* * ဗုဒ္ဓဘာသာဝင်တိုင်း သတိထားစောင့်ကြည့်ရမည့် ကိုးဘွဲ့ရ ဘုန်းကြီး လူထွက်ပါဟု လိမ်ညာနေသော ခရစ်ယာန်ဓမ္မဆရာ * *

155 views
Skip to first unread message

Pao Wyne

unread,
Feb 13, 2012, 11:38:31 AM2/13/12
to paowyne, aurorageneration
* * ဗုဒ္ဓဘာသာဝင်တိုင်း သတိထားစောင့်ကြည့်ရမည့် ကိုးဘွဲ့ရ ဘုန်းကြီး
လူထွက်ပါဟု လိမ်ညာနေသော ခရစ်ယာန်ဓမ္မဆရာ * *
by လင်္ကာ အရှင် on Sunday, February 12, 2012 at 11:29pm ·

ကျွန်ုပ်မွေးနေ့နှင့်တိုက်တိုက်ဆိုင်ဆိုင် ကိုးဘွဲ့ရ ၀ဋံသကာ
ခရစ်ယာန်ဓမ္မဆရာကြီး၏ ဖွင့်ဟ၀န်ခံချက်ဆိုတာတွေ ဖေ့ဘုတ်မှာပလူပျံလာခဲံပါတယ်
ဗုဒ္ဓဘာသာဝင်တွေရင်ထဲမှာကလည်း စိတ်မကောင်းဖြစ်ကြရတယ် မသိနားမလည်တဲ့
မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေ ယောင်ကုန်မှဖြင့်
နောက်ခရစ်ယာန်အဖွဲ့သားများကိုယ်တိုင်ကလည်း မစူးမစမ်း ပြောသမျှယုံပြိး
ပွပေါက်ပဲ ဆိုကာ လက်ခံပြီး

"မိတ်ဆွေတို့..ဗုဒွဘာသာ မှာ PHD
အထိပညာသင်ကြားခဲ့တဲ့..ဆရာကြီးတပါး.....နိင်ငံတော် အကြီးအကဲ များက
ကိုယ်ကွယ်ခဲ့တဲ့ ဆရာကြီးတပါး....ဘယ်လိုနည်း နဲ့ ခရစ်တော်ယေရူကို လက်ခံ
ခဲ့သလည် ဆိုတာနာထောင်ကြည့်ပါ....ဘယ်လို သက်သေရခဲ့သလည် ဆိုတာ
နာထောင်ကြည့်ပါ..." လို့ ၀ါဒဖြန့်လာကြပါတယ် ။မိမိကလည်း
မွေးနေ့ဆွမ်းကပ်အတွက်အလုပ်ရှုပ်နေချိန်ဖြစ်လို့ အသာကြည့်နေခဲ့ရတာပါ ။ ယ္ခု
အသေချာ analysis လုပ်လည်းပြိးရော ဖိုင်ကိုတော့ပြန်ဖြုတ်သွားပါပြိ
ဒါပေမယ့် ရေးလက်စလေး အပြီးသတ်ပြိး
နောင်ယုံထင်ကြောင်ထင်မဖြစ်ကြစေဖို့တင်ပေးလိုက်ပါတယ် ။ ယင်းကိစ္စကိုလည်း
အဖြူအမည်းကွဲအောင် စုံစမ်းကြဖို့လိုပါလိမ့်မယ်


........................................................................

ပြသနာရဲ့ဇစ်မြစ်က သီရိလင်္ကာ ကိုလံ ဗုဒ္ဓတိသရဏ ယူနီဗာစတီက PhD
ရသွားတာဆိုတာကနေ စတော့တာပဲ

သီရိလင်္ကာပညာတော်သင်တွေထဲက ဒေါက်တာဘွဲ့ရတာက ယခုတိုင်သုံးပါးသာရှိသေးတာ
ယင်းသုံးပါးထဲလည်း သူ့နာမည်မပါဘူးလို့ သတင်းတွေကထွက်လာတယ်လေ
-ဘာလို့လည်းဆိုတော့ သီရိလင်္ကာမှာ အမ်အေတက်ပြီး နောက်နိုင်ငံဗဟုသုတလည်းရ
အချိန်တိုတွင်းလည်း ဒေါက်တာဘွဲ့ပြီးကြအောင် အိန္ဒိယကိုကြွရောက်
ပညာသင်ကြားကြလို့ သီရိလင်္ကာဒေါက်တာသုံးပါးသာပေါ်ထွက်ခဲ့ရခြင်းဖြစ်ပါါတယ် ။
ယင်း ဒေါက်တာသုံးပါးကတော့

၁။(၂၀၀၈)ခုနှစ်မတိုင်ခင်က ကေလနိယတက္ကသိုလ်မှ ဦးပညာဝံသ၊

၂။ပေရာဒနိယတက္ကသိုလ်မှ ဦးနရိန္ဒ

၃။ ယခုနှစ်မှ ဒေါက်တာဘွဲ့ပြီးခဲ့တဲ့ ဆရာတော်ဦးဝဏ္ဏသီရိ ဆိုတဲ့
အရှင်သုံးပါးသာ လင်္ကာကနေ ဒေါက်တာဘွဲ့ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။ဒါပြင်
ဒေါက်တာဘွဲ့ထိ ဆက်မတက်ဘဲ M.phil ဘွဲ့(၄)ပါး ရရှိခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာပြည်မှ သီရိလင်္ကာဒေါက်တာ(၃)ပါးရရှိသွားပြီး M.phil
ဘွဲ့(၄)ပါး ရရှိသွားကြတယ်လို့ ကြားသိရပါတယ်’

အထက်ပါ အကြောင်းအရာကတော့ မဏ္ဍိုင်ကျောင်းတိုက်ကနေ အစိုးရက
အိန္ဒိယပညာတော်သင်လွှတ်လို့ အိန္ဒိယ နာလန္ဒာတက္ကသိုလ်ကနေ M.A ဘွဲ့ရရှိခဲ့ပြီး
သီရိလင်္ကာသို့ပြောင်းရွှေ့ပညာသင်ကြားကာ ကိုလံဘိုမြို့ ဗုဒ္ဓတိသရဏ
ယူနီဗာစတီကနေ PhD ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံတော် အစိုးရကနေ
ဝဋံသကာဘွဲ့ပင် ချီးမြင့်ခြင်းခံခဲ့ရတယ်လို့ပြောဆိုလိုက်တဲ့
ခရစ်ယာန်ဓမ္မဆရာလုပ်နေသူ ဘုန်းကြီးလူထွက်ရဲ့ စကားအရ ဟုတ်မဟုတ်မှန်မမှန်
လိုက်လံသုတေသနပြုကြည့်ခြင်းဖြစ်ပါတယ်။

