မိတ်ဆွေများခင်ဗျား
ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကိုလာရောက်ရန် စီစဉ်ထားပါသည်။ ဒီခရီးစဉ်အတွင်း
သမ္မတ ဦးသိန်းစိန်ဧ။် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အနေဖြင့် လက်ရှိ
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု အခြေအနေ၊ လူမှူ့ရေး နှင့် စီးပွားရေး
ပြုပြင်ပြောင်းလဲမူ့ ကြိုးပမ်းဆောင်ရွက်ချက်၊ တခြား တိုင်းရင်းသား ရေးရာ အခြေအနေ
အစရှိသည်များကို မြန်မာအသိုင်းအ၀ိုင်းမိသားစုများနဲ့ ရင်းနှီး နွေးထွေးစွာ
တွေဆုံဆွေးနွေးချင်ကြောင်း ကမ်းလှမ်းလာပါ၍ ဝန်ကြီး ဦးအောင်မင်း နဲ့ အဖွဲ့အား
တွေ့ဆုံဆွေးနွေးရန် မြန်မာ့အရေး
စိတ်ဝင်စားသူများအား လေးစားစွာ အသိပေး၊ ဖိတ်ကြားအပ်ပါသည်။
· ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
· လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ
· ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်ထွန်း
· ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
Date:
Sunday, April 21st, 2013
Time:
1:00pm-4:00pm
Location:
777
United Nations Plaza (44th street & 1st Avenue),
10th floor, NY
10017
Facebook: www.facebook.com/events/473377416064214
အကျိုးရှိ ထိရောက်သော ဆွေးနွေးပွဲ တခုဖြစ်စေရန်အတွက် မိမိတို့ ဆွေးနွေးမေးမြန်းလိုသည့် အချက်အလက်များကို ကြိုတင် ပြင်ဆင်ထားကြပါရန် တိုက်တွန်းလိုပါသည်။
လေးစားခင်မင်စွာဖြင့်၊
တင်မောင်အေး
(TimA...@gmail.com | 631.252-8776)