
ထက်ထက် ခေါ် ယော်ရှီး အဘ ဦးကျော်သောင်း ဘင်္ဂါလီ အစ္စလာမ်၊ ရော်ဖီ အဘ
ဆွေယွတ်တမောက် ဘင်္ဂါလီ အစ္စလာမ်၊ ဟိုကြည် အဘ အပ်ကွက်ကြေ ဘင်္ဂါလီ အစ္စလာမ်
တို့ကနေ မသီတာထွေးကို တောစပ်ထဲသို့ ပွေ့ဖက် ခေါ်ဆောင်ကာ တယောက်တကြိမ်
သားမယား ပြုကျင့်ကာ လည်ပင်းအား ဓားနဲ့ လှီးဖြတ်ခဲ့ကြောင်းလို့
ကြေညာသွားပါတယ်။ နားထောင်ရတဲ့ပုံစံက အခင်းဖြစ်ပွားချိန်မှာ
သတင်းကြေညာတဲ့သူကိုယ်တိုင် ဘေးကထိုင်ကြည့်နေသလား မှတ်ရတယ်။
မြန်မာ့ရုပ်မြင်သံကြားကနေ လူသတ်မှုသတင်း ကြေညာတဲ့အခါ ယော်ရှီး ဘင်္ဂါလီ
အစ္စလာမ်လို့ ထည့်သွင်းကြေညာဖို့ လိုအပ်ပါသလား။ ဘာ့ကြောင့် ဘာသာကို
ဇောင်းပေးကြေညာတာလဲ။ ဒါဟာ ဘာသဘောလဲ။ နောက်တချက်က တရားရုံးကနေ
စီရင်ချက်မချခင်မှာ ဒီလူတွေက မသီတာထွေးကို လည်ပင်းကို ဓားနဲ့
လှီးဖြတ်ခဲ့ပါတယ်လို့ ကြေညာတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဆီလျော်ပါရဲ့လား။
အသရေဖျက်ရာ မရောက်ပေဘူးလား။ တရားရုံးအပေါ် မတော်သြဇာလွှမ်းမိုးရာ
မရောက်ပေဘူးလား။ နိုင်ငံတော် သတင်းဌာနကြီးတခုက ဘယ်သူ့ခွင့်ပြုချက်နဲ့
ဒီလောက် ပေါက်လွှတ်ပဲစား လုပ်ရဲတာပါလိမ့်။ နောက်တခါ တောထဲကို
သတင်းကြေညာသူကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း ခေါ်သွားပြပုံတွေဟာ လူမျိုးရေး
သွေးထိုးလှုံ့ဆော်ပေးရာ မရောက်ပေဘူးလား။ တကယ်လို့ တရားခံတွေက
ဝန်ခံတယ်ဆိုရင်လည်း အနည်းဆုံး တရားခံများက ဝန်ခံထွက်ဆိုထားတယ်လို့
ထည့်ပြောရပါမယ်။ ဒါတောင်မှ ပုလိပ်ရှေ့က ထွက်ဆိုချက်ဟာ တရားရုံးမှာ
တရားဝင်မဝင် ဆိုတာ ပြောစရာရှိပါသေးတယ်။ သူကိုယ်တိုင် မြင်သယောင်ယောင်
အပိုင်ပြောဆိုပုံမျိုးကတော့ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဘယ်လိုမှ
မသင့်တော်ရုံသာမက သူတို့အခေါ် မအပ်မရာ ကျင့်မိစ္ဆာဆိုတာမျိုးပါ။
စာနယ်ဇင်းကျင့်ဝတ်ကို ဒီလောက်ကလေးမှ နားမလည်လောက်အောင်
သူတို့သတင်းစာဆရာတွေလည်း တကယ်တော့ မတုံးမအပါဘူး။ အထက်ကလာတဲ့ စာမို့သာ
သူတို့ မပြင်ရဲကြတာပါ။
နောက်တခါ ရုပ်မြင်သံကြားကလည်း ကြေညာခဲ့သလို သတင်းစာထဲမှာလည်း
ထည့်သွင်းခဲ့တဲ့ သတင်းတပုဒ်ကို ဆက်ပြောပါရစေ။ ဒီသတင်းကြောင့်
