
မြန်မာနိုင်ငံတွင်
ကြွချီပူဇော်ခံလျက်ရှိသော ဗုဒ္ဒမြတ်စွယ်တော်ကို မြန်မာနိုင်ငံသားများ
မည်မျှအထိ ရိုသေကိုးကွယ်ယုံကြည် ကြသည်ကို CCTVက လာရောက်၍
မှတ်တမ်းရိုက်ကူးကာ ကမ္ဘာတစ်လွှား ထုတ်လွှင့်ပြသသွားရန်နှင့် တရုတ်နိုင်ငံက
ပြည်သူများ ပိုမိုစိတ်ဝင်စားရေးအတွက် ပြသရန်ရှိကြောင်း
သာသနာရေးဝန်ကြီးဌာနမှ ၃ဝ-၁၁-၂ဝ၁၁ ရက်ကသိရသည်။ တရုတ်နိုင်ငံအနေဖြင့်
ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုတ်မြင့်မား လာသော်လည်း ဘာသာရေးဆိုင်ရာ
ကိုင်းရှိုင်းမှုတွင် ပိုမိုတိုးတက်ရန် လိုလားလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံအစိုးရက ဗုဒ္ဒဘာသာကို အလေးအနက်ထားလိုတယ်။ ပြီးတော့
သူတို့နိုင်ငံသားတွေရဲ့ ဘာသာရေး သက်ဝင်ယုံကြည်မှုကို မြှင့်တင်ချင်တယ်။
ဒါကြောင့် တရုတ်နိုင်ငံရဲ့ အင်အားကြီးနိုင်ငံပိုင် မီဒီယာဖြစ်တဲ့ CCTVကနေ
ကမ္ဘာတစ်လွှားထုတ်လွှင့် သွားမည်။ ပြီးရင် တရုတ်နိုင်ငံကိုလည်း ပြသပြီး
ဗုဒ္ဒရဲ့ အဆုံးအမကိုခံယူကြဖို့ ရည်ရွယ်ကြတယ်။ အခု CCTVကလူတွေ ပါလာခဲ့ကြပါတယ်
ဟုသာသနာရေးဝန်ကြီးဌာန သာသနာတော်တိုးတက် ပြန့်ပွားရေးဌာန
ဦးဆောင်ညွှန်ကြားရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗုဒ္ဒမြတ်စွယ်တော်ကို မြန်မာလူထု၏ ယုံကြည်ကိုးကွယ် ဖူးမြော်ကြည်ညိုမှုတို့အား
တရုတ်ဘုန်းတော်ကြီးများက အံ့အားသင့်စွာ မြင်တွေ့ခဲ့ရကြောင်းလည်း
ပြောကြားသည်။
| မြန်မာပြန် ကြေးပိဋကတ်တော် ပြုလုပ်မှု ပြီးစီးလုနီးပြီဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပါ ထပ်မံပြုလုပ် ပူဇော်နိုင်ရန်စီစဉ် |
ကြေးပိဋကတ်တော်များ ထည့်သွင်းထားသည့် ကြေးပိဋကတ်တိုက် ဘုရားဟော ပိဋကတ်တော်များ ကို ကြေးထက်အက္ခရာတင်၍ ကြေးပိဋကတ်တော်အဖြစ် ပြုလုပ်မှတ်တမ်းတင်ရာတွင် ပါဠိဘာသာဖြင့် ပြုလုပ်မှုပြီးစီးပြီဖြစ်ပြီး မြန်မာဘာသာဖြင့် ထပ်မံ လုပ်ဆောင်သည့် ကြေးပိဋကတ်တော်လည်း ပြီးစီးလုနီးပြီ ဖြစ်ကြောင်း ကြေးပိဋကတ်တော် ပြုလုပ်လှူဒါန်းရေးအဖွဲ့မှ သိရှိရသည်။ ကြေးပိဋကတ်တော်များကို ဗဟန်းမြို့နယ်၊ ကျောင်းတော်ရာ ရွှေကျင်တိုက်မှ မင်္ဂလာတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဉာဏ (သာသန ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာ ဂန္ထ၀ါစက ပဏ္ဍိတ)က ဦးဆောင်ပြုလုပ်ခြင်းဖြစ် ပြီး ပါဠိကြေးပိဋကတ်တော်တွင် ၀ိနယပိဋကတ်ငါးအုပ်၊ အဘိဓမ္မာပိဋ ကတ် ၁၂ အုပ်၊ သုတ္တန္တပိဋကတ် ၂၃ အုပ် စုစုပေါင်း ပိဋကတ်အုပ်ရေ ၄၀ ပါဝင်ကြောင်းနှင့် မြန်မာပြန်ကြေး ပိဋကတ်တော် ပြုလုပ်ရာတွင် ပါဠိဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ရန် ခက်ခဲသည့် ကျမ်း ၁၀ အုပ်မှလွဲ၍ ကျန်ပိဋကတ်တော်များ အားလုံးအားကြေးထက် အက္ခရာတင်ခဲ့ကြောင်း သိရပါသည်။ “ကြေးနဲ့ပါဠိပိဋကတ်တော်ပြု လုပ်ပြီးတဲ့အခါမှာ ပါဠိဘာသာစကား မတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် ပိဋကတ်တော်ကို ကိုယ်တိုင်ဖတ်ရှုနိုင်အောင် မြန်မာပြန် ပိဋကတ်တော်ကို ထပ်မံပြုလုပ်ရခြင်း ဖြစ်ပါတယ်။ မြန်မာပြန် ကြေးပိဋကတ်တော် ပြုလုပ်ရာမှာကျမ်း ၁၀ အုပ်က သင်ပေးမှကို တတ်တယ်။ ဖတ်လို့နားမလည်နိုင်ဘူး။ ဒါကြောင့် ဒီကျမ်း ၁၀ အုပ်ကိုတော့ ကြေးပိဋကတ်တော်ပြုလုပ်ရာမှာ ချန်ထားခဲ့ ပါတယ်။ အခုမြန်မာပြန် ကြေးပိဋကတ်တော်ပြုလုပ်နေတာ ကျမ်းနှစ်အုပ်ပဲ ကျန်ပါတော့တယ်။ လာမယ့် ဇန်န၀ါရီ၊ ဖေဖော်ဝါရီလအတွင်းမှာ ပြီးစီးနိုင်တယ်။ ဒါပြီးရင်တော့ ပိဋကတ်တော်တွေကို အင်္ဂလိပ်ဘာသာနဲ့ ကြေးထက် အက္ခရာတင်ဖို့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ပိဋကတ်တော်တွေကို အင်္ဂလိပ် ဘာသာ ပြန်ဖို့ကျတော့ အခက်အခဲ ရှိနေပါသေးတယ်”ဟု ဆရာတော် ဘဒ္ဒန္တဉာဏက မိန့်ကြားခဲ့သည်။
|
| မြန်မာလူထု စွယ်တော်ဖူးမြော်မှုကို တရုတ် CCTV က ကမ္ဘာတစ်လွှားပြသ |
|
မြန်မာနိုင်ငံတွင်
ကြွချီပူဇော်ခံလျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသားများမည်မျှ
အထိ ရိုသေကိုးကွယ်ယုံကြည်ကြသည်ကို CCTV က လာရောက်၍ မှတ်တမ်းရိုက်ကူးကာ
ကမ္ဘာတစ်လွှား ထုတ်လွှင့်ပြသသွားရန်နှင့် တရုတ်နိုင်ငံက
ပြည်သူများပိုမိုစိတ်ဝင်စားရေးအတွက် ပြသရန်ရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ
၃၀-၁၁-၂၀၁၁ ရက်က သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု
အရှိန်အဟုန်မြင့်မားလာသော်လည်း ဘာသာရေးဆိုင်ရာ ကိုင်းရှိုင်းမှုတွင်
ပိုမိုတိုးတက်ရန် လိုလားလျက်ရှိကြောင်း သိရသည်။ “တရုတ်နိုင်ငံအစိုးရက
ဗုဒ္ဓဘာသာကို အလေးအနက်ထားလိုတယ်။ ပြီးတော့ သူတို့နိုင်ငံသားတွေရဲ့ ဘာသာရေး
သက်ဝင်ယုံကြည်မှုကို မြှင့်တင်ချင်တယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့
အင်အားကြီး နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ CCTV ကနေ ကမ္ဘာတစ်လွှား
ထုတ်လွှင့်သွားမယ်။ ပြီးရင် တရုတ်နိုင်ငံကိုလည်းပြသပြီး ဗုဒ္ဓရဲ့ အဆုံးအမကို
ခံယူကြဖို့ ရည်ရွယ်ကြတယ်။ အခု CCTV ကလူတွေ ပါလာခဲ့ကြပါတယ်” ဟု
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် တိုးတက်ပြန့်ပွားရေးဌာန၊
ဦးဆောင်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာလူထု၏ ယုံကြည်ကိုးကွယ်ဖူးမြော်ကြည်ညိုမှုတို့အား
တရုတ်ဘုန်းတော်ကြီးများက အံ့အားသင့်စွာ မြင်တွေ့ခဲ့ရကြောင်းလည်း
ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ပြည်မြန်မာ
ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
ရန်ကုန်၊ ဒီဇင်ဘာ ၁ဝ
ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဝိပဿနာပြန့်ပွားရေး အသင်းဖွဲ့စည်း ထူထောင်
ခြင်းအတွက် ယင်းအသင်းကြီး ၏ ပဓာန နာယကဆရာကြီး ဦးဌေးအောင် (မဟာသဒ္ဓ မ
္မဇော တိကဓဇ) က စုစုပေါင်း ကျပ် သိန်း ၁ဝဝဝ အား ဒီဇင်ဘာ ၉ ရက်က
