Fwd: [mrsorcerer:39410] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၈)

4 views
Skip to first unread message

Khambawi

unread,
Aug 18, 2013, 10:47:58 PM8/18/13
to zomi-adventist-com, tongsan, zom...@yahoogroups.com, ccba...@yahoogroups.com, zcfba...@googlegroups.com, paangpisda, d7gosp...@googlegroups.com


---------- Forwarded message ----------
From: Lu Bo <lub...@gmail.com>
Date: 2013/8/18
Subject: [mrsorcerer:39410] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၈)
To: mrsorcerer <mrsor...@googlegroups.com>




---------- Forwarded message ----------
From: Blogger <no-r...@blogger.com>
Date: 2013/8/18
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၈)
To: lub...@gmail.com


သစ်ထူးလွင်



Posted: 18 Aug 2013 06:29 AM PDT

အစိုးရသက်တမ်း ၂ နှစ်ကျော်လို့ သုံးနှစ်ထဲ ရောက်လာပြီဖြစ်တဲ့ ခုအချိန်မှာ သမ္မတရဲ့ လူထုအပေါ်ထားတဲ့ စေတနာကို ဘယ်သူကမှ ယုံမှားသံသယ ရှိမနေတော့ပါဘူး။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှု တွေက သိပ်မထိ ရောက်သေးပေမယ့် စေတနာပိုင်း ကိုတော့လူတိုင်းက အနည်းဆုံး မဆိုးပါဘူးလို့ အသိအမှတ် ပြုကြပါတယ်။ (ခြွင်းချက်အနေနဲ့ အဆိုးမြင်သမား တချို့တလေတော့ ရှိနိုင်ပါတယ်။) လူများစုကတော့ လက်တွေ့ အခွင့်အရေး ရတာ မရှိသလောက် နည်းပါးလွန်း နေသေးပေမယ့် သမ္မတဟာ စိတ်ရင်းအမှန်နဲ့ ကြိုးစား လုပ်ဆောင် နေတယ်ဆိုတာ အသိအမှတ် ပြုကြပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 06:24 AM PDT

အဆိုတော်နယ်ပယ်မှာ သန်းဖေလေး ၊ သန်းထွန်းလေး၊ မျိုးမြင့်လေး အစရှိသဖြင့် လေး တစ်ခေတ်တွင် တေးရေး၊ တေးဆို အဖြစ် သာမက ခေတ်နှင့် အညီထင်ရှားသည့် စကားလုံးများကို သုံးစွဲကာ ရေးသား တတ်သူ တေးရေး၊ တေးဆို မျိုးမြင့်လေး သည် သြဂုတ်လ ၁၈ ရက်နံနက် ၉နာရီ ၂၆ မိနစ် က အသည်း ကင်ဆာရောဂါ ဖြင့် သူ၏ နေအိမ်၌ ကွယ်လွန်သွား ခဲ့ပြီး ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်ရှိပြီဖြစ်သည် အဆိုတော် မျိုးမြင့်လေးသည် နေကာမျက်မှန်၊ နှင်းမှုန်မြို့တော် စသော တေးသီချင်းများ အပါအ၀င် စတီရီယို တေးသီချင်း များစွာကို ကိုယ်တိုင်သီဆို ရန်အတွက် ရေးစပ်ခဲ့သလို မြန်မာပြည်သိန်းတန် အစရှိသည့် စတီရီယိုခေတ်ကို တစ်ခေတ်ဆန်းစေသည့် အဆိုတော်များ အတွက်လည်း တေးသီချင်းများကို ရေးသားခဲ့ သူလည်း ဖြစ်သည်။

ပန်းမြတ်ဇော
Mizzima - News in Burmese


Posted: 18 Aug 2013 04:13 AM PDT

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ကိုက် ၂၀၀ ခန့်အကွာတွင် တည်ဆောက် လည်ပတ်လျက်ရှိသော မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္မဏီပိုင် မိုးကြိုးဆာလ်ဖျူးရစ် အက်ဆစ်စက်ရုံကြီးသည် ကျေးရွာနှင့် အလွန်နီးကပ်စွာရှိနေသည့်အတွက် ဒေသခံရွားသားများက နေရာပြောင်းရွှေ့ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Aug 2013 03:31 AM PDT

သမ္မတ ဦးသိန်းစိန်သည် ငယ်စဉ်ကတည်းက တရုတ်သိုင်းကားများကို ကြည့်ရှုကြောင်း မြန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ဝေသည့် “ယနေ့တရုတ်ပြည်” မဂ္ဂဇင်းက ဖော်ပြလိုက်သည်။ ယနေ့တရုတ်ပြည်မဂ္ဂဇင်းသည် သမ္မတဦးသိန်းစိန်နှင့် သီးသန့် အင်တာဗျူး ပြုလုပ်ထားသည်ကို ဇူလိုင်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြလိုက်ခဲ့ရာ သမ္မတ၏ ထိုသို့ပြောကြားမှု ပါဝင်လာခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Aug 2013 03:04 AM PDT

