ငြိမ်းချမ်းရေး ဖျက်မြင်းတစ်ကောင်

10 views
Skip to first unread message

aki than

unread,
Sep 15, 2013, 9:41:00 AM9/15/13
to aurorage...@googlegroups.com, pao...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum, Wai Yan

ငြိမ်းချမ်းရေး ဖျက်မြင်းတစ်ကောင်

From : .... www.MyanmarExpress.net

      ကချင်နှစ်ခြင်း  ခရစ်ယာန်အသင်းတော်(KBC)    အထွေထွေအတွင်းရေးမှူး ဒေါက်တာ
ခလမ်ဆမ်ဆွန်နှင့် တွေ့ဆုံခြင်းဆိုပြီး ၂၀၁၃ စက်တင်ဘာလ ၁၁ ရက်ထုတ် 7 Days News Journal  မှာဖတ်လိုက်ရတယ်။

   ကျွန်တော်သိတာကတော့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ဆိုတာ ဘာသာရေးအသင်းတစ်ခုပါ။ ကချင်ပြည်နယ်ရဲ့ မြို့အသီးသီးမှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းများနဲ့ဆက်စပ်ပြီးခရစ်တော်၏သွန်သင်ဆုံးမမှုအောက်မှာ   မေတ္တာတရားနဲ့
နေတဲ့သူတွေလို့ သိထားပါတယ်။ ငြိမ်းချမ်းရေးကို   အမှန်တကယ် လိုချင်သူတွေလို့ ထင်မိပါတယ်။

  ဒါပေမယ့် အဲဒီ Interview ကိုဖတ်လိုက်ရတော့ ကြက်တူရွေးကတော်တော်၊ မယ်တော်ကကဲကဲဆိုသလို ဖြစ်နေပါတော့တယ်။ စိတ်မကောင်းစရာ၊ ခံပြင်းစရာတွေ၊ နားမလည်နိုင်တာတွေ ဖြစ်နေပါတော့တယ်။

   ဒုတိယသမ္မတ  ဒေါက်တာစိုင်းမောက်ခမ်းကို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သိပုံလည်းမရဘူး ပြောပုံအရဆုံးဖြတ်ခွင့်မရှိတာလား   နောက်ကွယ်က   တစ်ခုခုကြိုးကွယ်မှုအောက်မှာ သွားနေတဲ့ပုံစံပဲတွေ့ရတယ်ဆိုပြီးပြောခဲ့တယ်။

ဒုတိယသမ္မတဆိုတာ နိုင်ငံတော်ရဲ့အကြီးအကဲ ရှမ်းလူမျိုး ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဌတာဝန်ယူပြီး လက်တွေ့   ဆောင်ရွက်နေတဲ့သူကို ဘာဖြစ်လို့ပြောနိုင်ရတာလဲ၊         ပြောရဲရတာလဲ၊ ရှမ်းလူမျိုးမို့လို့လား….။

   တကယ်တမ်းပြောရရင် ကချင်ပြည်နယ်ဆိုတာကချင်လူမျိုးတွေချည်းပဲနေတာမဟုတ်ပါဘူး။ ကချင်ပြည်ရဲ့ လူဦးရေ ၁၆ သိန်းမှာကချင်က ၆ သိန်း၊ ရှမ်း၊ဗမာနဲ့ အခြားလူမျိုးများက ၁၀ သိန်းဖြစ်ပါတယ်။ လူဦးရေအချိုးနဲ့သာဆိုရင် ကချင်ပြည်နယ်ဆိုတာ      ဖြစ်လာမှာမဟုတ်သလို ကချင်ပြည်နယ်ဝန်ကြီးချုပ်ကလည်းရှမ်းလူမျိုးပဲဖြစ်ရမှာပါ။

     လက်ရှိ   ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း       ပြည်သူ့ဆန္ဒနဲ့မဲပေးထားတာ မဟုတ်ဘူးလို့ပြောခဲ့တယ်။   ဘာကိုကြည့်ပြီးသုံးသပ်ပြီးပြောတာလဲ။ လက်ရှိအစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ အခြေခံဥပဒေကို  နားမလည်လို့ပဲဖြစ်မယ်လို့ ပြောချင်ပါတယ်။