ပင်မရန်ပုံငွေ စိုက်ထူ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထေရဝါဒဗုဒ္ဓဒေသနာနှင့်
ဝိပဿနာ ပြန့်ပွားရေးအသင်း၏ မန္တလေးအတွက် ကျပ်သိန်း ၅ဝဝ ရန်ကုန်အတွက်
ကျပ်သိန်း ၅ဝဝ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ထေရဝါဒဗုဒ္ဓဒေသနာနှင့် ဝိပဿနာ
ပြန့်ပွားရေး အသင်းကို ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင်
ဖွဲ့စည်းခွင့်ရခဲ့ကြောင်း သိရသည်။ထိုသို့ အသင်းမဖွဲ့မီ ရှင်သာ မဏေ
ဝတ်လိုသူများအတွက် တစ်နှစ်လျှင် နှစ်ကြိမ် ရှင်သာမဏေ ဝတ်ပေးခဲ့ကြောင်း၊
၁၉၈ဝ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးတို့၌ တရားပြ ကာ ထေရဝါဒ ပြန့်ပွားရန်
ဆောင် ရွက်သည်။ ရန်ကုန်မြို့တွင် တစ်နှစ် နှစ်ကြိမ် တရားစခန်း
ဖွင့်ခဲ့ကြောင်း သိရသည်။ယခု ထေရဝါဒ ဗုဒ္ဓဒေသနာ နှင့် ဝိပဿနာ
ပြန့်ပွားရေးအသင်း ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ရာ ဆရာကြီး ဦးဌေးအောင်
(မဟာသဒ္ဓ မ္မဇောတိကဓဇ) ၏ စီမံဆောင်ရွက် မှုများနှင့် ဆက်လက်၍ ထေရဝါဒ
ဗုဒ္ဓဒေသနာနှင့် ဝိပဿနာ ပြန့်ပွား ရေးကို ဆက်လက်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။
တက်လူ
နှစ်ကျိပ်ရှစ်ဆူဘုရားများ
(က)သာရမေဏ္ဍကမ္ဘာ
၁။တဏှင်္ကရာမြတ်စွာဘုရား ၂။မေဓင်္ကရာမြတ်စွာဘုရား ၃။သရဏင်္ကရာမြတ်စွာဘုရား ၄။ဒီပင်္ကရာမြတ်စွာဘုရား
(ခ)သာရကမ္ဘာ
၅။ကောဏ္ဍညမြတ်စွာဘုရား
(ဂ)သာရမဏ္ဍကမ္ဘာ
၆။မင်္ဂလမြတ်စွာဘုရား ၇။သုမနမြတ်စွာဘုရား ၈။ရေ၀တမြတ်စွာဘုရား ၉။သောဘိတမြတ်စွာဘုရား
(ဃ)၀ရကမ္ဘာ
၁၀။အနောမဒဿီမြတ်စွာဘုရား ၁၁။ပဒုမမြတ်စွာဘုရား ၁၂။နာရဒမြတ်စွာဘုရား
(င)သာရကမ္ဘာ
၁၃။ပဒုမုတ္တရမြတ်စွာဘုရား
(စ)မဏ္ဍကမ္ဘာ
၁၄။သုမေဓမြတ်စွာဘုရား ၁၅။သုဇာတမြတ်စွာဘုရား
(ဆ)၀ရကမ္ဘာ
၁၆။ပီယဒဿီမြတ်စွာဘုရား ၁၇။အတ္ထဒဿီမြတ်စွာဘုရား ၁၈။ဓမ္မဒဿီမြတ်စွာဘုရား
(ဇ)သာရကမ္ဘာ
၁၉။သိဒ္ဓတ္ထမြတ်စွာဘုရား
(စ်)မ႑ကမၻာ
၂၀။တိဿ မြတ်စွာဘုရား၂၁။ဖုဿမြတ်စွာဘုရား
(ည)သာရကမ္ဘာ
၂၂။ဝိပဿီမြတ်စွာဘုရား
(ဋ)မဏ္ဍကမ္ဘာ
၂၃။သိခီမြတ်စွာဘုရား ၂၄။ဝေဿဘူမြတ်စွာဘုရား
(ဌ)ဘဒ္ဒကမ္ဘာ
၂၅။ကကုသန်မြတ်စွာဘုရား ၂၆။ကောဏဂုံမြတ်စွာဘုရား ၂၇။ကဿပမြတ်စွာဘုရား ၂၈။ဂေါတမမြတ်စွာဘုရား
၂၉။အရိမေတ္တေယျမြတ်စွာဘုရား
(မှတ်ချက်။ ။
(၁)ဘုရားတစ်ဆူပွင့်သောကမ္ဘာ = သာရကမ္ဘာ
(၂)ဘုရားနှစ်ဆူပွင့်သောကမ္ဘာ = မဏ္ဍကမ္ဘာ
(၃)ဘုရားသုံးဆူပွင့်သောကမ္ဘာ = ၀ရကမ္ဘာ
(၄)ဘုရာလေးဆူပွင့်သောကမ္ဘာ = သာရမဏ္ဍကမ္ဘာ
(၅)ဘုရားငါးဆူပွင့်သောကမ္ဘာ = ဘဒ္ဒကမ္ဘာ ဟူ၍ခေါ်ဆိုပါသည်။)

မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊
အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊
ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။
ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။