ကျန်းမာရေးသမိုင်းတွင် မှတ်ကျောက်တင်မည့် ခြေထောက်တစ်စုံ အပိုပါရှိသည့် ခြေလေးဖက် ကလေးငယ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံခွဲစိတ်ခဲ့ပြီး အခြေအနေ ကောင်းမွန်ကြောင်း ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Aug 2013 03:00 AM PDT

ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အမှတ်(၄) ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်း နဖူးပေါ်တွင် တည်ထားသော သက်တမ်းနှစ် ၂၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းရသည့် ရှေးဟောင်း ဂူဘုရားတစ်ဆူမှာ မြစ်ရေ တိုက်စားမှုကြောင့် သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၇နာရီခွဲ အချိန်ခန့်တွင် ပြိုကျ ပျက်စီးသွားခဲ့ကြောင်း ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 02:55 AM PDT

၁၉၉၇ ခုနှစ်တုန်းက ပါရီမြို့မှာ ကားတိုက် သေဆုံးသွားခဲ့တဲ့ ဝေလမင်းသမီး ဒိုင်ယာနာနဲ့ ဒိုဒီ အယ်လ် ဖိုင်းရက် တို့ရဲ့ အမှုနဲ့ ပတ်သက်လို့ လတ်တလော ရထားတဲ့ သတင်း အချက်အလက်တွေကို လေ့လာ စစ်ဆေးနေတယ်လို့ လန်ဒန် ရဲတပ်ဖွဲ့က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မဟာဆီ မဟာသွေး အပြည့်နဲ့ ဝေလမင်းသမီး ဒိုင်ယာနာ

Posted: 18 Aug 2013 02:51 AM PDT

အီဂျစ် မငြိမ်သက်တာတွေ နဲ့ အတူ အမေရိကန် ရဲ့ အီဂျစ် ဆိုင်ရာ ပေါ်လစီ လည်း အကြပ်အတည်းဆိုက် နေပါတယ်။ အီဂျစ် က အခြေအနေ ကတော့ ဗလီမှာ အခြေစိုက်ထားတဲ့ ဆန္ဒပြသူတွေ ကို လုံခြုံရေးတပ်ဖွဲ့တွေ က ဝင်ပြီး ပစ်ခတ်ရှင်းရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မငြိမ်မသက် အီဂျစ် မြင်ကွင်း

Posted: 18 Aug 2013 02:21 AM PDT

၃-၈-၂၀၁၃ ရက်နေ့ ၁၈၅၀ အချိန် ညောင်ဦးမြို့၊ အမှတ်(၇) ၀က်ကြီးအင်း ရပ်ကွက်၊ ညောင်ဦး-ပုဂံမြို့သစ်ကားလမ်း တောင်ဘက်ခြမ်းရှိ ဆူးလေကုန်း ဘုရားအနီးတွင် ပြင်သစ်နိုင်ငံသူ Miss,Amilic Schaitt (၂၃)နှစ်ထံမှ မြန်မာ အမျိုးသား တစ်ဦးက ခါးပတ်အိတ်အား လုယူစဉ် ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ရာ ပြင်သစ် နိုင်ငံသူတွင် ၀ဲမျက်လုံး ဖူးရောင်ညိုမဲ၊ လည်ပင်း၊ ၀ဲလက်တို့၌ ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 01:54 AM PDT

အစိုးရသက်တမ်း ထက်ဝက်ကျိုးချိန် ဝက်အူနောက်တစ်ရစ် ထပ်တင်းရန် သမ္မတ ဦးသိန်းစိန်က ကြိုးပမ်းလာသည်။ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ဌာနအချို့သည် လုပ်ပိုင်ခွင့်ကို အသေ ဆုပ်ကိုင်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ခွဲဝေပေးမှု မရှိကြောင်း ဦးသိန်းစိန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 01:48 AM PDT

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနှိုင်း ကျေးရွာတွင် DKBA တပ်ဖွဲ့ဝင်နှစ်ဦး ခေါ်ဆောင်ရာ လိုက်ပါခြင်းမရှိ၍ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်သမားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ ကြောင်း အဆိုပါမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်မြင့်ဦးက ပြောကြားသည်။ အဆိုပါ သေနတ်ပစ်ခံရသည့် လယ်သမား ဦးကုလားလေး (ခေါ်) အာစိုးနိုးလားကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ထားရကြောင်း အဆိုပါ ရဲစခန်းထံမှသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 01:42 AM PDT