ဒီလောက်အဖြေကရှင်းနေတာတောင်မှ မိမိအရမ်းကာရော
မဆုံးဖြတ်ချင်သေးပါဘူး ယင်းဓမ္မဆရာကိုယ်တိုင် ယင်း၏ဂုဏ်သိက္ခာအတွက်
မည်သည့်ခုနှစ်မှာ မည်သည့်ကျမ်းစာကိုပြုစုရေးသားပြီး
မည်သို့ဘွဲ့ရခဲ့ကြောင်း ရှင်းလင်းပေးဖို့လိုပါလိမ့်မယ်

ဗုဒ္ဓတိသရဏတက္ကသိုလ်က PhD ပြီးခဲ့တယ်ဆိုတော့ ဟုတ်ပါပြီး
ဘယ်ခုနှစ်မှာပြီးခဲ့တာလဲ နောက် ယင်းတက္ကသိုလ်ကဘယ်နေရာမှာတည်ရှိတာလဲ
ဆိုတာလေ ။ သူတို့လိပ်စာတိကျပေးနိုင်ရင် သူရေးတဲ့ကျမ်းကိုပါ
သွားစုံစမ်းမှာပါ ။ ကိုလံဘိုဆိုတာ ကျဉ်းကျဉ်းလေးပါ သူ့ ပညာရေးသမိုင်းကို
ဦးဇင်းကိုယ် တိုင်သွားစုံစမ်းမှာဖြစ်ပါတယ် ဒီမှာအခု စုံစမ်းနေကြတာ
ဒီတက္ကသိုလ်က ကြားမကြားဖူးဘူးဆိုပဲ၊ဘွဲ့ရခဲ့တယ်ဆိုရင်တောင်မှ အဲဒီက
ပရောဖက်ဆာတွေသွားမေးဦးမှာ သူဘယ်နှစ်နှစ်တက်ခဲ့သလဲ ဘာsubject လဲဆိုတာလေ
။ကိုလံဘိုနေခဲ့တယ်ဆိုရင် ဘာလို့ မကုဋာရာမကိုသူမသိရမှာလဲ ။

စာရေးဆရာ တက္ကသိုလ် ငြိမ်းလွင် ၊ ဒေါက်တာဇီဝက ၊ ဒေါက်တာအေးကျော်
ဒေါက်တာကျော်ကျော်လွင် ဆိုတဲ့ ပဲခူးမြို့က အထင်ကရဆေးဆရာဝန်ကြီးများက
သူ့ရောဂါကိုကုပေးခဲ့ကြတယ်လို့ပြောပါတယ် ။ ဟုတ်ပြီ ဒီတော့
ယင်းသမားတော်ကြီးများထဲမှ ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာကိုးကွယ်သူ
ဆရာဝန်ကြီးများထံ နီးစပ်ရာဗုဒ္ဓဘာသာတကာတကာမများက သွားရောက်တွေ့ဆုံပြီး
ယင်းလူထွက်ဆရာတော်၏ Biography ကို စုံစမ်းကြစေလိုပါတယ်

၊ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးဌာနမှာ
ဒုတိယညွှန်ကြားရေးမှုလုပ်နေတဲ့ စာရေးဆရာ မနုဿကျော်ဝင်း ကလည်း
သူ့ဆီအမြဲတမ်းလာပြီး ရောဂါအခြေနေကိုကြည့်ပေးခဲ့တယ်လို့ဆိုပါတယ်
အင်တာနက်မှာ မနုဿကျော်ဝင်းအကြောင်း ရှာကြည့်ရာမှာတော့ သူဟာ ကချင်ပြည်နယ်
မြစ်ကြီးနားဇာတိလို့သိရပါတယ် ။ ဒါဆိုသူကရော ခရစ်ယာန်လား ။
မိရိုးဖလာဗုဒ္ဓဘာသာလား ဟန်ဆောင်ကောင်းပြီး ယင်းဓမ္မဆရာနဲ့
လက်ဝါးရိုက်ထားသူတစ်ယောက်လား စုံစမ်းကြဖို့လိုပါလိမ့်မယ်။ ။

အရိပ်မထွက်တဲ့ အလင်းမြင်တာနဲ့ ထာဝရဘုရားကိုယုံသွားတယ်ဆိုတာလည်း
တော်တော်လေးစိတ်ဝင်စားမိတယ် ။ဘာ့ကြောင့်လည်း ဘုရားရှင်လက်ထက်တော်က
အနာထပိဏ် သူဋ္ဌေးကြီး စီးပွားကျတဲ့အခွင့်ကောင်းကိုစောင့်ပြိး
တိုက်ခန်းတစ်ခန်းလုံးလင်းထိန်ကာ ကိုယ်ထင်ပြလာတယ် အလင်းတင်မဟုတ်ဘူး
မြင်ကိုမြင်ရတယ် ။ သူဋ္ဌေးကြီးက မေးလိုက်တယ် မင်းဘယ်သူတုန်း ။ ကျွန်ုပ်
တံစားစောင့်နတ်ပါ ။ဟုတ်ပြီလေ မင်းဘာပြောချင်လို့လဲ
သူဋ္ဌေးကိုသတိပေးချင်လို့ပါ ။ အင်းဆိုပါဦး ။ သူဋ္ဌေးက ရှင်ကြီးဂေါတမနဲ့
ရဟန်းတွေကိုနေ့စဉ်ဆွးမ်းကျွေးတယ် မရှိဆင်းရဲသားတွေကိုကျွေးတယ် မွေးတယ်
စည်းပွားရေးလည်းမလုပ်ဘူး ခုတော့မွဲပြီ ကြာရင်မလွယ်ဘူး ဒီတော့
ဒီအချိန်ကစပြီး ဆွမ်းဝတ်ဖြတ်ပြီး စည်းပွားပြန်လုပ်ပါ သူဋ္ဌေးကြီး ။ အော်
မင်းပေးတဲ့သြ၀ါဒက ဒါလား ။ ငါတို့လို အရိယာသူတော်ကောင်းတွေက
ရတနာသုံးပါးနဲ့ကင်းပြီးမနေနိုင်ဘူး ဒီတော့ လှုတာတန်းတာကိုမနှစ်သက်တဲ့
အသင်နတ်သာ ငါ့အိမ်ခြံဝင်းကထွက်သွားပါ ။ အနာထပိဏ်ဆိုတာ
အရိယာသောတာပန်ကြီးမလား ကိုယ်ရောင်ကိုယ်ဝါ ကမ္မဇိဒ္ဓိလေးရရုံမဟုတ်လား
ဒီတော့မှ အရိယာစကားကိုမပယ်ရှားရဲတော့ အိမ်ကထွှက်သွားရရှာတယ် ဆိုလိုတာက
အနာထပိဏ်တို့လည်း အလင်းတင်မကဘူး ပုံပါမြင်ရပါသဗျာ ။ နောက်
သုပ္ပဗုဒ္ဓလူနူကြီးတို့ သိကြားမင်းကိုယ်တိုင် မင်းရတနာသုံးပါးကို
ရတနာမဟုတ်ပါဘူးပြောကွာ တစ်သက်စားမကုန်အောင်ရွှေတွေငွေတွေပေးမယ်ဆိုတော့
မင်းဘယ်သူလဲ ငါသိကြားမင်းပါ သွားစမ်းသိကြားယုတ်
ငါ့လိုအရိယာသာဝကတစ်ယောက်ကို လူမွဲပြောရလား ငါ့မှာ
သူတော်ကောင်းဥစ္စာ(၇)နှစ်ဖြာရှိတယ်ကွ မင်းလို သဒ္ဓါဆိုတဲ့ဥစ္စာချို့နေတဲ့
သိကြားမွဲမဟုတ်ဘူးတဲ့ သိကြားမင်းလည်း ဆက်မစုံစမ်းရဲတော့ဘူး ။