(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ
အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။
ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။
ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊
အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။
မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )
ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။
ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။
အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။
ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။
ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။
ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။
ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --
ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
ကံသုံးပါးတွင် ဘာ့ကြောင့် မနောကံဟာ အပြစ်ကြီးဆုံးဖြစ်ရတာလဲ
လည်း စိတ်နဲ့ထမင်းစားခြင်း၊
အရက်သောက်ခြင်းများအတွက် သီလမပျက်ပါ။
ရှင်းအောင်ပြောရရင်
စောင့်ထိန်းခြင်း ၀ါရိတ္တသီလတွင် မနောကံကြောင့် အပြစ်မဖြစ်ဘဲ၊
ကျင့်သုံးခြင်းစာရိတ္တသီလတွင် မနောကံပါမှ အပြစ်ရှိတာကြောင့် မနောကံဟာ
စာရိတ္တသီလအတွက်ဆို အရေးကြီးဆုံး၊ အပြစ်ကြီးဆုံး ဖြစ်ပါတယ်။
ဥပမာ-လမ်းသွားရင်း သတ္တ၀ါတစ်ကောင်ကောင်ကို တက်နင်းမိလို့ သေသွားတဲ့အခါ
စိတ်မပါတဲ့အတွက် အပြစ်မရှိပါ။ သို့သော် သူတစ်ပါးမကောင်းကျိုးဖြစ်အောင်
ကျုးလွန်မှုလုပ်တော့မဲ့အရာများတွင် စိတ်ကနေစတင်ကြံစည်ရတဲ့အတွက် မနောကံဟာ
အဓိကပထမကျုးလွန်ခြင်းဖြစ်လို့ အပြစ်ကြီးဆုံးနေရာကို ရောက်သွားရပါတယ်။
ဥပမာ-ဓာတ်လိုက်ခြင်းဖြစ်တာဟာ
လျှပ်စစ်မီးလာနေလို့ ဓာတ်လိုက်ခြင်းဆိုတာ ဖြစ်နေတာပါ။ တကယ်လို့
မီးခလုတ်ဆိုတဲ့ မိန်းကသာ လျှပ်စစ်မီးပိတ်ထားမယ်ဆိုရင်
ဓာတ်မလိုက်နိုင်ပါဘူး။ အဲဒီလိုပါပဲ စာရိတ္တ-ကိုယ်ကျင့်တရား သူခိုး၊ ဓါးမြ၊
မုဒိန်းကောင်၊ အရက်သမားစတာတွေဖြစ်ရတာဟာလည်း စိတ်ဆိုတဲ့မနောကံက
အရင်ကြံစည်မှုမှားခဲ့လို့ရယ်၊ အဲဒီစိတ်ကို မတားဆီး မထိန်းချုပ်နိုင်လို့ရယ်။
ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ အသိဉာဏ်ပညာ ဗဟုသုတခေါင်းပါးမှုတွေရယ်ကြောင့်
ဖြစ်ရတာပါ။ အဲဒီတော့ အကုသိုလ်အပြစ်တစ်ခုဖြစ်ပြီဆိုရင် စိတ်ပါမှ
အပြစ်ဖြစ်တဲ့အတွက် စိတ်ဟာ အဓိကကျပါတယ်။
စောင့်ထိန်းတဲ့သီလပိုင်းဆိုင်ရာမှာတော့ စိတ်နဲ့ကျုးလွန်ရုံနဲ့
အပြစ်မဖြစ်ပါပေ။
နိဂုံးချုပ်အနေနဲ့ မှတ်ထားရမှာကတော့ မနောကံဟာ
ဝါရိတ္တ-သီလစောင့်ထိန်းခြင်းတွင် မနောကံကြောင့် သီလမပျက်ဘူးဆိုတာရယ်။
စာရိတ္တ-ကိုယ်ကျင့်တရားကျုးလွန်းခြင်းဖြစ်တဲ့
သူတစ်ပါးပစ္စည်းခိုးခြင်းစတာတွေမှာ မနောကံက အရင်ကြံစည်မိတာကြောင့် မနောကံဟာ