သြဂုတ်လ(၉)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်) အတွဲ ၃၂ ၊ အမှတ် (၃၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 01:39 AM PDT

သြဂုတ်လ(၁၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 01:36 AM PDT
သြဂုတ်လ(၁၈)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 12:47 AM PDT

စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ရောင့်ရဲ တင်းတိမ်စိတ် အမြဲမွေးမြူ ထားကြကြရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဘက် အရာရှိများနှင့် သင်တန်းသား အရာရှိများကို သြဂုတ် ၁၇ ရက်တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်း သဘင် ခန်းမဆောင်၌ ပြောကြား လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - မြန်မာ့အလင်း


Posted: 18 Aug 2013 12:42 AM PDT

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်တပ်က သိမ်းဆည်းထားသည့် မြေပမာဏသည် ရန်ကုန်မြို့၏ စုစုပေါင်း အကျယ်အဝန်းထက်ပင် ပိုမိုများပြားနေကြောင်း ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်၏ ဖြေကြားချက်များအရ လေ့လာတွေ့ရှိရသည်။ စစ်တပ်က နိုင်ငံအနှံ့ တွင်သိမ်းထားသည့် မြေပမာဏမှာ ဧက ၂၉၇,ဝ၀ဝ ကျော် ရှိသည်ဟု ကာကွယ်ရေးဝန်ကြီးက ပြည်ထောင်စု လွှတ်တော်တွင် ဝန်ခံခဲ့ရာ ထိုပမာဏသည် စတုရန်းမိုင် ၄၆၀ ကျော်နှင့် ညီမျှသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 12:16 AM PDT

တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ်ဝက်ကျော်ကာလအထိ မူးယစ်ဆေး အမှုပေါင်း ၈၃မှု ဖမ်းဆီးရမိပြီး မြိတ်မြို့မှာ အများဆုံး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ထားဝယ်မြို့တွင်သုံးမှု၊ မြိတ်မြို့တွင် ၄၉ မှုနှင့် ကော့သောင်းမြို့တွင် ၃၁ မှု ဖမ်းဆီးရမိထားသည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Aug 2013 12:10 AM PDT

ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူးတွင် အလုပ်ဝင်ရောက် လုပ်ကိုင်ရန် စိတ်ပါဝင်စားသူများအနေနှင့် အွန်လိုင်းမှတစ်ဆင့် စတင်လျှောက်ထားနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ် Ross Cormack က ပြောကြားသည်။ ထို့အပြင် လာမည့် နှစ်အနည်းငယ်အတွင်း ဝန်ထမ်းထောင်နှင့်ချီ၍ ခန့်အပ်သွားမည်ဖြစ်ပြီး စနစ်တကျ လေ့ကျင့် သင်ကြားမှုများ ကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Aug 2013 03:56 PM PDT

ရှမ်းပြည်နယ်တောင်ပိုင်၊ ညောင်ရွှေမြို့ နယ်ရှိ ၊ အင်းလေးဟိုတယ်ဇုံ စီမံကိန်းရှိ ၊ လျှော်ကြေး ရယူထားခြင်းမရှိသော၊ ဒေါ်ခင်ရွှေ ပိုင် ခြံမြေပေါ်တွင် ၊ ယနေ့ ၁၇-၈-၂၀၁၃ နံနက်၉း၀၀ အချိန်ခန့် တွင် မြို့ နယ်ထွေအုပ် ဦးကျော်ဇောလှ နှင့် ဖြူစင်ကုမ္ပဏီမှ ခွန်ဂျာ ဦးဆောင်သော ရဲအင်အား၂၀ကျော်ခန့် သည်၊ ဒေါ်ခင်ရွှေ ပိုင် လယ်စိုက်ထားသော မြေယာပေါ်တွင် အတင်းအဓမ္မ စွန့် ပစ်မြေစာများကို လာပုံပြီး၊ ဝါးခြံကိုလဲဖျက်ဆီးခဲ့ သည့် အတွက် ၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အင်အားသုံးပြီး စိုက်ပျိုးထားသော လယ်မြေအား မြေဖို့ သဖြင့် ပိုင်ရှင်ဒေါ်ခင်ရွှေ ရူးသွပ်သွားခြင်း

အင်အားသုံးပြီး စိုက်ပျိုးထားသော လယ်မြေအား မြေဖို့ သဖြင့် ပိုင်ရှင်ဒေါ်ခင်ရွှေ ရူးသွပ်သွားခြင်း

ဒေါ်ခင်ရွှေ ပိုင် လယ်စိုက်ထားသော မြေယာပေါ်တွင် အတင်းအဓမ္မ စွန့် ပစ်မြေစာများကို လာပုံ

