သင့်ကျန်းမားရေး (ဝမ်းချုပ်ခြင်း)

21 views
Skip to first unread message

aki than

unread,
Sep 14, 2013, 9:58:27 AM9/14/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum, Hmwe Hmwe Khin, A Thmee Kyi, Thar, A Home Nge, A po thar, Nang Kham Ohn, Ohmar Than, min2...@gmail.com

သင့်ကျန်းမားရေး (ဝမ်းချုပ်ခြင်း)

ဝမ်းချုပ်ခြင်းဟာ တွေ့မြင်နေကျ ရောဂါဖြစ်သလို၊ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းနုတ်ဆေး အမျိုးမျိုးနဲ့ နေ့စဉ်ဝမ်းပျော့ဆေး စားနေရသူများလည်း တွေ့ရပါတယ်။

ဝမ်းချုပ်ရတဲ့ အကြောင်းကို
ရှာကြည့်မယ်ဆိုရင် ဆေးဝါးကြောင့်၊ ကိုယ်တွင်းရောဂါကြောင့်၊ အခြား ရောဂါများကြောင့် ဆိုတာတွေ့ရတယ်။

အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့ အကိုက် အခဲပျောက်ဆေး၊ စိတ်ကျရောဂါ ကုဆေး၊ သွေးပေါင်ထိန်းဆေးတို့မှာ ပါဝင်တဲ့ အလူမီနီယံ ကြောင့် ဝမ်းချုပ်တတ်ပြီး ဆီးချိုရောဂါ၊ ကျောက်ကပ် အားနည်းရောဂါ၊ ပိုတက်စီယမ် ဓာတ်နည်းရောဂါ၊ ကယ်လ်စီယမ်ဓာတ်များခြင်း၊ သိုင်းရွိုက်အကျိတ် အားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်း စသည့် အချက်များကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။

စားသောက်မှု လွဲမှားခြင်း၊ ဝမ်းသွားအကျင့်မမှန်ခြင်း၊ အသက်ကြီးသူများ၊ ကာလကြာ အိပ်ရာထဲ လဲနေသူများ၊ အချိန်ကြာမြင့်စွာကား၊ ရထားစီးသူများမှာလည်း ဝမ်းချုပ်တာ တွေ့ရပါတယ်။

အူလမ်းကြောင်း ပိတ်ဆို့ခြင်းမှာ အူမကြီးကင်ဆာ၊ အူကျွံခြင်း၊ အူခေါက်ခြင်း၊ အူလမ်းကြောင်း ပိတ်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည် အူမကြီးရောင်ခြင်း၊ အူမကြီးသို့ သွေးလည်ပတ်မှု နည်းခြင်းတို့ကြောင့်လဲ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းမှာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်ခြင်း၊ အူမကြီးပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ်ကြွက်သား အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းပုံမှန်မသွားဘဲ ချုပ်ထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ကုသရာမှာ ဝမ်းချုပ်ခြင်းဖြစ်စေတဲ့ အခြားရောဂါများကို ဦးစွာကုသရမယ်။ ဝမ်းချုပ်စေတဲ့ ဆေးများ၊ ဝမ်းနုတ်ဆေး အပြင်းစားများ ရပ်ထားရမယ်။ အမျှင်ပါတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည်နဲ့ အချိုရည်များများ သောက်ရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းစားခြင်းတို့ကို ရှောင်ရမယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန် လုပ်ရမယ်။ အမျှင်ပါတဲ့ ဆေးနဲ့အစားစား ရမယ်။

တချို့ကဝမ်းချုပ်လို့ အလွယ်တကူ ဝမ်းနုတ်ဆေးစားကြတယ်။ ဝမ်းနုတ်ဆေးရဲ့ ဆိုးကျိုးတွေ ကတော့ ဝမ်းနုတ်ဆေး ကြာရှည်စွာ သုံးစွဲပါက ခန္ဓာကိုယ်မှာ ပိုတက်စီ ယမ်ဓာတ် လျော့နည်းခြင်းကြောင့် ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မောပန်းလွယ်ခြင်းနဲ့ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။

အူလမ်းကြောင်း ကြွက်သားများ ညှစ်အားလျော့နည်းကာ ကြာလာတော့ ဝမ်းနုတ် ဆေးမစားရင် ပုံမှန်ဝမ်းသွားလို့မရ ဖြစ်တတ်တယ်။ နှစ်ရှည်လများ ဝမ်းနုတ်ဆေးစွဲ စားသူများရဲ့ အူမကြီး အမြှေးပါး အရောင်ပြောင်းကာ မူလအရောင်မှ အမည်းရောင် ဒါမှမဟုတ် အညိုရောင် ပြောင်းသွားတတ်တယ်။ တချို့ ဝမ်းနုတ်ဆေးဟာ ဆီးချိုကို ပိုဆိုးစေတယ်။ ဆေးတစ်မျိုးကြောင့် ဗိုက်နာ၊ လေပွ၊ လေမလည်ခြင်း ဖြစ်တတ်တယ်။ အခြားဆေးနဲ့ အတူတွဲလို့ ဝမ်းနုတ်ဆေးစားရင် အခြားဆေးတွေရဲ့ အာနိသင်ထိရောက်မှု လျော့နည်းစေတယ်။

ဝမ်းချုပ်တာဟာ အစားအသောက် အနေအထိုင် မမှန်လို့ဖြစ်တာ၊ ရေသောက်နည်းတာ၊ အမျှင်ပါတဲ့ အစာကို အစားနည်းတာ။ နေ့စဉ်နာရီဝက် ကာယလေ့ကျင့်ခန်း အပြင် လမ်းလျှောက်ခြင်း မလုပ်လို့ဖြစ်တာပါ။ ဒါ့အပြင် ကိုယ်တွင်း ရောဂါကြောင့်၊ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်ရတာစသဖြင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ အကြောင်းရင်း ဇာစ်မြစ်ကိုသိရှိမှ သဘာဝအတိုင်း ပုံမှန်ဝမ်းသွားနိုင်ဖို့ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်ကြိမ် သံချဆေး တိုက်သင့်တယ်။''ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ'' ဆိုသကဲ့သို့ ဝမ်းချုပ်ရင် လွယ်လွယ်ကူကူ ဝမ်းပျော့ဆေးစားမယ့် အစားနေထိုင်မှု၊ စားသောက်မှု စနစ်ပြောင်းလဲ ပေးရုံနဲ့ ဝမ်းမှန်မှန် သွားစေမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Ref:>>Myawady Health

Reply all
Reply to author
Forward
0 new messages