ဘုရားရှင်ကိုအသက်ပေးကြည်ညိုတဲ့ အစလသဒ္ဓါသမားများဆိုတာ
အဲလိုဖြစ်သွားတာပါ ခုဟာက ထာဝရဘုရားဖြူသလား မည်းသလားတောင်မသိရပဲ
အရိပ်မထွက်တဲ့အလင်းမြင်တာနဲ့ ခရစ်တော်ကိုယုံပါပြီလို့
ဒူးထောက်နေမိတယ်ဆိုတဲ့ စကားဟာ မဟာအံ့စရာပဲ ။

“၀င်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့လာကြလော့ ငါသည်ချမ်းသာပေးမည်
သင့်ကိုလူမျိုးတစ်ကာအတွက် ငါခွဲခန့်ထားမည်” လို့
ရေရှုပြောသံသူကြားရတယ်ဆိုပဲ ပရောဖက်တစ်ယောက်များဖြစ်နေလေရော့သလား
ဘာ့ကြောင့်လည်း အသံကြားရတယ်ဆိုပဲ ယေရှုခရစ်တော်က ပါဠိနဲ့ပြောလိုက်သလား
မြန်မာနဲ့ပြောလိုက်လေသလား ပြန်မေးလိုက်ဖို့သင့်ပါတယ် ၊

နောက်ပြီး ပဉ္စမသံဃာယနာတင်စဉ်က တောင်မပါဝင်ခဲ့တဲ့
အပယ်ခံထားရတဲ့စာအုပ် ကို ဘုရားဟောတယ်လို့ ပြောရအောင်
ဘယ်လိုသက်သေပြနိုင်ပါသလဲ၊ ဦးဇင်းတို့ထေရပါဠိတွေက ခိုင်လုံပြိးသားပါ
ဘယ်သူကပြောပြော နှီးနှောတိုက်ဆိုင်ကြည့်ဖို့ သုတ်အဋ္ဌကထာဋီကာ တွေရှိပါတယ်
များလို့များ တစ်အုပ်နဲ့တစ်အုပ်အဆိုမတူပါဘူး မထင်လိုက်ပါနဲ့မှားသွားမယ် ။
ဘုရားရှင်တို့မည်သည်
စကးနှစ်ခွနှစ်မျိုးပြောရိုးထုံးစံမရှိဘူးလို့မှတ်ထားပါ ။ ယင်းစာအုပ်က
ဘုရားဟောတော်မူတဲ့ကျမ်းစာအုပ်ဆိုလျှင် ပါဠိတော်ဆိုရင်
ကျမ်းနာမည်မည်သို့ခေါ်ပါသလဲ ။မည်သည့်နိကာယထဲပါပါသလဲ ဒီဃနိကာယ်လား
မဇ္ဈိမထဲသွင်းရမှာလား လက်တွေ့ပြနိုင်မှ လက်ဖြစ်မဟုတ်တဲ့ဘုရားဟောလို့
ပြောရမှာဖြစ်ပါတယ် ။

ဗီရိုထဲက စာအုပ်တွေအကုန်လုံးလည်းအလွတ်ရနေတယ် ဆိုတာကလည်း တိပိဋက
အာဇာနည်တစ်ပါးလို့ပဲ သတ်မှတ်ရမလိုပဲ
ဘုန်းကြိးကျောင်းတွေစာသင်တိုက်တွေမှာက ပိဋကတ်သုံးပုံနှင့်
အဋ္ဌထကာတွေကိုပူဇော်ထားကြတာမလား အလွတ်ရနေတယ်ဆိုတော့ အစိုးရက
ဘာလို့တိပိဋကမပေးခဲ့ပါလိမ့်လို့ပဲ တွေးလိုက်မိတယ်။

ပဉ္စမသံဃာယနာအရင် သီဟိုဠ်မှာရှိနေတဲ့
ထေရ၀ါဒပိဋကတ်တွေကိုခွင့်တောင်းပြီး
ရှာဖွေကြည့်ရှုတိုက်ဆိုင်ကြည့်လို့ရပါတယ် ။

စာမျက်နှာတစ်ရာ့နှစ်ဆယ်ရှိသောစာအုပ်။ ငါးဆယ်ခုနစ်မိနစ် ပဲကြာတယ်
တဲ့ ဒါပေမယ့်ခက်တာက ဒီဆရာက သူ့ကိုသူ ဘဒ္ဒန္တ သုမနာလင်္ကာရ ပါဠိပါရဂူ ကောဝိဒ
ဝဋံသကာ မဟာပဏ္ဍိတထေရ်လို့ ပြောသွားပါတယ်

ကျွန်ုပ်တို့သာသနာမှာ လင်္ကာရဘွဲ့ကိုမိမိဖာသာတပ်လို့မရပဲ
သာမဏေကျော်ဘွဲ့ရမှသာ အသင်းကဆက်ကပ်လှုဒါန်းပြီး သုမနကို
သုမနာလင်္ကာရလို့မှည့်ခေါ်ရတာဖြစ်ပါတယ် ရဟန်းတော်များအတွက် အဘိဝံသ
ဘွဲ့အောင်တဲ့ရဟန်းတော်တွေထဲမှာမှ အမှတ်အများဆုံးမန္တလေးအသင်းမှာဆို
နှစ်မခြားပဲအောင်မှသာ ဆက်ကပ်လို့ရတဲ့ဘွဲ့တံဆိပ်မျိုးပါ

ဟုတ်ပြိလေ ပညာချွန်လို့အစိုးရကဆက်ကပ်ထားသည်ပေါ့

ဒါဆိုသူ့ပရိယတ္တိအရည်အချင်းအစစ်အမှန်က ဘယ်လောက်ရှိသလဲလေ့လာကြည့်ရအောင်

ဦးစောမောင်နိုင်ငံတကာသွားတဲ့ခရီးစဉ်မှာ သူပါခဲ့တယ်ဆိုတာ
သင်္ကန်းးဝတ်နဲ့လား ဟုတ်မဟုတ်ကို လက်လှမ်းမှီသူများလည်း ၀ိုင်းးဝန်းပြိး
သုတေသနပြုပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။ PA ဆန်ဆန် ဘော်ဒီကပ်ဆန်ဆန်
သူလျှိုဆန်ဆန်ရဟန်းတစ်ပါး အဲဒီတုန်းကတကယ်ရှိခဲ့ပါသလား သမ္မတကြီးဘေးမှာလေ ?