Posted: 17 Aug 2013 03:32 PM PDT

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီ ဆိုင်တစ်ခုတွင် ယခုလ ၁၆ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် လူငါးယောက်မှ ဆူပူသောင်းကျန်း လျှက်ရှိကြောင်း သက်ဆိုင်ရာမှ သိရှိရသဖြင့် အချိန်မီသွားရောက် စီစစ်ခဲ့ရ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မုံရွာမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဧည့်သည်တော် သစ်ပွဲစား တစ်ဦးနှင့် သစ်ထုတ်ရေး ၀န်ထမ်း တစ်ဦး အပါအ၀င် လူငါးယောက်တို့သည် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ပစ္စတိုသေနတ်တစ်လက်နဲ့ လူငါးယောက် ကေတီဗွီဆိုင်ထဲ၌ သောင်းကျန်းမှုဖြစ်ပွား

Posted: 17 Aug 2013 03:28 PM PDT

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် ရိုဟင်ဂျာ အဖွဲ့ အစည်း တစ်ခုဖြစ်သော RSO နှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံမှု ထိန်းသိမ်းရေးအဖွဲ့ တို့  နှစ်ရက်ကြာ အပြန်အလှန် ပစ်ခတ်မှုများ သြဂုတ်လ(၁၄)ရက်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာ Dhaka Tribune က သြဂုတ်လ (၁၇)ရက်တွင် ရေးသားဖော်ပြလိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Aug 2013 03:13 PM PDT

မြန်မာမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်လာသော လူပေါင်း ၉၉ ယောက်ကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။ ပို့ဆောင်လိုက်သူ အထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်ပြီး ယမန်နေ့ က ပြန်လည်ပို့ဆောင်လိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ နယ်စပ် အာဏာပိုင်များက ပြောသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
နယ်စပ်တွင် မြန်မာဘက်က ကာရံထားသော ခြံစည်းရိုးကို တွေ့ရစဉ်။


Posted: 17 Aug 2013 03:03 PM PDT
ရခိုင်ပြည်နယ်တွင် ပြဿနာပေါင်းစုံ ဖမ်းတီးခဲ့ ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂလီများ သည်ယခုခါတွင် မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် စစ်တွေမြို့နယ်များအပြင် အခြားသော မြို့နယ်အချို့သို့လည်း ၀င်ရောက်နေကြောင်း လုံခြုံရေးတပ်ဖွဲ့မှ အမည်မဖော်လိုသော သူတစ်ဦး က ယနေ့နံနက်ပိုင်းက ပြောကြားခဲ့ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 17 Aug 2013 02:49 PM PDT

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဘဝါး ကျွန်းပေါ်မှာ တဘက် ထိုင်းနိုင်ငံကို တရားမဝင် ခိုးဝင်မယ့် မြန်မာ ၃၂ ဦးကို ကော့သောင်း ရဲတပ်ဖွဲ့က ပွဲစား နှစ်ဦး နဲ့အတူ ဖမ်းမိနိုင်ခဲ့ ပါတယ်။ လှေသမား နှစ်ယောက် ကတော့ လွတ်နေဆဲလို့ သိရပါတယ်။ ဖမ်းမိသူ တွေက ချင်းပြည်နယ်နဲ့ ရေး မြိတ် မော်လမြိုင် ဘက်က ဖြစ်ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ ဘက်က ပထမဆုံး အုပ်စုလိုက် ဖမ်းမိ

Posted: 17 Aug 2013 02:40 PM PDT

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အဲလ်ဖက်တီ ဗလီ ထဲမှာ ခိုအောင်း နေကြတဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ကို ထောက်ခံသူ လူ ၁၀၀ လောက်ကို လုံခြုံရေး တွေ ကနေ မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်း မှုတွေ ပြုလုပ် နေပြီ ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ ကနေ အဓိက ဗလီ မျှော်စင် ဘက်ကို ပစ်ခတ် နေတာကို နိုင်ငံပိုင် ရုပ်သံကနေ ပြသသွား ပါတယ်။ ဒါပေမယ့်လို့ ဒါဟာ ဗလီထဲ ကနေ ပစ်ခတ် နေတာ ဖြစ်တယ်လို့ အစိုးရ ရုပ်သံဌာန ဖြစ်တဲ့ MENA က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သောကြာနေ့ ညတုန်းကတော့ ဗလီထဲက လူတွေ ထွက်သွားကြဖို့ လုံခြုံရေးတွေက ပြောခဲ့ပါတယ်



--
Posted By Blogger to လူဗိုလ်ဟူသည် ... at 8/18/2013 10:27:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsor...@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+...@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsor...@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsor...@gmail.com, mrsorc...@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer.

Reply all
Reply to author
Forward
0 new messages