          ကချင်ပြည်နယ်မှာနေတဲ့ ရှမ်းလူမျိုးတစ်ယောက်အနေနဲ့ ပြောစရာတွေအများကြီးပါ။

တကယ်တမ်းပြောရရင် KIA နဲ့ တပ်မတော်ရဲ့ တိုက်ပွဲဖြစ်စဉ်တွေရဲ့ နောက်မှာအဓိက လက်သည်တရားခံကက ချင်နှစ်ခြင်းခရစ်ယာန်အသင်းတွေပါပဲ။ ကချင်ပြည်နယ်ကို လက်ဝါးကြီးအုပ်ရုံတင်မဟုတ်ဘူး ကချင်ပြည်နယ်မှာနေတဲ့ လူမျိုးစုအားလုံးကို သိမ်းသွင်းပြီး လွတ်မြောက်သောကချင်နိုင်ငံ (၀မ်ပေါင်နိုင်ငံ) ထူထောင်ဖို့ဟာသူတို့ရဲ့ အန္တိမရည်မှန်းချက်ပါပဲ။ ပါးစပ်ကမခွဲထွက်ဘူး မည်သို့ပင်ပြောစေကာမူ လက်တွေ့မှာတော့ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ လွတ်လပ်သော ကချင်နိုင်ငံတော် ဖြစ်ရေးပါပဲ။

       မြေအောက်က KIO၊ KIA က လှုပ်ရှားတိုက်ပွဲဝင်သလို မြေပေါ်မှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတွေက ၀န်းရံပြီး ပူးပေါင်းလှုပ်ရှားနေတယ်ဆိုတာအဲဒီ Interview က ထုတ်ဖော်ပြသလိုက်တာပါပဲ။ KBC ရဲ့ သဘောအမှန်ကို ပြလိုက်တာပါပဲ။ တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးကိုမလိုလားတန်ဖိုးမထားတာကို ပြသလိုက်တာပါပဲ။

 လွှတ်တော်ကိုလည်း IDPS အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြောတာနဲနဲပါးပါးပဲကြားရတယ်။ လိုလိုလားလားမရှိဘူးလို့ပြောခဲ့တာကိုပြန်ကြည့်ရင်ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် သဘောပေါက်နားလည်ခြင်းရှိရုံမကလွှတ်တော်ကိုလည်းပမာမခန့်၊စော်ကားတဲ့သဘောဖြစ်နေပါတယ်။

   ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်တော်ရဲ့လူဖြစ်တယ်၊ ကချင်အရေးကို ဘာမှမဟုတ်သလို လျစ်လျူရှုထားတယ်လို့         ဝေဖန်ခဲ့တယ်။ တရားဥပဒေစိုးမိုးရေး  ကော်မတီဥက္ကဌ တစ်ယောက်အနေနဲ့ ဘာမှမလုပ်နိုင်ဘူး၊ IPDS အတွက် ငွေပဲလှူတယ်၊ ကိုယ်တိုင် ဒုက္ခသည်တွေကို အားမပေးဘူးဆိုပြီး မလိုတမာပြောခဲ့တာကိုလည်း တွေ့ရမှာဖြစ်တယ်။

       ဒေါက်တာ ခလမ်ဆမ်ဆွန်ဆိုတာ KBC ရဲ့ အထွေထွေအတွင်းရေးမှူးတစ်ယောက်ဖြစ်လို့ 7days ကလည်း လေးစားယုံကြည်မှုအပြည့်နဲ့ Interview လုပ်ခဲ့တာဖြစ်မယ်။ ဒါပေမယ့် သူကတော့ လမ်းဘေးကလူတစ်ယောက်ပြောသလို  ပြောခဲ့တယ်။ ဒါတွေဟာ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးရောင်ခြည်အတွက် တိမ်သလ္လာဖုံးသွားတာဘဲလို့ မြင်မိတယ်။

          အဆိုးဆုံးကတော့ Sea Game နဲ့ အာဆီယံဥက္ကဌယူဖို့ နီးလာတော့ ငြိမ်းချမ်းရေးကို အဖြစ်သဘောလုပ်ချင်တာများတယ်ဆိုပြီး     ဝေဖန်ခဲ့တဲ့အချက်ဘဲ။ ဒါဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုအပေါ် စော်ကားလိုက်တာနဲ့အတူတူပါပဲ။