ဘုရားကပရိနိဗ္ဗာန်စံတော့မယ် အာနန္ဒာကမေးတယ် အရှင်ဘုရားမရှိတော့ရင်
တပည့်တော်တို့ ဘယ်သူအုပ်ချုပ်မလဲ ၊ သွင်သင်မလဲ အရှင်ဘုရားက
စစ်မှန်တဲ့ဘုရားလား ဒါမှမဟုတ် စစ်မှန်တဲ့ဘုရားဆိုတာ ရှိသလားတဲ့လေ ။….

ဗုဒ္ဓဘာသာဝင် အို သူတော်စဉ်အပေါင်းတို့ အရှင်အာနန္ဒာဟာ အရိယာ
သောတာပန်တပည့်ကြီးတစ်ဦးပါ ပထမသံဃာယနာမှာတော့ ရဟန္တာမထေရ်ကြီးအဖြစ်နဲ့
သုတ်အဘိဓမ္မာတို့ကို သံဃာယနာတင်ခဲ့တဲ့ မဟာပညာကျော်ကြီးပါ အစလသဒ္ဓါ
မတုန်လှုပ်တဲ့ ယုံကြည်မှုခိုင်မြဲပြိးသူက ဒီလိုမေးသတဲ့လား
ဒါ့ကြောင့်အဲဒီကျမ်းကို အလိမ်အညာထည့်သွင်းလုပ်ဇာတ်ခင်းတယ်ဆိုပြိး
ပယ်ထားတာပါ ရှိခဲ့ရင်တောင်မှလေ ရှိမှာလည်းမဟုတ်ပါဘူး

အဟံ ဥတ္တမံ ပုရိသောလို့ ပါဠိကို
အမှားမှားအယွင်းယွင်းရွတ်လိုက်တယ်ဆိုကတဲက သူဘယ်လောက်အဆင့်တန်းရှိတယ်ဆိုတာ
သပေါက်ပေါက်လို့ရပါတယ် ။

ယင်းအမှားအယွင်းမျိုးက ရွံ့စရာကောင်းလှတဲ့ အမှားမျိုးဖြစ်နေပါတယ်။

ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။ ဆိုတဲ့ဂါထာကိုကြည့်လိုက်ပါ
ဥတ္တမော ။မြတ်သော ဂန္ဓော ၊ရနံ့ အဲဒီလို ၀ိသေသန ၀ိသေသျပုဒ်တွေမှာ လိင်
ဂိုဏ်း ကာရံတူရပါတယ် ။

ဒါ့ကြောင့် ဥတ္တမော ပုရိသော ယောက်ျားမြတ်ဆိုက မှန်တဲ့ပါဠိပါ အဟံ
ဥတ္တမံ ပုရိသော ဆိုပြိး ရှေ့ဆုံး နပုံလိင် အံ ကာရန်နဲ့အညီနောက် က
ပုရိသောရဲ့ ၀ိသေသန ဥတ္တမော ကိုဥတ္တမံ လို့ရွတ်ဆိုနေတာကတော့
ဓီဓီ-စက်ဆုပ်ရွံရှာဖွယ်ကောင်းလေစွ တကာ(ကြီး) လို့ပဲ
ကောင်းချီးပေးရမလိုဖြစ်နေတယ်။ အဟံ ဥတ္တမံ ပုရိသော ငါဟာ ယောက်ျားတကာတို့ထက်
မြင့်မြတ်သော လူသားပင်ဖြစ်တယ် ၊

ဧကော ဗုဒ္ဓေါ အတ္ထီတိ တစ်ဆူတည်းသော ဘုရားသာရှိတယ်၊ လို့ဆိုရာမှာလဲ

အတ္ထီတိ (အတ္ထိ+ဣတိ)လို့ဖြစ်နေပါတယ် ။ ဣတိသဒ္ဓါ ဘာအနက်ထွက်လဲတောင်
သိရဲ့လားမသိပါဘူး ။ ဣတိ-ဤသို့ /ထို့ကြောင့်လို့ အနက်ပေးပြန်ရင်လည်း
ဘုရားစကားတော်ကို တစ်စုံတစ်ယောက်ကပြန်ပြောပြနေသယောင်ဖြစ်သွားပါလိမ့်မယ် ။

ပစ္စေကာနဉ္စ ယော ဇိနော လို့ ပုလ္လိင်သြကာရန္တနဲ့ရှိပြိး
ဆဋ္ဌီတပ္ပုရိတ်နဲ့ ဇိနဿမရဏံ ဘုရားရှင်၏ မရဏံ
သေခြင်းသည်-လို့ပဲပါဠိအမှန်ရှိရမှာပါ စက်ဆုပ်ဖွယ်ကောင်းလှပေစွ

ကိံကရဏံ ဧကော ဗုဒ္ဓေါ အတ္ထီတိ ဘယ်မှလလည်း တစ်ဆူတည်းသောဘုရားလို့
အရှင်အာနန္ဒာပြန်မေးတယ်ဆိုတာလည်း တပည့်တစ်ယောက်သာဆို
ပါးပိတ်ရိုက်ဖို့ကောင်းတယ် တပည့်မကောင်းဆရာ့ခေါင်းလေ ကိံကာရဏာ ၊
အဘယ်အကြောင်းကြောင့်ပါနည်းဟုသာ အနက်ပြန်ရမှာပါ ၊ ဒါပေမယ့် ဒီနေရာက ကသ္မိ
ံကာလေ ။ဘယ်အခါမှာပါလည်းဘုရား ကော ဘယ်သူပါလည်း စသည်ဆိုတော်သေးတယ်။

“ချစ်သားတို့ တစ်ပါးသောအချိန်အခါမှာ တစ်ခုတည်းသော တရားဖြင့်
ရှုမှတ်ပွားများ ဆင်ခြင်အောက်မေ့ နှလုံးသွင်းတဲ့အခါ တစ်ဆူတည်းသော
ဘုရားကိုငါတွေ့တယ် ထိုဘုရားဟာ မယ်တော်ဖြစ်တဲ့ မာရိအမည်ရှိတဲ့
အပျိုကညာကမွေးသောသားဖြစ်တယ် သူဟာ ဓားလှံလက်နက်နဲ့ ပရိနိဗ္ဗာန်စံမယ်
ပရိနိဗ္ဗာန်စံပြီး မှ ပြန်ရှင်တဲ့ဘုရားဖြစ်တယ်”တဲ့လေ ဖြစ်နိုင်ပါသလား
သာမန်မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေတောင် စဉ်းစားရင်
အမှားကြီးမှန်းသိနိုင်ပါတယ် ။

