လေးစားအပ်ပါတဲ့ မိတ်ဆွေများခင်ဗျား -
မွန်ပြည်နယ် ရေးဘေးအတွက် အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို အလှူခံနေတာ အတော်များများ လှူကြပါတယ်။ အလှူခံရရှိထားတဲ့ ပစ္စည်း တချို့တဝက်ကို ယနေ့ညထွက်မယ့် ကားနဲ့ တင်ပေးလိုက်ပါတယ်။
လက်ကျန်ပစ္စည်းများ၊ ထပ်မံလှူကြဦးမယ့် အလှူပစ္စည်းများနဲ့ ပုစွန်ခြောက်ငါးပိကြော်တို့ကို ၂၃.၈.၂၀၁၉(သောကြာနေ့) ညမှာ ထပ်မံပို့ဆောင် လှူဒါန်းပါ့မယ်။ လှူဒါန်းလိုသူများ ဆက်လက် လှူဒါန်းနိုင်ကြပါတယ်။
ထပ်မံ လှူဒါန်းလိုကြတဲ့ အလှူရှင်များအနေနဲ့ အိမ်သုံးဆား၊ ဓါတ်မီး + ဓါတ်ခဲ (အပို ဓါတ်ခဲ) နဲ့ ဖယောင်းတိုင်ထုပ်များကို အဓိကထား လှူဒါန်းပေးကြဖို့ တိုက်တွန်းပါရစေ။
မိတ်ဆွေအလှူရှင်များက စုပေါင်းပြီး ကျွန်တော်များရဲ့ ရေဘေးအလှူ ခရီးစဉ်အတွက် Express ကားကြီးတစ်စီး စီစဉ်ပေးထားပါတယ်။ အလှူပစ္စည်းနဲ့တကွ ကိုယ်တိုင်လိုက်ပါ လှူဒါန်းလိုသူများ၊ စေတနာ့ဝန်ထမ်း လုပ်အားလှူဒါန်းလိုသူများအနေနဲ့ ကြိုတင်စာရင်းပေးနိုင်ကြပါတယ်။ လူ ဆံ့သလောက်အထိ လက်ခံပေးပါမယ်။ ခရီးစဉ်ကို ၂၃.၈.၂၀၁၉ ည ၁၀း၀၀ နာရီမှာ ရန်ကုန်က စတင်ထွက်ခွါမှာဖြစ်ပြီး ၂၅.၈.၂၀၁၉ ညမှာ မွန်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွါမှာ ဖြစ်ပါတယ်။
ပြည်သူပြည်သားများအားလုံး ရန်သူမျိုးငါးပါး(ရေ၊ မီး၊ သူခိုး၊ အမွေခံသားသမီးဆိုး၊ မင်းဆိုး) ဘေး၊ ကပ်ကြီးသုံးပါး(လက်နက်ဘေး၊ အနာ ရောဂါဘေး၊ ဒုက္ခဆင်းရဲဘေး) ဘေး တို့မှ ကင်းဝေးကြပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။
ဆက်သွယ်ရန် -
လှထွန်းခိုင် - 09 420 330 411
နန်းသိင်္ဂီမြင့် - 09 420 330 345