Royal jasmine မြတ်လေးပန်း

67 views
Skip to first unread message

aki than

unread,
Sep 13, 2013, 7:12:48 AM9/13/13
to pao...@googlegroups.com, aurorage...@googlegroups.com, Mayanmar Dailymail, Myanmarlp, Alin Say Ta Mum, Wai Yan, Hmwe Hmwe Khin, A Thmee Kyi, Thar, A Home Nge, A po thar, Tin Mg Tun, Nyunt Win <Nyunt Win

Royal jasmine မြတ်လေးပန်း

“မြတ်လေးပန်း” ကို ရုက္ခဗေဒလို Jasminum grandiflorum လို့ မှတ်သားရပါတယ်။ နာမည်တွေ အမျိုးမျိုးနဲ့ ခေါ်ကြတယ်။ Spanish jasmine, Catalonian jasmine, Califonia jasmine စသဖြင့်ခေါ်ပါတယ်။ မြန်မာတွေ ပိုသဘောကျတဲ့ နာမည်တွေက Royal jasmine “တော်ဝင်စပါယ်” နဲ့ Poet’s Jasmine “ကဗျာဆရာ့စပယ်” ဆိုတာ ဖြစ်မယ်ထင်ပါတယ်။

ပန်းအဘိဓာန်မှာ “မြတ်လေးပန်း” ကို ဇွဲသတ္တိရှိခြင်းအစွမ်းနဲ့ တွဲထားတာ တွေ့ရပါတယ်။

ကျွန်တော်တို့လို Standard western allopathic medicine ဆေးပညာမဟုတ်တဲ့ Herbal remedies ဟာဗယ် ဆေးကျမ်းမှာ ဆေးစွမ်းတွေကို တဖွဲ့တနွဲ့ ရေးထားတာရှိတယ်။ အရိုးကင်ဆာ၊ တက်စေ့ကင်ဆာနဲ့ ရင်သားကင်ဆာ တွေအတွက် ကောင်းတယ်လို့ပါတယ်။

Jasmine benefits မြတ်လေးပန်းအပါအဝင် စပယ်ပန်းရဲ့ ဆေးစွမ်းကို စာရင်းချပါရစေ။
• Anxiety စိုးရိမ်စိတ်ကဲခြင်း၊
• Calming စိတ်ငြိမ်စေခြင်း၊
• Cancer (bone, lymph nodes, breast) အရိုးကင်ဆာ၊ တက်စေ့ကင်ဆာနဲ့ ရင်သားကင်ဆာ၊
• Conjuctivitis မျက်စိကျိန်း၊
• Depression စိတ်ဓါတ်ကျခြင်း၊
• Dermatitis အရေပြားနာ၊
• Dry skin အသားအရေခြောက်ခြင်း၊
• Exhaustion အားကုန်ခြင်း၊
• Headaches ခေါင်းကိုက်၊
• Stress relief စိတ်ဖိအားများခြင်း။

Jasmine oil စပယ်ဆီနဲ့ Aromatherapy massage နှိပ်နယ်ပေးတယ်။ သုတေသနတွေ လုပ်တားပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာပါ။

Jasmine Tea စပယ်ပန်းကို ရေနွေးကြမ်းလုပ် သောက်လို့ရစေနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေလဲ တခန်းတနား ရေးထားပါသေးတယ်။ Aromatherapy ခေါ်တဲ့ အနံ့အသက်သုံးပြီး ဆေးကုနည်းမှာ သုံးတယ်။ Jasmine aroma အမွှေးနံ့ကနေ Sedating စိတ်ငြိမ်ပြီးအိပ်ချင်စေတယ်၊ Relaxing properties စိတ်ပြေလျှော့စေတယ်။ Mood lift စိတ်မူကို တက်စေတယ်။ စပယ်ပန်း ရေနွေးကြမ်းထဲမှာ Antioxidants တွေ ပါတယ်။ ဒါပေမဲ့ တပါတ်မှာ ၂-၃ ကြိမ်သာ သောက်သင့်ပါသတဲ့။

ဒေါက်တာတင့်ဆွေ
၎-၉-၂ဝ၁၃
Medical Writings ​ဆေးပညာစာများ မှ ကူးယူ​ဝေမျှပါသည်​။

Reply all
Reply to author
Forward
0 new messages