UMFCCI လစဉ် ဟောပြောပွဲ ဖိတ်ကြားလွှာ

5 views
Skip to first unread message

HlaTun Khine

unread,
Mar 23, 2015, 7:34:25 AM3/23/15
to Min Zin, ဦးလှမောင်ရွှေ, Aye Lwin, Roger Makro, H. R.D, UMFCCI SOOffice, po.umfcci

UMFCCI မှ ကြီးမှူး ကျင်းပတဲ့ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ ဟောပြောပွဲကို လစဉ် လ ရဲ့ ပထမပတ် စနေနေ့တိုင်းတွင် ကျင်းပ ပြုလုပ်လျှက်ရှိပါတယ်။

လာမယ့် ဧပြီလ (၄) ရက်၊ စနေနေ့ မှာတော့ ဦးမင်းဇင် က "မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု - အင်စတီကျုးရှင်း အားနည်းသည့် ဝန်းကျင်ရှိ ခေါင်းဆောင်မှု ပဋိပက္ခကို လေ့လာခြင်း (Political Transition in Burma/Myanmar: Study of Elite Divisiveness in the Weak Institutional Environment)" ဆိုတဲ့ ခေါင်းစဉ်ကို ဟောပြော ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဦးမင်းဇင်ဟာ အမေရိကန် ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်ရှိ ဘာကလေ တက္ကသိုလ်တွင် နိုင်ငံရေး သိပ္ပံ ပါရဂူ ဘွဲ့အတွက် စာတမ်း ပြုစုနေသူ ဖြစ်ပါတယ်။
The Foreign Policy's Transition Blog တွင်ဆောင်းပါးများကို ပုံမှန်ရေးသားနေသူ တစ်ဦးလည်း ဖြစ်ပြီး Freedom House အပါအဝင် သုတေသန အဖွဲ့များအတွက် မြန်မာ့အရေး ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အထက်တန်းကျောင်းသား တစ်ဦးအနေဖြင့် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး အခြေခံပညာ ကျောင်းသားများ သမဂ္ဂ( အကသ) ကို စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်တွင် အစိုးရ ရဲ့ ဖမ်းဆီးမှု ကို ရှောင်တိမ်းရင်း ပြည်တွင်းတွင် ပုန်းအောင်းကာ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်များ မှာ "တာရာငြိမ်းချမ်း" ကလောင်အမည် ဖြင့် နိုင်ငံရေး အတွေး အခေါ်ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင် ထိုင်း- မြန်မာ နယ်စပ်ဒေသ သို့ ရှောင်တိမ်း ထွက်ခွါခဲ့သည်။ ထိုင်းနိုင်ငံအခြေစိုက် The Irrawaddy မဂ္ဂဇင်းတွင် သတင်းစာ ဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ပြီး လက်ထောက်အယ်ဒီတာအဖြစ် ၂၀၀၄ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၂၀၀၄ မှ ၂၀၀၇ အထိ လွတ်လပ်သော အာရှအသံ RFA တွင် အသံလွှင့် မီဒီယာသမား တစ်ဦး အဖြစ် အမှုထမ်းခဲ့ပါတယ်။

Journal of Democracy, Journal of South East Asia Affairs, The Foreign Policy, The Irrawaddy, The Bangkok Post, The Nation, Far Eastern Economic Review, Wall Street ဂျာနယ်နှင့် အခြားသော မဂ္ဂဇင်း စာစောင်များတွင်လည်း ဆောင်းပါးများရေးသားခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီများ ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ သတင်း မီဒီယာများ နှင့် နိုင်ငံတည်ဆောက်ရေးကို စိတ်ပါဝင်စားကြသူများ အားလုံး လွတ်လပ်စွာ တက်ရောက်နိုင်တဲ့ ပွဲဖြစ်ပြီး ပွဲမစတင်မီ နာရီဝက်ခန့် ကြိုတင် အရောက်လာကြ၍ နေရာယူပေးကြပါရန်လည်း တိုက်တွန်း နှိုးဆော် အပ်ပါတယ်။

UMFCCI Seminar_001.jpg
Reply all
Reply to author
Forward
0 new messages