အစ္စလာမ်ဘာသာဝင်တွေ ဆူးလေနားမှာ ဆန္ဒပြပွဲဖြစ်ခဲ့သေးတာကို မှတ်မိကြမှာပါ။
အဲဒီသတင်းမှာ ရေးသား ကြေညာပုံက ဒီလိုပါ။
မသီတာထွေးအား “ရက်စက်စွာ” “စော်ကားခံရ” သော ဖြစ်စဉ်နှင့်ပတ်သက်၍
သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင်ကုလားများ၏ ရခိုင်အမျိုးသမီးအား
“ရည်ရွယ်ချက်ရှိရှိဖြင့်” “ရက်စက်ယုတ်မာမှုများကို” တောင်ကုတ်မြို့ပေါ်နေ
ပြည်သူများသိစေရန် အသိပေးနှိုးဆော်ခြင်း ခေါင်းစဉ်ဖြင့် ဝံသာနုရက္ခိတအဖွဲ့
တောင်ကုတ်မြို့ အမည်ဖြင့် စာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဲဒီနောက်မှာ ရိုးမသစ္စာကားပေါ်က လူဆယ်ဦးကို သတ်ဖြတ်တဲ့အကြောင်း
ဆက်ရေးပါတယ်။ အထက်က သတင်းထဲမှာ မျက်တောင် အဖွင့်အပိတ်တွေကို ကျနော်
ထည့်ထားတာ ဖြစ်ပါတယ်။ အဲဒီ မျက်တောင် အဖွင့်အပိတ်တွေထဲက စာသားတွေကို
ကြည့်ပါ။ နိုင်ငံတော် သတင်းစာကြီးတွေ၊ နိုင်ငံတော်
ရုပ်မြင်သံကြားဌာနကြီးတွေအနေနဲ့ ဘယ်လောက် ကျင့်ဝတ်သိက္ခာကင်းမဲ့စွာနဲ့
ရေးသားဖတ်ကြားသွားတယ် ဆိုတာ ထင်းထင်းကြီး မြင်နိုင်ပါတယ်။ ‘ရက်စက်စွာ’
တို့ ‘အစော်ကားခံရ’ တို့ ဆိုတာဟာ အယ်ဒီတာကနေ ပရိသတ်အပေါ်မှာ လွှမ်းမိုးပြီး
ကောက်ချက်ချပေးတဲ့ အရေးအသားမျိုးပါ။ မွတ်ဆလင်ကုလားတွေကနေ
ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာမှုများ ဆိုတာကတော့
မွတ်ဆလင်အားလုံးနဲ့ ရခိုင်လူမျိုးအားလုံးကို အတိအလင်း ရန်တိုက်ပေးတဲ့
အရေးအသားဆိုတာ သိပ်ထင်ရှားပါတယ်။ မွတ်ဆလင်တွေကနေ ရခိုင်တွေအပေါ်မှာ
ရည်ရွယ်ချက်ရှိရှိနဲ့ ရက်စက်ယုတ်မာတယ် ဆိုတာကို အယ်ဒီတာမင်းများ
ဘယ်လိုများ သိလိုက်ပါသလဲ။ ဒီလိုအရေးအသားမျိုးကို
နိုင်ငံတော်သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေမှာ တပြိုင်တည်း တထပ်တည်း
ကြေညာရေးသားတယ်ဆိုတာဟာ ဘယ်လိုနည်းနဲ့မှ မတော်တဆ မဟုတ်နိုင်ပါဘူး။
တကယ်လို့ အထက်ညွှန်ကြားချက်မဟုတ်ဘဲ မတော်တဆဆိုရင်လည်း ဒီလောက်ဖျင်းတဲ့
ဒီလောက်ယုတ်မာတဲ့ ပြန်ကြားရေးအရာရှိတွေ၊ ပြန်ကြားရေးညွှန်ချုပ်တွေကို
အလုပ်ဖြုတ်ရုံသာမက ထောင်ချဖို့တောင် ကောင်းပါတယ်။