ဘာလို့လဲ -

(၃) အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။

(၃) မြတ်စွာဘုရားတို့သည် သူတပါးတို့၏ လုံ့လပယောဂဖြင့် ပရိနိဗ္ဗာန်စံရိုးမရှိ။

သူတပါးတို့၏ လုံ့လပယောဂ လုံးဝမရှိဘဲလျက်သာလျှင် ပရိနိဗ္ဗာန်စံတော်မူကြကုန်၏။

စသည်ဖြင့် ဘုရားရှင်ကိုယ်တောင်တိုင်ဟောထားပြီးသားပါ ဒါဆိုရင်
ဓားလက်နက်နဲ့သေဆုံးပြိး ပြန်လည်ရှင်သန်ထမြောက်၏ဆိုလျှင် ဘုရားမဟုတ်တာ
အသေချာပါပဲ ။ ရှင်းပါတယ်။

မာတာ မာရိနာမ ကညာယ ပုတ္တော လို့ရွတ်သွားတာကလည်း
အမြှီးအမောက်မတည့်လိုက်လေခြင်းလို့ စက်ဆုပ်မိပြန်ပါတယ် မာရိနာမ ကညာယ
မာတုယာ ပုတ္တောလို့ ပါဠိစကားရှိသင့်တာပါ မိခင်၏သားလို့ အနက်ပေးရမယ် ခုဟာက
မာတာ ဆိုတာလည်း ပထမာဝိဘတ် ပုတ္တောကလည်းပဌမာဝိဘက် ဘယ်လိုမှ
အနက်ထွက်လို့မရပါဘူး ။

အင်း အစိုးရက ပဋံသကာ
ဦးဆောက်ပန်းကပ်လှုခဲ့တဲ့ဘုန်းကြီးလှုထွှက်ကြီးရယ် သာသနာတော့
ဒီဦးဆောက်ပန်းနဲ့ကြမှ ခါးတောင်းတခြား ဟ၀ှါတစ်ခြားဖြစ်ကုန်တော့မှာပဲလို့
တွေးလိုက်မိတယ် ၊

သတ္ထဒဏ္ဍန လို့ ဆိုမှမှန်ပါတယ်( ဓား+ဒုတ်လို့ဘာသာပြန်ရမှာလေ )

ပရိနိဗ္ဗုတေလို့လည်း အမှားမှား အယွင်းယွင်းလုပ်လိုက်ပြန်ပါတယ် ..
တေမဟုတ်ရပါဘူး ပ၇ိနိဗ္ဗုတော ဆိုမှ မှန်မှာလေ ပုံလိင်သြကာရန္တရှိရမှာ အံမလေး
ခရစ်ယာန်ဓမ္မဆရာဖျက်မှ ပါဠိစာပေတွေ အကုန်ပျက်ရချည်ရဲ့ ၊

ဇီဝိတာဝေါရောပေယျ ဇီဝကီရိတော တဲ့ ရွတ်ချလိုက်ပြန်တယ်ဗျို့ ။ ဇီဝိတာ
ဝေါရောပေယျ ဆိုရင် သတ်ရာ၏လို့ အဓိပ္ပါယ်ထွက်ကုန်မှာပေါ့ အမှတ်တကယ်က မရဏံ
ကရိတွာ ပုန ဇီဝိဿတိ သေဆုံးခြင်းကိုပြုပြိး၍ တဖန်ပြန်လည်းအသက်ရှင်၏လို့
ပါဠိစီလိုကစီရမှာလေ ။

သတ္တမီဝိဘက်ကို မရေရာမှု(Supposition)

သံသယ(Doubt)

ဖြစ်နိုင်ချေ(Possibility)

နုညံ့တဲ့ခိုင်းစေမှု(Mild Command)

တောင်းဆိုမှု(Request)

ဖိတ်ခေါ်မှု(Invitation)

ယဉ်ကျေးတဲ့မေးခွန်း( Courteous Question)နဲ့

ဝတ်ပြုဆုတောင်းခြင်း( Prayer) ဆိုတဲ့ အဓိပ္ပါယ်တွေနဲ့ ဒီကြိယာတွေကို
သုံးစွဲရပါတယ်..။ သေပြီး ပြန်ရှင်တယ်လို့ ပါဠိစီချင်ရင်တော့ မရိတွာ ပုန
ဇီဝိဿတိလို့စာစီရမှာပါ ဒါတောင်မှ ယုတ္တိယုတ္တာမရှိလို့ အဓိပ္ပါယ်မဲ့နေမယ်လေ
သေပြီးပြနှ်ရှင်သန်ထမြောက်တယ်ဆိုတော့ ပြိတ္တာတို့ နတ်တို့ တစ္ဆေ သရဲတို့လို
သြပပါတိက နွယ်ဝင်နောက်ဘ၀လို့ပဲ ထေရဗျုးကသတ်မှတ်ပါတယ် ဇီဝိတာ ဝေါရောပေယျ
ဆိုတာက အသက်မှ ခွင်းမူလည်းခွင်းရာ၏လို့ ဖြစ်နိုင်ချေကို တင်ပြတဲ့
ပါဠိနောက် သေ၏ဆိုတဲ့ ပါဠိအစား ဇီဝိတာ ဝေါရောပေယျ သတ်မူလည်းသတ်ရာ၏လို့
မှားယွင်းရွတ်ဆိုနေတာ ရှက်ဖွယ်လိလိကောင်းလေစွ ။

ပါဠိစာပေက သတ္တမီဝိဘတ်အကြောင်းလေး နည်းနည်းအမြည်းဖတ်ကြည့်ကြဦးပေါ့ဗျာ
ဒါဆို ဇီဝိတာဝေါရောပေယျဆိုတာကို

“ အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော

ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။

အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ”

လို့ဆိုတဲ့ ဘုရားရှင်မိန့်ခဲ့တဲ့စကားတော်တစ်စွန်းတစ်စကြားဖူးတာနဲ့
ကောက်ရွတ်လိုက်ဟန်တူရဲ့ တကယ်ကတော့ နကန်းတစ်လုံးမှမသိတာ သေချာတယ် ။

မနုဿကျော်ဝင်းဆိုသူ စာရေးဆရာကြီးက သူ့အကြောင်းကို *ခန္တီလက်သုံး
မြတ်သောဘုန်း *ဆိုပြီး သူ့အကြောင်း စာအုပ်ထုတ်ထားပါသေးသတဲ့
အဲဒီစာအုပ်လည်း တကယ်ဖတ်ချင်ပါတယ်ဗျာ ကျော်ဝင်းကို
အင်တာနက်မှာရှာကြည့်တော့ သူက ကချင်ပြည်နယ်
မြစ်ကြီးနားဇာတိဆိုတာကိုတွေ့ရတယ် ။ သူကခရစ်ယာန်လား ဆိုတာကိုပါ
ထည့်သွင်းလေ့လာရမယ်ထင်တယ် ။

