ဆံပင် ဆိုးဆေးများ ကိုယ်ဝန် ဆောင်စဉ် သုံးစွဲက သန္ဓေသား အန္တရာယ်ရှိနိုင်

21 views
Skip to first unread message

aki than

unread,
Sep 12, 2013, 8:06:32 AM9/12/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Alin Say Ta Mum, Myanmarlp, Wai Yan, Hmwe Hmwe Khin

ဆံပင် ဆိုးဆေးများ ကိုယ်ဝန် ဆောင်စဉ် သုံးစွဲက သန္ဓေသား အန္တရာယ်ရှိနိုင်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဓာတုဗေဒဆေးများ ပါဝင်သော အစား အသောက်များနှင့် အသုံး အဆောင် ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ် ထိခိုက်မှု ဖြစ်စေ နိုင်ကြောင်း သိရသည်။

 ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ဓာတုဗေဒ ပစ္စည်းများ ပါဝင်သော ပစ္စည်းများ မကြာခဏ သုံးစွဲပါက သန္ဓေ သားအား ခြေပြတ်၊ လက်ပြတ် ဖြစ်စေခြင်းနှင့်  သန္ဓေသားမျိုးရိုး ဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ဓာတုပစ္စည်းများပါသော အစားအသောက်၊ အသုံး အဆောင်များကို တတ်နိုင် သလောက် ရှောင်ကြဉ် သင့်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် နေစဉ်ကာလအတွင်း အစားအသောက် ကိစ္စများတွင် သာမကဘဲ အသုံးအဆောင် ပစ္စည်းများ အသုံးပြုရာ တွင်လည်း  သတိပြုရန် လိုအပ်သည်။

ကိုယ်ဝန် ဆောင်နေစဉ် ကာလအတွင်း ဆံပင်ဆေးဆိုးခြင်း သည်လည်း သန္ဓေသားကို အန္တရာယ် ဖြစ်စေသည့်အတွက် လုံးဝ မပြုလုပ်သင့်ပေ။ ဆံပင်ဆိုးဆေး တိုင်းတွင် ဓာတုဗေဒ ပစ္စည်းများ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း အသုံးပြု မိပါက ကိုယ်ဝန် ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်နိုင်ကြောင်း အတိအကျ စမ်းသပ်ထားခြင်းများ မရှိ သော်လည်း အဆိုပါ ဓာတုပစ္စည်းများသည် လူ၏ အရေပြားမှ တစ်ဆင့် သွေးကြော အတွင်းသို့  စိမ့်ဝင်လာသည့် အတွက် သန္ဓေသားအား အန္တရာယ် ပေးနိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေး ဆိုးခြင်းသည် သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အမျိုးသမီးများ သတိ မထား မိကြပေ။ ကိုယ်ဝန်သုံးလ အရွယ်မှာ လုံးဝ ဆေးမဆိုးဘဲ ခြောက်လကျော်မှသာ ဆိုးလိုက ဆိုးနိုင်ကြောင်း၊ သို့သော် လုံးဝ ဆေးမဆိုးပါက သန္ဓေသားအတွက် အန္တရာယ် ကင်းကြောင်း စာဖတ်ပရိသတ်ကို အသိပေး တင်ပြလိုက် ရပါသည်။    ။

Credit to ထက်ထက်
Myawady Health

Reply all
Reply to author
Forward
0 new messages