     ငြိမ်းချမ်းရေးလုပ်တာ ဘယ်သူ့အတွက်လဲ ၊ အစိုးရအတွက်လား၊ တပ်မတော်အတွက်လား၊ KIA အတွက်လား။ တကယ်တော့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူအားလုံးအတွက် ဥမမယ်စာမမြောက် လူလာမမြောက်သေးတဲ့ စစ်ရဲ့ဒဏ်ကို အလူးအလဲခံနေရတဲ့ ကလေးသူငယ်တွေ၊  ဒုက္ခသည်အားလုံးအတွက်        ဖြစ်ပါတယ်။ ဘာသာရေးအရ   နူးညံ့တဲ့နှလုံးသားပိုင်ရှင်၊ လူသားအားလုံးအတွက် အစဉ်ထာဝရ ဆုတောင်းပေးနေတဲ့ အသင်းတော်လူကြီး တစ်ယောက်က ဒီစကားတွေ ပြောထွက်တာဘာကြောင့်လဲ၊ အဖြေက ရှင်းပါတယ်။ ခရစ်ယာန်အသင်းတော် အရေခြုံထားတဲ့ မြေပေါ် KIO၊ KIA ဖြစ်နေလို့ပါပဲ။

          ဘရန်ရှောင်ကိစ္စမှာ တရားဥပဒေစိုးမိုးမှုမရှိတာ၊ တပ်က တရားဥပဒေအပေါ်မှာ ရှိနေတယ်ဆိုတဲ့ အထောက်ထားပဲလို့ စွပ်စွဲခဲ့ပါတယ်။ တရားရုံးက အပြစ်မရှိထောင်ချလို့မရပါဘူး။ သက်သေမခိုင်လုံဘဲနဲ့ တရားစီရင်လို့မရပါဘူး။ တပ်ကို ဘာကြောင့်ဆွဲထည့်ရဲတာလဲ။ သာမန်အရပ်သား သင်းအုပ်ဆရာတစ်ယောက် အနေနဲ့တော့ ပြောချင်မှပြောမှာပါ။ နောက်ကွယ်မှာတော့ အားကိုးရှိလို့ဆိုတာတော့ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်နေပါဦးမယ်။

          ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းစေချင်ပါတယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးကို လိုလားပါတယ်။ KIA ကော တပ်မတော်ကကော စစ်မတိုက်ချင်တာ သေချာပါတယ်။ အပစ်အခတ်ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးသံစဉ်တွေကြားမှာဝင်ပြီး ကိုးလို့ကန့်လန့် လုပ်နေတာကတော့ ပြည်သူကို ကိုယ်စားပြုသလိုလိုနဲ့ လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်၊ အမြတ်ထုတ်၊ လုပ်စားနေတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်လို ကြောင်သူတော် ကြွက်သူခိုး ကြာကူလီရုပ်မျိုးနဲ့ ခွေးပါးစပ်က နတ်စကားထွက်ပြီး ဘာသာရေးအရေခြုံထားတဲ့ လူမိုက်တွေပါဘဲ။

          ကချင်ပြည်နယ်ကြီး ထာဝစဉ် ငြိမ်းချမ်းစေချင်ရင်တော့ ဒီလိုလူမိုက်တွေကို အရင်ဆုံး အပြတ်ရှင်းရမှာပါဘဲ။     သွေးထိုးမြှောက်ပင့်ပြီး  ကချင်လူမျိုးကြီးဝါဒကိုင်စွဲပြီး
ကေအိုင်အိုကဆွေးနွေးရင်ပြည်သူတွေကဆဲမှာဆိုတဲ့ မျက်စိမှိတ်နားပိတ်ပြီးကုန်းအော်နေတဲ့
ငြိမ်းချမ်းရေးအတွက် ဖျက်မြင်းတွေကို သတိထားဖို့ လိုကြောင်း တင်ပြလိုက်ရပါတယ်။

ကချင်ပြည်နယ်မှာနေတဲ့ ရှမ်းလူမျိုးတစ်ယောက်အနေနဲ့ ပြောစရာတွေအများကြီးပါ။

From : .... www.MyanmarExpress.net

Reply all
Reply to author
Forward
0 new messages