၉၅ မေလ၂၀ ရက်မှာ “ မင်းအတွက်ငါ အသွေးသွင်းပေးပြိးပြီ
မင်းငါ့အတွက်ဘာလုပ်ပေးသလဲ”လို့ ခရစ်တော်က အကြွေးလာတောင်းသကဲ့သို့
သူ့ကိုဆက်သွယ်လာတယ်လို့လည်း ဆိုထားပြန်ပါတယ် အံ့သြဖွယ်ကောင်းလေစွ အခြား
ခရစ်ယာန်ဓမ္မဆရာတွေတောင် သူလိုကြားဖူးချင်မှကြးဖူးကြမှာပါ ။

လူထွက်ပြီးနောက်မှာလည်း လေဒီယိုကလွှင့်တဲ့တရားတွေကို ကျမ်းပိုက်ပေါင်း
ခြောက်ရာကျော်လောက်ရတယ်ဆိုပဲ တော်တော့တကယ်တော်ပါတယ်ဗျာ
မှတ်ညာဏ်ကောင်းလေစွ ။ဟုတ်၏မဟုတ်၏ကတော့ သူ့အပိုင်းသာဖြစ်ပါတယ်။

၁၉၉၉ခုနှစ်မှာ မန္တလေးမြို့က ဒေါက်တာဖေ၀င်းဆီသွားတွေ့တယ်
သူမသေကြောင်းသွားပြောတော့ အံ့သြသွားတယ်
နောက်သူကခရစ်ယာန်သမ္မာကျမ်းစာအုပ်ကိုပေးတော့ ဗမာလိုဖတ်ရတာ
အားမသန်ဘူးဆိုလို့ KGV ဘာသာနဲ့ စာအုပ်ကိုပေးခဲ့တယ်ဆိုပဲ ။
ယင်းဒေါက်တာဖေ၀င်းဆိုတာကရော ခရစ်ယာန်တစ်ယောက်ဖြစ်သွားတယ်ဆိုပဲ
သူမဟောကြားမသိမ်းသွင်းခင်ထဲက ခရစ်ယာန်ဖြစ်နေခြင်းလော
သူဟောကြားမှဖြစ်သွားခြင်းလောဆိုတာကိုတော့ စဉ်းစားရမယ် ဘာ့ကြောင့်လည်း သူက
ဗမာလိုဖတ်ရတာအားမသန်ဘူးပြောတော့ kgv
ဘာသာနဲ့ရေးထားတဲ့စာအုပ်ပေးခဲ့တယ်ဆိုပဲ ။

အောင်တော်မူဆိုတာ နန်းရှေ့အောင်တော်မူက ဘုန်းကြီးကိုယ်တိုင်
လူထွက်ပြီးခရစ်ယာန်ဝင်သွားသည် ဆိုသည်မှာ ဟုတ်ပါသလား ?သူလည်း
ကင်ဆာပျောက်သွားတာပဲလား သုတေသနပြုချင်သူများ နီးစပ်ရာသူများ
စုံစမ်းပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ် သူကိုယ်တိုင် လူပေါင်း ၁၈၀၀
ဘုန်းကြီး ၉ ပါးကိုခရစ်ယာန်ထဲသွင်းပေးခဲ့တယ်ဆိုပဲ အာဂ
ဆရာတစ်ယောက်လို့ဆိုလိုက်ပါရစေ လမ်းမှားကလမ်းမှန်ရောက်သွားကြရင်တော့
သူတို့အတွက်ကောင်းမွန်တဲ့အခွင့်လမ်းပါပဲ /လမ်းမှန်က
လမ်းမှားလျှောက်မိကြရင်တော့ စိတ်မကောင်းစရာပဲ ဒါကတော့
သူတို့ရွေးချယ်မှုကို သူတို့အနာဂတ်ကပဲ ဆုံးဖြတ်သွားပါလိမ့်မယ် ။

နောက်စိတ်ဝင်စားဖွယ်ကောင်းတာက “ မုံရွာထောင်မှ တစ်နှစ်တိတိကျခံရတယ်
၊နောက်ခန္တီးထောင်ပို့တယ် တရားဟောလွန်းလို့တဲ့ တရားဟောမှုက
အဲလောက်အပြစ်ကြီးသလား ၊ လဟယ် ရဲဘက်စခန်းပို့လိုက်တယ် ၊
ခန္တီးနန်စလိန်ချောင်းမှာ နှစ်နာရီလောက်ငိုတယ် (အငိုကလည်းသန်ပါ့နော်
ဘယ်လိုလူပါလိမ့် :)

ရေခိုးလို့တိုက်ပိတ်ခံရတယ်
အင်းစိန်ထောင်မှာသွားနှစ်ချောင်းကျွတ်တဲ့အထိ ရိုက်နှက်ခံခဲ့ရပါသတဲ့
ကျန်ုပ်သံသယဖြစ်သွားပါပြီ ဒီလူ ဘယ်လိုလူလဲ ထောင်တကာကျနေခဲ့တာလား
ရန်ကုန်အင်းစိန်မှာရော မုံရွာထောင် ခန္တီးထောင်တွေရော ရဲဘက်တွေရော
နောက်ထွက်ပြေးလွတ်မြောက်လာတာလားမသိဘူး ။ ဘာအမှုတွေနဲ့ကျခဲ့ပါလိမ့် ။

ခုနှစ်ရက်တိုက်ပိတ်ခံရစဉ် ရေသောက်ပြီး လမ်းလျှောက်နေတယ်
ဘာမှမစားဘူး ဆိုပဲဗျို့ ဘုရားလက်ထက်က ဇမ္ဗုကဆိုတဲ့ တက္ကတွန်းတိတ္ထိကြီး
တစ်ယောက်သွားသတိရလိုက်မိတယ် သူကအဲလိုပဲ ။အံ့သြဖွယ်တွေကျင့်ပြတယ်
ဘာမှမစားဘူး လေပဲစားသတဲ့ ဒါပေမယ့် ညကျမှ လူတွေရဲ့မစင်တွင်းထဲက ဟာတွေ
ယူစားတာဆိုပဲ ။ သူကတော့ တကယ့်ဘုရားတန်ခိုးတော်ကြောင့် နေနိုင်တာဖြစ်မှာပါ
ဒါပေမယ့် ခရစ်ယာန်လည်းဂုဏ်ရှိ မိမိတို့လည်းသံသယရှင်းအောင် ထမင်းမစားပဲ
ခုနှစ်ရက်နေပြခိုင်းဖို့သင့်တယ်
လှောင်ချိုင့်ထဲထည့်ထားစောင့်ကြည့်ပြီးလေ ။ဟုတ်ရင်
နှစ်ပြန်ပူဇော်ကြရုံပေါ့ J