စာရိတ္တသီလအတွက်တော့ အဓိကကျလို့ အပြစ်ကြီးဆုံးဖြစ်နေရတယ်ဆိုတာရယ်၊
စာရိတ္တသီလကျုးလွန်တဲ့အခါမှာလည်း မနောကံပါမှ အပြစ်ဖြစ်တယ်ဆိုတာတွေကို
မှတ်ထားဖို့ပါပဲ။
ဒီလောက်ဆိုရင်တော့ ရှင်းမယ်ထင်လို့ ဒီမှာပဲ
နိဂုံးချုပ်ရင်း စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး
အသိပညာများ တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်…..။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
လူတို့၏
ဝင်ရာထွက်ရာ အပေါက်ကို တံခါးပေါက်ဟု ခေါ်သကဲ့သို့ စိတ်စေတသိက်တို့၏
ဝင်ရာထွက်ရာဖြစ်သောကြောင့် မျက်စိစသည်ကို တံခါးပေါက်(ဒွါရ) ဟုခေါ်သည်။
တံခါး (၆) ပေါက်
သတ္တ၀ါတစ်ဦးစီ၏ သန္တာန်၌
(၁) စက္ခုဒွါရ - မျက်စိတံခါးပေါက်၊
(၂) သောတဒွါရ - နားတံခါးပေါက်၊
(၃) ဃာနဒွါရ - နှာခေါင်းတံခါးပေါက်၊
(၄) ၀ိဝှါဒွါရ - လျှာတံခါးပေါက်၊
(၅) ကာယဒွါရ - ကိုယ်တံခါးပေါက်၊
(၆) မနောဒွါရ - စိတ်တံခါးပေါက်၊ အားဖြင့် တံခါး (၆)ပေါက် ရှိလေသည်။
တရားကိုယ်အားဖြင့်
(၁) မျက်စိအကြည် (စက္ခုပသာဒ) ရုပ်သည် စက္ခုဒွါရမည်၏။
(၂) နားအကြည် (သောတပသာဒ) ရုပ်သည် သောတဒွါရမည်၏။
(၃) နှာအကြည် (ဃာနပသာဒ) ရုပ်သည် ဃာနဒွါရမည်၏။
(၄) လျှာအကြည် (ဇိဝှါပသာဒ) ရုပ်သည် ဇိဝှါဒွါရမည်၏၊
(၅) ကိုယ်အကြည် (ကာယပသာဒ) ရုပ်သည် ကာယဒွါရမည်၏၊
(၆) (ဥပေက္ခာသန္တီရဏစိတ် ၂-ပါး၊ မဟာဝိပါက်စိတ် ၈-ပါး၊ မဟဂ္ဂုတ်ဝိပါက် ၉-ပါး ဟူသော ဘ၀င်စိတ် ၁၉-ပါးသည် မနောဒွါရမည်၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
ဘယ်နေရာဒေသမှာမဆို December လမှာတော့ Christmas Holidays ကို အမြဲတမ်းကျင်းပလေ့ရှိကြပါ
တယ်။ အခု အချိန်အခါက December လလည်းဖြစ်ပြန်၊ Christmas လည်းရောက်ခါနီးပြီဆိုတော့
Christmas အကြောင်း သိသိသမျှ၊ ရှာဖွေလို့ရသမျှကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ MYMC ပရိသတ်ကြီး
လည်း ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ စစချင်း Christmas ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကို
အရင်ပြောပြမယ်နော်။
Christmas ဆိုတာ
Christmas ဆိုတာကတော့ Christian တွေရဲ့ ဘုရားသားတော် Jesus ရဲ့မွေးနေ့ကို
ဂုဏ်ပြုသောအားဖြင့် သူမွေးဖွားခဲ့တဲ့နေ့ရက်ဖြစ်တဲ့ December 25 ရက်နေ့ကို Holiday
အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ တစ်ချို့တွေကတော့ December 25 ရက်နေ့က
Jeasus ရဲ့ တကယ့်မွေးနေ့အစစ်မဟုတ်ဘဲ သူမွေးဖွား လာမယ်လို့ နိမိတ်ဖတ်ခဲ့တဲ့နေ့နဲ့
၉ လ တိတိကွာတဲ့နေ့ကို သတ်မှတ်ထားတာလို့လည်း ပြောကြပါတယ်။ Christmas က တကယ်တမ်းမှာ Christan တွေနဲ့
သာ သက်ဆိုင်တဲ့နေ့ဖြစ်ပေမယ့် အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Christan မဟုတ်တဲ့သူတွေကပါ Christmas ကို
ဆင်နွဲနေကြပါပြီ။ ဒီလိုဆင်နွှဲ ကြတဲ့နေရာမှာ လက်ဆောင်ပေးတာတွေ၊ သီချင်းတွေနဲ့ဖျော်ဖြေတာတွေ၊ Greeting Cards
