မုန့်လုံးရေပေါ်။ ။ဟေ့..သင်္ကြန်ရေ...မတွေ့ရတာ ကြာလှပြီ...မဆုံဖြစ်ကြတာ တစ်နှစ်တောင်ပြည့်တော့မယ်နော်.... သင်္ကြန် ။ ။ ဟုတ်ပါ့ဗျ...မုန့်လုံးရေပေါ်ရယ်...ဘယ်တွေပျောက်လို့ ဘယ် ကမ္ဘာကို ရောက်နေတာလဲဗျ.... မုန့်လုံးရေပေါ်။ ။သြ….တစ်နှစ်တစ်ခါပေါ်လို့လာ ဆိုတဲ့ ဆိုရိုးလေး အတိုင်းပေါ့ဗျာ... အခုလို နှစ်သစ်မင်္ဂလာ အခါသမယ မှာ အများပြည်သူ ပရိသတ်ကို နုတ်ခွန်းဆက်သချင်လို့ အရောက်ပြေးလာခဲ့တာပါဗျာ...ဟောဟဲ.... ဟောဟဲ.....ဒါနဲ့မင်းကရော... သင်္ကြန်။ ။ လူငယ်များစုပေါင်းလို့ နှစ်သစ် မင်္ဂလာ အခါသမယကို Green Canteen မှာ တိုင်းရင်းသားလူငယ်များ ဆင်နွှဲကြတာကို ..မြင်ချင်တွေ့ချင်လွန်းလို့... တစ်နှစ်ကြီးများတောင် စောင့်ဆိုင်းပြီး အခုလို နေ့ကောင်းရက်မြတ်မှာ ငါလဲ .. အရောက်လာခဲ့ ရတာပေါ့...ကိုမုန့်လုံးရယ်.... မုန့်လုံးရေပေါ်။ ။ဒါနဲ့သူတို့ က ဘာတွေလုပ်ကြမှာတုန်း...ကိုသင်္ကြန်ရဲ့... သင်္ကြန်။ ။ ကျုပ်လဲကြားရတာကတော့... ဆရာမောင်သာချို(ဂျက် ကွမ်းခြံကုန်း) ကနေ လူငယ်များကို နှစ်သစ်မင်္ဂလာရိုးရာသင်္ကြန်နဲ့ပတ်သတ်ပြီး ပြောပေးမယ်တဲ့ ဗျ... ပြီးတော့ မုန့်လုံးရေပေါ်လဲ လုပ်စားကြဦးမှာတဲ့….. မုန့်လုံးရေပေါ်။ ။ ဟုတ်လား…ဒါဆိုရင်တော့…သင်္ကြန်ရေ…တို့တွေလဲပါဝင်ဆင်နွှဲပျော်လိုက်ကြရအောင်လား……နေဦးကွ….တို့တွေပဲဘယ်ဖြစ်မလဲ…တို့ရဲ့ ညီမလေး မိပိတောက်ကိုလဲ ခေါ်လို့ တိုင်းရင်းသားရိုးရာသင်္ကြန်အကြောင်းလေးတွေလဲ ဝေမျှပြောပြပေးမယ်ဆိုရင် ပိုမကောင်းဘူးလား…သူငယ်ချင်းရ… သင်္ကြန်။ ။ အေး…မင်းအကြံမဆိုးဘူးကွ…ကောင်းသားပဲ…စည်စည်ကားကားလေးလဲဖြစ်သွားတာပေါ့ကွာ…. ရွာစား ရေ….တို့ ပတ်မကြီးတီးလို့ စလိုက်ကြရအောင်လား….. ဟိတ်..စိန်လား…ဟိတ်… မြလား…. ဟေးလာမောင်တို့ဝါး… |