နောက်ထပ် ပြောစရာတချက်က ဒီသတင်းမှာ မပြည့်မစုံဖြစ်နေတဲ့ အချက်ပါ။
ဝံသာနုရက္ခိတအဖွဲ့ တောင်ကုတ်မြို့ ဆိုတာကို ရှင်းရှင်းလင်းလင်း
ဖော်ပြမထားပါဘူး။ ဝံသာနုရက္ခိတက ထုတ်တဲ့ စာထဲမှာ ဘယ်လိုရေးထားတယ်
ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ဝံသာနုရက္ခိတက ရေးတဲ့စာကြောင့် လူ ၁၀
ယောက်သတ်ဖြတ်မှု ဖြစ်သယောင်ယောင် ရေးထားပေမယ့် အဲသလို ဟုတ်မဟုတ်ကို
ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။ တကယ်တော့ ဝံသာနုရက္ခိတ ဆိုတာ တောင်ကုတ်
NLD လူငယ်အဖွဲ့ပါ။ တောင်ကုတ် NLD နဲ့ သက်ဆိုင်တဲ့ နာမည်နဲ့ ထွက်လာတဲ့
စာဟာ တကယ်ပဲ တောင်ကုတ် NLD တွေက ရေးတာ ဟုတ်မဟုတ် စုံစမ်းရမှာ ဖြစ်သလို
ဟုတ်မဟုတ် ပြည်သူကို အသိပေးရမှာလည်း ဖြစ်ပါတယ်။ တကယ်တမ်း တောင်ကုတ် NLD က
ရေးတဲ့စာဟာ လူမျိုးရေး အဓိကရုဏ်းကို လှုံ့ဆော်ရိုးမှန်ရင်လည်း
ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ အရေးယူမှ တရားမျှတရာ ရောက်ပါမယ်။
တကယ်လို့ တောင်ကုတ် NLD လူငယ်တွေ ရေးတာ ဟုတ်မှန်း မဟုတ်မှန်း သေသေချာချာ
မသိရင်လည်း သေသေချာချာ မသိသေးကြောင်း ဆက်စုံစမ်းမယ့် အကြောင်းကို
အနိမ့်ဆုံးအဆင့် ဖော်ပြရပါမယ်။ မသေချာဘဲနဲ့ သေချာသယောင် ရေးခဲ့ရင်
နိုင်ငံတော် သတင်းစာကြီးဖြစ်ပေမယ့် အသရေဖျက်မှု ကျူးလွန်မှုနဲ့
အရေးယူသင့်နေပါပြီ။ NLD အပေါ်မှာ နိုင်ငံရေးလုပ်ကြံတဲ့ အကွက်ပဲလား
ဆိုတာဟာလည်း အလွန်ပဲ သံသယရှိစရာ ဖြစ်ပါတယ်။ ဘိန်းပစ်ဖမ်း၊ ထဘီပစ်ဖမ်း၊
လူပစ်ဖမ်းတတ်တဲ့ သူတို့ စစ်အာဏာရှင်တွေဟာ ဒါမျိုးမလုပ်ဘူးလို့ ဘယ်သူမှ
အာမမခံနိုင်ပါဘူး။
ဒီလောက်ဆိုရင် ဒီဖြစ်စဉ်နောက်ကွယ်မှာ ကစားနေတဲ့သူတွေ၊
ကြိုးကိုင်နေတဲ့သူတွေ၊ အကွက်ချကြံစည်မှုတွေရှိနေတယ်ဆိုတာ ပေါ်လွင်နေပါပြီ။
“ဒီတော့ လူတွေရဲ့အာရုံကို လွှဲပြောင်းဖို့ ဆိုတာ အပြင်းစား အမုန်းတရားနဲ့
အာဃာတတွေကို မီးမွှေးပေးမှသာ ဖြစ်နိုင်မှာ မဟုတ်ပါလား။ ဒါဟာ သူတို့ရဲ့
ရည်ရွယ်ချက်၊ ဒါဟာ သူတို့ရဲ့ အကြံအစည်ပါပဲ။ သူတို့အာဏာနဲ့ စည်းစိမ်အတွက်
လူပေါင်းများစွာရဲ့ အသက်ကို စတေးဖို့ ကြံတဲ့ သွေးထောင်ချောက်ကြီးလည်း
ဖြစ်ပါတယ်။”
ဖေ့စ်ဘုတ်ပေါ်မှ သုံးသပ်ချက်
