လက်ငင်း အကျိုးပေးတဲ့ ယတြာ၂၈ခု

21 views
Skip to first unread message

Preety09

unread,
Apr 24, 2014, 2:48:01 AM4/24/14
to Miss Lina, soe lwin, Preeti @ Thuzar
လက်ငင်း အကျိုးပေးတဲ့ ယတြာ၂၈ခု
Lovely Angelmay
******************************
၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာ သုံးစွဲတာ အ ကောင်းဆုံးယတြာ

၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယ  ထားခြင်းဟာ အန္တရာယ်ကင်းဖို့  အတွက်  ကောင်းဆုံးယတြာ

၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ  အ ကောင်းဆုံးယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါ  စိတ် ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ

၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်  ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်  ကြိုးစားတာ အ ကောင်းဆုံးယတြာ

၆။ စိတ်ကောင်းထားခြင်း ရိုးသားမှု  ရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း  အတွက် အ ကောင်းဆုံးယတြာ

၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့် ကို  မွေးမြူခြင်းဟာအသိအလိမ္မာတိုးတက်စေဖို့အတွက်အ ကောင်းဆုံးယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကို အထူးတလည် ဆည်းကပ်ကိုးကွယ်  တာသည် ကံကောင်းတွေ ရောက် စေဖို့အတွက်အ ကောင်းဆုံးယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ် သူကို ကျေးဇူးရှင် တစ်ဦးအဖြစ်  မ မေ့အပ်တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ  ခွဲခြားပြီး တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့  ပညာရှိ လူကြီးမိဘရဲ့ဆိုဆုံးမမှုကို  လိုက်နာတာ အ ကောင်းဆုံးယတြာ

၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်း မ တောင့်တ မလိုချင် တာ စိတ် ချမ်း  သာစေဖို့အတွက် အ ကောင်းဆုံးယတြာ

၁၃။ တတ်နိုင် သ လောက်စုဆောင်း  သွားတာဟာ အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာ  စိတ်ဓါတ်ကို ကြံ့ကြံ့ခံနိုင် အောင်  သတိထားမွေးမြူခြင်းဟာ မိမိ မပျက် စီးဖို့အတွက်အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေ မလွတ်အောင် သတိတရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာ ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့  ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာနောင် ရေးအတွက် အ ကောင်းဆုံးယတြာ

၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါ လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး  အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ  အောင်မြင်ကြီးပွားဖို့အတွက်  အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာ  မ ပြောတာ နောင် မှနောင် တ ရ တယ်  ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့  အတွက်အ ကောင်းဆုံးယတြာ

၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်  နဲ့စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲ  တာဟာ နောင် စိတ်ဆင်းရဲစရာ မကြုံ  ဖို့အတွက်အ ကောင်းဆုံးယတြာ

၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့  စကားကိုမဆိုခြင်းဟာ နောင် အခါ  ပြဿနာအရှုပ်အရှင်းနဲ့ ရင် မဆိုင်ရဖို့အတွက်အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတ ကြည့်တာ စဉ်းစားတာ လုပ်ကိုင် တာ သည်ရေရှည်လက်တွဲဖို့အတွက်  အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာ  အသက် ရှည်ဖို့အတွက် အ ကောင်း  ဆုံးယတြာ 

၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှ  ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်  ရမယ့်ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့  အတွက်အ ကောင်းဆုံးယတြာ

၂၄။ ဒေါသကိုအပြင် မထွက်အောင်  ထိန်းနိုင် တာဟာ အစစအရာရာ  ပြဿနာနည်းပါးစေဖို့အတွက်  အ ကောင်းဆုံးယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ အမှားများကိုဆင်ခြင်  သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ  ရှ့ခရီး ချောမောဖို့အတွက်  အ ကောင်းဆုံးယတြာ

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ မပူဆွေး  အနာဂတ်အ ရေးကိုလှမ်း မျှော်ပြီးလည်းမပူပန်  ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ကိုင် သွားတာဟာတိုးတက်ဖို့အတွက်  အ ကောင်းဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကို  ဆက်ခြင်းဟာ အ ကောင်းဆုံးယတြာ 

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အ ပျော်အပါး  လိုက်စားမှု မူးယစ်ဆေးဝါးနဲ့အရက် သေစာကို  ရှာင် ရှားတာဟာ အသက် ရှည် ကျန်းမာစေ ဖို့အတွက် အ ကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီ ကျင့်ကြံနေထိုင် သွားကြမယ်ဆိုရင်တော့ ယတြာဆိုတာ အထူးချေစရာ မလိုပါဘူးလို့ပြောချင် ပါတယ် သူငယ်ချင်းတို့ ။
ဒါ့ကြောင့်----

''အဖိုးတန်တဲ့လူသားတစ်ယောက်  ဘဝကိုရဖို့ နေ့စဉ်ယတြာ ချေကြစို့။''

သ.ဘောရှိ ရှဲကြပါ။
လူများများသိစေချင်လို့ပါ။

Su Myat

unread,
Apr 24, 2014, 2:50:49 AM4/24/14
to om11...@googlegroups.com
Thz sis :)



--
You received this message because you are subscribed to the Google Groups "Office Management 11 Batch" group.
To unsubscribe from this group and stop receiving emails from it, send an email to om11batch+...@googlegroups.com.
To post to this group, send email to om11...@googlegroups.com.
Visit this group at http://groups.google.com/group/om11batch.
For more options, visit https://groups.google.com/d/optout.

Aung Than Soe

unread,
Apr 24, 2014, 9:51:56 AM4/24/14
to om11...@googlegroups.com
--

mask girl

unread,
Apr 27, 2014, 9:43:34 PM4/27/14
to om11...@googlegroups.com
Thank u :D
Reply all
Reply to author
Forward
0 new messages