တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ

14 views
Skip to first unread message

aki than

unread,
Sep 12, 2013, 7:48:03 AM9/12/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Alin Say Ta Mum, Myanmarlp, Wai Yan, Tin Mg Tun, Nyunt Win <Nyunt Win, Hmwe Hmwe Khin, A Thmee Kyi, Thar, A Home Nge, Nang Kham Ohn, Ohmar Than, min2...@gmail.com

တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ

မေး။   ။        ဒေါက်တာခင်ဗျ၊ ကျွန်တော်တို့ တစ်အိမ်လုံး တုပ်ကွေး မိနေပါတယ်။

ကျွန်တော်ကနေ စဖြစ် လိုက်တာ အိမ်သူရော၊ သားတွေ၊ သမီးတွေပါ အကုန်လုံးကို ကူးကုန်တာ၊ အခုတော့ တစ်မိသားစုလုံး နေ မကောင်း ဖြစ်နေကြပါပြီ။ ကျွန်တော်ကတော့ ဆေးခန်း သွားပြလိုက်လို့ အပျောက် မြန်ပေမဲ့ ကျန် မိသားစုဝင် များကတော့ အိမ်မှာပဲ ဆေး ဝယ်သောက်ကြပါတယ် ဆရာ။ ဆေး ဝယ်သောက်တာ အဖျားဒဏ် တော့ သက်သာကြပေမဲ့ နှာစေး၊ ချောင်းဆိုးကတော့ အတော် ဆိုးပါတယ် ဆရာရယ်။ တုပ်ကွေးရဲ့လက်ကျန် နှာစေး၊ ချောင်းဆိုးကို ဘယ်လို တိုက်ထုတ်ရမလဲ။ တုပ်ကွေးကို ဘယ်လို တိုက်ထုတ်ရမလဲ ဆိုတာ သိချင်လို့ပါ။

ဦးဘုန်းမြင့် (တောင်ဒဂုံ)

ဖြေ။    ။ အခုလို ရာသီမှာ ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ ဖြစ်တဲ့ Influenza တုပ်ကွေး အဖြစ်များပါတယ်။ တုပ်ကွေး ဖြစ်နေ တဲ့သူ နှာစေး၊ ချောင်းဆိုးမှုက တစ်ဆင့် ရောဂါ ပြန်လည်ဆင့်ပွား သွားတာပါ။ ဒါကြောင့် ခုလို ရာသီမှာ ရုပ်ရှင်ရုံ၊ ကားဂိတ်၊ Shopping Centre လို လူစည်ကားရာ အရပ်တွေကို တတ်နိုင်သလောက် ရှောင်ရပါတယ်။ မရှောင်နိုင်လို့ သွားမယ် ဆိုရင်လည်း ကိုယ်ခံ အား ကောင်းစေဖို့ ဗီတာမင်စီ ဆေးများကို မှီဝဲပါ။ တုပ်ကွေး မိလာပြီဆိုရင် ချမ်းပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာစေးခြင်း၊ ခြေကုန်လက်ပန်း ကျခြင်း စသဖြင့် ဖြစ်တတ်ပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အဆုတ်စတဲ့ ရောဂါ ရှိသူတွေဟာ တုပ်ကွေးဖြစ်ရင် ဆေးခန်းမှာသာ ပြသသင့် ပါတယ်။

သာမန် လူငယ်လူရွယ် ဆိုရင်တော့ -

(၁)     ရက်အတန်ကြာ အနားယူပါ။ ဖျားနေစဉ် အလုပ် ဖိလုပ်ခြင်းက ဦးနှောက်စွမ်းအားကို ကျဆင်းစေ ပါတယ်။ Biogesic လိုဆေး မျိုး သောက်နိုင်ပါတယ်။

(၂)     ရေ၊ ဓာတ်ဆား၊ ကြက်စွပ်ပြုတ်၊ ကြက်ပေါင်းရည် စတာတွေကို စားပေးပါ။

(၃)     အကိုက်အခဲနှင့် နှာစေး၊ ချောင်းဆိုး ပျောက်ဆေးများကို ဆေးညွှန်းအတိုင်းသာ သောက်သုံးပါ။ နှာခေါင်းပိတ်ပါက ရေနွေး ပွက်ပွက် ဆူမှာ ပရုတ်ဆီထည့် ရှူနိုင်ပါတယ်။ လည်ချောင်း နာလျှင် ပျားရည်၊ သံပရာရည်ကို ရေနွေးနဲ့ဖျော် သောက်ပါ။ (ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်ငွေ့ ရှောင်ရှားပါ။) အကိုက်အ ခဲပျောက် ဆေးတွေကို နှာစေး၊ ချောင်းဆိုးပျောက် ဆေးတွေနဲ့ တွဲ မသောက် သင့်ပါ။ ဆေးချိန်များပြီး ဘေး တွေ့နိုင်ပါတယ်။ တုပ်ကွေးရဲ့ နောက်ဆက်တွဲ ချောင်းဆိုး သလိပ်ကျန်ခြင်း အတွက် Mybasin လို ငုံဆေး ထုပ်လေးတွေ ဆောင်ပါ။ ရင်ဘတ်ကို အအေးမိ မခံဘဲ နွေးနွေးထွေးထွေး ထားပါ။ သလိပ် ပိုများစေမယ့် အချိုလွန် အစားအ စာတွေ ရှောင်ပါ။     ။

ဒေါက်တာစွမ်း (ဆေး-၂)

Credit to Myawady Health

Reply all
Reply to author
Forward
0 new messages