နောက်တခါ မင်းခင် ဖဘ စာမျက်နှာမှာ ထောက်ပြ သုံးသပ်ထားတဲ့ အချက်တချို့ကို
ပြန်လည် ဝေမျှချင်ပါတယ်။
၁။ ကျောက်နီမော်ဒေသဟာ ရခိုင်ပြည်နယ်တခုလုံးမှာ ရခိုင်ရွာရော
မွတ်ဆလင်ရွာတွေပါ ရှိပြီး အင်အားသိပ်မကွာတဲ့အပြင် မသင့်မြတ်ဆုံး
ဒေသတခုဖြစ်တယ်။ တဦးနဲ့တဦး ဘယ်ဘက်ကမှ အသာစီးမရနိုင်တဲ့ အခြေအနေရှိတယ်။
ကျန်ဒေသတွေမှာ တဦးဦးက အင်အားများတယ်။ အင်အားမျှတဲ့ တချို့ဒေသတွေကတော့
ကျောက်နီမော်လောက် မဆိုးဘူး။ ကျောက်နီမော်အပြင်တော့ ဒုတိယက စစ်တွေပဲ
ရှိတယ်။ နှစ်နေရာစလုံးကတော့ ဘင်္ဂလားနဲ့ အဆက်အသွယ် များတယ်။
၂။ သေဆုံးသူ မသီတာထွေးရဲ့ဓာတ်ပုံ ဆိုပြီး မိန်းကလေးအလောင်းပုံ
အင်တာနက်မှာ တက်လာတယ်။ ဟုတ်တယ်လို့ ထင်ရပေမယ့် အတည်မပြုနိုင်ဘူး။
ရင်းမြစ်မသိဘူး။ စိတ်ချရတဲ့ ဌာနကလာတာ မဟုတ်ဘူး။ ကဲ ... ပုံက
မှန်တယ်ထားလိုက်။
၃။ ရမ်းဗြဲမြို့မှာ အင်တာနက်သုံးနိုင်သူ အရမ်းနည်းတယ်။ သေဆုံးသူ
မသီတာထွေးရဲ့ရွာ သပြေချောင်းနဲ့ ကျောက်နီမော်ရွာ (ကုလားနဲ့ ရခိုင်
ရွာတခြမ်းစီ နေထိုင်ကြ) တွေမှာ ဓာတ်ပုံရိုက်ပြီး အင်တာနက်တင်နိုင်သူ
မရှိဘူးလို့ ဆိုလို့ရတယ်။ အလောင်းကို စတွေ့တာက သမီးပျောက်လို့
လိုက်ရှာတဲ့ သပြေချောင်းရွာသူ ရွာသားတွေ ဖြစ်တယ်။ မှတ်တမ်းဓာတ်ပုံ
ရိုက်ယူမယ့်သူကတော့ ဆိုင်ရာရဲစခန်း ဖြစ်ဖို့များတယ်။ အင်တာနက်မှာ ပထမဆုံး
တက်လာတာက အလောင်းတကိုယ်လုံး မှောက်ရက်ပုံဖြစ်ပြီး အပေါ်ပိုင်းမှာ
သွေးပေနေတာလောက်ပဲ မြင်ရပေမယ့် ဒုတိယတက်လာတဲ့ ပုံကတော့ ပက်လက်တပိုင်းပုံ၊
လည်ပင်းတဝက်လောက်ပြတ်နေတဲ့ ဆိုးဆိုးရွာရွား မြင်ကွင်းပဲ။ ဒီပုံတွေ ဘယ်က
ရသလဲ။ ဘယ်သူတွေက ဖြန့်ဖြုးသလဲဆိုတာ မေးစရာရှိတယ်။
၃။ သတင်းစထွက်ချိန်နဲ့ တရားခံမိတယ် ဆိုတဲ့အချိန်မှာ Myanmar Express
အပါအဝင် ကောလဟာလ ဖြန့်ဖြုးပြီး ဒေါ်စုနဲ့ ဒီမိုကရက်တွေ၊ အတိုက်အခံတွေကို
ပုတ်ခတ်နေတဲ့ ဝက်ဘ်ဆိုက်တွေက သွေးထိုးလှုံ့ဆော်တာတွေ ရှိလာတယ်။ ‘ဖဘ’
မှာလည်း ၀င်ရေးကြတယ်။ ပိုဆိုးတာက မြန်မာပြည်ပေါက် ကုလားပုံတွေရှာပြီး
တရားခံတွေအနေနဲ့ ဓာတ်ပုံတင်လာတာပ။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်က
