(၅)လစာ အလှူငွေမှတ်တမ်း နှင့် ဆဋ္ဌမအကြိမ်အလှူတော်အတွက် အလှူငွေ နှိုးဆော်ခြင်း

8 views
Skip to first unread message

NCDG

unread,
Nov 4, 2013, 12:07:49 PM11/4/13
to NCDG, Tin Min Lwin, a9.bizgroup, than win, TML Biz
တစ်လ တစ်လ ချွေးစက်လေးတွေစုကြတာ သိပ်မများဘူးထင်ရပေမယ့် ခုလိုပေါင်းကြည့်လိုက်တော့ မနည်းပါလား... ၆လ .... ၇လ .... တစ်နှစ်ဆိုရင်တော့ တော်တော်များလာမှာ သေချာတယ်... တစ်ဦးချင်း လှူဖို့မစဉ်းစားနိုင်တဲ့ ပမာဏပါပဲ... အများကောင်းမှု ပေါင်းအစု နတ်လူသာဓုခေါ်စေသော်ဝ်....
Inline image 1
ပဉ္စမအကြိမ်ပြီးတော့ ဆဋ္ဌမအကြိမ်အတွက် နှိုးဆော်ရပါဦးမည်။ ထုံးစံအတိုင်း ဓါတ်ပြားဟောင်းကြီး ဖွင့်ပြပါမယ်။

အလှူနေရာအတွက် ဝိုင်းဝန်း စဉ်းစား ရှာဖွေ အကြံပေးကြပါဦးခင်ဗျား.....

အဖွဲ့ဝင်တစ်ဦးက ကိုကျော်သူ၏ နာရေးကူညီမှုအသင်းက နာရေးကိစ္စများသာမက အခြားပရဟိတလုပ်ငန်းများပါ လုပ်နေ၍ လှူဒါန်းရန် စဉ်းစားသင့်ကြောင်း စီဘောက်မှာရေးတာ ဖတ်လိုက်ရပါတယ်။ မိမိတို့လည်း ယခင်က တစ်ဦးတည်း သိန်းချီ၍ လှူခဲ့ဘူးပါတယ်။ အခြား ပြည်တွင်း ပြည်ပမှလှူနေသော အလှူရှင်များလည်း ယနေ့ထက်ထိ လှူနေဆဲဖြစ်ကြောင်း တွေ့မြင် ဖတ်ရှုနေရပါတယ်။ အလှူငွေများ သိန်းထောင်ချီရနေကြောင်းလည်း သိရပါတယ်။ ထိုအလှူငွေများကို ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍအသီးသီးတိုးချဲ့၍ လှူနေသဖြင့် သာဓုအကြိမ်ကြိမ်လည်း ခေါ်မိပါတယ်။ 

သို့သော်ငြားလည်း NCDG၏ မူလရည်ရွယ်ချက်လည်းဖြစ် ယခုထက်ထိလည်း လိုက်နာလျှက်ရှိသော ချို့တဲ့သော မိဘမဲ့ ကလေးငယ်များ၏ ပညာရေးနှင့် လိုအပ်ချက်များကို ထောက်ပံ့ရန် ဆိုသည့်မူဝါဒနှင့် ကွဲလွဲနေပါတယ်။ ပထမအကြိမ်လှူဒါန်းစဉ်က ဆင့်ပါးစပ်နှမ်းပက်ဖြစ်ခဲ့သဖြင့် လှူနိုင်မှုဝန်အားနှင့် လိုက်ဖက်ညီမည့်နေရာတစ်ခုအဖြစ် ပညာရောင်ခြည်သီလရှင်စာသင်တိုက်အား ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာလေးများမှာ မိဘမဲ့ကလေးများဖြစ်ပြီး လောကီလောကုတ္တရာ စာပေများသင်ကြားနေကြခြင်း၊ အုပ်ချုပ်သူဆရာကြီးများမှာလည်း ဝိနည်းသိက္ခာလိုက်နာ၍ စည်းကမ်းစနစ်တကျ စီမံအုပ်ချုပ်သင်ကြားပေးနေခြင်း၊ အလွန်အမင်း မချို့တဲ့သော်လည်း လိုအပ်ချက်များရှိနေခြင်း စသည့်အကြောင်းများကြောင့် အချိန်အတိုင်းအတာတစ်ခုထိ လှူဒါန်းဖြည့်ဆည်းရန် ဆန္ဒရှိသူများကြောင့် ပုံမှန်လှူဒါန်းနေခြင်း ဖြစ်ပါတယ်။