နှစ်ထောင့်သုံးခုနှစ် ပုလဲမြို့သစ်သုံးရပ်ကွက်မှာရှိနေတဲ့
ပုလဲမြီု့သစ်သုံးရပ်ကွက်စပါယ်လမ်းထဲမှာ သူ့အဖေသတ်သွားတဲ့သူကို
ပြန်တွေ့ရတယ်တဲ့ ပါးမှာဒဏ်ရာကြီးနဲ့ တဲ့။ ဒီတော့ ဟုတ်ပြီ
ရန်ကုန်မှာရှိတဲ့ တကာတကာမတွေ အားလုံး ယင်းလိပ်စာအတိုင်း
သွားရောက်စုံစမ်းကြပြီး ယင်းဓမ္မဆရာပြောသွားသော ဇာတ်လမ်းသည်
တကယ့်အစစ်အမှန်လား လံကြုပ်ဇာတ်လမ်းတစ်ပုဒ်လားဆိုတာကို သေချာသိရအောင်
။ပတ်ဝန်းကျင်တွေရော သေချာစုံစမ်းရမှာပါ ယင်းလူကြီးရှိခဲ့သည်မှာ ဟုတ်မဟုတ်
မည်သည့်ဘာသာဝင်နည်း ခရစ်ယာန်တစ်ယောက်ဆိုက မည်သည့်အချိန်မှာ
ခရစ်ယာန်ဖြစ်သွားခဲ့သလဲ ။ မြန်မာလား ချင်း ကချင်စတဲ့ ခရစ်ယာန်များပေါတဲ့
ဒေသကလူတစ်ယောက်လားဆိုတာကိုလည်း စုံစမ်းကြည့်ကြဖို့လိုပါလိမ့်မယ်လို့ပဲ
တင်ပြလိုက်ရပါတယ် ။


လင်္ကာအရှင် (မုံရွာ) (၁၂.၂.၁၂)


http://www.facebook.com/notes/%E1%80%9C%E1%80%80%E1%81%A4%E1%80%AC-%E1%80%A1%E1%80%9B%E1%80%BD%E1%80%84%E1%80%B9/-%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%81%80%E1%80%84%E1%80%B9%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%90%E1%80%AD%E1%80%91%E1%80%AC%E1%80%B8%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%82%94%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%82%94%E1%80%9B%E1%80%99%E1%80%8A%E1%80%B9%E1%82%94-%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%BC%E1%80%B2%E1%82%95%E1%80%9B-%E1%80%98%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%82%80%E1%80%80%E1%80%AE%E1%80%B8-%E1%80%9C%E1%80%B0%E1%80%91%E1%80%BC%E1%80%80%E1%80%B9%E1%80%95%E1%80%AB%E1%80%9F%E1%80%AF-%E1%80%9C%E1%80%AD%E1%80%99%E1%80%B9%E1%80%8A%E1%80%AC%E1%80%B1/233939153359245

--
ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ....။
“ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက်
အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပ
ရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြ
စို့ လေး...” .တဲ့။

လွမ်းနေသူ®

unread,
Feb 13, 2012, 10:28:31 PM2/13/12
to pao...@googlegroups.com, aurorageneration
မိမိဘာသာကို ၀င်အောင် လုပ်တာ သာသနာ ပြုတာတဲ့။
မိမိဘာသာကနေ တခြားသာသာကို ပြောင်းသွားတာတော့ အသားထဲက လောက်ထွက်တာတဲ့။ :D
---
--
လွမ်းနေသူ®ူ





2012/2/13 Pao Wyne <eniw...@googlemail.com>

--
ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။ မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက pao...@googlegroups.com သို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ နှုတ်ထွက်လိုလျှင် paowyne+u...@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။ စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် (သို့) စာမလိုချင်ပဲ Website မှသာဖတ်ရန် http://groups.google.com/group/paowyne?hl=en ကို သွားပါ ။

အကြံပေးစာများကို ပေါင်ပေါင်  ( eniw...@gmail.com ) ထံသို. ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ပေါင်ပေါင်(အရှင်ကြီးအို)

Pao Wyne

unread,
Feb 13, 2012, 10:34:51 PM2/13/12
to pao...@googlegroups.com, aurorageneration
မှားသွားလို့ .. အပေါ်က လူက ဒါဆို သူ့ ဘာသာကို သာသနာပြုနေတာပေါ့နော် ။
အဲ့ဒီ လိမ်လည် လှည့်ဖျား မုသားကျူးလွန်၍ သာသနာပြုနေသူကို ၀ိုင်းပြီး
စောင့်ကြည့်ပေးကြပါရန် ။ အဲ့လိုလေး ပြင်ပေးလိုက်တာပေါ့ ။ :P

လွမ်းနေသူ®

unread,
Feb 13, 2012, 10:40:29 PM2/13/12
to pao...@googlegroups.com, aurorageneration
သာသနာ ပြုတာ မဟုတ်ပါဘူး။
အသားထဲက လောက်ထွက်သွားတာပါ။ :D
စကျူရေးရှင်း နှစ်မျိုးရှိတယ်လေ။ :P
---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
လွမ်းနေသူ®ူ





2012/2/14 Pao Wyne <eniw...@googlemail.com>

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း

unread,
Feb 14, 2012, 10:26:49 AM2/14/12
to pao...@googlegroups.com, aurorageneration
ခုလောလောဆယ်တော့ အဲဒီ လူ အပြင်မှာ ၀ါဒခြင်းပြိုင်ချင်ရင်တော့ ဒီက
သခင်ကြီး ကျုပ်ကို လာသာရှာပေတော့။ ဟီဟီ။ အလာကား မဟုတ်က ဟုတ်ကတွေ
ရှောက်ရှောက်ပြောတတ်၊ မိုက်ရိုင်းဖို့ လောက်ဘဲ အသုံးကျတာ။ သူတို
့ဘုရားစွမ်းတယ်ဆို ဆုတောင်းပေစမ်ပါ။ ဒီကသခင်ကြီး
အမေရိကန်သမ္မတဖြစ်ပါစေပေါ့။ ဟီးဟီး။ Hilary တောင် ဆုတောင်းမပြည့်လို့ 
Obama လို Muslim သား ကနိုင်သွားတာ။

On 2/14/12, လွမ်းနေသူ® <lwan.nay....@gmail.com> wrote:
> *သာသနာ ပြုတာ မဟုတ်ပါဘူး။