မွတ်ဆလင်ကလေးတယောက်ဆိုရင် သူ့ဓာတ်ပုံတင်ထားလို့ ‘ဖဘ’ က သူငယ်ချင်းတွေကို
အကူအညီတောင်းတဲ့ စာတောင် တက်လာတယ်။ သုံးယောက်တွဲ ပုံတပုံလည်း တက်လာတယ်။
တကယ် ဖမ်းထားတဲ့သူတွေလား။ ဟုတ်တယ်ဆိုရင် အဲဒီပုံ ဘယ်ကရသလဲ။
၎။ တောင်ကုတ်မြို့ဟာ ကျောက်နီမော်နဲ့ သိပ်မဝေးတဲ့ ဒေသဖြစ်တယ်။
အဖြောင့်တိုင်းရင် ၁၀ မိုင်လောက်ပဲ ဝေးပြီး မော်တော်နဲ့ ၃၊ ၄ နာရီလောက်ပဲ
သွားရတယ်။ စီးပွားရေးမကောင်းတဲ့အတွက် ရခိုင်ပြည်ရဲ့လမ်းဆုံဖြစ်တဲ့
တောင်ကုတ်မြို့မှာ ကျောက်နီမော်ဒေသသား ရခိုင်တွေ အများအပြား
ပြောင်းလာနေကြတယ်။ ရခိုင်မှာတော့ ရွာတွေမြို့တွေမှာ ဆွေမျိုးတော်စပ်တာ
များကြတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေလည်း တောင်ကုတ်မှာ ရှိကြမှာ
အသေအချာပဲ။ ပြီးတော့ တောင်ကုတ်ဟာ ဒီကိစ္စမျိုးမှာ အစဉ်အလာရှိတယ်။
လှုံ့ဆော်ရ လွယ်နိုင်တယ်။ (တခုတော့ ရှိတယ်။ သိရသလောက် ဖြစ်ဖူးသမျှ လူသေတာ
မရှိဖူးဘူး။)။ ဒီတော့ ကျောက်နီမော်မှာ ကုလားနဲ့ ရခိုင်
ရုန်းရင်းဆန်ခတ်မဖြစ်ရင် ဖြစ်အောင်လုပ်ရမယ့် ဒုတိယနေရာကတော့ တောင်ကုတ်ပဲ။
၅။ မေ ၂၈ ရက်က ဖြစ်ပြီး ၃၀ ရက်လောက်မှာ သတင်းပြန့်သွားခဲ့တဲ့ (DVB မှာ ၃၀
ရက်နေ့ စပြောတယ်) ကျောက်နီမော်လူသတ်မှုကိစ္စ ၃ ရက်နေ့ နံနက်မှာမှ
တောင်ကုတ်မှာ စာဝေတယ်။ အဲဒီနေ့ဟာ သံတွဲက လာတဲ့ ကားပေါ်မှာ
မုတ်ဆိတ်ဖားဖားနဲ့ ဗလီဆရာတွေ ပါလာမယ့်နေ့ ဖြစ်နေတယ်။ ရိုးမသစ္စာ
လိုင်းကားလက်မှတ် ဘယ်သူတွေ ဝယ်ထားတယ်၊ ဘယ်သူတွေ ခရီးသွားမယ်ဆိုတာ
ကားဂိတ်အပြင် ဘယ်သူတွေ သိနိုင်သလဲ။
၆။ တောင်ကုတ်က မြို့ပေါ်ပိုင်းမှာ လူငယ်တွေဟာ သတင်းဆိုဒ်တွေနဲ့ ‘ဖဘ’ မှာ
တက်လာချိန်ကတည်းက သီတာထွေးရဲ့ အလောင်းပုံ ရထားပြီးပြီ။ ဒီကိစ္စကို
ဓာတ်ပုံနဲ့တကွ လှုံ့ဆော်ချင်တယ်ဆိုရင် အင်မတန် တက်ကြွတဲ့
တောင်ကုတ်သားတွေဟာ ၃ ရက်နေ့အထိ စောင့်ဆိုင်းနေပါ့မလား။ ဒါမျိုးဆိုတာ
သွေးပူလေ ကောင်းလေဆိုတာ အားလုံးသိကြတယ်။ ထည့်စဉ်းစားရမယ့် အချက်တခုက
ခုဖြစ်ပွားသွားတဲ့ ပုံစံဟာ နိုင်ငံရေးနဲ့ ပြဒါးတလမ်း၊ သံတလမ်းပဲ။
တောင်ကုတ်ဟာ နိုင်ငံရေးရှိတဲ့မြို့။
၇။ ဒီနေ့ ရတဲ့ သတင်းအရ သံသယရှိတယ်လို့ လေသံလွှင့်နေတာက .....