အခြားနေရာဒေသများတွင်လည်း မိဘမဲ့ကျောင်းများ၊ ဘုန်းတော်ကြီးစာသင်ကျောင်းများ၊ ပရဟိတဂေဟာများရှိနေပြီး အချို့ဆိုလျှင် တော်တော်ပင် စုတ်ပြတ်သတ်နေကြောင်းလည်း တွေ့မြင်ဖတ်ရှုနေရပါတယ်။ ငါးပွက်ရာငါးစာချ သဘောမျိုးလိုက်လံလှူဒါန်းနေပြန်လျှင်လည်း လှူပြီးပျောက်ပျောက် ဖြစ်သွားမှာ စိုးရိမ်မိပါတယ်။ နီးစပ်ရာ၊ လက်လှမ်းမီရာ ပရဟိတအဖွဲ့များက ဆော်သြ၍ အလှူငွေကောက်ခံပြီး လှူဒါန်းနေတာတွေလည်း ကြားသိရ၍ လောလောဆယ် ခြေဦးမလှည့်ဖြစ်သေးတာလည်း ဖြစ်ပါတယ်။ အဖွဲ့၏ လောလောဆယ် အလှူငွေလက်ခံပြီး လှူဒါန်းပေးနေသော အဖွဲ့ဝင်များမှာလည်း သက်ဆိုင်ရာ အသက်မွေးလုပ်ငန်းများဖြင့် အားလပ်ချိန်နည်းပါး၍ လှူဒါန်းရန် နေရာသစ် မရှာဖွေနိုင်ခြင်းလည်း ဖြစ်ပါတယ်။ 

အဖွဲ့အတွက် မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များ အလွတ်သဘောဖြင့် တင်ပြအကြံပြုထားသော်လည်း လက်ရှိသက်တမ်းနှင့် မလုပ်သင့်သေးကြောင်း ဆွေးနွေးအကြံပြုလာ၍ လစဉ်ပုံမှန်အလှူဖြစ်မြောက်ရေးအတွက်သာ ဆော်သြနေခဲ့ကြခြင်းဖြစ်ပါတယ်။ အဖွဲ့သက်တမ်း၊ အလှူငွေရရှိမှု ပမာဏအပြင် အဖွဲ့အားရေရှည်မောင်းနှင်သွားမည့်သူများလည်း လိုအပ်နေပါတယ်။ အထူးသဖြင့် လူငယ်ပိုင်းများ အားတက်သရောပါဝင်လာမှု မရှိသေးပါ။ အဖွဲ့ဝင်အသစ်များ သိသိသာသာ တိုးပွားလာခြင်းလည်း မရှိသေးပါ။ အဖွဲ့အား ရေရှည်တည်တံ့ပြီး လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရန် အကောင်အထည်ပေါ်စေလိုလျှင် ပရဟိတစိတ်ဓါတ်ထက်သန်သည့် လူငယ်မျိုးဆက်သစ်များ ပါဝင်လာအောင်စည်းရုံးရန် အထူးလိုအပ်နေပါတယ်။

မိမိတို့အနေဖြင့် ဇနီး သားသမီးများအား ခေါ်ဆောင်လမ်းပြပေးနေသလို အဖွဲ့ဝင်များ၏ မိသားစုဝင်များကိုလည်း ပါဝင်လာစေချင်ပါတယ်။ သွေးရင်းများ မအားလပ်ပါက တူသားနောင်မယ်များကို တိုက်တွန်းစေလွှတ်ပေးစေလိုပါတယ်။ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တခေါက်တခါဖြစ်စေ လိုက်ပါလှူဒါန်းဖို့ တိုက်တွန်းပေးစေချင်ပါတယ်။ နောက်ပိုင်းတွင် သူတို့လေးတွေထဲက စိတ်အားထက်သန်သူများ စုစည်းမိပါက အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ အကို၊ အမတို့၏ အာစိန္တကံအလှူဒါနကို ပါရမီဖြည့်လှူဒါန်းပေးမယ့် မျိုးဆက်သစ်အဖွဲ့ဝင်များ ဖြစ်လာကြမှာ ဖြစ်ပါတယ်။ အဖွဲ့ကြီးလည်း ခိုင်ခန့်ကြီးထွားပြီး မပျောက်မပျက် ရာသက်ပန်တည်ရှိ လှူဒါန်းနေနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဆဋ္ဌမအကြိမ်အလှူအတွက် အလှူငွေထည့်ဝင်ဖို့စဉ်းစားတဲ့အခါ အထက်ပါအချက်လေးများကိုပါ ထည့်သွင်းစဉ်းစားစေချင်ပါတယ်။ အလှူကိုလိုက်ပါ လုပ်အားပေးရန်အတွက်လည်း ထွေးဦးမြန်မာ၏ Daihatsu Hijet mini truck လည်းအဆင်သင့်ဖြစ်နေပါပြီ။ လိုက်ပါလိုသူများအတွက် ယခုထဲက ဘိတ်ကြားလိုက်ပါတယ်။

