အခြေခံဥပဒေ ပြင်ဆင်ချက်တွင် စစ်မှုမထမ်းမနေရဥပဒေ SNDP ပါတီ ထည့်သွင်း

7 views
Skip to first unread message

aki than

unread,
Sep 15, 2013, 8:23:09 AM9/15/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum

From : ..the voice

အခြေခံဥပဒေ ပြင်ဆင်ချက်တွင် စစ်မှုမထမ်းမနေရဥပဒေ SNDP ပါတီ ထည့်သွင်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ အခြေခံဥပဒေပါ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်တွင် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းချက် ပါဝင်ကြောင်း အဆိုပါ ပါတီဝင် ဦးစိုင်းသီဟကျော်က The Voice သို့ ပြောကြားသည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် တပ်မတော်နှင့် ပြည်သူလူထု တစ်သားဖြစ်ရန် လိုအပ်သောကြောင့် စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းချက်ကို ထည့်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်သားဆိုရင် မြန်မာနိုင်ငံမှာ လူတန်းစားတစ်ရပ်လို ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် ပြည်နယ်အစိုးရ အဖွဲ့ကို ပြည်နယ်က ရွေးချယ်ခွင့်ရှိရေး၊ တပ်မတော်သား ကိုယ်စားလှယ်များကို အစိုးရ အဖွဲ့တွင်းမှ လျှော့ချရေးစသည့် ဖက်ဒရယ်စနစ်ကို အခြေခံသော အချက်များကို ထည့်သွင်း ပြင်ဆင်ထားသော အချက် ၁၀၀ ကျော် ပါရှိကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အဆိုပါ အချက်များကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဇူလိုင်လအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းထားသည်။

 .. www.MyanmarExpress.net

Reply all
Reply to author
Forward
0 new messages