(က) လူသတ်တာ တောင်ကုတ်သဘောင်္ဆိပ်က ကုန်ထမ်းအလုပ်သမားအုပ်စု (
တကယ့်ကိုယ်ကြမ်း စိတ်ကြမ်းတွေ၊ သတ်ရဲဖြတ်ရဲတယ်၊ ဒါပေမယ့် သဘောင်္ဆိပ်က
တောင်ကုတ်မြို့၊ အခင်းဖြစ်တဲ့ တောင်ကုတ် သံတွဲကားလမ်းဆုံတို့နဲ့ ၃
မိုင်လောက် ဝေးတယ်၊ တမင်ခေါ်မလာရင် ရောက်စရာ အကြောင်းမရှိ)။
(ခ) စာဝေတဲ့ ဝံသာနုရက္ခိတအဖွဲ့ ဆိုတာက တောင်ကုတ် NLD လူငယ်၊( အချက် ၆ မှာ
ပြောသလိုပဲ စဉ်းစားစရာရှိတယ်။ နောက် NLD ကို သိက္ခာချဖို့
လက်ညှိုးထိုးဖို့ ကြိုးစားလာတာလား)
(http://www.facebook.com/min.khin.9/posts/3535307420118 ကနေ ကူးယူဖော်ပြပါတယ်။)
ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန် သတင်းတွေနဲ့ အလွန်သိမ်ဖျင်း
အောက်တန်းကျစွာ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ပြီး စစ်အစိုးရ၊
ကြံ့ဖွတ်အစိုးရကို အမြဲတစေ ထောက်ခံရေးသားတဲ့ Myanmar Express
သတင်းစာမျက်နှာမှာလည်း ရခိုင်နဲ့ မွတ်ဆလင်ကို သွေးခွဲရန်တိုက်ပြီး
အဓိကရုဏ်း မဖြစ်ဖြစ်အောင် လှုံ့ဆော်တဲ့ မဟုတ်မမှန်သတင်းတွေ အများအပြား
တင်ထားပါတယ်။ ဘယ်လောက် မဟုတ်မဟတ်တွေကို သွေးထိုးလှုံ့ဆော်
ရေးသားထားသလဲဆိုတာ သိချင်ရင် http://www.myanmarexpress.net/ မှာ
သွားကြည့်ရင် သိနိုင်ပါတယ်။
ဒီအချက်တွေကို ကြည့်ရင် ရွှေသမင် ဘယ်က ထွက် ဦးသိန်းစိန်တာက ထွက်တယ် ဆိုတာ
သိပ်သိသာနေပါပြီ။
ဒီလို လူမျိုးရေးအဓိကရုဏ်းဆိုတာ သိပ်ကြောက်စရာ ကောင်းပါတယ်။
အန္တရာယ်ပမာဏဟာ ပြောမပြနိုင်လောက်အောင် ကြီးလွန်းပါတယ်။ မကြာခင်က
တောင်ဆူဒန်မှာ လူမျိုးရေး အဓိကရုဏ်းဖြစ်ခဲ့တာဟာ အခုအချိန်အထိ
အကင်းမသေသေးပါဘူး။ ဓားတွေ ၊ တုတ်တွေ၊ သေနတ်တွေ ကိုင်ပြီး
ရွာလုံးကျွတ်သတ်ဖြတ် မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ရဝမ်ဒါမှာ ဟူတူနဲ့
တွတ်ဆီတွေ လူမျိုးတုန်းသတ်တာ လူပေါင်း တသန်းနီးပါး သေပါတယ်။ အိန္ဒိယမှာ
ဟိန္ဒူနဲ့ မွတ်ဆလင် ပဋိပက္ခဟာလည်း လူပေါင်းများစွာ သွေးမြေကျခဲ့သလို