> အသားထဲက လောက်ထွက်သွားတာပါ။ :D
> စကျူရေးရှင်း နှစ်မျိုးရှိတယ်လေ။ :P

> *


> ---
> --
> သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့

> သေခြင်းတရား<http://www.truthaboutdeath.com/>ပါဘဲ။


> လွမ်းနေသူ®ူ
>
>
>
>
>
> 2012/2/14 Pao Wyne <eniw...@googlemail.com>
>
>> မှားသွားလို့ .. အပေါ်က လူက ဒါဆို သူ့ ဘာသာကို သာသနာပြုနေတာပေါ့နော် ။
>> အဲ့ဒီ လိမ်လည် လှည့်ဖျား မုသားကျူးလွန်၍ သာသနာပြုနေသူကို ၀ိုင်းပြီး
>> စောင့်ကြည့်ပေးကြပါရန် ။ အဲ့လိုလေး ပြင်ပေးလိုက်တာပေါ့ ။ :P
>>
>> --
>> ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ....။
>> “ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက်
>> အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပ
>> ရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြ
>> စို့ လေး...” .တဲ့။
>>
>> --
>> ပေါင်ပေါင်စာပေအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
>> http://groups.google.com/group/paowyne ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
>> မန်ဘာဝင်များ မိမိသိထားသည်များကို မျှဝေလိုပါက

>> pao...@googlegroups.comသို.မေးလ်ပို.နိုင်ပါသည်။ ပေါင်ပေါင်စာပေအဖွဲ့ မှ

Pao Wyne

unread,
Feb 14, 2012, 10:36:24 AM2/14/12
to pao...@googlegroups.com, aurorageneration
ဟီလာရီက အသားထဲက လောက်ထွက်တာ နေမှာပေါ့  ။

Limit

unread,
Feb 14, 2012, 10:50:06 AM2/14/12
to pao...@googlegroups.com, pao...@googlegroups.com, aurorageneration
လောက်ဆိုတဲ့ အကောင်ကလည်း အတော်ထူးဆန်းသားနော်။ လူကမွေး လူပေါ့။ဆင်ကမွေး ဆင်။မြင်းကမွေး မြင်းပေါ့။
အဲ...လောက်ကရော?
(ဒီလိုပဲ....တချက်တချက် ကျွန်တော်က လွတ်တတ်တယ်:))

Sent from "LIMIT"

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း

unread,
Feb 14, 2012, 10:54:31 AM2/14/12
to pao...@googlegroups.com, aurorageneration
အာလုပ်ပြီ။
ဟီးဟီး။ အဲဒီ ဆရာကို ဘဲပြောစမ်းပါ။ ဒီက လောဒ်သခင်ကြီးက အမေရိကန် သမ္မတ
လုပ်ချင်လို ဆုတောင်းပေးစမ်းပါ။ ဆေးကုတာလောက် ရှောက်ရှောက် မပြောစမ်းပါနဲ
့လို။ ကျုပ်လည်း ကုတတ်ပါတယ်လို။ ပျောက်စေရမယ် မယုံလာစမ်းကြည့်။
:)))))

Limit

unread,
Feb 14, 2012, 10:59:50 AM2/14/12
to pao...@googlegroups.com, pao...@googlegroups.com, aurorageneration
ကဲ....လော့ဒ်သခင်ကြီးလည်း ကမ္ဘာ့သမ္မတဖြစ်ပါစေ။ ခင်မင်ရသောသူများလည်း ရာထူး၊ဝင်ငွေ တိုးတက်ပါစေဗျာ။

Sent from "LIMIT"

Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း

unread,
Feb 14, 2012, 11:05:24 AM2/14/12
to pao...@googlegroups.com
လုပ်မယ်လုပ်တော့ ကျုပ်တို့ ရဲ့ လုပ်ရတာများလွန်းလို မဟာနဖူးရှုင်
သမ္မတလောက်တော့ မဖြစ်ချင်ဘူးဗျာ။ ကျုပ်လောက် ရုပ်ခံ မကောင်းတဲ့
အိုဗမာကြီတောင်ဖြစ်သေးတာ။ ဟီးဟီး။

Pao Wyne

unread,
Feb 14, 2012, 11:11:47 AM2/14/12
to pao...@googlegroups.com
အားလုံးကို ဆုတောင်းပေးလိုက်မယ် ။
ဘာမှမလုပ်ဘဲ ချမ်းသာကြပါစေ ။
ပေါင်

လူစိမ်း

unread,
Feb 15, 2012, 1:36:52 AM2/15/12
to pao...@googlegroups.com
လင်္ကာ အရှင် က ပြန်ဖျက်ပေးမယ် ဆိုလှာတယ်။ မဖျက်အောင် တားပေးကြပါဦး။ နောက်ပြီး လိုလိုမယ်မယ် ဒီ မှတ်တမ်းတွေ သိမ်းထားကြပါစို့လား ......

Murann Ezine
မုရန်မှတောင်းပန်ချက် (S.Gum Aung)
S.Gum Aung-သက်သေခံခြင်းနှင့်တရားဟောချက်(MCA) များကို YouTube Link မုရန်မှဖေါ်ပြခြင်း ရပ်ဆိုင်းပါသည်။ အချက်အလက်များစစ်ဆေးနေပါသည်။ RIT ဘွဲ့ရဆိုသည်မှာ မမှန်ကန်ပါ။ သူ့ဘ၀ဖြစ်စဉ်ကိုသိရှိသူခရစ်ယာန်ဓမ္မဆရာများကလည်း မှားသည်ဟုဆိုသည်။ ခရစ်ယာန်မီဒီယာလောကအတွက် သင်ခန်းစာဖြစ်ပါသည်။ အားလုံးကို တောင်းပန်ပါသည်။ (မှတ်ချက်။ ပြည်တွင်းသာမက၊ ပြည်ပအထိ ဘာသာရေးဘန်းပြလိမ်နေသူများပင်ရှိနေပြီး၊ မိမိတို့လည်းရမ်းသမ်းအလိမ်ခံလိုက်ရသောကြောင့်ဝမ်းနည်းပါသည်)။
မုရန် https://www.facebook.com/murann.ezine?sk=wall

လင်္ကာ အရှင်
Mya Kyay Mon တင်ပြလာသော ယင်းကြေညာချက်အရဆိုလျှင် ယင်းဓမ္မဆရာကြီး၏ ဘွဲ့အမည်နာမများမှာ မဟုတ်မှန်ဟု သိရှိရပြီဖြစ်ပါသည် ဘာသာတရား အချင်းချင်း လေးစားခင်မင်မှု ကြည်ညိုမှု မပျက်စီးစေရန် မိမိ၏ပို့စ်အား မကြာမီ ပယ်ဖျက်ပေးသွားမည်ဖြစ်ပါကြောင်း အကြောင်းပြန်ကြားအပ်ပါသည် အခြားရှယ်ယာလုပ်ထားကြသောသူငယ်ချင်းများအားလည်း အချင်းချင်းဂုဏ်သိက္ခာကိုထောက်ထား၍ ပယ်ဖျက်ပေးလိုက်ကြပါရန် ဦးဇင်း အသိပေး မေတ္တာရပ်ခံလိုက်ပါတယ် ။ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ 


လူစိမ်း


2012/2/14 Pao Wyne <eniw...@googlemail.com>
Reply all
Reply to author
Forward
0 new messages