လေးတွေ လှဲလှယ်တာတွေအပြင် Church တွေမှာလည်း ပွဲလမ်းသဘင်တွေအများကြီး ကျင်းပကြပါသေးတယ်။ ဒါ့အပြင်
Christmas သစ်ပင်တွေ၊ အလှမီးလုံးတွေ၊ Jeasus မွေးတဲ့အချိန်နဲ့နေရာကို သရုပ်ဖော်ထားတဲ့အရာတွေနဲ့လည်း အလှ
ဆင်ထားကြပါသေးတယ်။ Saint Nicholas, Father Christmas, Santa Claus လို့ခေါ်ကြတဲ့ ထူးဆန်းတဲ့လူကြီးကလည်း
ကလေးတွေကိုလက်ဆောင်တွေ ယူဆောင်လာပေးကြပါတယ်။
စတင်ပေါ်ပေါက်လာပုံ
Christmas အကြောင်းကို ပြောတော့မယ်ဆိုရင် Christmas ဘယ်လိုဖြစ်လာတာလဲဆိုတာကို
အရင်ပြောဖို့လိုပါတယ်။ တကယ်တော့
Christmas ဟာ Christan တွေအတွက်တော့ နေ့ထူး နေ့မြတ်တစ်ခုပါပဲ။
သမ္မာကျမ်းစာများရဲ့အဆိုအရ အပြစ်တွေနဲ့ပြည့်နှက်နေတဲ့ လူသားတွေကို
ကယ်တင်ဖို့အတွက် ကမ္ဘာလောကရဲ့ဖန်ဆင်းရှင် ဘုရားသခင်က သူ့ရဲ့သားတော် ယေရှု
(Jesus) ကို ဒီကမ္ဘာမြေဆီကို စေလွှတ်လိုက်ပါတယ်။ စေလွှတ်တဲ့နေရာမှာ
အကျင့်သီလနဲ့ပြည့်စုံတဲ့ အပျိုစင်မာရီ (Mary) ဆီသို့ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့ကာ
Jesus ကို ကိုယ်ဝန် လွယ်ထားရကြောင်းကို အသိပေးခဲ့ပါတယ်။ Mary လည်း ဘုရားရဲ့သားတော်ကို ကိုယ်ဝန်
လွယ်ထားရကြောင်း သိတဲ့အချိန်မှာပဲ သူမနဲ့လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ Joseph နဲ့ လက်ထပ်ပြီးတော့ Jesus
မမွေးခင်အထိ စင်ကြယ်စွာပဲ နေထိုင်ခဲ့ကြပါတယ်။ Jesus ကိုMary ကိုယ်ဝန်လွယ်ထားကတည်းက
သူတို့နိုင်ငံရဲ့ အထင်ကရပုရောဟိတ်ကြီး ၃ ပါးက ဒီအကြောင်းကို နိမိတ်ဖတ်နိုင်ခဲ့ကြပါတယ်။ ၉ လပြည့်ု
လို့ မွေးဖွားမယ့်ရက်ရောက်ချိန်မှာ Joseph နဲ့ Mary တို့ဟာ တိုင်းပြည်ကိုပြန်တဲ့ လမ်းခရီးမှာပဲ ရှိနေပါသေးတယ်။
Jesus ကို မွေးဖွားဖို့အတွက်ကို တည်းခိုခန်းတွေမှာ လိုက်လံစုံစမ်းပေမယ့်လည်း
အေးချမ်းတဲ့ ဆောင်းရာသီကလည်းဖြစ်ပြန်၊ ခရီးသွားလာသူများတဲ့အချိန်လည်း
ဖြစ်ပြန်တာကြောင့် ဘယ်အခန်းကိုမှ ငှားရမ်းလို့မရပဲနဲ့ နောက်ဆုံးတော့
နွားတင်းကုတ်မှာသာ တည်းခိုခဲ့ရပါတယ်။ Jesus ကိုလည်း မွေးဖွားပြီး
တဲ့အချိန်မှာ နွားစားခွက်ထဲမှာသာ ပုခက်အစားထည့်ပြီး ချော့သိပ်ခဲ့ရပါ
တယ်။ အဲဒီအချိန်မှာလည်း ပုရောဟိတ် ၃ ပါးဟာ Jesus မွေးဖွားမယ့်အချိန်ကို တွက်ချက်လို့ရတာကြောင့် Jesus ကို
လိုက်လံ ရှာဖွေကြပါတယ်။ဒါပေမယ့်ဘယ်မှာ ရှာရမှန်းမသိဖြစ်နေတဲ့အချိန်မှာပဲ ကောင်းကင်ယံမှာ ခါတိုင်းနဲ့မတူ
အရမ်းထွန်းထင်းနေတဲ့ ကြယ်ကြီးတစ်လုံးကို သွားတွေ့ပါတယ်။ပုရောဟိတ် ၃ ပါးလည်း ဒီကြယ်ကြီးက ထူးဆန်း
တယ်ဆိုပြီး ကြယ်နောက်ကိုလိုက်ပါလာရင်းနဲ့ နောက်ဆုံးမှာတော့ Jesus မွေးဖွားရာ နွားတင်းကုတ်ကို ရောက်ရှိ
လာကြပါတယ်။ ပုရောဟိတ် ၃ ပါးဟာ Jesus ကို တွေ့တွေ့ချင်းပဲ လူသားတို့ကိုကယ်တင်မယ့် အရှင်သခင်လို့ခေါ်