အငြိုးတွေ အာဃာတတွေဟာလည်း အခုထိ တငွေ့ငွေ့ တောက်လောင်ဆဲပါ။
ဒီတော့ ဒီလောက်အန္တရာယ်ကြီးတဲ့ လူမျိုးရေးမီးစကို ကြံ့ဖွတ်အစိုးရဟာ
ဘာ့ကြောင့် သွားရှို့ရသလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့
မေးစရာရှိပါတယ်။
တနိုင်ငံလုံးက ပြည်သူတွေဟာ လျှပ်စစ်မီးအရေးကို ညီညီညာညာ
အုံကြွတောင်းဆိုနေပါတယ်။ နိုင်ငံတဝန်းမှာ အလုပ်သမားတွေက ဆန္ဒပြပြီး သူတို့
အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေပါတယ်။ လယ်သမားတွေကလည်း လယ်ပြန်ရဖို့
လှုပ်ရှားနေကြပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဖို့
လှုပ်ရှားတောင်းဆိုမှုတွေကလည်း တဘက်မှာ ရှိနေပါတယ်။ ဒါပေမယ့်
ကြံ့ဖွတ်အစိုးရအနေနဲ့ ဒါတွေကို အရင်တုန်းကလို သေနတ်နဲ့ ပစ်သတ်၊
ဖမ်းဆီးထောင်ချ လုပ်လို့ကလည်း မဖြစ်သေးဘူး။ အခုချိန်မှာ ကြံ့ဖွတ်အစိုးရဟာ
ကြောင်သူတော် လုပ်နေရတဲ့ အချိန်ပါ။ မခုတ်တတ်တဲ့ ကြောင်ကြီး၊ သူတော်ကောင်း
ကြောင်ကြီး အယောင်ဆောင်ရမယ့် အချိန်ပါ။ နိုင်ငံခြားက
ရင်းနှီးမြုပ်နှံမှုတွေက အခုထိ မလာသေးဘူးလေ။ နိုင်ငံခြားက အကူအညီတွေကလည်း
ခုထိ မရသေးဘူးလေ။ ဒါတွေ အိတ်ထဲမထည့်ရသေးခင် သပိတ်ဝင် အိတ်ဝင်
မဖြစ်သေးခင်မှာ ဘီလူးစွယ် ထုတ်ပြဖို့ မလွယ်ဘူးမဟုတ်လား။
ဒီတော့ လူတွေရဲ့အာရုံကို လွှဲပြောင်းဖို့ ဆိုတာ အပြင်းစား အမုန်းတရားနဲ့

ဖြစ်ပါတယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဇွန် ၉ - ၂၀၁၂

On 7/29/12, Haroon <roo...@gmail.com> wrote:
> တောသားတောင် မင်းစကားယုံမယ်မထင်ဘူး။
>
> သနားစရာ သိပ်ကောင်းတာပဲ မင်းအဖြစ်က။
> သူများဘာသာကို အပုပ်ချ မကောင်းရေးမှ ထမင်းစားရတဲ့ ဘဝမျိုးဖြစ်မှာပါ။
>
> လူမှန်ရင် လူလိုကျင့်ကြံသင့်တယ်။
>
> ကုရ်ဘာနီဘာကြောင့်လုပ်လဲ ဘာအတွက်လုပ်လဲ လုပ်ပြီးရင် အသားတွေကို ဘာလုပ်သလဲ
> ဘယ်သူတွေကို မျှဝေပေးလဲ ဒါတွေကို အရင်လေ့လာလိုက်ဦး။
> အင်တာနက်သုံးတတ်တယ်မလား?