ဆရာလေး/ဆရာကြီးများ၏ လိုအပ်ချက်ကို မေးမြန်းခဲ့ရာ ပွင့်လင်းရာသီတွင် ပြင်ပခရီးကြွရမည့်ကိစ္စများပေါ်လာလျှင်ဝတ်ဆင်ရန် အပေါ်ရုံများ လိုအပ်မည်ဟု သိရပါတယ်။ သက်ကြီးပိုင်းများဝတ်ဆင်ရန် အပေါ်ရုံ (၁၅)ထည်ခန့်နှင့် သက်ငယ်ပိုင်းများအတွက် (၂၀)ခန့်လိုအပ်မည်ဟု မိန့်ကြားပါတယ်။ ဈေးနှုံးအနေဖြင့် ၃၅၀၀/- ကျပ်နှင့် ၂၀၀၀/-ကျပ်ခန့် ကျသင့်မည်ဟု သိရပါတယ်။

ဆဋ္ဌမအကြိမ်အလှူအတွက် နဝကမ္မလှူဒါန်းရန် ငွေသားအပြင်
                                     တစ်နေ့တာဆွမ်းစားရိတ် ၆၀၀၀၀ိ/- ကျပ်
                                     အပေါ်ရုံ(ကြီး) တစ်ထည်လျှင် ၃၅၀၀ိ/- ကျပ်နှင့် (၁၅)ထည်
                                     အပေါ်ရုံ(သေး) တစ်ထည်လျှင် ၂၀၀၀ိ/- ကျပ်နှင့် (၂၀)ထည်တို့ကို
သဒ္ဓါတတ်အားနည်းများမဆို ကုသိုလ်ပါဝင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါတယ်ခင်ဗျား.....

လေးစားစွာဖြင့်
NCDG

Summary of Donations (4-11-2013).jpg

tintin yu

unread,
Nov 7, 2013, 8:03:38 AM11/7/13
to naungmoon-c...@googlegroups.com
Dear BUZZ or U Htwe,

Just sent  donation for this month.

Tin Tin Yu.


2013/11/5 NCDG <naungmooncbox...@gmail.com>

--
Naungmoon Cbox user များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ...
---
You received this message because you are subscribed to the Google Groups "naungmoon-cbox-donation" group.
To unsubscribe from this group and stop receiving emails from it, send an email to naungmoon-cbox-do...@googlegroups.com.
To post to this group, send email to naungmoon-c...@googlegroups.com.
Visit this group at http://groups.google.com/group/naungmoon-cbox-donation.
To view this discussion on the web visit https://groups.google.com/d/msgid/naungmoon-cbox-donation/CALPXUTVTwVQ2%3Dho9bPk_Xa6NSffJ7e%3DBxbczK_P7eTt75%3DrLpQ%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.

Summary of Donations (4-11-2013).jpg

NCDG

unread,
Nov 8, 2013, 3:51:42 AM11/8/13
to tintin yu, Tin Min Lwin, a9.bizgroup, NCDG, than win, TML Biz
Dear Ma Tin Tin Yu,

We'll confirm receipt when MPU received MMKyats.

With thanks & regards,
NCDG



2013/11/7 tintin yu <yu4...@gmail.com>
Summary of Donations (4-11-2013).jpg

Thwin Htoo Aung

unread,
Nov 8, 2013, 6:58:42 PM11/8/13
to NCDG, than win
Dear NCDG,

   I have transferred montly $15 + $8 (for 3 small robes, each 2000k).
   Transferred to Buzz acc.
Thanks & Regards,
THA

Thwin Htoo Aung

.......................................................................................................................
“There is no security on this earth; there is only opportunity.”
 Douglas MacArthur



Summary of Donations (4-11-2013).jpg

NCDG

unread,
Nov 10, 2013, 10:42:46 AM11/10/13
to Thwin Htoo Aung, Tin Min Lwin, a9.bizgroup, NCDG, than win, TML Biz
Dear Ko Thwin Htoo Aung,

Thank you very much for your kind donation of
    15 SGD for monthly donation
      8 SGD for (3) small robes

We'll confirm receipt of this amount after received in our MPU account.

With regards,
NCDG
Reply all
Reply to author
Forward
0 new messages