ပြီးတော့ ပါလာတဲ့လက်ဆောင်များကို ဆက်သကြပါတယ်။ ဒီလိုနောက်ခံအဖြစ်အပျက်တွေကြောင့် Christmas
Trees တွေရဲ့ ထိပ်ဆုံးမှာလမ်းပြကြယ်ကို ကိုယ်စားပြုတဲ့ ကြယ်တစ်လုံးအမြဲတမ်း ထားရှိပြီးတော့ သစ်ပင်ရဲ့
အောက်ခြေမှာတော့ ပုရောဟိတ်၃ ပါးကပေးတဲ့ လက်ဆောင်တွေကို ကိုယ်စားပြုကာ လက်ဆောင်ထုပ်တွေ
ထားရှိကြပါတယ်။ နောက်ပြီးတော့ Jesus မွေးတဲ့နေရာနဲ့ ပုံစံတူပြင်ဆင်ထားတဲ့ နွားတင်းကုတ်ကိုလည်း ပြုလုပ်
လေ့ရှိကြပါတယ်။
ဒီ Video ကတော့ Jesus မွေးဖွားတဲ့အကြောင်းကို ရှင်းပြထားတဲ့ Clip လေးပါ။
ပျော်ပွဲရွှင်ပွဲများ
Christmas အချိန်အခါမှာ အမြဲတမ်းလုပ်လေ့ရှိတဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာတော့
Christian မိသားစုအများစုနဲ့ Church တွေမှာသာ ကျင်းပကြတာများပေမယ့်
တခြားနိုင်ငံတွေမှာတော့ အကြီးအကျယ်ကို ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ မြို့လယ်ခေါင်
လူစည်ကားရာ နေရာတစ်ချို့နဲ့ အဆောက်အဦးကြီးတွေမှာ အလှမီးလုံးတွေကို
ပုံဖော်ထွန်းညှိပြီးတော့ ပြိုင်ဆိုင်တာတွေလည်းရှိပါတယ်။ အရမ်းအေးတဲ့နိုင်ငံတွေမှာတော့
ရေခဲတွေ၊ နှင်းတွေနဲ့ပါ ပုံတွေဖော်ကြပါတယ်။ နောက်ပြီးတော့ Christmas မှာဆိုရင်
နှစ်ကုန်ပိုင်းလည်းဖြစ်တော့ ဘယ်ပစ္စည်း ကိုမဆို ထက်ဝက်လောက်ကို ဈေးလျှော့ပြီးရောင်းချလေ့ရှိကြပါတယ်။
အဲဒါကြောင့် Christmas ဆိုရင်တော့ Malls တွေမှာ လူတွေအပြည့်ပါပဲ။ ဒါ့အပြင်လမ်းတစ်လျှောက်မှာလည်း
Christmas နဲ့ဆိုင်တဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ပြီးတော့ ဓါတ်ပုံအတူတူရိုက်ဖို့အတွက်လည်း အဆင်သင့်ရှိ
နေတဲ့လူတွေ ထုနဲ့ဒေးပါပဲ။ ဈေးဝယ်ထွက်ရင်း၊ လမ်းလျှောက်ရင်းနဲ့ အလှမီးတွေကို ကြည့်လို့ရသလို ဓါတ်ပုံတွေ
လည်း ရိုက်ကြပါတယ်။
Christmas Choir
Church တွေမှာတော့ ပျော်ရွှင်စရာဂိမ်းတွေအပြင်ကို ဆုတောင်းပွဲတွေ၊ တရားဟောပွဲတွေလည်း
ပြုလုပ်ကြပါတယ်။ နောက်အထင်ကရတစ်ခုကတော့ သီချင်းလိုက်ဆိုကြခြင်းပဲဖြစ်ပါတယ်။
ဘုရား သခင်နဲ့ Jesus ကို ချီးမွမ်းတဲ့သီချင်းတွေကို အုပ်စုလိုက်စီ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့
လိုက်လံသီဆို ပေးကြပါတယ်။ ဆုတွေလည်း လိုက်တောင်းပေးကြပါတယ်။ သဘောသဘာဝ
ကတော့ ဒီအချိန်မှသည် ဒီအိမ်ပေါ်သို့၊ ဒီအိမ်ပေါ်ရှိလူများဆီသို့ ကောင်းချီးမင်္ဂလာရောက်စေသတည်း။
ဘုရားသခင်စောင့်ရှောက်စေသတည်းပေါ့။ ဒီလိုလာဆိုပေးကြတဲ့ အဖွဲ့တွေ၊လူငယ်တွေကိုလည်း အိမ်ရှင်ကဧည့်ခံကျွေးမွေးရပါတယ်။
ဒါကတော့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ ဒီလိုသီချင်း လိုက်ဆိုတဲ့နေရာမှာ ပြီးပြီးရောလိုက်ဆိုတာမျိုးမဟုတ်ဘဲ
တကယ်ကိုစိတ်စေတနာပါပါနဲ့ ဆုတောင်းပေးခြင်း၊ သီဆိုပေးခြင်းတွေကိုတော့ လုပ်ဖို့လိုအပ်ပါတယ်။
ဒီ Video ကတော့ Christmas မှာ ဆိုလေ့ရှိတဲ့ Christmas Choir ပါ။ နားဆင်ခံစားကြည့်ပါ။
Christmas Eve