>
> ချီးဦးနှောက်လေးနဲ့တော့ ဝါဒလိုက်မဖြန့်ပါနဲ့ကွာ မင်းအတွက်ပြောတာပါ။
> အကုန်လုံးက စေါက်ပေါထင်နေရင် မင်းလည်း ၁ပြားမှမတန်ငပေါကြီးဖြစ်သွားမှ
> စိုးလို့ပါ။
>
> စေတနာဖြင့်
> haroon
>
On 7/30/12, Haroon <roo...@gmail.com> wrote:
> စောက်ရူး ပုံပြင်သိပ်မပြောနဲ့ သလား
>
> အခြောက်လောက်သတ္တိနဲ့ လေသိပ်မကျယ်စမ်းနဲ့။
>
> ချုပ်ပြီးမုဒိမ်းကျင့်တဲ့ သုံးကောင်ပုံမင်းမြင်ဖူးလို့လား?
> အေး ထက်ထက် ဆိုတဲ့ ကောင်က ဗမာရုပ်ကြီးမှ ဗမာရုပ်အစစ်။
>
> အေး ကုလားပဲဖြစ်ပါစေဦး။ ဗမာတွေရော မုဒိမ်းမကျင့်ကြဘူးတဲ့လား ?
> လူမသတ်ကြဘူးတဲ့လား?
> ဟိုတလောက နာမည်ကြီးသွားတဲ့ မီးရှို့လူသတ်မှု။
> မင်း မှုခင်းဂျာနယ်မဖတ်ဖူးဘူးလား?
>
> မင်းဆိုတဲ့ကောင်တောင် အခွင့်အရေးရ ရင် ဗမာမိန်းကလေးကို မုဒိမ်းကျင့်မယ့်
> ကောင်မျိုးပဲ။
>
> ငါအဝေးသင်တက်တာ ဟုတ်တယ်။
> အေး ဟရောင် အင်္ဂလိပ်လို ပြိုင်ပြောမလား?
>
> မပီကလာ ပီကလာတော့ လာမလုပ်နဲ့။
>
> အုတ်ကြားမြက်ပေါက်အဆင့်လောက်နဲ့ စာလာမဖွဲ့စမ်းနဲ့။
>
> မင်း သိတာဆိုလို့  ဝူးဝူးဝါးဝါးလုပ်တာပဲရှိမယ်။
>
> ငါ့အကိုလို့ မင်းပြောနေတာက စောက်တလွဲ ဟေ့ကောင် စုံစမ်းတယ်ဆိုလည်း
> သေသေချာချာလေးလုပ်ပါကွာ။
>
> မင်းအခုသုံးတဲ့ အကောင့် မင်းနာမည် အရင်းနဲ့လားပဲ အရင်ပြောပါဦးကွာ။
>
> ငါ့လောက်တောင် သတ္တိမရှိတဲ့ အခြောာက်အဆင့်သာသာ ကောင်ရေ
> မင်းနဲ့ ဆက် စောက်စကားပြောဖို့  ငါအားမနေဘူး ကွာ
>
> မင်းစောက်ဆင့်ကို ငါပြန်ပြောရတာတောင် အချိန်ပုပ်သကွာ
>
> ဒီမှာ
>
> ထွီ လို့ပဲပြောလိုက်မယ်။
>
> ပေါက်တယ်နော်?
>
On 7/30/12, Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ
သေချာထပ်မေးမယ် ဒီပုံက လည်လှီးပြီး လူသတ်လုပ်ပြနေတဲ့ ခွေးသားတွေက
ခွေးရဲ့သား၊ ၀က်ရဲ့မြေးကိုကွယ်းတဲ့ ကောင်တွေလား...???????
On 8/3/12, Blue Flame <loveh...@gmail.com> wrote:
> ဘယ်ကအခြေအမြစ်မရှိတဲ့ သတင်းလဲ .. အထောက်အထားလဲမပြနိုင်ပဲ
> ..စိတ်ကူးထင်ရာပြောပြီးကြောက်မနေနဲ့ ...
>
> 2012/7/29 Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း <
> cybern...@gmail.com>
>
> --
> Honesty is the best gift. Don't expect it from Cheap People.
> (_0x0N3_)
>