Christmas Eve မှာဆိုရင်တော့ မိသားစုလိုက် ထမင်းလက်ဆုံစားကြပါတယ်။
အနောက်နိုင်ငံတွေမှာက မိသားစုအချင်းချင်းက ပွဲလမ်းသဘင်ရှိမှ ဆုံဖြစ်ကြတာမျိုးပါ။ ဒါကြောင့်
Christmas Family Dinner ကိုတော့ အားလုံးလိုလိုက လာဖြစ်အောင်လာကြပါတယ်။ Family
Dinner မှာတော့ မိသားစုအားလုံး ဖွယ်ဖွယ်ရာရာနဲ့ ပျော်ပျော်ရွှင်ရွှင်စားကြပြီး Christmas ကို
အတူတူဆင်နွှဲလေ့ရှိကြပါတယ်။ အမှတ်တရ Cards လေးတွေလည်း အချင်းချင်းလှဲလှယ်ကြပြီး
တော့ လက်ဆောင်တွေလည်း အပြန်အလှန် လက်ဆောင်ပေးကြပါတယ်။ Christmas အချိန်အခါမှာဆိုရင်
ရုပ်မြင်သံကြား လိုင်းပေါင်းစုံကလည်း အထူးအစီအစဉ်အနေနဲ့ Christmas နဲ့ဆိုင်တဲ့ရုပ်ရှင်တွေ၊ သီချင်း
တွေကိုလည်း အမြဲမပြတ်ထုတ်လွှင့် ပေးနေပါတယ်။ လူသိများတဲ့ ရုပ်ရှင်ဇာတ်လမ်းတစ်ချို့ ကတော့
Miracle on 34th Street, A Christmas Story, Elf, The Nightmare before Christmas
စတဲ့ရုပ်ရှင်တွေဖြစ်ပါတယ်။
Santa Claus
Christmas မှာ နောက်ထပ်ထူးဆန်းတဲ့ အရာတစ်ခုကတော့ Santa Claus ဆိုတဲ့ လူထူးလူဆန်း
ကြီးပဲဖြစ်ပါတယ်။ Santa Claus ဟာ တစ်နှစ်ပတ်လုံးမှာ လိမ္မာတဲ့ကလေးတွေကို
စာရင်းမှတ်ထားပြီးတော့ Christmas မှာ လိမ္မာတဲ့ကလေးတွေကို လက်ဆောင်တွေ
လိုက်ပေးလေ့ရှိကြပါတယ်။ ဆိုးတဲ့ကလေး တွေကတော့ ဘာမှမရဘူးပေါ့။ Christmas
ရောက်ပြီဆိုရင် ကလေးတွေအားလုံးဟာ အိပ်ရာဘေးမှာဖြစ်ဖြစ်၊ မီးလင်းဖိုဘေးမှာဖြစ်ဖြစ် ခြေအိတ်လေး
တွေကို ချိတ်ဆွဲထားလေ့ရှိပါတယ်။ ညအိပ်ရာဝင်ခါနီးမှာတော့ ကိုယ်လိုချင်တဲ့အရာတွေကို Santa Claus
က လက်ဆောင်လာပေးပါစေပေါ့။ မနက်မိုးလင်းရင်တော့ သူတို့အတွက် လက်ဆောင်လေးတွေ ခြေအိတ်
ထဲမှာ ရောက်နေစမြဲပါပဲ။
ဒီ Video ကတော့ 1994 တုန်းက ထွက်ခဲ့တဲ့ The Santa Claus ရုပ်ရှင်ဇာတ်ကားပါ။
နောက်အပိုင်းတွေကိုတော့ Youtube မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
ဒီ Video ကတော့ အားလုံးကြိုက်နှစ်သက်ကြမယ့် Mr.Bean ရဲ့ Christmas ဟာသလေးပါ။
ကဲ.. ဒီလောက်ဆိုရင်တော့ Christmas အကြောင်းကို တော်တော်များများပြောပြီးသွားပြီ ထင်ပါတယ်နော်။ လိုအပ်တာ
များရှိခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ လူတိုင်းက Christmas ဆိုလို့ Christmas ဆို
ပြီး လိုက်ပျော်နေတာထက်ကို ဘာကြောင့်လဲဆိုတာ သိပြီးတော့ပျော်ရွှင်ရတာ ပိုအရသာရှိတာပေါ့နော်။ ဒီလို Christmas
အချိန်မှာ MYMC ပရိသတ်တွေအားလုံးလည်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီတစ်ခေါက် Knowledge
101 အတွက် Christmas အကြောင်းတင်ဆက်ပြီးသွားပြီဆိုတော့ နောက်တစ်ခေါက်မှာ ဘယ်လိုထူးထူးခြားခြား
အကြောင်းအရာလေးနဲ့ တင်ဆက်မလဲဆိုတာ စောင့်ကြည့်ရင်းနဲ့ Christmas ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ကြပါစေ။
See Ya Next Round!
Design | Mahuyar